← Chapters

အခန်း (၃၉)

Vol. 4 Ch. 39

အခန်း (၃၉)

Vol. 4 Ch. 39

ရှန်ကျွင်းသာ သူမကိုသတ်ချင်သည်ဆိုလျှင် ကျီချောင်ချင် အနေဖြင့် သူ့ကိုအနိုင်မတိုက်နိုင်လျှင်ပင် သူ့ကိုပါ တစ်ပါ တည်း ဆွဲခေါ်သွားမည် ဖြစ်သည်။ သိုသော်ရှန်ကျွင်းသည် တိုက်ခိုက်ခြင်းမရှိပဲ အေးစက်စွာပြောလာသည်။

"ငါတို လောင်းကြေးကိုမမေ့နဲ့ဦး"

ထိုသိုပြောပြီးနောက် သူထွက်ခွာသွားလေသည်။

ကျီချောင်ချင်သည် သူမ၏ခွင်းလွန်ဓားကို ပြန်သိမ်းလိုက်သည်။ သူမ မျက်နှာပေါ်မှလှောင်ပြုံးသည်ပင် ပျောက်ကွယ်သွားပြီး အေးစက်၍ခံစားချက်မဲ့သော အမူအရာဖြင့် အစားထိုးလိုက်သည်။

တခြားသူများက သူမအသက်ကိုချုပ်ကိုင်ထားသည့် ခံစားချက်မျိုးကို အလွန်မုန်းတီးသည်။ ထိုသူသည် စိတ်နှလုံးနူးညံ့သော ရှန်ကျွင်းဖြစ်နေလျှင်ပင် မုန်းတီးနေဆဲပင်။ သူမတွင်အခွင့်အရေးသာရခဲ့လျှင် သူ့ကိုတွန့်ဆုတ်ခြင်းမရှိဘဲ သုတ်သင်ပစ်လိုက်မည် ဖြစ်သည်။ ထိုအချိန်၌ လေအေးတစ်ချက်သည် ကျီချောင်ချင်ဆီသိုတိုက်ခတ်လာပြီး အမျိုးသမီးတစ်ယောက်၏ တိုးညှင်းသောရယ်သံကိုသယ်ဆောင်လာသည်အား ကြားလိုက်ရသည်။

ကျီချောင်ချင် လှည့်ကြည့်လိုက်ပြီးနောက် သူမ၏ မျက်နှာတွင် နူးညံ့သိမ်မွေ့သောအမူအရာကို ပြန်လည်တပ်ဆင်ကာ ဗုံနတ်ဘုရားကျောင်းထဲသို ဝင်ရောက်လာခဲ့သည်။ ဗုံနတ်ဘုရားကျောင်းရှိ ဗုံသံများမှာ အချိန်ကြာမြင့်စွာမြည်ဟိန်းနေသော်လည်း ဒုတိယသခင်လေးမှာအသက်မရှင်နိုင်ခဲ့ပေ။

နတ်ဘုရားများသည် စစ်သူကြီးဖန်ကုန်းဝမ်၏ ဆုတောင်းများကို မကြားခဲ့ပုံရသည်။

ကျီချောင်ချင်နှင့်တုချန်တိုသည် ဖန်ကုန်းဝမ်၏နောက်မှလိုက်ပါပြီး စစ်သူကြီး၏စံအိမ်တော်သိုရောက်ရှိလာကြသည်။ ဗုံနယ်မြေတစ်ခုလုံးသည် ခမ်းနားထည်ဝါနေသော် လည်း စစ်သူကြီး၏စံအိမ်တော်မှာမူ အလွန်ရိုးရှင်းနေလေသည်။

စစ်သူကြီးသည်ကျီချောင်ချင်အား ဗုံနယ်မြေသို ဖြတ်သန်းသွားလာသည့် ဧည့်သည်တစ်ဦးအဖြစ် ဆက်ဆံကြပြီး သူမကိုတည်းခိုရန်အလေးအနက် တိုက်တွန်းကြလေသည်။

ကျီချောင်ချင်သည် မူလကတည်းက ဤနေရာတွင် နေထိုင်ပြီးစုံစမ်းစစ်ဆေးရန် ရည်ရွယ်ထားသဖြင့် ချက်ချင်းပင် နေထိုင်ရန်သဘောတူလိုက်သည်။

