← Chapters

ကောင်းတယ်.. အရမ်းကောင်းတယ်

Vol. 3 Ch. 27

ကောင်းတယ်.. အရမ်းကောင်းတယ်

Vol. 3 Ch. 27

သေချာတွက်ချက်ပြီးနောက်တွင် လုချီနှင့် ဘယ်လိုတွေ့ဆုံခဲ့ပုံမှစ၍ သူမ၏ အဖျားရောဂါကို ကုသပေးပြီးနောက် ဖန်းကျန့်နှင့် တိုက်ခိုက်ခဲ့ပုံအထိ အကုန် ပြောပြလိုက်သည်။

ယောင်လဲ့ထျန်း၏ ရှင်းပြမှုတသီတသန်းကြီးကို နားထောင်ပြီးနောက် ဟွမ်ရှ၏ အကြည့်က ပိုမိုနူးညံ့လာသည်။ ဘယ်ဆရာကမှ တပည့်၏ အပြည့်အဝ အားကိုးခြင်းကို မနှစ်သက်တာ မရှိပေ။ ယောင်လဲ့ထျန်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စပါမချန် ရှင်းပြပေးခြင်းက သူ့ကိုမည်မျှ အလေးအနက်ထားမှန်း သိသာစေနေ၏။

ဟွမ်ရှ ကျေနပ်သွားသော်ငြား မနေနိုင်စွာ ဆူပူလိုက်သည်။

“မင်းက လုပ်ချင်တာလုပ်ခဲ့တာပဲ။ လုချီရဲ့ အဖျားရောဂါကို ကုသဖို့အတွက်နဲ့ ဘာကိုမှ မစဥ်းစားခဲ့ဘူး။ အခုလို အေးဆေးပြီးသွားတာ မင်းကံကောင်းတယ်”

“ဆရာ၊ လုချီရဲ့ ရောဂါက ကုလို့မရနိုင်ဘူးလားဟင်”

လုချီ၏ အခြေအနေကို ဟွမ်ရှလဲ နားလည်သောကြောင့် ယောင်လဲ့ထျန်း မေးလိုက်သည်။

“ဟွာမန်ထန်း သူမကို ဂိုဏ်းထဲ ခေါ်လာပြီးထဲက အများကြီး ကြိုးစားခဲ့ရှာပါတယ်။ အပြင်ဂိုဏ်းရဲ့ အကြီးအကဲတွေ၊ ဆရာတော်တွေ တစ်ယောက်မကျန် အကူအညီတောင်းခဲ့တာ.. ဆရာလဲ သွားတွေ့ခဲ့ဖူးတယ်”

ဟွမ်ရှ သက်ပြင်းချလိုက်ကာ..

“အတွင်းခန်းမ အကြီးအကဲ ဟွာထင်းဖန့်တောင် မကုသနိုင်ခဲ့တဲ့ ထူးဆန်းတဲ့ရောဂါကို ဆရာတို့က ကုသနိုင်မတဲ့လား”

ယောင်လဲ့ထျန်း စိတ်ထဲ အနည်းငယ် တင်းကျပ်သွားခဲ့သည်။ အတွင်းခန်းမ၏ ဆေးဖော်ခန်း အကြီးအကဲ ဟွာထင်းဖန့်ကို သူသိပါသည်။ ကမ္ဘာပေါ်မှာဆိုလျှင် သူမကို အတော်ဆုံး ဆရာဝန်ကြီးဟု သတ်မှတ်လို့ပင် ရသည်။ သူမတောင် မကုသနိုင်ခဲ့ပါက…

မဟုတ်ဘူး၊ တစ်ခြားသူ မကုသနိုင်လျှင်တောင် သူ ကုသနိုင်ပါသေးသည်။ သူ၏.လက်ရှိ သန်မာမှုနှင့် လုချီ၏ အအေးဓာတ်ကို ဖိနှိပ်ပြီး ဝေဒနါ သက်သာစေရန် ကူညီပေးနိုင်ခဲ့သည်။ သူ၏ ကျင့်ကြံမှု တိုးတက်လာခဲ့လျှင် လုချီ၏ ရောဂါကို အပြည့်အဝ ကုသနိုင်ပါလိမ့်မည်။

“လဲ့ထျန်း၊ မင်းက ဖန်းကျန့်ကိုတောင် အနိုင်ယူနိုင်ခဲ့တဲ့အတွက် ကျင့်ကြံဆင့်က မနိမ့်ပါဘူး။ မင်းရဲ့ဆရာကို ဖုံးကွယ်ထားချင်သေးတာလား” ဟွမ်ရှက ရုတ်တရက် မေးလာခဲ့သည်။

