← Chapters

ရွှေလဝန်းမျက်နှာဖုံး

Vol. 4 Ch. 230

ရွှေလဝန်းမျက်နှာဖုံး

Vol. 4 Ch. 230

လက်ထဲကို တံစဥ်ရောက်လာတာနဲ့ နက်ဆန်က ​ပြေးလွှားနေတာကို ရပ်လိုက်ပြီး တန်ပြန်တိုက်စစ်ဆင်ပါတယ်။ အမှောင်နတ်ဘုရား ခန္ဓာကိုယ်က သူ့ခန္ဓာနဲ့ပေါင်းစည်းသွားပြီး သားရဲနက်တစ်ကောင်လို ပြောင်းလဲသွားပြီ။

အဲဒီနောက်တော့ တောင်ပံသုံးစုံရဲ့အင်အားနဲ့အသံထက် မြန်အောင်ပျံသန်းရင်း လီချင်းချင်းရဲ့လည်ပင်းကိုတံစဥ်နဲ့ ပိုင်းဖြတ်ဖို့ကြိုးစားလိုက်တယ်။

ထန်း...

“ဖန်ဟောင်... ထွက်လာခဲ့....” လီချင်းချင်းကလည်း သူ့လိုပဲ မြန်ဆန်စွာလှုပ်ရှားနေပြီး လှံဓားမော့ကြီးနဲ့ တံစဥ်ကိုတားဆီး နောက်ထပ်စာလိပ်တစ်လိပ်ကို ဆွဲဖွင့်လိုက်တယ်။

အနက်ရောင်အမွှေးအမျှင်တွေနဲ့ လူမျက်နှာပါတဲ့ခွေးတစ်ကောင် ထွက်ပေါ်လာပြီးတဲ့နောက် စမ်းဖန့်ဖန့်သစ်စေးတွေကို နက်ဆန်ဆီ အန်ထုတ်လိုက်တယ်။

“အမိဖမ်းချင်တာလား....” နက်ဆန်က အရိပ်တွေနဲ့ပေါင်းစပ်ပြီး နေရာကနေပျောက်သွားတယ်။ သစ်စေးတွေကတော့ သူရှိနေခဲ့တဲ့ ကျောက်နံရံကိုထိပြီး အေးခဲသွားတော့တာပေါ့။ တကယ်လို့ သူသာမရှောင်နိုင်ခဲ့ရင် အမိဖမ်းခံနေရလောက်ပြီ။

“အန္တရာယ်များလွန်းတယ်... မြန်မြန်အဆုံးသတ်မှဖြစ်မယ်....”

အမှောင်ရိပ်ထဲကနေ နက်ဆန်နောက်တစ်ကြိမ်ပေါ်လာချိန်မှာတော့ ရူဘီရဲ့နောက်မှာပါ။ သူ့လက်ထဲမှ ငွေနက်ရောင်ဆေဘာကိုကိုင်ပြီး ဘေဆာကနေထက်ရှတဲ့ သတ်ဖြတ်လိုစိတ်တွေထွက်ပေါ်နေတယ်။

“​ ခွေးကောင်၊ မင်းက ငါ့ကိုနှိပ်စက်ချင်တိုင်း နှိပ်စက်ပြီး ခုမှဆင့်ခေါ်စရာလား။”

“ပါးစပ်ပိတ်....” ပါစီဆယ်က အထွန့်တက်လိုက်ပေမဲ့ နက်ဆန်က ဆေဘာနဲ့သာ ရူဘီကိုခုတ်ချလိုက်တယ်။ သူတို့မှာ အချိန်မရှိဘူး။ နက်ဆန်ဟာ နှစ်ယောက်တစ်ယောက်တိုက်နေရတာဖြစ်ပြီးတော့ တစ်ဖက်လူတွေက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်ပါတယ်။

“ဟင့်... ရှင့်ရဲ့အကွက်ဟောင်းတွေက အလုပ်ဖြစ်ဦးမယ် ထင်နေတာလား။” ရူဘီက ရွှေရောင်တောက်ပနေတဲ့ဒိုင်းနဲ့ နက်ဆန်ရဲ့ဆေဘာဓားကို တားဆီးလိုက်တယ်။

ဘေဘီလုံဂိတ်တံခါး....

