← Chapters

အခန်း (၃၃)

Vol. 4 Ch. 33

အခန်း (၃၃)

Vol. 4 Ch. 33

"ကျွန်တော်က စကားများရုံပါပဲ၊ စကားပိုပြောလိုက်လို့ ဘယ်သူမှ မထိခိုက်ပါဘူး၊ ဒါပေမဲ့ တချို့လူတွေကျတော့ မတူဘူးလေ၊ အကြင်နာဆုံးစကားတွေကို ပြောပြီးတော့ အဆိုးရွားဆုံး အလုပ်တွေကို လုပ်ကြတာ"

ကျီချောင်ချင်သည် သူ့စကားထဲတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်ကို အာရုံခံမိလိုက်သည်။

ကူဖေးရန်သည် သွယ်ဝိုက်မနေတော့ပဲ

"လက်ရှိဧကရာဇ်က ထီးနန်းကို ဘယ်လိုရခဲ့လဲဆိုတာ မိန်းကလေးရှန် မသိဘူးလား"

ကျီချောင်ချင်က "မသိဘူး၊ သိလည်း မသိချင်ဘူး"

ကုဖေးရန် နှုတ်ခမ်းပေါ်မှ အပြုံးများ ဖြည်းညှင်းစွာပျောက်ကွယ်သွားသည်။ အုပ်စိုးသူတိုင်းသည် အလွန်အမင်းရောင့် တက်သူများကို မကြိုက်ကြပေ။ သို့သော် ထူးခြားသော အရည်အချင်းရှိသူများကတော့ ခြွင်းချက်ဖြစ်သည်။ ကုဖေးရန်ကမူ အပြုံးဖြင့်ဆက်ပြောသည်။

"အဲ့အချိန်တုန်းက ကျီချန်သဲက အခုလို ဘုန်းတန်ခိုးကြီးဖို့ နေနေသာသာ သူ့အမေက နန်းတွင်းအပျိုတော်တစ်ယောက်ဖြစ်ပြီး ကျီချန်သဲဆိုတာ ဧကရာဇ်အိုကြီးရဲ့ တစ်ညတာ အမှားကြောင့် မွေးလာခဲ့တာလေ၊ ကံမကောင်းစွာနဲ့ သူ့အမေက အခွင့်အရေးကို အရမယူနိုင်ခဲ့ဘူး၊ ကိုယ်ဝန်ကြီးနဲ့ ရှိနေတုန်း အစောင့်တစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တယ်၊ ဧကရာဇ်အိုကြီး သိသွားတော့ သူတို့ အကျဉ်းထောင်ကို ပို့ခံလိုက်ရတယ်၊ကျီချန်သဲကို အကျဉ်းထောင်ထဲမှာ မွေးဖွားပြီး သူ့အမေက သေဆုံးသွားခဲ့ရတယ်၊ သူက ထောင်ထဲမှာ ၅ နှစ်ကြာအောင် တစ်ယောက်တည်း လှည့်လည်သွားလာရင်း အကျဉ်းသားတွေရဲ့ အနိုင်ကျင့်မှုမျိုးစုံ ကို ခံခဲ့ရတယ်၊ နာမည်မရှိတဲ့ ထောင်စောင့်တွေတောင် သူ့ကို ခြေထောက်နဲ့ နင်းချေနိုင်တယ်၊ သူက အသက်ရှင်ဖို့အတွက် မိန်းမစိုးတွေရဲ့သေးကိုတောင် သောက်ခဲ့ရပြီး ခွေးတွေနဲ့အပြိုင် အစာလုစားခဲ့ရတာ၊ သူက ဖုန်မှုန့်ထက်တောင် နိမ့်ကျတဲ့သူလေ၊ အဲ့လိုလူမျိုးက အသက်မရှည်နေသင့်ပေမယ့် သူရဲ့ ဘဝကိုရော၊ မဟာကျီမင်းဆက်ရဲ့ ထီးနန်းကိုပါ ပြောင်းလဲပေးမယ့်သူနဲ့ တွေ့ဆုံခဲ့ရတယ်၊ အဲ့လူက ချန်ကျင်းကျီပဲ"