ယောင်လဲ့ထျန်းက ထိုမေးခွန်းကို ကြိုတွေးထားပြီးသည့်အတွက် အဖြေရှိပြီးသား ဖြစ်သည်။

ယောင်လဲ့ထျန်း က လျင်မြန်စွာဖြင့် တလေးတစား ဖြေကြားလိုက်သည်။

“ဒီတပည့် မလုပ်ရဲပါဘူး”

ထို့နောက် အကာအကွယ်အစီအရင် ခရုခွံ၏ ပိတ်သိမ်းပေးသော အစွမ်းကို ဖြေးဖြေးချင်း လျော့ချလိုက်လေသည်။

တမဟုတ်ချင်းမှာပဲ ယောင်လဲ့ထျန်း၏ ကျင့်ကြံမှုက ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ် ပြီးပြည့်စုံအဆင့်ကနေ၊ စစ်မှန်သောချီစွမ်းအင်နယ်ပယ် ပြီးပြည့်စုံအဆင့်အထိ ခုန်တက်သွားသည်။ ယောင်လဲ့ထျန်း၏ ခန္ဓာကိုယ်မှ အရှိန်အဝါများက မရပ်မနား ထိုးတက်နေလေသည်။

ထိုအရှိန်အဝါက ဟွမ်ရှနှင့် တော်တော်လေး ရင်းနီးနေသည်။ ကျင့်ကြံသူတစ်ယောက်၏ အတွင်းမှော်စွမ်းအင်နှင့် ကောင်းကင်နှင့်မြေကြီးကြားရှိ စိတ်ဝိညာဥ်စွမ်းအင်တို့၏ ပနံသင့်သော အရှိန်အဝါကြောင့် ဟွမ်ရှ ချက်ချင်း တွေးမိသွားသည်။

သူက ချီအသွင်ပြောင်းခြင်းနယ်ပယ်မှာလား.. မဖြစ်နိုင်တာ။

ထိုအချိန်မှာပဲ ပိုမိုပြင်းထန်လာသော အရှိန်အဝါနှင့်အတူ ယောင်လဲ့ထျန်း၏ ကျင့်ကြံမှုက စစ်မှန်သောချီစွမ်းအင်နယ်ပယ် ပြီးပြည့်စုံအဆင့်မှ ချီအသွင်ပြောင်းခြင်းနယ်ပယ် ပြီးပြည့်စုံအဆင့်ထိ ခုန်တက်သွားပြန်သည်။

ဒါက…

ထိုကောင်လေးက တကယ်ကို ချီအသွင်ပြောင်းခြင်းနယ်ပယ်ကို ရောက်နေခဲ့သည်။ သို့တိုင်အောင် ယောင်လဲ့ထျန်း၏ အရှိန်အဝါက မရပ်တန့်သေးပေ။ ဒီကောင်လေးက သန်မာမှုအစစ်အမှန်ကို တစ်ချိန်လုံး ဖုံးကွယ်ခဲ့တာပဲ။ ချီအသွင်ပြောင်းခြင်း.နယ်ပယ်ကိုပင် ရောက်နေခဲ့သည့်အတွက် ဟွမ်ရှ တော်တော်လေး အံ့သြသွားခဲ့သည်။

အခုဆိုလျှင် ယောင်လဲ့ထျန်းက ရှကျန့်ထက် အနည်းငယ်သာ နိမ့်တော့သည်။ သို့သော် လ​က်ရှိကျင့်ကြံမှုဖြင့် ဖန်းကျန့်ကို အနိုင်ယူဖို့ မဖြစ်နိုင်သေးပေ။

ယောင်လဲ့ထျန်း၏ အရှိန်အဝါက ဆက်တက်နေသေးလေရာ၊ သန်မာမှုအစစ်အမှန်ကို မမြင်ရသေးမှန်း ဟွမ်ရှ နားလည်လိုက်သည်။

ယောင်လဲ့ထျန်း၏ အရှိန်အဝါက ထပ်မံ မြင့်တက်လာပြီး ချီအသွင်ပြောင်းခြင်း နယ်ပယ် ပြီးပြည့်စုံခြင်းကိုပါ ကျော်လွန်သွားသည်။

