← Chapters

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

​အခန်း ၂၀၁ - ကျေးဇူးရှင်

​ပြင်းထန်လှသော နာကျင်မှု

​စူးရှပူလောင်နေသည်

​ဖန့်ချန် ၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။

ဤနာကျင်မှုသည် သုံးလောကတောင် တွင် ယင်းချန်းနိုင်ငံမှ သိုင်းပညာရှင်၏ လက်ချက်ဖြင့် သူ၏ ချီပင်လယ် ဖျက်ဆီးခံခဲ့ရစဉ်ကထက် အဆပေါင်းများစွာ၊ ရာပေါင်းများစွာပင် ပို၍ ပြင်းထန်လှသည်။

​နာကျင်မှုက တကယ့်အစစ်အမှန် ဖြစ်သော်လည်း ပျော်ရွှင်မှုကလည်း အစစ်အမှန်ပင်။

ပုဒုမသေမျိုး သည် သတိမပြုမိသော်လည်း ဖန့်ချန် ၏ ဝေဒနာခံစားနေရသော မျက်နှာထားကြားတွင် သေးငယ်လှသော အပြုံးအရိပ်အယောင်တစ်ခု သူ၏ နှုတ်ခမ်းထောင့်တွင် ပေါ်လာသည်။

​ပုဒုမသေမျိုး သည် ပထမဆုံးအနေဖြင့် သူနားမလည်သော၊ လက်ရှိအခြေအနေနှင့် မသက်ဆိုင်ဟု ထင်ရသော မြင်ကွင်းအချို့ကို မြင်တွေ့လိုက်ရသည်။

သို့သော် ထိုပုံရိပ်များသည် ခြေရာလက်ရာမကျန် လျင်မြန်စွာ ပျောက်ကွယ်သွားပြီးနောက် သုံးလောကတောင် မှ တိုက်ပွဲမြင်ကွင်းများက အစားထိုးဝင်ရောက်လာသည်။

​“မင်းရဲ့ အတွေးတွေကို ငါ့ဆီကနေ ဖုံးကွယ်ဖို့ ကြိုးစားနေတာလား”

ပုဒုမသေမျိုး က ပြုံးလိုက်သည်။ ထိုသည်မှာ အချည်းနှီးသော ကြိုးပမ်းမှုသာ ဖြစ်သည်။

သူ၏ စွမ်းဆောင်ရည်ဖြင့် ဖန့်ချန် ၏ စိတ်အစဉ်ကို ဖြည်းဖြည်းချင်း ဖွင့်ထုတ်ပြီး လျှို့ဝှက်ချက်အားလုံးကို ဖော်ထုတ်နိုင်သည်။

​သူသည် လက်ရှိတွင် ဖန့်ချန် သုံးလောကတောင်၌ မြင်တွေ့ခဲ့ရသည့်အရာကို မြင်နေရပြီဖြစ်သည်။

​ထိုနေရာတွင် ရှိနေသည် ပူပြင်းလှသော နေမင်းကြီး၏ အလယ်ဗဟိုတွင် ရှိနေသော ပုံရိပ်တစ်ခု။

သူမသည် လူ့လောကကို အထက်စီးမှ ငုံ့ကြည့်နေပြီး နတ်ဘုရားတစ်ပါးနှင့် တူသော သူမ၏ မျက်လုံးနှစ်လုံးမှာ မြင့်မြတ်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။

​ပုဒုမသေမျိုး ၏ မျက်လုံးများသည် သူမနှင့် ဆုံသွားပြီး အကြည့်ချင်း စွဲမြဲသွားကြသည်

​“အားးးးးးး”

​ပုဒမသေမျိုး သည် စူးရှပြီး သနားစဖွယ် အော်ဟစ်သံကြီးကို လွှတ်လိုက်သည်။

သူ၏ လက်မှာ ဖန့်ချန် ၏ ဦးခေါင်းပေါ်မှ ဖယ်ခွာသွားပြီးဖြစ်ကာ သူ၏ ကိုယ်ပိုင်မျက်လုံးများကို အုပ်ထားမိသည်။

သွေးများသည် လက်ချောင်းကြားမှတစ်ဆင့် မြေပြင်ပေါ်သို့ တောက်လျှောက် စီးကျနေတော့သည်။

​သူ၏ ရွှေရောင်တာအိုခန္ဓာ မှာလည်း ပျက်စီးသွားပြီး မူလအခြေအနေသို့ ပြန်ရောက်သွားသည်။

​စူးရှသော နာကျင်မှုများ ပျောက်ကွယ်သွားသည်နှင့် ဖန့်ချန် သည် ချက်ချင်းပင် သက်ပြင်းချနိုင်တော့သည်။

​ထို့နောက် သူသည် တုံ့ဆိုင်းမနေဘဲ မီးလုံးပညာရပ် နှင့် ရေခဲမြားပညာရပ် တို့ကို ထုတ်ဖော်ကာ ပုဒုမသေမျိုးကို ဗုံးကြဲတိုက်ခိုက်တော့သည်။

​ဘယ်လက်မှ မီးလုံးများ၊ ညာလက်မှ ရေခဲမြားများဖြင့် ဖန့်ချန် သည် ပုဒုမသေမျိုး၏ အသက်ရှူလမ်းကြောင်းနှင့် အရေးကြီးသော နေရာများကို မညှာမတာ တိုက်ခိုက်တော့သည်။

