← Chapters

ဘာမှမပြောနဲ့ဦး၊ ငါ စဉ်းစားနေတယ်

Vol. 7 Ch. 88

ဘာမှမပြောနဲ့ဦး၊ ငါ စဉ်းစားနေတယ်

Vol. 7 Ch. 88

ဧကရီ ထွက်ခွာသွားပြီးနောက် မောက်မာပြီး အေးစက်စက်နိုင်သော မိန်းကလေးငယ်တစ်ဦး ဧကရာဇ် ရထားလုံးပေါ်သို့ တက်လာခဲ့သည်။

“မင်းက ဧကရီရဲ့ သမီးလား။” မုန့်ချင်ကျိုးမှာ ထိတ်လန့်တုန်လှုပ်မှုမှ မပြောသေးချေ။ မိန်းကလေး ရထားပေါ်တက်လာသည့် အသံကိုကြားသဖြင့် သူက မေးလိုက်သည်။

ထိုမိန်းကလေး၏ အသံမှာ နတ်ဘုရားတို့၏ တေးဂီတကဲ့သို့ပင် အလွန်သာယာနာပျော်ဖွယ် ရှိလှသည်။

“ဟုတ်တယ်။ ကျွန်မနာမည်က ဖုချွီ။ လရောင်ထွန်းလင်းနယ်ပယ် အစောပိုင်းအဆင့်မှာပါ။ ရှင်နဲ့ တူတူပဲ။ ကျွန်မကလည်း ဓားကျင့်ကြံသူ တစ်ယောက်ပါ။”

“ကျွန်မအမေ ချင်းလျူလီက လွန်ခဲ့တဲ့ နှစ်တွေက နာမည်မရှိတဲ့ ယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်ပြီး ကျွန်မကို မွေးခဲ့တာ။”

“ကျွန်မကတော့ အဲဒီလို အခြေခံမရှိတဲ့ အမျိုးသမီးတွေကို ရွံတယ်။ ဒါကြောင့် သူနဲ့ အတူမနေချင်ဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ကျွန်မမှာ ခြေတွေ လက်တွေ ရှိပါတယ်။ ရှင့်ရဲ့ ပြုစုစောင့်ရှောက်မှုကို မလိုဘူး။ နေစရာ နေရာလေးတစ်ခု ပေးရင်ပဲ ရပါပြီ။”

မုန့်ချင်ကျိုးက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ အင်း... သူက စကားလည်း အတော်များသား။

ခဏကြာ စဉ်းစားကြည့်မှ သူ ပြောသွားသည့် အချက်အလက်များမှာ အလွန်အမင်း များပြားလွန်း နေသည်ကို မုန့်ချင်ကျိုး သတိပြုမိသွားသည်။

“နေဦး၊ မလောနဲ့။ ငါ့ကို ဒါတွေ ရှင်းအောင် လုပ်ခွင့်ပေးပါဦး။” မုန့်ချင်ကျိုးမှာ မနေနိုင်တော့ဘဲ လက်ကို မြှောက်ကာ တားလိုက်သည်။

“ဧကရီက အသက် (၂၁)နှစ်ပဲ ရှိသေးတာ။ မင်းက အလွန်ဆုံးရှိမှ (၁၀)နှစ်ပေါ့။ ဧကရီက အသက် (၁၁)နှစ်မှာ မင်းကို မွေးခဲ့တာလို့ ပြောချင်တာလား။ နေပါဦး။ ဒါဆိုရင် မင်းက အသက် (၁၀)နှစ်နဲ့ လရောင်ထွန်းလင်းနယ်ပယ် ရောက်နေတဲ့ ဓားကျင့်ကြံသူလား...”

“အသက် ၁၀ နှစ်...”

