← Chapters

အခန်း (၂၇)

Vol. 3 Ch. 27

အခန်း (၂၇)

Vol. 3 Ch. 27

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊လူတစ်ယောက်တည်းနဲ့ အကျဉ်းထောင်တစ်ခုလုံးကို ဘယ်လိုလုပ် ဖောက်ခွဲပစ်နိုင်မှာလဲ၊အမတ်ချုပ်က ကြံရာပါ ဖြစ်နေတာများလား"

ကျီချန်သဲ ရုတ်တရက် ရယ်မောလိုက်သည်။ သူသည် ကျီချောင်ချင်အား ကြည့်လိုက်ရာ သူ့ မျက်ဝန်းများမှာ နူးညံ့နေသည်။

"မိန်းကလေးရှန်... နောက်မနေပါနဲ့ဗျာ၊ ကျွန်တော်တို စုံစမ်းစစ်ဆေးသင့်တယ်"

မိန်းမစိုးသည် အမိန့်နာခံ၍ထွက်ခွာသွားပြီးနောက် ကျီချန်သဲက ကျီချောင်ချင်အား လှမ်းပြောလိုက်သည်။

"မိန်းကလေးရှန်...ကျွန်တော် နန်းတက်တာ သိပ်မကြာသေးဘူး၊ ဒီလိုကိစ္စမျိုး ဖြစ်လာခဲ့ပြီ၊ မသင့်တော်တဲ့ ဟာသတွေ မပြောပါနဲ့၊ အမတ်ချုပ်က အဲ့ဒီလူကို ခေါ်သွားတာဆိုတော့ ခဏနေကျင်းပမယ့် စားပွဲသောက်ပွဲ ရောက်မှပဲ ကျွန်တော် သူ့ကို မေးကြည့်လိုက်ပါ့မယ်"

သူက ဧကရာဇ်တစ်ပါးဖြစ်နေပြီးတော့ အကျဉ်းထောင် အဖောက်ခွဲခံရတာတောင် အမတ်ချုပ်ကို မေးမြန်းနေရသေးတယ်တဲ့လား? အမတ်ချုပ်က သံသယရှိသူကို ခေါ်သွားရဲပေမယ့် သူကတော့ မေးရုံပဲ မေးရဲတာလား? သူ့လေသံထဲမှာ သူမကို သတိပေးတာတောင် ပါနေသေးတယ်...၊ သူမ အခြေအနေကို နားမလည်ဘဲ မိုက်မိုက်ကန်းကန်း မလုပ်မိဖိုကို သတိပေးနေတာပဲ...

သူမ စိတ်ထဲမှ မနေနိုင်ဘဲ နှာခေါင်းရှု လိုက်မိသည်။ ဤဧကရာဇ်ပိစိသည် ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များသူဖြစ်သည်။ သူလိုချင်တာရရန် အပြစ်ကင်းစင်ယောင်ဆောင်နိုင်သူဖြစ်ရာ သူမ၏ မုန်းတီးမှုကိုပိုလိုပင် လောင်စာဖြည့်ပေးနေသလို ဖြစ်စေသည်။

"ဒါက ဖြစ်သင့်ပါတယ်" ကျီချောင်ချင် ပြောလိုက်သည်။

"အရှင်မင်းကြီး စိတ်ချပါ...ကျွန်မက နိုင်ငံအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့အတွက် အရှင်မင်းကြီးကို စိတ်ရင်းနဲ့ ထောက်ပံ့ပေးမှာပါ၊ အရှင်မင်းကြီး ခက်ခဲအောင် မလုပ်ပါဘူး"