ဟွမ်ရှ ပင့်သက်ရှိုက်လိုက်လေ၏။

ယောင်လဲ့ထျန်း၏ သန်မာမှုကြောင့်ဆိုသည်ထက် ပြောင်းလဲသွားမှုကြောင့် ဟွမ်ရှ ပိုမို မှင်သက်နေရသည်။ တောင်အောက်ဆင်းရာမှ အကာအကွယ်အဖြစ် ယူခဲ့သော ဤတပည့်ကို သူသည် ကိုယ်တိုင်သင်ပြပေးဖို့ အချိန်မရှိသည့်အတွက် လင်ရှောင်ဖန်းနှင့် အခြေခံကျင့်စဥ်တစ်ချို့ သင်ပေးရန် ပစ်ထားခဲ့ပြီး တံခါးပိတ် ကျင့်ကြံခဲ့လေသည်။ ထို့ကြောင့်ပဲ ထိုကောင်လေးက အပြင်ဂိုဏ်း၏.အကြီးအကဲများနှင့် ဆရာတော်များထံမှ လျစ်လျူရှုခံရပြီး အနိုင်ကျင့်စရာ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ရသည်။

မထင်ထားစွာပင် ဂရုမစိုက်ခံရဆုံး တပည့်ဖြစ်သူက ယနေ့မှာ သူ့ကို အံသြမှု အကြီးစားကြီး ချပြသွားခဲ့သည်။

ချီအသွင်ပြောင်းခြင်းနယ်ပယ် ပြီးပြည့်စုံအဆင့်ကို လေးနှစ်အတွင်း ကျင့်ကြံနိုင်လေရာ၊ ထိုကောင်လေးက သူတံခါးပိတ််ကျင့်ကြံစဥ်မှာပဲ သင်ပြပေးခဲ့ရသော ချစ်လှစွာသည့်တပည့် ရှကျန့်ထက် တကယ်ကို သာလွန်နေခဲ့သည်။

သို့သော် ဟွမ်ရှ ပိုမို အံ့သြခဲ့သည်မှာ ယောင်လဲ့ထျန်းက ထိုနေရာမှာတင် ရပ်တန့်မနေခဲ့ဘဲ သူ၏ အရှိန်အဝါက ပိုမို ကြီးထွားလာကာ အားကောင်းလာသည်။

သူက အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ်ကို ရောက်နေပြီလား။ ဟွမ်ရှ တော်တော်လေး မယုံကြည်နိုင်ခဲ့ပေ။ ချီအသွင်ပြောင်းခြင်းနယ်ပယ်သို့ ငယ်ရွယ်သော တပည့်များစွာ အဆင့်တက်နိုင်ကျသော်လည်း အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ်ကို ရောက်နိုင်ဖို့မှာ မလွယ်ကူချေ။

အသက်နှစ်ဆယ်အောက် မျိုးဆက်သစ် တပည့်များကြားတွင် ကျန်းရှန့်ထျန်း တစ်ယောက်သာ လုပ်နိုင်ခဲ့သည်။ သူ၏ အကြီးဆုံးတပည့် လင်ရှောင်ဖန်းလည်း အတွင်းစွမ်းအင် စုစည်းခြင်းနယ်ပယ်ကို ရောက်ခဲ့ပေမဲ့ နှစ်ဆယ့်သုံးနှစ် ရှိနေပြီပင်။

ထို့အပြင် ကွာခြားချက်က အလွန်ကြီးမားသည်။

ကျန်းရှန့်ထျန်းက ဘယ်လိုဆက်ဆံခံရပြီး ယောင်လဲ့ထျန်းက ဘယ်လိုဆက်ဆံခံရပါသလဲ။

“ဘုန်း”

ဟွမ်ရှ၏ အကြည့်ထဲက မယုံကြည်နိုင်မှုနှင့် မျှော်လင့်မှုများကို ကြည့်နေရင်း ယောင်လဲ့ထျန်း ဖြေးဖြေးချင်း အစွမ်းမြင့်တက်စေတာကို ရပ်လိုက်ကာ အကုန်လုံးကို တစ်ခါထဲ လွှတ်ပေးလိုက်သည်။

“အတွင်းစွမ်းအင်စုစည်းခြင်း ထိပ်သီးအဆင့်မှာလား.. တကယ်ကြီးလား”

