← Chapters

အားပေးခြင်း

Vol. 3 Ch. 26

အားပေးခြင်း

Vol. 3 Ch. 26

ယောင်လဲ့ထျန်း၏ စကားကြောင့် ဒဏ်ရာဗလပွနှင့် ဖန်းကျန့်၏ မျက်နှာက ပိုရုပ်ဆိုးသွားလေသည်။

ယောင်လဲ့ထျန်းက မဟုတ်တန်ရာကို ပြောနေခြင်းပါပေ။ သူ မနေ့က လုချီ၏ ခြံဝန်းအရှေ့မှာ ရှိနေ ခဲ့တာမှန်သော်လည်း အဲ့ဒါက ယောင်လဲ့ထျန်း ကို နောက်ယောင်ခံလိုက်လာခြင်းသာ ဖြစ်သည်။ ယောင်လဲ့ထျန်းကမှ လုချီ၏ ခြံဝန်းထဲအထိ ဝင်သွားခဲ့တာပင်။ သူက ယောင်လဲ့ထျန်း ပြန်ထွက်လာသည်အထိ စောင့်ပြီး ရိုက်နှက်ဖို့ ရိုးသားစွာ စောင့်ဆိုင်းနေခဲ့ခြင်း.ဖြစ်သည်။

သို့သော် ဖန်းကျန့် ဘာကိုမှ ရှင်းမပြနိုင်သည့်အတွက် လွန်စွာ စိတ်ဆင်းရဲ လာတော့သည်။ တစ်စုံတစ်ယောက်က သူ့ပါးစပ်ကို တိပ်နှင့် ပိတ်ထားသကဲ့သို့ ဒေါသတွေကို မြိုချရုံပဲ တတ်နိုင်လေ၏။

ယောင်လဲ့ထျန်း၏ စကားကြောင့် အံ့သြနေရသူမှာ ဖန်းကျန့်ပင် မဟုတ်။ အကုန်လုံး၏ မျက်လုံးက မယုံနိုင်စွာ ပြူးကျယ်လာလေသည်။

… သဘာဝတရားကြီးကို ကြည့်ရှူရင်း ​ကျင့်ကြံမှုအမြင် တိုးတက်စေမယ်…

“ကောင်းတယ်.. ကောင်းလိုက်တာ” ထိုအချိန်မှာ ဟွမ်ရှက အကုန်လုံးကို လျစ်လျူရှုရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“မှန်တယ်။ ကျင့်ကြံသူဆိုတာ ဒီလိုဖြစ်နေရမှာပဲ။ ကျင့်ကြံသူတစ်ယောက် အနေနဲ့ ကျင့်ကြံမှုတိုးတက်ဖို့ပဲ အာရုံစိုက်ရမှာ မဟုတ်ဘူး.. မတရားတာ မြင်ရင် ဝင်ဖြေရှင်းပေးရမှာ အမှန်ပဲ။ မိန်းကလေးတစ်ယောက်ရဲ့ နေရာကို ညဘက်ကြီး သွားချောင်းတဲ့ကောင်က ရိုက်ရုံနဲ့မရဘူး.. အဲ့နားတင် သတ်ပစ်ခဲ့သင့်တာ”

ဟွမ်ရှက လျိုဖန်းကို လှမ်းကြည့်လိုက်ကာ

“လျိုဖန်း၊ မင်းတပည့်က အကျင့်မကောင်းလို့ ကျုပ်တပည့်က သင်ကြားပေးခဲ့တယ်။ ဒါကို ကျုပ်တပည့်ကို ကျေးဇူးမတင်တဲ့အပြင် မင်းက စွပ်စွဲလိုက်တာလား.. မင်းဆိုတဲ့ကောင်က အရင်အတိုင်းပဲ.. ကျေးဇူးမတင် ဖင်လှန်ပြတဲ့ကောင်၊ ဒါကြောင့် အကျင့်ဆိုးတွေကို သေတဲ့အထိ ပြင်ပေးလို့ မရနိုင်ဘူးလို့ လူကြီးတွေ ပြောကြတာကိုး”

“ဟမ့်”

