← Chapters

တောရိုင်းမြေနှင့် ကောင်းကင်ပြည်နယ်

Vol. 6 Ch. 81

တောရိုင်းမြေနှင့် ကောင်းကင်ပြည်နယ်

Vol. 6 Ch. 81

နံနက်ခင်းအလင်းနယ်ပယ်၏ အခြားသော အင်အားကြီးပုဂ္ဂိုလ် (၃)ဦးမှာ အင်အားစုကြီး (၇)ခု၏ အခြေခံ အုတ်မြစ်များကို ကိုယ်စားပြုသူများ ဖြစ်ကြသော်လည်း ယခုအခါတွင်မူ သူတို့၏ မာန်မာနများကို ထုတ်မပြကြတော့ပေ။ သူတို့၏ မျက်ဝန်းအိမ်ထဲ ဆွေးမြည့်မှုနှင့် အားကိုးရာမဲ့မှု အငွေ့အသက်များသာ ကိန်းအောင်းနေတော့သည်။

“မိတ်ဆွေလေး... ငါတို့ကို အပြစ်မတင်ပါနဲ့။ မင်း သေသွားပြီးရင် မင်းရဲ့ဇနီးကတော့ ဘေးကင်းမှာပါ။”

“ငါတို့မှာ ရွေးချယ်စရာ မရှိဘူး။ တကယ်လို့ ငါတို့သာ အမိန့်ကို မနာခံရင် ကောင်းကင်ဘုံကိုးပါး တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။”

“ဒါကို တောရိုင်းမြေအတွက် စတေးတာလို့ပဲ မှတ်ယူလိုက်ပါတော့။”

ဘိုးဘေးကြီး (၃)ဦးမှာ ဟန်ဆောင်မှုများကို ဘေးဖယ်ကာ တစ်ဦးပြီးတစ်ဦး ပြောဆိုလာသည်။ သူတို့က မရေမတွက်နိုင်သော နှစ်ကာလများကို ဖြတ်သန်းရှင်သန်ခဲ့ကြပြီး သူတို့၏ ကျင့်ကြံခြင်း လမ်းစများမှာ ပြတ်တောက်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ အကယ်၍ သူတို့၏ စွဲလမ်းမှုများသာ မရှိခဲ့လျှင် အသက်ကို ကိုယ့်ဘာသာ အဆုံးစီရင်ခဲ့ကြသည်မှာ ကြာလှလေပြီ။

မုန့်ချင်ကျိုးက ဝမ်းနည်းပူဆွေးစွာ သက်ပြင်းချလိုက်သည်။

သူက အစွမ်းထက်လှသော ဇာတ်လိုက်ကျော် ကျောက်ကော်ကို လွမ်းမိသွားသည်။ ထိုသူသာ အသက်ရှင်နေသေးလျှင် ဘယ်လောက် ကောင်းလိုက်မည်နည်း။

မဟာကျင်းတိုင်းပြည် တည်ရှိရာ ဒေသကို တောရိုင်းမြေဟု ခေါ်ဆိုသည်။

တောရိုင်းမြေက ကမ္ဘာ၏ တစ်ဝက်ခန့်ကို သိမ်းပိုက်ထားပြီး ၎င်း၏ အလွန်တွင် ကောင်းကင်ပြည်နယ် ရှိသည်။

အင်အားစုကြီး (၇)ခု၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ ကောင်းကင်ပြည်နယ်၏ အစွမ်းအထက်ဆုံး မိသားစုဖြစ်သည့် ကျိမိသားစုပင် ဖြစ်သည်။

ကျိမိသားစုသည် မဟာကျင်းတိုင်းပြည်ကို ပစ်မှတ်ထားရန် အင်အားစုကြီး (၇)ခုကို ကြိုးကိုင်ခဲ့ခြင်းမှာ ၎င်းကို ဖျက်ဆီးပစ်ရန်နှင့် တောရိုင်းမြေအား စည်းလုံးစေမည့် မည်သည့်မျှော်လင့်ချက်ကိုမဆို ငြှိမ်းသတ်ရန် ရည်ရွယ်သည်။ သူတို့က တောရိုင်းမြေအား ထာဝရ ကသောင်းကနင်း ဖြစ်နေစေလိုပြီး စစ်ပွဲများမှတစ်ဆင့် အမြတ်ထုတ်လိုကြသည်။

