အခန်း (၃၂)
Vol. 4 Ch. 32
လေပြေတစ်ချက် တိုက်ခတ်သွားပြီး ကျီချောင်ချင်၏ နားထင်စပ်မှ ဆံနွယ်တစ်ချို့လည်း လှုပ်ခါသွားသည်။ သူမ၏ မျက်နှာမှာ ငြင်းပယ်လို့ မရလောက်အောင် လှပသော်လည်း တစ်ချိန်တည်းမှာပင် အလွန်တရာ ယုတ်မာကောက်ကျစ်ပုံပေါ်နေသည်။
ကျီချန်သဲ့သည် သူမကို ခေတ္တမျှ ကြည့်လိုက်ပြီး လေးစားစွာဖြင့် အကြည့်လွှဲလိုက်သည်။
"သဘောပေါက်ပါပြီ၊ ကျေးဇူးတင်ပါတယ် မိန်းကလေးရှန်"
ထို့နောက် သူသည် ကျီချောင်ချင်ကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ ပြိုင်ဘက်ကင်းသည့် အာဏာစွမ်းအား၏ရှေ့မှောက်တွင် ကျန်သည့်အရာများ အားလုံးမှာ အဓိပ္ပာယ်မရှိပေ။
ကျီချောင်ချင်က "အချိန်ကျလာလို့ မြို့တော်ထဲက အမတ် တစ်ယောက်ယောက်က ရှင့်စိတ်တိုင်းမကျ ဖြစ်လာရင် သတ်သာပစ်လိုက် သတ်ပြီးသွားရင် ထိန်းချုပ်မရတဲ့ မိစ္ဆာဝိညာဉ်အပေါ် လွှဲချလိုက်ပေါ့၊ လက်ရှိဧကရာဇ်က မိစ္ဆာဝိညာဉ်ကို ဖန်တီးလိုက်တယ်လို့ ဘယ်သူမှ သံသယဝင်မှာ မဟုတ်ဘူး၊ မြို့တော်တစ်ခုလုံး ထိတ်လန့်သွားရင် ပိုကောင်းတယ်၊
ကုဖေးရန်က မြို့တော်မှာ မရှိတော့ အရာအားလုံးက ရှင် ပြောတဲ့အတိုင်း ဖြစ်လာမှာပဲ"
"မှတ်ထားပါ... ဒီရက်ပိုင်း အမတ်ချုပ်အိမ်တော်ထဲမှာ ခြင်တစ်ကောင်ဝင်တာကအစ ရှင် သိနေရမယ်၊ ပြီးတော့ ကုဖေးရန် မြို့တော်ကို ပေးပို့တဲ့စာတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာလည်း သိရမယ်၊ ကျွန်မကို မဆွဲချမိစေနဲ့"
ကျီချောင်ချင် ပြောပြီး၍ ထွက်ခွာရန် ပြင်လိုက်စဉ် ထောင့်တစ်နေရာတွင် လူတစ်ယောက်ရှိနေသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။
"ဘယ်သူလဲ"
ကျီချန်သဲ့ အော်လိုက်သည်။
"အစောင့်တွေ... လုပ်ကြံသူရှိတယ်"
အစောင့်များ မရောက်လာမီ ထောင့်တစ်နေရာမှ မိန်းကလေးတစ်ဦး ထွက်ပေါ်လာသည်။
"ဝမ်းကွဲအကို... ညီမလေးပါ"