အမှန်တော့ လျိုဖန်းသည် တပည့်ဖြစ်သူ၏ ဖောင်းကားနေသော မျက်နှာကို မြင်သည်နှင့် အကြောင်းအရင်းကို သေချာမမေးမြန်းဘဲ ဖြေရှင်းချက် လာတောင်းခဲ့တာ ဖြစ်သည်။ ယောင်လဲ့ထျန်း၏ စကားအပြင် ဟွမ်ရှကပါ အပြစ်တင်လာခဲ့တော့ လျိုဖန်းတစ်ယောက် ဒေါသကြောင့် မျက်နှာကြီး လောင်ကျွမ်းလာတော့သည်။ သို့သော်လည်း သူ လုံးဝ မရှုံးနိမ့်ချင်သေးပေ။

သူသာ ယခု အလျော့ပေးလိုက်လျှင် ဖန်းကျန့်၏ မသင့်တော်သည့် လုပ်ရပ်ကို ထောက်ခံပေးလိုက်သလို ဖြစ်သွားကာ မျက်နှာ နှစ်ခါ နာရလိမ့်မည်။ သူ၏ ဂုဏ်သတင်းကို ကြီးစွာ ထိပါးလာနိုင်သည့်အတွက် လျိုဖန်း အေးစက်စွာ ပြောလိုက်သည်။

“မင်းကောင် ပြောနေတာကကော အမှန်ဆိုတာ ဘယ်သူပြောနိုင်လို့လဲ။ သူ့အပြစ်က လွတ်ချင်တာနဲ့ ကျုပ်တပည့်ကို မတရား စွပ်စွဲတာကော မဖြစ်နိုင်ဘူးလား”

“ဟုတ်တယ် ဆရာပြောတာ မှန်တယ်” ဖန်းကျန့်လည်း ဝန်ခံလိုက်လို့ မဖြစ်မှန်း သဘောပေါက်သောကြောင့် ချက်ချင်း ဝင်ထောက်ခံလိုက်သည်။

“ယောင်လဲ့ထျန်း မင်းက သိုးယောင်ဆောင်တဲ့ ဝံပုလွေကောင်ပဲ။ မင်း မရှက်ဘူးလား”

“ ဟွမ်ရှ၊ ကျုပ်တပည့်ကို ရိုက်နှက်ပြီး စွပ်စွဲ ပြောဆိုခဲ့တဲ့အတွက် မင်းရဲ့တပည့်သာ လူချင်းတို​က်ရိုက် မတောင်းပန်ရင်၊ ကျုပ် ဒီကိစ္စကို ဘယ်လိုမှ လွှတ်ပေးမှာ မဟုတ်ဘူး”

သက်သေပြစရာ မရှိသည့်အတွက် လျိုဖန်း၏ လေသံက ယုံကြည်ချက် မြင့်လာခဲ့သည်။

သို့သော် တံခါးဝထိ ပြဿနာ လာရှာသည့်ကိစ္စကို ဟွမ်ရှကလည်း ခွင့်မလွှတ်ပေးနိုင်ပါချေ။ ဆရာတစ်ယောက် အနေနှင့် သူ့တပည့်ကို အခုလို အနိုင်ကျင့်ခွင့် ပြုစရာလား။

“ကောင်းပြီ၊ ကျုပ်ကလဲ ငြိမ်မနေနိုင်ဘူး” ဟွမ်ရှက ဒေါသတကြီး ပြန်ပြောလိုက်သည်။

“မင်း ဘာလုပ်ချင်လဲ ပြောလိုက်စမ်းပါ၊ လျိုဖန်း”

ဟွမ်ရှနှင့် လျိုဖန်း နှစ်ယောက်လုံး၏ အခြေအနေက ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဖြစ်နေတော့သည်။ တပည့်များ၏ ကံကြမ္မာသာ မက၊ သူတို့၏ ဂုဏ်သိက္ခာပါ ပါဝင်လာသည့်အတွက် ဘယ်သူကမှ လက်မလျော့ချင်ကြပေ။

သို့သော် ဘယ်သူကမှလည်း အရင် မတိုက်ခိုက်ချင်ကြပြန်ပေ။ အသက်အရွယ်ရ ဆရာတော်တစ်ပါးအနေနှင့် တပည့်များအရှေ့တွင် တိုက်ခိုက်ရခြင်းက ကိစ္စကြီးတစ်ခုပါပေ။ အရင်ဦးဆောင် တိုက်ခိုက်ခဲ့ပြီး အနိုင်ရလျှင် ပြဿနာ မရှိနိုင်ပေမဲ့၊ ရှုံးနိမ့်ခဲ့ပါက လွန်စွာ အရှက်ကွဲရလိမ့်မည်။