ချန်ကျင်းကျီဆိုသည်မှာ ဖြူစင်ရိုးသားပြီး ပေါ့ပါးလွတ်လပ်သူဖြစ်သလို ချန်ချင်း ဂိုဏ်း၏အတောက်ပဆုံး နေတစ်စင်းဖြစ်သည်။ဂိုဏ်းမှထွက်ခွာလာပြီးနောက် သူမ၏ သူရဲ ကောင်းဆန်သောလုပ်ရပ်များကြောင့် ကောင်းကင်ဘုံအကျဉ်းထောင်တွင် အကျဉ်းချခံခဲ့ရသည်။ ထိုစဉ် ထောင်ထဲတွင် ခွေးစာစားနေသော ကလေးငယ်ကို ချန်ကျင်းကျီသတိထားမိခဲ့သည်။

ကျီချောင်ချင် နားထောင်နေရင်း အလိုအလျောက် လက်သီးကို ဆုပ်လိုက်မိသည်။ ဂိုဏ်းသားများအားသာမန်လူများအပေါ် ဝိညာဉ်စွမ်းအား မသုံးရန် တားမြစ်ထားသည်။ ချန်ကျင်းကျီသည် ထိုအချက်ကြောင့် ခုခံနိုင်စွမ်းမရှိဘဲ ကောင်းကင်ဘုံအကျဉ်းထောင်သို့ ပို့ဆောင်ခံလိုက်ရခြင်း ဖြစ်ပေမည်။ တုံးအလိုက်တာ...

ချန်ကျင်းကျီသည် ကျီချန်သဲကို ကယ်တင်ရန်အတွက် ကောင်းကင်ဘုံအကျဉ်းထောင်ကို ဖောက်ထွက်ပြီး ထိုကလေးကို မဟာကျီတိုင်းပြည်၏ဧကရာဇ်ထံ တိုက်ရိုက် သွားရောက်ပြီးပို့‌ဆောင်ခဲ့သည်။ ဧကရာဇ်အိုကြီးသည် သူတောင်းစားထက် ဆိုးရွားသော ထိုကလေးကိုအသိ အမှတ်ပြုရန် ငြင်းဆန်ခဲ့သော်လည်း ချန်ကျင်းကျီကိုမူ ဆက်နေစေချင်ခဲ့သည်။

ချန်ကျင်းကျီ၏ကျင့်ကြံခြင်းပညာသည် သာမန်သာဖြစ်သော်လည်း သာမန်လူသားများကြားတွင်မူ သူမသည် ဘုရားသခင်ကဲ့သို့သော ဖြစ်တည်မှုမျိုးဖြစ်သည်။ ပိုအရေး ကြီးသည်မှာ ၎င်းသည် အလွန်လှပသူဖြစ်သည်။

ကျီချန်သဲကို ဆုံးမသွန်သင်ရန် အကြောင်းပြချက်ဖြင့် ဧကရာဇ်အိုကြီးသည် ချန်ကျင်းကျီကို နန်းတော်ထဲတွင် ထားပြီး မဟာကျီမင်းဆက်၏ အမျိုးသမီးအမတ်တစ်ဦးအဖြစ် ခန့်အပ်ခဲ့သည်။ သို့သော် ကျီချန်သဲမှာမူ စွန့်ပစ်ခံရပြီး အတွင်းနန်းဆောင်သို့ ပို့ဆောင်ခံရကာ အနိုင်ကျင့်ခံနေရဆဲဖြစ်သည်။

ချန်ကျင်းကျီသည် ရွေးချယ်စရာ မရှိတော့သဖြင့် သူ့ကိုခေါ် ဆောင်ကာ ၁၃ နှစ်ကြာအောင် စောင့်ရှောက်ခဲ့သည်။ ထို ၁၃ နှစ်တာ ကာလအတွင်း သူမသည် ကျီချန်သဲ့ကို ကဗျာ၊ စာပေနှင့် ကျင့်ဝတ်များကို သင်ပေးခဲ့သော်လည်း ကြင်နာတတ်သော နှလုံးသား၏အရေးပါပုံကိုမူ မသင်ပေးနိုင်ခဲ့ပေ။ တချို့လူများသည် မွေးကတည်းက ယုတ်မာကြပြီး မည်သို့ပင်ဖြစ်စေ သူတို့၏မွေးရာပါ ဆိုးသွမ်းမှုကို ပြောင်းလဲ၍မရနိုင်ကြချေ။

