နောက်ကွယ်မှ တကယ့်ကြိုးကိုင်သူ
Vol. 6 Ch. 80
“နံနက်ခင်းအလင်းနယ်ပယ် အလယ်အလတ်အဆင့်၊ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်၊ ဝန်ကြီးမုန့်... မင်းက တကယ်ကို မရိုးရှင်းဘူးပဲ...” လျို့ဝှက်ဓားအရှင်သခင်က မျက်မှောင်ကြုတ်လျက် အေးစက်စွာ ပြောလိုက်သည်။
ကျန်ရှိနေသော နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူ (၃)ဦးမှာမူ နှုတ်ဆိတ်နေကြသော်လည်း သူတို့၏ အမူအရာများမှာ ခက်ခဲသော ရန်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ပင်။
တိုင်းပြည်ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် ကြီးကျယ်ခမ်းနားလှသော စစ်မြေပြင် တစ်ခုလုံးမှာ မုန့်ချင်ကျိုးကြောင့် အရှိန်အဝါများ လျော့ကျသွားခဲ့ရသည်။ မည်သူမျှ ဆက်လက်တိုက်ခိုက်လိုစိတ် မရှိကြတော့ပေ။
မှောင်ရိပ်ထဲမှ စောင့်ကြည့်နေသော အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးက ခပ်အေးအေး ပြောလိုက်သည်။ “ဝန်ကြီးမုန့်က အချိန်နဲ့နေရာလွတ် ဓားသူတော်စင် ဖြစ်နေရင်တောင် ဘာဖြစ်လဲ။ နံနက်ခင်းအလင်း နယ်ပယ် အောက်မှာရှိတဲ့ သူတွေအားလုံးက ပုရွက်ဆိတ်တွေပါပဲ။ သူ့ရဲ့ပါရမီက ဘယ်လောက်ပဲ ထူးချွန် ပါစေဦးတော့... ဒီလို နယ်ပယ်ကွာဟချက်ကြီးကိုတော့ သူ မကျော်ဖြတ်နိုင်ပါဘူး။”
ကောင်းကင်ယံအထက်မှ အခြားအသံတစ်ခုက သက်ပြင်းချရင်း ဆိုသည်။ “နှမြောစရာကောင်းတာက မုန့်ချင်း ကျင့်ကြံတဲ့အချိန်က အရမ်းတိုတောင်းနေတာပဲ။ တကယ်လို့ သူ့မှာ နောက်ထပ် ဆယ်နှစ်... မဟုတ်ဘူး၊ သုံးနှစ်လောက်သာ အချိန်ရမယ်ဆိုရင်... သူက ကျိမိသားစုရဲ့ ဒုတိယသခင်လေးပြီးရင် နောက်ထပ်တစ်ယောက် ဖြစ်လာနိုင်မှာ...”
ကျိမိသားစုရဲ့ ဒုတိယသခင်လေး အမည်ကို ကြားလိုက်ရသည်နှင့် ပုန်းကွယ်နေသော အင်အားကြီး ပုဂ္ဂိုလ်များမှာ တစ်ပြိုင်နက်တည်း အံ့အားသင့်စွာဖြင့် လေကို ပြင်းပြင်းရှူလိုက်ကြသည်။
“ကောင်းကင်ပြည်နယ်ရဲ့ ကျိမိသားစု... တောရိုင်းမြေရဲ့ တစ်ဝက်လောက်ကို တကယ်ပဲ စည်းလုံးစေခဲ့ပြီး အာဏာရှင် အင်အားစုတစ်ခု ဖြစ်လာခဲ့တာ။ ကောင်းကင်ပြည်နယ်ကို စိုးမိုးပြီး လောကတစ်ခုလုံးကို ဟိန်းဟောက်ခဲ့တာလေ။”