ဟွမ်ရှ တအံ့တသြ ကြည့်လိုက်သည်။ သူ၏ တာဝန်မကျေပွန်မှုကြောင့် သတင်းကြားတိုင်း ရှက်ရွံ့မှုနှင့် အပြစ်တင်စိတ်ကို ခံစားရကာ လျစ်လျူရှုခဲ့မိသော ဤတပည့်က ယနေ့မှာ သူ့ကို အကြီးကြီး အံ့သြစေခဲ့သည်။ သို့သော် အလွန်ထိတ်လန့်ဖို့ကောင်းသည့် ယောင်လဲ့ထျန်း၏ တိုးတက်မှုကြောင့် ဟွမ်ရှ အနည်းငယ် သံသယ ဝင်လာခဲ့ပြန်သည်။

“ဒီတပည့်က ဆရာ့ကိုဘာမှ မဖုံးကွယ်ချင်ပါဘူး။ ဆရာတပည့်ကို တောင်ပေါ်မခေါ်လာခင်က တပည့်ဘာကိုမှ မသိခဲ့တာပါ။ ဆရာတူအကိုလင်က တပည့်ကို အခြေခံကျင့်စဥ်တွေ သင်ပေးခဲ့တယ်။ ဂိုဏ်းထဲ စရောက်လာထဲက တပည့်သူများထက် ဆယ်ဆကြိုးစားခဲ့တယ်။ လုချီရဲ့ အဖျားကို ကုပေးတာကလည်း အကြိမ်တိုင်းမှာ ကျွန်တော့်ကို အကျိုးရှိစေတယ်။ အဖျားရောဂါကို ကုတာက ကျွန်တော့်ကို တော်တော်လေး နာကျင်စေခဲ့တယ်.. ဒါပေမဲ့ အဲ့ဒါကြောင့်ပဲ ကျင့်ကြံမှုကလဲ တိုးတက်လာတာ မမှားပါဘူး”

“ကျွန်တော် စာရင်းသွားပေးတုန်းက ဘယ်သူမှ ကျွန်တော့်ကို မယုံကြည်ခဲ့ကြဘူး.. ဝိုင်းအလှောင်ခံခဲ့ရတော့ ကျွန်တော်နဲနဲ ဒေါသထွက်သွားတာ.. အဲ့ဒါနဲ့ စိတ်ငြိမ်အောင် ဆိုပြီး လှိုဏ်ဂူတစ်ခုရှာပြီး တရားထိုင်ခဲ့တယ်။ မမျှော်လင့်ပဲနဲ့ လက်ရှိအနေအထားကို အဆင့်တက်နိုင်ခဲ့တာပဲ”

လေးနှစ်တာ အတွေ့အကြုံက ယောင်လဲ့ထျန်းကို လူတွေ၏ မျက်နှာထားနှင့် ပတ်သတ်ပြီး နားလည်စေခဲ့သည်။ ရှန်းလုထျန်းကိုတောင်မှ မကြောက်မလန့် လိမ်ညာပြီးမှတော့ ဟွမ်ရှအကြောင်း မသိစရာလား။

ထို့အပြင် ယောင်လဲ့ထျန်းမှာ တစ်ခြားအကြောင်းအရင်း ရှိပါသေးသည်။ ရှန်းလုထျန်း၏ သန့်စင်ပေးမှုကြောင့် သူ၏ သန်မာမှုက ကျင့်ကြံမှုနယ်ပယ်တူ ကျင့်ကြံသူများထက် သာလွန်သွားသည်။ ရှန်းလုထျန်းလိုမျိုး ဂိုဏ်းခေါင်းဆောင်တောင်မှ လုပ်ပေးနိုင်လိမ့်မည် မထင်ပေ။ တမူထူးခြားလာသည့် သူ၏ သန်မာမှုကို လုချီ၏ ဆန်းကြယ်သည့် အအေးဓာတ်ကို လွှဲချလိုက်လျှင် အားလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။

“ကုသပေးရင်းနဲ့ ကျင့်ကြံတယ်.. ရုတ်တရက် အဆင့်တက်ရာကနေ ပိုသန်မာသွားတယ်..”