ထိုနောက်စစ်သူကြီးသည် သူ့သားအတွက်ဈာပနအခမ်းအ နားပြင်ဆင်ရန် ထွက်သွားသဖြင့် ကျီချောင်ချင်မှာ တစ်ယောက်တည်းသာ လမ်းလျှောက်ထွက်လာခဲ့သည်။ အိမ်တော်တစ်ခုလုံးသည် ထူးကဲစွာ ခြောက်ကပ်နေပြီး သက်ရှိလူဟူ၍မတွေ့ရသလောက်ဖြစ်ကာ ရံဖန်ရံခါဆိုသလို လူတစ်ယောက်စ နှစ်ယောက်စနှင့်တိုးမိသော်လည်း ထိုလူများသည် သူမကိုအလွန်ကြောက်ရွံသော မျက်လုံးများဖြင့်ကြည့်လာကြသည်။

ကပ်ဘေးတစ်ခုခုကျရောက်တိုင်း သာမန်ပြည်သူများသာခံစားကြရစမြဲ ဖြစ်သည်။

တုချန်သည်လည်း ကျီချောင်ချင်နောက်သိုလိုက်လာသည်။ သူတိုနှစ်ယောက် စစ်သူကြီး၏စံအိမ်တော်သို ပြန်ရောက်လာကြချိန် လူမရှိသောအခန်းလွတ်တစ်ခုထဲတွင် တုချန်သည်ရုတ်တရက် ကျီချောင်ချင်ရှေ့၌ဒူးထောက်လိုက်လေသည်။

ကျီချောင်ချင် အနည်းငယ်အံ့သြသွားသည်။

"ဘာလုပ်တာလဲ"

တုချန်: "မိန်းကလေးရဲ့ပုံစံက သာမန်မဟုတ်ပါဘူး၊ မိန်းကလေးက ကျင့်ကြံသူတစ်ယောက်ဖြစ်မယ်လို ကျွန်မထင်တယ်၊ ကျေးဇူးပြုပြီး ကျွန်မတိုကုကျိုးမြိုကိုကယ်တင်ပါဦး"

ကျီချောင်ချင်သည် တုချန်ကိုတွဲထူပေးလိုက်ပြီး ကရုဏာသက်သောမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

"စိတ်မပူပါနဲ့၊ ငါ သေချာပေါက်ကူညီပေးပါ့မယ်"

တုချန်သည်စိတ်လှုပ်ရှားစွာဖြင့် သူမ၏လည်ပင်းမှ ကြိုးနီကိုဖြုတ်လိုက်ပြီး ကျီချောင်ချင်၏လည်ပင်းတွင် ဆွဲပေးလိုက်သည်။

"ဒီကြိုးနီကို ကျွန်မအစ်မလုပ်ပေးထားတာပါ၊ ကံကောင်းတဲ့အဆောင်တစ်ခုအနေနဲ့ မိန်းကလေးကို ပေးပါရစေ၊ မိန်းကလေးအနေနဲ့ ကုကျိုးကလူတွေကို အခက်အခဲတွေကနေကျော်လွှားနိုင်အောင် ကူညီပေးနိုင်လိမ့်မယ်လို ကျွန်မမျှော်လင့်ပါတယ်"

ကျီချောင်ချင်: "စိတ်ချပါ၊ ငါ သေချာပေါက်ကူညီမှာပါ"

ထိုနောက်တုချန်သည် အခန်းထဲမှထွက်သွားသည်။ ကျီချောင်ချင်က စစ်သူကြီး၏စံအိမ်နှင့်ရင်းနှီးကျွမ်းဝင်ပုံမရစွာ ခြေလှမ်းအနည်းငယ်ပတ်လျှောက်ပြီးမှသာ သူမ၏အခန်းကိုရှာတွေ့ခဲ့သည်။

အခန်းထဲဝင်လိုက်သည်နှင့် ကျီချောင်ချင်၏မျက်နှာပေါ်မှ နူးညံ့သိမ်မွေ့မှုများအားလုံးမှာ ပျောက်ကွယ်သွားသည်။ သူမသည် လည်ပင်းမှကြိုးနီကိုဆွဲဖြုတ်လိုက်ပြီး သေချာစစ်ဆေးကြည့်ရှုကာ အခန်းထောင့်သို့ပစ်လိုက်လေသည်။ ဤကုကျိုးမြို့သည် အလွန်ထူးဆန်းလွန်းလှသည်။ သို့ဖြစ်ရာသူမသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မယုံကြည်ရဲပေ။