ချန်ကျင်းကျီသည် ထိုနှစ်များတစ်လျှောက် မဟာကျီတိုင်း ပြည်၏ အခက်အခဲများစွာကို ကူညီဖြေရှင်းပေးခဲ့သဖြင့် သာမန်ပြည်သူများကြားတွင် သူမ၏ အဆင့်အတန်းမှာ အလွန်မြင့်မားလာသည်။

ချန်ကျင်းကျီနှင့်ပတ်သက်နေခြင်းက ကျီချန်သဲ့အတွက် အရာရာကို အဆင်ပြေစေခဲ့သည်။

ကျီချန်သဲ့သည် ၁၃ နှစ်လုံးလုံး အပြစ်ကင်းစင်ပြီး နူးညံ့သိမ်မွေ့ဟန်ဆောင်ကာ မင်းသားပေါင်းများစွာ၏ စိတ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ရလဒ်အနေဖြင့် ဧကရာဇ်အိုကြီး၏ သားတော်များသည် တစ်ယောက်ပြီးတစ်ယောက် ရောဂါဆန်းများဖြင့် သေဆုံးကုန်ကြသည် သို့မဟုတ်ပါက ကိုယ့်သေတွင်း ကိုယ်တူးမိကြကာ ကျီချန်သဲအတွက် အန္တရာယ်မရှိသော လူတစ်စုသာ အသက်ရှင်ကျန်ရစ်တော့သည်။

ဧကရာဇ်အိုကြီးသည် နာမည်ကျော် နှာဘူးတစ်ယောက်ဖြစ်ပြီး မိန်းမကိစ္စရှုပ်ထွေးလှသည်။ ကျီချန်သဲသည် ဤအချက်ကို အားပေးအားမြှောက်ပြုကာ ဧကရာဇ်အတွက် ဆေးဝါးများဆက်သခြင်းအပြင် ပိုငယ်၊ ပိုလှသော မိန်းမလှလေးများကို ဆက်သခြင်းများ ပြုလုပ်ခဲ့သည်။ ဧကရာဇ်အိုကြီး၏ ကျန်းမာရေး ယိုယွင်းလာခဲ့ပြီး ကျီချန်သဲ၏အရွယ်ရောက်ခြင်း အခမ်းအနား ကျင်းပသည့်နေ့တွင် ရုတ်တရက် နတ်ရွာစံသွားခဲ့သည်။

ထို့နောက် ကျီချန်သဲသည် သဘာဝကျကျပင် ထီးနန်းဆက်ခံခဲ့သည်။ ထီးနန်းရပြီးနောက် သူ ပထမဆုံး လုပ်သည့်အလုပ်မှာ နန်းတော်ပြင်ပတွင် နေထိုင်သော ချန်ကျင်းကျီကိုတိုင်း ပြည်အကြံပေးအဖြစ်ခန့်အပ်ပြီး ကျန်းမာရေးမကောင်းသည့်အချက်ကို အကြောင်းပြကာ နန်းတော်ထဲသို့ခေါ်သွင်းလိုက်ခြင်းဖြစ်သည်။

ထိုနေရာအရောက်တွင် ကုဖေးရန်က ပြောလိုက်သည်။

"သူ့ရဲ့ ကျေးဇူးကန်းတတ်တဲ့ ဝံပုလွေ စိတ်ဓာတ်က သိသာထင်ရှားလွန်းတယ်၊ ကံမကောင်းတာက တိုင်းပြည်အကြံပေးက အသည်းအသန် နေမကောင်းဖြစ်နေတော့ မခုခံနိုင်ရှာဘူး၊ တကယ့်ကို သနားစရာပဲ"

ကျီချောင်ချင် လှောင်ရယ်လိုက်သည်။

"ကုဖေးရန်... ဧကရာဇ်ငယ်လေးက တိုင်းပြည်အကြံပေးကို ကြိုးကိုင်ခြယ်လှယ်တာက မုန်းစရာကောင်းတယ်ဆိုပေမဲ့ ရှင်ကရော အဲ့တုန်းက ဘယ်ကိုရောက်နေခဲ့တာလဲ"

