← Chapters

အခန်း (၂၄)

Vol. 3 Ch. 24

အခန်း (၂၄)

Vol. 3 Ch. 24

"ခေါင်းဆောင်လုပ်တဲ့သူက သေသင့်သလိုကြံရာပါတွေက ပိုတောင် သေသင့်သေးတယ်"

ကျီချောင်ချင်က ရှန်ကျွင်း လက်ကို ခါချလိုက်လေသည်။

"ကျွန်မ ရှင့်ကို မသတ်ချင်ဘူးနော်...ဒါပေမဲ့ ကျွန်မကို ဒီလိုဆက်ပြီးတားနေမယ် ဆိုရင်တော့ ညှာတာနေမှာ မဟုတ်ဘူး"

ရှန်ကျွင်းက ကျီချောင်ချင် လက်ကို ပြန်လည်ဆွဲကိုင်လိုက်ရာ သူ့ကြည်လင်နေသော မျက်လုံးများထဲတွင် အေးစက်မှုတို ပြည့်နှက်လာသည်။

"မင်းရဲ့အပြစ်တွေကို ပြန်ပေးဆပ်ရမယ်"

လူ့အသက်ကို တန်ဖိုးမထားဘဲ ရက်ရက်စက်စက် သတ်ဖြတ်နေတာ...သူမ တကယ် ရူးသွားပြီပဲ...

ကျီချောင်ချင်သည် ရုန်းကန်ခြင်းမပြုဘဲ လှောင်ပြုံးတစ်ခုကိုပင် ပြုံးလိုက်လေသည်။

"အခု ရှင်က ကျွန်မအပြစ်တွေကို ပေးဆပ်ခိုင်းနေတယ်၊ကျွန်မ မကြိုက်တာတွေကို အတင်းလုပ်ခိုင်းနေတယ်... အဲဒါ ကျီလီနဲ့ ဘာကွာလိုလဲ"

စကားဆုံးသည်နှင့် ကျီချောင်ချင်သည် ဓားဖြင့် ရှန်ကျွင်း ရင်ဘတ်ဆီသို ထိုးစိုက်လိုက်၏။

၎င်း တုံပြန်မှုသည် လွန်စွာ မြန်ဆန်သော်လည်း ကျီချောင်ချင်ဓားချက်က မနှေးသောကြောင့် ရင်ဘတ်ကို ထိမှန်သွားလေသည်။ သူသည် ကျီချောင်ချင် လက်ကောက်ဝတ်ကို ဖမ်းချုပ်ပြီး ဖိချလိုက်ရာ ကျီချောင်ချင်မှာ နာကျင်စွာ အော်ဟစ်လိုက်ရပြီး ခွင်းလွန်ဓားကို ချက်ချင်း လွှတ်ချလိုက်ရသည်။

ရှန်ကျွင်း အနည်းငယ် ကြောင်အသွားသည်။

"မင်း ငါ့ကို သတ်ချင်နေတာလား"

"ဟုတ်တယ်...ရှင် ကျွန်မကို မသတ်ရင် ကျွန်မက ရှင့်ကို သတ်မှာပဲ"

ရှန်ကျွင်း နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။

"ငါ မင်းကို မသတ်ဘူး...ဒါပေမဲ့ မကောင်းမှုတွေ

ထပ်လုပ်ဖိုတော့ စိတ်မကူးနဲ့"

ထိုစဉ် အစောင့်တစ်အုပ်သည် အဝေးမှ ပြေးလာကြသည်။

ကျီချောင်ချင် မလှမ်းနိုင်ခင်မှာပင် ရှန်ကျွင်းက သူမ လက်များကို လက်တဖက်တည်းဖြင့် ချုပ်ကိုင်ကာ အတင်း ဆွဲခေါ်သွားလေသည်။

ကျီချောင်ချင်သည် ငြိမ်ခံနေမည့်သူ မဟုတ်ပေ။ သူမသည် ရှန်ကျွင်း၏ လက်မောင်းပေါ်သို မန္တန်စာရွက် ကပ်လိုက်ပြီး သူ နာကျင်နေခိုက်တွင်တစ်ပတ်လှိမ့် ရှောင်ကာ သူမတွင် ရှိသော တစ်ခုတည်းသော နေရာရွှေ့ပြောင်းမန္တန်ကို အသုံးပြုပြီး

ရှန်ကျွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားလေတော့သည်။

နေရာရွှေ့ပြောင်းမန္တန်မှာ ထိုမျှ ဝေးကွာသောခရီးကို မခံနိုင်ဘဲ ပျက်စီးသွားလေသည်။

လက်ဖက်ရည်သောက်ချိန်တစ်ခုခန့် ကြာပြီးနောက် ကျီချောင်ချင် ခုတင်တစ်လုံးပေါ်သို ပြုတ်ကျသွားသည်။

