← Chapters

အခန်း (၂၅၉-၂၆၁)

Vol. 18 Ch. 259-261

အခန်း (၂၅၉-၂၆၁)

Vol. 18 Ch. 259-261

အခန်း (၂၅၉) - တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်နက် နှင့် လော့ယွဲ့ မဟာမိတ် အပျက်အစီးများ (အပိုင်း - ၂)

~ဧည့်ခန်းမဆောင် အတွင်း၌...

တာအိုဆရာ ရှုယွီ သည် စုယွီကို ကြည့်ကာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိသည်။

"ခင်ဗျားဆီမှာ ဒီလို အ‌မိုက်စား ဝှက်ဖဲမျိုး ရှိနေမယ်လို့ ကျွန်တော် ထင်မထားမိလိုက်ဘူး... တော်သေးတာပေါ့ဗျာ... မဟုတ်ရင်တော့..."

တာအိုဆရာ ရှုယွီ ခေါင်းကို ဖြည်းညှင်းစွာ ယမ်းလိုက်သည်။ ပိုင်ယွဲ့ အင်မော်တယ်မြို့တော် နှင့် ယွင်ကျန်းဂိုဏ်းတို့ကြား အားပြိုင်မှုသည် တာ့ယွဲ့နယ်မြေ အတွင်းရှိ အင်အားစု အားလုံး၏ အာရုံစိုက်ခြင်းကို ခံနေရပြီ ဖြစ်သည်။

ဤကဲ့သို့သော မငြိမ်မသက်မှုများ ကြားတွင်၊ ဟွမ်မိသားစု နှင့် ကျန်းမိသားစု ကဲ့သို့သော မိသားစုများသည် စစ်မြေပြင်မှ အမြောက်စာများအဖြစ်သာ အဆုံးသတ်သွားဖွယ် ရှိသည်။

အကယ်၍သာ ယွင်ကျန်းဂိုဏ်း၏ ဂိုဏ်းတည်ထောင်သူ ဘိုးဘေးကြီးသည် ဆက်ခံသူမရှိဘဲ သေဆုံးသွားခဲ့လျှင်၊ ဟွမ်မိသားစုနှင့် ကျန်းမိသားစုတို့အတွက် မျှော်လင့်ချက် ရှိကောင်း ရှိနိုင်ပေသည်။ သို့သော် ယခုအခါ လော့ချန်ယွီ ကဲ့သို့သော ဆက်ခံသူ တစ်ဦး ယွင်ကျန်းဂိုဏ်းတွင် ရှိနေပြီ ဖြစ်ရာ၊ ဟွမ်နှင့် ကျန်း မိသားစုတို့ ခေါင်းပြန်ထောင်လာခဲ့လျှင် မည်သို့သော အကျိုးဆက်များ ခံစားရမည်ကို သူတို့ တွေးဆထားပြီး ဖြစ်ပေလိမ့်မည်။

အမှန်တကယ်တွင် စုမိသားစုသည်လည်း အခြားသော အင်အားစုများ၏ မျက်လုံးထဲ၌ ဟွမ်နှင့် ကျန်း မိသားစုတို့ကဲ့သို့ပင် အမြောက်စာ သက်သက်သာ ဖြစ်ခဲ့သည်။

ဥပမာအားဖြင့် မကြာသေးမီက နတ်မိမယ် ဖုန်းလင် ကိုယ်တိုင် လာရောက်ခဲ့စဉ်က၊ တတိယအဆင့် အဆင့်နိမ့် ရုပ်သေးသားရဲသာ မရှိခဲ့လျှင် စုမိသားစု အနေဖြင့် ပိုင်ယွဲ့ အင်မော်တယ်မြို့တော်ကို ငြင်းပယ်ရန် အရည်အချင်း ရှိပါမည်လော။

ငြင်းပယ်ရန် အင်အားမရှိလျှင်၊ စုမိသားစု အနေဖြင့် ခေါင်းငုံ့ခံလိုက်နာရုံမှတစ်ပါး အခြား ရွေးချယ်စရာ ရှိမည် မဟုတ်ပေ။

ငြင်းပယ်ခြင်း၏ ရလဒ်သည် ဟွမ်မိသားစု၏ ကံကြမ္မာနှင့် ထပ်တူပင် ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့်လည်း တာအိုဆရာ ရှုယွီ ဤသို့ ခံစားမိခြင်း ဖြစ်သည်။

စုယွီသည် တည်ငြိမ်စွာပင် တာအိုဆရာ ရှုယွီကို ကြည့်ကာ မေးလိုက်သည်။

"မိတ်ဆွေ ရှုယွီ လာရင်းကိစ္စက..."

ထိုအခါ၊ တာအိုဆရာ ရှုယွီ လက်ကို ဆန့်ထုတ်လိုက်ရာ တံဆိပ်ပြားအသစ် တစ်ခု ပေါ်လာ၏။

"ဒါက ကောင်းကင်အပျက်အစီး ခန်းမဆောင် ရဲ့ 'ကိုးသွယ်အလင်း တံဆိပ်ပြား' ပါ... ကျုပ် ထုတ်ပေးနိုင်တဲ့ အမြင့်ဆုံးအဆင့် တံဆိပ်ပြားပေါ့... ဒီတစ်ခေါက် ကျုပ်လာတာက ယွင်ကျန်းဂိုဏ်း ဘိုးဘေးကြီးကို နှုတ်ဆက်ဂါရဝပြုဖို့ အပြင်၊ ခင်ဗျားရဲ့ တံဆိပ်ပြားဟောင်းကို ဒါနဲ့ လဲလှယ်ပေးဖို့ပါ..."

"မြို့တော်ဆယ်မြို့ တံဆိပ်ပြား ဆိုတာ ကောင်းကင်အပျက်အစီး ခန်းမဆောင်ရဲ့ အထူးဧည့်သည်တော် လက်မှတ် သက်သက်ပါ..."

"ကိုးသွယ်အလင်း တံဆိပ်ပြား ကတော့ အဆင့်မြင့် ဆက်သမှု တံဆိပ်ပြား တစ်ခုပါ... အဆင့်မြင့် သတင်းအချက်အလက်တွေကို ရယူနိုင်ရုံသာမက၊ ဒီတံဆိပ်ပြားကနေတဆင့် ကျွန်တော့်ကို ဆက်သွယ်ပြီး ကောင်းကင်အပျက်အစီး ခန်းမဆောင်ဆီ တာဝန်တွေ အပ်နှံလို့လည်း ရပါတယ်... ဒါပေမဲ့ တာဝန်တိုင်းအတွက် တန်ကြေး ပေးရမယ် ဆိုတာတော့ ပြောစရာလိုမယ် မထင်ပါဘူး..."

"ဒါ့အပြင် ကောင်းကင်အပျက်အစီး ခန်းမဆောင်က တာဝန်တချို့ကိုလည်း ဒီတံဆိပ်ပြားကနေတဆင့် ထုတ်ပြန်ပေးပါလိမ့်မယ်... တာဝန်ပြီးမြောက်တာနဲ့ ဆုလာဘ်တွေ ချက်ချင်း ရောက်လာမှာပါ..."

"ဒီတာဝန်တွေရဲ့ ဆုလာဘ်တွေထဲမှာ ဝိညာဉ်ကျောက်တုံး၊ ကျင့်စဉ်၊ မှော်လက်နက်၊ ဆေးလုံး တွေအပြင်၊ အခြေတည်ဝိညာဉ် ၊ အဆောင် ရတနာ ဒါမှမဟုတ် ၊ မှော်ရတနာ သန္ဓေသားလောင်း တစ်ခု ရရှိနိုင်မယ့် အခွင့်အရေးတွေတောင် ပါဝင်ပါတယ်..."

