← Chapters

အခန်း (၂၁)

Vol. 3 Ch. 21

အခန်း (၂၁)

Vol. 3 Ch. 21

ကျီချောင်ချင်သည် မသိစိတ်မှ အနီးအနားရှိ အိုးနှင့်အပင်ကို အကာအကွယ်အဖြစ် သုံးလိုက်သော်လည်း လက်ချော်သွားပြီး အပင်သည် အောက်ကို ပြုတ်ကျသွားကာ လမ်းသွားလမ်းလာတစ်ယောက်၏ခေါင်းကို ပြင်းထန်စွာ ထိမှန်သွားသည်။

ထိုလူသည် ကျီချောင်ချင်နှင့် ရှန်ကျွင်းကို မော့ကြည့်လာပြီး ကျိန်ဆဲလိုက်သည်။

"ဘယ်သူလဲ! ငါ့ကို အခုလိုလုပ်ကြံတာ...အလှလေးတွေ!"

ရှန်ကျွင်းသည် ကျီချောင်ချင်တံခါးကို တွန်းဖွင့်လိုက်ပြီး သူ့မျက်နှာသည် အနည်းငယ် တင်းမာနေသည်။

"မင်း ထွက်ပြေးဖို ကြိုးစားနေတာလား”

ရှန်ကျွင်း ပိတ်ဆိုထားသောကြောင့် ကျီချောင်ချင်မှာ ပြေးလမ်း ပိတ်နေသဖြငိ့ ခြောက်သွေ့စွာ ရယ်မောလိုက်ပြီး သူမ၏ ခြေထောက်ကို ပြတင်းပေါက်ပေါ်မှ ပြန်ချလိုက်သည်။

"ကျွန်... ကျွန်မ ရှုခင်းကြည့်ချင်ရုံပဲ၊ ထွက်ပြေးဖိုမရည်ရွယ်ပါဘူး”

ရှန်ကျွင်းသည် သူ့သို‌လှောင်လက်စွပ်ထဲရှိ ပါးလွှာသော ကြိုးတစ်ချောင်းကို ထုတ်ယူလိုက်ပြီး တစ်ဖက်ကို သူ့လက် ကောက်ဝတ်တွင် ချည်လိုက်သည်။

သူ့လက်များသည် အလွန်ဖြူဖွေးနေပြီး အဆစ်များမှာ ထင်ရှားနေသည်။ အထူးသဖြင့် သူ့လက်ကောက်ဝတ် အရိုးသည် ပြီးပြည့်စုံစွာ လှပနေသောကြောင့် ကြည့်နေသူများကို ထပ်မံကြည့်ရှူချင်စိတ်ပင် ပေါက်စေသည်။

ကျီချောင်ချင်သည် မသိစိတ်မှ ရုန်းကန်ရန် ကြိုးစားခဲ့သော် လည်း ရှန်ကျွင်းသည် အလွန်အားကောင်းသောကြောင့် သူမ လုံးဝ မလွတ်မြောက်နိုင်ပေ။

သူမကို ချည်နှောင်ထားသည့်ကြိုးမှာ ထျန်းရွှမ်ဂိုဏ်း၏ ကွမ်ရှန်း ဟု ခေါ်သော ရတနာတစ်ခုဖြစ်ပြီး အကျဉ်းသားများကို ချည်နှောင်ရန် အထူးသုံးသည်။ ကျီချောင်ချင် ငယ်စဥ်တုန်းက အပြင်ဘက်ရှိ နတ်ဆိုးများကိုဖမ်းပြီး ကွမ်ရှန်းနှင့် ချည်နှောင်ကာ ဂိုဏ်းကိုပြန်ခေါ်လာလေ့ရှိသည်။ ထိုနတ်ဆိုးများ၏စိတ်ရူးဖောက်ကာ ကူကယ်ရာမဲ့နေသော အမူအရာများကို ကြည့်ရတာ သူမ သဘောကျသည်။

ယခုအခါတော့ သူမသာ ကူကယ်ရာမဲ့ဖြစ်နေသည်။

ဤကြိုးသည် ပိုင်ဆိုင်သူ၏ သဘောဆန္ဒဖြင့်သာ ပြန်ဖြေနိုင်သလို ပိုင်ရှင်ဖြစ်သူ သေမှသာ အလိုလိုပြေလျော့မည် ဖြစ်သည်။

ကျီချောင်ချင် ရုန်းကန်လိုက်သော်လည်း ချည်နှောင်မှုမှာ ပိုလိုပင်တင်းကျပ်လာသည်။ သတ်ဖြတ်လိုစိတ်တစ်ခုသည် သူမ ကိုယ်ထဲတွင် မြင့်တက်လာသော်ငြား သူမသည် ဟန်ဆောင်ကာ လှလှပပလေး ပြုံးပြလိုက်သည်။