ထိုမိန်းကလေးမှာ ကောင်းကောင်းမွန်မွန် ဝတ်ဆင်ထားပြီး ချစ်စရာကောင်းသော မျက်နှာလေးရှိကာ အသက် ၁၆ နှစ်ထက် မပိုလောက်သေးပေ။
သူမသည် နှုတ်ခမ်းစူလျက် "ဝမ်းကွဲအကို... သူ့ကို ဘာတွေ ပြောနေတာလဲ၊ ဘာလို့ ရေကန်ဘေးမှာ နှစ်ယောက်တည်း ရှိနေတာလဲ၊ တစ်ယောက်ယောက် မြင်သွားပြီး အထင်လွဲကုန်ရင် ဘယ်လိုလုပ်မလဲ"
ကျီချောင်ချင်သည် ထွက်လာသူမှာ ဤမျှ ငယ်ရွယ်သော မိန်းကလေးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုမိန်းကလေးမှာ အတော်လေး ချစ်စရာကောင်းသည်ဟု တွေးမိကာ ခွင်းလွန်ဓားကို ပြန်သိမ်းလိုက်သည်။
"အရှင်မင်းမြတ်... ဒါဆို ကျွန်မကို သွားခွင့်ပြုပါဦး"
ကျီချောင်ချင် လှည့်ထွက်ရန် ပြင်လိုက်သည်။ သူမ စိတ်ကြည်နေသဖြင့် အိမ်ရှေ့စံ နန်းဆောင်သို့ပြန်တော့မည်အပြု နောက်မှ ထိုမိန်းကလေး၏ပြောစကားကို ကြားလိုက်ရသည်။
"အရှင်မင်းမြတ်... ဒီမိန်းမနဲ့ အရှင်မင်းမြတ်က ဘာပတ်သက်လို့လဲ၊ သူက ဘာလို့ မျက်နှာဖုံးတပ်ရဲရတာလဲ၊ ညီမလေးကို မြင်တာတောင် အရိုအသေပေးရကောင်းမှန်းမသိဘူး၊ နိမ့်ကျလိုက်တာ၊ သူကရော အကြံပေးလိုမြေခွေးမပဲလား"
ကျီချောင်ချင် ခြေလှမ်းရပ်တန့်သွားရသည်။
ထိုစကားကိုကြားလိုက်သည့် ခဏမှာပင် ကျီချန်သဲ့လည်း ဒေါသတကြီး အော်လိုက်သည်။
"လဲ့အာ... ပေါက်ကရတွေ မပြောနဲ့၊ ဒါက ယာယီ တိုင်းပြည်အကြံပေး တာဝန်ယူထားတဲ့ မိန်းကလေးရှန်ပဲ၊ သူက နန်းတွင်းအမတ်တစ်ယောက်ပဲ၊ သူ့ကို မဆင်မခြင် စော်ကားခွင့် မရှိဘူး"
ကျီချန်သဲ့သည် သူမအပေါ် အမြဲတစေ ကြင်နာနူးညံ့ခဲ့သော် လည်း ယခုကဲ့သို့ တင်းမာခက်ထန်သော ပုံစံကြောင့် ကုလဲ့အာလန့်သွားပြီး မျက်ရည်များ ဝဲလာသည်။
"ဝမ်းကွဲအကို... အစ်ကိုက... အစ်ကိုက အဲ့ဒီလို ကောင်မစုတ်အတွက်နဲ့ ညီမလေးကို အော်ရဲတယ်ပေါ့လေ... အား!"
ကျီချောင်ချင်သည် ကုလဲ့အာ၏ ပါးကို ရိုက်ချလိုက်သည်။
"တိုင်းပြည်အကြံပေးကို ဘယ်လိုခေါ်လိုက်တယ်?"