​ပုဒုမသေမျိုး မှာ ခုခံနိုင်စွမ်း လုံးဝ ပျောက်ဆုံးသွားပုံရသည်။

သူ၏ အသားထဲတွင် အပေါက်အပြဲများ ချက်ချင်း ဖြစ်ပေါ်လာသော်လည်း သူ၏ အော်ဟစ်သံများမှာမူ အလွန်အမင်း ကြောက်လန့်မှု၊ ထိတ်လန့်မှုနှင့် နာကျင်မှုများဖြင့် ဆက်လက် ထွက်ပေါ်နေဆဲဖြစ်သည်။

​ဗုန်း

​ပုဒုမသေမျိုး၏ ဦးခေါင်းမှာ ပြတ်တောက်သွားပြီး ဝေးဝေးသို့ လိမ့်ထွက်သွားသည်။ သို့သော် ဖန့်ချန် ကို တုန်လှုပ်သွားစေသည့်အရာမှာ သူ၏ အော်ဟစ်သံများမှာ ဆက်ရှိနေခြင်းပင်

​“အား... အား... အား”

​ဖန့်ချန် သည် ပြတ်ထွက်သွားသော ဦးခေါင်းကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။

ပုဒုမသေမျိုး၏ မျက်လုံးများမှာ သွေးများဖြင့် ပြည့်နှက်နေပြီး မျက်လုံးအိမ်များမှာလည်း ဟိုးအရင်ကတည်းက အရည်ပျော်သွားပုံရသည်။

​သူ၏ မျက်နှာမှာ မသေဆုံးမီက ကြောက်မက်ဖွယ်ကောင်းသော အမူအရာအတိုင်း ရှိနေဆဲဖြစ်သည်။

သူ၏ ပါးစပ်မှာ လှုပ်ရှားခြင်း မရှိတော့သော်လည်း အော်ဟစ်သံများမှာမူ ဖန့်ချန် ၏ နားထဲတွင် ဆက်လက် မြည်ဟည်းနေဆဲပင်။

​ထိုအော်ဟစ်သံများမှာ ထိတ်လန့်မှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေသည်။

​မသေဆုံးမီမှာပင် ပုဒုမသေမျိုး သည် ဖန့်ချန် ဘာကြောင့် ပြန်လာရသနည်းဆိုသည်ကို ရုတ်တရက် နားလည်သွားသည်။

တစ်ဖက်လူမှာ သူ ဝိညာဉ်ရှာဖွေခြင်း လုပ်မည်ကို သိနေပြီး အကျိုးဆက်မှာ ဘာဖြစ်မည်ကိုလည်း ကြိုသိနေခြင်းဖြစ်သည်။

သို့သော် သူ နားမလည်နိုင်သော အချက်တစ်ခုမှာ သူ မြင်တွေ့လိုက်ရသော ထိုပုံရိပ်မှာ ဘယ်သူနည်း ၎င်းသည် ဘာကြောင့် ထိုမျှအထိ ကြောက်မက်ဖွယ်ကောင်းနေရသနည်း ဆိုသည်ပင်။

​“ဒါက သူ့ခန္ဓာကိုယ်က အော်နေတာ မဟုတ်ဘူး မဟုတ်ဘူး ခဏလေး ဒါက သူ အော်နေတာပဲ ဒါမှမဟုတ် ဒီခန္ဓာကိုယ်မှာ ကပ်တွယ်နေတဲ့ သူ့ရဲ့ ဝိညာဉ်အစစ်အမှန်က အော်နေတာ”

ဖန့်ချန် ၏ စိတ်ထဲတွင် သိမြင်မှုတစ်ခု လက်ခနဲ ပေါ်လာပြီး သူ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ဖြစ်ပေါ်လာသည်။ အကျိုးဆက်မှာ သူ ထင်ထားသည်ထက် များစွာ ပိုမို ပြင်းထန်လှသည်။

​အမှန်တကယ်ပင်၊ ကောင်းကင်ဘုံ၏ အစီအစဉ်သည် လူသားတို့၏ တွက်ချက်မှုထက် အမြဲတမ်း ပို၍ ထိရောက်လှပေသည်။

​“အဲဒီ နတ်သမီးလေးက ငါ့ကို ကျင့်ကြံနိုင်တဲ့ စွမ်းရည် ရအောင် ကူညီပေးရုံတင်မကဘဲ ပုဒုမသေမျိုးရဲ့ ဒီခန္ဓာကိုယ်ကို ရှင်းလင်းပစ်ဖို့ပါ ကူညီပေးခဲ့တာပဲသူမက တကယ့်ကို ငါ့ရဲ့ ကျေးဇူးရှင်ပဲ”

​အော်ဟစ်သံများသည် ဖြည်းဖြည်းချင်း တိုးညှင်းသွားပြီး ခဏအကြာတွင် အသံလုံးဝ ပျောက်ကွယ်သွားတော့သည်။

