အခန်း (၂၆)
Vol. 3 Ch. 26
ကျီချောင်ချင်သည် ချန်ကျင်းကျီ တီထွင်လိုက်သော အခေါ်အဝေါ်များကြောင့် အလွန်ရှက်သွားပြီး လဲကျလုမတတ် ဖြစ်သွားရသည်။
"မပေးချင်ရင် လည်းနေပါ၊ ဘာလို ငါ့ကို ရွံစရာကောင်းတာတွေ လာပြောနေတာလဲ"
ချန်ကျင်းကျီ၏ နှုတ်ခမ်းထောင့်စွန်းများ လှုပ်ခါသွားသည်။
"ကျီချောင်ချင်... ငါနင့်ကို အစီအရင်ဗဟိုချက်ပေးနိုင်တယ်၊ဒါပေမဲ့ နင် ကျီချန်သဲကို မသတ်ရဘူး၊သူ ထီးနန်းခိုင်မြဲအောင် နင် ကူညီပေးရမယ်"
ကျီချောင်ချင် အံ့အားသင့်သွားသည်။
"နင်က ဘာလို ငါ့ကို ပြန်ပေးချင်နေရတာလဲ"
"ဘယ်လိုပဲဖြစ်ဖြစ် ငါက မကြာခင် သေရတော့မှာလေ၊အကယ်၍ ငါသေသွားလို အစီအရင်ဗဟိုချက်ပါ ပျက်စီးသွားပြီး ချိပ်စည်း အားနည်းသွားရင် အရင်တုန်းက ငါတို ကြိုးစားခဲ့သမျှ အလကား ဖြစ်ကုန်မှာပေါ့"
ကျီချောင်ချင် "ငါ အစီအရင်ဗဟိုချက်ကို သုံးပြီး မိုက်မိုက်ကန်းကန်း တစ်ခုခု လုပ်မှာကို နင်မကြောက်ဘူးလား"
"မကြောက်ပါဘူး၊ အရင်တုန်းက ငါမုန်းတဲ့သူက လူကောင်းမဟုတ်ဘူးဆိုတာ အသေအချာ သိခဲ့သလိုမျိုးပေါ့၊ အခုလည်း ထျန်းရွှမ်ဂိုဏ်းကို နင်ဖောက်ခွဲပစ်လိုက်တာ အကြောင်းပြချက်ရှိမယ်ဆိုတာ ငါသေချာပေါက်သိနေတယ်၊အဲဒီနေ့က ထျန်းရွှမ်ဂိုဏ်းမှာ သေသွားတဲ့သူတွေ အကုန်လုံးက ကောက်ကျစ်စဉ်းလဲတဲ့သူတွေချည်းပဲ၊ နင်လုပ်တာ မှန်တယ်"
မည်သူကမျှ ချန်ကျင်းကျီကို မယုံကြည်ခဲ့ကြသဖြင့် သူမကသာ ကျီချောင်ချင်ကို ယုံကြည်ပေးရုံရှိတော့သည်။
ကံဆိုးစွာပင် ချန်ကျင်းကျီ၏ တွက်ဆမှု လွဲမှားသွားခဲ့ချေသည်။ ကျီချောင်ချင်သည် အစီအရင်ဗဟိုချက်ကို အသုံး ပြု၍ မကောင်းမှုများကို သေချာပေါက်ပြုလုပ်ပေလိမ့်မည်။
ကျီချောင်ချင်သည် အဆုံးတွင် စစ်မှန်သော အပြုံးတစ်ခုပြုံးလိုက်နိုင်သည်။ သူ ချန်ကျင်းကျီ၏ ခုတင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး မေးလိုက်သည်။
