← Chapters

အခန်း (၂၈)

Vol. 3 Ch. 28

အခန်း (၂၈)

Vol. 3 Ch. 28

"အရှင်မင်းကြီးပြောတာ မှန်ပါတယ်၊ ဒီနေ့က မိသားစုစားပွဲသောက်ပွဲဆိုတော့ ကျွန်တော်တို သဘောရှိသလိုလုပ်ကြတာပေါ့"

သူ စကားပြောနေစဉ်မှာပင် နန်းတွင်းအစေခံများသည် သူ့အနောက်မှ ဝင်ရောက်လာကြပြီး စန္ဒကူးသားစားပွဲတစ်လုံးနှင့် ထိုင်ခုံနှစ်လုံးကို သယ်ဆောင်လာကာ ကျီချန်သဲ၏ တစ်ဖက်ခြမ်းတွင် ဝင်ရောက် နေရာယူလိုက်ကြသည်။

ကုဖေးရန်သည် လှေကားထစ်များအတိုင်း တည်ငြိမ်အေး ဆေးစွာ တက်လှမ်းသွားလိုက်သည်။ သူသည် နန်းတွင်းစည်းမျဉ်းများကို ဂရုမစိုက်ဘဲ မောက်မာဝင့်ကြွားနေလေသည်။ ကျီချန်သဲနှင့် ယှဉ်လျှင် ကုဖေးရန်၏ အပြုအမူမှာ ဧကရာဇ်တစ်ပါးနှင့် ပိုတူနေသည်။

သူ ထိုင်လိုက်ပြီးနောက်တွင် အမတ်တစ်ဦး ရှေ့ထွက်လာသည်။

"အမတ်ချုပ်ကု၊ အရှင်မင်းကြီး... မနေ့က ကျွန်တော်မျိုး မတော်တဆနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကျားတစ်ကောင်ကို ရရှိခဲ့ပါတယ်၊ အဲ့ကျားက အကောင်အရမ်းကြီးပြီး ဟိန်းလိုက်ရင် မိုင်ပေါင်းများစွာအထိ ကြားရပါတယ်၊အရှင်မင်းကြီး ကျားတွေကို ကြိုက်တယ်လို ကြားမိတာနဲ့

ကျွန်တော်မျိုး ဒီကို ယူလာခဲ့လိုက်တာပါ၊ အခု နန်းတော်အပြင်ဘက်မှာ အသင့်ရှိနေပါတယ်"

"သြော်... ဒါဆိုရင် အထဲသွင်းလာပြီး လူတိုင်းမြင်အောင် ပြလိုက်ပါဦး" ကျီချန်သဲ ပြောလိုက်သည်။

"အမတ်ချုပ်... ခင်ဗျားက ကျားတွေကို လေ့ကျင့်ပေးရတာ သဘောကျတယ်မလား၊ ဒီနေ့ စမ်းကြည့်လိုရတာပေါ့"

ကုဖေးရန်က "အရှင်မင်းကြီးက နောက်နေပါပြီ၊ ဒါနဲ့ စကားမစပ်...ကျွန်တော် ရုတ်တရက် ကိစ္စတစ်ခု သတိရသွားလို၊ ဒီနေ့ ကောင်းကင်အကျဉ်းထောင် နားကဖြတ်သွားတော့ အဲဒီ့နေရာတစ်ခုလုံး မြေလှန်ခံထားရတာ တွေ့လိုက်တယ်၊ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ ညီလေးရှန်ကျွင်းတောင် သေလုနီးပါးဖြစ်ခဲ့ရတာ၊ ဒါပေမဲ့ လူသတ်သမားက ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားပြီး အစောင့်တွေက ဘယ်နေရာမှာမှ ရှာမတွေ့သလို သဲလွန်စလည်း မကျန်ခဲ့ဘူး၊

ခုနလေးတင် ကျွန်တော် နန်းတော်အပြင်ဘက်မှာ ကြားလိုက်တာက အလှလေး... မင်းက တိုင်းပြည်အကြံပေးပုဂ္ဂိုလ်ရဲ့ ရာထူးကို ယာယီတာဝန်ယူထားတယ်ဆို၊ တစ်ချက်လောက် နိမိတ်ဖတ်ကြည့်ပါလား? ဘယ်လိုလဲ"

ရှန်ကျွင်း မျက်လုံးဖွင့်၍ ကျီချောင်ချင်ကို ကြည့်လိုက်သည်။

နတ်ဆိုးစစ်ပွဲအတွင်းတွင် ကျီချောင်ချင်သည် ဂိုဏ်းပေါင်းစုံမှ သိုင်းပညာရပ်များစွာကို ခိုးယူလေ့လာခဲ့သော်လည်း ဗေဒင်ပညာတွင်မူ သိပ်မကျွမ်းကျင်လှပေ။