​ဖန့်ချန် အနည်းငယ် ဝမ်းသာသွားသည်။ ပုဒုမ‌ေသမျိုး ဝိညာဥ် အစစ်အမှန်သည်လည်း ယခုအချိန်တွင် ဝေဒနာ ခံစားနေရမည်မှာ သေချာသည်။

၎င်းက နေမင်းကြီးထဲမှ နတ်သမီးမှာ ပုဒုမသေမျိုးထက် များစွာ ပိုမို အစွမ်းထက်ကြောင်း သက်သေပြနေခြင်းပင်။

​မှတ်ဉာဏ်ထဲမှ မြင်ကွင်းတစ်ခုမျှဖြင့်ပင် ပုဒုမသေမျိုး ကို ထိုကဲ့သို့ အခြေအနေသို့ ရောက်အောင် လုပ်နိုင်သည်ဆိုလျှင် ထိုနှစ်ဦးကြားရှိ ကွာဟချက်မှာ သမုဒ္ဒရာကြီးသဖွယ် ကျယ်ပြောပေလိမ့်မည်။

သူမသည် ဟိုဘိုးဘေးကြီးများနှင့် အဆင့်တူလောက် ဖြစ်နိုင်သည်ဟု သူ တွေးလိုက်မိသည်။

​သူ၏ ဝိညာဉ်မှာ မသန်မာသေးသဖြင့် ပုဒုမသေမျိုးကို သူ မမြင်သင့်သော မြင်ကွင်းအချို့ကို မြင်ခွင့်ပေးခဲ့မိသည်။

ကံကောင်းထောက်မစွာဖြင့် ၎င်းက ဆိုးရွားသော ထိခိုက်မှု မဖြစ်စေခဲ့ဘဲ သူ၏ နောက်ဆုံးပန်းတိုင်ကို အောင်မြင်စေခဲ့သည်။

​သူသည် ချက်ချင်းပင် အလောင်းကို ရှာဖွေသော်လည်း ကံမကောင်းစွာဖြင့် ပုဒုမသေမျိုးဆီတွင် ဘာမှ မရှိပေ။ ကျန်ရှိနေသော အရာများမှာ သူတို့ ယခင်က တွေ့ရှိခဲ့သော အရာများသာ ဖြစ်ပေလိမ့်မည်။

​“ဘာပဲဖြစ်ဖြစ်၊ ငါ အသက်ရှင်နေသေးတယ်၊ သူ့ရဲ့ ဒီခန္ဓာကိုယ်လည်း သေသွားပြီ ပန်းတိုင် ရောက်သွားပြီလို့ပဲ သတ်မှတ်ရမှာပေါ့”

​ဖန့်ချန် သည် နဂါးတုတ်ကောက်၏ အပိုင်းအစများကို သိမ်းဆည်းလိုက်ပြီးနောက် ‘းကွေ့ဟန်တောင် ပေါ်တွင် ရက်အနည်းငယ်ကြာ စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။

​အချိန်စေ့ပြီဟု တွက်ချက်မိသောအခါ သူသည် ထွက်ပေါက်ရှိရာသို့ ဦးတည် ထွက်ခွာခဲ့သည်။

​နဂါးတုတ်ကောက် ပျက်စီးသွားသဖြင့် သူ၏ အစွမ်းမှာ အဆင့်အတော်များများ ကျဆင်းသွားသည်။

ထို့ကြောင့် သူသည် ပတ်ဝန်းကျင်ရှိ ကြမ်းတမ်းသော သားရဲများနှင့် မတွေ့အောင် အတတ်နိုင်ဆုံး ရှောင်ကွင်းခဲ့သော်လည်း အကြိမ်အနည်းငယ်တော့ အလိုက်ခံခဲ့ရသေးသည်။ အပြန်လမ်းမှာတော့ သိပ်ပြီး မချောမွေ့လှပေ။

​ထွက်ပေါက်သို့ ပြန်ရောက်သောအခါ မြက်တောထဲတွင် ပုန်းကွယ်လျက် ပတ်ဝန်းကျင်ကို အကဲခတ်နေသော သူဖုန်းတောင်းစားတစ်ယောက်ကဲ့သို့ ဖြစ်နေသည့် ကျိချုံယွန်း ကို တွေ့လိုက်ရသည်။

​သူ၏ အဝတ်အစားများမှာ အစိပ်စိပ်အမွှာမွှာ ဖြစ်နေပြီး ဒဏ်ရာများကိုလည်း ခပ်ရေးရေး မြင်နေရသည်။

​“သခင်လေး ဖန့် ခင်ဗျား အလိုရှိတဲ့အတိုင်း ကျွန်တော် အချိန်အတော်လေး ဆွဲပေးထားခဲ့ပါတယ်”

​ဖန့်ချန် ကို မြင်သောအခါ ကျိချုံယွန်း သည် ချက်ချင်း ပြေးလာပြီး မျက်နှာမှာ အုံ့မှိုင်းနေသည်။

ပြီးခဲ့သော ရက်အနည်းငယ်အတွင်း သူ ကြုံတွေ့ခဲ့ရသည်များကို သူ မကျေမနပ် ဖြစ်နေသည်မှာ သိသာလှသည်။