"ကောင်းပြီလေ၊ အရင်တုန်းက ငါတို ဘေးချင်းယှဉ် တိုက်ခိုက်ခဲ့ဖူးတာကို ထောက်ထားပြီး နင့်ကို ကူညီပေးပါ့မယ်၊ နင့်ကတိကိုတည်ဖိုပဲ ငါမျှော်လင့်တာ"
ချန်ကျင်းကျီသည် ခေါင်းအုံးအစွန်းဘက်သို လက်လှမ်းလိုက်ပြီး ခလုတ်တစ်ခုကို နှိပ်လိုက်သည်။
သိပ်မကြာခင်မှာပင် မိန်းမစိုးတစ်ယောက်သည် ခန်းမဆောင် အပြင်ဘက်မှ ဝင်ရောက်လာသည်။ သူမသည် ခန်းမထဲတွင် ကျီချောင်ချင်ကို မြင်လိုက်ရသော်လည်း အံ့အားသင့်ပုံမရဘဲ ချန်ကျင်းကျီအား ဖားယားခြင်းမရှိသလို၊ မောက်မာခြင်းလည်း မရှိသည့်ပုံစံဖြင့် နှုတ်ဆက်လိုက်သည်။
ချန်ကျင်းကျီ ချောင်းနှစ်ချက် ချောင်းဟန့်လိုက်ပြီး
"သွား... ဧကရာဇ်ကို ခေါ်ချေ"
မိန်းမစိုးသည် အပြစ်ပြောဖွယ်ရာမရှိသော အမူအရာဖြင့် ထွက်ခွာသွားသည်။ ခဏအကြာတွင် ကျီချန်သဲသည် အလျင်စလို ဝင်ရောက်လာသည်။ သူ့ မျက်နှာပေါ်တွင် ဖုံးကွယ်၍ မရနိုင်သော အပြုံးများဖြင့် ပြည့်နှက်နေပြီး ချန်ကျင်းကျီအား ရိုသေစွာဦးညွှတ်လိုက်သည်။
"ဆရာ"
ကျီချန်သဲ၏ စိတ်လှုပ်ရှားမှုနှင့် ယှဉ်လျှင် ချန်ကျင်းကျီမှာမူ အတော်ပင် အေးစက်နေသည်။
"ဒီနေ့ကစပြီး သူက..."
ကျီချောင်ချင်က ချန်ကျင်းကျီ စကားကို တည်ငြိမ်စွာ ဖြတ်ပြောလိုက်သည်။
"ငါ့နာမည်က ရှန်ယုပါ"
ချန်ကျင်းကျီက ဆက်ပြောသည်။
"ရှန်ယုက ငါ့နေရာကို ယာယီတာဝန်ယူပြီး တိုင်းပြည်ရေးရာ ကိစ္စအဝဝကို ကိုင်တွယ်ဖြေရှင်းရာမှာ နင့်ကို ကူညီပေးလိမ့်မယ်"
ထိုစကားကို ကြားသောအခါ ကျီချန်သဲသည် ချန်ကျင်းကျီအား လှမ်းကြည့်လိုက်သည်။ သူ့ အကြည့်သည် အလွန်ယဉ်ကျေးပြီး ထိန်းသိမ်းထားပုံရကာ သူမ၏ လက်များကိုသာ အာရုံစိုက်ထားလေသည်။ အလွန် ရိုသေလေးစားပုံရပြီး ကိုယ်ကျိုးအတ္တစိုးစဉ်းမျှမ ပါရှိဘဲ တာဝန်သိတတ်သော လူငယ်တစ်ယောက်က လေးစားရသော လူကြီးတစ်ဦးကို ကြည့်နေပုံရသည်။
သိုသော် ၎င်းအပြုံးမှာ အနည်းငယ် ယိုယွင်းသွားသည်။
"ဆရာ... တိုင်းပြည်ရေးရာ ကိစ္စတွေကို ဘယ်လိုလုပ်ပြီး..."