"ဗေဒင်ပညာဆိုတာက ဆန်းကြယ်ပြီး အချိန်ကုန်တယ် ဒါပေမဲ့ ကျွန်မ ခန့်မှန်းကြည့်ပါ့မယ်... ကောင်းကင်အကျဉ်း ထောင် မြေလှန်ခံလိုက်ရတာက မဖမ်းသင့်တဲ့လူကို ဖမ်းထားမိလို ကောင်းကင်ဘုံ ဒဏ်ခတ်လိုက်တာပဲဖြစ်မယ်"

အမတ်တစ်ဦးကမူ လှောင်ပြောင်လိုက်သည်။

"သိပ်ရယ်ရတာပဲ! မိန်းကလေးရှန်ရဲ့ အကြောင်းပြချက်က ယုတ္တိမရှိလိုက်တာ၊ ကောင်းကင်ဘုံက ဒဏ်ခတ်တာထက်စာရင် မင်းရောက်လာလို ဘေးအန္တရာယ်ကျရောက်လာတယ်လို ပြောတာက ပိုမှန်လိမ့်မယ်"

ကျီချောင်ချင် ထိုစကားကို မနှစ်သက်ပေ။

"ကျွန်မကြောင့် ဘေးအန္တရာယ် ကျရောက်လာတယ် ဟုတ်လား? ဒါက အခြေအမြစ်မရှိဆုံးပဲ၊ ရှင် ပါးစပ်ရှိတိုင်း ကောလာဟလတွေဖြန့်ပြီး ကျွန်မကို အပုပ်ချလို့မရဘူးလေ၊ရယ်စရာ ကောင်းလွန်းမနေဘူးလား? ဒီအတိုင်းသာဆိုရင် အမတ်ချုပ်ကု ရောက်လေရာ နေရာတိုင်းမှာ ဘေးအန္တရာယ်ကျရောက်တတ်တယ်လို့ ကျွန်မ ပြောလို့ရလား"

ထိုအမတ်၏ မျက်လုံးများ ချက်ချင်းပြူးကျယ်သွားရသည်။

"မင်း!"

သူမပြောသော စကားလုံးများမှာ ရိုင်းစိုင်းလှသော်လည်း ထိုလူ ပြန်မပြောနိုင်ခဲ့ချေ။

ကျီချန်သဲသည် မသိမသာ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားသည်။

ကုဖေးရန်သည် ယပ်ခတ်နေလျက် သူ့ရှေ့မှ အလှလေးသည် ပိုစိတ်ဝင်စားစရာကောင်းလာသည်ကို တွေ့လိုက်ရသည်။

"အလှလေး... မင်းမှားနေပြီ၊ ဒုအမတ်က မေးခွန်းထုတ်ရုံသက်သက်ပါပဲ၊ တိုင်းပြည်အကြံပေးပုဂ္ဂိုလ် ရာထူးကို ယာယီယူထားတဲ့သူအနေနဲ့ မေးခွန်းထုတ်ခံရဖို့ ပြင်ဆင်ထားသင့်တာပေါ့"

ထိုအချိန်မှာပင် အပြင်ဘက်မှ ဟိန်းသံတစ်ခု ပေါ်ထွက်လာပြီးနောက်တွင် နှစ်ကျန်းခန့်ရှိသော ကျားတစ်ကောင်ကို လှောင်အိမ်ဖြင့် သယ်ဆောင်ဝင်ရောက်လာကြသည်။ ထိုကျားသည် ရက်စက်ကြမ်းကြုတ်ပုံရပြီး မျက်လုံးများမှာ စူးရှကာ ရန်လိုသောအငွေ့အသက်များ လွှမ်းမိုးထားလေသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် လူသွေးသောက်ထားသော နတ်ဆိုး သားရဲတစ်ကောင်ဖြစ်ကြောင်း ကျီချောင်ချင် သိလိုက်သည်။

နတ်ဆိုးသားရဲတစ်ကောင်သည် လူသွေးသောက်ပြီးသွားပါက ယဉ်ပါးအောင်လုပ်ရန် မဖြစ်နိုင်သလောက်ရှိပြီး အလွန် အရိုင်းဆန်သွားတတ်သည်။ သာမန်သံဖြင့် ပြုလုပ်ထားသော သံလှောင်အိမ်ကိုကြည့်ပြီး ကျီချောင်ချင် မတ်တတ်မရပ်ဘဲ မနေလိုက်နိုင်ချေ။