"တာဝန်တွေရဲ့ အတိုင်းအတာက အများကြီး ကျယ်ပြန့်ပြီး တာ့ယွဲ့နယ်မြေ တစ်ခုတည်းမှာ ကန့်သတ်ထားတာ မဟုတ်ပါဘူး..."

တာအိုဆရာ ရှုယွီက စုယွီကို ပြုံးကြည့်ရင်း ဆက်ပြောသည်။

"ခင်ဗျားက အရည်အသွေးမြင့် ကုန်ကြမ်းပစ္စည်းတွေ ခဏခဏ လိုအပ်နေတတ်တယ် မဟုတ်လား... ခင်ဗျား လိုချင်တဲ့အရာတွေက ကောင်းကင်အပျက်အစီး ခန်းမဆောင်ရဲ့ တာဝန်တွေထဲမှာ ပါချင်ပါလိမ့်မယ်..."

ထိုစကားများကြောင့် စုယွီ စိတ်လှုပ်ရှားသွားပြီး မေးလိုက်သည်။

"တကယ်လို့ ကျွန်တော်က ပိုင်ယွဲ့ အင်မော်တယ်မြို့တော်... ဒါမှမဟုတ် အရှင်သခင် ပိုင်ယွဲ့ အကြောင်း သတင်းအချက်အလက် လိုချင်တယ် ဆိုရင်ရော..."

တာအိုဆရာ ရှုယွီက ပြန်ဖြေသည်။

"တိကျတဲ့ သတင်းအချက်အလက်တွေ ရှာဖွေဖို့အတွက် ကိုးသွယ်အလင်း လုပ်ပိုင်ခွင့် လိုအပ်ပါတယ်... မြို့တော်ဆယ်မြို့ တံဆိပ်ပြားနဲ့ကတော့ ယေဘုယျ သတင်းလောက်ပဲ ရမှာပါ... ခင်ဗျားက အဲ့ဒါလောက်နဲ့ ကျေနပ်မှာ မဟုတ်လောက်ဘူး..."

"အဲ့ဒီ သတင်းအချက်အလက် အတွက်ဆိုရင်တော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာ ပေးရပါလိမ့်မယ်..."

ခေတ္တမျှ ကြာပြီးနောက်၊ စုယွီသည် တာအိုဆရာ ရှုယွီကို ဆေးလုံးတောင်တွင် ယာယီ တည်းခိုစေရန် စီစဉ်ပေးလိုက်သည်။ သူတို့နှစ်ဦး နောက်တစ်နေ့တွင် ယွင်ကျန်းဂိုဏ်းသို့ အတူတကွ ထွက်ခွာကြမည် ဖြစ်သည်။

နန်းဆောင်သို့ ပြန်ရောက်ပြီး အရာအားလုံး ပုံမှန်ဖြစ်ကြောင်း စစ်ဆေးပြီးနောက်၊ စုယွီသည် လက်ထဲရှိ ကိုးသွယ်အလင်း တံဆိပ်ပြားကို ကြည့်လိုက်သည်။ သူ့မျက်လုံးများ အရောင်လက်သွားသည်။ ဒီပစ္စည်းက တကယ်ပဲ သတင်းစကားတွေ ပေးပို့နိုင်တာလား။ တာအိုဆရာ ရှုယွီ၏ တံဆိပ်ပြားဆီသို့သာ ပေးပို့နိုင်သည် ဆိုလျှင်ဦးတော့၊ ၎င်း၏ စွမ်းဆောင်ရည်က အလွန် အထင်ကြီးစရာ ကောင်းနေပြီ ဖြစ်သည်။

သို့သော်...

တံဆိပ်ပြားကို ကြည့်ရင်း စုယွီ တွေးလိုက်မိသည်။

"ကောင်းကင်အပျက်အစီး ခန်းမဆောင်က ဒီတံဆိပ်ပြားရဲ့ တည်နေရာကို ခြေရာခံနိုင်မလား..."

သူ မသေချာပေ။ အကယ်၍ ခြေရာခံနိုင်သည် ဆိုပါက၊ ဤတံဆိပ်ပြားကို ကိုယ်နှင့်မကွာ ဆောင်ထားခြင်းသည် ဘေးကင်းမည် မဟုတ်ချေ။

မကြာမီမှာပင်...

တာအိုဆရာ ရှုယွီထံမှ သတင်းစကား တစ်စောင် တံဆိပ်ပြားမှတဆင့် ရောက်ရှိလာသည်။ စုယွီသည် သူ၏ ဝိညာဉ်အာရုံကို တံဆိပ်ပြားထဲသို့ စီးဝင်စေလိုက်သည်။ ခေတ္တမျှ ကြာပြီးနောက် သူ့မျက်လုံးများ တောက်ပလာပြီး မျက်မှောင်ကြုတ်ကာ နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားသည်။

"အရှင်သခင် ပိုင်ယွဲ့... လက်ရှိအသက် (၃၉၃) နှစ်... အမြုတေဖွဲ့စည်းခြင်း ဆဋ္ဌမအဆင့် ကျင့်ကြံသူ... သူ့ရဲ့ တပည့် သုံးယောက်အပြင်၊ အမြုတေဖွဲ့စည်းခြင်း ပထမအဆင့် ရှိတဲ့ အဘိုးအို အစေခံတစ်ယောက်နဲ့ တတိယအဆင့် အဆင့်နိမ့် ထိပ်တန်း ယဉ်ပါး သားရဲ တစ်ကောင်ကို ပိုင်ဆိုင်ထားတယ်..."

"ပိုင်ယွဲ့ အင်မော်တယ်မြို့တော်ရဲ့ ကွပ်ကဲမှုအောက်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ စုစုပေါင်း (၈၉) ယောက် ရှိပြီး၊ အဲ့ဒီအထဲက (၁၅) ယောက်က ကိုးဆင့်မြောက် အဆင့်တွေ ဖြစ်ကြတယ်..."

"ကျင့်ကြံသူ စုစုပေါင်း အရေအတွက်က သုံးထောင်ကျော်တယ်..."

စုယွီသည်… ကောင်းကင်အပျက်အစီး ခန်းမဆောင်မှ စုဆောင်းထားသော အရှင်သခင် ပိုင်ယွဲ့ နှင့် ပိုင်ယွဲ့ အင်မော်တယ်မြို့တော် အကြောင်း သတင်းအချက်အလက်များကို ဖတ်ရှုပြီးနောက်၊ စုယွီ အချိန်အတော်ကြာအောင် နှုတ်ဆိတ်သွားမိသည်။ ဤသည်မှာ ကျန်းမိသားစုကဲ့သို့ သစ္စာခံထားသော အင်အားစုများကို ထည့်မတွက်ဘဲ၊ ပိုင်ယွဲ့ အင်မော်တယ်မြို့တော်၏ ကိုယ်ပိုင် အင်အားသက်သက်သာ ရှိသေးသည်။

ဤအချက်အလက်များသည် မျက်နှာပြင်ပေါ်မှ အပေါ်ယံ အချက်အလက်များသာ ဖြစ်ကြောင်းလည်း အတည်ပြုနိုင်သည်။ ပိုင်ယွဲ့ အင်မော်တယ်မြို့တော်၏ လျှို့ဝှက် အရင်းအမြစ်များ သို့မဟုတ် ကွန်ရက်များကို မှတ်တမ်းတင်ထားခြင်း မရှိပေ။