သူသည် အမြဲတမ်း အထက်စီးမှ နေလာသူ ဖြစ်သော်လည်း အခုတော့ ဆယ်ရက်နီးပါး မိစ္ဆာတွေရဲ့ အလိုက်ခံခဲ့ရသဖြင့် ထိုဒေါသကို သူ ဘယ်လိုမှ မျိုမချနိုင်ပေ။

​ဖန့်ချန် က ပြုံးလိုက်သည်။

“ကောင်းပါပြီ အချိန်တန်ရင် ဒီနေရာက ရတနာတွေကို ခင်ဗျားနဲ့ ကျွန်တော် ဝေကြတာပေါ့ ကိုးပုံ တစ်ပုံနော်”

​ကျိချုံယွန်း က တိတ်ဆိတ်စွာ ခေါင်းညိမ့်လိုက်သော်လည်း သူ၏ အကြည့်မှာ ဖန့်ချန် ကို သံသယဖြင့် အကဲခတ်နေသည်။

ဖန့်ချန် ဘာကြောင့် ပြန်လာသနည်းဆိုသည့် အစစ်အမှန် အကြောင်းပြချက်ကို သူ သိချင်နေသည်။

လူတစ်ယောက်ကို ရှင်းလင်းဖို့သက်သက် ပြန်လာသည်ဆိုသည်ကို သူ မယုံကြည်နိုင်ပေ။

ဖန့်ချန် တွင် ပို၍ အရေးကြီးသော အကြောင်းပြချက် ရှိမည်ဟု သူ အသေအချာ ယုံကြည်နေသည်။

​ထို့ပြင် မိစ္ဆာများမှအပ ထိုနေရာတွင် တခြားလူ မရှိပေ။ ကျိမိသားစုမှာ ဤနေရာတွင် နှစ်ပေါင်းများစွာ အခြေချခဲ့သော်လည်း တခြား သက်ရှိလူသားနှင့် မဆုံခဲ့ဖူးပေ။

ဖန့်ချန် ပြန်လာရခြင်းမှာ တခြား ရည်ရွယ်ချက် မရှိဘူးဆိုသည်ကို သူ ယုံရခက်နေသည်။

​ထိုအချိန်မှာပင် လေထဲတွင် မည်းမှောင်သော ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရပြီး အလိုလိုပင် အနောက်လှည့် ပြေးချင်စိတ် ပေါ်လာသည်။

​ဖန့်ချန် က အေးဆေးစွာ ပြောလိုက်သည်။

“ဂိတ်တံခါးကြီး ပွင့်ဖို့ အသက်ရှူအနည်းငယ်ပဲ လိုတော့တယ် အခု ခင်ဗျား ထွက်သွားရင် နောက်တစ်ခါ ပွင့်ဖို့ ဆယ်ရက် ထပ်စောင့်ရလိမ့်မယ်”

​ကျိချုံယွန်း သည် စိတ်ထဲမှ ကြောက်စိတ်ကို ထိန်းချုပ်လိုက်ပြီး ချဉ်းကပ်လာသော လင်းနို့မိစ္ဆာကို စောင့်ကြည့်နေစဉ် ဖန့်ချန် မှာတော့ အလွန်ပင် တည်ငြိမ်နေသည်။

​မျှော်လင့်ထားသည့်အတိုင်း အသက်ရှူအနည်းငယ်အကြာတွင် ဂိတ်တံခါးကြီး ပွင့်လာပြီး ဖန့်ချန် သည် တိုက်ရိုက် လျှောက်ထွက်သွားသည်။

ကျိချုံယွန်း လည်း အလျင်အမြန် နောက်မှ လိုက်သွားရာ စိတ်ထဲမှ အလေးကြီးတစ်ခု ကျသွားသလို ခံစားလိုက်ရသည်။

​ဘာကြောင့်မှန်း မသိသော်လည်း အထဲမှ မိစ္ဆာများသည် အတင်းအဓမ္မ ဖမ်းဆီးခြင်း မခံရသရွေ့ ထိုထွက်ပေါက်မှ ဘယ်တော့မှ ဖြတ်မထွက်ကြပေ။

ထိုအချက်မှာ ကျိမိသားစု အိပ်မက်ဆိုး စစ်မြင်း များကို ဖမ်းဆီးစဉ်က ရရှိခဲ့သော အရေးကြီးသည့် အချက်အလက် ဖြစ်သည်။

​ဂူအပြင်ဘက်တွင် လီတောက်ယဲ့ နှင့် အခြားသူများသည် ဖန့်ချန် ဘေးကင်းစွာ ထွက်လာသည်ကို မြင်သောအခါ သက်ပြင်းချနိုင်ကြတော့သည်။

ဖန့်ချန် နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော ဖရိုဖရဲ ဖြစ်နေသည့် ကျိချုံယွန်းကို မြင်သောအခါ အိပ်မက်ဆိုးစစ်သည် များမှာ ထူးဆန်းသော အမူအရာများ ဖြစ်သွားကြသည်။

​အမှန်တကယ်ပင် သိုင်းပညာရှင်များသည် ကျင့်ကြံသူများကို ယှဉ်နိုင်စွမ်း မရှိသေးပေ။

​“ဖန့်ချန် အဆင်ပြေသွားပြီလား”

လီတောက်ယဲ့ က အလျင်အမြန် မေးလိုက်သည်။

​ဖန့်ချန် က ခပ်ဖွဖွ ခေါင်းညိမ့်ပြသည်။

​“တကယ်လား အဲဒီလူက အဲဒီလောက် အစွမ်းထက်တာကို...”