ကျီချောင်ချင် တစ်ပတ်လိမ့်ကာ အံကို ကြိတ်လိုက်မိသည်။ထိုအရာမှာ သူမ၏ တစ်ခုတည်းသော နေရာရွှေ့ပြောင်းမန္တန် ဖြစ်ပြီး ဤနေရာတွင် သုံးလိုက်ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူမ ဒေါသထွက်နေစဉ်မှာပင် မတော်တဆ မော့ကြည့်လိုက်မိရာ ခုတင်ဘေးတွင် လူတစ်ယောက် လဲလျောင်းနေသည်ကို မြင်လိုက်ရလေသည်။

ထိုအမျိုးသမီးသည် ကြာပန်းလေးပမာ မျက်နှာလှလှလေးရှိပြီး လူ့လောကနှင့် မသက်ဆိုင်သော အငွေ့အသက်များ ရစ်ဝဲနေသည်။

ကျီချောင်ချင် မတ်တတ်ရပ်လိုက်ပြီး ထိုအမျိုးသမီး၏ ပါးကို နှစ်ချက်ခန့် ဖွဖွလေး ပုတ်လိုက်လေသည်။

"ချန်ကျင်းကျီ... ထစမ်း...နင် မထရင် နင့်ဆံပင်တွေအကုန် ဆွဲနှုတ်ပစ်လိုက်မှာနော်"

ချန်ကျင်းကျီမှာ ချန်ချင်းဂိုဏ်းချုပ်၏ သမီးဖြစ်သည်။လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက ကျီချောင်ချင်၏ ဆရာသည် အစီအရင် ဗဟိုချက်ကို သူမ ခန္ဓာကိုယ်ပေါ်တွင် ထားရှိခဲ့ပြီးနောက် သူမ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ကျီချောင်ချင်သည် ပင်မ အစီအရင်ဗဟိုချက်ကို ပိုင်ဆိုင်ထားသူဖြစ်၍ အခြားသော အရန် အစီအရင်ဗဟိုချက်များ ရှိနိုင်သည့်နေရာများကို အကြမ်းဖျင်းအာရုံခံနိုင်သည်။သူမ၏ ကံဆိုးလှသောပုံကြောင့် အစီအရင် ဗဟိုချက်ကို ရှာတွေ့ရန် ခက်ခဲလိမ့်မည်ဟု တွေးထားသော်လည်း မထင်မှတ်စွာ ဤသို့ ပြုတ်ကျလာကာ မိတ်ဆွေဟောင်းနှင့် ဆုံတွေ့စေခဲ့လေသည်။

ချန်ကျင်းကျီဟုခေါ်သော ထိုအမျိုးသမီးမှာ လှုပ်ရှားခြင်း မရှိပေ။ ၎င်း မျက်နှာတွင်မူ ကျီချောင်ချင် ရိုက်လိုက်ခြင်းကြောင့် အနီရောင်သန်းနေသည်။

ကျီချောင်ချင် အနည်းငယ် ရှုပ်ထွေးသွားပြီး ချန်ကျင်းကျီ၏ သွေးခုန်နှုန်းကို စမ်းသပ် ကြည့်လိုက်ရာ ၎င်း ခန္ဓာကိုယ်မှာ အားနည်းနေပြီး အသက်ရှူသံပင် မကြားရသလောက် ဖြစ်နေသည်ကို သတိထားမိလိုက်သည်။ ၎င်းသည် သူမ၏ အခြေအနေထက် သိပ်မထူးလှပေ။ တစ်ချိန်က ၎င်းသည် သူမနှင့် အသေအလဲ ရန်ဖြစ်ခဲ့ဖူးသည်။ သို့သော် ယခုအခါ ကျန်းမာရေး အလွန်ဆိုးရွားနေရှာသည်။ ကျီချောင်ချင်၏ စိတ်ထဲတွင် အပြစ်ရှိသလိုခံစားလိုက်ရပြီး ရိုက်နှက်ခြင်းကို ရပ်တန့်လိုက်တာ သွေးခုန်နှုန်းကို အရင်စမ်းသပ် ကြည့်သင့်သည်ဟု တွေးမိလိုက်သည်။

ကျီချောင်ချင်သည် သိုလှောင်အိတ်ထဲမှ မန္တန်စာရွက်တစ်ရွက်ကို ထုတ်လိုက်ပြီး လက်ချောင်းထိပ်ကို ကိုက်ကာ သွေးဖြင့် မန္တန်ကို အသက်သွင်းလိုက်လေသည်။ နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခုသည် ခုတင်ပေါ်ရှိ ချန်ကျင်းကျီထံသို့ စီးဝင်သွားသည်။