“လွန်ခဲ့တဲ့ အနှစ်(၃၀)က ကျိမိသားစုရဲ့ ဒုတိယသခင်လေးဆိုတာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သူဌေး၊ ကဇာတ်ရုံတွေမှာပဲ အချိန်ဖြုန်းပြီး လူတကာကို ဗိုလ်ကျနေတဲ့သူ။ ဒါပေမဲ့ (၃)နှစ်အကြာမှာတော့ သူက ရုတ်တရက် ထိပ်တန်းကို ရောက်လာခဲ့ပြီး နောက်ထပ် အနှစ်(၃၀)လုံးလုံး ဘယ်သူမှ တားမရအောင် တိုးတက်လာခဲ့တာ။”
“ငါမှတ်မိသလောက်ဆို ကျိမိသားစုရဲ့ ဒုတိယသခင်လေးက လွန်ခဲ့တဲ့ တစ်နှစ်က လရောင်ထွန်းလင်း နယ်ပယ် နှောင်းပိုင်း စွမ်းအားနဲ့တင် နံနက်ခင်းအလင်းနယ်ပယ် အဆင့်နှောင်းပိုင်းက အင်အားကြီး ပုဂ္ဂိုလ် တစ်ယောက်ကို သတ်ပစ်ခဲ့တာ။”
“နယ်ပယ်တစ်ခုလုံးကို ကျော်ဖြတ်ပြီး သတ်နိုင်ခဲ့တာဆိုတော့ အခုဆို ကျိမိသားစုရဲ့ ဒုတိယသခင်လေးက ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ။”
“မုန့်ချင်က ကျိမိသားစု ဒုတိယသခင်လေးနဲ့ ယှဉ်ချင်တာလား။ အဟက်... လမင်းကြီးကို ပိုးစုန်းကြူးနဲ့ ယှဉ်နေသလိုပဲ။”
မုန့်ချင်ကျိုး စိတ်ပျက်နေမိသည်။ နံနက်ခင်းအလင်း အင်အားကြီး ပုဂ္ဂိုလ်များစွာနှင့် ရင်ဆိုင် နေရသော်လည်း သူ၏အတွေးများက တခြားစီ ဖြစ်နေသည်။
သူ့ရဲ့ ဓားသူတော်စင် သရုပ်မှန်သာ ပေါ်သွားရင် သူ့ဇနီးက ဘယ်လိုတွေးမလဲ။
သူက ငါးပိကောင်မုန့်ကို ကြိုက်တာလား၊ မုန့်ချင်ကျိုးကို ကြိုက်တာလား။
သို့သော် အခြေအနေက အလွန်ပင် အရေးကြီးနေခဲ့သည်။ သူ့ကိုယ်ပွား၏ စွမ်းအားက နံနက်ခင်းအလင်း နယ်ပယ်ကို သတ်ရန် မလုံလောက်ပေ။ ဧကရီကလည်း သူ့ဘေးတွင် မရှိပေ။ အကယ်၍ သူသာ ဆက်ပြီး စွမ်းအားဖျောက်ထားလျှင် သူ့ဇနီး ထိခိုက်မိမှာကို မုန့်ချင်ကျိုး ကြောက်နေခဲ့၏။
မတတ်သာသည့်အဆုံး သူ လှုပ်ရှားရန်သာ ရွေးချယ်လိုက်ရလေသည်။
“အားလုံး... နောက်ဆုတ်။” မုန့်ချင်ကျိုးက ပြောလိုက်သည်။ သူ၏ လက်မောင်းနှင့် ဓားမှာ ရှေ့သို့ ဆန့်ထုတ်ထားပြီး ကိုယ်နေဟန်ထားမှာ လှံတစ်စင်းကဲ့သို့ မတ်မတ်ရှိနေကာ အသံမှာ တည်ငြိမ်ပြီး ခန့်ညားလှသည်။
“ခင်ဗျားတို့တွေက အသုံးချခံနေရတဲ့ သနားစရာကောင်းတဲ့ နယ်ရုပ်တွေပါပဲ။ ဘာလို့ ကိုယ့်အသက်ကို အလဟဿ စတေးနေကြတာလဲ။”
