← Chapters

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

အခန်း (၂၆၅) - ဓာတ်ကြီးငါးပါး နည်းစနစ်၊ ရွှေရောင်အမြုတေ လမ်းစဉ် ပေါက်မြောက်နိုင်ပြီ (အပိုင်း ၂)

~မြွေခေါင်းလိပ်ကိုယ် သားရဲအိုကြီးသည် ဖြည်းညှင်းစွာ လမ်းလျှောက်ပြန်လာရင်း၊ အခင်းအကျင်း တည်ရှိရာ နယ်ပယ်ဆီသို့ အကြည့်ပို့လိုက်လေသည်။

ဤနေရာ ဝန်းကျင်တွင် နှစ်ပေါင်း (၈၀၀) ကျော်ကြာ နေထိုင်လာခဲ့ရာ၊ လူသားများ တိတ်တဆိတ် ဝင်ရောက်လာသည်ကို တစ်ခါမျှ မကြုံဖူးသည်တော့ မဟုတ်ချေ။

သို့သော် ခြွင်းချက်မရှိ... ထိုသူအားလုံးသည် ထိုအခင်းအကျင်း၏ ပိတ်ဆို့မှုကို ခံခဲ့ကြရသည်ချည်းပင်။

"နှစ်ပေါင်း ရှစ်ရာတောင် ကြာခဲ့ပြီပဲ... လူသားမျိုးနွယ်တွေ မျိုးဆက်ဘယ်နှဆက်လောက်တောင် ပြောင်းလဲသွားခဲ့ပြီလဲ..."

မြွေလိပ်အိုကြီး တွေးတောလိုက်မိသည်။ ထိုလူသားပုရွက်ဆိတ်လေးကို လိုက်ရှာနေရမှာ ပျင်းရိလွန်းသဖြင့်၊ မိမိအသိုက်သို့ ပြန်ပြီး အိပ်စက်နေလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

နောက်ထပ် နှစ်ရာ၊ သုံးရာလောက် ကြာရင်၊ ဒီလူသားလေးလည်း အရိုးစုတစ်ခု အဖြစ် ပြောင်းလဲသွားလောက်ပြီ။

သူ ကိုယ်တိုင် လှုပ်ရှားစရာ လိုသေးလို့လား။

ထိုအချိန်အတောအတွင်း...

တာအို ရုပ်သေး သည် သစ်တောအုပ် ထူထပ်သော နေရာရှိ သားရဲ တစ်ကောင်ချင်းစီ၏ အရှိန်အဝါကို ဂရုတစိုက် ရှောင်ကွင်းရင်း၊ အခင်းအကျင်း အတားအဆီး၏ အပြင်ဘက်သို့ တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။

အခင်းအကျင်း အတားအဆီးနှင့် နီးကပ်လာလေလေ၊ အခင်းအကျင်း၏ ကြောက်မက်ဖွယ် ကောင်းပုံကို ပိုမို အာရုံခံမိလေလေ ဖြစ်သည်။

ဤအရှိန်အဝါသည် ယွင်ကျန်းဂိုဏ်း၏ တတိယအဆင့် ထိပ်တန်း အခင်းအကျင်းများပင် နှိုင်းယှဉ်၍ ရနိုင်မည် မဟုတ်ပေ။

"ဒါ စတုတ္ထအဆင့် အခင်းအကျင်းများလား... ဒီလောက် နှစ်ပေါင်းများစွာ ကြာခဲ့တာတောင်၊ ဒီရှေးဟောင်း အခင်းအကျင်းက ပြီးပြည့်စုံစွာ လည်ပတ်နေတုန်းပဲလား..."

တာအို ရုပ်သေးသည် သူ့မျက်စိရှေ့မှ ခမ်းနားထည်ဝါသော အခင်းအကျင်း အတားအဆီးကြီးကို ကြည့်ရင်း စိတ်ထဲမှ အံ့သြချီးကျူးမိလိုက်သည်။

ထို့နောက်... ဤမျှ စွမ်းအားကြီးသော ရှေးဟောင်း အခင်းအကျင်းကြီး ရှိနေမှတော့၊ သူ ဘယ်လို ဝင်ရမလဲဟု စဉ်းစားခန်း ဝင်သွားသည်။

အခင်းအကျင်း အတားအဆီးကို အသေအချာ စစ်ဆေးကြည့်သော်လည်း၊ အားနည်းချက် ဟူ၍ တစ်ကွက်မှ ရှာမတွေ့ပေ။

ထို့အပြင် ဤအခင်းအကျင်း အတားအဆီးသည် အလွန်တရာ ထူထဲလေးလံလှသဖြင့် အတွင်းပိုင်းကို မြင်နိုင်ရန် အခွင့်အရေး လုံးဝ မရှိချေ။

"အတွင်းထဲမှာ သာမန် ဂူစံအိမ်တစ်ခုလောက်ပဲ ရှိတာ မဟုတ်လောက်ဘူး... လျှို့ဝှက်ဆန်းကြယ်တဲ့ နယ်မြေတစ်ခုလုံး ရှိနေဖို့ များတယ်..."

တာအို ရုပ်သေး ခန့်မှန်းလိုက်သည်။

လွန်ခဲ့သော တစ်လကျော် ကာလအတွင်း၊ တာအို ရုပ်သေးသည် ဤ မြေအောက် ချော်ရည် ကမ္ဘာကြီး၏ နေရာအနှံ့အပြားကို ရှာဖွေခဲ့ပြီး ဖြစ်သည်။

အရှိန်အဝါ ထိန်းချုပ်ခြင်း အဆောင်စာရွက်၊ ကိုယ်ပျောက် အဆောင်စာရွက်၊ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် နှင့် ဟင်းလင်းပြင် စွမ်းအားတို့ကို အသုံးပြုထားသဖြင့်၊ မည်သည့် သားရဲကမျှ သူ့ကို သတိမထားမိခဲ့ကြပေ။

တခြားတစ်ဖက်တွင်တော့...

တစ်လကျော်ကြာ မွှေနှောက်ရှာဖွေပြီးနောက်၊ တာအို ရုပ်သေးသည် ဉာဏ်ရည် အနည်းငယ် ရှိသော ဒုတိယအဆင့် သားရဲတစ်ကောင်ကို ဖမ်းဆီး၍ 'ဝိညာဉ် ရှာဖွေခြင်း' ပြုလုပ်ခဲ့ရာမှ ဤနေရာ၏ အခြေအနေကို ယေဘုယျ နားလည်သွားခဲ့သည်။

"မိစ္ဆာဘုရင် လေးပါး ရှိတယ်... အဲ့ဒီအထဲက 'ကောင်းကင်မိုးကြိုး ကြွက်မိစ္ဆာဘုရင်' ဆိုတာက ကျောက်ကြွက်မျိုးစိတ်ကနေ ဗီဇပြောင်းလဲလာတာ ဖြစ်ပြီး၊ မိုးကြိုး သွေးမျိုးဆက် ပါဝင်တယ်... တတိယအဆင့် အဆင့်နိမ့် အထွတ်အထိပ် ဝိညာဉ်သားရဲ ဖြစ်ပြီး၊ ဒီနေရာမှာ 'ကောင်းကင်မိုးကြိုးကြွက်' အုပ်စုကြီးကို ပိုင်ဆိုင်ထားတယ်..."