လျိုဖန်းက တကယ်တော့ ဟွမ်ရှကို သက်သက်မဲ့ အရှက်ခွဲနိုင်စေရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် မထင်ထားစွာပင် သူ့ဘက်က မှားယွင်းသူဖြစ်နေခဲ့သည်.. ဆက်လက် တိုက်ခိုက်ခဲ့ပါက သူ့၏အခြေအနေသာ ပိုဆိုးရွားသွားမည်။

ထို့အပြင် သေးငယ်သော ပြောင်းလဲမှု ဆိုပေမဲ့ ဟွမ်ရှ၏ တိုးတက်လာသော ကျင့်ကြံမှုကို သူ သတိထားမိခဲ့သည်။ သူတို့သာ တစ်ကယ် တိုက်ခိုက်ကြပါလျှင် လျိုဖန်း အရေးနိမ့်နိုင်သည်။

လျိုဖန်း အချိန်အကြာကြီး တွန့်ဆုတ်နေကာ မလှုပ်ရှားနိုင်ခဲ့ပေ။

ဟွမ်ရှကတော့ သူ၏ တပည့်က လျိုဖန်း၏ တပည့်ကို ကောင်းကောင်း ရိုက်နှက်ခဲ့ကြောင်း ကြားသည်နှင့် တော်တော်လေး စိတ်အခြေအနေ ကောင်းနေခဲ့သည်။ လျိုဖန်းကို ကိုယ်တိုင် ရိုက်နှက်ရသည်ထက် ဤအခြေအနေက ပိုကျေနပ်ဖွယ် ကောင်းပါ၏။

ထို့အပြင် ဒါကသူ၏ ပိုင်နက်နေရာ ဖြစ်သည်။ အရာအားလုံးက သူ့စိတ်ကြိုက်ပင်။

အချိန်ကြာလာသည်နှင့် ဟွမ်ရှ စိတ်မရှည်တော့ပေ။

“လျိုဖန်း၊ မင်း တိုက်ခိုက်မှာမဟုတ်ရင် လစ်လိုက်တော့။ မင်းကော၊ မင်းရဲ့တပည့်ကိုကော ကျူပ်နေရာက မကြိုဆိုဘူး”

ဟွမ်ရှက လက်တစ်ဖက်နှင့် ခွေးမောင်းသလို မောင်းလိုက်သည်။

“ ရှောင်ဖန်း၊ ဆရာ့အစား လိုက်ပို့ပေးလိုက်”

“ဆရာတော်လျို ကျေးဇူးပြုပြီးကြွပါ”

အကြီးဆုံးတပည့်အနေနှင့် ဆရာဖြစ်သူ မျက်နှာ မပျက်စေရန် လင်ရှောင်ဖန်း ချက်ချင်း အရှေ့ထွက်လိုက်ပြီး မမောက်မာ၊ မနိမ့်ကျလွန်းသော လေသံဖြင့် ပြောလို​က်သည်။

မောင်းထုတ်ခံလိုက်ရသော်ငြား ဤအကျဥ်းအကျပ်မှ လွတ်မြောက်နိုင်ရန် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သောကြောင့် လျိုဖန်း လက်လွတ် မခံခဲ့ပေ။ သို့သော် မထွက်သွားခင်မှာ ရန်စသွားခဲ့ပါသေး၏။

“ဟွမ်ရှ၊ ဒီတိုင်းပြီးသွားမယ် ထင်မနေနဲ့။ မင်းနဲ့မင်းရဲ့တပည့် ကျုပ်ကို လူသိရှင်ကြား မတောင်းပန်ဘူးဆိုလို့ကတော့ အတွင်းတပည့် ရွေးချယ်ရေး အခမ်းအနားမှာ မင်းရဲ့တပည့် တစ်ခုခု ဖြစ်သွားလည်း ကျုပ်ကို အပြစ် လာမတင်နဲ့”

တိုက်ရိုက် မပြောခဲ့သော်လည်း လျိုဖန်း၏ ခြိမ်း​ခြောက်စကားက နားလည်နိုင်ပါသည်။ မင်းသာ အခုမတောင်းပန်ရင် မင်းရဲ့တပည့်ကို ပြိုင်ပွဲမှာ သတ်ပစ်မယ်…

ဟွမ်ရှ အနည်းငယ် အံ့သြသွားခဲ့သည်။ ယောင်လဲ့ထျန်းက အတွင်းတပည့် ရွေးချယ်ရေး အခမ်းအနားအတွက် စာရင်းပေးထားမှန်း သူ မသိခဲ့ချေ။ တံခါးပိတ် ကျင့်ကြံနေခဲ့သည့်အတွက် သူအများကြီး လွတ်သွားခဲ့ဟန်ရှိသည်။