မုန့်ချင်ကျိုးက တုန်းဖန်လျူလီ၏ အရှေ့တွင် ရပ်နေကာ နတ်ဘုရား သို့မဟုတ် နတ်ဆိုးတစ်ပါးကဲ့သို့ ရန်သူများကို ရင်ဆိုင်နေသည်။ သူ၏ အမူအရာမှာ အမြဲတမ်း တည်ငြိမ်နေပြီး မျက်မှောင်ပင် မကြုတ်ချေ။
တုန်းဖန်လျူလီက သူ့ရှေ့မှ မြင့်မားသော ပုံရိပ်ကြီးကို ငေးကြည့်နေမိပြီး မိမိ၏ သရုပ်မှန်ကို ခေတ္တမျှ မေ့လျော့နေမိသည်။
သူ၏ အနိုင်မခံလိုသော ယုံကြည်ချက်များ၊ မဟာကျင်းဧကရီဟူသော ဂုဏ်ပုဒ်၊ ဤတိုက်ပွဲ၏ ရည်ရွယ်ချက်နှင့် စစ်မြေပြင်တွင် ရောက်နေသည်ကိုပင် သူ မေ့သွားခဲ့သည်။
ဤအခိုက်အတန့်တွင် တုန်းဖန်လျူလီ၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့သည်။ ငါ့ယောက်ျားက တကယ့်ကို လောကမှာ အချောဆုံးပဲ။
ဂုဏ်သိက္ခာကြီးမားလှသော ဧကရီမှာ လူအများ အရှေ့တွင်ပင် ကြွေဆင်းသွားရပြီ ဖြစ်သည်။ သူ၏ ပယင်းရောင် မျက်ဝန်းလေးများမှာ အိပ်မက်ဆန်သော အကြည့်များဖြင့် ပြည့်နှက်နေပြီး မုန့်ချင်ကျိုးကို ချစ်မြတ်နိုးစိတ်များဖြင့် စိုက်ကြည့်နေမိသည်။
ကံကောင်းထောက်မစွာဖြင့် သူက ရုပ်ရည်နှင့် ကျင့်ကြံခြင်း အရှိန်အဝါများကို ဖုံးကွယ်ထားခဲ့သည်။ မဟုတ်လျှင် မဟာကျင်း နန်းတွင်းအရာရှိများသာ မြင်လျှင် ကမ္ဘာပျက်ပြီအထင်နှင့် ထိတ်လန့်တုန်လှုပ် ကုန်ကြမည်မှာ အသေအချာပင်။
သို့သော်လည်း...
အင်အားစု (၇)ခုမှ ခေါင်းဆောင်များနှင့် အဘိုးကြီးများမှာ မုန့်ချင်ကျိုး၏ စကားကို ကြားလိုက်ရသည့်အခါ သူတို့၏ အမူအရာများမှာ အနည်းငယ် ပြောင်းလဲသွားကြသည်။
“မင်း... ဘာကို ဆိုလိုတာလဲ...” လျို့ဝှက်ဓားအရှင်သခင်က အော်ပြောလိုက်သည်။
တောင်တန်းနှင့်မြစ်မြေပုံပေါ်မှ ကျန်ရှိနေသော နံနက်ခင်းအလင်း ပုဂ္ဂိုလ်ကြီး (၃)ဦးကလည်း အော်ပြောလိုက်ကြသည်။
“လူငယ်လေး။ စကားကို ဆင်ခြင်ပြောစမ်း...”
“သေချင်နေတာပဲ။ ငါတို့ကို စော်ကားရဲတယ်ပေါ့လေ...”
“မုန့်ချင်း။ မင်း ဘာတွေကို သိနေတာလဲ...”
အဝေးတစ်နေရာ၊ အစ်မကြီးချုံး၏ ဟင်းလင်းပြင် အမှောင်ပိုင်နက်ထဲသို့ ဆွဲသွင်းခံထားရသော နံနက်ခင်းအလင်း (၅)ဦးကြားမှ ဘိုးဘေးကြီး တောက်တီး၏ ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်၍ လာသည်။ “မုန့်ချင်းကို သတ်ကြ... သူက ဒီလျို့ဝှက်ချက်တွေကို သိဖို့ ထူးဆန်းတဲ့ ဟောကိန်းထုတ်နည်း တစ်ခုခု သုံးထားတာ ဖြစ်ရမယ်...”