ဤနေရာတွင် သာမန်လူသားများ များပြားလွန်းပြီး ညစ်ညမ်းမှုများလွန်းသည်။ နတ်ဆိုးသားရဲတစ်ကောင် ထိုနေရာသို့ ဝင်ရောက်လာခြင်းသည် ဆာလောင်နေသော ပြိတ္တာ တစ်ကောင်မှာ မီးဖိုချောင်ထဲဝင်လာသည်နှင့် တူနေသည်။ ၎င်း ရက်စက်ကြမ်းကြုတ်မှုကို မထုတ်ဖော်မှသာ ထူးဆန်းပေလိမ့်မည်။

ကျီချောင်ချင် မတ်တတ်ရပ်လိုက်သည်ကို မြင်သောအခါ အမတ် မျက်နှာတွင် အထင်သေးသည့်အမူအရာ ပေါ်လာသည်။

"ဒါက အရှင်မင်းကြီးကို ကျွန်တော်မျိုး ဆက်သတဲ့ကျားပါ၊ကျွန်တော့်ရဲ့ အကြံပေးပုဂ္ဂိုလ်က ဒီကောင်ကိုဖမ်းဖို့ ရှစ်ရက်လောက်ကြာခဲ့ရပြီး အိမ်တော်မှာ တစ်လလောက် ယဉ်ပါးအောင်သင်ပေးပြီးမှ အမတ်ချုပ်နဲ့ အရှင်မင်းကြီးဆီ ဆက်သတာပါ၊ မိန်းကလေးရှန်...ခင်ဗျားက မိန်းကလေးဆိုတော့ ကြောက်တာ ပုံမှန်ပါပဲ၊ လောကအကြောင်း သိပ်မသိသေးတာကိုး၊ ကျွန်တော်တို့နဲ့ ယှဉ်ရင်တော့... အား!"

အမတ် စကားမဆုံးခင်မှာပင် သူ့ ခန္ဓာကိုယ်သည် သားရဲ၏ လက်သည်းချက်အောက်တွင် ကြေမွသွားလေတော့သည်။ ချက်ချင်းဆိုသလိုပင် သားရဲသည် ကောင်းကင်သို့မော့၍ ဟိန်းဟောက်လိုက်သည်။ လှောင်အိမ်များမှာ ကွဲကြေသွားပြီး သားရဲ၏ဟိန်းဟောက်သံထဲ နတ်ဆိုးစွမ်းအားများ

စီးဆင်းနေသည်။ ဤသားရဲသည် အခြေခံအုတ်မြစ်တည် ဆောက်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်လောက်သည်။

သားရဲသည် အမတ်ခန္ဓာကိုယ်ကို ရက်ရက်စက်စက် ဝါးမျိုလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မိန်းမစိုး တစ်ယောက်ကိုလည်း တစ်ကိုယ်လုံး မျိုချလိုက်လေသည်။

တစ်ခဏအတွင်းမှာပင် မူးမတ်များနှင့် အမျိုးသမီးများ အားလုံး အော်ဟစ်ထွက်ပြေးကြတော့သည်။ နန်းတွင်းရဲမတ်များ မရောက်လာသေးမီမှာပင် အခြေအနေမှာ လုံးဝပရမ်းပတာဖြစ်လို့နေသည်။

ကျီချောင်ချင်သည် ကုဖေးရန်ဘေးသို့ အပြေးရောက်သွားပြီး ရှန်ကျွင်းကမူ ရေခဲချိုးဖြတ်ဓားကိုမထုတ်မီ သူမသည် ရှန်ကျွင်းလက်ကို ဖမ်းဆွဲ၍ ဓားမထုတ်နိုင်ရန် တားဆီးလိုက်သည်။ တစ်ချိန်တည်းမှာပင် ကျီချောင်ချင်သည် ကုဖေးရန် ယပ်တောင်ကို ဆွဲယူလိုက်လေသည်။ သူတို့နှစ်ယောက်သည် အလွန်နီးကပ်နေကြသည်။ ရှန်ကျွင်းသည် သင်းပျံ့သော ရနံ့တစ်ခုကိုရလိုက်သဖြင့် မော့ကြည့်လိုက်ရာ မမျှော်လင့်ဘဲ ဆွဲဆောင်မှုရှိသော မျက်ဝန်းတစ်စုံနှင့်ဆုံတွေ့သွားသည်။

သူမ မျက်ဝန်းများသည် နွေဦးရေကန်ပမာ တောက်ပနေသဖြင့် ရှန်ကျွင်းအသက်ရှူသံပင် အနည်းငယ် ရပ်တန့်သွားရသည်။

ကျီချောင်ချင် "ရှန်ကျွင်း... ဘာမှမလုပ်နဲ့၊ ကျွန်မ ကစားပါရစေဦး"

ထိုသို့ ပြောပြီးနောက် ကျီချောင်ချင်သည် ကျီချန်သဲ ရှေ့တွင် ဝင်ရပ်ကာ သူ့ကို နောက်မှာကွယ်ထားလိုက်သည်။