သို့သော် အတွင်းတပည့် ရွေးချယ်ရေး အခမ်းအနား၏ ခက်ခဲကြမ်းတမ်းပုံကို စဥ်းစားမိသည်နှင့် မတုန်မလှုပ်ရပ်နေသော ယောင်လဲ့ထျန်းကို ကြည့်ပြီး ဟွမ်ရှ စိတ်ပူသွားသည်။

သို့သော် အခြေအနေတွေက ဒီအထိ ရောက်လာခဲ့ပြီ။ သူ လက်လျော့ပြီး အရှုံးဝန်ခံလိုက်လျှင် လျိုဖန်းကြောင့် သူ့မျက်နှာ ထားစရာမရှိ ဖြစ်ရလိမ့်မည်။ သို့သော် သူဘယ်လို ပြန်တုံ့ပြန်ရတော့မည်လဲ.. ဟွမ်ရှ ဘာဆက်လုပ်ရမည် မသိတော့ပေ။

“ဆရာ၊ ကျွန်တော်တောင် မရှင်သန်နိုင်ခဲ့ရင် ကျွန်တော်ရိုက်တာ ခံခဲ့ရတဲ့ကောင်က ကျွန်တော့်ထက် သေတာ စောလိမ့်အုံးမယ်”

ထိုအချိန်မှာ ယောင်လဲ့ထျန်းက ရုတ်တရက် ဝင်ပြောလို​က်သည်။

“ဟဟ” ဟွမ်ရှ ထိုမှသာ ရယ်မောနိုင်တော့သည်။ သူဘယ်လိုလုပ် ဒါကို မေ့သွားရသနည်း။

ဟွမ်ရှ အလုံးစုံ နားမလည်ပါသော်ငြား လက်ရှိတွင် ဖန်းကျန့်က သူ့တပည့်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ ဖန်းကျန့်၏ ဆရာ လျိုဖန်းက သူ့တပည့်ကို အသုံးမကျသူဟု စွပ်စွဲခဲ့သည်ဆိုလျှင် ကျားဆယ်ကောင်အဖွဲ့၏ ဖန်းကျန့်က ဘယ်လောက်တောင် အမှိုက်ဆန်လိမ့်မလဲ။

“လျိုဖန်း၊ မင်းကြားတယ်မလား။ မင်းရဲ့တပည့်ကိုသာ အရင်စိတ်ပူစမ်းပါ”

ဟွမ်ရှ လှောင်ပြောင်လိုက်သည်။

လျိုဖန်းတစ်ယောက် သွေအန်ချတော့မတတ် ဖြစ်လာတော့၏။

ယောင်လဲ့ထျန်းကို အသုံးမကျလွန်းသော အမှိုက်တစအဖြစ် အခုထိ သတ်မှတ်ထားသည့်အတွက် သူ၏ တရားမျှတမှုကို လာတောင်းရသည့်အခြေအနေကိုပင် လျိုဖန်း မေ့လျော့သွားခဲ့မိလေသည်။

ဖန်းကျန့်ခဗျာ ကျွင်းတစ်ကျွင်းတူးပြီးသား ပျောက်ကွယ်ချင်တော့သည်။ ဘယ်လိုလုပ် ဒီအခြေအနေအထိ ဖြစ်လာခဲ့ရသနည်း။

သူ တကယ်ကို မတိုင်ကြားချင်ခဲ့ပေ။ သို့သော် ဆရာဖြစ်သူက တွေ့သွားပြီး အတင်းအကျပ် မေးခွန်းထုတ်ခဲ့သောကြောင့် သူမတတ်နိုင်ဘဲ ပြောပြခဲ့ရသည်။ သူ အဆုံးထိ မရှင်းပြရသေးခင်မှာပဲ ဒေါသကြီးသော ဆရာဖြစ်သူက ဒီနေရာအထိ ဆွဲခေါ်လာခဲ့တာပင်။

အခုတော့ ယောင်လဲ့ထျန်း၏ ပြင်းထန်သည့် စကားလုံးများက သူ့ဂုဏ်သိက္ခာကို ရစရာ မရှိအောင် နင်းခြေသွားလေပြီ။