သူတိုနှစ်ယောက်သည် ယဉ်ကျေးစွာ စကားဖလှယ်လျက် စားပွဲသောက်ပွဲ ကျင်းပရာ ပင်မနန်းဆောင်သို ရောက်ရှိလာကြသည်။ ကျီချောင်ချင် လှည့်ပတ်ကြည့်ရှုလိုက်ရာ ယနေ့ပွဲသည် မိသားစုတွေ့ဆုံပွဲဖြစ်ပုံ ရသည်ကို သတိပြုမိလိုက်သည်။ မူးမတ်များသည် တရားဝင် ဝတ်စုံဝတ်ဆင်မထားကြဘဲ အများစုမှာ ၎င်းတိုဆွေမျိုးသားချင်းများကိုပါ ခေါ်ဆောင်လာခဲ့ကြသည်။

ကျီချန်သဲသည် မြင့်မားသော ရာဇပလ္လင်ပေါ်တွင် တုံဆိုင်း ခြင်းမရှိဘဲ ဝင်ထိုင်လိုက်သည်။ ကျီချောင်ချင်သည် ကျီချန်သဲ နောက်မှ လိုက်ပါလာပြီး သူထိုင်လိုက်သည်ကို မြင်သောအခါ သူနှင့် အနီးဆုံးထိုင်ခုံ (ယခင် အမတ်ချုပ်ထိုင်လေ့ရှိသော နေရာ) တွင် ဝင်ထိုင်လိုက်သည်။

ကျီချောင်ချင် အပြုအမူကို သတိပြုမိလိုက်သောအခါ ကျီချန်သဲသည် မျက်လွှာချ၍ လက်ဖက်ရည်ကြမ်းကို ငုံသောက်လိုက်သည်။

"အမတ်မင်းတို...ဒီနေ့က မိသားစု စားပွဲသောက်ပွဲပါ၊ အခမ်းအနားတွေ လုပ်နေစရာမလိုပါဘူး၊ အမတ်ချုပ် မရောက်သေးရင်လည်း ဆက်မစောင့်ကြပါနဲ့တော့"

ထိုသိုပြောလိုက်ပြီးနောက် အောက်ဘက်မှ လူတစ်ယောက်သည် ရုတ်တရက် ဒေါသတကြီး အော်ပြောလိုက်သည်။

"အရှင်မင်းကြီး... ဒီလူက ဘယ်သူမိုလို အမတ်ချုပ်ရဲ့နေရာမှာ ဝင်ထိုင်ရဲရတာလဲ"

အမတ်များစွာ၏ မျက်နှာပေါ်တွင် ဒေါသများ ပေါ်လွင်လာကြသည်။ကျီချန်သဲက ရှင်းပြလိုက်သည်။

"ဒါက ဆရာသခင်ကိုယ်တိုင် ရွေးချယ်လိုက်တဲ့သူပဲ၊ ဒီနေ့ကစပြီး သူက ဆရာ့ရဲ့ရာထူးနေရာကို ယာယီတာဝန်ယူပါလိမ့်မယ်"

ထိုအမတ်က ပြန်လည်လျှောက်တင်လိုက်သည်။

"နိုင်ငံအကြံပေးပုဂ္ဂိုလ်က နေမကောင်းဖြစ်နေတာပါ၊ သူ စိတ်တွေရှုပ်ထွေးနေတာ ပုံမှန်ပါပဲ၊ မိန်းကလေးတစ်ယောက်ကို ဒီလိုရာထူးကြီး ယာယီပေးတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊အရှင်မင်းကြီး အလိမ်ခံရတာ မဖြစ်ပါစေနဲ့"

အမတ်များစွာလည်း ထောက်ခံလိုက်ကြသည်။ ကျီချောင် ချင်က ဝိုင်တစ်ခွက် ငှဲလိုက်ပြီး တည်ငြိမ်စွာ ဝင်ပြောလိုက်သည်။

"အရှင်မင်းကြီး ပြောနေတာကို ရှင်တို နားမလည်ကြဘူးလား၊ ကျွန်မမှာ အရည်အချင်းရှိလို ရာထူးကို ယာယီယူထားတာလေ"