လီတောက်ယဲ့ တံတွေးမျိုချလိုက်ပြီး သူ၏ အမူအရာမှာ သံသယဖြစ်နေဆဲပင်။

​ဖန့်ချန် က မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ပြီး လက်ကို ဆန့်ထုတ်ကာ

“စကားမများနဲ့တော့ မြေဇာသီး တစ်လုံးနဲ့ ဝိညာဉ်ကျောက်တုံး တစ်ဝက်ကို ယူလိုက် ကျန်တဲ့ ပစ္စည်းတွေက ငါ့ဟာပဲ”

​​အခန်း ၂၀၂ - ဝိညာဥ်ရတနာ သန့်စင်ခြင်း

​"မိုက်တယ်"

လီတောက်ယဲ့ ၏ မျက်လုံးများ တောက်ပသွားသည်။

သူသည် နှစ်တစ်ရာ မြေဇာသီးတစ်လုံးနှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးရာကို ရရှိခဲ့ရာ ၎င်းမှာ သူမျှော်လင့်ထားသည်ထက် များစွာ သာလွန်သော ရလဒ်ဖြစ်သည်။ ဖန့်ချန် သာ မရှိပါက သူသည် ဘာမှ ရရှိလိမ့်မည် မဟုတ်ပေ။

​၎င်းတို့နှစ်ဦးသည် ထိုပစ္စည်းများကို ကျိချုံယွန်း နှင့် လူစုရှေ့တွင်ပင် ခွဲဝေလိုက်ကြသည်။

​ဖန့်ချန် ၏ သိုလှောင်လက်စွပ်ထဲရှိ ဝိညာဉ်ကျောက်တုံး အရေအတွက်မှာ ရှစ်ရာအထိ မြင့်တက်သွားသည်။

​အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ရှစ်ရာကို တစ်ပြိုင်နက်တည်း ထုတ်ပေးရန် ခဲယဉ်းလှပေသည်။

​လီတောက်ယဲ့ က ဝမ်းသာအားရဖြင့်

"ငါတို့တော့ အကြီးအကျယ် မြတ်ပြီဟေ့"

​ဖန့်ချန် က သက်ပြင်းချလိုက်ပြီး နဂါးတုတ်ကောက်၏ အပိုင်းအစတစ်ခုကို ထုတ်ကာ လီတောက်ယဲ့ ကို ပြလိုက်သည်။

"မင်းကတော့ မြတ်တာပေါ့ ငါ့ရဲ့ အရှုံးကတော့ မနည်းဘူး။ာ"

​လီတောက်ယဲ့ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။

ဝိညာဉ်တံဆိပ် ၁၂ ခုပါသော နဂါးတုတ်ကောက်မှာ အမှန်တကယ်ပင် ကျိုးပဲ့သွားခဲ့ပြီလား ၎င်းမှာ လနစ်မြုပ်ရွှေ ဖြင့် သွန်းလုပ်ထားသည့် ရတနာဖြစ်သည်။

အကယ်၍ မီးတောက်အင်ပါယာ၏ မှောင်ခိုဈေးကွက်တွင် ရောင်းချပါက အနည်းဆုံး ဝိညာဉ်ကျောက်တုံး သုံးရာမှ ငါးရာအထိ တန်ဖိုးရှိသည်။

​လီတောက်ယဲ့ က နှမြောတသစွာဖြင့်

"နှမြောစရာကြီးကွာ ဒီလောက်ကောင်းတဲ့ ရတနာက ပျက်စီးသွားပြီ"

​"ရတာရှိရင် ဆုံးရှုံးတာလည်း ရှိမှာပဲ"

ဖန့်ချန် က နဂါးတုတ်ကောက် အပိုင်းအစကို ပြန်သိမ်းလိုက်ပြီး ကျိချုံယွန်း ဘက်သို့ လှည့်ကာ

"အထဲက ထူးဆန်းတဲ့ မိစ္ဆာနှစ်ကောင်ကို မရှင်းရသေးဘူး အခုချိန်မှာ ခင်ဗျားတို့ လူလွှတ်ဖို့ မဖြစ်နိုင်သေးဘူး အခုတော့ မြို့တော်ကို အရင်ပြန်ကြစို့ကျုပ် အဆင်သင့်ဖြစ်တဲ့အခါ သူတို့ကို အတူတူ ရှင်းကြတာပေါ့ အဲဒီအချိန်ကျရင် ခင်ဗျားဘက်က လူအင်အား ပိုပြီး အသင့်ပြင်ထားပါ"

​ကျိချုံယွန်း က ခပ်ဖွဖွ ခေါင်းညိမ့်ကာ

"ဟုတ်ကဲ့ပါ။"

​ထိုသို့ဖြင့် အဖွဲ့သားများသည် မြို့တော်သို့ ပြန်လာခဲ့ကြပြီး ဖန့်ချန် တို့အဖွဲ့မှာ ကျိအိမ်တော်တွင် VIP ဧည့်သည်များအဖြစ် တည်းခိုခဲ့ကြသည်။