"ရှန်ကျွင်း ရှင်က ကျွန်မ သိဖူးသမျှထဲမှာ အလေးစားရဆုံး ပုဂ္ဂိုလ်ပဲ၊ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ရဲ့အခန်းထဲကို ဘာရည်ရွယ်ချက်နဲ့ လာတာပါလဲ? အပြင်ကိုသာ အဲ့စကားပြန့်သွားရင် ရှင့်ရဲ့ ဂုဏ်သတင်းအတွက် မကောင်းဘူးလေ၊ပြီးတော့ ရှင်က အရမ်း စွမ်းအားကြီးတာ ကျွန်မက ဝိညာဉ်စွမ်းအင် မရှိတဲ့ အသုံးမကျ သူတစ်ယောက်ပါ၊ ကျွန်မကို ထောင်ချောက်ဆင်ဖို ဒီလိုနည်းလမ်းတွေ သုံးဖိုမလိုပါဘူး”

ထိုအချိန်တွင် သူတိုနောက်မှ ညစ်ညမ်းမှုများဖြင့် ရောယှက်နေသေ ယောက်ျားတစ်ယောက်အသံ ထွက်ပေါ်လာသည်။

"အလှလေး၊ ငါ ဒီမှာ ရောက်ပြီ!"

သူမတို လှည့်ကြည့်လိုက်ချိန် အစောပိုင်းက ပန်းအိုးမှန်သွားသော လူကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများသည် ရှန်ကျွင်းမျက်နှာပေါ်တွင်သာ စွဲကပ်နေသည်။

ရှန်ကျွင်းသည် နေရာတွင်သာ ပုံမှန်အတိုင်းရှိနေသော်လည်း သူ့မျက်နှာမှာ ပိုလိုတောင် အေးစက်လာသည်။

"ထွက်သွား”

သူဌေးသားတစ်ယောက်လို ဝတ်ဆင်ထားသော ဤလူသည် ကိုယ့်ကိုယ်ကို ခန့်ညားသည်ဟု တွေးထင်ကာ ရယ်မောလိုက်ပြီး အဝတ်အစားများကို ချိန်ညှိပြီး ကျီချောင်ချင်ဆီကို တစ်လှမ်းချင်းချဉ်းကပ်လာသည်။

"အလှလေး"ထိုငတုံးသည် ကျီချောင်ချင်လက်ကိုကိုင်ရန် ကြိုးစားလိုက်သည်။

"ဘယ်မှာနေတာလဲ”

ရှန်ကျွင်းသည် ကျီချောင်ချင်၏လမ်းကို ပိတ်ဆို့လိုက်ပြီး သူ့မျက်လုံးများမှာ သတိပေးသော အလင်းရောင်တစ်ခု တောက်ပနေသည်။

"လမ်းဖယ်"

ကျီချောင်ချင်သည် မူလတွင် ကြည့်ရုံသာ ကြည့်နေသော် လည်း သူမကြည့်လေလေ ရှန်ကျွင်းမှာစိတ်ထားကောင်းလွန်းသည်ဟု ခံစားရလေဖြစ်သည်။ သို့သော် ထိုသည်မှာလည်း သဘာဝကျသည်။ သူမသည် သူ့အတွက်ဆိုးရွား သော ရာဇဝတ်သားတစ်ယောက် ဖြစ်သော်လည်း သူမကို

မသတ်ဘဲ စောင့်သာ ကြည့်နေသည်။

ကျီချောင်ချင်သည် မည်သည့် လျှို့ဝှက်ဂိုဏ်းမျိုးက ဤသို့ စွမ်းအားကြီးပြီး သနားကြင်နာတတ်သော လူငယ်လေးကို မွေးထုတ်နိုင်သလဲဆိုတာပိုလို့ပင် စူးစမ်းချင်လာသည်။

၎င်း၏ စိတ်နေစိတ်ထားသည် ခေါင်းပုံဖြတ်ရန် လွယ်ကူလွန်းလှသည်။ သူမအတွက် သူ့ကို တိတ်တိတ်လေးသတ်ပစ်လိုက်မည်ဆိုပါက သူလည်း ထိုသို့ မလွယ်ကူသောဘ၀ကြီးမှာ ထပ်နေစရာမလိုတော့ပေ။

ရှန်ကျွင်းမှာ သူ့ကို သတိပေးရုံ သာပေးပြီးရုန်းတောင် မရုန်း ကန်သည် ကိုမြင်သောအခါ ထိုလူသည် သူ့အား သာမန်မိသားစုက လာတာဖြစ်နိုင်သည်ဟု ပိုလို့ပင်သေချာသွားသည်။ ၎င်းသည် ဟန်ဆောင်ခြင်းကို ရပ်တန့်လိုက်ပြီး လှောင်ပြောင်ဟန်ဖြင့် ရှန်ကျွင်းကိုကျော်ပြီး ကျီချောင်ချင်၏ မျက်နှာကို ထိရန်ကြိုးစားလိုက်သည်။