ဟွမ်ရှ အနည်းငယ် နားလည်သွားဟန်ရှိသည်။ ချက်ချင်းပဲ ယောင်လဲ့ထျန်းကို အနားဆွဲခေါ်ကာ အသေးစိတ် စစ်ဆေးလိုက်သည်။

ယောင်လဲ့ထျန်း၏.ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုက အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ် အနိမ့်ပိုင်းအဆင့်ထက် ငါးဆလောက် သာလွန်နေပြီး ထိပ်သီးအဆင့်ထိ ရောက်နေခဲ့သည်။ ခန္ဓာကိုယ်ကို ကျင့်ကြံမှုနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ရခြင်းက အခက်ခဲဆုံး ဖြစ်စဥ်ပါပေ။ ပုံမှန်အားဖြင့် ကျင့်ကြံသူအများစုသည် ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ်မှ အဆင့်တက်သည်နှင့် ရုပ်ပိုင်းဆိုင်ရာ သန်မာမှုကို လျစ်လျူရှုပြီး ကျင့်ကြံမှုကိုပဲ အားစိုက်ခဲ့သည်။ ယခု ယောင်လဲ့ထျန်း၏ သန်မာမှုကို ကြည့်လိုက်လျှင် တစ်ခြားသူများထက် ဆယ်ဆကြိုးစားခဲ့သည်မှာ မှန်ကန်​ကြောင်း နားလည်နိုင်ပါသည်။

ဟွမ်ရှ ထပ်မံစစ်ဆေးကြည့်လိုက်ချိန်တွင် ယောင်လဲ့ထျန်း၏ သန်မာမှုက ထိပ်သီးအဆင့်မှ အချိန်မရွေးအဆင့် တက်နိုင်ပြီး ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်တော့မည်ကို ရှာတွေ့ခဲ့သည်။ ပိုမို အံ့သြဖို့ကောင်းသည်မှာ ဤခိုင်မာလှသည့် အခြေခံက ဆေးဝါးသုံးထား၍ တိုးတက်လာမှုနှင့် မတူပါချေ။ အလွန်ခိုင်မာလွန်းသည့်အတွက် ဟွမ်ရှပင် မှင်သက်နေခဲ့မိသည်။

ပြောင်းလဲနေသော ဟွမ်ရှ၏ မျက်နှာထားကို ကြည့်နေရင်း ယောင်လဲ့ထျန်း တွေးမိသွားသည်။

အကယ်၍ သူ့ဆရာသာ ရှန်းလုထျန်း၏ နည်းလမ်းကို အာရုံခံနိုင်သွားပါက… ခက်ခဲကုန်မည်ပင်။

“ကောင်းတယ် အရမ်းကောင်းတယ်”

သေချာစစ်ဆေးပြီးသည်နှင့် ဟွမ်ရှက ယောင်လဲ့ထျန်းပုခုံးပေါ် လက်တင်ကာ ပြောလိုက်သည်။

ဒီကောင်လေးက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ကျင့်ကြံနေရင်း အတွင်းစွမ်းအင်စုစည်းခြင်း နယ်ပယ်အထိ ရောက်လာခဲ့သည်။ ဤသည်မှာလည်း သေချာပြသပေးမည့် ဆရာမရှိပဲနှင့်ပင်။ သူ၏ တန်ဖိုးအထားရဆုံး တပည့် ရှကျန့်ထက်ပင် သာလွန်နေပေသည်.. ကျန်းရှန့်ထျန်းထက်ပင် သာလွန်သည် ပြောရမည်။ ပိုမိုလေးစားဖွယ် ကောင်းသည်မှာ ထိုကောင်လေး၏ ခိုင်မာပြီးပြတ်သားသော စိတ်ဓာတ်ဖြစ်သည်။ ဤစွမ်းရည်များက သူ့၏ တပည့်များမပြောနှင့် ဂိုဏ်းတစ်ခုလုံး၏ တပည့်များအတွင်းမှာပင် မမြင်ဖူးသော ရှားပါးစွမ်းရည်များပင်။

“ အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ်အထိ ရောက်လာတာကို မင်းဘာလို့ စောစော မပြောခဲ့တာလဲ”

“တပည့်..တပည့်က အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ်ကို ရောက်လာတာအပြင် ဘာမှမသိလို့ပါ”

ထိုသို့ဖြင့် ယောင်လဲ့ထျန်းသည် ရောက်လာသော အခွင့်အရေးကို အမိအရ ဖမ်းရင်း ခြင်တစ်ကောင်လိုအသံဖြင့် ပန်းနုသွေးလိုက်ပါသည်။

“ဘာ.. မင်းက ဘာမှမသိဘူးဟုတ်လား”

ထိုစကားကြောင့် ဟွမ်ရှ ချက်ချင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဟုတ်…”

ယောင်လဲ့ထျန်း ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်နှာက စိတ်ပျက်မှုအပြည့်ဖြင့် ကူကယ်ရာမဲ့နေလေ၏။