ကျိချုံယွန်း သည် သူ၏ ကိုယ်ပိုင်အဆောင်ကိုပင် ဖယ်ပေးထားသည်။

သူသည် ကျိမိသားစု အစေခံများကို ဖန့်ချန် ၏ အလိုရှိသမျှကို အချိန်မရွေး ဖြည့်ဆည်းပေးရန် ကျိလင်ရှင်း ကို သေချာစွာ ညွှန်ကြားထားခဲ့သည်။

​"ဖန့်ချန် နောက်ပိုင်းကိစ္စတွေမှာ ငါ ပါဝင်တော့မှာ မဟုတ်ဘူး အခု မြေဇာသီးနဲ့ ဝိညာဉ်ကျောက်တုံးတွေ ရထားပြီဆိုတော့ တိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ နှစ်အနည်းငယ်လောက် ကျင့်ကြံချင်တယ်မီးတောက်အင်ပါယာကို မပြန်ခင်မှာ လုံးဝ အသစ်တစ်ယောက်အဖြစ် ပြောင်းလဲချင်လို့ပါ"

ဟု လီတောက်ယဲ့ က ပြောသည်။

​ဖန့်ချန် က နောက်ပြောင်သော အပြုံးဖြင့်

"ဟိုနေရာမှာ ကောင်းတာတွေ ကျန်ဦးမှာနော် မင်း တကယ်ပဲ စိတ်မဝင်စားဘူးလား"

​လီတောက်ယဲ့ က မျက်လုံးတစ်ချက် ဝှေ့ယမ်းလိုက်ပြီး တည်ကြည်စွာ ပြောလိုက်သည်။

"မင်း ကျေးဇူးနဲ့ ငါ အများကြီး ရထားပြီးပါပြီ မင်းသာ မရှိရင် ငါ အကြိမ်ပေါင်းများစွာ သေနေလောက်ပြီ မြေဇာသီးတစ်လုံးနဲ့ ဝိညာဉ်ကျောက်တုံး ငါးရာဆိုတာ ငါ့ယအတွက် နှစ်အတော်ကြာ သုံးလို့ရပါတယ် ငါ လောဘကြီးတော့ဘူး နောင်တစ်ချိန်မှာ မင်း အခက်အခဲရှိရင် ရှစ်ထောင့်ဗေဒင်ဂိုဏ်း မှာ ငါ့ ကို လာရှာပါ ငါ ကူညီနိုင်တာရှိရင် အစွမ်းကုန် ကူညီပါ့မယ်"

​ကျောက်ယန် နှင့် ရွှီဂီ တို့လည်း ထိုစကားကို ကြားသောအခါ ခေါင်းညိမ့်လိုက်ကြသည်။

​ဖန့်ချန် လည်း အပြုံးကို သိမ်းလိုက်ပြီး တည်ကြည်သော အမူအရာဖြင့် မတ်တပ်ရပ်ကာ လီတောက်ယဲ့ ၏ ပုခုံးကို ပုတ်လိုက်သည်။

"ကောင်းကောင်း ကျင့်ကြံပါ နောင် တစ်နေ့မှာ ကျင့်ကြံခြင်းလောကထဲကို ငါတို့ အတူတူ စွန့်စားခန်း ထွက်နိုင်ကြလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်"

​လီတောက်ယဲ့ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး

"အဲဒီနေ့ကို ငါ မျှော်လင့်နေပါမယ်"

ဟု ခေါင်းညိမ့် ပြန်ပြောသည်။

​ထို့နောက် သူသည် လှည့်ထွက်သွားတော့သည်။ ဖန့်ချန် ကတော့ လိုက်မပို့ခဲ့ပေ။

​သို့သော် လီတောက်ယဲ့ ထွက်သွားပြီးနောက် ဖန့်ချန် သည် သူ၏ ဝိညာဉ်အာရုံဖြင့် တစ်နေ့နှင့် တစ်ညလုံး လိုက်ပါကြည့်ရှုပေးခဲ့ပြီး သူသည် နှင်းရေခဲအင်ပါယာမှ ဘေးကင်းစွာ ထွက်ခွာသွားသည်ကို အတည်ပြုပြီးမှသာ ဝိညာဉ်အာရုံကို ပြန်ရုပ်သိမ်းခဲ့သည်။

​နောက်ရက်များတွင် ဖန့်ချန် သည် ခရမ်းရောင် လျှပ်စီးအဆောင် များ ပြုလုပ်ခြင်းကိုသာ အာရုံစိုက်ခဲ့သည်။

ဝိညာဉ်ပစ္စည်းများ ကုန်ခမ်းနေသဖြင့် သူပြုလုပ်သော အဆောင်များမှာ အဆင့်နိမ့်များသာ ဖြစ်ပြီး အလတ်စားအဆင့်လောက် အစွမ်းမထက်ပေ။

သို့သော် အဆောင်ပြုလုပ်ခြင်းသည် သူ၏ ကျင့်ကြံမှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လျှပ်စီးအဆောင်များမှာ ဘေးထွက်ပစ္စည်းများသာ ဖြစ်သည်။