မုန့်ချင်ကျိုးက သက်ပြင်းကို လေးလံစွာ ချလိုက်ပြီး တိုက်ရိုက် မဖြေဘဲ သူ့ဘာသာ ရေရွတ်လိုက်သည်။
“လျို့ဝှက်ဓားအရှင်သခင်... ခင်ဗျားအကြောင်း အရင်ပြောရအောင်။”
“ခင်ဗျားကိုယ်ခင်ဗျား ပြန်မေးကြည့်။ ခင်ဗျားက အချိန်နဲ့နေရာလွတ် ဓားအသိကို တကယ် လိုချင်နေလို့ ကျုပ်ကို ဘယ်လိုနည်းနဲ့မဆို သတ်ဖို့ ကြိုးစားနေတာလား။”
“မဟုတ်ဘူး...”
မုန့်ချင်ကျိုး၏ လေသံမှာ သနားစရာကောင်းသော အငွေ့အသက်များ ပါဝင်နေသည်။ “ခင်ဗျားက ကြိုးနဲ့ချည်ထားတဲ့ ခွေးတစ်ကောင်ပဲ။ ခင်ဗျားရဲ့သခင်က ကောင်းကင်ဘုံကိုးပါးကို ရှုပ်ထွေးအောင်လုပ်ဖို့၊ စည်းလုံးနိုင်စွမ်းရှိတဲ့ အာဏာရှင်တွေကို နှိမ်နင်းဖို့ ခင်ဗျားကို ခိုင်းခဲ့တယ်။ ခင်ဗျားကလည်း တစ်နေ့မှာ သခင်က အရိုးတစ်ချောင်း ပေးလိမ့်နိုးနိုးနဲ့ အမိန့်တွေကို တစ်သွေမတိမ်း လိုက်နာခဲ့တာပဲ။”
ဤစကားကို ကြားလိုက်ရာ လျို့ဝှက်ဓားအရှင်သခင်၏ မျက်ဝန်းများမှာ ရေကဲ့သို့ အေးစက်သွားပြီး လှောင်ပြောင်လိုက်သည်။ “ပေါက်ကရတွေ... ငါက ဓားကျင့်ကြံတဲ့သူ၊ ဘယ်သူ့လက်အောက်မှာမှ အညံ့ခံမယ့်သူ မဟုတ်ဘူး။ ငါ့ကို ဘယ်သူက အမိန့်ပေးနိုင်မှာလဲ...”
မုန့်ချင်ကျိုးက ပြုံးလိုက်ပြီး ပြောသည်။ “ခင်ဗျား တခြားသူတွေကို ညာလို့ရပေမဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ညာနေတာကတော့ အရမ်းမိုက်မဲလွန်းရာ ကျလိမ့်မယ်။ ခင်ဗျားကိုယ်ခင်ဗျား ပြန်မေးကြည့်... နှစ်ပေါင်း သုံးထောင်တိုင်တိုင် ကျင့်ကြံခဲ့တာတောင် ဘာလို့ နံနက်ခင်းအလင်းနယ်ပယ်ကို အဆင့် မတက်နိုင်တာလဲ။ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ တာအိုနှလုံးသားမှာ မြူတွေ ဖုံးနေလို့ပဲ။ မယိုင်လဲတဲ့ ဓားအသိဆိုတာကလည်း ဟိုးအရင်ကတည်းက ဒူးထောက်ခဲ့ပြီးသားပါ။”
လျို့ဝှက်ဓားအရှင်သခင် ပြန်မချေပနိုင်ဘဲ အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ ခဏအကြာတွင် သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။
“နှမြောစရာပဲ။”
စကားလုံး တစ်လုံးတည်း ဖြစ်သော်လည်း လူများစွာကို ဇဝေဇဝါ ဖြစ်စေသည်။ သို့သော် မုန့်ချင်ကျိုးကတော့ သူ မည်သည်ကို ဆိုလိုကြောင်း သိသည်။
ဇာတ်လမ်းအရ ယခင် လျို့ဝှက်ဓားအရှင်သခင်က ဂုဏ်သိက္ခာရှိပြီး စစ်မှန်သော ဓားကျင့်ကြံသူ တစ်ဦး ဖြစ်ခဲ့သည်။