သို့တည်းမဟုတ် ကောင်းကင်အပျက်အစီး ခန်းမဆောင် ကိုယ်တိုင်ကပင် ထိုကဲ့သို့သော လျှို့ဝှက်ချက်များကို ထိုးဖောက် ဝင်ရောက်နိုင်ခြင်း မရှိသည်လည်း ဖြစ်နိုင်သည်။

သို့သော် ပိုင်ယွဲ့ အင်မော်တယ်မြို့တော်၏ မျက်နှာပြင်ပေါ်မှ အင်အားတစ်ခုတည်းကပင် အံ့သြတုန်လှုပ်ဖွယ် ကောင်းနေပြီပင်။

စုယွီ ဤအရာများကို စဉ်းစားနေစဉ်မှာပင်၊ တာအိုဆရာ ရှုယွီက တံဆိပ်ပြားမှတဆင့် နောက်ထပ် သတင်းတစ်ခု ပေးပို့လာပြန်သည်။

"ခင်ဗျားကို အခမဲ့ သတင်း တစ်ခု ပေးလိုက်မယ်... တာ့ယွဲ့နယ်မြေကနေ ပျောက်နေခဲ့တဲ့ အရှင်သခင် ပိုင်ယွဲ့ က ပိုင်ယွဲ့ အင်မော်တယ်မြို့တော်ကို ပြန်ရောက်နေပြီ..."

"ယွင်ကျန်းဂိုဏ်း ဘိုးဘေးကြီးရဲ့ အခမ်းအနား ကျင်းပတဲ့နေ့ကျရင် သူ ကိုယ်တိုင် ပေါ်လာနိုင်တယ်..."

ဤသတင်းကို မြင်လိုက်ရသောအခါ စုယွီ၏ မျက်မှောင်များ တွန့်ချိုးသွားသည်။

မကြာမီမှာပင် သူ့စိတ်ထဲ၌ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသည်။

"တကယ်လို့ အရှင်သခင် ပိုင်ယွဲ့သာ ယွင်ကျန်းဂိုဏ်းကို ရောက်လာခဲ့ရင်... ယွင်ကျန်းဂိုဏ်း ပျက်စီးသွားတော့မှာလား..."

ထိုအချိန်တွင် တာအိုဆရာ ရှုယွီက ရယ်မောသံဖြင့် ပြန်ပြောလာသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ... ယွင်ကျန်းဂိုဏ်းက နှစ်ပေါင်းများစွာ စုဆောင်းလာတဲ့ အင်အားအုတ်မြစ်ဆိုတာ အလကား ဟန်ပြသက်သက်မှ မဟုတ်တာ... ခင်ဗျား ယွင်ကျန်းဂိုဏ်း အကြောင်း သိချင်လား... သတင်းအချက်အလက် တန်ကြေးက အတူတူပါပဲ... အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာနော်..."

ထိုစကားကြောင့်၊ စုယွီ မျက်မှောင်ကြုတ်လိုက်မိသည်။

ဒီသတင်းအချက်အလက် ဈေးနှုန်းက မသက်သာလှပေ။

သို့သော် ယွင်ကျန်းဂိုဏ်း၏ လျှို့ဝှက် အင်အားအကြောင်းကို သူ အနည်းငယ် သိချင်စိတ် ဖြစ်မိသည်။ စုဇီတောင်မှ သိပ်များများစားစား သိထားသည် မဟုတ်။

ခေတ္တမျှ စဉ်းစားပြီးနောက်၊ စုယွီသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀၀) ပေးချေရန် ဆုံးဖြတ်လိုက်ပြီး၊ တာအိုဆရာ ရှုယွီ ထံမှ ယွင်ကျန်းဂိုဏ်း၏ လက်ရှိ သတင်းအချက်အလက်များကို ရယူလိုက်သည်။

"ယွင်ကျန်းဂိုဏ်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင့်ခြောက်ရာ ကျော်က တည်ထောင်ခဲ့တာ ဖြစ်တယ်... အခုအချိန်အထိ ဂိုဏ်းချုပ် မျိုးဆက်ပေါင်း (၃၉) ဆက် ရှိခဲ့ပြီ... ဒီနှစ်ပေါင်း တစ်ထောင့်ခြောက်ရာ ကျော် ကာလအတွင်းမှာ ယွင်ကျန်းဂိုဏ်းဟာ အခြေတည် ဝိညာဉ် ဧကရာဇ် သုံးပါးနဲ့ အမြုတေဖွဲ့စည်းခြင်း အရှင်သခင် (၁၆) ပါးကို မွေးထုတ်ပေးနိုင်ခဲ့တယ်…”

အခန်း (၂၆၀) - တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်နက် နှင့် လော့ယွဲ့ မဟာမိတ် အပျက်အစီးများ (အပိုင်း - ၃)

~"ယွင်ကျန်းဂိုဏ်းကို အစဉ်အဆက် ဆက်ခံခဲ့ကြတဲ့ ဂိုဏ်းချုပ်တိုင်းမှာ ကိုယ်ရံတော် တစ်ယောက်စီ ရှိကြတယ်... အဲ့ဒီ ကိုယ်ရံတော်တွေက ယွင်ကျန်းဂိုဏ်းရဲ့ လျှို့ဝှက် အမွေအနှစ်တွေကို ဆက်ခံထားကြတာ... အဲ့ဒီ အမွေအနှစ်တွေထဲမှာ တတိယအဆင့် ရုပ်သေးသားရဲတွေ၊ ယဉ်ပါးပြီးသား သားရဲတွေ၊ ဂိုဏ်းဝင်ပေါက်နဲ့ ကောင်းကင်ဘုံ ဥယျာဉ်တွေကို ကာကွယ်ပေးထားတဲ့ မဟာအခင်းအကျင်းကြီးတွေ အများကြီး ပါဝင်တယ်"

"ယွင်ကျန်းဂိုဏ်းမှာ အဓိက တောင်ထွတ် (၃၆) ခု ရှိတယ်... တောင်ထွတ် တစ်ခုစီမှာ ထိပ်တန်း တတိယအဆင့် တောင်ကာကွယ်ရေး အခင်းအကျင်း တစ်ခုစီ တပ်ဆင်ထားတယ်... အဲ့ဒီ တောင်ထွတ် (၃၆) ခုကို ဆက်စပ် ပေါင်းစည်းလိုက်တဲ့ အခါမှာတော့... တကယ့် ယွင်ကျန်းဂိုဏ်းရဲ့ မဟာတောင်ကာကွယ်ရေး အခင်းအကျင်းကြီး ဖြစ်လာတော့တာပဲ..."

"ယွင်ကျန်းဂိုဏ်းရဲ့ နက်ရှိုင်းတဲ့ အတွင်းပိုင်း တစ်နေရာမှာတော့... စတုတ္ထအဆင့် ဝိညာဉ်သွေးကြော ကောင်းကင်ဘုံ ဥယျာဉ် ရှိတယ်... အဲ့ဒီနေရာကို စတုတ္ထအဆင့် ဝိညာဉ်သွေးကြော တစ်ခုကို ဗဟိုပြုပြီး တည်ဆောက်ထားတဲ့ စတုတ္ထအဆင့် အခင်းအကျင်းကြီးနဲ့ ကာကွယ်ထားတယ်... အဲ့ဒီ အခင်းအကျင်းကို ဖြိုခွင်းနိုင်ဖို့ ဆိုတာ 'အခြေတည် ဝိညာဉ်' အဆင့် အရှင်သခင်ကြီးတွေပဲ တတ်နိုင်လိမ့်မယ်..."