ချန်ကျင်းကျီသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ပြီးနောက် လန့်ဖျပ်သွားသည့်ပမာ မျက်လုံးများ ပြူးကျယ်လာပြီး ဖြူဖျော့သော သူမ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လာလေသည်။

"နင် ဒီကိုဘာလာလုပ်တာလဲ... ငါက နင့်အတွက် အသုံးဝင်နေသေးတယ်လို့ ထင်နေတုန်းလား"

ချန်ကျင်းကျီ အကြည့်များမှာ ထူးဆန်းနေပြီးကျီချောင် ချင်၏နောက်ကျောဘက်ကို ကြည့်နေသလိုဖြစ်နေသည်။

ကျီချောင်ချင် ကြောင်သွားပြီး မသိစိတ်အရ နောက်လှည့်ကြည့်လိုက်ရာ သူမဘေးတွင် လူတစ်ယောက်ရောက်နေသည်ကို တွေ့လိုက်ရလေသည်။

ထိုအမျိုးသားသည် နုနယ်သော ရုပ်ရည်သွင်ပြင်ရှိပြီး အသက်အရွယ် အားဖြင့်လည်း မကြီးရင့်သေးပေ။ သိုသော် သူ့မျက်နှာထားမှာမူ အေးစက်အုံမှိင်းနေသည်။ကျီချောင်ချင်အား ကြည့်လာသော သူ့ မျက်ဝန်းများထဲတွင် မလိုမုန်းထားမှု များဖြင့် ပြည့်နှက်နေလေသည်။

ကျီချောင်ချင်သည် ထိုလူအား တစ်ချက်သာ ဝေ့ကြည့်လိုက်သော်လည်း ရင်းနှီးကျွမ်းဝင်သည့် ခံစားချက်မျိုးကို မလွန် ဆန်နိုင် ဖြစ်သွားရသည်။ ထိုသည်မှာ အခြားအကြောင်းပြချက်ကြောင့် မဟုတ်ဘဲ သူမနှင့် မျိုးရိုး ဆက်နွှယ်မှုရှိသည့် အငွေ့အသက်ကို အာရုံခံမိသောကြောင့် ဖြစ်သည်။

သူမသည် ကြင်နာစွာ ပြုံးပြလိုက်ပြီး မေးလိုက်၏။

"ရှင်က ဘယ်သူလဲ"

ထိုနောက် သူမသည် မသိမသာ နောက်သို ခြေလှမ်းနှစ်လှမ်း ဆုတ်လိုက်သည်။ ထိုလူသည် ကျီချောင်ချင်အား ချက်ချင်း ဦးညွှတ် အရိုအသေပြုလိုက်ပြီး ညင်သာစွာ လျှောက်တင်လေသည်။

"ကျွန်တော်က မဟာကျီ နိုင်ငံရဲ့ ဧကရာဇ်မင်းကျီချန်သဲပါ၊ ခုတင်ပေါ်မှာ လှဲနေတဲ့ သူကတော့ မဟာကျီ နိုင်ငံရဲ့ တိုင်းပြည်အကြံပေးပုဂ္ဂိုလ် ဖြစ်သလို ကျွန်တော့်ရဲ့ဆရာလည်း ဖြစ်ပါတယ်၊ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော့်ဆရာ သတိမေ့မြောနေတာ ရက်အတော်ကြာပါပြီ၊အင်မော်တယ်သခင်မရောက်လာမှပဲ ဆရာသခင် ခဏတာ ပြန်လည်သတိရလာတာပါ"

ဤနေရာသည် အမှန်စင်စစ် နန်းတော်တွင်းဖြစ်နေခဲ့သည်။ထိုနောက်တွင် ကျီချန်သဲသည် မျှော်လင့်ကြီးစွာဖြင့် မေးမြန်းလိုက်၏။

"အင်မော်တယ်သခင်မက ဆရာ့ရဲ့နာမည်ကို ခေါ်လိုက်တာ ကျွန်တော် ခုနက ကြားလိုက်မိပါတယ်၊ ခင်ဗျားနဲ့ ဆရာနဲ့က မိတ်ဆွေဟောင်း တွေများလား"

ခုတင်ပေါ်တွင် လှဲနေသော ချန်ကျင်းကျီသည် စောင်ကို လက်ဖြင့် တင်းကျပ်စွာဆုပ်ကိုင်လျက် ရုန်းကန်ထထိုင်လိုက်သည်။ သူမ ဒေါသတကြီး ပြန်လည် အော်ဟစ်လိုက်၏။

All Chapters