သူတို့က အချိန်နှင့်နေရာလွတ် ဓားသူတော်စင်ကို သတ်ဖြတ်ရန် ကြိုးစားနေခြင်းမှာ တောရိုင်းမြေထဲတွင် အနှိုင်းမဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာမည်ကို ကြောက်ရွံ့သောကြောင့်ပင်။

“ကောင်းကင်ပြည်နယ်... ကျိမိသားစုရဲ့ ဒုတိယသခင်လေး...” မုန့်ချင်ကျိုး တိုးတိုးတိတ်တိတ် ရေရွတ်လိုက်သည်။

မကြာသေးမီက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ ကျိမိသားစု ဒုတိယသခင်လေး၏ ကြိုတင် စီစဉ်ထားမှုများ ဖြစ်ပြီး မဟာကျင်းတိုင်းပြည်ကို တစ်ဆင့်ချင်း ပိတ်ဆို့လိုက်ခြင်းပင် ဖြစ်သည်။

ပထမအဆင့်မှာ မွေးနေ့ပွဲတွင် လက်ထပ်ခွင့် တောင်းခံခြင်းဖြင့် မဟာကျင်းကို အတွင်းပိုင်းမှ ဖြိုခွဲရန်နှင့် ဧကရီ၏ စည်းလုံးရေးလမ်းစကို ဖြတ်တောက်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။

ဒုတိယအဆင့်မှာ ကျောက်ယွီဟွမ်နှင့် ပူးပေါင်းကာ ဧကရီကို ဝိုင်းရံတိုက်ခိုက်ပြီး ဤအစွမ်းထက်သော အုပ်ချုပ်သူကို သတ်ဖြတ်ရန်ပင်။

အကယ်၍ ပထမ အဆင့်နှစ်ခုစလုံး ကျရှုံးခဲ့လျှင် အင်အားစုကြီး (၇)ခုသည် မဟာကျင်းတိုင်းပြည်ကို အမြစ်ပြတ်ချေမှုန်းရန် အလုံးအရင်းနှင့် တိုက်ခိုက်မည် ဖြစ်သည်။

“အထင်ကြီးစရာပဲ။” မုန့်ချင်ကျိုးက သူ၏ ရင်ဘတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လျက် တိုးတိတ်စွာ ပြောလိုက်သည်။ “ကျိဝူရွှမ်... မင်းက တကယ့်ကို အထင်ကြီးစရာပဲ။ တိုင်းပြည်တွေကို နယ်ရုပ်တွေလို သုံးတာ။ တကယ့်ကို ကြီးကျယ်တဲ့ စီမံကိန်းကြီးပဲ။”

စစ်မြေပြင်၏ နှစ်ဖက်စလုံးမှ တိုက်ခိုက်သံများ ရပ်တန့်သွားပြီး သန်းနှင့်ချီသော ကျင့်ကြံသူများက တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။

၎င်းမှာ မုန့်ချင်ကျိုးနှင့် လျို့ဝှက်ဓားအရှင်သခင်တို့၏ ဆုံးဖြတ်ချက်ပင်။

တောရိုင်းမြေက အားနည်းနေခဲ့သည်မှာ ကြာပြီဖြစ်ရာ နောက်ထပ် သွေးမြေကျမှုနှင့် သေဆုံးမှုများကို မခံနိုင်တော့ပေ။

လျို့ဝှက်ဓားအရှင်သခင်က ခပ်တိုးတိုး ပြောလိုက်သည်။ “မုန့်ချင်း... ငါ မင်းနဲ့ အလောင်းအစားတစ်ခု လုပ်ချင်တယ်။”

