← Chapters

အခန်း (၂၅)

Vol. 3 Ch. 25

အခန်း (၂၅)

Vol. 3 Ch. 25

"နင်က အဲဒီလိုမေးခွန်းမျိုး မေးဖို အရည်အချင်းမရှိဘူး၊ထွက်သွားစမ်း!"

ကျီချောင်ချင် အနည်းငယ် အံ့အားသင့်သွားရသည်။ လွန်ခဲ့ သော နှစ်တစ်ရာက ဖြစ်ပွားခဲ့သည့် နတ်ဆိုးချေမှုန်းရေး စစ်ပွဲကြောင့် ကျီချောင်ချင်နှင့် ရွယ်တူကလေးအများစုသည် စစ်တပ် စခန်းများတွင်သာ ကြီးပြင်းခဲ့ကြရသည်။ သူမနှင့် ချန်ကျင်းကျီသည် အတူတူ ကြီးပြင်းလာခဲ့ကြပြီး ဆက်ဆံရေး ကောင်းမွန်ခဲ့ကြသည်။

ချန်ချင်း ဂိုဏ်းချုပ်သည် သမီးဖြစ်သူကို အလွန်အလိုလိုက်သော ဖခင်တစ်ဦး ဖြစ်လေရာ ချန်ကျင်းကျီသည် ငယ်စဉ်ကတည်းက ဖြူစင်ပြီး ပေါ့ပါးလွတ်လပ်သည့် စရိုက်ရှိသူ ဖြစ်လာခဲ့သည်။

အနည်းငယ် ဆိုးသွမ်းသည်ဟု ဆိုနိုင်သော်လည်း စစ်ပွဲ၏ ရက်စက် ကြမ်းကြုတ်မှုဒဏ်များကို ဘယ်သောအခါမျှ မခံစားခဲ့ရပေ။ လွန်ခဲ့သော နှစ်တစ်ရာက သူမကို နောက်ဆုံးအကြိမ် တွေ့ခဲ့စဉ်ကပင် ချန်ကျင်းကျီသည် အလွန်အမင်း ရိုးအလွန်းသည်ဟု ကျီချောင်ချင် မှတ်ယူခဲ့ဖူးသည်။ ယခုအခါတွင်မူ ချန်ကျင်းကျီက လူတစ်ယောက်ကို မောင်းထုတ်နေလိမ့်မည်ဟု သူမ မည်သည့်အခါမျှ ထင်မှတ်မထားခဲ့မိချေ။ ကျီချန်သဲ မျက်နှာထားသည် ညှိးငယ်သွားလေသည်။

"ဟုတ်ကဲ့ပါ ဆရာသခင်"

သူသည် အရိုအသေပြုပြီး ထွက်ခွာသွားသည်။ ခန်းမဆောင်ထဲတွင် အခြားမည်သူမျှ မရှိတော့သည့်အခါ ကျီချောင်ချင်သည် ရှည်လျားသော ဆိုဖာခုံပေါ်သို ပစ်လှဲချလိုက်ပြီး အခန်းတွင်းသို မျက်လုံးကစားကာ လှည့်ပတ်ကြည့်ရှုလိုက်သည်။

ဤခန်းမဆောင်ကို ချန်ချင်းဂိုဏ်းမှ ချန်ကျင်းကျီ၏ အိပ်ခန်းဆောင်ပုံစံကဲ့သို ပြင်ဆင်မွမ်းမံထားခြင်း ဖြစ်သည်။ချန်ချင်းဂိုဏ်းသည် အလွန်ကြွယ်ဝချမ်းသာပြီး ခမ်းနားထည်ဝါကာ တစ်ဦးတည်းသော သမီးဖြစ်သူအပေါ် အလွန် ရက်ရောလေသည်။

ချန်ကျင်းကျီ၏ အိပ်ခန်းဆောင်သည် ရှားပါးရတနာများဖြင့် ပြည့်နှက် နေလေ့ရှိ၏။ ယခုခန်းမဆောင်ထဲမှ ရတနာများ သည်လည်း ချန်ချင်းဂိုဏ်းမှ ရတနာများထက် မလျော့နည်းပေ။ ၎င်းက နန်းတော်ကို အလှဆင် မွမ်းမံသူသည် အထူးဂရုစိုက် လုပ်ဆောင်ထားကြောင်း ပြသနေသည်။

"ချန်ကျင်းကျီ... နှစ်တစ်ရာတောင် ရှိသွားပြီပဲ၊ နင့်စိတ်တွေ ဘာလို ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ"