​ပြီးခဲ့သော ရက်အနည်းငယ်က လှုပ်ရှားမှုများကြောင့် သူ၏ ဝိညာဉ်စွမ်းအင်မှာ ပိုမို ကြွယ်ဝလာခဲ့ပြီး အဆောင်များ ပြုလုပ်ပြီး ရက်အနည်းငယ်အကြာတွင် သူသည် ရှစ်ခုမြောက် မသေမျိုးသွေးကြောကို အားစိုက်စရာမလိုဘဲ ပေါင်းစပ်နိုင်ခဲ့သည်။

​ချီသန့်စင်ခြင်း အဆင့် ၈

​လအနည်းငယ်အတွင်းမှာပင် သူသည် အစပြုသူဘဝမှ ချီသန့်စင်ခြင်း အဆင့် ၈ သို့ ရောက်ရှိခဲ့သည်။

သူပေါင်းစပ်ခဲ့သော မသေမျိုးသွေးကြောများမှာလည်း စင်ကြယ်ပြီး အင်အားကြီးမားလှသည်။

​"ကဲ ရတနာ သန့်စင်ခြင်း နည်းလမ်းကို စမ်းကြည့်ရအောင်"

​ကျင့်ကြံမှု အခြေခိုင်သွားပြီးနောက် ဖန့်ချန် သည် ပုဒု မသေမျိုး အလွန်တန်ဖိုးထားသော ဓားသန္ဓေ ကို ထုတ်ယူလိုက်သည်။

​ထိုငွေရောင် ဓားသန္ဓေမှာ သူ၏ လက်ဝါးပေါ်တွင် သက်ရှိကဲ့သို့ နူးညံ့စွာ လိမ့်နေပြီး ရံဖန်ရံခါတွင် ပူဖောင်းကလေးများ ထွက်ပေါ်နေသည်။

​"'ဟင်းလင်းပြင် ထာဝရဓားဂိုဏ်း ဆိုတာ အတော်လေး အစွမ်းထက်မှာ သေချာတယ် မဟုတ်ရင် ပုဒုမသေမျိုးက ငါ့ကို ဒီဓားသန္ဓေ သန့်စင်မှာကို ကြောက်နေမှာ မဟုတ်ဘူး သူက ဒါကို နောက်ဆုံးလက်နက်အနေနဲ့ ဒီလို ဝေးလံတဲ့ နေရာမှာတောင် သိမ်းထားခဲ့တာလေ"

​ဓားသန္ဓေကို သန့်စင်ခြင်းမှာ အချိန်ကြာမြင့်သော လုပ်ငန်းစဉ်ဖြစ်သည်။

ကံကောင်းလျှင် သုံးနှစ်မှ ငါးနှစ်အထိ ကြာနိုင်ပြီး မကောင်းလျှင် ဆယ်စုနှစ်နှင့်ချီ၍ ကြာနိုင်သည်။

သို့သော် ဓားသန္ဓေကို အောင်မြင်စွာ သန့်စင်ပြီးပါက ၎င်း၏ စွမ်းအားမှာ သာမန် ဝိညာဉ်လက်နက်များထက် အဆပေါင်းများစွာ သာလွန်ပေလိမ့်မည်။

​"မီရှန့် ရဲ့ သန့်စင်ခြင်း နည်းလမ်းက အဆင့်မမြင့်လှဘူး ဒီဓားသန္ဓေကို သန့်စင်ဖို့ သုံးလို့ရမလားတော့ မသိဘူး..."

ခဏမျှ စဉ်းစားပြီးနောက် ဖန့်ချန် သည် ဓားသန္ဓေကို ရှေ့တွင် ချလိုက်ကာ မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်ပြီး အထူးလမ်းကြောင်းအတိုင်း ဝိညာဉ်စွမ်းအင်များကို စီးဆင်းစေလိုက်သည်။

စီးဆင်းမှု တစ်ပတ်ပြည့်တိုင်း သူ၏ နဖူးပေါ်တွင် နီမြန်းသော အလင်းဖျော့ဖျော့လေး ပေါ်လာသည်။

​သူ၏ ဝိညာဉ်စွမ်းအင်မှာ လျင်မြန်စွာ ကုန်ခမ်းနေသည်။

ငါးပတ် ခြောက်ပတ်ခန့် လှည့်ပတ်ပြီးနောက် ဝိညာဉ်စွမ်းအင် ၇၀ မှ ၈၀ ရာခိုင်နှုန်းခန့် ကုန်သွားပြီဖြစ်သည်။

၎င်းမှာ လျှပ်စီးအဆောင် ပြုလုပ်စဉ်ကထက်ပင် ပို၍ မြန်ဆန်နေသည်။

​သတိမထားမိဘဲ သူ၏ နဖူးမှ သွေးအနှစ်အစက်တစ်စက် ထွက်ပေါ်လာသည်။

သွေးအနှစ်ဆိုသည်မှာ ကျင့်ကြံသူရော သာမန်လူများမှာပါ ရှိသည့် အရေးကြီးဆုံး အဆီအနှစ် ဖြစ်သည်။

သာမန်လူများတွင် ၎င်းမှာ ခန္ဓာကိုယ်အတွင်း၌ ပုန်းကွယ်နေပြီး နေ့စဉ် အားအင်များကို ထောက်ပံ့ပေးသည်။