ကုဖေးရန်၏ အပြုံးက ပိုမိုနက်ရှိုင်းသွားသည်။

"ချန်ကျင်းကျီက ကျီချန်သဲကို သူ့ရဲ့အသက်လို တယုတယ ကာကွယ်ပေးခဲ့တာလေ၊ ကျွန်တော် သူ့ကို ဒုက္ခပေးခွင့် ဘယ်တုန်းကမှ မရခဲ့ပါဘူး၊ ချန်ကျင်းကျီက အရမ်းကို စွမ်းအားကြီးလွန်းတယ်၊ သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိခဲ့တာကိုပဲ ကျွန်တော် ဝမ်းသာရမယ်၊ မဟုတ်ရင် မဟာကျီတိုင်းပြည်တစ်ခုလုံး ကျီချန်သဲ လက်ထဲရောက်သွားမှာ၊ အခု ချန်ကျင်းကျီ အသည်းအသန်နေမကောင်းဖြစ်နေလို့သာ ကျီချန်သဲ နည်းနည်းထိန်းနေရတာ"

ကျီချောင်ချင် မျက်လုံးများ လှုပ်ရှားသွားသည်။ ကျီချန်သဲအပေါ် ချန်ကျင်းကျီ၏သဘောထား အဘယ့်ကြောင့် ဤမျှလောက်အထိ ဆိုးရွားနေလဲဆိုတာ အံ့သြစရာမရှိတော့ပေ။ ကျီချောင်ချင် ကိုယ်တိုင်သာ ကလေးတစ်ယောက်ကို ဆယ်စုနှစ်တစ်ခုကျော် ပြုစုပျိုးထောင်ခဲ့ပြီးမှ ထိုကလေးသည် မိစ္ဆာတကောင်ထက် ပိုကြောက်စရာကောင်းနေမှန်း သိလိုက်ရပြီး ယခင်က ဖြူစင်မှုများမှာ ဟန်ဆောင်မှုသက်သက်သာဖြစ်နေမှန်း သိလိုက်ရလျှင် ဒေါသထွက်လွန်းသောကြောင့် ကောင်း ကင်ဘုံကိုပင် နေ့ချင်းညချင်း ရောက်သွားနိုင်သည်။

ချန်ကျင်းကျီသည် အတိတ်က အကြောင်းများကို သူမကို အဘယ်ကြောင့် မပြောပြချင်ခဲ့သလဲဆိုတာ အံ့သြစရာ မဟုတ်တော့ပေ။ ၎င်းသာ ပြောလိုက်ပါက စကားတစ်ခွန်းချင်းစီသည် ကိုယ့်ပါးကိုယ် ဖြတ်ရိုက်သလိုခံစားရမည်ဖြစ်သည်။

ကုဖေးရန် "ကျွန်တော့် ကုမိသားစုက မဟာကျီမင်းဆက်ကို ဘိုးစဉ်ဘောင်ဆက် အမှုထမ်းခဲ့တာ၊ သစ္စာရှိတဲ့ စစ်သည်မျိုးရိုးပေါ့၊ ကျီချန်သဲကတော့ ငယ်ငယ်ကတည်းက ယုတ်မာတယ်၊ဉာဏ်နီဉာဏ်နက်များတယ်၊ သူ့အစ်ကိုတွေနဲ့ အဖေအရင်းကိုတောင် သတ်ခဲ့တာ၊ မိန်းကလေးရှန်... မဟာကျီတိုင်းပြည်အတွက် သခင်ကောင်းတစ်ယောက် ရှာပေးမယ့်အစား ဘာလို့ သူ့ကို ကူညီချင်နေရတာလဲ"

ကျီချောင်ချင် မျက်ခွံများ လှုပ်ခါသွားသည်။ မြို့တော်က ထွက်လာပြီး မကြာခင်မှာပဲ သူမကို ဧကရာဇ်နှင့် ရန်တိုက်ပေးရန် ကြိုးစားနေမည်ဟု သူမ မထင်ထားခဲ့ပေ။ သို့သော် ကုဖေးရန်၏ ရဲတင်းမှုသည် ထိုအဖွဲ့ထဲက လူအများစုမှာ သူ့လူများဖြစ်နေခြင်းကို သက်သေပြလိုက်သည်။ အမိန့်တစ်ခုပေးလိုက်ရုံနှင့် ကျီချောင်ချင်ကို ခြေရာလက်ရာမကျန်အောင် ဖျောက်ဖျက်ပစ်နိုင်သည်။ကျီချောင်ချင် ငြင်းဆန်မှာကို ကုဖေးရန် မကြောက်ပေ။