"ကျန်တဲ့ မိစ္ဆာဘုရင် သုံးပါးကတော့... 'မြွေခေါင်း' လို့ ခေါ်တဲ့ ကောင်ပဲ... မြွေခေါင်း၊ မြွေအမြီး နဲ့ လိပ်ခန္ဓာကိုယ် ရှိပြီး အလွန် ကြောက်စရာကောင်းတဲ့ အရှိန်အဝါ ရှိတယ်... ဒီ အပျက်အစီးနယ်မြေရဲ့ မူလ ဇာတိသားရဲ ဖြစ်ပြီး၊ ရှေးဟောင်း ဝိညာဉ်သားရဲ သွေးမျိုးဆက် ပါဝင်ပုံရတယ်..."

"နောက်တစ်ကောင်က 'မျက်လုံးဖြူ ဝိညာဉ်ကျား' ... တတိယအဆင့် အလယ်အလတ် မိစ္ဆာဘုရင်... သူလည်း ဒီနယ်မြေရဲ့ ဇာတိ ဖြစ်ပြီး ရှေးဟောင်း သွေးမျိုးဆက် ပါဝင်တယ်..."

"နောက်ဆုံး တစ်ကောင်ကတော့ တောင်စောင့် သံမဏိနွားသိုး... သူ့ကိုယ်သူ ‘တောင်နက် သူတော်စင် နွား’ လို့ ခေါ်တယ်... ကြည့်ရတာ ရှေးဟောင်း လော့ယွဲ့ မဟာမိတ်အဖွဲ့ ရဲ့ တောင်စောင့် ဝိညာဉ်သားရဲရဲ့ သွေးမျိုးဆက် ဆင်းသက်လာပုံ ရတယ်... ခွန်အားက တတိယအဆင့် အဆင့်မြင့် ထက်တောင် ကျော်လွန်နေတယ်..."

တာအို ရုပ်သေး ပြန်လည် ဆန်းစစ်ကြည့်လိုက်သည်။ ပြီးခဲ့သော တာ့ယွဲ့ မှောင်ခိုဈေးကွက် သားရဲ ဒီရေလှိုင်းကြီးတွင် ဤသားရဲများ ပါဝင်လာခြင်း မရှိခဲ့သလို၊ မိုးကြိုးစွမ်းအား သုံးစွဲနိုင်သော ကြွက်မိစ္ဆာများ အကြောင်းလည်း မကြားခဲ့ရဖူးပေ။

ဤနေရာသည် အလွန် ကျယ်ဝန်းလှသည်။

အခင်းအကျင်းဖြင့် ဖုံးလွှမ်းထားသော လျှို့ဝှက်နယ်မြေမှလွဲ၍၊ ကျန်သော နေရာများသည် ကြီးမားသော မြေအောက်ကမ္ဘာကြီး တစ်ခုနှင့် တူနေသည်။ နေရောင်ခြည် မရရှိသည်မှ လွဲ၍ ကျန်တာ အကုန် ရှိသည်။

ကြီးမားသော တောင်တန်းကြီးများနှင့် မိုးထိအောင် မြင့်မားသော တောင်ထိပ်များ ထိုးထွက်နေပြီး၊ ထိုနေရာများတွင် ရေကန်များနှင့် မြစ်ချောင်းများ စီးဆင်းနေကြ၏။

မိစ္ဆာဘုရင် အနည်းငယ်ကတော့ မိစ္ဆာမျိုးနွယ်စုများနှင့် အတော်လေး ဆင်တူသည်။ တာအို ရုပ်သေးသည် သူတို့၏ ပိုင်နက်နယ်မြေများဆီသို့ မကပ်ရဲပေ။

မိစ္ဆာဘုရင် အုပ်စုကို တလှည့်၊ မဝေးတော့သော နေရာရှိ ခြစ်ရာမထင်သော အပျက်အစီးနယ်မြေကို တလှည့် ကြည့်ရင်း၊ တာအို ရုပ်သေး ခေတ္တမျှ စဉ်းစားလိုက်သည်။ ဤမိစ္ဆာဘုရင်များသည်လည်း အပျက်အစီး နယ်မြေထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိကြောင်း နားလည်လိုက်သည်။ သို့မဟုတ်ပါက သူတို့ အပြင်ဘက်တွင် နေကြမည် မဟုတ်။

တာအို ရုပ်သေးသည် အခင်းအကျင်း အတားအဆီး၏ အစွန်းဘက်သို့ ပြန်သွားပြီး အကြံထုတ်နေလေသည်။

ဤ အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်ရန် နည်းလမ်း အနည်းငယ် ရှိနိုင်သည်။ ပထမနည်းလမ်းမှာ အခင်းအကျင်း ထိန်းချုပ်အလံ ၊သို့မဟုတ် လျှို့ဝှက်နယ်မြေ ဝင်ခွင့် တံဆိပ်ပြား ရှိမှသာ ဖြစ်နိုင်၏။

ဒုတိယနည်းလမ်းမှာ အခင်းအကျင်းကို အင်အားသုံးပြီး ဖြိုခွင်းခြင်း ဖြစ်သည်။ ၎င်းအတွက် ကြီးမားသော ခွန်အား (သို့မဟုတ်) အခင်းအကျင်း ပညာရပ်ကို နက်နက်နဲနဲ နားလည်ထားရန် လိုအပ်သည်။

တတိယနည်းလမ်းမှာ... အခင်းအကျင်း အတားအဆီးကို လျစ်လျူရှုပြီး အတွင်းထဲသို့ တိုက်ရိုက် နေရာ ရွှေ့ပြောင်းခြင်း ဖြစ်သည်။

ပထမ နည်းလမ်း နှစ်ခုကို သူ မလုပ်ဆောင်နိုင်ပေ။

တတိယ နည်းလမ်း...

တာအို ရုပ်သေးသည် ရှေ့မှ အခင်းအကျင်း အတားအဆီးကို စူးစိုက်ကြည့်လိုက်ပြီး ဓားသွားလက်တံ

တစ်ချောင်းကို ဆန့်ထုတ်ကြည့်လိုက်သည်။ ဓားသွားလက်တံ ပတ်လည်တွင် လှိုင်းဂယက်များ စတင် ဖြစ်ပေါ်လာသည်ကို မြင်သောအခါ သူ မျက်မှောင်ကြုတ်လိုက်မိ၏။

"ဟင်းလင်းပြင်က အရမ်း တည်ငြိမ်လွန်းနေတယ်..."