ယွင်ကျန်းဂိုဏ်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ဖတ်ရှုပြီးနောက်... စုယွီသည် သူ့ကိုယ်သူ ပြန်လည် အပြစ်တင်မိ၏။ မလိုအပ်ဘဲ စိုးရိမ်ပူပန်လွန်းနေခဲ့မိသည် မဟုတ်ပါလော။

အကယ်၍ ယွင်ကျန်းဂိုဏ်း၏ အပြင်ဘက် နယ်မြေများကို ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က သိမ်းပိုက်လိုက်လျှင်တောင်မှ... ယွင်ကျန်းဂိုဏ်း အနေဖြင့် အတွင်းဘက်သို့ ဆုတ်ခွာပြီး နှစ်ပေါင်း ရာချီအောင် အထီးကျန်စွာ ဆက်လက် ရှင်သန်နိုင်ပေလိမ့်မည်။

ယွင်ကျန်းဂိုဏ်းနှင့် ပိုင်ယွဲ့ မြို့တော်တို့၏ အစီရင်ခံစာများကို ကြည့်ရှုရင်း... တာအိုဆရာ ရှုယွီ ပြောခဲ့သော 'အရှင်သခင် ပိုင်ယွဲ့သည် ယွင်ကျန်းဂိုဏ်းသို့ မကြာမီ လာရောက်လိမ့်မည်' ဟူသော စကားကို ပြန်လည် သတိရလိုက်မိ၏။

ထို့ကြောင့် စုယွီသည် မနက်ဖြန်တွင် တာအိုဆရာ ရှုယွီနှင့်အတူ သူ၏ ကိုယ်ပွားရုပ်သေးကိုသာ ထည့်ပေးလိုက်ရန် ဆုံးဖြတ်လိုက်လေတော့သည်။

ကျန်သော မိသားစုဝင်များ အားလုံး အိမ်တွင်သာ နေထိုင်ကြခြင်းသည် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ အကယ်၍ အရှင်သခင် ပိုင်ယွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့လျှင် ဘေးကင်းစေရန် အတွက်ဖြစ်၏။

နောက်တစ်နေ့တွင်...၊ စုယွီသည် သူ၏ ကိုယ်ပွားရုပ်သေးကို သူနှင့် တူအောင် ဖန်တီးပြီး တာအိုဆရာ ရှုယွီနှင့်အတူ ယွင်ကျန်းဂိုဏ်းသို့ စေလွှတ်လိုက်၏။

သူကိုယ်တိုင်ကမူ နေလမင်း ကျွန်းပေါ်ရှိ တတိယအဆင့် ရေခဲနှင့် မီး ဂူစံအိမ် အတွင်းတွင် တံခါးပိတ် ကျင့်ကြံခြင်းကို ဆက်လက် ပြုလုပ်နေသည်။

*

ဆယ်ရက် ကြာပြီးနောက်...၊ ယွင်ကျန်းဂိုဏ်း၏ တောင်ဝင်ပေါက်တွင်...၊

လော့ချန်ယွီသည် တာ့ယွဲ့ စီရင်စုအတွင်းရှိ အင်အားစု အသီးသီးကို ဖိတ်ကြားထား၏။ ထိုအထဲတွင် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်လည်း ပါဝင်သည်။

စုယွီ (ကိုယ်ပွားရုပ်သေး) ယွင်ကျန်းဂိုဏ်းသို့ ရောက်ရှိသွားသောအခါ... တာ့ယွဲ့ နန်းတော်မှ 'တာအိုဆရာ ထျဲ့ကျွမ်' နှင့် 'တာအိုဆရာ ရှုဟိုင်'၊ လီမိသားစု၏ 'အရှင်သခင် ချန်ချင်း' (ရွှီချန်ချင်း)၊ ခိုင်ယန် နန်းတော်၏ နန်းတော်မှူး၊ ချင်မိသားစု ခေါင်းဆောင် စသော ဧည့်သည်တော်များကို တွေ့မြင်လိုက်ရ၏။

ယွင်ကျန်းဂိုဏ်း၏ ဘိုးဘေးများကို ပူဇော်ကန်တော့သည့် အခမ်းအနား စတင်ခါနီး အချိန်တွင်... အရှင်သခင် ပိုင်ယွဲ့သည် နတ်မိမယ် ဖုန်းလင်နှင့်အတူ ယွင်ကျန်းဂိုဏ်းသို့ ရောက်ရှိလာသည်။ သူသည် အိုမင်းရင့်ရော်နေပြီး ရိုးရှင်းသော အသွင်အပြင် ရှိ၏။ မျက်နှာပေါ်တွင် အပြုံးရိပ် တစ်ခု အမြဲ တွဲခိုနေသည်။

ဤသည်မှာ စုယွီ အနေဖြင့် အရှင်သခင် ပိုင်ယွဲ့ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။ သူ စိတ်ကူးထားခဲ့သော မောက်မာကြမ်းတမ်းသည့် ပုံစံနှင့် လုံးဝ ကွဲပြားခြားနားနေသည် မဟုတ်ပါလော။

အခမ်းအနားသည် ချောမွေ့စွာပင် ပြီးဆုံးသွားခဲ့၏။ စုယွီ စိုးရိမ်ခဲ့သော မလိုလားအပ်သည့် အဖြစ်အပျက်များ တစ်စုံတစ်ရာမှ ဖြစ်ပေါ်မလာခဲ့ပေ။

သို့သော် အခမ်းအနား ပြီးဆုံး၍ ဧည့်သည်တော်များ ပြန်လည် ထွက်ခွာခါနီး အချိန်တွင်... လော့ချန်ယွီသည် အရှင်သခင် ပိုင်ယွဲ့နှင့် နတ်မိမယ် ဖုန်းလင်တို့ကို တားဆီးလိုက်၏။ နောက်ထပ် နှစ်ဝက်အကြာတွင် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ လာရောက် လည်ပတ်မည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

စုယွီ အနေဖြင့် အသေးစိတ် အကြောင်းအရာများကို မသိရပေ။ အခမ်းအနား ပြီးဆုံးသည်နှင့် သူ၏ ကိုယ်ပွားရုပ်သေးသည် ဆေးလုံးတောင်သို့ ပြန်လာခဲ့၏။

ဆေးလုံးတောင်၊ နန်းတော် အတွင်း၌...။

ယွီခယ်အာသည် ဒီရက်ပိုင်း အတွင်း စုမိသားစု ရရှိခဲ့သော အကျိုးအမြတ်များကို စာရင်းပြုစု တင်ပြနေ၏။

"ဟွမ်မိသားစုဆီမှာ ဝိညာဉ်လယ်မြေ ဧက သုံးသောင်းလောက် ရှိတယ်... ဒုတိယအဆင့် ဝိညာဉ်သွေးကြော တစ်ခုနဲ့ ဝိညာဉ်ကျောက်တုံး သတ္တုတွင်း သုံးခု ပါတယ်... အဲ့ဒီ သတ္တုတွင်းတွေထဲက နှစ်ခုက ပထမအဆင့် ဖြစ်ပြီး တစ်ခုက ဒုတိယအဆင့် ပါ"

"ဝိညာဉ်ဆေးပင် မျိုးစိတ်သစ် ငါးဆယ်လောက် ရလိုက်တယ်... အဲ့ဒီထဲက သုံးဆယ့်လေးမျိုးက ဒုတိယအဆင့် ဆေးပင်တွေပါ... အရေအတွက် မများပေမယ့်... ဒါတွေကို ထိန်းချုပ်လိုက်နိုင်တာကြောင့် ငါတို့ မိသားစု အနေနဲ့ ဒုတိယအဆင့် အဆင့်နိမ့် ဆေးလုံးတွေ ဖော်စပ်တဲ့ နေရာမှာ ကုန်ကြမ်း ပူစရာ မလိုတော့ပါဘူး"