“ပြောကြည့်လေ။” မုန့်ချင်က အတိုချုံး ပြန်ဖြေသည်။

လျို့ဝှက်ဓားအရှင်သခင်က ဧကရာဇ်အဆင့် နတ်ဘုရားဓားကို လက်မဖြင့် ပွတ်သပ်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်းက ဧကရီကို နယ်မြေတွေ စည်းလုံးအောင် ကူညီပေးချင်တယ်၊ တောရိုင်းမြေ တစ်ခုလုံးရဲ့ အရှိန်အဝါကို သုံးပြီး ကံကြမ္မာကို ဆန့်ကျင်ချင်တာ။”

“ဒါပေမဲ့ ငါတို့ကတော့ ရှေ့မှာရှိတဲ့ လမ်းကြောင်းက ပိတ်နေပြီ၊ ဘာမျှော်လင့်ချက်မှ မကျန်တော့ဘူးလို့ ယုံကြည်တယ်။ ဒါကြောင့် ခဏလောက်တော့ အောင့်အည်းသည်းခံပြီး သူတို့ရဲ့ မျှော်လင့်ချက်တွေကို ယာယီဖြည့်ဆည်းပေးတာက ပိုကောင်းလိမ့်မယ်။”

“ဒါက ငါတို့ရဲ့ စံနှုန်းချင်း ထိပ်တိုက်တွေ့မှု၊ ဆန့်ကျင်ဘက် အမြင်ချင်း ရင်ဆိုင်မှုပဲ။ ဒါကို ဓားပညာချင်း ယှဉ်ပြိုင်ပြီး အဆုံးအဖြတ်ပေးကြရအောင်။ တကယ်လို့ မင်းနိုင်ရင် အင်အားစုကြီး (၇)ခုက မဟာကျင်းရဲ့ စည်းလုံးရေးလမ်းကြောင်းအတွက် အနင်းခံကျောက်တွေ ဖြစ်လာလိမ့်မယ်။ တကယ်လို့ ငါနိုင်ရင်တော့ မဟာကျင်းတိုင်းပြည်နဲ့ ဧကရီမင်းမြတ်ဟာ မင်းနဲ့အတူ ပျက်စီးသွားလိမ့်မယ်။”

၎င်းကို ကြားလိုက်ရာ မုန့်ချင်ကျိုး၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွား၏။

ဘာပြောတယ်...

ငါက ဧကရီကို နယ်မြေစည်းလုံးအောင် ကူညီပြီးတော့ တောရိုင်းမြေရဲ့ အရှိန်အဝါနဲ့ ကံကြမ္မာကို ဆန့်ကျင်ချင်တာလား။

အဲဒါ ငါ တကယ် လိုချင်တာလား။ ငါတောင် မသိပါလား။

လျို့ဝှက်ဓားအစ်ကိုကြီး... ခင်ဗျားကတော့ တကယ် သူရဲကောင်းကို အကဲခတ်တတ်တာပဲ။

ဘာလို့ လူတိုင်းက ငါ့ကို ဒီလောက်အထိ အထင်ကြီးနေကြတာလဲ။ ငါက ပူပန်မှုကင်းတဲ့ လေလွင့်သူ တစ်ယောက်ပါဆို။

မုန့်ချင်ကျိုးက ရှင်းပြ၍မရဘဲ နဖူးကိုသာ ဖိထားမိတော့သည်။

သူ့ဇနီးသည်၏ ပြင်းထန်သော အကြည့်များအပြင် မဟာကျင်းစစ်သည်များနှင့် အင်အားစုကြီး (၇)ခုမှ ကျင့်ကြံသူများ၏ အံ့သြတုန်လှုပ်သံများကိုပင် သူ ခံစားနေရ၏။

သူတို့က လျို့ဝှက်ဓားအရှင်သခင် ပြောနေသည်ကို အတိအကျ နားမလည်ကြသော်လည်း အလွန် အရေးကြီးသော အရာတစ်ခု ဖြစ်ပျက်နေသည်ကိုတော့ ခံစားမိကြသည်။