တခြားနေရာတွေထက် အများကြီး ပိုပြီး တည်ငြိမ်နေသည်။

အခင်းအကျင်းရဲ့ စွမ်းအားက ဟင်းလင်းပြင်ကို ဖိနှိပ်ထားပုံရ ၏။

မြေအောက် အက်ကွဲကြောင်း ကမ္ဘာကြီးကို ပြန်လှည့်ကြည့်လိုက်ရင်း၊ တာအို ရုပ်သေး၏ မျက်လုံးများတွင် ရူးသွပ်သော အရောင်များ တောက်ပလာသည်။

"စမ်းကြည့်လိုက်ကြတာပေါ့..."

"ဝုန်း..."

နောက်တစ်ခဏ၌ပင် အမြုတေဖွဲ့စည်းခြင်း ပထမအဆင့်နှင့် ညီမျှသော အရှိန်အဝါတစ်ခု တာအို ရုပ်သေးထံမှ သိပ်သည်းလာသည်။

ချက်ချင်းပင် ထက်ရှသော အားလှိုင်း တစ်ခု တာအို ရုပ်သေး၏ ခန္ဓာကိုယ် ပတ်လည်တွင် လှုပ်ရှားသွားသည်။

သို့သော် တာအို ရုပ်သေး ဟင်းလင်းပြင်ကို ဖြတ်ကျော်ရန် ကြိုးစားလိုက်သည့်အခါ၊ ရှေ့မှ အခင်းအကျင်းထံမှ ကြီးမားသော ဖိအားတစ်ခု ကျရောက်လာပြီး၊ သူ၏ ခန္ဓာကိုယ်ကို ကြိတ်ချေပစ်တော့မည့်အလား ခံစားလိုက်ရသည်။ တာအို ရုပ်သေး ချက်ချင်း ထိတ်လန့်သွားမိသည်။

"ဒီအခင်းအကျင်းက ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးတာပဲ..."

တွန့်ဆုတ်နေရန် အချိန်မရှိတော့ပေ။ ရုပ်သေး၏ အမြုတေဖွဲ့စည်းခြင်း တတိယအဆင့် နှင့် ညီမျှသော ဝိညာဉ်စွမ်းအားသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ပွင့်ထွက်လာသည်။

ထိုအချိန်၌ပင်...

တာအို ရုပ်သေးသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ 'ဝိညာဉ်လက်နက် သန္ဓေသားလောင်း ရေခဲဝိညာဉ်ပုလဲကို လှုံ့ဆော်လိုက်ပြီး၊ ၎င်း၏ ကြီးမားသော စွမ်းအားကို အသုံးပြုကာ ဟင်းလင်းပြင် စွမ်းအားအပေါ် သက်ရောက်နေသည့် အခင်းအကျင်း၏ ဖိနှိပ်မှုကို ခုခံလိုက်သည်။

သူသည် ဝှက်ဖဲအားလုံးကို တစ်ပြိုင်နက်တည်း ထုတ်သုံးလိုက်သဖြင့်၊ ရုပ်သေးအပေါ် ကျရောက်နေသော ဖိအားများ အကြီးအကျယ် လျော့ကျသွားသည်။

"ရွှီ..."

"ဝုန်း..."

ဝိညာဉ်စွမ်းအား ပေါက်ကွဲထွက်လာသည့် ခဏ၌၊ ဟင်းလင်းပြင် စွမ်းအားသည် ပြင်းထန်စွာ တုန်ခါသွားပြီး၊ ကြောက်မက်ဖွယ်ကောင်းသော ရေခဲစွမ်းအားများသည် အရာအားလုံးကို အေးခဲသွားစေသည်။ အခင်းအကျင်းမှ ဖိနှိပ်ထားသော စွမ်းအားနှင့် ဖိအားများကို ဝိညာဉ်လက်နက် သန္ဓေသားလောင်းက အချိန်ခဏတာမျှ တောင့်ခံထားပေးလိုက်သည်။

ထို အချိန်ပိုင်းလေး အတွင်းမှာပင်၊ တာအို ရုပ်သေးသည် ခြေတစ်လှမ်း တိုးဝင်လိုက်ရာ... မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ ပုံရိပ်သည် ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားလေတော့သည်။

မကြာမီမှာပင်... မူလက ပြင်းထန်စွာ လှုပ်ရှားနေခဲ့သော ဟင်းလင်းပြင်သည် တဖြည်းဖြည်းချင်း ပြန်လည် ငြိမ်သက်သွားတော့သည်။

အခန်း (၂၆၆) - လော့ယွဲ့ မဟာမိတ် အဖွဲ့၏ လျှို့ဝှက်ချက်နှင့် ကောင်းကင်မြေကြီး ဝိညာဉ်ရေကန် (အပိုင်း - ၄)

~မြေအောက် ချော်ရည်ပူ ကမ္ဘာ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ မည်သည့် ပြောင်းလဲမှုမျှ မရှိဘဲ ကျောက်တုံးများအလား တည်ငြိမ်နေသည်။

"ဝီ... ဝီ..."

နာရီဝက်ခန့် ကြာပြီးနောက်... ရုပ်သွင်အမျိုးမျိုး ထွက်ပေါ်လာကြ၏။

ကောင်းကင်မိုးကြိုး ကြွက် ၊ မြွေလိပ်အိုကြီး၊ ကျားနက်ကြီးနှင့် တောင်နက် နွားသိုးကြီး - မိစ္ဆာဘုရင် လေးပါးစလုံး ပြန်လည် ရောက်ရှိလာကြသည်။

သူတို့သည် ရှေ့ရှိ အခင်းအကျင်း အတားအဆီးကို စူးစိုက်ကြည့်နေကြပြီး မျက်လုံးများထဲတွင် အံ့သြတုန်လှုပ်မှုများ ပြည့်နှက်နေ၏။ ဘယ်၊ ညာ၊ အထက်၊ အောက် အကုန် လိုက်လံ ကြည့်ရှုနေကြသည်။

ကောင်းကင်မိုးကြိုး ကြွက်ကြီး မနေနိုင်တော့ဘဲ အော်ဟစ်လိုက်မိ၏။

"ဘယ်ရောက်သွားတာလဲ... ဘာလို့ မတွေ့ရတော့တာလဲ"

မြွေခေါင်းပိုင်ရှင် မြွေလိပ်အိုကြီးသည် လျှာကို ထုတ်လိုက် သွင်းလိုက် လုပ်ရင်း အေးစက်သော မျက်လုံးများဖြင့် ကြည့်ရှုနေ၏။ စကားတစ်ခွန်းမျှ မဆိုသော်လည်း နက်နက်နဲနဲ စဉ်းစားခန်း ဝင်နေပုံရသည်။

