← Chapters

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

အခန်း (၂၆၂) - တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်နက် နှင့် လော့ယွဲ့ မဟာမိတ် အပျက်အစီးများ (အပိုင်း - ၅)

~နောက်တစ်ခဏတွင်... စုယွီ၏ ပတ်ဝန်းကျင် ဟင်းလင်းပြင်တွင် လှိုင်းဂယက်များ ထပ်မံ ဖြစ်ပေါ်လာပြန်၏။

သူ၏ ပုံရိပ်သည် ကျောက်စိမ်း စားပွဲခုံဘေးတွင် ပြန်လည် ပေါ်ပေါက်လာခဲ့သည်။

စားပွဲခုံပေါ်တွင် တည်ငြိမ်စွာ ရှိနေသော တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်ကို ကြည့်ရင်း... ထိုအထဲတွင် ကိန်းအောင်းနေသော ဟင်းလင်းပြင်စွမ်းအားနှင့် အာရုံ ထွေပြား စွမ်းအားများကို သူ ခံစားလိုက်မိ၏။

စုယွီ၏ ရင်ထဲတွင် ယုံကြည်မှု တစ်ခု ခိုင်မာစွာ ဖြစ်ပေါ်လာသည်။

"ဒီအဆောင်သာ လက်ထဲမှာ ရှိနေရင်... အမြုတေဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် ပြိုင်ဘက်တွေကိုတောင် ငါ ကြောက်စရာ မလိုတော့ဘူး"

ထိုသို့ တွေးမိသည်နှင့် တစ်ပြိုင်နက်... အခြားသော ထူးခြားသည့် ဒုတိယအဆင့် ထိပ်တန်း အဆောင်နှစ်မျိုးကို သူ သတိရလိုက်မိ၏။ 'မိုးကြိုးပစ်ခွင်း အဆောင်' နှင့် 'အင်မော်တယ် လက်ညှိုး အဆောင်' တို့ ဖြစ်ကြသည်။

လွန်ခဲ့သော နှစ်များအတွင်း စုယွီသည် ကြေးမုံလမင်း အဆောင် ရေးဆွဲခြင်းကို အဓိကထား လေ့ကျင့်နေသော်လည်း... အခြားသော တတိယအဆင့် အဆင့်နိမ့် အဆောင်များကို ဖန်တီးရန်လည်း ကြိုးစားနေခဲ့သည်။

သူ ဖတ်ရှုခဲ့ဖူးသော ရှေးဟောင်း မှတ်တမ်းသုံးအုပ်မှတဆင့်... မပြည့်စုံသော ရှေးဟောင်း တတိယအဆင့် အဆင့်နိမ့် အဆောင်လက်နက် အချို့နှင့် ရှေးဟောင်း ကျင့်ကြံသူများ၏ အဆောင်ပညာ ဆိုင်ရာ အသိဉာဏ်များကို သူ လေ့လာခွင့် ရရှိခဲ့၏။

ထို့ကြောင့် မိုးကြိုးပစ်ခွင်း အဆောင် နှင့် အင်မော်တယ် လက်ညှိုး အဆောင် တို့ကို မည်သို့ မွမ်းမံ ပြင်ဆင်ရမည်ကို အကြံဉာဏ် အတော်များများ ရရှိထားပြီး ဖြစ်၏။

အထူးသဖြင့် ယခုလို တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်ကို အောင်မြင်စွာ ရေးဆွဲပြီးစီးလိုက်သည့် အချိန်တွင်... သူ၏ ယုံကြည်မှုများ ပိုမို ခိုင်မာလာခဲ့သည်။

ခေတ္တမျှ စဉ်းစားပြီးနောက် စုယွီ တီးတိုး ရေရွတ်လိုက်မိ၏။

"အရင်ဆုံး... တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်တွေကို ဆက်လက် ရေးဆွဲပြီး ကျွမ်းကျင်မှု တိုးတက်အောင် လုပ်ရမယ်... ပြီးမှ ဟို အဆောင်နှစ်မျိုးကို မွမ်းမံဖို့ ကြိုးစားတော့မယ်"

သူသည် လက်ချောင်းတွင် ဝတ်ဆင်ထားသော သိုလှောင် လက်စွပ် အတွင်းပိုင်း လေဟာနယ်ကို ဝိညာဉ်အာရုံဖြင့် ကြည့်ရှုလိုက်သည်။ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော ကြိုးပမ်းမှုကြောင့် တတိယအဆင့် အဆင့်နိမ့် အဆောင်ကုန်ကြမ်း အချို့ကို စုမိဆောင်းမိ ရှိနေပြီ ဖြစ်၏။

ပြီးခဲ့သော ကာလများက (၆၀) ကျော် အသုံးပြုပြီးသွားပြီ ဖြစ်သော်လည်း... လက်စွပ်ထဲတွင် (၁၇၀) ကျော် ကျန်ရှိနေသေးသည်။

အရေအတွက်က သိပ်မများလှသော်လည်း၊ နည်းသည်ဟုလည်း မဆိုနိုင်ပေ။

ယခင်က 'တာအိုမိတ်ဆွေ တောင်ပြား' ထံမှ ရရှိခဲ့သော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများမှာမူ... စုယွီ သုံးစွဲလိုက်၍ ကုန်ခမ်းသွားခဲ့ပြီ ဖြစ်၏။

သူ့လက်ထဲတွင် ပြီးစီးသွားသော ဒုတိယအဆင့် ထိပ်တန်း ကြေးမုံလမင်း အဆောင် (၄၀၀) ကျော် ရှိနေ၏။

ဒုတိယအဆင့် အလယ်အလတ်နှင့် အဆင့်နိမ့် အဆောင်များ ဆိုလျှင် အရေအတွက် ပိုများပြားပြီး (၂,၀၀၀) ကျော်အထိ ရှိနေသည်။

ဤမျှ များပြားသော အဆောင်လက်နက်များကို စုမိသားစုဝင်များ တစ်ဦးတည်းဖြင့် အသုံးပြု ကုန်ခမ်းစေရန်မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့် စုယွီသည် ဒုတိယအဆင့် အဆင့်နိမ့်နှင့် အလယ်အလတ် အဆောင်များကို မည်သို့ ငွေဖော်ရမည်၊ မည်သူ့ထံ ရောင်းချရမည် ဆိုသည်ကို စဉ်းစားနေမိ၏။

ခဏအကြာတွင်... စုယွီသည် ကျောက်စိမ်း စားပွဲပေါ်မှ အဆောင်လက်နက်ကို သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်ပြီး၊ တင်ပလ္လင်ခွေ ထိုင်ကာ စိတ်နှင့် ခန္ဓာကိုယ် အားအင်များကို ပြန်လည် ဖြည့်တင်းလိုက်သည်။

အားအင် ပြည့်ဝသွားသောအခါ... သူသည် မတ်တပ်ရပ်လိုက်ပြီး တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်များကို ဆက်လက် ရေးဆွဲလေတော့သည်။

နှစ်ဝက်ကျော် ကြာပြီးနောက်...