"အခြေခံတည်ဆောက်ခြင်း ဆေးလုံး ကုန်ကြမ်းတွေ အနေနဲ့ကတော့... ဟွမ်မိသားစုမှာ ဝိညာဉ်သစ်သီးပင် တစ်ပင်နဲ့ 'ရေခဲနှလုံးသား ကြာပန်း' ထွက်ရှိတဲ့ ဂူတစ်လုံး ပိုင်ဆိုင်ထားပါတယ်... ဒါ့အပြင် ဟွမ်မိသားစုဆီမှာ အရန်ဆေးဖက်ဝင် ပစ္စည်း အမျိုးအစား အများစု ရှိနေပါတယ်"

"ဒီအရင်းအမြစ်တွေနဲ့ ဆိုရင်... ငါတို့ မိသားစု အနေနဲ့ သန့်စင်တဲ့ မိစ္ဆာသားရဲ အမြုတေ လိုမျိုး အဓိက ကုန်ကြမ်း အနည်းငယ်လောက်ပဲ ရှာဖွေဖို့ လိုတော့မှာပါ... ဒါဆိုရင် အခြေခံတည်ဆောက်ခြင်း ဆေးလုံးတွေ ဖော်စပ်ဖို့ လုံလောက်သွားပါပြီ"

နားထောင်ပြီးနောက် စုယွီ မနေနိုင်ဘဲ စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။

တကယ်ပါပဲ... ကြီးပွားချမ်းသာဖို့ အမြန်ဆုံး နည်းလမ်းကတော့ တခြား မိသားစုတွေ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ အခြေခံအုတ်မြစ်တွေကို ဝါးမျိုလိုက်ခြင်းပါပဲလား။

ဟွမ်မိသားစုရဲ့ အခြေခံအုတ်မြစ်ကို ဝါးမျိုလိုက်ခြင်းအားဖြင့် စုမိသားစု အနေနှင့် အနည်းဆုံး နှစ်ပေါင်း တစ်ရာစာလောက် ကြိုးစားရမည့် အချိန်ကို သက်သာသွားစေခဲ့သည်။

စုယွီ၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာ၏။

"ဒါနဲ့... ဟွမ်မိသားစုရဲ့ အခင်းအကျင်း ပညာ အမွေအနှစ်တွေရော ဘယ်လိုလဲ"

ယွီခယ်အာသည် လက်ကို မြှောက်လိုက်ရာ ကျောက်စိမ်းပြား တစ်ချပ် ပေါ်ထွက်လာ၏။ သူမသည် စုယွီကို ကမ်းပေးလိုက်ပြီး ပြောဆိုလိုက်သည်။

"ဒီမှာပါ... ဒါက ဒုတိယအဆင့် ထိပ်တန်း အခင်းအကျင်း ဆရာ အမွေအနှစ် ဖြစ်တဲ့ 'အလွှာတစ်ထောင် သဲဝါ အခင်းအကျင်း တာအို' ပါ"

စုယွီသည် ကျောက်စိမ်းပြားကို လက်မခံဘဲ လက်ကာပြလိုက်၏။

အရင်တုန်းက ဟွမ်မိသားစုရဲ့ ပထမ အကြီးအကဲနှင့် ထိတွေ့ဆက်ဆံဖူးစဉ်က... ဒီအမွေအနှစ်ကို သူ ရရှိပြီးသား ဖြစ်သည်။

စုယွီက ပြောလိုက်၏။

"မိသားစုထဲမှာပဲ သိမ်းထားလိုက်ပါ... အခင်းအကျင်း ပညာကို စိတ်ဝင်စားပြီး ပါရမီပါတဲ့ မိသားစုဝင်တွေ ရှိရင် သင်ယူဖို့ တိုက်တွန်းပေးလိုက်ပါ"

စုမိသားစု ရှိနေခြင်းက ပိုင်ယွဲ့ မြို့တော်၏ အစီအစဉ်များကို အနှောင့်အယှက် ဖြစ်စေခဲ့သောကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်... နောက်ပိုင်း ကာလများတွင် ပိုင်ယွဲ့ မြို့တော်ဘက်မှ မည်သည့် လှုပ်ရှားမှုမျှ ထပ်မံ မရှိတော့ချေ။

*

နေလမင်း ကျွန်း၊ တတိယအဆင့် ရေခဲနှင့် မီး ဂူစံအိမ် အတွင်း၌...။

စုယွီသည် ပုံမှန် ကျင့်ကြံခြင်းများ ပြုလုပ်သည့်အပြင်၊ 'ကြေးမုံလမင်း အဆောင်' ရေးဆွဲခြင်းကိုလည်း မပြတ်တမ်း လေ့ကျင့်နေ၏။ သူ၏ ကျွမ်းကျင်မှု အဆင့်ကို တိုးမြှင့်ရန် ကြိုးစားနေခြင်း ဖြစ်၏။

တစ်ချိန်တည်းမှာပင်...

သာမန် အဘိုးအို တစ်ဦးအသွင် ဖန်တီးထားသော သူ၏ ကိုယ်ပွားရုပ်သေးသည် ဆေးလုံးတောင်မှ ထွက်ခွာသွားပြီး၊ ဈေးကွက် အသီးသီးသို့ လှည့်လည်ကာ ဒုတိယအဆင့်နှင့် တတိယအဆင့် အဆောင်ရေးဆွဲရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို လိုက်လံ စုဆောင်းနေ၏။

လွန်ခဲ့သော တစ်နှစ်ခန့်က 'လေ့ထင်း ‌ဈေးကွက်' တွင် ပုံမှန် ကုန်သွယ်ပွဲတော် ကျင်းပခဲ့စဉ်က... ကိုယ်ပွားရုပ်သေးသည် စုယွီအတွက် ဒုတိယအဆင့် အဆောင်ကုန်ကြမ်း အများအပြား ဝယ်ယူခဲ့ဖူးသည်။ တိရစ္ဆာန် သားရေများ၊ ကျောက်စိမ်းများ၊ ဝိညာဉ်ဝါးပင်များ စသည်တို့ ပါဝင်သည်။

ယခုအချိန်တွင် စုယွီ၏ လက်ထဲ၌ ဒုတိယအဆင့် အဆင့်နိမ့် အဆောင်ကုန်ကြမ်း (၁,၅၀၀) ခန့် ကျန်ရှိနေသေးသည်။ ၎င်းတို့ကို အသုံးပြု၍ ကြေးမုံလမင်း အဆောင် ရေးဆွဲခြင်းကို လေ့ကျင့်ကာ ကျွမ်းကျင်မှု အဆင့်မြှင့်တင်ရန် ရည်ရွယ်ထား၏။

ဂူစံအိမ် အတွင်း၌ သုံးလခန့် တံခါးပိတ် ကျင့်ကြံပြီးနောက်...

"ဝီ..."

ယခုအချိန်တွင် စုယွီသည် ဒုတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင် တစ်ခုကို အောင်မြင်စွာ ရေးဆွဲပြီးစီးလိုက်လေပြီ။ ကျောက်စိမ်း စားပွဲပေါ်ရှိ အဆောင်လက်နက်သည် သဘာဝ ဝိညာဉ်စွမ်းအင်များကို စုပ်ယူပြီး ပုံဖော်နေစဉ်... စုယွီသည် သူ၏ ကျွမ်းကျင်မှု အဆင့်ကို စစ်ဆေးကြည့်လိုက်၏။

ပြီးပြည့်စုံသော အဆင့် သို့ ရောက်ရှိသွားပြီ ဖြစ်၏။

"ဟူး..."