အင်အားစုကြီး (၇)ခုရော မုန့်ချင်ကျိုးရော နှစ်ဖက်စလုံးမှာ ကမ္ဘာကြီးကို ကယ်တင်မည့် နည်းလမ်းကို ရှာဖွေနေကြပုံရသည်။

လျို့ဝှက်ဓားအရှင်သခင်က သူလျှိုအဖြစ် နေရန် ရွေးချယ်ခဲ့ပြီး၊ မုန့်ချင်ကျိုးကတော့ ကောင်းကင်ဘုံကို ဆန့်ကျင်ရန် ရွေးချယ်ခဲ့သည်ပေါ့...

“ဝန်ကြီးမုန့်က အစွမ်းထက်လှပါပေတယ်...” ချင်းဖုန်းဟော်က အားတက်သရော အော်ဟစ်လိုက်ပြီး အမာခံပရိသတ် တစ်ဦးကဲ့သို့ (၃)ပေခန့် မြင့်အောင် ခုန်ပေါက်နေသည်။

ပင်လယ်အရှင်သခင်က မုန့်ချင်ကျိုး၏ ကျောပြင်ကို ကြည့်ရင်း ရင်ထဲတွင် သူရဲကောင်းစိတ်ဓာတ်များ ထကြွလာသည်။ “ယောက်ျားကောင်းဆိုတာ ဒီလိုဖြစ်ရမယ်။ ဝန်ကြီးမုန့်က ပညာရှိ ဖြစ်နိုင်တယ်။ ဒီလိုသူရဲကောင်းမျိုးက ဧကရီရဲ့ ကြင်ရာတော် မဖြစ်ရတာ မဟာကျင်း အတွက်တော့ တကယ့်ကို နှမြောစရာပဲ...”

ဤအခိုက်အတန့်တွင် ပင်လယ်အရှင်သခင်၏ အုပ်ချုပ်သူအသစ် တင်မြှောက်လိုသော ဆန္ဒမှာ ယခင်ကထက် ပိုမိုပြင်းပြလာခဲ့သည်။ သူက ဧကရီကို မုန့်ချင်ကျိုးအား နန်းချခိုင်းပြီး မုန့်ချင်ကို ကြင်ရာတော်အဖြစ် ချက်ချင်း တင်မြှောက်ခိုင်းချင်စိတ် ပေါက်နေတော့သည်။

“ဒါ ငါ့ရဲ့ ယောက်ျားပဲ......” ဧကရီက အလွန်ပင် ဂုဏ်ယူနေသော်လည်း သူ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲနေသည်။

ရှင်က တစ်လျှောက်လုံး ဒီလောက် ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပိုးထားခဲ့တာပေါ့။ ရှင့်ရဲ့ ဓားသူတော်စင် ကျင့်ကြံမှုကို ဖုံးကွယ်ထားပြီး ရည်မှန်းချက်တွေကို ဖုံးကွယ်ဖို့ အိမ်ထောင်သည်အဖြစ် နေထိုင်ခဲ့တာပေါ့။

ရှင်က ကိုယ့်ကိုယ်ကိုယ် ငါးပိကောင်လို့ အမြဲပြောပေမဲ့၊ ရှင့်ရဲ့ နှလုံးသားထဲမှာတော့ ပြည်သူတွေအတွက် ထွက်ပေါက်ရှာဖို့ ကံကြမ္မာကို တိတ်တဆိတ် တိုက်ခိုက်နေခဲ့တာပဲ။

တောရိုင်းမြေရဲ့ ကျင့်ကြံသူတွေအတွက် ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ဖောက်ပေးနေခဲ့တာပဲ...

ငါးပိကောင်ဆိုတာ ရှင် မဟုတ်ဘူး။ ရှင့်နှလုံးသားထဲက မျှော်လင့်ချက်တွေပါ။

တုန်းဖန်လျူလီက မျက်ရည်တစ်စက် ကျသွားသည်။

“တောရိုင်းမြေ...”