သူ့ဘေးရှိ မျက်လုံးဖြူ ဝိညာဉ်ကျားကြီး၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်များ တောက်ပနေ၏။ လျှို့ဝှက်ဆန်းကြယ်သော ဝိညာဉ်စွမ်းအား တစ်ခုဖြင့် ပတ်ဝန်းကျင် တစ်ခုလုံးကို အကြိမ်ကြိမ် စစ်ဆေးနေသည်။ နောက်ဆုံးတွင် မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်၏။

"ခြေရာလက်ရာ ဘာမှ မကျန်ဘူး"

နွားနက်ကြီး ချက်ချင်း အံ့သြသွားသည်။

"မယုံနိုင်စရာပဲ... သူ အထဲ ဝင်သွားတာတော့ မဟုတ်ပါဘူးနော်"

"နွားအိုကြီး... မင်း တွေးတာ လွန်လွန်းနေပြီ"

ကောင်းကင်မိုးကြိုး ကြွက်ကြီး၏ ခန္ဓာကိုယ်မှ လျှပ်စီးများ ပေါက်ကွဲထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ဝိုက်ကို လျှပ်စစ်စီးကြောင်းများ စီးဆင်းသွားစေ၏။

"မဖြစ်နိုင်ဘူး... ငါတို့တောင် ဝင်လို့ မရတာ... ဒီလောက် တတိယအဆင့် အဆင့်နိမ့် လက်ရှစ်ဖက် နှံကောင်လေးက ဘယ်လိုလုပ် ဝင်နိုင်မှာလဲ"

ထိုအချိန်တွင် မြွေလိပ်အိုကြီးက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"စောစောက အရှိန်အဝါ အတက်အကျ ဖြစ်သွားတာ ထူးဆန်းတယ်... မူလက တတိယအဆင့် အဆင့်နိမ့် အဆင့်ပဲ ရှိပေမယ့်... နောက်တစ်ခဏမှာ တတိယအဆင့် အဆင့်နိမ့် အထွတ်အထိပ် အဆင့်ကို ရောက်သွားတယ်"

"နောက်ဆုံး အချိန်မှာတော့... အဲ့ဒီ အရှိန်အဝါက လူသားတွေရဲ့ 'မှော်ရတနာ သန္ဓေသား' ဆီက လာတာနဲ့ တူနေတယ်"

"ဒါကြောင့်... ဒါဟာ မိစ္ဆာသားရဲ မဟုတ်ဘူး... လူသား ကျင့်ကြံသူ တစ်ယောက်ရဲ့ ရုပ်သေးသားရဲ ဖြစ်လိမ့်မယ်"

စကားပြောနေရင်း သူသည် ပြောင်းလဲခြင်း မရှိဘဲ တည်ရှိနေသော အခင်းအကျင်း အတားအဆီးကို ကြည့်လိုက်ပြီး စိတ်သက်သာရာ ရသွားသကဲ့သို့ ဖြစ်သွား၏။

မြွေလိပ်အိုကြီးက.. ဆက်ပြောလာသည်။

"သူ ဝင်ဖို့ ကြိုးစားကြည့်ရုံပဲ နေမှာပါ... ငါကတော့ သူ အောင်မြင်သွားရင် ကောင်းမယ်လို့ မျှော်လင့်မိသား... ဒါမှ ငါတို့လည်း အခင်းအကျင်းကို ဖျက်ဆီးပြီး အတွင်းထဲမှာ ဘယ်လို ရှေးဟောင်း အခွင့်အရေးတွေ ရှိနေမလဲ ဆိုတာ ကြည့်ခွင့်ရမှာလေ"

"ဝမ်းနည်းစရာ ကောင်းတာကတော့... မှော်ရတနာ သန္ဓေသား ပါရင်တောင်မှ... သူ လိုပါသေးတယ်"

အကြိမ်ကြိမ် ရှာဖွေသော်လည်း မတွေ့ရှိရသဖြင့်... နောက်ဆုံးတွင် သူတို့အားလုံး လူစုခွဲ ထွက်ခွာသွားကြလေတော့သည်။

"ဝီ..."

ကျယ်ပြန့်လှသော ကောင်းကင်ယံ အထက်တွင် နေမင်းကြီး တောက်ပစွာ ထွန်းလင်းနေ၏။ ရုတ်တရက် ကောင်းကင်ပြင် တစ်ခုလုံး လှိုင်းဂယက်များ ထသွားပြီး... ကြီးမားလှသော သဘာဝ ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးများသည် အရပ်မျက်နှာ အသီးသီးသို့ ဒီရေအလား တိုးဝင် ပျံ့နှံ့သွားလေတော့သည်။

"ရွှီး... ရွှီး... ရွှီး..."

အောက်ဖက်ရှိ တောင်တန်း သစ်တောအုပ်ကြီး တစ်ခုလုံး လှုပ်ခါသွားပြီး... ငှက်များ လန့်ဖျပ်ကာ ပျံသန်း ထွက်ပြေးကြလေတော့သည်။

ပြင်းထန်သော ဟင်းလင်းပြင် တုန်ခါမှုများနှင့်အတူ...

မျက်စိတစ်မှိတ် အတွင်းမှာပင်...

ကောင်းကင်ယံ အထက်တွင် အမည်းရောင် ပုံရိပ်တစ်ခု ဘွားခနဲ ပေါ်ထွက်လာ၏။

"ဝီ..."

ကြောက်မက်ဖွယ် ကောင်းလှသော ရေခဲစွမ်းအင် အနှစ်သာရများသည် ကမ္ဘာလောက တစ်ခုလုံးကို လွှမ်းခြုံသွားပြီး... ထွက်ပြေးရန် ကြိုးစားနေသော ငှက်များသည် ချက်ချင်းပင် ရေခဲရုပ်တုများ အဖြစ် ပြောင်းလဲသွားကြလေတော့သည်။

သို့သော် ကံကောင်းထောက်မစွာပင်... နောက်တစ်ခဏတွင် ထို ရေခဲအရှိန်အဝါများ ပြန်လည် ရုပ်သိမ်းသွား၏။

"ဘုန်း..."