ရေခဲနှင့် မီး ဂူစံအိမ်၏ ဗဟိုချက်မတွင် တင်ပလ္လင်ခွေ ထိုင်နေသော စုယွီသည် 'မြေကမ္ဘာသစ်သား ကျင့်စဉ်' ကို လည်ပတ်နေ၏။ ဂူအတွင်းရှိ သိပ်သည်းလှသော သဘာဝ ဝိညာဉ်စွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး ချီ စွမ်းအင်သစ်များ အဖြစ်သို့ ပြောင်းလဲသွားကြသည်။

အစိမ်းရောင် ချီ စွမ်းအင်နှင့် ဝါရွှေရောင် ချီ စွမ်းအင်များ ပေါင်းစပ်သွားပြီး... စုယွီ၏ နောက်ကျောဘက်တွင် ထူးခြားသော ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။

ထိုအခိုက်အတန့်တွင်...

"ဝီ..."

စုယွီ၏ ကျောဘက်မှ အလင်းရောင်များ တောက်ပလာသည်။ 'အစိမ်းရောင် သစ်သား နှစ်ပတ်လည်ကွင်း ကျင့်စဉ်' ကို ကိုယ်စားပြုသော အစိမ်းရောင် အလင်းတန်း သစ်ပင်ကြီးသည် ယိမ်းနွဲ့ လှုပ်ရှားလာပြီး... အစိမ်းရောင် အလင်းစက်ကလေးများသည် စုယွီ၏ ခန္ဓာကိုယ်ပေါ်သို့ တစ်စက်ပြီး တစ်စက် ကျဆင်းလာလေတော့သည်။ အလင်းစက် တစ်စက် ကျဆင်းလာတိုင်း စုယွီ၏ သစ်သား ချီ စွမ်းအင်သည် ပိုမို အားကောင်းလာသည်ကို ခံစားရ၏။

တစ်ချိန်တည်းမှာပင်... သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ရှေးဟောင်း ဆန်းကြယ်သည့် အရှိန်အဝါသည်လည်း ပိုမို လေးလံ နက်ရှိုင်းလာသည်။

အချိန်အတော်ကြာမှ...

စုယွီ၏ အရှိန်အဝါသည် ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားပြီး၊ ဂူအတွင်းရှိ ဝိညာဉ်စွမ်းအင်များလည်း ပြန်လည် ငြိမ်သက်သွား၏။ သူ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သောအခါ... မျက်ဝန်းထဲတွင် အစိမ်းရောင်နှင့် အဝါရောင် အလင်းတန်းများ ဖြတ်ပြေးသွားသည်။ သူသည် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး...

"အခြေခံတည်ဆောက်ခြင်း (၈) ဆင့်မြောက်ကို ရောက်ပြီပဲ"

သူ၏ အရှိန်အဝါ အတက်အကျကို တည်ငြိမ်စွာ အာရုံခံလိုက်မိ၏။

ကျွမ်းကျင်မှု မျက်နှာပြင်ကို ပြန်လည် ကြည့်ရှုလိုက်သောအခါ...

'မြေကမ္ဘာသစ်သား ကျင့်စဉ်' သည် အခြေခံတည်ဆောက်ခြင်း (၈) ဆင့်မြောက်သို့ ရောက်ရှိသွားပြီ ဖြစ်၏။

'အစိမ်းရောင် သစ်သား နှစ်ပတ်လည်ကွင်း ကျင့်စဉ်' ၏ ဒုတိယအကွင်း သည်လည်း (၈) ဆင့်မြောက်သို့ ရောက်ရှိသွားပြီး... သူ၏ ခန္ဓာကိုယ် အတွင်းရှိ နှစ်ကွင်းသည် ပိုမို နက်ရှိုင်းလာကာ ရှေးဟောင်း အငွေ့အသက်များ ပိုမို ထင်ရှားလာ၏။

ထိုကျင့်စဉ်၏ တိုးတက်မှုကြောင့် သူ၏ သက်တမ်းသည်လည်း ထပ်မံ တိုးပွားလာခဲ့သည်။

[သက်တမ်း: ၉၅ / ၄၂၉ နှစ်]

သူ၏ သက်တမ်းကို ကြည့်ရှုပြီးနောက်... စုယွီ၏ ဝိညာဉ်အာရုံသည် သိုလှောင်လက်စွပ်ထဲတွင် စုဆောင်းထားသော တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်များဆီသို့ ရောက်ရှိသွား၏။ လွန်ခဲ့သော နှစ်ဝက်အတွင်း သူသည် အဆောင် (၁၉) ခု စုဆောင်းနိုင်ခဲ့ပြီ ဖြစ်၏။ မနည်းလှသော ပမာဏပင်။

လက်ကျန် အဆောင်ကုန်ကြမ်းများကို စစ်ဆေးကြည့်လိုက်သောအခါ... သူ၏ ကိုယ်ပွားရုပ်သေးက အပြင်မှ ကုန်ကြမ်း ဒါဇင်ကျော် ထပ်မံ ရှာဖွေပေးခဲ့သဖြင့်... လက်ရှိတွင် (၇၀) ကျော် ကျန်ရှိနေသေးကြောင်း တွေ့ရ၏။

ခေတ္တမျှ စဉ်းစားပြီးနောက်... စုယွီသည် ဒုတိယအဆင့် ထိပ်တန်း ကြေးမုံလမင်း အဆောင် (၁၀၀) နှင့် တတိယအဆင့် အဆင့်နိမ့် အဆောင် (၁၀) ခုကို ထုတ်ယူလိုက်ပြီး 'ချန်ခွန်းအိတ်' တစ်လုံးထဲသို့ ထည့်သွင်းလိုက်သည်။ ထို့နောက် သူ၏ ကိုယ်ပွားရုပ်သေးကို ကမ်းပေးလိုက်၏။

ကိုယ်ပွားရုပ်သေးသည် နေလမင်း ဂူစံအိမ်မှ ထွက်ခွာပြီး 'တာ့ယွဲ့ တောင်တန်း' ဆီသို့ ဦးတည် ထွက်ခွာသွားလေတော့သည်။

"ရှာတွေ့ပါစေလို့ပဲ ဆုတောင်းရမှာပေါ့"

စုယွီသည် နေ့စဉ် ကျင့်ကြံမှုများကို ပြီးဆုံးအောင် လုပ်ဆောင်လိုက်ပြီး၊ ကြေးမုံလမင်း အဆောင်များကို ဆက်လက် ရေးဆွဲရန် ပြင်ဆင်နေစဉ်မှာပင်... ဧည့်သည်တစ်ဦး ရောက်ရှိလာ၏။