အနှိုင်းမဲ့ပိုင်းဖြတ်နိုင်စွမ်းရှိတဲ့ အနက်ရောင်ဆေဘာကြီးကနေ မျက်စိကျိန်းလောက်စရာကောင်းတဲ့ ငွေရောင်ဓားအလင်းတွေ ထွက်ပေါ်လာတယ်။ တစ်ဖက်မှာလည်း ရူဘီကိုင်ဆောင်ထားတဲ့ ​အထွတ်အမြတ်ဒိုင်းကနေ ရွှေရောင်မြို့တံခါးကြီးတစ်ခုရဲ့ပုံရိပ်ကို ထုတ်လွှင့်နေပါတယ်။

မြို့တံခါးကြီးနဲ့တံတိုင်းတွေက အသူရာချောက်တစ်ခုလုံးကို ပြည့်လျှံဖုံးလွှမ်းသွားပြီး အရင်ရူဘီထုတ်ဖော်ဖူးခဲ့တဲ့ ဘေဘီလုံ မြို့တံခါးပုံရိပ်တွေဟာ ဒါနဲ့ယှဥ်ရင်ကလေးကစားစရာလိုမျိုး ဖြစ်သွားခဲ့ပါပြီ။

လက်ရှိဘေဘီလုံမြို့တံတိုင်းကြီးက တကယ့် ရှေးဟောင်း ဘေဘီလုံမြို့ကြီးအတိုင်း ကြီးကျယ်ခမ်းနားလို့နေပါတယ်။ မြင့်မားတဲ့ ရွှေရောင်ကင်းမျှော်စင်ကြီးတွေနဲ့ အပြာရောင် ခြယ်သထားတဲ့ ဂိတ်တံခါးကြီးတွေက နက်ဆန်ရဲ့ရှေ့မှာ မားမားမတ်မတ်ရပ်နေပြီး နက်ဆန်ကိုယ်တိုင်ကတော့ ပုရွက်ဆိတ်တစ်ကောင်စာလောက်ပဲ ရှိတော့တယ်။

“ ရှေးဒိုင်းသူရဲကောင်းက ကျွန်မကိုပညာစားမချန်ဘဲ အရာအားလုံးသင်ပေးခဲ့တယ်။ ရှင့်ကတော့ နဂိုအတိုင်းပဲ ရှိ​နေဆဲပဲ။”

“......” နက်ဆန်က ရူဘီရဲ့စကားတွေကို မတုံ့ပြန်ဘဲ ဓားထဲကို ပိုပြီးအားထည့်လိုက်တယ်။ ဆေဘာဓားအလင်းက ပိုမိုထက်ရှလာပြီး အရွယ်အစားကြီးမားလာခဲ့သလို ဂိတ်တံခါးမှာ အက်ကွဲရာတွေထင်လာခဲ့ပါပြီ။

“ငါ ပါစီဗယ်... မပိုင်းဖြတ်နိုင်တဲ့အရာမရှိဘူးကွ....” ပါစီဗယ်ကလည်း နက်ဆန်နဲ့စတင်ပြီးတော့ ပူးပေါင်းတယ်။ အစောပိုင်း အမှောင်ဘုံမှာနှိပ်စက်ခံထားရလို့ သိပ်မကျေနပ်ပေမဲ့ လောလောဆယ်သူတို့က တန်းတူစာချုပ်ချုပ်ထားတာလေ။ နက်ဆန်သာ သေသွားမယ်ဆိုရင် သူလည်းချောက်ထဲမှာကျန်ခဲ့ပြီး ဆယ်ဗီနဲ့တွေ့ရတော့မှာမဟုတ်ဘူး။ ဒီတော့ ဒီပွဲနိုင်မှဖြစ်မှာ။ ဒါကြောင့် မကျေနပ်ချက်တွေကို နက်ဆန်ရဲ့စွမ်းအားကို ဓားအဖြစ်ပြောင်းပြီးဖောက်ခွဲထုတ်ဖို့ပဲ တတ်နိုင်ခဲ့တယ်။

“ ဟေး၊ ညအရှင်... အပေါ်ကိုပြန်ရောက်ရင် ငါမင်းကို ပြန်နှိပ်စက်မယ်။ ဒီလိုမှမဟုတ်ရင် ငါမင်းကို ထပ်မကူညီတော့ဘူး။”

“ကောင်းပြီလေ....” နှစ်ယောက်လုံးက ခေါင်းညိတ်လိုက်ပြီး ပိုအားစိုက်လိုက်တယ်။ ဂိတ်တံခါးမှာ အက်ကြောင်းတွေ ပိုများလာပြီ။ ပါစီဗယ်က ရှေးအယ်ဒါတစ်ယောက်ကိုတောင် ပိုင်းနိုင်ခဲ့တာမလို့ အချိန်အလုံအလောက်သာရှိရင် ရူဘီရဲ့ခံစစ်ကိုလည်း ပိုင်းဖြတ်နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်။ ဒါပေမဲ့....