သူ စိတ်သက်ရာရစွာ သက်ပြင်းချလိုက်မိသည်။

"နောက်ဆုံးတော့ အောင်မြင်သွားပြီပဲ"

နောက်တစ်ဆင့် အနေဖြင့် ဒုတိယအဆင့် အလယ်အလတ် ကြေးမုံလမင်း အဆောင်များကို စတင် ဖန်တီးနိုင်ပြီ ဖြစ်၏။

"ကြေးမုံလမင်း အဆောင်ရဲ့ စွမ်းအားနဲ့ ဆိုရင်... ငါသာ တတိယအဆင့် အဆင့်နိမ့် အဆောင် တစ်ခုလောက် အောင်မြင်အောင် ဖန်တီးနိုင်ခဲ့ရင်... အရှင်သခင် ပိုင်ယွဲ့ ကိုယ်တိုင် ဆေးလုံးတောင်ကို လာတိုက်ရင်တောင်မှ... သူ့ကို အလစ်အငိုက် ဖမ်းနိုင်မယ့် အခွင့်အရေး ရှိလာနိုင်တယ်"

စုယွီ တွက်ချက်နေမိ၏။

အဲ့ဒီအချိန်ကျရင်... စုမိသားစု အနေနှင့် ပိုင်ယွဲ့ မြို့တော်၏ ခြိမ်းခြောက်မှုတွေကို တစ်ကိုယ်တည်း ရင်ဆိုင်ရလျှင်တောင်မှ... ပြန်လည် တိုက်ခိုက်နိုင်စွမ်း၊ တုံ့ပြန်နိုင်စွမ်း ရှိလာမှာ သေချာသည်။

သို့သော်လည်း...

သူ ရရှိထားသော သတင်းအချက်အလက်များအရ... အရှင်သခင် ပိုင်ယွဲ့သည် အမြုတေဖွဲ့စည်းခြင်း ကိုးဆင့်မြောက် အဆင့်ကို ရောက်ရှိရန် မဖြစ်နိုင်သေးပေ။ ခုနစ်ဆင့်မြောက် အဆင့်ကို ချိုးဖျက် ဝင်ရောက်ဖို့တောင် ခက်ခဲနေဦးမည့် အခြေအနေ ဖြစ်လေသတည်း။

အခန်း (၂၆၁) - တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်နက် နှင့် လော့ယွဲ့ မဟာမိတ် အပျက်အစီးများ (အပိုင်း - ၄)

~အရှင်သခင် ပိုင်ယွဲ့သည် ယခုအခါ အသက် လေးရာနီးပါး ရှိနေပြီ ဖြစ်သည်။ အလွန်ဆုံး နေရလှ၊ နောက်ထပ် ဆယ်စုနှစ် သုံးခု၊ လေးခုလောက်သာ ကျန်ရှိတော့မည် ဖြစ်၏။

အကယ်၍ ဖြစ်နိုင်မည် ဆိုပါက... နောက်ထပ် ဆယ်စုနှစ် လေးငါးခုလောက် စောင့်ဆိုင်းပြီးမှ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ သွားရောက် လည်ပတ်ရန် စုယွီ စိတ်ကူးထားသည်။

အချိန်ကာလများ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေပြီ။

ကတိပြုထားသော နေ့ရက်မှ ခြောက်လ အကြာတွင်... လော့ချန်ယွီသည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၏ တံခါးဝသို့ တစ်ကိုယ်တည်း ရောက်ရှိလာခဲ့၏။ သူမ ရောက်ရှိလာပြီး မကြာမီမှာပင် ထက်ရှသည့် စွမ်းအားတစ်ခုသည် သူမ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး စုစည်းသွားလေတော့သည်။

ထိုနေ့က မြင်ကွင်းကို ပိုင်ယွဲ့ မြို့တော်မှ ကျင့်ကြံသူများ ပြန်လည် ပြောပြချက်အရ... ကောင်းကင်ဘုံ ဖီးနစ်ငှက်ကြီး တစ်ကောင်နှင့် ကောင်းကင်ဘုံ ဓားတစ်လက်တို့သည် မြို့တော် အပြင်ဘက်တွင် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည် ဟူသတတ်။

တိုက်ပွဲဖြစ်ပွားရာ မိုင်ရာချီသော နယ်မြေ တစ်ဝိုက်သည် နီရဲသော သဲကန္တာရ တစ်ခုအလား ပြောင်းလဲသွားခဲ့ရသည်။

လဝက်ခန့် ကြာမြင့်ပြီးမှသာ ထို ကောင်းကင်ဘုံ ဓားကြီးသည် ကွဲကြေသွားပြီး ကောင်းကင်ယံ တစ်ခုလုံး အက်ကွဲသွားသကဲ့သို့ ဖြစ်သွားခဲ့၏။ တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံ ဖီးနစ်ငှက်ကြီးသည်လည်း မိုးပေါ်မှ ထိုးကျလာပြီး ပျက်စီးသွားခဲ့ရသည်။

အပြင်လောကတွင် ကောလာဟလများ မျိုးစုံ ထွက်ပေါ်နေခဲ့သည်။

လူအများ ပြောဆိုကြသည်မှာ လော့ချန်ယွီနှင့် နတ်မိမယ် ဖုန်းလင်တို့ တိုက်ခိုက်ခဲ့ကြပြီး၊ နှစ်ဦးစလုံး အကြီးအကျယ် ဒဏ်ရာရကာ ရှုံးနိမ့်သွားကြသည် ဟူ၍ပင်။

သို့သော် အမှန်တရားမှာမူ... နောက်ထပ် ခြောက်လ ကြာပြီးနောက် ယွင်ကျန်းဂိုဏ်းမှ ဆေးလုံးတောင်သို့ စာတစ်စောင် ရောက်ရှိလာခဲ့သည်။

စာထဲတွင် ဖော်ပြထားသည်မှာ... လော့ချန်ယွီသည် နတ်မိမယ် ဖုန်းလင် ပိုင်ဆိုင်ထားသော 'ကောင်းကင်ဘုံ ဖီးနစ် နိဗ္ဗာန် မီးတောက်' ကို ရရှိခဲ့ပြီး၊ သူမ၏ အသက်ဝိညာဉ် ဓားကို ထိုမီးတောက်ဖြင့် သန့်စင် လေ့ကျင့်နိုင်ခဲ့ကြောင်း ပါရှိ၏။ သူမ ပြန်ရောက်လာပြီးနောက် စတုတ္ထအဆင့် ဝိညာဉ်သွေးကြော ကောင်းကင်ဘုံ ဥယျာဉ် အတွင်းတွင် တံခါးပိတ် ကျင့်ကြံခဲ့သည်။

မကြာသေးမီကမှ လော့ချန်ယွီသည် တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်ပေါ်လာခဲ့ပြီး၊ အမြုတေဖွဲ့စည်းခြင်း အဆင့် သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

စာထဲတွင် လော့ချန်ယွီက သူမသည် အမြုတေ အစစ်ကို ဖွဲ့စည်းခဲ့သလား၊ သို့မဟုတ် ရွှေရောင် အမြုတေကို ဖွဲ့စည်းခဲ့သလား ဆိုသည်ကို အတိအကျ ဖော်ပြမထားပေ။ သို့သော် စာကြောင်းများကြားမှ အရိပ်အမြွက်များကို ကြည့်ခြင်းအားဖြင့် သူမ၏ စိတ်အခြေအနေမှာ အလွန် ကောင်းမွန်နေပုံ ရ၏။ ယူဆရသည်မှာ သူမသည် ရွှေရောင် အမြုတေ လမ်းစဉ်ကို အောင်မြင်ခဲ့ပုံ ရပေသည်။

ဤသတင်းစကားကို ဖတ်ရှုပြီးနောက် စုယွီ၏ မျက်နက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွား၏။