နန်းတော်၏ ဥယျာဉ် အတွင်းရှိ အဆောင်တွင်...။

စုယွီ ရောက်ရှိသွားသောအခါ... မီးဖိုဘေးတွင် ထိုင်လျက် လက်ဖက်ရည် ကျိုချက်နေသော လှပကျော့ရှင်းသည့် အမျိုးသမီး နှစ်ဦးကို တွေ့လိုက်ရ၏။ တစ်ဦးမှာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရေခဲတောင်ပေါ်မှ နှင်းကြာပန်း တစ်ပွင့်အလား အေးစက်တည်ငြိမ်လှပနေ၏။ အခြားတစ်ဦးမှာမူ အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရင့်ကျက် တည်ငြိမ်သော အလှတရားနှင့် ပြည့်စုံနေသည်။

သူမတို့ နှစ်ဦးမှာ လော့ချန်ယွီ နှင့် ယွီခယ်အာ တို့ပင် ဖြစ်ကြ၏။

စုယွီ လာနေသည်ကို မြင်သောအခါ လော့ချန်ယွီ လှည့်ကြည့်လိုက်ပြီး မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။

"ဂုဏ်ယူပါတယ် တာအိုမိတ်ဆွေ စု... ကျင့်ကြံမှု အဆင့် ထပ်တက်သွားပြန်ပြီပဲ"

ယွီခယ်အာလည်း မော့ကြည့်လိုက်ပြီး စုယွီ၏ အရှိန်အဝါကို အာရုံခံမိသောအခါ ဝမ်းသာအားရ ရေရွတ်လိုက်၏။

"အခြေခံတည်ဆောက်ခြင်း (၈) ဆင့်မြောက်တဲ့လား"

"နှစ်တွေ အများကြီး တံခါးပိတ် ကျင့်ကြံခဲ့ရတဲ့ ရလဒ်လေးပါဗျာ"

စုယွီသည် ယွီခယ်အာ ဘေးတွင် ဝင်ထိုင်လိုက်ပြီး၊ မျက်နှာချင်းဆိုင်ရှိ လော့ချန်ယွီကို ကြည့်ကာ ပြုံးလျက် ခေါင်းခါလိုက်သည်။

"ဒါပေမဲ့... တာအိုမိတ်ဆွေ လော့ နဲ့ ယှဉ်လိုက်ရင်တော့... ကျွန်တော်က အများကြီး နောက်ကျနေပါသေးတယ်"

လော့ချန်ယွီ တိုးတိုးလေး ရယ်မောလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်၏။

"ဒီတစ်ခေါက် ငါ ရောက်လာတာ... နင့်ကို အကူအညီ တစ်ခု တောင်းချင်လို့ပါ"

စုယွီ စိတ်ဝင်စားသွားပြီး မေးလိုက်၏။

"ဘာကိစ္စများပါလိမ့်"

လော့ချန်ယွီသည် ပထမအဆင့် အလယ်အလတ် 'အာရုံ ထွေပြားလမင်း အဆောင်' တစ်ခုကို ထုတ်ယူပြီး စုယွီထံသို့ ကမ်းပေးလိုက်၏။

"ဒီရက်ပိုင်း... ယွင်ရှန်း ဈေးမှာ ဒီအဆောင်မျိုးတွေ ပျံ့နှံ့နေတယ်... ဒါပေမဲ့ အရေအတွက်က အရမ်း နည်းတယ်... စုံစမ်းကြည့်တော့ ဒီအဆောင်တွေက စုမိသားစုက ထွက်တာလို့ သိရတယ်"

"ငါ ထင်တာ မမှားဘူး ဆိုရင်... ဒါ.. နင် ဖန်တီးထားတဲ့ အဆောင် မဟုတ်လား"

စုယွီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိ၏။ 'အာရုံ ထွေပြားလမင်း အဆောင်' ဆိုသည်မှာ အပြင်လောကသို့ ပျံ့နှံ့ခွင့်၊ ရောင်းဝယ်ခွင့် မပြုထားသော ပစ္စည်း ဖြစ်၏။ အကယ်၍ အပြင်ရောက်နေသည် ဆိုပါက... ဖြစ်နိုင်ချေ နှစ်ခုသာ ရှိသည်။

ပထမ တစ်ချက်က... စုမိသားစုဝင် တစ်ဦးဦးက စည်းကမ်းဖောက်ပြီး တိတ်တဆိတ် ရောင်းစားနေခြင်း။

ဒုတိယ တစ်ချက်ကတော့... စုမိသားစုဝင် တစ်ဦးဦး အသတ်ခံလိုက်ရပြီး... လူသတ်သမားက ဒီအဆောင်ကို ပြန်လည် ရောင်းချနေခြင်း ပင် ဖြစ်ပေသည်။

အခန်း (၂၆၃) - ယွင်ကျန်းဂိုဏ်းနှင့် သဘောတူညီချက်၊ တာ့ယွဲ့ တောင်တန်းသို့ စွန့်စားခရီး (အပိုင်း - ၆)

~စုယွီသည် ဘေးနားရှိ ယွီခယ်အာကို လှမ်းကြည့်လိုက်၏။ သူမသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သော်လည်း နောက်ဆုံးတွင် သဘောတူကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

ဒီကိစ္စကို သူမ တာဝန်ယူ ဖြေရှင်းပေးမည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

ထိုအခါမှသာ စုယွီသည် လော့ချန်ယွီဘက်သို့ လှည့်ကြည့်လိုက်ပြီး အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။

"မှန်ပါတယ်... ဒီအဆောင်ကို.. ကျွန်တော် ဖန်တီးခဲ့တာပါ"

လော့ချန်ယွီက မေးမြန်းလိုက်သည်။

"ဒီအဆောင်ကို ရောင်းချဖို့ စိတ်ဝင်စားမှု ရှိမလားရှင်... တကယ်လို့ ရောင်းမယ် ဆိုရင်...နင် ရေးဆွဲနိုင်သလောက် ပမာဏကို ယွင်ကျန်းဂိုဏ်းက အကုန် လက်ခံ ဝယ်ယူပါ့မယ်"

"ပြီးတော့... ဒီ ကြေးမုံလမင်း အဆောင် ရဲ့ ဈေးနှုန်းကို တခြား တူညီတဲ့ အဆင့် ရှိတဲ့ အဆောင်တွေထက် နှစ်ဆ ပေးပါ့မယ်"

စုယွီ အံ့သြတကြီး ကြည့်လိုက်မိ၏။

ဈေးနှုန်း နှစ်ဆ ဟုတ်လား။ ဒါ မနည်းတဲ့ ပမာဏပဲ။

ဝိညာဉ်လက်ဖက်ရည်ကို ဖြည်းညှင်းစွာ သောက်သုံးရင်း စုယွီ စဉ်းစားခန်း ဝင်သွား၏။

နောက်ဆုံးတွင် သူသည် လော့ချန်ယွီနှင့် သဘောတူညီချက် တစ်ခု ရယူလိုက်သည်။

သူက နှစ်စဉ် ယွင်ကျန်းဂိုဏ်းအတွက် ဒုတိယအဆင့် အဆင့်နိမ့် အဆောင် (၂၀၀)၊ ဒုတိယအဆင့် အလယ်အလတ် အဆောင် (၁၀၀) နှင့် ဒုတိယအဆင့် အဆင့်မြင့် အဆောင် (၅၀) ကို ရေးဆွဲပေးမည် ဖြစ်၏။