တုန်းဖန်လျူလီက အလွန်ဉာဏ်ကောင်းသူ ဖြစ်သည်။ လျို့ဝှက်ဓားအရှင်သခင်၏ စကား အနည်းငယ်မှတစ်ဆင့် သူသည် ယေဘုယျ အမှန်တရားကို ခန့်မှန်းမိသွားခဲ့ပြီး ၎င်းမှာ အမှန်တရားနှင့် အလွန်နီးစပ်နေသည်...

“ချင်ကျိုး... ကျွန်မက ရှင်နဲ့ မထိုက်တန်ပါဘူး။” တုန်းဖန်လျူလီက သူ၏ မျက်ရည်များကို သုတ်လိုက်ပြီး သူ၏ မျက်ဝန်းများမှာ ပိုမို ပြတ်သားလာသည်။

“တစ်လျှောက်လုံး ကျွန်မရဲ့ အမြင်က မဟာကျင်းတိုင်းပြည်အတွင်းမှာပဲ ကန့်သတ်နေခဲ့ပေမဲ့၊ ရှင်ကတော့ တစ်ချိန်တည်းမှာပဲ တောရိုင်းမြေတစ်ခုလုံးအတွက် ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပိုးထားခဲ့တာပဲ။”

“ကောင်းပြီလေ။ ခင်ဗျားရဲ့ စိန်ခေါ်မှုကို ကျုပ် လက်ခံတယ်။” မုန့်ချင်ကျိုးက ပြောလိုက်သည်။

ခင်ဗျားက သေချင်နေမှတော့ ဖြည့်ဆည်းပေးရမှာပေါ့...

လခွမ်းတဲ့မှ။ ဒီဘဝမှာ ငါ မုန့်ချင်ကျိုးကို အလကားနေရင်း လာချီးမွမ်းတဲ့သူ မှန်သမျှကို အကုန် သတ်ပစ်မယ်။ မရထိုက်တဲ့ ဂုဏ်ပုဒ်တွေကို ထမ်းပိုးထားနေရတဲ့အပြင် အခုတော့ လူတိုင်းရဲ့ မျှော်လင့်ချက်တွေကိုပါ ထမ်းထားရပြန်ပြီ။

ဘာမှတောင် မလုပ်ရသေးပါဘူးဆို...

“မင်းဆီကနေ ပြင်းထန်တဲ့ အမုန်းတရားတွေကို ငါခံစားနေရတယ်။ ဘာလို့လဲ။” လျို့ဝှက်ဓား အရှင်သခင်က ဇဝေဇဝါဖြင့် မေးသည်။

ကြီးကျယ်ခမ်းနားတဲ့ စံနှုန်းချင်း တိုက်ပွဲ၊ တောရိုင်းမြေရဲ့ မခံမရပ်နိုင်ဖြစ်ခဲ့ရတဲ့ အတိတ်တွေနဲ့ နှစ်ပေါင်း ထောင်ချီတဲ့ ဝမ်းနည်းစရာ ကံကြမ္မာတွေ ပါဝင်နေတာပဲ။

ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် လေးစားပြီး ဝမ်းပန်းတသာ ရယ်မောသင့်တာလေ။ ငါတို့ထဲက တစ်ယောက် သေရင်တောင် ဝမ်းသာစရာမရှိဘဲ ငိုတောင် ငိုချင်စိတ် ပေါက်နေရမှာ။

ဒါမှ ဇာတ်ကွက်နဲ့ ကိုက်ညီမှာလေ...