ကျီချောင်ချင် ရိုက်ချက်ကြောင့် ကုလဲ့အာ မြေပြင်ပေါ် လဲကျသွားသည်။ သူမ မော့ကြည့်လိုက်ရာ ကျီချောင်ချင် မျက်နှာ ထားမှာ တည်ငြိမ်နေသော်လည်း ညအမှောင်ထုထဲတွင် သူမအပေါ် တစ်စုံတစ်ခု ခြိမ်းခြောက်နေသည့်ပမာ ခံစားလိုက်ရသည်။ ကျီချောင်ချင်အား ကုလဲ့အာ ကြောက်ရွံသွားမိသည်။
သူမ ပါးစပ်ဟပြီး ပြောရန် ပြင်လိုက်စဉ် ကျီချန်သဲ့ ဖြတ်ပြောလိုက်သည်။
"မိန်းကလေးရှန်...ကုလဲ့အာက အမတ်ချုပ်ရဲ့ ညီမဝမ်းကွဲပါ၊ ကျွန်တော်နဲ့ လက်ထပ်ထားတာ မကြာသေးဘူး၊ နည်းနည်း
ဆိုးချင်နေတာပါ၊ စိတ်ထဲမထားပါနဲ့"
အနီးရှိ အကင်းပါးသော အစောင့်တစ်ဦးသည် ချက်ချင်းရှေ့တိုးလာပြီး ကုလဲ့အာ၏ပါးစပ်ကို ပိတ်လိုက်သည်။
ကျီချောင်ချင်သည် ကုလဲ့အာကို ကြောင်ငေးကြည့်နေမိသည်။ လူ့လောကနှင့် မတူဘဲ ကျင့်ကြံခြင်းလောကတွင် လောကီထုံးစံများ သိပ်မများလှသဖြင့် ကျီချောင်ချင်သည် ချက်ချင်း တုံ့ပြန်မှု မလုပ်မိခဲ့ပေ။ ထိုမိန်းကလေးပေါ်လာမှ ချန်ကျင်းကျီသည် တိုင်းပြည်အကြံပေး ပုဂွိုလ်တစ်ယောက်အနေဖြင့် အတွင်းနန်းဆောင်တွင် မနေသင့်ကြောင်း သဘော ပေါက်လိုက်သည်။ ချန်ကျင်းကျီသည် သူမကဲ့သို့ပင် နန်းတော်ပြင်ပတွင် နေထိုင်သင့်သည်။
အတွင်းဆောင်တွင် နေထိုင်သူများမှာ ဧကရာဇ်၏မိန်းမများသာ ဖြစ်သည်။ ကျီချောင်ချင် စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ချန်ကျင်းကျီက ထိုနှစ်များအတွင်း ၎င်းဘာတွေကြုံတွေ့ခဲ့ရသလဲဆိုတာ သူမကို အဘယ်ကြောင့် မပြောပြချင်ရသလဲဆိုတာ နားလည်သွားသလို ခံစားလိုက်ရသည်။
အစောက သူမ ချစ်စရာကောင်းသည်ဟု ထင်ခဲ့သောမိန်းကလေးသည် ရုတ်တရက် ချစ်ဖို့မကောင်းတော့ဘဲ မျက်စိစပါးမွှေးစူးစရာဖြစ်လာသည်။ သူမကို ဤကဲ့သို့ မျက်စိစပါးမွှေးစူးအောင် လုပ်ခဲ့သော နောက်ဆုံးအမျိုးသမီးမှာ လင်ရှန်းရှန်းဖြစ်သည်။
"သေချာကိုင်တွယ်လိုက်၊ ဘာသဲလွန်စမှ မကျန်စေနဲ့"
ထိုသို့ပြောပြီးနောက် ကျီချောင်ချင် ထွက်ခွာလာသည်။
ကျီချောင်ချင် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် အစောင့်သည် ကုလဲ့အာအား လွှတ်ပေးလိုက်သည်။
ကုလဲ့အာသည် ဒေါသတကြီး မတ်တတ်ရပ်လိုက်သည်။
"ကျီချန်သဲ့!ရှင် ကျွန်မကို ဒီလို ဆက်ဆံရဲတယ်ပေါ့ ဝမ်းကွဲအကိုဖေးရန်ကိုပြောပြီး ရှင် အပြစ်ပေးခံရအောင် လုပ်ပစ်မယ်!"
ညဉ့်သည် ပို၍နက်လာသည်။ ထိုနေရာမှာ အလွန်လူပြတ်ပြီး အလင်းရောင်လည်း မရှိသလောက်နည်းနေသည်။
ကျီချန်သဲ့သည် နူးညံ့နွေးထွေးသော အပြုံးတစ်ခုကို ထုတ်ပြလိုက်သည်။
"လဲ့အာ... မင်း ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ၊ ခုနက ဘာတွေကြားလိုက်သေးလဲ"
ကုလဲ့အာသည် အမှန်တွင် ဘာမှမကြားခဲ့ပေ။ သို့သော် သူမ အေးစက်စွာ နှာမှုတ်လိုက်ပြီး
"ကြားတာပေါ့၊ အကုန်ကြားတယ်! ရှင် နားထောင်! အဲ့ဒီမိန်းမ နန်းတော်ထဲ ဝင်လာတာကို ကျွန်မ လုံးဝခွင့်မပြုနိုင်ဘူး! သူ့မျက်လုံးတွေကို မုန်း...."