နေဝင်ရီတရောအချိန်ရောက်သောအခါ စစ်သူကြီး၏စံအိမ်တော်အနှံ့တွင် မီးပုံးဖြူများနှင့် ဆုတောင်းအလံများ ချိတ်ဆွဲထားကြသည်။

ကျီချောင်ချင် အပြင်သို့ထွက်လိုက်သည်နှင့် ဧရာမဗုံတီးတုတ်တစ်ချောင်းကို သယ်ဆောင်လာသော အစေခံတစ်သိုက်နှင့်တိုးလေသည်။

ကျီချောင်ချင်ကိုမြင်သောအခါ အစေခံတစ်ယောက်က လှမ်းအော်လိုက်သည်။

"ဖယ်စမ်း လမ်းမပိတ်နဲ့!"

ကျီချောင်ချင်သည် ဘေးသို့ဖယ်ပေးရန် ပြင်လိုက်သော် လည်း ရုတ်တရက်ဆိုသလို ရပ်တန့်လိုက်သည်။ ရှေ့ဆုံးမှအစေခံသည် ကျီချောင်ချင်ဖယ်မပေးသည်ကို မြင်သော အခါ ဒေါသထွက်သွားသည်။

"ငါပြောနေတာမကြားဘူးလား ၊ နားကန်းနေလား!"

"သခင်ကြီးကလည်း ခက်တော့တာပဲ၊ သူတောင်းစားတွေကို အိမ်ထဲအမြဲခေါ်ခေါ်လာတယ်၊ ပြန်မောင်းထုတ်ဖို့ဆိုလည်း နေ့တဝက်လောက်ကြာတတ်သေးတယ်၊ ဒီမိန်းမက ရုပ်ရည်လေးသင့်တင့်တော့ မယားငယ်နေရာထားချင်လို့များလား"

"ဖယ်စမ်း!"

ကျီချောင်ချင် နေရာမှမရွေ့ပေ။ လူအုပ်ကြီးနီးကပ်လာသော အခါ သူမသည် အစေခံတစ်ဦးကိုကန်ထုတ်လိုက်သည်။ ထို့‌‌နောက် ၎င်းတို့မှာအရှိန်မထိန်းနိုင်တော့ဘဲ ဗုံတီးတုတ်ကြီးမှာလည်း မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။ ဗုံတီးတုတ်မှာကျိုးမသွားသော်လည်း အတွင်းထဲမှတစ်စုံတစ်ခုလှုပ်ခါသွားပြီး ဂလောက် ဂလောက် ဟူသောအသံများထွက်လာသည်။

အစေခံများသည် ပြာပြာသလဲစစ်ဆေးကြည့်လိုက်ပြီး ပျက်ဆီးမှုမရှိသည်ကိုတွေ့သောအခါမှသာ ဆဲဆိုကြိမ်းမောင်းလာကြသည်။

"ကောင်မစုတ်! နင် သေချင်နေတာလား!"

"မိန်းမယုတ်! နင် သေချင်နေပြီနဲ့တူတယ်!"

"သခင်ကြီးက အိမ်ထဲခေါ်ထားလို့ နင့်ကိုယ်နင် ဧည့်သည်ကြီးလို့ ထင်နေတာလား"

စစ်သူကြီးသည်သဘောထားကြီးပြီး ယဉ်ကျေးသိမ်မွေ့သော်လည်း သူ့လက်အောက်ငယ်သားများမှာမူအလွန်ရိုင်းစိုင်းကြသည်။ ၎င်းသည် လက်အောက်ငယ်သားများကိုပင် ကောင်းစွာမအုပ်ချုပ်နိုင်ပေ။ ဖြစ်နိုင်သည်မှာ ဤစစ်သူကြီးသည်အပေါ်ယံမြင်ရသလောက် အန္တရာယ်ကင်းမည့်ပုံမပေါ်ချေ။

ကျီချောင်ချင်နားလည်လိုက်သည်။ သူမသည် အစေခံများထံသို့ မန္တန်စာရွက်တစ်ရွက်ပစ်လွှတ်လိုက်ပြီး အားလုံးလည်း ချက်ချင်းပင်မူးမေ့လဲကျသွားကြသည်။ ကျီချောင်ချင်သည် သူတို့အားလုံးကို အနီးနားရှိပန်းခင်းထဲသို့ အမြန်ကန်ထည့်လိုက်သည်။ ထိုကိစ္စများပြီးသောအခါ သူမသည် တိတ်တ ဆိတ်ပင် ပြတင်းပေါက်မှတစ်ဆင့် ဖန်ကုန်းဝမ်၏ စာကြည့်ခန်းထဲသို့ဝင်ရောက်လိုက်သည်။