ကောင်းကင်ပေါ်မှ ပုံရိပ်သည် အမြင့်ကြီးမှ ထိုးကျလာသည်။ တောင်တန်းကြီး တစ်ခုလုံး တုန်ခါသွားပြီး ဖုန်မှုန့်များ လွင့်ပျံသွား၏။ ရုပ်သေးရုပ်သည် တောင်နံရံ တစ်ခုကို ဝင်တိုက်မိပြီး ပြိုကျသွားစေသည်။ ထိုအချိန်တွင် သူ့အရှိန်အဝါသည် အလွန်အမင်း အားနည်းသွားရရှာ၏။

သူ့၏ 'ရုပ်သေးဝိညာဉ်' စွမ်းအား ကုန်ခမ်းလုနီးပါး ဖြစ်နေပြီး... ရုပ်သေးကိုယ်ထည်၏ 'ဗဟိုချက်မ စွမ်းအင်' လည်း ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်၏။

တောင်နံရံထဲသို့ ပြုတ်ကျသွားသည့် အချိန်တွင်... ရုပ်သေးရုပ်သည် 'ချန်ခွန်းအိတ်' ထဲမှ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀၀) ကို အမြန် ထုတ်ယူပြီး ဗဟိုချက်မထဲသို့ ထည့်သွင်းကာ စုပ်ယူလိုက်၏။

ခဏတာ အနားယူပြီးနောက်... ရုပ်သေးရုပ်သည် ဝိညာဉ်စွမ်းအား အားနည်းနေသော်လည်း တောင်နံရံကို ဖောက်ထွက်ပြီး အပြင်သို့ ထွက်လာခဲ့၏။ မည်သည့် နေရာသို့ သွားရမည် မသိဘဲ ဦးတည်ရာမဲ့ ရွေးချယ်ကာ ထွက်ခွာသွားလေတော့သည်။

"ဒီမှာ ကြာကြာ နေလို့ မဖြစ်ဘူး... ပုန်းအောင်းပြီး အားပြန်မွေးဖို့ နေရာရှာရမယ်"

ထွက်ခွာမသွားခင် ရုပ်သေးရုပ်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး... စောစောက ပျက်စီးသွားသော နေရာများကို ပြန်လည် ပြုပြင်လိုက်ကာ သူ့ခြေရာလက်ရာများကို ဖျောက်ဖျက်ပစ်လိုက်၏။

သူသည် အောက်ဖက်ရှိ သစ်တောအုပ်ထဲသို့ အမြန်ဆုံး အရှိန်ဖြင့် ပြေးဝင်သွားပြီး... ချန်ခွန်းအိတ် ထဲမှ 'အရှိန်အဝါ ဖုံးကွယ်ခြင်း အဆောင်' နှင့် 'ကိုယ်ပျောက် အဆောင်' တို့ကို ထုတ်ယူကာ ကိုယ်ပေါ်တွင် ကပ်လိုက်သည်။

ထိုသို့ဖြင့် ဆယ်မိုင်ခန့် ခရီးနှင်ပြီးနောက်... မြေကြီးအောက်သို့ တိုးဝင်သွားပြီး သူ့အတွက် သင့်တော်မည့် ဂူတစ်ခုကို တူးဖော်လိုက်၏။

ထို့နောက် ချန်ခွန်းအိတ် ထဲမှ 'အခင်းအကျင်း အလံတိုင်များ' ကို ထုတ်ယူပြီး ဂူပတ်လည်တွင် အကာအကွယ် အခင်းအကျင်း တစ်ခု တည်ဆောက်လိုက်သည်။

ထိုအခါမှသာ ရုပ်သေးရုပ် သက်ပြင်းချနိုင်တော့၏။

သူ့ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုရန်ပင် မေ့လျော့နေခဲ့သည်။ တောင်တန်းများ၊ မြစ်ချောင်းများ၊ တောက်ပသော နေမင်းကြီး၊ ပျံသန်းနေသော ငှက်များနှင့် သိပ်သည်းသော သစ်တောများ ပြည့်နှက်နေသည့် ကျယ်ပြန့်လှသော ကမ္ဘာကြီး တစ်ခုကို တစ်ချက်မျှသာ ဝိုးတဝါး မြင်လိုက်ရသည်။

အရေးကြီးဆုံး အချက်မှာ... ဤနေရာရှိ သဘာဝ ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် အံ့သြစရာ ကောင်းလောက်အောင် မြင့်မားနေခြင်းပင် ဖြစ်ပေသည်။ သာမန် နေရာများတွင်ပင်... နေလမင်း ကျွန်းပေါ်ရှိ တတိယအဆင့် ရေခဲနှင့် မီး ဂူစံအိမ် အတွင်းမှ ဝိညာဉ်စွမ်းအင် ပမာဏနီးပါး ရှိနေ၏။

ယခုအချိန်တွင်... 'လက်ရှစ်ဖက် ဓားလွယ် နှံကောင်' ပုံသဏ္ဍာန် ရုပ်သေးရုပ်သည် မြေအောက် မှောင်မိုက်သော ဂူအတွင်းတွင် လဲလျောင်းနေပြီး... အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများနှင့် ပတ်ဝန်းကျင်မှ သိပ်သည်းလှသော သဘာဝ ဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ ကုန်ခမ်းလုနီးပါး ဖြစ်နေသော ဗဟိုချက်မ စွမ်းအင်များကို ပြန်လည် ဖြည့်တင်းနေ၏။

စွမ်းအင် ပြန်လည် ပြည့်ဖြိုးလာအောင် လုပ်ဆောင်ရင်း... သူ တိတ်တဆိတ် တွေးတောနေမိသည်။

"အတိတ်တုန်းက 'မိစ္ဆာ တောင်ကြား ရှစ်ခု' ကနေ ပေါ်ထွက်လာခဲ့တဲ့ 'ရွှေကျောက်စိမ်း အင်မော်တယ် ဂိုဏ်း' ရဲ့ လျှို့ဝှက်နယ်မြေထဲကို ငါ မရောက်ဖူးပေမယ့်... ကြားဖူးသလောက်တော့ အဲ့ဒီနေရာက မိုင်တစ်ရာလောက် ကျယ်ဝန်းပြီး... ပင်မ တောင်ထွတ်၊ ရှေးဟောင်း အမွေအနှစ် တောင်ထွတ်၊ ဆေးပညာ တောင်ထွတ် နဲ့ လက်နက် တောင်ထွတ် အပါအဝင် အဓိက တောင်ထွတ် (၁၈) ခု ရှိတယ်တဲ့... အဲ့ဒီထဲမှာ မရေမတွက်နိုင်သော ရှေးဟောင်း အခင်းအကျင်း အပျက်အစီးတွေ၊ တားမြစ်ပိတ်ပင်မှုတွေ ရှိပြီး အလွန် အန္တရာယ် များတယ်လို့ ကြားဖူးတယ်"

"ရှေးဟောင်းခေတ် ကတည်းက ကျန်ရစ်ခဲ့တဲ့ ဝိညာဉ်သားရဲတွေလည်း အများကြီး ရှိတယ်... အဲ့ဒီအထဲမှာ တတိယအဆင့် ဝိညာဉ်သားရဲတွေတောင် ပါသေးတယ်"