မင်းက ဘာလို့ ငါ့ကို ဖုန်မှုန့်ဖြစ်သွားအောင် လုပ်ချင်နေတဲ့ပုံစံနဲ့ ဒီလောက်တောင် သတ်ဖြတ်ချင်စိတ်တွေ ပြည့်နေရတာလဲ။

“စကားတွေ အများကြီး မပြောနဲ့တော့။ ခင်ဗျားနဲ့ ဟိုမဏ္ဍိုင်ကြီး၊ ပြီးတော့ နန်းရင်းဝန်တစ်ယောက်... အားလုံး အတူတူပဲ။” မုန့်ချင်ကျိုးက အေးစက်စွာ ပြောလိုက်သည်။

“ဘာကို ဆိုလိုတာလဲ။” လျို့ဝှက်ဓားအရှင်သခင် နားမလည်နိုင် ဖြစ်နေ၏။

“ခင်ဗျားတို့အားလုံးက လူကို အကွက်ဆင်ပြီး မဟုတ်မတရား စွပ်စွဲရတာကို ဝါသနာပါကြတယ်...” မုန့်ချင်ကျိုး၏ မျက်နှာမှာ မည်းမှောင်သွားသည်။

လျို့ဝှက်ဓားအရှင်သခင်က ခေါင်းခါလိုက်ပြီး ပြောသည်။ “ထားလိုက်ပါတော့။ ငါတို့ရဲ့ စံနှုန်းတွေနဲ့ အတွေးအခေါ်တွေ မတူလို့ စကားပြောလို့ မရတာ ဖြစ်မှာပါ။”

“ဒါပေမဲ့ စိတ်ချပါ။ အလောင်းအစားကတော့ အတည်ပဲ။ တကယ်လို့ ငါရှုံးရင် အင်အားစုကြီး (၇)ခုထဲက ဘယ်သူမှ ခုခံရဲမှာ မဟုတ်ဘူး။”

ယခုတစ်ကြိမ်တွင် မုန့်ချင်ကျိုးက ဇဝေဇဝါ ဖြစ်သွားရပြန်သည်။ သူက မယုံကြည်နိုင်စွာ မေးလိုက်သည်။ “ခင်ဗျား အဲဒါကို ဘယ်လို အာမခံနိုင်မှာလဲ။”

ရှုံးရင် သေမှာလေ။ ခင်ဗျား သေသွားရင် အင်အားစုကြီး (၇)ခုထဲက ဘယ်သူက ခင်ဗျားရဲ့ စကားကို နားထောင်တော့မှာလဲ။

တစ်လျှောက်လုံး တိတ်ဆိတ်နေသော နံနက်ခင်းအလင်းနယ်ပယ်မှ ဘိုးဘေးကြီး (၃)ဦးက ဝင်ပြောလာသည်။ “တကယ်လို့ လျို့ဝှက်ဓားအရှင်သခင် သေဆုံးသွားရင် အလောင်းအစားကို ငါတို့၊ ဘိုးဘေးကြီး တောက်တီးနဲ့ စုန်းနတ်ဘုရားဂိုဏ်းရဲ့ ပုရောဟိတ်ဟောင်းတို့က အကောင်အထည် ဖော်ပေးမယ်လို့ အာမခံပါတယ်။”

သူတို့အားလုံးမှာ အလင်းနှင့် အမှောင်ကြားတွင် လျှောက်လှမ်းနေသော သူလျှိုများ ဖြစ်ကြပြီး၊ ကောင်းကင်ပြည်နယ်မှ ကျိမိသားစုကို မြှောက်ပင့်ဖားနားရင်း တောရိုင်းမြေအတွက် ထွက်ပေါက် ရှာနေကြသူများ ဖြစ်ကြသည်။

သူတို့က လေးစားထိုက်သော အစောင့်အရှောက်များပင်။

မုန့်ချင်ကျိုးမှာ သံသယ မရှိတော့ဘဲ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ၊ စလိုက်တာပေါ့။”

တစ်ချိန်တည်းမှာပင် အချိန်နှင့်နေရာလွတ် ဓားသူတော်စင်နှင့် လျို့ဝှက်ဓားအရှင်သခင်တို့က သူတို့၏ ဓားများကို ပြိုင်တူ ဆွဲထုတ်လိုက်ကြပြီး လုံးဝကွဲပြားခြားနားသော ဓားအသိ နှစ်ခုမှာ ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်...

All Chapters