“နင်တို့တွေ ငါ့ကိုနိုင်ဖို့ချည်းပဲ အာရုံစိုက်နေတယ်လို့ မထင်ဘူးလား။” ရူဘီဆီကနေ ရုတ်တရက်ထွက်ပေါ်လာတဲ့ စကားသံကြောင့် သူတို့နှစ်ယောက်လုံး ကြောင်အသွားတယ်။ တစ်ချိန်တည်းမှာပဲ တံတိုင်းနောက်မှာရှိနေတဲ့ပုံရိပ်တစ်ခုကို သူတို့သတိထားမိလာပါပြီ။

“ကိုးမြီးမြေခွေး... ထွက်ပေါ်လာစမ်း....”

လီချင်းချင်းက နောက်ဆုံးစာလိပ်ကို ဆွဲဖြန့်လိုက်ပါတယ်။ ကျောနောက်ကနေအမြီးကိုးခုထွက်နေတဲ့ အမျိုးသမီးတစ်​​​​ယောက်ပေါ်လာပြီး နဂိုရှိနေပြီးသား နှစ်မြီးကြောင်၊ လူမျက်နှာခွေးတို့နဲ့ အုပ်စုဖွဲ့သွားတယ်။ အဲဒီနောက်တော့ လီချင်းချင်းက သူ့လက်ချောင်းကိုသူ လှံပုဆိန်သွားနဲ့ဖြတ်ပြီး ဓားသွားကိုသွေးတိုက်လိုက်ပါပြီ။

“မိစ္ဆာသုံးပါး... ငါ့အားပူးကပ်စေ... လူသားမိစ္ဆာပေါင်းစပ်ခြင်း အတတ် အသက်ဝင်....”

ဘုန်း....

မိစ္ဆာသုံးကောင်လုံးက လီချင်းချင်းကို ပူးကပ်သွားပြီး လီချင်းချင်း ခန္ဓာကိုယ်ပေါ်မှာ ပြောင်းလဲမှုတွေဖြစ်ပေါ်လာတယ်။ သူ့ခြေတွေက ခွေးတစ်ကောင်လိုအမွှေးအမျှင်တွေပေါက်လာပြီးကြွက်သားတွေ တုတ်ခိုင်လာတယ်။ လက်သည်းတွေကတော့ ကြောင်လက်သည်းတွေအဖြစ်ပြောင်းသွားခဲ့ပြီး အမြီးကိုးချောင်း ထွက်လာတယ်။ ပါးစပ်ကလည်းအစွယ်ငေါငေါပြူထွက်လာကာ မျက်လုံးတွေကလည်း နီရဲလို့။ ကြောက်စရာကောင်းတဲ့ မြန်နှုန်းနဲ့အလျင်တို့ကိုအသုံးပြုကာ နက်ဆန်တို့ဆီကို ပြေးလာပါလေရော။

“ ဒါကို ငါတို့ထိပ်တိုက်မရင်ဆိုင်နိုင်ဘူး....” နက်ဆန်က တစ်ဖက်လူ အမြန်နှုန်းဟာ တောင်ပံသုံးခုထက်တောင်ကျော်လွန်နေပြီမှန်း သတိထားမိလိုက်တယ်။ ရူဘီရဲ့ကောင်းချီးပေးမှုမပါရင်တောင် ဒီမိစ္ဆာပူးကပ်ခြင်းပုံစံက နက်ဆန်ကို ယှဥ်ကောင်း ယှဥ်နိုင်လောက်တယ်။ အခုတော့ နှစ်ယောက်ပေါင်းထားတာမလို့ သူ့ကိုသတ်ဖို့လုံလောက်နေပြီ။

“ပြေးလို့ရမယ်ထင်နေလား....” နက်ဆန်က စဆုတ်ခွာဖို့ ပြင်တာမြင်တော့ ရူဘီက အချိန်ဆွဲဖို့သုံးခဲ့တဲ့တံတိုင်းကြီးကို ပယ်ဖျက်လိုက်ပြီး တခြားတစ်ခုပြောင်းလိုက်တယ်။