ကျီချန်သဲ့က ညင်သာစွာ ပြောလိုက်သည်။
"ကောင်းပြီလေ... ကောင်းပြီ... မင်း သူ့ကို မကြိုက်မှတော့ သေမင်းဆီသာ သွားလိုက်တော့၊ မင်းကို ဒီလောက်မြန်မြန် မသတ်ချင်ပေမဲ့ ကိုယ်တော့်မှာ အချိန်မရှိတော့ဘူး"
ထိုမိန်းမချောလေးမှာ စကားတစ်ခွန်းမျှ မပြောလိုက်နိုင်ပေ။ ကျီချန်သဲ့သည် လက်တစ်ဖက်တည်းဖြင့် သူမ၏ လည်ပင်းကိုချိုးလိုက်ပြီး အနီးနားရှိ ရေကန်ထဲသို့ တွန်းချလိုက်လေသည်။ သူ့လုပ်ရပ်မှာ ပေါ့ပါးလွန်းလှပြီး လူ့အသက်တစ်ချောင်း မဟုတ်ဘဲ အမှိုက်သရိုက်တစ်ခုကို ကိုင်တွယ်နေသည့်ပမာထင်ရသည်။
ငြိမ်သက်နေသော ရေကန်မျက်နှာပြင်သည် ဗွမ်းခနဲ အသံ မြည်သွားသော်လည်း မကြာမီတွင် ပြန်လည်ငြိမ်သက်သွားသည်။
ကျီချန်သဲ့က စိတ်ကြည်နေပုံရပြီး ရယ်မောလိုက်သည်။
"ကိုယ်လုပ်တော်လဲ့ နေမကောင်းဘူးဆိုတော့ ဒီရက်ပိုင်းလေထိမခံနဲ့လေ၊ ပြီးတော့ ဘယ်သူမှ သူ့ကို သွားမနှောင့်ယှက်စေနဲ့"
အစောင့်များက တီးတိုး ပြန်ဖြေလိုက်ကြသည်။
"အမိန့်တော်အတိုင်းပါ!"
နောက်တစ်နေ့တွင် လူအများမှာ မြင်းလှည်းအသီးသီးပေါ်သို တက်ကာ ကုကျိုးသို ဦးတည်ထွက်ခွာလာကြသည်။ မြင်းလှည်းသည် မြိုတော်လမ်းမများအတိုင်း ဖြတ်သန်းသွားနေစဉ် ကျီချောင်ချင်သည် လိုက်ကာကို ဖွင့်ကာ အပြင်ဘက်သို လှမ်းကြည့်လိုက်သည်။ ထိုအခါ သူမတို၏ မြင်းလှည်းတန်းအပြင်ဘက်တွင် စူးစမ်းလိုစိတ်ဖြင့် မော့ကြည့်နေကြသော လူပင်လယ်ကြီးကို တွေ့လိုက်ရသည်။ သူတိုအများစုမှာ ချမ်းသာကြွယ်ဝပုံရပြီးကောင်းမွန်သော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။
အဝေးတစ်နေရာရှိ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင် အဆောက်အအုံများသည် ခမ်းနားထည်ဝါပြီး ဈေးဆိုင်ခန်းများကိုလည်း သေသပ်စွာ စီီစဉ်ထားရှိသည်။ လမ်းမများမှာလည်း သန့်ရှင်းသပ်ရပ်နေသည်။ ဤမဟာကျီတိုင်းပြည်သည် စည်ပင်ဝပြောသော နယ်မြေတစ်ခု ဖြစ်သည်။
ကျီချောင်ချင်မှာ ထိုအချက်ကို သဘောပေါက်လိုက် လေသည်။ သူမ လိုက်ကာကို ပြန်ချလိုက်ရာ အနီးရှိစားပွဲပေါ်တွင် မုန့်များ၊ သစ်သီးခြောက်များနှင့် ပုံပြင်စာအုပ်များစွာရှိနေသည်ကို တွေ့လိုက်ရသည်။