သို့သော် ယွင်ကျန်းဂိုဏ်းဘက်မှ ဒုတိယအဆင့် အဆင့်နိမ့် အဆောင်ကုန်ကြမ်း (၆၀၀)၊ ဒုတိယအဆင့် အလယ်အလတ် ကုန်ကြမ်း (၃၀၀) နှင့် ဒုတိယအဆင့် အဆင့်မြင့် ကုန်ကြမ်း (၁၅၀) ကို ထောက်ပံ့ပေးရမည် ဖြစ်၏။

ထို့အပြင်... ဤအဆောင်များအတွက် ပေါက်ဈေးအတိုင်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများဖြင့် ပေးချေရမည် ဖြစ်၏။

ဆိုလိုသည်မှာ... အဆောင်လက်နက် တစ်ခုအတွက် ကုန်ကြမ်း သုံးဆ ပေးရမည့်အပြင်၊ ဝယ်ယူခ အနေဖြင့် ဝိညာဉ်ကျောက်တုံးများပါ ထပ်ဆောင်း ပေးရမည် ဖြစ်၏။

ခန့်မှန်းခြေအားဖြင့် တစ်နှစ်လျှင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁,၅၀၀) ခန့် ရရှိမည်ပင်။

ယွင်ကျန်းဂိုဏ်းက ဒီအဆောင်တွေကို ဘယ်လို သုံးမလဲ ဆိုတာ စုယွီ ဂရုမစိုက်ပေ။

နှစ်စဉ် ကုန်ကြမ်းပစ္စည်းများ ပုံမှန် ရရှိနေမည့်အပြင်၊ ဝင်ငွေလည်း ပုံမှန် ရရှိနေမည် ဆိုတော့... စုယွီအတွက် သတင်းကောင်း တစ်ခုပင် ဖြစ်၏။

ဒီဝင်ငွေနှင့် ဆိုရင်... နေလမင်း ကျွန်းပေါ်မှာ အေးအေးဆေးဆေး ကျင့်ကြံနေ၍ ရပြီလေ။

လော့ချန်ယွီ ပြန်ခါနီးတွင်... စုယွီက တတိယအဆင့် အဆင့်နိမ့် အဆောင်ကုန်ကြမ်းများကိုပါ ရှာဖွေပေးရန် အကူအညီ တောင်းလိုက်၏။ လော့ချန်ယွီ သဘောတူခဲ့သော်လည်း... ကံဆိုးစွာပင် ယွင်ကျန်းဂိုဏ်းတွင် တတိယအဆင့် အဆောင်များအတွက် သင့်တော်သော ဝိညာဉ်ကျောက်စိမ်းတွင်း မရှိချေ။

နောက်ထပ် လဝက် ကြာပြီးနောက်...

စုယွီ၏ 'ရေခဲနှင့် မီး ကျင့်စဉ်' နှင့် 'ကုန်းကျင်း ကောင်းကင်ဓားသိုင်း' တို့သည် အခြေခံတည်ဆောက်ခြင်း (၈) ဆင့်မြောက်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

အင်အား အနည်းငယ် တိုးတက်လာသည်နှင့်အမျှ... စုယွီသည် တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်များကို ရေးဆွဲရင်း တစ်ဖက်တွင် 'မိုးကြိုးပစ်ခွင်း အဆောင်' နှင့် 'အင်မော်တယ် လက်ညှိုး အဆောင်' တို့ကို မွမ်းမံ ပြင်ဆင်ရန် စမ်းသပ်လေတော့သည်။

ကြေးမုံလမင်း အဆောင်မှ ရရှိသော ဟင်းလင်းပြင်နှင့် အာရုံ ထွေပြား စွမ်းအား ပေါင်းစပ်မှု အသိဉာဏ်များ၊ သဘာဝ စွမ်းအား အားလုံးသည် အဆောင် ဖြစ်လာနိုင်သည် ဟူသော သဘောတရားများကို အခြေခံပြီး...

စုယွီသည် ထိုအဆောင်နှစ်မျိုးထဲသို့ ကြေးမုံလမင်း အဆောင်၏ ဟင်းလင်းပြင်စွမ်းအားကို ထည့်သွင်း ပေါင်းစပ်ရန် ကြိုးစားနေခြင်း ဖြစ်၏။

တစ်ချိန်တည်းမှာပင်... အခြားတစ်ဖက်၌...

စုယွီ၏ ကိုယ်ပွားဖြစ်သော 'တာအို ခန္ဓာ ရုပ်သေး' သည် 'တာ့ယွဲ့ တောင်တန်း' အပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အဆုံးမရှိ ကျယ်ပြန့်လှသော တောရိုင်း နယ်မြေကြီးကို ကြည့်ရင်း... တုံ့ဆိုင်းခြင်း မရှိဘဲ အတွင်းသို့ တိုးဝင်သွားလေတော့သည်။

ချုံနွယ်ပိတ်ပေါင်းများကြားသို့ ရောက်ရှိသောအခါ... သူ၏ မူလ ပုံသဏ္ဍာန်ဖြစ်သော 'လက်ရှစ်ဖက် ဓားလွယ် နှံကောင်' အသွင်သို့ ပြောင်းလဲလိုက်ပြီး... နောက်သို့ ပြန်မကြည့်တော့ဘဲ ဗဟိုချက်မ နေရာဆီသို့ တည့်တည့်မတ်မတ် ချီတက်သွားလေတော့သည်။

တာ့ယွဲ့ တောင်တန်း အတွင်းသို့ ဝင်ရောက်လာပြီးနောက်... ရုပ်သေးရုပ်သည် အပြင်ဘက်နှင့် အတွင်းဘက် နယ်မြေများကို ဖြတ်သန်းသွားခဲ့သည်။ ဒီကာလအတွင်း တောင်တန်းကြီး၌ ဖြစ်ပေါ်ခဲ့သော ပြောင်းလဲမှုများကို သူ အတိုင်းသား ခံစားနေရ၏။

လွန်ခဲ့သော အကြီးစား မိစ္ဆာသားရဲ ဒီလှိုင်း ဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်း (၃၀) ခန့် ရှိခဲ့ပြီ ဖြစ်၏။

ထိုအချိန်က သားရဲကောင် အရေအတွက် အလွန် နည်းပါးသွားခဲ့သော်လည်း... ယခုအခါ ရုပ်သေးရုပ် အတွင်းပိုင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ သက်ရှိ သတ္တဝါများ၏ အရိပ်အယောင်များကို တွေ့မြင်လာရသည်။

တာ့ယွဲ့ တောင်တန်းတွင် သားရဲကောင် အရေအတွက်သည် လျင်မြန်စွာ တိုးပွားလာနေလေပြီ။

သားရဲအုပ်စု များစွာသည် တောင်တန်းကြီး၏ နေရာအနှံ့အပြားတွင် ပြန်လည် ကျက်စားလာကြသည်။

အတွင်းပိုင်း နယ်မြေတွင် ဒုတိယအဆင့် သားရဲကောင် အရေအတွက် သိသိသာသာ များပြားလာသည်ကို ရုပ်သေးရုပ် အာရုံခံမိ၏။

တောင်ကြားတစ်ခု ရှေ့တွင်...