ချန်ကျင်းကျီက အက်ကွဲကွဲ အသံဖြင့် ပြောလိုက်သည်။

"သူက ငါ့နာမည်ကိုရော၊ ငါ့အဆင့်အတန်းကိုရော

မသိဘူး၊ သူ နင့်ကို စမ်းသပ်နေရုံ သက်သက်ပဲ၊ ဘာမှမပေါ်သွားစေနဲ့"

ကျီချောင်ချင် ပြန်လည် မေးမြန်းလိုက်သည်။

"ဘာလိုလဲ၊ လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်းမှာ နင်ဘယ်တွေ ရောက်နေခဲ့တာလဲ၊ ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေ ရောက်သွားရတာလဲ"

ချန်ကျင်းကျီသည် စောင်ကို လျှောချလိုက်သည်။ သူမသည် ပင်ပန်း နွမ်းနယ်နေပုံရပြီး သူမ အသံမှာ ယခင်ကထက် ပိုမို အားနည်းနေသည်။

"အဖေဆုံးသွားတော့ ဂိုဏ်းထဲမှာ ငါ့အတွက် နေရာမရှိတော့ဘူးလေ... ဒါကြောင့် ငါထွက်လာခဲ့တယ်၊ ကံဆိုးတာက တချိုလူတွေက ငါ့ကို လွှတ်မပေးချင်ကြဘူး၊ ဒါနဲ့ပဲ ငါပုန်းရှောင်နေခဲ့ရတာ၊ နင် ဒါတွေ တစ်ခုမှမသိဘူးလား"

ကျီချောင်ချင် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ သူမသည် ဤအကြောင်းအရာများကို အမှန်တကယ် မသိရှိခဲ့ပေ။

လွန်ခဲ့သော နှစ်တစ်ရာက ကျီချောင်ချင်သည် လူသားတို၏ ဖိအားများကြောင့် ဝန်ပိကာ တသီးတခြား ကျင့်ကြံအားထုတ်ရန် ထွက်ခွာသွားခဲ့သည်။ ရာစုနှစ်တစ်ခုလုံး သူမသည် နေ့စဉ်နှင့်အမျှ နတ်ဆိုးစွမ်းအင်၏ ပူလောင်ပြင်းပြသော နာကျင်မှုကို ရုန်းကန်နေခဲ့ရသည်။ သူမ တသီးတခြား နေထိုင်ပြီး သိပ်မကြာခင်မှာပင် ကျိုးကျွင်းလန်က သူမကိုချောက်ကမ်းပါးပေါ်မှ တွန်းချခဲ့သည်။ သူမ ပြန်လည်နိုးထလာသောအခါ ဆယ်နှစ်ခန့် ကုန်လွန်သွားခဲ့သဖြင့် ချန်ချင်းဂိုဏ်းချုပ် ဆုံးပါးသွားပြီဖြစ်ကြောင်း သူမ အမှန်တကယ် မသိရှိခဲ့ပေ။

ကျီချောင်ချင်သည် ခပ်မတ်မတ် ပြင်ထိုင်လိုက်သည်။

"ငါ ခုနက နင့်နာမည်ကို ခေါ်လိုက်တာ ဧကရာဇ်ပိစိ ကြားသွားတယ်၊ သူက စိတ်ချရရဲ့လား"

ချန်ကျင်းကျီသည် ခုတင်ခေါင်းရင်းကို မှီလျက် လှောင်ပြောင်သည့် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။

"သူ စိတ်ချရလား မရလားဆိုတာ အရေးမကြီးတော့ပါဘူးဟာ...ငါက ဘယ်လိုပဲဖြစ်ဖြစ် သေရတော့မှာပဲ၊ ငါဘာတွေ ဖြတ်သန်းခဲ့ရလဲဆိုတာ မမေးပါနဲ့တော့၊ ငါ အဲဒီအကြောင်း‌‌တွေ မပြောချင်ဘူး"

ကျီချောင်ချင်က ဂရုမစိုက်သလို ပခုံးတွန့်လိုက်သည်။"သူက စိတ်မချရဘူးဆိုရင် ငါ သူ့ကို သတ်လိုက်လို့ ရတာပဲ"

ချန်ကျင်းကျီက နှာခေါင်းရှုံ့လိုက်သည်။

"အကောင်းအဆိုး မချင့်ချိန်ဘဲ နင်က တိုက်ခိုက်သတ်ဖြတ်ဖို့ပဲ လုပ်နေတော့တာပဲ၊အရင်တုန်းက နင် ဒီလိုမှ မဟုတ်တာ"