သိုသော် ချန်ကျင်းကျီသည် စိတ်မရှည်စွာဖြင့်
"ငါပြောရင် လက်ခံလိုက် သူ့အရည်အချင်းက ငါ့ထက်သာတယ်၊နင် ထီးနန်းခိုင်မြဲဖိုအတွက် သူက ငါ့ထက်ပိုပြီး ကောင်းကောင်း ကူညီပေးနိုင်မှာ သေချာတယ်"
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျီချန်သဲ မျက်ဝန်းများထဲတွင် မသိမသာ ရှုပ်ထွေးသော ခံစားချက်တစ်ခု ဖြတ်သန်းသွားသည်။
"ဆရာ... ကျွန်တော် အမြဲတမ်း ဆရာ့စကားကို
နားထောင်ပါ့မယ်"
ထိုနှစ်ယောက်ကြားမှ ထူးဆန်းသော အငွေ့အသက်၏ အကြောင်းရင်းကို ကျီချောင်ချင်မသိသလို ချန်ကျင်းကျီ ကလည်း မပြောချင်သဖြင့် သူမ မမေးမြန်းတော့ပေ။ သူမ၏ အကြည့်သည် မတော်တဆ ခေါက်ကန့်လန့်ကာ တစ်ခုပေါ်သို့ ကျရောက်သွားရာ ထိုနေရာတွင် လူငါးယောက်ကို ပုံဖော်ရေးဆွဲထားသည်ကို တွေ့လိုက်ရသည်။
ထိုထဲတွင် ချန်ကျင်းကျီက အလယ်တွင် ရပ်နေပြီး သူမ၏ ဘယ်ဘက်တွင် ဧကရာဇ်အငယ်စားလေး၊ ညာဘက်တွင် ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦးနှင့် သူတို့၏ ဘေးတစ်ဖက်စီတွင် အမျိုးသမီးနှစ်ဦးရှိနေကြသည်။ ထိုပုံရိပ်များသည် သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားပြီး ဓားရှည်များကို ကိုင်စွဲထားကြကာ သူတို့နာမည်များကို ဘေးတွင် ရေးထိုးထားသည်။ ၎င်းတို့သည် စစ်မြေပြင်တစ်ခုတွင် ရှိနေကြ ပုံရသည်။
ကျီချန်သဲသည် ချန်ကျင်းကျီနှင့် ခွဲခွာပြီးနောက် ကျီချောင် ချင်အား အပြင်ဘက်သို့ လမ်းပြခေါ်ဆောင်သွားသည်။
"အင်မော်တယ်သခင်မ... ခင်ဗျားရဲ့ ဝိညာဉ်စွမ်းအားက တကယ့်ကိုထူးကဲတာပဲ ခင်ဗျားရောက်လာတာနဲ့ ဆရာ့ကို နိုးထလာစေခဲ့တယ်၊ ကျွန်တော် တကယ်ပဲ ကျေးဇူးတင်ပါတယ်၊ကျွန်တော် သိချင်တာတစ်ခုက... သခင်မရဲ့ အရည်အချင်းနဲ့ ဆရာ့ကို ကုသပေးနိုင်မလား"
ကျီချန်သဲက လျင်မြန်စွာ ထပ်ပြောလိုက်သည်။
"ခင်ဗျားသာ ဆရာ့ကို ကုပေးနိုင်ရင် ကျွန်တော် ခင်ဗျားကို နတ်ဘုရားတစ်ပါးလို ကိုးကွယ်ပြီး ပြည်သူတွေကိုလည်း ရုပ်တုတွေ ထုပြီး ပူဇော်ခိုင်းပါ့မယ်၊ကျွန်တော် အသက်ရှင်နေသရွေ့ ခင်ဗျားရဲ့ဂုဏ်သတင်း ကျော်ဇောပြီး ကောင်းမှုကုသိုလ်တွေ အတိုင်းအဆမရှိရရှိနိုင်အောင် ဆောင်ရွက်ပေးပါ့မယ်"
ကျီချောင်ချင် မျက်လုံးကစားလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက သူ ကျန်းမာနေပါသေးတယ်၊ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေ ဖြစ်သွားရတာလဲ"