ကုကျိုးသည် ပထဝီအနေအထားအရဝေးလံခေါင်ဖျားပြီး ဒေသခံများမှာဗုံလုပ်ရာတွင် ကျွမ်းကျင်ကြသည်။ ဗုံသည် လူတိုင်း၏နေ့စဉ်ဘဝတွင် မရှိမဖြစ်လိုအပ်သည့်အရာမဟုတ်ပေ။ ထို့ကြောင့်ကုကျိုးသည် မဟာကျီတိုင်းပြည်တွင်

ဗုံလုပ်ငန်းဖြင့်ကျော်ကြားလျှင်ပင် ကုကျိုးမြို့သူမြို့သားများကို အတိုင်းအတာတစ်ခုအထိသာချမ်းသာစေနိုင်မည်ဖြစ်ပြီး မြို့တော်နှင့်ယှဉ်ပြိုင်နိုင်သည့် အဆင့်ထိ မည်သည့်အခါမျှရောက်ရှိမည်မဟုတ်ပေ။

ဗုံနတ်ဘုရားကျောင်းဆိုပါက ရွှေရောင်များဖြင့် တောက်ပနေပြီး ဗုံကြီးမှာလည်းရွှေအပြည့်ဖြင့်ပြုလုပ်ထားသည်။ ဤမျှဖြုန်းတီးခြင်းမျိုးကို သာမာန်လူများမလုပ်နိုင်ပေ။ ဧကရာဇ် ကျိချန်သဲပင်လျှင် ထိုကဲ့သို့သောနန်းတော်မျိုး တည်ဆောက်ရန် နှစ်ခါပြန်စဉ်းစားရပေမည်။ ၎င်းမှာ လုံးဝယုတ္တိမရှိပေ။

ကျီချောင်ချင်သည် စစ်သူကြီး၏အခွန်စာရင်းကို ဖွင့်ကြည့်လိုက်ရာ ဝင်ငွေမှာအလွန်နည်းပါးပြီး နန်းတော်သို့ပေးသွင်းရသည့် အခွန်ငွေမှာလည်း မပြောပလောက်အောင် နည်းပါးနေသည်ကိုတွေ့ရသည်။ သူမ စာရင်းကိုဆက်ဖတ်ရန်ပြင်လိုက်စဉ် အပြင်ဘက်မှ အသံတစ်သံကြားလိုက်ရသဖြင့် ထောင့်တစ်နေရာတွင် ချက်ချင်းဝင်ပုန်းလိုက်သည်။

ထို့နောက် စစ်သူကြီးဖန်ကုန်းဝမ် စာကြည့်ခန်းထဲသို့ ဝင်လာသည်။ ၎င်းသည် ကျီချောင်ချင်ရှေ့တွင် ပြသခဲ့သော ကြင်နာတတ်သည့်ဟန်ပန်နှင့်မတူဘဲ ဖန်ကုန်းဝမ်သည် စာကြည့်ခန်းထဲသို့ဝင်လာပြီးနောက် မဲ့ပြုံးပြုံးလိုက်သည်။

"ဒီနေ့ကုကျိုးကိုရောက်လာတဲ့ မိန်းမမှာ မရိုးသားတဲ့ ရည် ရွယ်ချက်တွေရှိတယ်ဆိုပေမဲ့ နောက်ဆုံးတော့လည်း သူကအားနွဲ့တဲ့မိန်းမသားပါပဲ၊ မတော်တဆမှုတွေမဖြစ်ရအောင် ဒီညသူ့ကိုရှင်းပစ်လိုက်၊ ထူးဆန်းတဲ့ရောဂါတစ်ခုဖြစ်သွားသလိုမျိုး လုပ်ဖို့မမေ့နဲ့"

ဖန်ကုန်းဝမ် နောက်မှလိုက်လာသော အမျိုးသားကတီးတိုးပြောလာသည်။

"အဖေ... ဒီမိန်းမက ကြည့်ရတာ အားနွဲ့သလိုထင်ရပေမဲ့..."

"တော်စမ်း! သူ့အကြောင်းစဉ်းစားမနေနဲ့တော့၊ မင်း ကုကျိုးကိုဒုက္ခပေးတာ မလုံလောက်သေးဘူးလား၊ အခုချက်ချင်း သူ့ကိုရှင်းပစ်လိုက်!"