"ဒီ 'လော့ယွဲ့ မဟာမိတ်' ရဲ့ အပျက်အစီး နယ်မြေက... 'ရွှေကျောက်စိမ်း အင်မော်တယ် ဂိုဏ်း' ထက်တောင် ပိုပြီး စွမ်းအားကြီးသေးတယ်... ဒါကြောင့် ဒီနေရာက အခင်းအကျင်းတွေ၊ တားမြစ်ပိတ်ပင်မှုတွေက ပိုပြီး ကြောက်စရာ ကောင်းလောက်တယ်"

"ငါ အင်မတန်.. သတိထားမှ ဖြစ်မယ်"

ရက်အနည်းငယ် ကြာပြီးနောက်... ရုပ်သေးရုပ်၏ ဗဟိုချက်မ စွမ်းအင်များ အပြည့်အဝ ပြန်လည် ပြည့်ဖြိုးလာခဲ့လေပြီ။

သို့သော် 'ရုပ်သေးဝိညာဉ်' စွမ်းအားများကို အကုန်အစင် ထုတ်သုံးခဲ့ရသဖြင့်... သူ့ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအားမှာ ကုန်ခမ်းနေပြီး အလွန် မှေးမှိန်နေ၏။ ထပ်မံ အသုံးပြုနိုင်ရန် အတွက်... သူ ပြန်သွားပြီး 'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' ဖြင့် ပြန်လည် ဖြည့်တင်းပေးမှ ရပေမည်။

မဟုတ်ပါက... ရုပ်သေးဝိညာဉ် အလိုအလျောက် ပြန်လည် ကောင်းမွန်လာစေရန် နှစ်အနည်းငယ် သို့မဟုတ် ဆယ်နှစ်ခန့် ကြာမြင့်နိုင်ပေသည်။

ဗဟိုချက်မ စွမ်းအင်များ ပြည့်ဝလာပြီးနောက်... ရုပ်သေးရုပ်သည် အခင်းအကျင်း အလံတိုင်များကို သေချာစွာ ပြန်လည် သိမ်းဆည်းလိုက်ပြီး... မြေကြီးအောက်မှ တိုးထွက်ကာ မြေပြင်ပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့လေတော့သည်။

အခန်း (၂၆၇) - လော့ယွဲ့ မဟာမိတ် အဖွဲ့၏ လျှို့ဝှက်ချက်နှင့် ကောင်းကင်မြေကြီး ဝိညာဉ်ရေကန် (အပိုင်း - ၄)

~ပေတစ်ရာခန့် မြင့်မားသော တောင်ကုန်းတစ်ခု၏ ထိပ်သို့ ရောက်ရှိလာသည့် အချိန်တွင်... ကိုယ်ပွားရုပ်သေးသည် မိုးထိအောင် မြင့်မားသော အဓိက တောင်ထွတ်ကြီးများကို အဝေးမှ လှမ်းမြင်လိုက်ရ၏။ 'လော့ယွဲ့ မဟာမိတ်' ၏ အဓိက ဝင်ပေါက်ကြီးသည် ထိုနေရာနှင့် သုံးလေးဆယ်မိုင်ခန့် အကွာအဝေးတွင် ရှိသင့်သည်။

"သွားကြည့်ရအောင်"

မူလက 'လက်ရှစ်ဖက် နှံကောင်' ပုံသဏ္ဍာန် ရှိသော ကိုယ်ပွားရုပ်သေးသည် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အောက်ဖက်ရှိ သစ်တောအုပ်ကြီးထဲသို့ တိုးဝင် ပျောက်ကွယ်သွား၏။ ထို့နောက် သတိကြီးစွာဖြင့် ထိုအရပ်မျက်နှာဆီသို့ ဦးတည် ထွက်ခွာသွားလေတော့သည်။

မိုင်အနည်းငယ်မျှ ခရီးနှင်ပြီးနောက်... ကိုယ်ပွားရုပ်သေးသည် ရုတ်တရက် ရပ်တန့်လိုက်၏။

ရှေ့တွင် ကျိုးပဲ့နေသော အရိုးစုတစ်ခုကို မြေကြီးထဲ၌ တစ်ဝက်တစ်ပျက် မြှုပ်နှံထားသည်ကို တွေ့လိုက်ရသည်။ အရိုးစုဘေးတွင် ငွေရောင် တောက်ပနေသော ပျံသန်းဓား တစ်လက် ကျဆင်းနေပြီး၊ အရိုးစုပေါ်တွင် စုတ်ပြဲနေသော ဝတ်ရုံဟောင်း တစ်ထည် လွှမ်းခြုံထား၏။

အရိုးစုပေါ်ရှိ သက်တမ်း အမှတ်အသားများကို ကြည့်ခြင်းအားဖြင့်... ဤအရာသည် ရှေးဟောင်း ကျင့်ကြံသူ တစ်ဦး၏ ရုပ်အလောင်း ဖြစ်ကြောင်း ထင်ရှားနေသည်။

ရှေးဟောင်းခေတ် ကတည်းက ယနေ့အချိန်ထိ တည်တံ့နေနိုင်သည် ဆိုကတည်းက... ဤအရိုးစု ပိုင်ရှင်သည် အနည်းဆုံး 'အမြုတေဖွဲ့စည်းခြင်း အဆင့်' ကျင့်ကြံသူ တစ်ဦး ဖြစ်ပေလိမ့်မည်။

ကိုယ်ပွားရုပ်သေးသည် သတိကြီးစွာဖြင့် အနားသို့ တိုးကပ်သွားပြီး... ငွေရောင် ပျံသန်းဓားကို လက်ဖြင့် ဖွဖွလေး ကိုင်လိုက်၏။ သူ ထိလိုက်သည်နှင့် တစ်ပြိုင်နက်... အရိုးစုသည် ဖုန်မှုန့်များ အဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် လွင့်ပါး ပျောက်ကွယ်

သွားလေတော့သည်။

အမြုတေဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ဦး၏ အရိုးစုပင်လျှင် အဆုံးမရှိသော အချိန်ကာလ ဒဏ်ကို မခံနိုင်ဘဲ ပျက်စီးသွားရရှာလေပြီ။

ပျံသန်းဓား အပြင်... ဝတ်ရုံဟောင်း၏ ခါးနေရာတွင် 'ချန်ခွန်းအိတ်' တစ်လုံးကိုလည်း တွေ့ရှိလိုက်ရ၏။

စွမ်းအင်များ စီးဝင်သွားသည်နှင့် တစ်ပြိုင်နက်... မူလက အရောင်မှိန်ဖျော့နေသော ငွေရောင် ပျံသန်းဓားသည် မျက်စိကျိန်းလောက်အောင် တောက်ပလာပြီး... 'ထိပ်တန်း မှော်ရတနာ' တစ်ခု၏ ထက်ရှသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာလေတော့သည်။ တစ်ခုတည်းသော လိုအပ်ချက်မှာ ၎င်း၏ မူလ ပိုင်ရှင် အရှိန်အဝါ ပျောက်ဆုံးနေခြင်းပင် ဖြစ်၏။