“တောင်ပြိုဒိုင်း....” ဧရာမတောင်တန်းကြီးတစ်ခုက နက်ဆန်တို့အပေါ်ပိကျလာပြီး ပြေးပေါက်ပိတ်ပြီးသား ဖြစ်သွားသလို မြေဆွဲအားကြောင့်လည်း ပိုနှေးသွားတယ်။

“ငါဒီမှာ သေလို့မဖြစ်ဘူး....” သူ့မှာ ကာကွယ်ပေးရမယ့်သူတွေ ရှိနေသေးတာ သတိရမိတော့ နက်ဆန်ဟာ ရွှေရောင်မျက်နှာဖုံးဆီ အလိုလိုလက်လှမ်းမိလိုက်တယ်။

သူသုံးသင့်လား... ဒါပေမဲ့ သူတစ်ခါမှ မအောင်မြင်ခဲ့ဘူးလေ။ ဘိုးဘေးကိုယ်တိုင်တောင် သူ့ကိုမျှော်လင့်ချက်မထားဖို့ ပြောခဲ့တာ။

“သခင်... သခင်က တစ်ယောက်တည်းမဟုတ်ဘူးလေ။”

ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ပခုံးကိုပုတ်လို​က်တဲ့အတွက် လှည့်ကြည့်လိုက်တော့ အရိပ်ထဲကနေ သူ့ဘာသာပြန်ထွက်လာတဲ့ မော်လီဖြစ်နေပြီး ကြိုးတပ်တံစဥ်ကိုကိုင်ဆောင်ကာ လီချင်းချင်းကို ထိပ်တိုက်ရင်ဆိုင်တယ်။

ဘုန်း... ဘုန်း... ဘုန်း....

ခွန်အားကွာခြားချက်ကြောင့် လီချင်းချင်းက ချက်ချင်းဆိုသလို မော်လီရဲ့လက်တစ်ဖက်ကို ဖြတ်နိုင်ခဲ့ပေမဲ့ သူဟာ လက်မလျှော့သေးဘူး။

“ကျွန်မတို့တွေက သခင့်ကိုယုံကြည်လို့ သခင့် နောက်လိုက်ခဲ့ကြတာ။”

နာတာရှာကလည်း တောင်ပံအဖြစ်ကနေ ပုံမှန်ပြန်ပြောင်းသွားပြီး နုတ်ဘုရားခန္ဓာတွေကိုဆင့်ခေါ်လိုက်တယ်။ နတ်ဘုရားခန္ဓာတွေက တေးသွားတစ်ပုဒ်ကို သံပြိုင်ဆိုနေပြီး လီချင်းချင်းကို လုံးဝမရပ်တန့်နိုင်ပေမဲ့ နှောင့်နှေးအောင်လုပ်နေတယ်။

“ပြောင်းပြန်ကောင်းချီး... အကြားအာရုံပိတ်ဆို့ခြင်း....”

ရူဘီကလည်းအနားမနေဘဲ နာတာရှာရဲ့လွှမ်းမိုးမှုကို တားဆီးဖို့အတွက် လီချင်းချင်းရဲ့အကြားအာရုံကို ပိတ်ပင်လိုက်တယ်။ ဒါကြောင့် နာတာရှာဟာလည်းပဲ တိုက်ရိုက်တိုက်ခိုက်ရုံကအပ ဘာမှမလုပ်နိုင်တော့ဘူး။

ဒိုင်း... ဒိုင်း....ဒိုင်း...

တတိယအနေနဲ့တော့ ပါစီဗယ်ရဲ့တပ်ဖွဲ့ကြီးပေါ်လာပြီး လီချင်းချင်းနဲ့ရူဘီကို လူလှိုင်းလုံးအနေနဲ့အချိန်ဆွဲပေးဖို့ ကြိုးစားပါတယ်။

“မင်း အဲဒီမျက်နှာဖုံးဝတ်ပြီး သေသွားရင်ကောင်းမှာလို့ ငါတွေးမိပေမဲ့ ဒါတွေအားလုံးက ဆယ်ဗီကိုကာကွယ်ပေးဖို့ မဟုတ်လား။ မင်းကိုကူညီတာက ဆယ်ဗီကိုကာကွယ်တာနဲ့ အတူတူပဲမလို့ ငါဒီနှစ်ယောက်ကို တားဆီးပေးထားမယ်။ သွားတော့၊ အရူးကောင်။ မင်းရှုံးပြီး သေသွားလို့ကတော့ ငါခွင့်မလွှတ်ဘူးနော်....”