"ဟုတ်ပါတယ်၊ အရင်တုန်းက မဟာကျီနိုင်ငံမှာ နှစ်နဲ့ချီပြီး စစ်ဖြစ်နေခဲ့တာလေ၊ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ဝိညာဉ်စွမ်းအားကိုသုံးခဲ့တာက ဆရာသခင်ပါပဲ၊ အဲဒီ့အချိန်ကစပြီး ဆရာ့ကျန်းမာရေး ယိုယွင်းလာခဲ့တာပါ၊ သူ့ကို ကယ်တင်ဖို့ နည်းလမ်းရှိမလာ ? ဂိုဏ်းတွေထဲက အင်မော်တယ်တွေမှာ သေလူကို ရှင်အောင်လုပ်နိုင်တဲ့ စွမ်းအားရှိတယ်လို့ ကျွန်တော် ကြားဖူးတယ်၊ ကျွန်တော်တို့ မဟာကျီနိုင်ငံက အရင်းအမြစ်တွေ အကုန်လုံး သုံးပြီး ဆရာ့ကို ကယ်တင်ချင်ပါတယ်"
ဤစကားကို ကြားသောအခါ ကျီချောင်ချင် စကားမပြောနိုင်ဖြစ်သွားသည်။ ထိုစဉ်အချိန်အခါက သူမ၏ ကျင့်ကြံခြင်းအဆင့်သည် ချန်ကျင်းကျီထက် များစွာသာလွန်ခဲ့သလို ဒဏ်ရာအပြင်းထန်ဆုံး ရရှိခဲ့သူမှာလည်း သူမသာ ဖြစ်သည်။ပေတစ်ထောင်ခန့် မြင့်မားသော နတ်ဆိုး၊ သရဲ၊ တစ္ဆေမျိုးနွယ်များ၏ နတ်ဆိုးစွမ်းအင်သည် အလွန်အားကောင်းလှရာ ဂိုဏ်းသို့ ပြန်ရောက်ပြီး သိပ်မကြာမီတွင် ကျီချောင်ချင် သည် ကျင့်ကြံအားထုတ်ရန် တသီးတခြား နေထိုင်ခဲ့ရသည်။ချန်ကျင်းကျီ သည်လည်း သူမနှင့်အခြေအနေတူသော်ငြား ဝိညာဉ်စွမ်းအားကို ထပ်မံအသုံးပြုရဲလိမ့်မည်ဟု သူမ
မည်သည့်အခါမှမထင်မှတ်ထားခဲ့ချေ။
ဒါ သေလမ်းရှာနေတာပဲ...
ကျီချောင်ချင် မျက်နှာထားသည် မကောင်းတော့ချေ။သူမ ရိုက်လိုက်သော ရိုက်ချက်သည် သက်ညှာလွန်းသည်ဟုပင် ခံစားလိုက်ရသည်။
ထိုအချိန်တွင် မိန်းမစိုးတစ်ယောက်သည် အပြေးအလွှား ရောက်ရှိလာသည်။
"အရှင်မင်းကြီး... ကောင်းကင် အကျဉ်းထောင်ဖောက်ခွဲခံလိုက်ရပါပြီ!”
ကျီချန်သဲ မျက်မှောင်ကြုတ်လိုက်သည်။
"ဘာဖြစ်တာလဲ"
မိန်းမစိုးမျက်နှာထားမှာ ခါးသီးနေပုံဖြင့် "အစောင့်တွေ လျှောက်တင်တာက သူတို ရောက်သွားတော့ ကောင်းကင်အကျဉ်းထောင်က ပြာကျနေပါပြီတဲ့၊ အထဲက အကျဉ်းသားတွေ အကုန်လုံး သေကုန်ကြပြီ၊ အဲ့ဒီအထဲမှာ ပဉ္စမမင်းသားလည်းပါသွားတယ်... သူ့အလောင်းကိုတော့ ရှာမတွေ့သေးပါဘူး အရှင်"
သူ အဓိကပြောချင်သည်မှာ ပဉ္စမမင်းသားလည်း သေဆုံးသွားပြီဟူ၍ ဖြစ်သည်။ ထိုနောက် မိန်းမစိုးမှာ ဆက်လက်လျှောက်တင်လေသည်။
"အကျဉ်းထောင်ကို ဖောက်ခွဲလိုက်တဲ့သူက အမျိုးသားတစ်ယောက်ပါ၊ ဒါပေမဲ့ အမတ်ချုပ်က အဲ့ဒီနားမှာ ရှိနေတာနဲ့ ကြုံသွားပြီး အဲ့ဒီလူကို ခေါ်သွားလိုက်ပါတယ်"
ဒုက္ခပဲ! ရှန်ကျွင်းက အကျဉ်းထောင်ကို ဖောက်ခွဲတဲ့လူလို အထင်လွဲ ခံလိုက်ရပြီ...
ကျီချောင်ချင် ဟန်ဆောင်ကာ ခုခံပြောဆိုလိုက်သည်။