ဖုချွီက အေးစက်စွာ ပြန်ဖြေသည်။ “အသက် (၁၀)နှစ် ဖြစ်တာ ဘာမှားလို့လဲ။”

“ပြီးတော့ ဧကရီက ၂၁ နှစ်လို့ ဘယ်သူပြောလဲ။ သူက အမှန်တော့ (၄၁)နှစ် ရှိနေပြီ... အသက်ကို လိမ်ပြောနေတဲ့ ကောက်ကျစ်တဲ့ မိန်းမကြီးပဲ။”

“နားထောင်။ ကျွန်မက အခု အသက် ၂၀ ပြည့်ပြီးပြီ... ကျွန်မ ရည်းစားထားတာပဲဖြစ်ဖြစ်၊ အိမ်ထောင်ပြု တာပဲဖြစ်ဖြစ် ဥပဒေနဲ့ မညီညွတ်တာ မရှိဘူး။ သိပြီလား။”

မုန့်ချင်ကျိုး ပြောစရာ မဲ့သွားရသည်။ အကယ်၍ သူသာ မျက်စိမမြင်ရသူ မဟုတ်လျှင် မျက်လုံးများ ပြူးထွက်သွားသည်အထိ အံ့သြမိမည်မှာ သေချာသည်။

မိန်းကလေး... မင်း ငါ့ကို တကယ့်ငတုံးလို့ ထင်နေတာလား။

မူရင်းဇာလမ်းထဲမှာ ဧကရီက သေဆုံးချိန်အထိ ဘယ်သူနဲ့မှ အနှောင်အဖွဲ့မရှိဘဲ တစ်ကိုယ်တည်း ဖြတ်သန်းသွားခဲ့တယ်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာကို ထားလိုက်ဦး။

သူ အသက် (၄၀)ရှိပြီဆိုတဲ့ အချက်ကလည်း ဘာအခြေခံမှမရှိတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားပဲ။

“တော်တော့...”

မုန့်ချင်ကျိုးက တင်းမာစွာ ပြောလိုက်သည်။ “မင်းနဲ့ ဧကရီရဲ့ ဆက်ဆံရေးကို ငါဂရုမစိုက်ဘူး။ ဒါပေမဲ့ ငါနဲ့အတူ ရွာကို လိုက်လာမယ်ဆိုရင်တော့ မင်းရဲ့ မောက်မာရိုင်းစိုင်းတဲ့ အမူအကျင့်တွေကို ဟိုမှာ မပြနဲ့။ ပြဿနာ တစ်စုံတစ်ရာ ရှာခဲ့ရင်တော့ မင်း ချက်ချင်း ထွက်သွားရမယ်၊ သိပြီလား။”

ဖုချွီက အေးစက်စွာ ခေါင်းညိတ်သည်။ “သိပါတယ်။”

စကားပြောနေစဉ်တွင် ဖုချွီက မျက်နှာပျက်နေသော တုန်းဖန်လျူလီကို တစ်ချက်ကြည့်ကာ သူ၏ နီမြန်းသော နှုတ်ခမ်းများ ကွေးညွတ်သွားသည်။

ကောက်ကျစ်တဲ့ မြေခွေးမ။ ငါက နင်နဲ့ ဧကရီရဲ့ ကြင်ရာတော်ကို အောင်သွယ်ပေးဖို့ ကြိုးစားခဲ့တာ။ ဒါပေမဲ့ နင်ကတော့ ငါ့ရဲ့ ဓားသူတော်စင်အဘိုးကို ခိုးသွားတယ်ပေါ့။ ငါ ဘယ်လောက် တုံးလိုက်လဲ...

ဤကစားပွဲတွင် ချုံးရော တုန်းဖန်လျူလီပါ လုံးဝ ရှုံးနိမ့်ခဲ့ကြသည်။

ထိုအကြောင်းကြောင့်ပင် ချုံးက အရာအားလုံးကို လက်လွှတ်လိုက်ကာ ဧကရီ၏ ပုံရိပ်ကို ဖျက်ဆီးပြီး တုန်းဖန်လျူလီကို နှိမ်ချရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

တုန်းဖန်လျူလီက ဧကရီအဖြစ် သူ၏ အဆင့်အတန်းကို မဖော်ပြသရွေ့ မုန့်ချင်ကျိုးကို လိမ်ညာနေ မိသည်ဟု ခံစားချက်ဖြင့် အပြစ်ရှိသလို အမြဲတမ်း ခံစားနေရမည်ဖြစ်ပြီး၊ အမှန်တရား ပေါ်သွားလျှင် ဖြစ်လာမည့် နောက်ဆက်တွဲများကို ကြောက်သဖြင့် အမှန်အတိုင်း ပြောရဲမည် မဟုတ်ပေ။

၎င်းတို့အားလုံးက တုန်းဖန်လျူလီ သူ့ကို အကူအညီ တောင်းခဲ့တုန်းက ကိုယ်တိုင်ပြောပြခဲ့သော အချက်များပင်။

လာလေ။ တစ်ယောက်ကိုတစ်ယောက် နာကျင်အောင် လုပ်ကြတာပေါ့...