ထိုအမျိုးသား၏ လေသံမှာပိုမိုတိုးဝင်သွားသည်။

"ဟုတ်ကဲ့ပါ"

ကျီချောင်ချင်သည် လက်ထဲမှစာရင်းစာအုပ်ကို ပိတ်လိုက်သည်။ စစ်သူကြီးမှာ အမှန်တကယ်ပင် ထူးဆန်းလှပြီး ထိုအမျိုးသားအားပြောလိုက်သော စကားမှာလည်းထူးဆန်းနေပြီး ၎င်းမှာရောဂါဆန်းနှင့်သက်ဆိုင်နေနိုင်သည်။ ကျီချောင်ချင် ဆက်နားထောင်ရန်ပြင်လိုက်စဉ် ဖန်ကုန်းဝမ်သည် သူမရှိရာဘက်သိုလျှောက်လာသည်ကို သတိထားမိလိုက်သည်။ ဖြစ်နိုင်သည်မှာ သူမဘေးနားရှိစာအုပ်တစ်အုပ်ကိုလာယူမည့်ပုံရသည်။

ကျီချောင်ချင် မျက်မှောင်ကြုတ်လိုက်မိသည်။ ယခုအချိန်တွင် ဖန်ကုန်းဝမ်ကိုတိုက်ခိုက်လိုက်လျှင် သူ့ကိုသတိပေးသလို ဖြစ်သွားမည်ကိုသူမ စိုးရိမ်မိသည်။ ကျီချောင်ချင်တွန့်ဆုတ်နေစဉ်မှာပင် သူမ၏ အနောက်ဘက်မှလှုပ်ရှားမှုကို ရုတ်တရက်အာရုံခံမိလိုက်သဖြင့် ချက်ချင်းဆိုသလိုပင် လက်ကိုဓားပုံစံလုပ်ကာ နောက်သိုလှည့်ခုတ်လိုက်သော်လည်း အံ့သြစရာကောင်းစွာပင် ထိုလူမှာရှန်ကျွင်းဖြစ်နေသည်။

ရန်သူတွေက လမ်းကျဉ်းလေးထဲမှာ အမြဲဆုံတာပဲ...

ကျီချောင်ချင် မဲ့ပြုံးပြုံးလိုက်ပြီး အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံသာ ပြောလိုက်သည်။

"လူကြီးလူကောင်းဆိုတာ ပွင့်လင်းရိုးသားရတယ်တဲ့၊ ရှန်ကျွင်း... ဒါနည်းနည်းမသင့်တော်ဘူးလို မထင်ဘူးလား"

ရှန်ကျွင်း၏ မျက်တောင်များ အနည်းငယ်တုန်ခါသွားသည်။ သူသည် ကျီချောင်ချင်ကိုဆွဲကာ လျှိဝှက်အခန်းတစ်ခုထဲသို တိတ်တဆိတ်၀င်လိုက်သည်။

သူတို လျှိဝှက်အခန်းထဲသိုဝင်လိုက်သည်နှင့် လွှမ်းမိုးပြင်း ထန်လှသော နာကျည်းမှုအငွေ့အသက်ကြီးကို ချက်ချင်းအာရုံခံမိလိုက်သည်။ ကျီချောင်ချင်တွင် ဝိညာဉ်စွမ်းအားမရှိလျှင်ပင် ဤနေရာရှိအပူချိန်သည် အခြားနေရာများနှင့်မတူကြောင်းခံစားမိသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

အခန်းထဲတွင် ပစ္စည်းဝှက်ထားစရာနေရာဟူ၍မရှိသဖြင့် ဤနာကျည်းမှုများ မည်သည့်နေရာမှလာသည်ကို သူမ စဉ်းစား ၍မရပေ။ ထိုအရာကိုလျစ်လျူရှုပြီး စာအုပ်စင်ကို အမြန်ရှာဖွေလိုက်သည်။ ကျီချောင်ချင်သာ ဤနေရာသို တစ်ယောက်တည်းလာခဲ့ပါက အခြေအနေကိုဖြေရှင်းပြီး ထွက်သွားနိုင်သော်လည်း ယခုအခါ သူမသည် ယာယီတိုင်းပြည်အကြံပေးဖြစ်သောကြောင့် သူမလုပ်သမျှကိစ္စတိုင်းအတွက် သက်သေအထောက်အထားလိုအပ်ပေသည်။

All Chapters