ကိုယ်ပွားရုပ်သေး သေချာ ကြည့်လိုက်သောအခါ... ပျံသန်းဓားပေါ်တွင် သေးငယ်သော အက်ကြောင်းလေးများ ဖြစ်ပေါ်နေပြီး၊ အခင်းအကျင်း အမှတ်အသားများလည်း ပျက်စီးနေသည်ကို တွေ့ရှိလိုက်ရ၏။

အဆုံးမရှိသော အချိန်ကာလ ဒဏ်ကို ခံနိုင်ရည် ရှိခဲ့သော်လည်း... ယခုအခါ ဤ ထိပ်တန်း မှော်ရတနာသည် ပျက်စီးလုနီးပါး ဖြစ်နေချေပြီ။

ဤအချက်က ကိုယ်ပွားရုပ်သေးကို နှမြောတသ ဖြစ်စေ၏။

"ဒါက မူလက အရည်အသွေးမြင့် ထိပ်တန်း မှော်ရတနာ တစ်ခုပဲ... ဝမ်းနည်းစရာ ကောင်းတာက... ဒါကို ပြန်ပြင်ဖို့ ဆိုရင် တတိယအဆင့် လက်နက် ပြုလုပ်သူ လိုအပ်လိမ့်မယ်"

သူသည် ဓားကို သူ့၏ ချန်ခွန်းအိတ်ထဲသို့ ထည့်သွင်း သိမ်းဆည်းလိုက်၏။

မဆိုးပါဘူး။ ရောက်တာမှ မကြာသေးဘူး... ပျက်စီးနေတဲ့ ထိပ်တန်း မှော်ရတနာ တစ်ခု ကောက်ရလိုက်ပြီ။

အပေါက်အပြဲများဖြင့် ပြည့်နှက်နေသော ဝတ်ရုံဟောင်းကို ကောက်ယူကြည့်လိုက်ပြီးနောက်... ကိုယ်ပွားရုပ်သေး ခေါင်းခါလိုက်ပြီး ဘေးသို့ လွှင့်ပစ်လိုက်၏။ ဤဝတ်ရုံ ယခုအချိန်ထိ တည်တံ့နေနိုင်ခြင်းမှာ... ၎င်းကို ပြုလုပ်ထားသော ကုန်ကြမ်းပစ္စည်းများ ကောင်းမွန်သောကြောင့်သာ ဖြစ်၏။

ဝတ်ရုံ ကိုယ်တိုင်ကတော့ လုံးဝ ပျက်စီးနေပြီ ဖြစ်သဖြင့် တန်ဖိုး မရှိတော့ချေ။

နောက်ဆုံးတွင် ချန်ခွန်းအိတ် တစ်လုံး ကျန်ရစ်နေခဲ့သည်။ ရုပ်သေးရုပ်၏ ဝိညာဉ်အာရုံသည် အိတ်အတွင်းသို့ တိုးဝင်သွား၏။

အိတ်၏ အတွင်းပိုင်း လေဟာနယ်သည် မသေးလှပေ။ 'အစိမ်းရောင် သစ်သား လက်စွပ်' ၏ ထက်ဝက်ခန့် ရှိသည်။

သူ၏ ဝိညာဉ်အာရုံ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက်... ဝိညာဉ်ကျောက်တုံးပုံကြီး တစ်ပုံကို သွားရောက် တွေ့ရှိလိုက်ရ၏။

"ဟိုက်ရှားပါး... အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေ ဒီလောက်တောင် များတာလား"

သေချာ ရေတွက်ကြည့်လိုက်သောအခါ... ထို ရှေးဟောင်း ကျင့်ကြံသူသည် သူ့အတွက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၉,၀၀၀) နီးပါးနှင့် ရှေးဟောင်း ကျောက်စိမ်း သေတ္တာ အများအပြား ချန်ရစ်ထားခဲ့သည်ကို တွေ့ရှိလိုက်ရသည်။

ရှေးဟောင်း ကျောက်စိမ်း သေတ္တာများသည် ရှေးဟောင်း ကျင့်ကြံသူများ ပစ္စည်းသိမ်းဆည်းရာတွင် အကြိုက်ဆုံး အရာများ ဖြစ်ကြသည်။ ထို့ကြောင့် ရှေးဟောင်း အပျက်အစီးများ တူးဖော်တွေ့ရှိတိုင်း... ကျောက်စိမ်း သေတ္တာ အများအပြား ပါလာလေ့ ရှိသည်။

စွမ်းအားကြီးသော ရှေးဟောင်း ကျင့်ကြံသူများ၏ ပစ္စည်းများ သိမ်းဆည်းထားသော သေတ္တာများက တန်ဖိုးရှိသော်လည်း... ကျန်သော သေတ္တာ အများစုမှာ တန်ဖိုး မရှိလှပေ။

ဘာပဲဖြစ်ဖြစ် ဂိုဏ်းသား အများစုက 'ချီစွမ်းအင် စုစည်းခြင်း' သို့မဟုတ် 'အခြေခံတည်ဆောက်ခြင်း' အဆင့်တွေပဲ ဖြစ်ကြတာကိုး။

သာမန် ပစ္စည်းတွေကို ကျောက်စိမ်း သေတ္တာထဲ ထည့်သိမ်းထားလျှင်တောင်မှ... နှစ်ပေါင်းများစွာ ကြာပြီးနောက် ဖွင့်ကြည့်လိုက်ရင် ဘာမှ မရှိတော့ဘဲ ပျောက်ကွယ်သွားတတ်ကြသည်။

ဒီချန်ခွန်းအိတ်ထဲမှာ ကျောက်စိမ်း သေတ္တာ (၁၀၀) လောက် ရှိနေသည်။

သေချာတာပေါ့... ရုပ်သေးရုပ်က အကုန်လုံး သိမ်းထားဖို့ အစီအစဉ် မရှိပါချေ။

ဝိညာဉ်အာရုံကို လှုပ်ရှားလိုက်ပြီး ကျောက်စိမ်း သေတ္တာများပေါ်ရှိ ကျန်ရှိနေသော တားမြစ်ပိတ်ပင်မှုများကို ဖယ်ရှားလိုက်ကာ... တစ်ခုပြီး တစ်ခု ဖွင့်ကြည့်လိုက်၏။

အများစုကတော့ ဗလာဟင်းလင်း ဖြစ်နေကြသည်။

ဒါပေမဲ့ တချို့သေတ္တာတွေထဲမှာတော့... ကျောက်စိမ်းပြားတွေနှင့် ထူးခြားသော ရှေးဟောင်း မှတ်တမ်းတွေ ပါဝင်နေ၏။