ကျီချောင်ချင်သည် ထိုလူများ၏မျက်နှာများကို မှတ်သားထားလိုက်ပြီး ဆက်လက်ပြောကြားလိုက်သည်။

"ပြီးတော့ ဒီနေ့က မိသားစုစားပွဲသောက်ပွဲလေ၊ နန်းဆောင် ကြီးထဲမှာ အရှင်မင်းကြီးနဲ့ ရန်ဖြစ်ချင်နေတာက ဘာသဘောလဲ? အရှင်မင်းကြီး စိတ်မချမ်းသာအောင် တမင်သက်သက် လုပ်နေကြတာလား"

ထိုစကားကို ကြားသောအခါ အမတ်များ၏မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ကျီချန်သဲသည် ဧကရာဇ်အသစ်ဖြစ်သည့်အပြင် ခြေလှမ်းတိုင်းတွင် အမတ်ချုပ်၏ ထိန်းချုပ်မှုကို ခံနေရသော်လည်း ၎င်းတို့ ဆန့်ကျင်နိုင်သူ မဟုတ်ချေ။

"ယဉ်ကျေးမှုမရှိဘဲ ဘယ်သူတွေကများ ဒီမှာ ဆူညံပွက်လောရိုက်နေကြတာလဲ ကြည့်ရအောင်..."

ထိုအချိန်တွင် လူအနည်းငယ်သည် ပင်မနန်းဆောင်ထဲသို့ ဝင်ရောက်လာကြသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ပန်းကွက်ပါသော အနီရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ခေါက်ယပ်တောင်ကို ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့ မျက်ဝန်းများတွင် မွန်မြတ်သန့်စင်သော အငွေ့အသက်များ ယိုဖိတ်နေသည်။

သူနှင့် ယှဉ်တွဲလျောက်လာသူမှာ မကြာသေးမီက အကျဉ်း ထောင်ကို ဖောက်ခွဲသည်ဟု မှားယွင်း စွပ်စွဲခံထားရသော ရှန်ကျွင်းဖြစ်သည်။ သူသည် မတ်မတ်ရပ်နေလျက် အေးစက် တည်ငြိမ်သောအမူအရာဖြင့် ရှိနေလေသည်။

ရှန်ကျွင်း ရောက်ရှိလာသောအခါ ခန်းမဆောင်ထဲရှိ လူတိုင်းသည် သူ့ထံသို့ အာရုံမစိုက်ဘဲ မနေနိုင် ဖြစ်သွားကြသည်။

အမတ်ချုပ်သည် ယပ်တောင်ကို ပိတ်လိုက်ပြီး ကျီချန်သဲ အား ဦးညွှတ်လိုက်သည်။

"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ၊ အရှင်မင်း ကြီးဘေးမှာ အလှလေးတစ်ယောက် ရုတ်တရက်ရောက်နေတယ်လို့ ကြားမိပါတယ်၊ ဒီနေ့ မြင်လိုက်ရတော့မှ မျက်နှာဖုံး စွပ်ထားပေမဲ့ မျက်လုံးတွေက တောက်ပနေပြီး တကယ့်အလှလေးဖြစ်နေမှန်း သိလိုက်ရတာပါ"

ကျီချောင်ချင်သည် နောက်သို့မှီလိုက်ပြီး မေးစေ့ကို လက်ဖြင့်ထောက်ကာ တုံ့ပြန်လိုက်သည်။

"ကျွန်မက ဘယ်မှာလှလို့လဲ? ရှင်နဲ့အတူ ပါလာတဲ့သူကမှ တကယ့်ကိုလက်လှမ်းမမီနိုင်တဲ့ အလှပိုင်ရှင်ပါရှင်"

ရုတ်တရက် ဆိုသလိုပင် လူတိုင်း၏အာရုံသည် ရှန်ကျွင်းထံသို ပြန်လည်ရောက်ရှိသွားကြလေသည်။