အဘယ့်‌ကြောင့်ဆို သူမ ငြင်းဆန်လိုက်လျှင် သေလမ်းသာ ရှိတော့မည်ဖြစ်သည်။

ထိုသို့တွေးမိလိုက်သည်နှင့် ကျီချောင်ချင် ရုတ်တရက် တုန်လှုပ်သွားပြီး ရှန်ကျွင်း၏ ချန်ခွင်းအိတ်ထဲမှ အင်မော်တယ်ချုပ်နှောင်ကြိုးသည် ရုတ်တရက် ပျံထွက်လာကာ သူမ၏လက်ကို တင်းကျပ်စွာ ရစ်ပတ်လိုက်ပြီး ကျန်တစ်ဖက်သည် ရှန်ကျွင်းလက်ကောက်ဝတ်ကို ကျွမ်းကျင်စွာပင် ချည်နှောင်လိုက်လေသည်။

ရှန်ကျွင်း မော့ကြည့်လိုက်ရာ သူ့ကို ပြုံးပြနေသော ကျီချောင်ချင်ကို တွေ့လိုက်ရသည်။ ထိုသည်မှာ လက်သည်းများ ထုတ်ထားသော ကြောင်တစ်ကောင်ပမာ ခံစားရစေသည့် ရန်စလိုသော အပြုံးမျိုးဖြစ်သည်။

ရှန်ကျွင်း အေးစက်စွာပြောလိုက်သည်။

"လွှတ်လိုက်"

ကျီချောင်ချင်သည် ရှန်ကျွင်းကို သူမ၏သိုလှောင်အိတ်အား ပေးထားခဲ့ခြင်းဖြစ်ပြီး သူက အိတ်ပေါ်ရှိ ကန့်သတ်ချက်များကို မပြောင်းလဲထားသဖြင့် သူမ ဖွင့်၍ရနေခြင်း ဖြစ်သည်။

ကျီချောင်ချင် ပခုံးတွန့်ပြလိုက်ပြီး ကြိုးကိုဆွဲကာရှန်ကျွင်း၏ လက်ကောက်ဝတ်ကို သူမ ရှိရာဆီသို့ ဆွဲယူလိုက်သည်။

"ပျော်စရာကောင်းသားပဲ ဟုတ်တယ်မလား၊ ကျွန်မ သဘောမတူရင် ရှင် ဒီကြိုးကိုဖြေလို့မရဘူး၊ ဒီတစ်ခါ ရှင့်သွေးကို သုံးလို့ရမှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မဆန္ဒနဲ့ ရှင့်ကို ချည်နှောင်ထားတာမို့လို့ပဲ၊ ကျွန်မ စိတ်မပါမချင်း ရှင် တစ်သက်လုံး အချည်ခံထားရမှာပဲ"

ရှန်ကျွင်းသည် ဂရုမစိုက်စွာဖြင့် သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

"ငါ မင်းနဲ့မြင်းလှည်းပေါ်မှာ မတိုက်ခိုက်ချင်ဘူး၊ လွှတ်လိုက်"

အမှန်တွင် ကျီချောင်ချင်သည် ရှန်ကျွင်းကို မှီခိုနေခြင်း မဟုတ်ပေ။ သူ့ကိုယ် သူ ကုဖေးရန်နှင့်လည်း တွဲချည်ထားနိုင်သည်။ သို့သော် ထိုသို့လုပ်လျှင် သူမ အသက်ဘေးမှ လွတ်နိုင်သော်လည်း ကုဖေးရန်အနေဖြင့် ဘာမှလုပ်လို့မရဖြစ်သွားကာ ကုကျိုးခရီးစဉ်မှာ အလကားဖြစ်သွားပေလိမ့်မည်။

ယခု ကျီချောင်ချင်သည် ရှန်ကျွင်းနှင့် တွဲချည်ထားရန် ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး သူငြင်းလေ သူမမှာ ပိုလို့ပင် စိတ်ပိုင်းဖြတ်လေ ဖြစ်နေသည်။

All Chapters