ကျီချောင်ချင်က ပြန်ပြောလိုက်သည်။

"နင်လည်း အရင်တုန်းက ဘယ်သူ့ကိုမှ ဒီလောက်ထိ ပြင်းပြင်းထန်ထန် မမုန်းတီးဖူးပါဘူး၊ နင့်စိတ်ကို ငါကောင်း ကောင်း သိတာပေါ့၊ အဲ့ဒီလူက ယုတ်မာတာတစ်ခုခု မလုပ်ခဲ့ဘူးဆိုရင် နင် သူ့ကို ဒီလောက်ထိ မုန်းနေမှာမဟုတ်ဘူး၊ဒါကြောင့် နင့်ဒေါသပြေသွားအောင် ငါ သူ့ကို သတ်ပေးရမလားလို့"

ချန်ကျင်းကျီ၏ အပြုံးမှာ ပျောက်ကွယ်သွားသည်။ သူမ ငိုချင်သော်လည်း အတင်းအကြပ် ထိန်းချုပ်ထားသလို သူမ၏ နှုတ်ခမ်းထောင့်စွန်းများ နိမ့်ကျသွားသည်။

သူမသည် အလွန်တရာ ကြာမြင့်သော အချိန်ကာလတစ်ခုအထိ တစ်ကိုယ်တည်း ရုန်းကန် ကြီးပြင်းလာခဲ့ရပြီး နှစ်ပေါင်းများစွာအတွင်း မည်သူကမျှ သူမဘက်က ရပ်တည်ပေးမည်ဟု မပြောခဲ့ဖူးကြပေ။ အကယ်၍ သူမသာ ခေါင်းညိတ်လိုက်ပါက တစ်ချိန်တုန်းက ပြုလုပ်ခဲ့သလို ကျီချောင်ချင်သည် သူမဘက်မှ သေချာပေါက် ရပ်တည်ပေးလိမ့်မည်ဖြစ်ကြောင်း ချန်ကျင်းကျီ သိနေခဲ့သည်။

ကျီချောင်ချင် မျက်လုံးပြူးကျယ်သွားသည်။

"နင် ငိုတော့မလို့လား၊ လုံးဝ မငိုနဲ့နော်၊ ငါက လူသတ်တာပဲ ကျွမ်းကျင်တာ၊ လူတွေကို နှစ်သိမ့်ပေးတာ မကျွမ်းကျင်ဘူးဟ!"

"ကိစ္စမရှိပါဘူး၊ ငါ့ကို အစီအရင် ဗဟိုချက် ပေးလိုက်ရုံပါပဲ၊ပြီးရင် ငါ မဟာကျီနိုင်ငံရဲ့ နယ်မြေထဲကနေ ချက်ချင်း ပျောက်သွားပေးမယ်လေ၊ ဘယ်လိုလဲ?"

ချန်ကျင်းကျီမျက်နှာထားသည် ရုတ်တရက် ရှင်းပြရခက်စွာ အေးစက်သွားသည်ကို မြင်လိုက်ရသောအခါ ကျီချောင်ချင်က ထပ်ပြောလိုက်သည်။

"ငါ့ကို အစီအရင်ဗဟိုချက် ပေးလိုက်၊ ဒါဆို ငါမဟာကျီ နိုင်ငံနယ်မြေထဲကနေ ချက်ချင်း ထွက်သွားပေးမယ်၊ဘယ်လိုလဲ"

ချန်ကျင်းကျီသည် နှာခေါင်းရှုလိုက်ရာ သူမ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ပြုံးလိုက်သည်ကပင် အနည်းငယ် လုပ်ယူထားပုံ ပေါက်နေသည်။

"ကျီချောင်ချင်...လွန်ခဲ့တဲ့ ရက်ပိုင်းက နင်ဘာလုပ်ခဲ့လဲဆိုတာ ငါမသိဘူး မထင်နဲ့နော်၊ နင် ထျန်းရွှမ်ဂိုဏ်းကို မြေလှန်ပစ်ခဲ့တာလေ...တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ပြပွဲပဲမလား၊လူတိုင်းက ပြောနေကြတာ...နင် ဂိုဏ်းကို သစ္စာဖောက်ပြီး နတ်ဆိုးလမ်းစဉ်ရဲ့ ခေါင်းဆောင်လုပ်ဖို ပြင်နေတာတဲ့၊ငါ နင့်ကို ဘယ်လို ခေါ်သင့်လဲ၊ နတ်ဆိုးသခင်လား? နတ်ဆိုးဘုရင်လား? သရဲသခင်လား? နင့်ကို ငါက အစီအရင်ဗဟိုချက် ပေးမယ်လို ထင်နေတာလား"

"တော်စမ်းပါ"

All Chapters