ရှန်ကျွင်း လှုပ်ရှားဖို့ပြင်နေချိန်မှာ ကျီချောင်ချင်သည် ထိုအခွင့်အရေးကို ဆုပ်ကိုင်ပြီး သူမ၏ခွင်းလွန်ဓားသည် သိုလှောင် လက်စွပ်ထဲမှ ထွက်ပေါ်လာကာ ရှန်ကျွင်း နောက် ကျောဆီသို့ လျင်မြန်စွာ ထိုးစိုက်လိုက်သည်။

ထိုသို့အရေးကြီးသောအချိန်မှာ ရှန်ကျွင်းသည် ရုတ်တရက် ရှေ့ကို တစ်လှမ်းတက်လိုက်ပြီး သူ့ရေခဲချိုးဖျက်ဓားမှာ ထိုလူ့လမ်းကို ပိတ်ဆို့လိုက်သည်။

ကျီချောင်ချင်လှုပ်ရှားမှုများသည် အလွန်ရက်စက်လွန်းသောကြောင့် သူမ အချိန်မီ မရပ်နိုင်ချေ။ ရှန်ကျွင်း သူမကို မမြင်ခင် ခွင်းလွန်ဓားကိုပြန်သိမ်းရုံသာ တတ်နိုင်ပြီး သူမ ခန္ဓာကိုယ်သည်တော့ ထိန်းမနိုင်ဘဲ ထိုငတုံးဆီသို့ လျင်မြန်စွာယိုင်နဲ့သွားသည်။

ထိုငတုံးသည် အလှလေးတစ်ယောက်မှာ သူ့ရင်ခွင်ထဲကို သူမဘာသာ ခုန်၀င်လာသည်ဟု ထင်လိုက်ပြီး ပိုလို့တောင် ညစ်ညမ်းစွာ ရယ်မောလိုက်သည်။

"ဒီသခင်လေးက မင်းကို သဘောကျနေပြီ၊ ဘာကပိုကောင်း လဲဆိုတာသိရင် ငါနဲ့အတူနေဖို့..."

သူ ကျီချောင်ချင်ကို မထိရသေးခင် ရှန်ကျွင်းသည် တားဆီးလိုက်သည်။

ရှန်ကျွင်းသည် ကျီချောင်ချင်ကို အနောက်မှပြန်ဆွဲလိုက်ပြီး သူမကို ကာကွယ်လိုက်သည်။

"မကြောက်နဲ့၊ငါ သူ့ကို ထိခွင့်ပေးမှာ မဟုတ်ဘူး”

ကျီချောင်ချင် ကြောင်အသွားသည်။ မည်သူကမှ သူမကို မကြောက်နဲ့ ဟု မပြောဖူးသလို မည်သူကမှ သူမကို ကာကွယ်မပေးဖူးချေ။

ငတုံးကောင်သည် ဤစကားကိုကြားချိန် လှောင်ပြောင်လိုက်သည်။

"အလှလေး... နှစ်ယောက်၊ ငါ မင်းတို့နှစ်ယောက်ကို အကြံပေးချင်..."

သူ စကားမဆုံးခင် ရှန်ကျွင်း သူ့အား အခန်းထဲမှ ရိုက်ထုတ်လိုက်သည်။

ထိုသူဌေးသားသည် ဒေါသတကြီး ကုန်းထလိုက်ပြီး အော်ဟစ်လိုက်သည်။

"မင်းက ငါ့ကို ကန်ရဲတယ်ပေါ့လေ!သေချင်နေတာလား"

ထိုနောက် သူ့ ဝိညာဉ်စွမ်းအားကို ထုတ်သုံးရန် ပြင်လိုက်သည်။

ထိုစဉ် ရှန်ကျွင်းမှာ အနည်းငယ် မျက်မှောင် ကြုတ်လိုက်ပြီး လက်ကို မြှောက်လိုက်ရာ ရေခဲချိုးဖျက်ဓားသည် တံခါးပေါက်ဝရှိ လူငယ်ထံသို တရှိန်ထိုး ပြေးဝင်သွားတော့သည်။

ထိုလူငယ် မော့ကြည့်လိုက်သောအခါ အဆင့်မြင့်ဓားတစ်လက်သည် သူ့ထံ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။ဓားမှာမြန်ဆန်လွန်းလှသဖြင့် ရှောင်တိမ်းရန် အချိန်ပင် မရလိုက်ပေ။

သူ သေပြီဟု ထင်မှတ်လိုက်ချိန်မှာပင် ဓားသည် သူ၏ နှာခေါင်းထိပ်နှင့် လက်တစ်လုံးခြား အကွာအဝေး ရပ်တန့်သွားသည်။

အခန်းထဲမှ ရှန်ကျွင်းက လှမ်းပြောလိုက်သည်။

"နောက်တစ်ခါ ဒီလိုထပ်မလုပ်နဲ့၊ အိမ်ပြန်တော့"

All Chapters