“ဟမ့်” လျိုဖန်းက အေးစက်စွာ နှာမှုတ်ပြီးသည်နှင့် လင်ရှောင်ဖန်း လိုက်ပို့သည်ကိုပင် မစောင့်တော့ဘဲ ဖန်းကျန့်ကို ဆွဲခေါ်ကာ ချာခနဲ လှည့်ထွက်သွားပါတော့သည်။ တကယ်တော့ သူ ဆက်မနေရဲတော့တာ ပင်။

လျိုဖန်း၏ ဒေါသတကြီး ထွက်ပြေးသွားပုံကို ကြည့်နေရင်း ဟွမ်ရှ အလွန့်အလွန် ကျေနပ်သွားသည်။

လျိုဖန်းတို့ လုံးဝ ထွက်သွားပြီးနောက်မှာ ဟွမ်ရှက ပြောလိုက်​လေသည်။

“လဲ့ထျန်း၊ ဆရာ့နောက်လိုက်ခဲ့”

ဟွမ်ရှက အတွင်းခြံဝန်းထဲ ဝင်သွားလိုက်သည်။ သူတံခါးပိတ် ကျင့်ကြံနေခဲ့သည့်အတွက် အတွင်းတပည့် ရွေးချယ်ရေးအခမ်းအနားနှင့် ပတ်သတ်ပြီး ဘာမှမသိခဲ့ပေ။ သူ.အပြင်ထွက်လာသည့် တိုင်အောင် ရှကျန့်နှင့် တစ်ခြားသူများကလည်း မတင်ပြခဲ့သည့်အတွက် ဘာတွေ ဖြစ်ခဲ့မှန်း သူလုံးဝမသိသေးပေ။

အခုတော့ ယောင်လဲ့ထျန်းက ပြိုင်ပွဲအတွက် စာရင်းပေးထားပြီးသည့်အပြင် ဖန်းကျန့်ကိုပါ ရိုက်နှက်ထားလေရာ၊ သူ အဆုံးထိ စစ်ဆေးမှ ဖြစ်တော့မည်.. အထူးသဖြင့် ယောင်လဲ့ထျန်းကို စမ်းသပ်ရမည်ပင်။

ယောင်လဲ့ထျန်း၏ သန်မာမှုက တကယ်ပဲ ကောင်းမွန်နေခဲ့ပါလျှင် ပြိုင်ပွဲမှာ ပါဝင်ခွင့်ပြုပြီး ဖန်းကျန့်ကို သေတဲ့အထိ ရိုက်နှက်ခွင့် ပြုပေးနိုင်သည်။ အကယ်၍ ထိုသို့မဟုတ်ပါက သူရပ်မကြည့်နေနိုင်ပါ။ တစ်ခုခု လွဲချော်သွားခဲ့လျှင် သူ မျက်နှာပျက်ရမှာတင် မဟုတ်ဘဲ အသက်တစ်ချောင်း ဆုံးရှုံးသွားရမှာ ဖြစ်သည်။

ဖန်းကျန့် အခုလို ဒဏ်ရာရခဲ့တာကလည်း ယောင်လဲ့ထျန်း ကိုယ်တိုင် လုပ်ခဲ့တာ ဖြစ်နိုင်ပါ့မလား။

အတွင်းအခန်းသို့ ရောက်သည်နှင့် ဟွမ်ရှက ယောင်လဲ့ထျန်းကို ကြည့်ကာ ပြောလိုက်သည်။

“ဘာဖြစ်ခဲ့တာလဲ။ စိတ်ချလက်ချ ပြောလို့ရတယ်။ ဘာပဲဖြစ်ဖြစ် ဆရာမင်းကို ထောက်ခံပေးမှာပါ”

အစောပိုင်းက အခြေအနေက ယောင်လဲ့ထျန်းကို အနည်းငယ် သဘောပေါက်စေခဲ့သည်။ ဟွမ်ရှက သူ့အပိုင်ကို အလွန်တွန့်တိုတက်သည်ပင်။ ထိုသို့မဟုတ်လျှင် မတွေ့ရတာ လေးနှစ်နီးပါး ကြာသော တပည့်တစ်ယော​က်အတွက်နှင့် ဆရာတော်တစ်ပါးကို အခုလို ရန်ပြုပါမည်လား။

အခြေအ​နေကို လုံးဝ နားမလည်ခဲ့တာတောင်မှ တပည့်ဖြစ်သူကို အပြည့်အဝ ကာကွယ်ပေးခဲ့သည်မလား။