ပါစီဗယ်ကလည်း ဓားအဖြစ်ကနေ တစ္ဆေဘုရင်ပြန်ဖြစ်သွားပြီး သူ့တပ်ဖွဲ့တွေကို စတင်ကွပ်ကဲတယ်။ နက်ဆန်က သူ့မိတ်ဆွေတွေ ရန်သူကိုသူ့အတွက်အချိန်ဆွဲပေးနေတာကို ကြည့်နေရင်းကနေ ပြုံးလိုက်တယ်။ အဲဒီနောက်တော့ ရွှေလဝန်းမျက်နှာဖုံးကို စွပ်ချလိုက်တော့တယ်။

....

ပထမဆုံး သူခံစားမိတာကတော့ အသည်းခိုက်အောင်အေးစက်တဲ့ ခံစားချက်နဲ့ ကိုယ့်ကိုယ်ကိုယ်တောင် မခံစားမိတော့တဲ့ အမှောင်ထုပါ။ သူ့အတွေးတွေလည်း အေးခဲလာနေပါတယ်။ အရာအားလုံးကို မေ့သွားလုနီးမှာပဲ သူ့နှလုံးသားထဲမှာ မီးတောက်တစ်ခု ဖြစ်ပေါ်လာခဲ့တယ်။

“ငါက တစ်ယောက်တည်းမဟုတ်ဘူး....”

အဲဒီနောက်တော့ သူဟာ အဆုံးအစမရှိတဲ့ အမှောင်ထုကြီးထဲမှာ စတင်လျှောက်လှမ်းပါတော့တယ်။

...

“အားဟားဟား... ဒီခေတ်အယ်ဒါတွေက ဒီလောက်ပဲ တတ်နိုင်ကြတာလား။”

ဧရာမမြွေကြီးတစ်ကောင်ရဲ့ခေါင်းပေါ်မှာ ထိုင်နေတဲ့ အီလက်ထရာက မြေပြင်မှာရှိနေတဲ့သူတွေကို အထင်သေးတဲ့ပုံစံနဲ့ စိုက်ကြည့်လိုက်ပါတယ်။ မြေအောက်မှာ တိုက်ပွဲကြီးတစ်ခု ရှိနေသလို မြေပေါ်မှာလည်း အခြားတိုက်ပွဲကြီးတစ်ခု ဖြစ်လို့နေပါတယ်။

“သေစမ်း... ဒီဟာမက ဘယ်ကနေ ပေါ်လာတာလဲ။” ရှားလော့ခ်က ကျိန်ဆဲလိုက်တယ်။ သူ့လက်ထဲက မှော်နှင်တံက ကျာပွတ်အဖြစ် ပြောင်းသွားပြီး တောင်ပံသုံးဖက်ပါတဲ့ လေနတ်ဘုရားခန္ဓာက ကောင်းကင်မှာ နတ်တေးသံကိုထုတ်လွှင့်လို့ အဆိပ်ရှိိ မြွေပေါင်းသိန်းသောင်းချီကို တားဆီးထားပါတယ်။

“ရုပ်သေးတွေက ဆက်ဝင်လာနေတုန်းပဲ....” အယ်မာကတော့ မြေဂေါ်လံကြီးတစ်ကောင်ကိုဆင့်ခေါ်ထားပြီး တိုးဝင်လာနေတဲ့ သက်မဲ့ရုပ်သေးတွေကို ထုချေနေပါတယ်။ ဆန့်ကျင်ဘက်မှာတော့ ရုပ်သေးတွေကိုထိန်းကျောင်းနေတဲ့ ဘန်နီရှိလို့နေတယ်။

“EUOCရဲ့စစ်ဆင်ရေးဌာနမှူးက ဒီလောက်ပဲစွမ်းမယ် ထင်မထားခဲ့ဘူးပဲ။ ဟဲ့... နင့်ကိုသတ်လိုက်လို့ရမလား၊ သတ်လို့ရလားဟေ....”