စာပေပညာရှင်တစ်ဦး၏ မှင်စက်များ စွန်းထင်းနေသော ယပ်တောင်သည် ကျီချောင်ချင်လက်ထဲသို့ ရောက်ရှိသွားသည်။ သူမ၏ ရင်သပ်ရှုမောဖွယ်လှပသော မျက်ဝန်းများနှင့် တွဲဖက်လိုက်သောအခါ ယပ်တောင်၏မူလ နူးညံ့သိမ်မွေ့သော အဓိပ္ပာယ်သည် ရုတ်တရက်ပြောင်းလဲသွားပြီး ကျက်သရေရှိမှုနှင့် အဆုံးမဲ့ခမ်းနားမှုတို့ကို ထုတ်ဖော်ပြသနေလေသည်။

ရှန်ကျွင်းကို ကျောခိုင်းထားသဖြင့် ကျီချောင်ချင်၏ အမူအရာသည် ကျော့ရှင်း‌နေကြောင်း ရှန်ကျွင်း ရုတ်တရက် သတိပြုမိလိုက်သည်။ ဤအချိန်တွင် သူမ ကျောပြင်သည် သွယ်လျနေသော်လည်း ကျောရိုးမှာမူ အလွန်ဖြောင့်မတ်နေသည်။

သူမသည် ဝိညာဉ်စွမ်းအားကို မထုတ်ဖော်သလို မည်သည့် နတ်ဆိုး အငွေ့အသက်ကိုမျှလည်း ထုတ်လွှတ်ခြင်းမရှိပေ။ ရန်သူနှင့် ရင်ဆိုင်ရသည့် စိတ်လှုပ်ရှားမှုသာ ကျန်ရှိနေသည်။ သူမ တစ်ဦးတည်း ယပ်တောင်ကိုကိုင်ဆောင်လျက် စစ်သည်အင်အားတစ်ထောင်ကို ခုခံနိုင်စွမ်းရှိပုံရပြီး နေနှင့် လပမာ တောက်ပနေလေသည်။

ကျီချောင်ချင် ပြောသည်မှာ မှန်သည်။ သူမနှင့် ယှဉ်လိုက်လျှင် ကုဖေးရန်သည် ယပ်တောင်ကိုပင် ကောင်းကောင်းမကိုင်တတ်သော ငတုံးတစ်ယောက်သာဖြစ်သည်။

ကျီချောင်ချင်သည် မြေပြင်မှ လေပေါ်သို ခုန်တက်လိုက်ပြီး သူမ၏ ယပ်တောင်ဖြင့် ကျားမိစ္ဆာအားချိန်ရွယ်တိုက်ခိုက်လိုက်သည်။

အသိဉာဏ်ရှိစဖြစ်နေသော ကျားမိစ္ဆာသည် အခြေအနေမဟန်မှန်း သိလိုက်သဖြင့် ၎င်း တိုက်ခိုက်မှုကို ရုတ်သိမ်းကာ နောက်ဆုတ်လိုက်သည်။

"ဟာ... မိန်းကလေးရှန်... ကျားကို သွားမစနဲ့လေ"

"ရှန်ယွီ...မင်း သေချင်နေတာလား၊ ကျားကို သွားမစနဲ့၊ အရှင်မင်းမြတ် ထိခိုက်သွားရင် မင်း ဘယ်လိုတာဝန်ယူမလဲဆိုတာ ကြည့်ရသေးတာပေါ့"

ကျီချောင်ချင်သည် ခေါက်ယပ်တောင်ကို ကိုင်ကာ စင်မြင့်ထက်တွင် ရပ်တန့်လိုက်သည်ကို လူအများတွေ့လိုက်ရသည်။

သူမ လုပ်ရပ်က ကျားမိစ္ဆာအာရုံကို ဖမ်းစားနိုင်ခဲ့ပြီး ထိုသားရဲကြီးသည် သူမရှိရာသို တည့်တည့် တိုးဝင်လာလေတော့ သည်။ သူမ နောက်ဘက်တွင်မူ ဧကရာဇ် ကျီချန်သဲ ရှိနေသည်။

"ရှန်ယွီ... မင်း တော်တော်ရဲတင်းပါလား၊ ကောင်မစုတ်လေး...ကျားကို ဝေးရာဆီ မြန်မြန်မျှားခေါ်သွားစမ်း"

"အရှင်မင်းမြတ်ပြောတဲ့ ယာယီအကြံပေးဆိုတာ သူပေါ့လေ၊ရယ်ရလိုက်တာ တကယ့်ကို..."

သူတို စကားပင်မဆုံးလိုက်သေး ကျီချောင်ချင်သည် လေပေါ်သို ခုန်တက်ကာ သူမ ယပ်တောင်ဖြင့် ကျားမိစ္ဆာကို ထိုးနှက်လိုက်ပြန်သည်။

All Chapters