တောင်ကုန်းငယ် တစ်ခုမျှ လောက်ရှိသော ဒုတိယအဆင့် ဝက်မိစ္ဆာ ကြီးများသည် အုပ်စုလိုက် ရွှေ့ပြောင်းသွားလာနေကြ၏။ တစ်ကိုယ်လုံးတွင် ဆူးချွန်များ ဖုံးလွှမ်းနေပြီး... စုစုပေါင်း အကောင် (၂၀) ကျော် ရှိသည်။ သူတို့သည် သစ်တောအုပ်ကြီးကို ထိုးခွဲပြီး သွားလာနေကြသည်။

ဝိညာဉ်သစ်သီးများ၊ ဝိညာဉ်ဆေးပင်များ၊ သစ်ရွက်များ၊ သစ်ခေါက်များ နှင့် အခြားသော သားရဲကောင်များ၏ အသားများကိုပါ မကျန်... တွေ့သမျှ အရာအားလုံးကို စားသောက် ဝါးမျိုသွားကြ၏။

ထိုအချိန်တွင် ရိပ်ခနဲ ပုံရိပ်တစ်ခု သစ်တောအုပ်ထဲမှ ဖြတ်သန်းသွားသည်။

"ရွှစ်..."

အေးစက်သော ဓားရောင် တစ်ချက် ဝင်းလက်သွားပြီး... မျက်စိတစ်မှိတ် အတွင်းမှာပင် ဝက်မိစ္ဆာ အကောင် (၂၀) ကျော်၏ ခေါင်းများ ပြတ်ကျသွားလေတော့သည်။ ကြီးမားသော ဝက်ခေါင်းကြီးများသည် မြေကြီးပေါ်သို့ လိမ့်ခနဲ လိမ့်ကျသွားပြီး၊ နောက်မှ ခန္ဓာကိုယ်ကြီးများပါ လဲကျသွားကြသည်။

မြေကြီးပေါ်သို့ လဲကျသွားသော အရှိန်ကြောင့် မြေပြင် တစ်ခုလုံး တုန်ခါသွားရ၏။

ရုပ်သေးရုပ်သည် ထို ဝက်မိစ္ဆာများကို ကြည့်လိုက်ပြီး၊ သူတို့၏ အမြုတေ နှင့် အသွေးအနှစ်များကို လိုက်လံ စုဆောင်းလိုက်သည်။

ကျန်ရှိနေသော ဆူးချွန်များ၊ သားရေများနှင့် အစွယ်များကိုလည်း သိမ်းဆည်းလိုက်ပြီး၊ ကျန်တာများကိုတော့ ထားရစ်ခဲ့သည်။

(၁၅) မိနစ်တောင် မကြာလိုက်ပါချေ။ ရုပ်သေးရုပ်သည် အလုပ်ကိစ္စ ပြီးစီးသွားလေပြီ။

"ဝီ..."

နောက်သို့ ပြန်မကြည့်တော့ဘဲ တာ့ယွဲ့ တောင်တန်း၏ ဗဟိုချက်မဆီသို့ ဆက်လက် ထွက်ခွာသွားလေတော့သည်။

*

လဝက်ခန့် ကြာပြီးနောက်...

ရုပ်သေးရုပ်သည် တောင်တန်းကြီး၏ ပိုမို နက်ရှိုင်းသော နေရာသို့ ရောက်ရှိလာခဲ့၏။ တောင်ကြီး တစ်လုံး၏ ရှေ့တွင် ရပ်တန့်လိုက်ပြီး... တတိယအဆင့် အဆင့်နိမ့် သားရဲကောင် တစ်ကောင်၏ အရှိန်အဝါကို အာရုံခံမိလိုက်သည်။

ဒီတောင်ကို ကျော်လိုက်လျှင်... တာ့ယွဲ့ တောင်တန်း၏ ဗဟိုချက်မ နယ်မြေကို ရောက်ရှိတော့မည် ဖြစ်၏။

ခရီးလမ်းတစ်လျှောက်လုံး သူသည် ဒုတိယအဆင့် သားရဲများကို တမင်တကာ လိုက်လံ မသတ်ဖြတ်ခဲ့သော်လည်း... လမ်းကြုံ ရှင်းလင်းခဲ့ရသော သားရဲကောင် အရေအတွက်မှာ (၂၀) ကျော် ရှိနေပြီ ဖြစ်၏။

ယခု သူ့ရှေ့တွင် ပထမဆုံးအကြိမ် အနေဖြင့် တတိယအဆင့် သားရဲကောင် တစ်ကောင်ကို တွေ့ရှိလိုက်ရခြင်း ဖြစ်ပေသည်။

အရှိန်အဝါကို အကဲခတ်ကြည့်လိုက်သောအခါ ရုပ်သေးရုပ် တွက်ချက်လိုက်မိ၏။

"သူ့အင်အားက အမြုတေဖွဲ့စည်းခြင်း ပထမ သို့မဟုတ် ဒုတိယ အဆင့်လောက် ရှိမယ်"

“သတ်လို့ ရတယ်။”

သို့ရာတွင်၊ ဒီနေရာကို လာရသည့် မူလ ရည်ရွယ်ချက်ကို ပြန်စဉ်းစားလိုက်ပြီး... ရုပ်သေးရုပ်သည် သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်လိုက်၏။ ထိုသားရဲကောင်ကို ရှောင်ကွင်းပြီး ဗဟိုချက်မ နယ်မြေထဲသို့ ဝင်ရောက်သွားရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်ဝယ်၊ ရှေ့ရှိ တောင်ကြီး၏ နက်ရှိုင်းသော ဂူမည်းကြီး တစ်ခုထဲတွင်... ကြီးမားသော မြွေကြီး တစ်ကောင် ရုတ်တရက် လန့်နိုးလာ၏။

မြွေကြီးသည် ခေါင်းထောင်လိုက်ပြီး၊ အေးစက်သော မျက်လုံးများဖြင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ နှစ်ခွ လျှာကို ထုတ်လိုက်၊ သွင်းလိုက် လုပ်ရင်း လေထုထဲမှ အနံ့အသက်များကို အာရုံခံနေ၏။

စောစောလေးကတင်... ထူးဆန်းသော အန္တရာယ် အငွေ့အသက် တစ်ခုကို ခံစားလိုက်ရသည်။

သို့သော် လူသား ကျင့်ကြံသူ တစ်ယောက်မှ မရှိသလို၊ အခြား တတိယအဆင့် သားရဲကောင်လည်း မရှိပေ။ ဤအချက်က သူ့ကို အလွန် ဇဝေဇဝါ ဖြစ်စေ၏။

မြွေကြီး တွေးလိုက်မိသည်။

"ငါ စိတ်ထင်နေတာများလား"

ခဏအကြာတွင် မည်သည့် ထူးခြားသော လှုပ်ရှားမှုမှ မတွေ့ရသဖြင့် မြွေကြီးသည် ပြန်လည် အိပ်စက်လိုက်သည်။

တတိယအဆင့် ရောက်လာပြီ ဖြစ်သဖြင့်... သူတို့၏ ဉာဏ်ရည်သည် လူသားများလောက် မမြင့်မားသေးသော်လည်း၊ ဒုတိယအဆင့် သားရဲများကဲ့သို့ မတုံးတော့ပေ။

အခြားတစ်ဖက်တွင်...