ဆယ်ဗီက လက်ရှိအခြေအနေကိုကြည့်ရင်း နှုတ်ခမ်းကို ကိုက်ထားလိုက်မိတယ်။ သူသာချိပ်ပိတ်ခံမထားရရင် ဘီယန်ကာကိုသုံးပြီး ဘန်နီကိုသတ်နိုင်တယ်လို့ သူယုံတယ်။ ဒါပေမဲ့လောလောဆယ်တော့ ဘာမှမတတ်နိုင်သေးပါဘူး။

“သတိထား....” ဧရာမမြွေကြီးက အမြီးကိုယမ်းပြီးတော့ ရှားလော့ခ်ကို ရိုက်ချဖို့ကြိုးစားလိုက်တဲ့အတွက် ဒေါ်ရသီက ရှေ့ကိုထွက်ပြီး သလင်းကျောက်ဒိုင်းကိုဖန်တီးလိုက်တယ်။ ဒါပေမဲ့ သလင်းကျောက်ဒိုင်းက ကြာရှည်မခံဘဲ ကွဲအက်သွားကာ ဒေါ်ရသီရောရှားလော့ခ်ပါ လွင့်စင်ထွက်သွားပါတော့ဆယ်။

“ဒေါ်ရသီ....အယ်ဒါရှားလော့ခ်....” ဆယ်ဗီက စိုးရိမ်တကြီး အော်ဟစ်လိုက်ပေမဲ့ အချည်းအနှီးပါပဲ။

“ဘာလို့လဲ... ရှင်ဘာလို့ အပြစ်မဲ့တဲ့သူတွေကိုပါ သတ်ဖြတ်ဖို့ လုပ်နေရတာလဲ....”

မိုနီကာက မယုံနိုင်တဲ့အကြည့်တွေနဲ့ အီလက်ထရာကိုကြည့်ပြီး မေးလိုက်တယ်။ မြွေခေါင်းပေါ်က အီလက်ထရာကလည်း မိုနီကာကို အလားတူအကြည့်မျိုးနဲ့ပြန်ကြည့်လိုက်ပြီး ပြောလိုက်လေရဲ့။

“မင်းသမီးလေး... ကျွန်မတို့တွေက မိစ္ဆာတွေလေ... လူသားတွေရဲ့အသက်ကို ဘယ်တုန်းက ဂရုစိုက်ဖူးလို့လဲ။ ကြည့်ရတာအဲဒီကောင်လေးနဲ့ရှိတာကြာလို့ မင်းသမီးရဲ့နှလုံးသားက ဝေဝါးလာတဲ့ပုံပဲ။”

“ငါပြောပြီးသား... နင်ဘာလုပ်လုပ် ငါပြန်လိုက်မှာမဟုတ်ဘူး။”

မိုနီကာက သူ့ရပ်တည်ချက်ကို ထက်ပြီးပြောလိုက်ချိန်မှာတော့ အီလက်ထရာက လက်ကိုပိုက်ပြီးရယ်မောလိုက်တယ်။

“မင်းသမီးလေးစောင့်နေတဲ့ အဲဒီလူသားက ချောက်နက်ထဲကနေ ပြန်တက်လာနိုင်တော့မှာမဟုတ်ဘူး။ သူ့လိုဆုံးဖြတ်ချက် မပြတ်သားတဲ့သူမျိုးက အဲဒီမျက်နှာဖုံးကို သုံးနိုင်မှာမဟုတ်သလို အစစ်အမှန်အယ်ဒါတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး။ မင်းသမီးလေးကို ကုပေးဖို့ဆိုတာဝေးရော....

ကဲ... မင်းသမီးလေးပြောတဲ့ အပြစ်မဲ့သူတွေကိုမသေစေချင်ရင် ကျွန်မနဲ့အတူပြန်လိုက်ခဲ့လေ။ အရှင်မဆီမှာ မင်းသမီးလေးကို ကုသပေးမယ့်နည်း​လမ်းတွေ ရှိဦးမှာပါ။”

မိုနီကာရဲ့ခန္ဓာကိုယ်က အချိန်မရွေးလဲကျတော့မလိုပဲ။ သူက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ဆန့်ကျင်နေတုန်းပဲ။ မျက်ရည်တချို့စီးကျလာပေမဲ့ မားမားမတ်မတ်ရပ်နေဆဲပဲ။

“ သူကျွန်မကို ကတိပေးထားတယ်... ကျွန်မယုံကြည်တယ်....”