ချုံးက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ရွှေရောင်မျက်ဝန်းများထဲတွင် မထီမဲ့မြင်ပြုမှုများ ပြည့်နှက်နေသည်။

တုန်းဖန်လျူလီက အေးစက်စွာ ပြောလိုက်သည်။

“ငါ သတိပေးလိုက်မယ်။ ဧကရီရဲ့ နာမည်ကို မညှိုးနွမ်းစေနဲ့။ ငါ မဟာကျင်း နန်းတွင်းကနေ ထွက်သွားရင်တောင် နင့်ကို အပြစ်ပေးနိုင်သေးတယ်...”

“တောရိုင်းမြေက ဧကရီရဲ့ အသက်ကို ရှင်းရှင်းလင်းလင်း သိတယ်။ နင်က အသက် (၂၀)လို့ ပြောနေတယ်။ ဧကရီထက် တစ်နှစ်ပဲ ငယ်တာပေါ့။ ဒါဆို ဧကရီက အသက် တစ်နှစ်မှာ နင်ကို မွေးခဲ့တာလို့ ပြောချင်တာလား။”

ဤနေရာတွင် တုန်းဖန်လျူလီက လက်ပိုက်လိုက်ပြီး အနှိုင်းမဲ့ လှပသော မျက်နှာတွင် မထီမဲ့မြင်ပြုဟန်ကို ဖော်ပြနေသည်။ “အဲဒီလိုသာ ဆိုရင်တော့ နင်က မိစ္ဆာ တစ်ကောင်ပဲ ဖြစ်ရမယ်။”

ချုံးကလည်း အရှုံးမပေးဘဲ ပြန်ချေပသည်။

“ဟုတ်တယ်။ ဧကရီက တစ်နှစ်သားမှာ ကလေးမွေးခဲ့တာ။ ငါက မိစ္ဆာဆိုရင် ဧကရီကတော့ မာရ်နတ်မကြီးပဲ ဖြစ်ရမယ်...”

“မိုက်ရိုင်းလှချည်လား...” တုန်းဖန်လျူလီက ဧကရီ၏ လေသံအတိုင်းပင် အလိုအလျောက် ငေါက်လိုက်မိသည်။

သူက “အစောင့်တွေ၊ သူကို ဆွဲထုတ်ပြီး ကိုယ်လက်တွေ ဖြတ်တောက်ပစ်လိုက်စမ်း...” ဟူ၍ အော်မိတော့မည့်မတတ်ပင်။

မုန့်ချင်ကျိုး လန့်သွားပြီး ဧကရီ ပြန်ရောက်လာသည်ဟူ၍ပင် ထင်လိုက်မိသည်။ သူ၏ မျက်နှာမှာ မှောင်ကျသွားပြီး အော်လိုက်သည်။

“တော်ကြတော့။ ထပ်ပြီး ရန်မဖြစ်ကြနဲ့တော့...”

“နိုင်ငံတော် အုပ်ချုပ်သူကို မလေးမစား လုပ်တာက ကြီးလေးတဲ့ ပြစ်မှုပဲ၊ ပြီးတော့ မဟုတ်မမှန်တွေလည်း စွပ်စွဲလို့ မရဘူး။ ဘာပဲဖြစ်ဖြစ် ငါက မဟာကျင်းရဲ့ လစာကို စားခဲ့ပြီး ဧကရီရဲ့ ကျေးဇူးကို ခံယူခဲ့သူပဲ။”