ရုပ်သေးရုပ်သည် တာ့ယွဲ့ တောင်တန်း၏ ဗဟိုချက်မ နယ်မြေထဲသို့ သတိကြီးစွာဖြင့် ဝင်ရောက်နေ၏။ စိတ်ထဲရှိ ရှေးဟောင်း မြေပုံနှင့် လက်ရှိ မြေပြင်အနေအထားကို နှိုင်းယှဉ် ကြည့်လိုက်ရာ... 'လော့ယွဲ့ မဟာမိတ်' ၏ ဂူစံအိမ်သည် အရှေ့ဘက်တွင် ရှိသင့်ကြောင်း တွေ့ရှိရသည်။

သို့သော် တိကျသော တည်နေရာကိုတော့ တစ်စချင်းစီ ရှာဖွေရဦးမည် ဖြစ်၏။

နေလမင်း ကျွန်း အပျက်အစီးများကဲ့သို့ပင်... လော့ယွဲ့ မဟာမိတ် အဖွဲ့၏ ဂူစံအိမ်သည် မြေအောက် အနက်ရှိုင်းဆုံးတွင် မြှုပ်နှံထားခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

*

နှစ်ကာလများ တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွားခဲ့လေပြီ။

သုံးနှစ် ကြာပြီးနောက်...

တာ့ယွဲ့ တောင်တန်း၏ အရှေ့ဘက် ဗဟိုချက်မ နယ်မြေရှိ ပေနှစ်ထောင်ခန့် နက်သော ချောက်ကမ်းပါးကြီး တစ်ခု၏ အောက်ခြေတွင်...။ ရုပ်သေးရုပ်သည် မြေကြီး အရှိန်အဝါ၏ ပုံမှန် မဟုတ်သော ပြောင်းလဲမှု တစ်ခုကို ခြေရာခံရင်း မြေကြီးထဲသို့ တိုးဝင်သွားခဲ့ရာ... မြေအက်ကြောင်း တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

သူ့အောက်ခြေတွင်... မျက်စိကျိန်းလောက်အောင် တောက်ပသော အခင်းအကျင်း အတားအဆီး တစ်ခုသည် ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးကို လွှမ်းခြုံထားသည်ကို တွေ့လိုက်ရ၏။

ထို အခင်းအကျင်းကြီးမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါသည် သူ့ထံသို့ ရောက်ရှိလာသည်။ ရုပ်သေးရုပ်သည် ခြေလှမ်း ရပ်တန့်လိုက်ပြီး၊ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာမှု အရောင်များ တောက်ပလာလေတော့သည်။

"လော့ယွဲ့ မဟာမိတ် အဖွဲ့ရဲ့ အပျက်အစီးတွေကို... ငါ ရှာတွေ့သွားပြီလား”

အခန်း (၂၆၄) - ဓာတ်ကြီးငါးပါး လမ်းစဉ်နှင့် ရွှေရောင်အမြုတေ

~ဤနေရာသည် မြေအောက် ချော်ရည်ပူများ စီးဆင်းနေသော မြေအက်ကြောင်း နယ်မြေ တစ်ခုတည်း။

စုယွီသည် 'မြေကမ္ဘာလွတ်မြောက်ခြင်း စွမ်းရည်' ကို အသုံးပြုကာ၊ မြေကြီးအောက်ရှိ ဝိညာဉ်စွမ်းအင် အပြောင်းအလဲများကို ခြေရာခံရင်း မြေအောက် ပေနှစ်ထောင်ခန့် အနက်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သောအခါ... ဤ မြေအောက်ကမ္ဘာသည် အဆုံးမရှိ ကျယ်ပြန့်နေပြီး၊ အသစ်စက်စက် ပေါ်ထွန်းလာသော ကမ္ဘာသစ်တစ်ခုအလား ထင်မှတ်ရ၏။

မှောင်မိုက်ပြီး အုံ့မှိုင်းနေသည်။

အောက်ခြေရှိ ဝိညာဉ်အပင်များ ထံမှ ဝိုးတဝါး ထွက်ပေါ်နေသော အစိမ်းရောင် အလင်းတန်းများကသာ တစ်ခုတည်းသော အလင်းရောင် အရင်းအမြစ် ဖြစ်နေရှာသည်။

သို့သော် ခဏအကြာတွင်... ကိုယ်ပွားရုပ်သေး၏ မျက်လုံးများ အနည်းငယ် လှုပ်ခါသွား၏။ သူသည် အောက်ဖက်ရှိ သစ်တောအုပ်ထဲသို့ လျှောဆင်းလိုက်ပြီး၊ မိမိ၏ အရှိန်အဝါများကို လုံးဝ ဖုံးကွယ်ထားလိုက်သည်။

နောက်တစ်ခဏတွင် ထူးဆန်းသော အရှိန်အဝါများ သစ်တောအုပ်ကို ဖြတ်သန်း ရှာဖွေသွားကြလေ၏။

'ဝိညာဉ်သားရဲတွေလား... ဒါမှမဟုတ် မိစ္ဆာမျိုးနွယ်တွေလား’

ဤ မြေအောက် ချော်ရည်ပူ ကမ္ဘာတွင် ထူးဆန်းသော အရှိန်အဝါများ ပုန်းခိုနေကြောင်း သူ အာရုံခံမိလိုက်သည်။

ဝိညာဉ်သားရဲလား၊ မိစ္ဆာမျိုးနွယ်လား ဆိုသည်ကို သူ မသေချာသော်လည်း... ထိုအရှိန်အဝါများထဲမှ အချို့သည် သူ့အား ကြီးမားသော ဖိအားကို ပေးစွမ်းနေ၏။

ခေတ္တမျှ စောင့်ဆိုင်းပြီးနောက်... 'လက်ရှစ်ဖက် ဓားလွယ် နှံကောင်' အသွင် ဖန်တီးထားသော ကိုယ်ပွားရုပ်သေးသည် စွမ်းအားကြီး အခင်းအကျင်းများ လွှမ်းခြုံထားသော နေရာဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားလေတော့သည်။

ရုပ်သေးရုပ် ထွက်ခွာသွားပြီး မကြာမီမှာပင်...