ယောင်လဲ့ထျန်း၏ နှလုံးသားက အင်အားကြီး နောက်ခံကို ရှာတွေ့သွားသကဲ့သို့ စိတ်သက်သာရာ ရသွားခဲ့သည်။

ထို့ကြောင့် ယောင်လဲ့ထျန်း ဘာကိုမှ ဂရုမစိုက်ပဲ အမှန်တိုင်း ပြောပြဖို့ ဆုံးဖြတ်လိုက်တော့သည်။ အစေခံတန်းလျားကနေ အတွင်းတပည့် ပြိုင်ပွဲအကြောင်း သတင်းကြားခဲ့၍ စာရင်းသွားပေးခဲ့တာကနေ၊ တစ်ခြားသူများနှင့် ကတောက်ကဆဖြစ်ပြီး လုချီက ကူညီပေးခဲ့ရပုံများကိုပါ မကျန် အကုန်ရှင်းပြလိုက်၏။

“ အော် ဒါကြောင့် ဖန်းကျန့်က ပြဿနာရှာဖို့ မင်းနောက်လိုက်လာခဲ့တာကိုး”

ဟွမ်ရှ ခေါင်းညိတ်လိုက်ပြီး ယောင်လဲ့ထျန်းကို မျှော်လင့်မှုတစ်ချို့နှင့် လက်ခံစွာ ကြည့်လိုက်သည်။ ထို့နောက် ယောင်လဲ့ထျန်း အနားကို လျှောက်သွားလိုက်ပြီး ပုခုံးကိုပုတ်လိုက်ကာ ဆက်ပြောလိုက်၏။

“မင်းလုပ်ခဲ့တာကောင်းတယ်။ မင်းမှာ မဟုတ်မခံ စိတ်ဓာတ်ရှိတာပဲ။ ကျင့်ကြံတယ်ဆိုတာ ကောင်းကင်ဘုံကို ဆန့်ကျင့်ရတာ။ အခုလိုမျိုး အန္တာရယ်ကို မြင်ပြီး စွန့်စားရဲတဲ့သတ္တိမရှိရင် အမတဖြစ်ဖို့ ကျင့်ကြံနေတော့ ဘာထူးမှာလဲ၊ မင်းလုပ်တာ ကောင်းတယ်”

“ကျွန်တော့်ကို အားပေးလို့ ကျေးဇူးတင်ပါတယ်ဆရာ”

“ဒါဆို မင်းနဲ့ ဖန်းကျန့်နဲ့ ဘယ်လိုဖြစ်ပြီး တိုက်ခိုက်ခဲ့ကြတာတုန်း” ဟွမ်ရှထပ်မေးလိုက်သည်။

ယောင်လဲ့ထျန်း အများကြီး စဥ်းစားလိုက်ပါသေး၏။ သို့သော် ဘယ်လိုပင်ဆိုဆို၊ ဟွမ်ရှ၏ ယုံကြည်မှုကို ရနိုင်ဖို့ အမှန်တိုင်း ပြောလိုက်တာက အကောင်းဆုံးပင်။ အကုန်လုံးကို အမှန်တိုင်းပြောပြလိုက်မှသာ ဟွမ်ရှ၏ ယုံကြည်မှု၊ ထောက်ပံ့မှုနှင့် ကာကွယ်မှုကို ရနိုင်ပေမည်။

ဟွမ်ရှကိုတောင်မှ အနိုင်မယူနိုင်လျှင် အတွင်းတပည့် အခမ်းအနားကို သူဘယ်လို ကျော်ဖြတ်ရမည်လဲ။

ထို့အပြင် ဟွာမန်ထန်းကလည်း သူလာလည်မည့်အကြောင်း ဟွမ်ရှကို သတင်းပါးခိုင်းထားသည်။ ဟွာမန်ထန်း၏ ရည်ရွယ်ချက်အစစ်ကို မသိရသော်လည်း လုချီ၏ခြံဝန်းရှေ့က ကိစ္စနှင့် ပတ်သတ်နေမည် စိုးသောကြောင့် ယောင်လဲ့ထျန်း အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့မိတာပင်။

သို့သော် ​အကယ်၍ ဟွမ်ရှကသာ သူ့ဘက်က မားမားမတ်မတ် ရပ်တည်ပေးပါက၊ ဟွာမန်ထန်း၏ ခြိမ်းခြောက်မှုကိုလည်း ကြောက်ရွံ့ဖို့ လိုတော့မည် မဟုတ်ချေ။

All Chapters