တုန်းဖန်လျူလီ မခံချင်စိတ် ဖြစ်နေသော်လည်း သူ၏ ယောက်ျားက စိတ်ဆိုးနေသဖြင့် ဒေါသကို မျိုသိပ်ကာ ကျုံ့ကို လျစ်လျူရှုလိုက်ရသည်။

ဖုချွီလည်း ပါးစပ်ပိတ်သွားပြီး မျက်လုံးလေး ကလည်ကလည်ဖြင့် ဘာမှမဖြစ်သလို လေချွန်၍ နေတော့သည်။

ရွှီး... ဒါ ငါ့အပြစ် မဟုတ်ပါဘူး။ ကျုံ့လျူလီက ကောက်ကျစ်လွန်းလို့ပါ။

ချုံး၏ အမြင်တွင်မူ ရှေးဟောင်းနတ်ဘုရားမြို့တော်သို့ သွားစဉ်ကတည်းက ချုံးလျူလီ မုန့်ချင်ကျိုး၏ ဓားသူတော်စင် အဆင့်အတန်းကို သိရှိထားပြီးသား ဖြစ်သည်။ သို့သော် သူက ဓားသူတော်စင်နှင့် လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းက တွေ့ဆုံခဲ့သည်ဟူသောဇာတ်လမ်းကို ပြောပြသည့်တိုင် ချုံးလျူလီက တမင်မေ့ထားကာ သတိမပေးခဲ့ပေ။ ထိုအစား သူ့ကို ထောင်ချောက်ထဲသို့ တဖြည်းဖြည်း ဆွဲခေါ်ကာ ကောင်းကင်တာအိုသစ္စာ ဆိုခိုင်းစေခဲ့ပြီး ကန့်သတ်ချုပ်ချယ်ခဲ့သည်။

ထို့ကြောင့်ပင် ချုံးက ဧကရီကို အလွန်အမင်း မုန်းတီးနေခြင်း ဖြစ်သည်။

“ဟူး... ဓားသူတော်စင်ကြီး နောက်ဆုံးတော့ ထွက်သွားပြီပဲ။ ဘယ်တော့မှ ပြန်ဆုံကြဦးမလဲ မသိဘူး။” အရာရှိတစ်ဦးက လက်ဖြင့် မျက်စိကို ကာကွယ်ရင်း မိုးကုပ်စက်ဝိုင်းဆီသို့ တဖြည်းဖြည်း ပျောက်ကွယ် သွားသော ဧကရာဇ်ရထားလုံးကို ကြည့်ကာ ပြောလိုက်သည်။

ကျန်းရှောင်ချင်းက သက်ပြင်းအရှည်ကြီး ချလိုက်သည်။

“အချိန်နဲ့နေရာလွတ် ဓားသူတော်စင်က မဟာကျင်းအတွက် ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ခဲ့တာ။ မြို့စားအဆင့်အထိ ချီးမြှောက်ခံရဖို့ ထိုက်တန်တယ်။ ဒါပေမဲ့ ဧကရီက ဘာလို့ ဒီလောက် လွယ်လွယ်နဲ့ နုတ်ထွက်ခွင့် ပြုလိုက်တာလဲ တကယ် နားမလည်ဘူး...”

“ကြင်ရာတော်က မနာလိုဖြစ်မှာ စိုးလို့ ဓားသူတော်စင်ကို နှင်ထုတ်လိုက်တာလား။”

ကျန်းရှောင်ချင်းက ရင်ဘတ်ကို ထုကာ ကောင်းကင်သို့ မော့ကြည့်ပြီး ငိုညည်းလိုက်သည်။ “အလို... ကောင်းကင်ဘုံ။ အရင်က ပါးနပ်ပြီး ရဲရင့်တဲ့ ဧကရီမင်းမြတ်ကို ပြန်ပေးသနားပါ။ ဘယ်လိုဖြစ်ပြီး အချစ်ရူးမကြီး ဖြစ်သွားရတာလဲ။ တကယ် မခံစားနိုင်တော့ဘူး...”