"တာအိုမိတ်ဆွေ လော့ က အမြုတေဖွဲ့စည်းခြင်း အဆင့်ကို ရောက်သွားပြီ ဆိုတော့... နတ်မိမယ် ဖုန်းလင်ကရော ဘယ်လို နေမလဲ"

ဤသတင်းအပြင် စာထဲတွင် လော့ချန်ယွီက အမြုတေဖွဲ့စည်းခြင်း အဆင့်ကို ကျော်ဖြတ်ရာတွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံ အချို့ကိုလည်း မှတ်တမ်းတင် ရေးသားထားသည်။ ဖတ်ရှုပြီးနောက် စုယွီ နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားရ၏။

"တာအို အခြေခံအုတ်မြစ်ရဲ့ အရည်အသွေးက ရွှေရောင် အမြုတေ လမ်းစဉ် ကျင့်ကြံမှုအပေါ် အများကြီး သက်ရောက်မှု ရှိတာပဲ"

ဤအချက်ကို သိရှိလိုက်ရသောအခါ... စုယွီ၏ ရင်ထဲတွင် 'ဓာတ်ကြီးငါးပါး လမ်းစဉ်' ဖြင့် ရွှေရောင် အမြုတေ လမ်းစဉ်ကို စိန်ခေါ်လိုစိတ်များ တစ်ဖန် ပြန်လည် နိုးကြားလာခဲ့သည်။

သူ့တွင် ရှည်လျားသော သက်တမ်း ရှိသည် မဟုတ်ပါလော။ လက်ရှိ အခြေခံတည်ဆောက်ခြင်း ခုနစ်ဆင့်မြောက် အဆင့်နှင့်ပင် သူ၏ သက်တမ်းသည် နှစ်ပေါင်း လေးရာကျော် ရှိနေပြီ ဖြစ်၏။

အပြင်လောကမှ ပါရမီရှင်များနှင့် ကျင့်ကြံမှု အမြန်နှုန်း ယှဉ်ပြိုင်နေစရာ မလိုပေ။ အမြန်နှုန်းကို ဦးစားပေးပြီး ကိုယ်ပိုင် တာအို အခြေခံအုတ်မြစ် တည်ဆောက်မှုကို လျစ်လျူရှုလိုက်ပါက...

ထိုလုပ်ရပ်သည် အလွန် မိုက်မဲရာ ကျလိမ့်မည်။

"ဟူး... နောက်တစ်ဆင့် အနေနဲ့... လော့ယွဲ့ မဟာမိတ် အဖွဲ့ရဲ့ အပျက်အစီးတွေကို သွားရှာဖို့အတွက် တာအို ခန္ဓာ ရုပ်သေးကို ပြင်ဆင်ခိုင်းရမယ်"

စုယွီသည် စိတ်ငြိမ်သွားအောင် လေကို ဝဝရှူသွင်းလိုက်၏။

လော့ချန်ယွီထံသို့ စာပြန်ရေးပြီးနောက်... သူသည် နေလမင်း ကျွန်းပေါ်ရှိ ဂူစံအိမ်တွင် တံခါးပိတ် ကျင့်ကြံခြင်းကို ဆက်လက် ပြုလုပ်လေတော့သည်။

နှစ်နှစ် ကြာပြီးနောက်...

စုယွီသည် ဒုတိယအဆင့် အဆင့်မြင့် ကြေးမုံလမင်း အဆောင် ရေးဆွဲခြင်းကို ပြီးပြည့်စုံသော အဆင့်အထိ အောင်မြင်စွာ တိုးမြှင့်နိုင်ခဲ့၏။ ထို့နောက် ဒုတိယအဆင့် ထိပ်တန်း ကြေးမုံလမင်း အဆောင်များကို စတင် ရေးဆွဲ လေ့ကျင့်လေတော့သည်။

နောက်ထပ် သုံးနှစ် ဖြည်းညှင်းစွာ ကုန်ဆုံးသွားခဲ့ပြန်သည်။

ဒုတိယအဆင့် ထိပ်တန်း ကြေးမုံလမင်း အဆောင် ရေးဆွဲခြင်း ကျွမ်းကျင်မှုသည်လည်း ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။

*

ထိုနေ့တွင်...

နေလမင်း ကျွန်း၊ ရေခဲနှင့် မီး ဂူစံအိမ် အတွင်း၌...။

စုယွီသည် စိတ်ကို စုစည်းထားပြီး 'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' ကို ထုတ်ဖော်နေ၏။ သူ၏ စိတ်အခြေအနေ အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ... ကျောက်စိမ်း စားပွဲပေါ်ရှိ တတိယအဆင့် အလယ်အလတ် စုတ်တံကို ကောက်ယူလိုက်သည်။ မိစ္ဆာသားရဲ အသွေးအနှစ် မင်ရည်ကို တို့ယူလိုက်ပြီး... စားပွဲပေါ်တွင် တင်ထားသော တတိယအဆင့် အဆင့်နိမ့် အဆောင်ကျောက်ပြားပေါ်တွင် စတင် ရေးဆွဲလေတော့သည်။

နှစ်နာရီခန့် ကြာသောအခါ...

"ဝီ..."

ဟင်းလင်းပြင် သည် အနည်းငယ် တုန်ခါသွားပြီး၊ ကျောက်စိမ်းပြားသည် တမဟုတ်ချင်း ကွဲကြေသွားလေတော့၏။

ကံကောင်းထောက်မစွာပင်... စုယွီသည် သူ၏ ကိုယ်ပိုင် ဟင်းလင်းပြင်စွမ်းအားကို အသုံးပြုပြီး လက်ထဲမှ စုတ်တံကို ကာကွယ်ထားလိုက်နိုင်ခဲ့၏။ သို့မဟုတ်ပါက ဤ တတိယအဆင့် အလယ်အလတ် စုတ်တံသည်လည်း ပျက်စီးသွားပေလိမ့်မည်။

ဤအဆင့်ရှိသော စုတ်တံမျိုးကို ရှာဖွေရန်၊ ပြုလုပ်ရန် လွယ်ကူသော ကိစ္စ မဟုတ်ပေ။

စုတ်တံကို ချထားလိုက်ပြီးနောက်... စုယွီသည် ဘေးတစ်ဖက်သို့ ရွှေ့ကာ ကျင့်စဉ်ကို အသုံးပြုပြီး အားအင် ပြန်လည် ဖြည့်တင်းလိုက်၏။

တစ်နာရီခန့် အကြာတွင်... စုယွီသည် မူလ အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။

"ဆက်လုပ်မယ်"

ထိုအချိန်မှစ၍ နှစ်လကျော် ကုန်ဆုံးသွားခဲ့ပြန်လေပြီ။

တတိယအဆင့် အဆင့်နိမ့် အဆောင်ကုန်ကြမ်း အစုံ (၆၀) ခန့် ကုန်ဆုံးသွားပြီးနောက်... ဤနေ့ မိုးသောက်ယံ အချိန်တွင် ကျင့်ကြံမှု ပြီးဆုံးသွားသော စုယွီသည် စိတ်ဓာတ် အလွန် ကြည်လင်လန်းဆန်းနေသည်ကို ခံစားလိုက်ရ၏။ သူသည် ချက်ချင်းပင် တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်ကို စတင် ရေးဆွဲလေတော့သည်။

ချီ စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့ တစ်သားတည်း ပေါင်းစပ်သွားပြီး... စုယွီသည် စုတ်တံကို ကျွမ်းကျင်စွာ ကစားလိုက်၏။

သူ၏ ဝိညာဉ်အမြစ် တစ်ခုတည်းမှ ချီ စွမ်းအင်များ ကုန်ခမ်းလုနီးပါး ဖြစ်သွားသည့် အချိန်တွင်... နောက်ဆုံးတော့ စုယွီသည် တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင် တစ်ခုကို တစ်ဆက်တည်း အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့လေတော့သည်။

"ဝီ..."

တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင် ပြီးဆုံးသွားသည့် အခိုက်အတန့်တွင်... ကျောက်စိမ်း စားပွဲခုံ ပတ်လည်တွင် လှိုင်းဂယက်များ ထလာ၏။ တတိယအဆင့် ဂူစံအိမ် အတွင်းရှိ သိပ်သည်းလှသော သဘာဝ ဝိညာဉ်စွမ်းအင်များသည် ဒီရေအလား တိုးဝင်လာပြီး စုစည်းသွား

ကြလေတော့သည်။

ကျောက်စိမ်း စားပွဲခုံ ရှေ့တွင် ရပ်နေသော စုယွီသည် မျက်လုံးများကို မှိတ်ထားလိုက်၏။ သူ့စိတ်ထဲတွင် ဉာဏ်အလင်း များစွာ ပွင့်လင်းလာပြီး... သူ့ခန္ဓာကိုယ် ပတ်လည်တွင် ထူးခြား ဆန်းကြယ်သော စွမ်းအား တစ်ခု ပေါ်ထွက်လာသည်။

အံ့သြစရာ ကောင်းလှသည်မှာ... ထိုစွမ်းအားများသည် ကြေးမုံလမင်း အဆောင်မှ ဖန်တီးလိုက်သော ဟင်းလင်းပြင်တုန်ခါမှုများနှင့် ကွက်တိ လိုက်ဖက် ညီနေခြင်းပင် ဖြစ်ပေသည်။

တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင် ဖွဲ့စည်းမှုကြောင့် ဖြစ်ပေါ်လာသော လှုပ်ရှားမှုများ ငြိမ်သက်သွားသည့် အခါမှသာ... စုယွီသည် စောစောက ရရှိလိုက်သော အသိဉာဏ်အလင်း အခြေအနေမှ ဖြည်းညှင်းစွာ သတိပြန်ဝင်လာခဲ့လေတော့သည်။

"ဟင်းလင်းပြင်စွမ်းအား... တကယ့်ကို နက်နဲ ဆန်းကြယ်ပြီး ခမ်းနားကြီးကျယ်တာပဲ"

စုယွီ၏ မျက်လုံးများထဲတွင် အံ့သြခြင်း၊ တုန်လှုပ်ခြင်းနှင့် ဇဝေဇဝါ ဖြစ်ခြင်းများ ရောပြွန်းနေ၏။

သူသည် ကျောက်စိမ်း စားပွဲပေါ်ရှိ တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်ကို ကြည့်လိုက်ရာ... ရင်ထဲတွင် ဝမ်းသာပီတိများ..ပေါက်ဖွားလာလေ

တော့သည်။

ဤအဆောင်ကို အောင်မြင်စွာ ရေးဆွဲနိုင်လိုက်ခြင်းအားဖြင့်... သူသည် တတိယအဆင့် အဆင့်နိမ့် အဆောင်ပညာရှင် တစ်ဦး အဖြစ် သတ်မှတ်၍ ရသွားပြီ ဖြစ်၏။

ထို့ပြင်၊ သူ ရေးဆွဲခဲ့သည်က ကြေးမုံလမင်း အဆောင် လိုမျိုး အထူး အဆောင်လက်နက်လေ။

သို့သော် ကြေးမုံလမင်း အဆောင်အပေါ် နားလည်မှု တိုးပွားလာသည်နှင့်အမျှ... ဟင်းလင်းပြင်နှင့် ပုံရိပ်ယောင် သဘောတရားများကို ပိုမို နက်ရှိုင်းစွာ သဘောပေါက်လာ၏။ ဟင်းလင်းပြင်၏ ထူးခြားမှုကိုလည်း ခံစားလာရသည်။

ဟင်းလင်းပြင်စွမ်းအား ဆိုသည်မှာ နေရာတိုင်းလိုလိုတွင် ရှိနေတတ်သည်။

သို့ရာတွင်၊ ဒီ တာအိုလမ်းစဉ်က ကျယ်ပြန့်လေလေ... နားလည်ဖို့ ခက်ခဲလေလေပါပင်။

မတော်တဆများ မှားယွင်းသွားခဲ့လျှင်... ဒီအထဲမှာ လုံးဝ ပိတ်မိသွားနိုင်သည်။

ကံကောင်းတာ တစ်ခုကတော့...

စုယွီသည် ဟင်းလင်းပြင်တာအို စွမ်းအားအပေါ် အစွဲအလမ်း မကြီးဘဲ၊ ကြေးမုံလမင်း အဆောင် ရေးဆွဲခြင်းကိုသာ လေ့ကျင့်ခဲ့ခြင်း ဖြစ်၏။ အဆောင်ရေးဆွဲမှု ကျွမ်းကျင်လာအောင် အဆက်မပြတ် ကြိုးစားပြီး... 'ကျွမ်းကျင်မှု မျက်နှာပြင် ၏ အကူအညီနှင့်..ဟင်းလင်းပြင်တာအို စွမ်းအားကို သွယ်ဝိုက်ပြီး နားလည်အောင် လုပ်ယူခဲ့ခြင်း ဖြစ်၏။

ထိုသို့ လုပ်ခြင်းအားဖြင့်... ဟင်းလင်းပြင်တာအို စွမ်းအားကို ပိုပြီး ထိရောက်စွာ နားလည်နိုင်ရုံ သက်သက် မဟုတ်ဘဲ... ထိုအထဲမှာ ပိတ်မိမသွားအောင်လည်း ကာကွယ်ပေးနိုင်ခဲ့သည်။

"ဝှစ်..."

စုယွီ စိတ်ကူးလိုက်သည်နှင့် တပြိုင်နက်... ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။

သူ့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် စုတ်ပြဲသွားပြီး... နောက်တစ်ခဏတွင် စုယွင်၏ ပုံရိပ်သည် တစ်မိုင်ခန့် ဝေးကွာသော အနောက်ဘက် တစ်နေရာတွင် ဘွားခနဲ ပေါ်ထွက်လာလေတော့သည်။

"ဟူး..."

"မဆိုးဘူးပဲ"

ဟင်းလင်းပြင်စွမ်းအား၏ တည်ရှိမှုကို ကိုယ်တိုင် ခံစားလိုက်ရပြီးနောက်... စုယွီ၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပွင့်သီးလာ၏။ သူ လေကို ဝဝရှူသွင်းလိုက်သည်။

စောစောက ခြေတစ်လှမ်း လှမ်းလိုက်တာနှင့်တင်... သူ့ရဲ့ ဝိညာဉ်အမြစ် တစ်ခုတည်းက ချီ စွမ်းအင် (၂၀) ရာခိုင်နှုန်းလောက် ကုန်ခမ်းသွားခဲ့ရသည်။ ပြီးတော့ ဝိညာဉ်စွမ်းအား (၁၀) ရာခိုင်နှုန်းလည်း လျော့နည်းသွားခဲ့သည်။ ကုန်ကျစရိတ်က တော်တော် များပြားလှ၏။

သို့သော်လည်း... သူသည် ဟင်းလင်းပြင်တာအို စွမ်းအားကို တစ်ကိုယ်တည်း အသုံးပြုပြီး 'နေရာရွှေ့ပြောင်းခြင်း' လုပ်ဆောင်နိုင်ခဲ့ပြီ မဟုတ်ပါလော။

All Chapters