"ရွှီး... ရွှီး... ရွှီး..."

သစ်တောအုပ် အနီးတွင် ပုံရိပ်အမျိုးမျိုး ထွက်ပေါ်လာကြ၏။

လျှပ်စီးအလင်းတန်းများ တဖျပ်ဖျပ် လက်နေသော ကြွက်ဝိညာဉ်သားရဲကြီး တစ်ကောင်သည် ပတ်ဝန်းကျင်ကို အေးစက်စွာ ကြည့်ရှုလိုက်ပြီး အက်ကွဲစွာ.. ပြောဆိုလိုက်သည်။

"မြွေလိပ်အိုကြီး... ကျားနက်... ပြီးတော့ တောင်နက် နွားသိုးကြီး... စောစောလေးက ပြင်ပက သားရဲ တစ်ကောင် ဝင်လာတယ် မဟုတ်လား"

ထိုအခါ၊ အနီးနားရှိ အပင်များ လှုပ်ရှားသွားပြီး... မိုးထိအောင် မြင့်မားသော သစ်ပင်ရိပ်အောက်မှ ကြီးမားသော အရိပ်မည်းကြီး တစ်ခု ထွက်ပေါ်လာ၏။ မြေကြီးပင် တုန်ခါသွားရသည်။

ထို့နောက်...

(၁၀) ပေနီးပါး ရှည်လျားသော ကြီးမားလှသည့် ဝိညာဉ်သားရဲကြီး တစ်ကောင် ဖြည်းညှင်းစွာ ထွက်ပေါ်လာ၏။ မြွေခေါင်း၊ မြွေအမြီး နှင့် လိပ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားသော ဤသတ္တဝါသည် ရှေးဟောင်း ဝိညာဉ်သားရဲ တစ်ကောင်ဖြစ်သည့် 'မြွေခေါင်းလိပ်'ပင် ဖြစ်ချေသည်။ ဤကမ္ဘာ၏ မူလ ဌာနေ သတ္တဝါလည်း ဖြစ်၏။

ကောလာဟလများအရ သူတို့သည် ရှေးဟောင်း မြွေနှင့် လိပ်တို့ ပေါင်းစပ်ရာမှ ပေါက်ဖွားလာသော မျိုးဆက်များဟု ဆိုကြသည်။ ဟုတ်သည်၊ မဟုတ်သည်ကိုတော့ အခြား ဝိညာဉ်သားရဲများ အနေဖြင့် သိပ်မယုံကြည်ကြပေ။ မြွေလိပ်အိုကြီးက သူ့မူလအစကို ကြွားဝါနေခြင်းဟုသာ ထင်မှတ်ကြသည်။ ရှေးဟောင်းခေတ် ဆိုသည်မှာ သူတို့နှင့် အလွန် ဝေးကွာလွန်းသည် မဟုတ်ပါလော။

အခြား တစ်နေရာတွင်... ကြီးမားသော ကျားနက် ဝိညာဉ်သားရဲကြီး တစ်ကောင် ထွက်ပေါ်လာပြန်သည်။ ခန္ဓာကိုယ်တွင် အဖြူနှင့် အမည်း အစင်းကြားများ ဖုံးလွှမ်းနေပြီး၊ မျက်လုံးများမှာ ဖြူဖွေးနေ၏။

ထိုမျက်လုံးများကို ကြည့်လိုက်လျှင် ထူးဆန်းသော ဝိညာဉ်စွမ်းအား တစ်မျိုးကို ခံစားလိုက်ရပြီး၊ ရင်ဆိုင်ကြည့်ရုံနှင့်ပင် ကြောက်ရွံ့သွားစေနိုင်သည်။

ဤသည်မှာ 'ကျားနက်' ဟု ခေါ်သော 'မျက်လုံးဖြူ ဝိညာဉ်ကျား' ပင် ဖြစ်၏။ ရှေးဟောင်း သွေးစည်း ပါဝင်သော ဝိညာဉ်သားရဲ အိုကြီး တစ်ကောင် ဖြစ်၏။

နောက်ဆုံး ထွက်ပေါ်လာသူမှာ... သန်မာထွားကြိုင်းပြီး ခန့်ညားလှသော 'နွားနက်ကြီး' ပင် ဖြစ်၏။ လည်ပင်းတွင် ထူထဲသော အမွေးအမျှင်များ ဖုံးလွှမ်းနေပြီး၊ ဂျိုများမှာ နတ်ဘုရား လက်နက်များအလား ထက်ရှနေ၏။ သူ့အရှိန်အဝါသည် ဝိညာဉ်သားရဲများ အားလုံးထဲတွင် အပြင်းထန်ဆုံး ဖြစ်ပေသည်။

နွားနက်ကြီးသည် ကြွက်သားရဲကို တစ်ချက် လှမ်းကြည့်လိုက်၏။ မူလက ဆိုလျှင် ဤကြွက်သည် 'ကျောက်ဆောင်ကြွက်' ကဲ့သို့သော အဆင့်နိမ့် သတ္တဝါသာ ဖြစ်သင့်သည်။

သို့သော် အကြောင်း တစ်စုံတစ်ရာကြောင့်... ၎င်း၏ သွေးမျိုးဆက်သည် ပြောင်းလဲသွားပြီး မိုးကြိုးစွမ်းအားများ ရရှိလာခဲ့ခြင်း ဖြစ်၏။

ဒီနေရာမှာ နှစ်ပေါင်း တစ်ရာကျော် နေထိုင်လာပြီးနောက်... မျိုးဆက်များစွာ ပေါက်ဖွားလာခဲ့သည်။ အနည်းစုကသာ ကြွက်သားရဲ၏ မိုးကြိုး သွေးမျိုးဆက်ကို ဆက်ခံနိုင်ခဲ့ပြီး၊ အများစုကတော့ မဆက်ခံနိုင်ဘဲ မောင်းထုတ်ခံခဲ့ရသည်။

ကြွက်သားရဲသည် သူတို့အကြားတွင် တစ်ကောင်တည်းသော ပြင်ပကောင် ဖြစ်ပြီး၊ အားအနည်းဆုံး၊ အရှက်အကင်းမဲ့ဆုံးနှင့် ဉာဏ်အများဆုံး ကောင်လည်း ဖြစ်၏။

သူ့ကိုယ်သူ 'ကောင်းကင်မိုးကြိုး ကြွက်' ဟု ခေါ်ဆိုလေ့ ရှိသည်။ အရင်တုန်းက သူတို့ မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြသေးသော်လည်း၊ ပြေးတာ လွှားတာ သိပ်တော်လွန်း၍ သည်အတိုင်း ထားလိုက်ကြခြင်း ဖြစ်၏။