ကျီချောင်ချင် သကြားလုံးတစ်လုံးကို ကောက်ယူစားလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။ မနေ့ညက နာကျင်မှုကြောင့် သူမ မေ့လဲသွားပြန်သဖြင့် ယနေ့တွင်ပိုလိုပင်ပန်းနွမ်းနယ်နေသလို ခံစားနေရသည်။ မနေ့က ကျားမိစ္ဆာကို သတ်ဖြတ်ရာတွင် အားကုန်ထုတ်ခဲ့ရသောကြောင့် ဖြစ်မည့်ပုံပင်။
ရှေ့ဆက်ရမည့် ခရီးလမ်းသည် ခက်ခဲကြမ်းတမ်းပေလိမ့် မည်။ အကယ်၍သာ သူမကိုယ်သူမ ကာကွယ်ရန် ကျင့်ကြံခြင်းသာမရှိပါက ရက်အနည်းငယ်အတွင်း ကုဖေးရန်၏ လူများလက်ချက်ဖြင့် အသတ်ခံရမည်ကို သူမ စိုးရိမ်မိသည်။
ကျီချောင်ချင်သည် မြိုစွန်သို ရောက်ခါနီးတွင်မြင်းလှည်း ပေါ်မှ ခုန်ဆင်းလိုက်ပြီး အနောက်ဘက်ရှိကုဖေးရန်၏ မြင်းလှည်းဆီသို ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ မြင်းလှည်းမရပ်မီမှာပင် လှစ်ခနဲ ခုန်တက်လိုက်သည်။
လှည်းထိန်းမှာ လန့်ဖျပ်သွားရပြီး ဘေးနားရှိအစောင့်မှာလည်း အချိန်မီ မတားဆီးနိုင်လိုက်ဘဲ ကျီချောင်ချင် မြင်းလှည်းထဲသို ဝင်သွားသည်ကို အကူအညီမဲ့စွာ ကြည့်နေလိုက်ရသည်။
ရှန်ကျွင်း မော့ကြည့်လိုက်ရာ အလင်းရောင်ကို ကျောခိုင်းလျက် ဝင်ရောက်လာသော ကျီချောင်ချင်ကို တွေ့လိုက်ရသည်။ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သူမသည် ကြည့်မိသူတိုင်းကို ဖမ်းစားနိုင်စွမ်းရှိသည်။
ယခုအခါ ကျီချောင်ချင်သည် သွားလာရအဆင်ပြေစေရန်အတွက် အမျိုးသားဝတ်စုံကို ဝတ်ဆင်ထားခြင်း ဖြစ်သည်။ သူမ၏မျက်နှာသည် မူလကတည်းက ထူးခြားစွာ လှပနေပြီးဖြစ်ရာ ယခုကဲ့သို အနီရောင် အမျိုးသားဝတ်စုံနှင့် ခေါက်ယပ်တောင်ကိုကိုင်ဆောင်ထားခြင်းမှာ သူမကို အမှန်တကယ်ပင်ပြိုင်ဘက်ကင်းဖြစ်သွားစေသည်။
ကုဖေးရန်၏ မျက်လုံးများ အရောင်တောက်သွားသည်။ ကျီချောင်ချင် ဝင်လာကတည်းက မြင်းလှည်းတစ်ခုလုံး ပိုမိုလင်းလက်သွားသကဲ့သို သူ ခံစားလိုက်ရသည်။
ကုဖေးရန် ပြုံးလိုက်ပြီး "မိန်းကလေးရှန်... ကျွန်တော်တိုနဲ့ စကားစမြည် ပြောချင်လိုလား"
အမတ်ချုပ်၏ မြင်းလှည်းမှာ ကြီးမားပြီး ဇိမ်ကျသည်ဟု ပြောရမည်။ စားပွဲပေါ်တွင် လက်ရာမြောက်သော မုန့်များရှိနေပြီး ဘေးတွင်လည်း လက်ဖက်ရည်ကောင်းများ တည်ခင်းထားသည်။