ရှန်ကျွင်း၏ ပုံစံမှာ အလွန်အေးစက်နေပြီး သူ့ ရာထူးအဆင့်အတန်းကို ထုတ်မပြောသလို ကျီချန်သဲကိုလည်း ဦးညွှတ် အရိုအသေမပြုခဲ့ချေ။ ၎င်း မျက်နှာထားသည် ယခုထိတိုင် ပြောင်းလဲခြင်းမရှိပေ။

ကျီချောင်ချင် အလွန် စူးစမ်းချင်စွာဖြင့်

"ဒီနာရီပိုင်းလေးအတွင်းမှာ ရှန်ကျွင်းက ဘယ်လိုလုပ်ပြီး ကုဖေးရန်နဲ့ အတူရှိနေရတာလဲ"

သူမ ထိုသိုတွေးတောနေစဉ်မှာပင် ရှန်ကျွင်း အကြည့်က သူမအပေါ်သို ရုတ်တရက်ကျရောက်လာပြီး သူ့ မျက်ဝန်းများ သည် ပုံမှန်မဟုတ်ဘဲ အေးစက်နေလေသည်။

ကျီချောင်ချင် "..."

ယခုအခြေအနေ ကြောင့်သာမဟုတ်ပါက ရှန်ကျွင်းက သူမအားလာဖမ်းတော့မည်ဟု ကျီချောင်ချင် ခံစားလိုက်ရသည်။

ကုဖေးရန် စကားစလိုက်သည်။

"အလှလေး... ကိုယ်က မင်းနဲ့ စကားပြောနေတာလေ... မင်းက ဘာလို သူ့အကြောင်းပဲ ပြောနေရတာလဲ၊ မင်း သူ့ကို ကြိုက်နေတာများလား"

သူ့ လေသံသည် ပေါ့ပျက်ပျက်နိုင်လွန်းလှသည်။ ကျီချောင်ချင်အား ကစားစရာအရုပ်တစ်ခုသဖွယ် ဆက်ဆံနေခြင်း ဖြစ်သည်။

ကျီချောင်ချင် ရယ်မောလိုက်သည်။

"အမတ်ချုပ်ကု... တစ်ခါတလေကျရင် ရှင်က တကယ် ရယ်စရာကောင်းတယ်လို ကျွန်မ ထင်မိတယ်၊ စကားနည်းနည်းပြောလိုက်တာနဲ့ ကျွန်မ ရှင့်ကိုကြိုက်တယ်လို ထင်သွားတာလား၊ ဒါပေမဲ့ ရှင် ခန်းမထဲဝင်လာကတည်းက ကျွန်မအကြောင်းပဲ ပြောနေတာလေ၊ ဒါဆို ရှင်ကရော ကျွန်မကို ကြိုက်နေတာလား? စိတ်မကောင်းစရာပဲ... ယပ်တောင်တောင် သေချာမကိုင်တတ်တဲ့ ငတုံးတွေကို ကျွန်မက မကြိုက်ဘူး"

ကျီချန်သဲသည် သူ့ လက်မှ ကျောက်စိမ်းလက်စွပ်ကို ပွတ်သပ်လိုက်ပြီး ယဉ်ကျေးစွာ ၀င်ပြောလိုက်သည်။

"အမတ်ချုပ်... မိန်းကလေးရှန်က မိန်းမငယ်လေးတစ်ယောက်ပါ...သူ့ကို စိတ်မသက်မသာ ဖြစ်အောင်မလုပ်ပါနဲ့၊ကျေးဇူးပြုပြီး ထိုင်ပါဦး"

ကျီချန်သဲသည် ကျီချောင်ချင်ကို ကာကွယ်ပေးနေခြင်းဖြစ်သည်။ ကုဖေးရန်အကြည့်က ကျီချောင်ချင်ထံသို ကျရောက်သွားပြီး ပြုံးလိုက်၏။

All Chapters