အီလက်ထရာက အဲဒီမြင်ကွင်းကိုကြည့်ရင်း ကောက်ကျစ်စွာ ပြုံးလိုက်တယ်။ ဒါပေမဲ့ သူ့ဘယ်မျက်လုံးကို ကျောက်ခဲတစ်လုံးလာမှန်တဲ့ အတွက်ကြောင့် ကန်းသွားပြီး သွေးစိမ်းတွေစီးကျလာလေရဲ့။

“ဟေး... မြွေကောင်မ... နင်ကောင်မလေးတစ်ယောက်ကို ငါ့ရှေ့မှာငိုအောင်လုပ်လိုက်တာလား... ခွင့်မလွှတ်နိုင်စရာပဲ...”

မှော်နှင်တံကို မြင့်မြင့်မြှောက်ထားတဲ့ အယ်မာကပြောလိုက်တယ်။ သူ့အနားမှာ မျောလွင့်နေတဲ့ မြေစိုင်မြေခဲများစွာရှိနေပြီးတော့ သလင်းကျောက်လည်ဆွဲက အစွမ်းကုန်တောက်ပနေပါတယ်။ ဝမ်းဗိုက်ကအနည်းငယ် ရှေ့ထွက်နေခဲ့ပေမဲ့ စစ်သည်တော် အမျိုးသမီးတစ်ယောက်အနေနဲ့ ကြည့်မကောင်းတာမျိုးမဟုတ်ဘဲ ဆွဲဆောင်မှုပိုရှိနေသလိုပဲ။

“ပုရွက်ဆိတ်​လေးကများ....” အီလက်ထရာက နှာမှုပ်လိုက်ပြီး မြွေကိုထိန်းချုပ်ကာ အယ်မာကိုရှင်းထုတ်ဖို့ကြိုးစားတယ်။

အယ်မာက အီလက်ထရာကိုကြည့်နေရင် သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ခါနေတယ်။ ဒီခံစားချက်က သူ့ထက် အင်အားကြီးတဲ့ ရန်သူနဲ့တွေ့တိုင်း ရောက်လာနေကြပါ။ အဲဒီလူရဲ့တုတ်ကောက်နဲ့ဦးထုပ်ဝိုင်းကို ခါတိုင်းလိုပဲ သူမြင်ယောင်​နေဆဲပဲ။

ဒါပေမဲ့...

အယ်မာက သူ့ဝမ်းဗိုက်ပေါ်ကို လက်တင်လိုက်တယ်။ အခုက သူတစ်ယောက်တည်းမဟုတ်တော့ဘူး။ အားမွေးတဲ့အနေနဲ့ သူ့ခြေနှစ်ချောင်းကို တင်းတင်းပူးကပ်ထားလိုက်မိတယ်။ ပူနွေးစိုစွတ်နေတဲ့ အနက်ရောင်ခြေအိတ်ရှည်ရဲ့ ထိုင်းမှိုင်းတဲ့ရနံကို ခံစားမိပေမဲ့လည်း မားမားမတ်မတ်ရှိနေဆဲပါ။

“အမေ့ကလေးလေး... ရှေ့ဆက်ဖို့အတွက် အမေ့ကို ခွန်အားတွေပေးပါဦး....”

အယ်မာက အီလက်ထရာရဲ့စွမ်းအားကိုသိနေပေမဲ့ နောက်ဆုတ်မသွားဘူး။ အဲဒီအစား သူလုပ်နိုင်သမျှထဲမှာ စွမ်းအားအကြီးဆုံးဂါထာတစ်ခုကို ရွတ်ဆိုလိုက်တယ်။

“မဂ္ဂမာ တယ်ရာ ဟိုက်ဒရာ....”

ဘုန်း...

သဲမြေတွေက မီတာတစ်ရာလောက်မြင့်တဲ့ ခေါင်းခုနှစ်လုံး မြွေနဂါးကြီးအဖြစ်ကိုစုဖွဲ့သွားပြီး အီလက်ထရာရဲ့မြွေကြီးကို စတင်ရင်ဆိုင်တယ်။ အီလက်ထရာရဲ့မျက်နှာပေါ်မှာတော့ အသိအမှတ်ပြုတဲ့အပြုံးပေါ်လာလေရဲ့။

“အို... အထွတ်အမြတ်မှော်ပညာတစ်ခုရဲ့ အဆုံးစွန်အလားအလာပဲ။ ဒါပေမဲ့ဒီလောက်ပါပဲ။”

All Chapters