ယနေ့တွင် သူ ဒူးထောက်နေရပြီ ဖြစ်သော်လည်း နှလုံးသားထဲတွင် သိက္ခာတရား အစအနလေးတော့ ကျန်ရှိနေသေးသည်။
လျို့ဝှက်ဓားအရှင်သခင်က မုန့်ချင်ကျိုးကို နှမြောနေခြင်းမှာ သူ ခေတ်မှားပြီး မွေးဖွားလာခဲ့၍ပင်။ ဤခေတ်တွင် ကျင့်ကြံသူများ၏ အနာဂတ်မှာ အမှောင်ထုများဖြင့် ဖုံးလွှမ်းနေ၏။
“မင်းပြောတာ မှန်တယ်...” လျို့ဝှက်ဓားအရှင်သခင်က ရုတ်တရက် ပြုံးလိုက်သည်။ သူ၏ မျက်ဝန်း များထဲမှ ရန်လိုမှုနှင့် အမှောင်ထုများ ကွယ်ပျောက်သွားသည်။ “ငါ့ရဲ့ဓားက မစင်ကြယ်တော့ဘူး။ ငါ မင်းကို သတ်ရင်တောင် အချိန်နဲ့နေရာလွတ် ဓားအသိစိတ်ကို နားလည်နိုင်မှာ မဟုတ်ဘူး၊ နံနက်ခင်းအလင်းနယ်ပယ်ကိုလည်း အဆင့်တက်နိုင်မှာ မဟုတ်ဘူး။”
“မုန့်ချင်း... ငါ မင်းကို အမြဲတမ်း လေးစားခဲ့တာ။ ဒါပေမဲ့... ကံကြမ္မာက ငါတို့လက်ထဲမှာ မရှိဘူး။ ငါ မင်းကို ဘယ်တုန်းကမှ မသတ်ချင်ခဲ့သလို၊ ဓားပညာ ပါရမီရှင်တွေကိုလည်း မဖျက်ဆီးချင်ခဲ့ဘူး။”
“ဒါကြောင့် နှစ်ပေါင်းများစွာတိုင်အောင် လျို့ဝှက်ဓားတားမြစ်နယ်မြေက တပည့်တွေကို လက်မခံခဲ့တာ။ သူတို့ကို ဒီသေမင်းတံခါးထဲ ခြေမချစေချင်လို့ပဲ။”
လျို့ဝှက်ဓားအရှင်သခင်၏ ဘေးပတ်ပတ်လည်ရှိ ပြင်းထန်သော ဓားအသိများကည် ရုတ်တရက် ဆွေးမြည့်ခြင်း၊ ဝမ်းနည်းခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်း အသိစိတ်များအဖြစ် ပြောင်းလဲသွားသည်။
၎င်းမှာ လျို့ဝှက်ဓားအရှင်သခင်၏ စစ်မှန်သော ဓားအသိစိတ်ဖြစ်ပြီး အတွင်းစိတ်ကို ထင်ဟပ်နေခြင်း ဖြစ်သည်။
“ဒါပေမဲ့ မုန့်ချင်း... မင်းက အရမ်းတောက်ပလွန်းတယ်။ မင်းရဲ့ တည်ရှိမှုကို ငါ ဖုံးကွယ်ဖို့ ဘယ်လောက်ပဲ ကြိုးစားခဲ့ပါစေ... သူတို့တွေ နောက်ဆုံးတော့ သိသွားကြတာပဲ။”
“တောရိုင်းမြေရဲ့ အနာဂတ်အတွက်... မုန့်ချင်၊ ကျေးဇူးပြုပြီး သေပေးပါ။”
တောရိုင်းမြေတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားလေသည်။ စစ်မြေပြင်တွင် တိုက်ခိုက်နေကြသော ကျင့်ကြံသူများမှာ တစ်ပြိုင်နက်တည်း ရပ်တန့်သွားကြပြီး ကောင်းကင်ယံသို့သာ အာရုံစိုက်လိုက်သည်။
အချိန်နဲ့နေရာလွတ် ဓားသူတော်စင်နှင့် လျို့ဝှက်ဓားအရှင်သခင်တို့၏ စကားဝိုင်းမှာ ကြောက်မက်ဖွယ် ကောင်းသော လျို့ဝှက်ချက်များကို ဖော်ထုတ်လိုက်ခြင်းပင်...