နန်းတွင်းအရာရှိများနှင့် မြို့သူမြို့သားများက စိတ်မကောင်းစွာဖြင့် နှုတ်ဆက်ကာ ပြန်လှည့်လာကြစဉ် ဧကရာဇ်ရထားလုံး တစ်စီးမှာ တိုင်းပြည်မြို့တော်၏ ကောင်းကင်ယံတွင် ဟိုဟိုဒီဒီ ပျံသန်းနေသည်။

နန်းတွင်းအမတ်များ - “...”

မြို့သူမြို့သားများ - “...”

ကျန်းရှောင်ချင်း - “...”

လူအုပ်ထဲတွင် ကျန်းစန်းဟိုင်နှင့် ချင်းဖုန်းဟော်တို့သာ တစ်ဦးကိုတစ်ဦး ကြည့်ကာ အားမလိုအားမရ ဖြစ်နေသော မျက်ဝန်းများကို မြင်နေရသည်။

“စပြန်ပြီပေါ့။” ချင်းဖုန်းဟော်က မော့ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

ကျန်းစန်းဟိုင်ကလည်း ခေါင်းညိတ်ကာ ပြောသည်။ “ဟုတ်တယ်၊ ငါမြင်ပါတယ်။ အခုတော့ ငါလည်း ကျင့်သားရနေပါပြီ။”

နားပါးလှသော ကျန်းရှောင်ချင်းက နိုင်ငံတော်မဏ္ဍိုင်ကြီးနှစ်ဦး၏ စကားကို ကြားသွားပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။

“နန်းရင်းဝန်၊ မဏ္ဍိုင်ကြီး... ဘာတွေ ဖြစ်နေတာလဲ။”

“ကလေး... လူကြီးကိစ္စတွေမှာ ဝင်မပါနဲ့။ မမေးသင့်တာကို မမေးနဲ့။ မင်းရဲ့ နှလုံးသားက ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။” ချင်းဖုန်းဟော်က သူ့ကို တစ်ချက်ကြည့်ကာ၊ သူငယ်စဉ်က နုံအခဲ့သည့် ပုံရိပ်ကို ပြန်မြင်ယောင်ရင်း သတိပေးလိုက်သည်။

ကျန်းရှောင်ချင်း ခဏမျှ စဉ်းစားလိုက်ပြီးမှ တစ်ခုခုကို သတိရသွားသည်။

အချိန်နဲ့နေရာလွတ် ဓားသူတော်စင်က မျက်စိမမြင်ရဘူး မဟုတ်လား...

ဧကရီ သူ့ကို နုတ်ထွက်ခွင့် ပြုလိုက်တာက တခြား အစီအစဉ်တစ်ခုခု ရှိနေလို့ ဖြစ်နိုင်မလား။

တစ်ချိန်တည်းမှာပင်...

မြို့တော်၏ တစ်နေရာတွင် သက်တော်စောင့်တပ်မှူး လင်းလုက အော်ဟစ်လိုက်သည်။ “ဒုက္ခပဲ... ငါက အတင်းပြောနေတာနဲ့ အလုပ်လုပ်ဖို့ မေ့သွားတယ်...”

“မြန်မြန်... ဖုံးကွယ်အစီအရင်ကို ဖွင့်ပြီး ဧကရာဇ်ရထားလုံးကို ဖျောက်လိုက်ကြ...”

နောက်တစ်စက္ကန့်တွင် လူတိုင်း၏ အကြည့်အောက်၌ ကောင်းကင်တွင် ပတ်ချာလည် ပျံသန်းနေသော ဧကရာဇ်ရထားလုံးမှာ ရုတ်တရက် ပျောက်ကွယ်သွားတော့၏။

မြို့သူမြို့သားများ၏ မျှော်လင့်ချက် မျက်နှာများမှာ ချက်ချင်းပင် မှေးမှိန်သွားတော့သည်။

“ဓားသူတော်စင်ကြီးက မြို့တော်ကို ခွဲခွာရမှာ နှမြောလွန်းလို့ နောက်ဆုံးတစ်ခေါက် ပတ်ကြည့်သွားတာ နေမှာပါ။ ဒါပေမဲ့ သူ တကယ်ပဲ ထွက်သွားပြီပေါ့။” တစ်စုံတစ်ဦးက ဝမ်းနည်းစွာ ပြောလိုက်သည်။

All Chapters