စုယွီကို အံ့သြသွားစေဆုံး အရာကတော့... သေတ္တာ တစ်ခုထဲတွင် 'ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး' တစ်တုံး တွေ့ရှိလိုက်ရခြင်းပင် ဖြစ်ပေသည်။

ဒါ့အပြင် လက်ဖဝါး အရွယ်အစားခန့် ရှိသော 'ပျံသန်းလှေ' တစ်စင်းလည်း ပါဝင်နေ၏။

စိတ်ကူးလိုက်သည်နှင့် တစ်ပြိုင်နက်... ပစ္စည်းအားလုံးကို အပြင်သို့ ထုတ်ယူလိုက်သည်။

ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးကို ကျောက်စိမ်း သေတ္တာထဲ ပြန်ထည့်ပြီး... သူ့ကိုယ်ပိုင် ချန်ခွန်းအိတ်ထဲသို့ ပြောင်းထည့်လိုက်၏။

ပျံသန်းလှေကိုမူ... စုယွီသည် ဝိညာဉ်အာရုံကို အသုံးပြုပြီး ကျန်ရှိနေသော အမှတ်အသားများကို ဖျက်ပစ်လိုက်ကာ... သူ့ကိုယ်ပိုင် ဝိညာဉ် အမှတ်အသားကို ရိုက်နှိပ်လိုက်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် လှေကို အပြည့်အဝ ထိန်းချုပ်ခွင့် ရရှိသွား၏။

ဒါက တာအိုဆရာ ရှုယွီ ပိုင်ဆိုင်သော ပျံသန်းလှေထက် အဆင့်တစ်ဆင့် ပိုမြင့်သော မှော်ရတနာ တစ်ခု ဖြစ်၏။

လှေပေါ်တွင် တတိယအဆင့် အဆင့်နိမ့် အခင်းအကျင်းများ အလွှာလိုက် တပ်ဆင်ထားပြီး... အပျက်အစီး မရှိသော အကောင်းအတိုင်း ကျန်ရှိနေသည့် ရတနာ တစ်ခု ဖြစ်၏။

ဒါကို မြင်လိုက်ရတော့ စုယွီ ဝမ်းသာသွားသည်။

"ရတနာ တစ်ပါးပါလား"

ဒီလှေသာ ရှိရင်... သာမန် အမြုတေဖွဲ့စည်းခြင်း တတိယအဆင့် အရှင်သခင် တစ်ပါးနဲ့ တွေ့ရင်တောင်မှ... အလွယ်တကူ ကိုင်တွယ်လို့ ရနိုင်ပြီ။

သူတို့ အနေနှင့် လှေရဲ့ အကာအကွယ် အခင်းအကျင်းတွေကို ဖောက်ပြီး ကြားဖြတ် တိုက်ခိုက်ဖို့ ဆိုတာ လွယ်ကူမှာ မဟုတ်ပေ

အားနည်းချက် တစ်ခုကတော့... ဝိညာဉ်ကျောက်တုံး တော်တော် စားမည့် ပုံ ပေါက်နေခြင်းပါပဲ။

ပျံသန်းလှေကို ချန်ခွန်းအိတ်ထဲ သိမ်းဆည်းလိုက်ပြီးနောက်... စုယွီသည် ကျန်ရှိနေသော ကျောက်စိမ်းပြားများနှင့် ရှေးဟောင်း မှတ်တမ်းများကို အာရုံစိုက်လိုက်၏။

ကျောက်စိမ်းပြား (၅) ချပ်နှင့် ရှေးဟောင်း မှတ်တမ်း (၁၇) အုပ် ရှိသည်။

စုယွီသည် အဝေးရှိ လော့ယွဲ့ မဟာမိတ် ဂိုဏ်းဝင်ပေါက်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး... ခဏမျှ စဉ်းစားလိုက်၏။ ထို့နောက် ဂါထာမန္တန် ရွတ်ဆိုပြီး မြေကြီးအောက်သို့ တိုးဝင်သွားကာ... ဂူမည်း တစ်ခု ထပ်မံ တူးဖော်လိုက်သည်။ ပတ်ဝန်းကျင်တွင် အခင်းအကျင်းများ တပ်ဆင်လိုက်ပြီးနောက်... ကျောက်စိမ်းပြား တစ်ချပ်ကို ကောက်ယူကာ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ရှုလိုက်၏။

"ဝီ..."

"လော့ယွဲ့ မဟာမိတ် အဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်နေသူတွေက... 'အင်မော်တယ် ဂိုဏ်း' က မိစ္ဆာတွေပါ... ကျင့်ကြံသူ မိတ်ဆွေအပေါင်းတို့... ကျေးဇူးပြုပြီး 'ကောင်းကင်ဘုံ အင်မော်တယ် နန်းတော်' ကို အကြောင်းကြားပေးကြပါ... နန်းတော် သခင်ကြီးကို လာရောက်ပြီး ဒီမိစ္ဆာတွေကို နှိမ်နင်းပေးဖို့ တောင်းဆိုပေးကြပါ"

ဒီသတင်းတိုလေးက စုယွီကို ခေတ္တမျှ မှင်သက်သွားစေခဲ့၏။

ရှေးဟောင်း လော့ယွဲ့ မဟာမိတ် အဖွဲ့ရဲ့ ပျက်စီးဆုံးရှုံးမှုက... အင်မော်တယ် ဂိုဏ်း တစ်ခုနဲ့ ပတ်သက်နေတာလား။

ပြီးတော့ 'ကောင်းကင်ဘုံ အင်မော်တယ် နန်းတော်' ကို အကြောင်းကြားပြီး... နန်းတော် သခင်ကြီး ကို လာရောက် ကူညီဖို့ တောင်းဆိုခိုင်းတာ ဟုတ်လား။

စုယွီ၏ မျက်နက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွား၏။

"ဒါဆိုရင်... ရှေးဟောင်း ဂိုဏ်းကြီး တစ်ခုဖြစ်တဲ့ 'ကောင်းကင်ဘုံ အင်မော်တယ် နန်းတော်' ဆိုတာက... အလွန်အမင်း စွမ်းအားကြီးမားခဲ့တယ် ဆိုတဲ့ သဘောလား"

"လော့ယွဲ့ ရေကန် နယ်မြေ ရဲ့ ကျင့်ကြံခြင်း လောကမှာ... ထိပ်သီး ခေါင်းဆောင် ဖြစ်ခဲ့တဲ့ လော့ယွဲ့ မဟာမိတ် အဖွဲ့တောင်မှ... ဒုတိယ ကြုံလာတဲ့ အခါမှာ ကောင်းကင်ဘုံ အင်မော်တယ် နန်းတော်ရဲ့ အကူအညီကို တောင်းခံချင်ခဲ့တာလား”

All Chapters