သူတို့ လေးဦးသည် ဤ မြေအောက် ချော်ရည်ပူ ကမ္ဘာ၏ 'မိစ္ဆာဘုရင်' များ ဖြစ်ကြပြီး၊ နယ်မြေ အသီးသီးကို ခွဲဝေ အုပ်ချုပ်ထားကြ၏။

ပိုးသားကဲ့သို့ ချောမွေ့သော အရေပြား ပိုင်ဆိုင်ထားသည့် တောင်နက် နွားသိုးကြီးသည် အသံနက်ကြီးဖြင့် ပြောဆိုလိုက်သည်။

"အဲ့ဒီကောင်က ထူးဆန်းတယ်... ကြည့်ရတာ လက်ရှစ်ဖက် နှံကောင် ဝိညာဉ်သားရဲနဲ့ တူပေမယ့်... အရွယ်အစားက သေးလွန်းတယ်... ဒါပေမဲ့ သူ့အင်အားကတော့ မသေးလှဘူး... တတိယအဆင့် အဆင့်နိမ့် အဆင့်ကို ရောက်နေပြီကွ"

ထိုအခါ၊ သူတို့အထဲတွင် အကြီးမားဆုံး ဖြစ်သော မြွေလိပ်အိုကြီးကလည်း ရှေးဟောင်းဆန်သော အသံကြီးဖြင့် ဝင်ရောက် ပြောဆိုလိုက်၏။

"ဝိညာဉ်သားရဲနဲ့ မတူဘူး... မိစ္ဆာမျိုးနွယ် က သားရဲနဲ့ ပိုတူတယ်... အဲ့ဒါမှ မဟုတ်ရင် လူသားတွေ.. ဖန်တီးထားတဲ့ ရုပ်သေးသားရဲ ဖြစ်လိမ့်မယ်"

"ဒါပေမဲ့ မဟုတ်သေးပါဘူး... လူသားတွေရဲ့ ရုပ်သေးက ဒီလောက် လှုပ်ရှားမှု မြန်ဆန်ပြီး တုံ့ပြန်မှု ကောင်းမှာ မဟုတ်ဘူး"

"အင်း..."

ခဏလောက် စဉ်းစားပြီးနောက် မြွေလိပ်အိုကြီး ဆက်ပြောလိုက်သည်။

"လူသားတွေကြားမှာ 'ရုပ်သေးပညာ' ဆိုတာ ရှိတယ်လို့ ကောလာဟလ ကြားဖူးတယ်... ကိုယ့်ရဲ့ ဝိညာဉ် တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ပြီး ရုပ်သေးထဲ ထည့်သွင်းလိုက်ရင်... ကိုယ်ပွား တစ်ခု အဖြစ် ပြောင်းလဲသွားပြီး လွတ်လပ်စွာ သွားလာ တိုက်ခိုက်လို့ ရတယ်တဲ့"

"ကြည့်ရတာ... ဒီပညာရပ် ပျောက်ကွယ်မသွားသေးဘူး ထင်တယ်"

"ဒီလောက် ကြာနေပြီ... ဒီလို စိတ်ဝင်စားစရာ ကောင်းတဲ့ အခြေအနေမျိုး ပထမဆုံး ကြုံဖူးတာပဲ"

ဟု ကျားနက်ကြီးက တီးတိုး ရေရွတ်လိုက်၏။

သူတို့ သုံးဦးစလုံး စိုးရိမ်ပုံ မရသည်ကို တွေ့ရသောအခါ ကောင်းကင်မိုးကြိုး ကြွက်ကြီး စိတ်မရှည် ဖြစ်လာ၏။

"ဒါ လူသားလေဗျာ... မြန်မြန် လိုက်ရှာသင့်တာ မဟုတ်ဘူးလား... ဒီနေရာ အကြောင်း သတင်းတွေ ပေါက်ကြားသွားရင် ဒုတိယ ဖြစ်ကုန်မှာပေါ့"

"ဟား..."

မြွေလိပ်အိုကြီးက အေးအေးဆေးဆေးပင် ပြောလိုက်၏။

"လူသားတွေရဲ့ 'တာ့ယွဲ့ နန်းတော်' ကိုယ်တိုင်က... 'ရှေးဟောင်း လော့ယွဲ့ မဟာမိတ်' ရဲ့ အမွေအနှစ် တချို့ကို ရရှိထားပြီးသားပါ... ဒါကြောင့် ဒီစွမ်းအားကို ဖန်တီးခဲ့တာ သူတို့ ဖြစ်ဖို့ များတယ်"

"တကယ်လို့ သူတို့ ဝင်လာချင်ရင်... ဟိုးအရင်ကတည်းက ဝင်လာပြီးသား ဖြစ်မှာပေါ့"

"ဒီနေရာကို လွန်ခဲ့တဲ့ နှစ်တွေတုန်းက 'ယင်ယွဲ့ ကျားမျိုးနွယ်' က လာစစ်ဆေးဖူးတယ်... ဒါပေမဲ့ သူတို့ ဘယ်တော့မှ ဝင်လို့ မရခဲ့ဘူး"

"မင်းလိုပါပဲ..မိုးကြိုးကြွက်စုတ်လေးရာ... မူလက မြေလျှိုးတတ်တဲ့ ကျောက်ဆောင်ကြွက် ပါရမီ ပါပါရက်နဲ့... ဒီလောက် နှစ်တွေ ကြာတာတောင် မင်း ဝင်လို့မှ မရတာ"

"ဟို လက်ရှစ်ဖက် နှံကောင် ကိစ္စကတော့... တကယ်လို့ သူက ရုပ်သေးကိုယ်ပွား ဖြစ်နေပြီး မင်း သူ့ကို ဖျက်ဆီးလိုက်နိုင်ရင်တောင်မှ... လူသားကို ဘာမှ ထိခိုက်မှာ မဟုတ်ဘူး"

"ဒါကြောင့်... သွားပြီး ပြန်အိပ်လိုက်ပါတော့ကွာ"

"ဒီနေရာ အကြောင်း သတင်းတွေ ပေါက်ကြားသွားရင်တောင်မှ... ဘယ်သူမှ ဝင်မလာရဲပါဘူး... ဒီနေရာက တာ့ယွဲ့ တောင်တန်းရဲ့ ဗဟိုချက်မ နယ်မြေလေ... ယင်ယွဲ့ ကျားမျိုးနွယ်တွေရဲ့ ပိုင်နက်လေ"

"အလကားနေရင်း စိုးရိမ်မနေစမ်းပါနဲ့"

"အင်း..."

တောင်နက် နွားသိုးကြီးက သဘောတူကြောင်း ညည်းတွားလိုက်ပြီး လှည့်ထွက်သွားလေတော့သည်။

တစ်ချိန်တည်းမှာပင်... မျက်လုံးဖြူ ဝိညာဉ်ကျားကြီးသည် စကားတစ်ခွန်းမျှ မဆိုဘဲ... မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားလေတော့သတည်း။

All Chapters