“အဲ့တုန်းက ဆရာက တံခါးပိတ်ကျင့်ကြံနေတယ်။ ကျွန်တော်က အစေခံတန်းလျားမှာ အလုပ်တာဝန်ယူထားရတော့ ဘာမှ သင်ယူချိန်မရှိခဲ့ပါဘူး။ ဖန်းကျန့်ကို အနိုင်ယူခဲ့တဲ့ ကိုယ်ခံပညာတွေကိုတောင်မှ ကျွန်တော်အရင်က တရားကျင့်ကြံခဲ့တဲ့ လှိုဏ်ဂူထဲက သင်ယူခဲ့ရတာပါ။ ဒါပေမဲ့ ကျွန်တော်အဆင့်တက်တဲ့အချိန်မှာ အစွမ်းတွေ လျှံထွက်လာတာကို မထိန်းနိုင်လိုက်တဲ့အတွက် ဂူတစ်ခုလုံးကို ဖျက်ဆီးလိုက်မိတယ်”

ယောင်လဲ့ထျန်းသည် တစ်ချိန်ထဲမှာ သူ၏ ထူးဆန်းသော ကိုယ်ခံပညာနှင့် တိုးတက်လာသော ကျင့်ကြံမှုအတွက် ယုံကြည်ဖွယ်ရာ ဖြေရှင်းချက်ကို ပေးနိုင်ခဲ့သည်။ ဟွမ်ရှ ယုံကြည်သည် မယုံကြည်သည်ကတော့ ကံတရားပေါ်သာ မူတည်ပါသည်။

ကံကောင်းစွာဖြင့် ဟွမ်ရှက အများကြီး သံသယမဝင်ခဲ့ပေ။ ချန်ဟွမ်တောင်ပေါ်တွင် လိုဏ်ဂူငယ်များစွာရှိသည်။ ယခင်ကျင့်ကြံသူကြီးများ ချန်ထားခဲ့သော အမွေအနှစ်များစွာ ရှိနေနိုင်သည်ပင်။

ငယ်ရွယ်သော တပည့်တစ်ယောက်က ရှာတွေ့သွားပြီး သင်ယူနိုင်ခဲ့ခြင်းက မဟာကံကောင်းမှုကြီးဖြစ်ပြီး ဆရာဖြစ်သော သူ့အနေနှင့် ပျော်ရွှင်ပေးရုံအပြင် တစ်ခြားအတွေး မရှိပါချေ။

ဟွမ်ရှသည် လက်ရှိမှာ ယောင်လဲ့ထျန်း၏ ရုတ်တရက်မြင့်မားလာသော သန်မာမှုက မလိုလားသော အန္တရာယ်များကို ယူဆောင်လာမှာပဲ စိုးရွံ့မိသည်။

“လဲ့ထျန်း၊ မင်းသန်မာလာတာကို ဆရာတကယ် ဝမ်းသာတယ်။ ဒါပေမဲ့ ငါ့တပည့်.. အပင်မြင့်ရင် လေတိုက်ခံရတယ်။ မင်းရဲ့ အတိတ်ကအခြေအနေက အရမ်းကို ပုံမှန်ဆန်ခဲ့တယ်။.ရုတ်တရက် အခုလို တိုးတက်သွားတာက မလိုလားတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေလိမ့်မယ်။ ဆရာ မင်းရဲ့ ကျင့်ကြံမှုအစစ်ကို ကူညီပြီး ဖုံးကွယ်ပေးထားမယ်။ အတွင်းခန်းမကို ဝင်နိုင်ပြီးမှ ကျင့်ကြံမှုအစစ်ကို ဖော်ထုတ်လဲ မနောက်ကျပါဘူး.. နားလည်လား”

“ဟုတ်ကဲ့”

ယောင်လဲ့ထျန်းသည် သူ၏ ကျင့်ကြံမှု ပိတ်သိမ်းသည့်​နည်းလမ်းကိုပါ ဟွမ်ရှ မေးခွန်းထုတ်မည်ဟု ယူဆရင်း ကြိုတင် ပြင်ဆင်ထားခဲ့သည်။ သို့သော် မေးခွန်းမထုတ်သည့်အပြင် စိတ်ပူစွာ ညွှန်ကြားလာသော ဆရာဖြစ်သူကြောင့် နွေးထွေးမှုကို ခံစားလိုက်ရ၏။ ထို့ကြောင့် သဘောတူစွာ ခေါင်းညိတ်လိုက်လေသည်။

All Chapters