ကြားရသူတိုင်းမှာ ကျောချမ်းသွားရ၏။
နတ်ဘုရားဓားကို ကိုင်ဆောင်ထားသော လျို့ဝှက်ဓားအရှင်သခင်မှာ နံနက်ခင်းအလင်းနယ်ပယ်နှင့် နီးစပ်သော တိုက်ခိုက်ရေးစွမ်းအား ရှိသည်။ သို့သော်လည်း ထိုကဲ့သို့သော အင်အားကြီး ပုဂ္ဂိုလ်မှာပင် တခြားသူ၏ အိမ်စောင့်ခွေးတစ်ကောင်မျှသာ ဖြစ်နေသည်လား...
ဘယ်လို ရန်သူကများ နယ်မြေအရှင်သခင်တစ်ဦးကို မျှော်လင့်ချက်မဲ့စေပြီး အနာဂတ်လမ်းစ ပျောက်ဆုံး နေပြီလို့ ယုံကြည်အောင် လုပ်နိုင်ရတာလဲ...
“မုန့်ချင်း... မင်း ဘာလို့ ဒီလျို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့ရတာလဲ။ မဟုတ်ရင် မင်းကို သေချင် ယောင်ဆောင်ခိုင်းပြီး ထွက်ပြေးအောင် ငါ ကူညီပေးလို့ ရသေးတာပေါ့။”
“ဒါပေမဲ့ အခု မင်း ပြောလိုက်ပြီဆိုတော့ အခြေအနေတွေ ပြောင်းသွားပြီ။ မင်း သေကို သေရမယ်...” လျို့ဝှက်ဓားအရှင်သခင်က ပြောလိုက်သည်။
မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြန်ပြောသည်။ “ကျုပ် မကြောက်ပါဘူး။”
“ဘာလို့ မကြောက်တာလဲ။” လျို့ဝှက်ဓားအရှင်သခင် နားမလည်နိုင်ဖြစ်သွားသည်။
မင်း သေရမှာကို မကြောက်ဘူးလား။
“မကြောက်ဘူးဆိုတာ မကြောက်ဘူးပေါ့...” မုန့်ချင်ကျိုးက ဆိုသည်။
အမှန်စင်စစ် သူ မကြောက်ခြင်းမှာ ဤတိုက်ပွဲပြီးသည်နှင့် အရာရှိဘဝမှ နုတ်ထွက်ကာ ဇနီးသည်နှင့်အတူ ကျေးလက်သို့ ပြန်ရန် စီစဉ်ထားသောကြောင့်ပင်။
စနစ်က သူ၏ ကျင့်ကြံခြင်း အရှိန်အဝါကို ဖုံးကွယ်ပေးထားမည်ဖြစ်ရာ သူသာ ကိုယ့်ကိုယ်ကိုယ် မိုက်မိုက်ကန်းကန်း ထုတ်မပြသရွေ့ ထိုကြိုးကိုင်သူကြီးကပင် သူ့ကို ရှာတွေ့နိုင်မည် မဟုတ်ချေ...
သူက ပြိုင်စံရှား အခြေအနေသို့ ရောက်သည်အထိ စောင့်ပြီးမှ ပြန်လည် ပေါ်ထွက်လာပေမည် ဖြစ်သည်။