ကျီချောင်ချင်သည် အားနာမှုလုံးဝမရှိဘဲရှန်ကျွင်း၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး ကိုယ့်အိမ်ကိုယ့်ရာလို ပြုမူနေသည်။
"မဟုတ်ပါဘူး၊ ခရီးလမ်းက ပင်ပန်းပြီး ပျင်းစရာကောင်းလိုလေ၊ ရှေ့က မြင်းလှည်းတွေက သေးပြီးကျဉ်းကျပ်လွန်းတယ်၊ ကျွန်မက အဲ့ဒါမျိုးနဲ့ နေသားမကျဘူးလေ၊ ရှင်တိုမြင်းလှည်းကတော့နေလိုကောင်းသေးတယ်၊ ကျွန်မ ဒီဟာနဲ့ပဲ လိုက်ခဲ့မယ်နော်"
ရှန်ကျွင်းသည် ဖြောင့်မတ်ပြီး ကြင်နာတတ်သူဖြစ်သည်။ အကယ်၍ လုပ်ကြံသူများ တိုက်ခိုက်လာလျှင် ရှန်ကျွင်းရှိနေရုံနှင့်တင် ကျီချောင်ချင် စိတ်အေးရပြီး ကိုယ်တိုင်ဝင်ပါစရာ မလိုတော့ပေ။
သိုသော် သူမ စကားများက တကယ့်ကိုအရှက်မဲ့လွန်းလှသဖြင့် ရှန်ကျွင်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
"ကောင်းကောင်း ထိုင်ပါ"
ကျီချောင်ချင်၏ ထိုင်ပုံထိုင်နည်းမှာ ရွဲစောင်းစောင်းနှင့် ကြည့်ရဆိုးနေပြီး ရှန်ကျွင်း၏မတ်မတ်ထိုင်နေပုံနှင့် ယှဉ်လျှင် အတော်လေး အမြင်မတင့်တယ်ဖြစ်နေသည်။
ကျီချောင်ချင်ကတော့ ထိုသည်ကို ဂရုမစိုက်ပေ။
ကုဖေးရန်၏ ဇိမ်ခံထိုင်ခုံများမှာ အလွန်သက်သောင့်သက် သာ ရှိလှသဖြင့် ထိုင်ပြီးသည်နှင့် မလှုပ်ချင်တော့ပေ။
"နောက်ရက်တွေမှာသာ ရှင်ဒီလို မတ်မတ်ထိုင်နိုင်မယ်ဆိုရင် ကျွန်မ ရှင့်မျိုးရိုးကို ဆက်ခံလိုက်မယ်"
ရှန်ကျွင်း မျက်နှာ အေးစက်သွားသည်။
"ပေါက်ကရတွေ... အဓိပ္ပာယ်မရှိလိုက်တာ"
ကုဖေးရန်၏ မျက်လုံးများက သူတိုနှစ်ဦးကြားကူးလူးနေပြီးမှ ပြုံးလိုက်သည်။
"အစ်ကိုရှန်ရဲ့ တိတ်ဆိတ်ငြိမ်သက်တတ်တဲ့ သဘာဝက သူ့ပုံစံပဲလိုထင်နေတာ၊ မိန်းကလေးရှန်ရဲ့ ရှေ့ရောက်မှ
ဒီလောက် စကားများတတ်လိမ့်မယ်လို မထင်ထားဘူး"
ကျီချောင်ချင် "?"
သူမ ဝင်လာကတည်းက ရှန်ကျွင်း ပြောသည်မှာ စကား၁၅ လုံးတောင်မပြည့်သေးပေ။ ကုဖေးရန်က ဘယ်လိုမျက်နှာပြောင်ပြီး ဒီလိုပြောရဲရတာလဲ?
ရှန်ကျွင်းက မည်သည့်စကားမှပြန်မပြောသော်လည်း ကျီချောင်ချင်က နှာမှုတ်လျက်
"စကားများတဲ့ နေရာမှာ အမတ်ချုပ်ကို ဘယ်သူယှဉ်နိုင်မှာလဲ"