​အကယ်၍ လူတစ်ယောက် ဖျားနာပါက သွေးအနှစ် ကုန်ခမ်းသွားတတ်ပြီး သေဆုံးလျှင် ခြောက်ကပ်သွားတတ်သည်။

လူတစ်ယောက် အစွမ်းထက်လေ သွေးအနှစ်မှာ ပိုမို ကြွယ်ဝလေဖြစ်ပြီး သိုင်းပညာရှင်များမှာ ထင်ရှားသည်။ ကျင့်ကြံသူများမှာမူ ဝိညာဉ်စွမ်းအင်ကို ကျင့်ကြံထားသဖြင့် တူညီသောအဆင့်ရှိ သိုင်းပညာရှင်များထက် သွေးအနှစ် ပိုမို များပြားသည်။

​ရတနာ သန့်စင်ခြင်း နည်းလမ်းဆိုသည်မှာ ခန္ဓာကိုယ်မှ သွေးအနှစ်ကို အတင်းအကျပ် ထုတ်ယူပြီး ဝိညာဉ်စွမ်းအင်နှင့် ပေါင်းစပ်ကာ ပုံမပေါ်သေးသော ဝိညာဉ်လက်နက်ကို သန့်စင်ခြင်း ဖြစ်သည်။

အောင်မြင်သွားပါက ၎င်းမှာ သတ်မှတ်ရတနာ ဖြစ်လာလိမ့်မည်။

​တစ်ကြိမ်လျှင် သွေးအနှစ် ပိုထုတ်နိုင်လေ သန့်စင်မှု ပိုမြန်လေဖြစ်သည်။

သို့သော် ကျင့်ကြံသူများအတွက် သွေးအနှစ် တစ်စက် ဆုံးရှုံးခြင်းသည်ပင် ခန္ဓာကိုယ်ကို ထိခိုက်စေသဖြင့် တစ်ကြိမ်လုပ်ပြီးတိုင်း ပြန်လည် နာလန်ထူရန် အချိန်ယူရသည်။

​ဖန့်ချန် ၏ ဝိညာဉ်စွမ်းအင်သည် သူ၏ သွေးအနှစ်အစက်ကို ဝန်းရံကာ ငွေရောင် ဓားသန္ဓေပေါ်သို့ ကျရောက်သွားသည်။ နီမြန်းသော အလင်းတန်းဖျော့ဖျော့မှာ ဓားသန္ဓေအတွင်းသို့ ဖြည်းဖြည်းချင်း ပေါင်းစပ်ဝင်ရောက်သွားတော့သည်။

​ဘုန်း

​ဖန့်ချန် သည် ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရသလို ခံစားလိုက်ရပြီး နောက်တစ်ခဏတွင် သူသည် တောက်ပနေသော ကြယ်တာရာပေါင်းများစွာ ရှိသည့် ကျယ်ပြောလှသော စကြဝဠာကြီးထဲသို့ ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။

​ဖန့်ချန် အံ့ဩသွားသည်။

"ဒါ ဘယ်နေရာလဲ"

​သူက ဓားသန္ဓေကို သန့်စင်နေတာပဲလေ၊ ဘယ်လိုလုပ် ဒီလိုနေရာမျိုးကို ရုတ်တရက် ရောက်သွားတာလဲ ဒါက စိတ်အာရုံ လှည့်စားမှု လား

​ထိုအချိန်မှာပင် ဝေးကွာသော အရပ်မှ ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ်လာသည်။

​ဖန့်ချန် မော့ကြည့်လိုက်ရာ သူ့ကို လုံးဝ မှင်တက်သွားစေသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

​အေးစက်သော အလင်းတန်းများ ထွက်ပေါ်နေသည့် ကြီးမားလှသော ဂြိုဟ်ကြီးတစ်လုံးသည် တစ်စစီ ကြေမွ ပျက်စီးနေသည်။

ပျက်စီးမှုမှ ထွက်ပေါ်လာသော အပိုင်းအစများသည် ဥက္ကာခဲများကဲ့သို့ ဟင်းလင်းပြင်ထဲသို့ ပျံနှံ့သွားကြသည်။

ထိုအပိုင်းအစများသည် ကြယ်များကို ဖြတ်သန်းသွားစဉ် ဖောက်ပစ်လိုက်ကြပြီး ၎င်းတို့ကို ဖုန်မှုန့်များအဖြစ် ကြေမွသွားစေသည်။

​ထိုဂြိုဟ်ကြီး၏ အပေါ်ယံ အလွှာများ ကွာကျသွားသောအခါ ၎င်း၏ အနှစ်ဗဟိုချက် ဖြစ်သော ငွေရောင် လုံးချော လေးတစ်ခု ပေါ်လာသည်။

​ဖန့်ချန် ငိုင်သွားသည်။

"ဒါ ဒီအရှိန်အဝါက ငွေရောင် ဓားသန္ဓေနဲ့ အတော်လေး တူတာပဲ ဒါဆို ဒီဓားသန္ဓေက ဂြိုဟ်တစ်လုံးရဲ့ အနှစ်ဗဟိုချက်ကနေ သွန်းလုပ်ထားတာလား"

​ထိုအချိန်မှာပင် ပို၍ အံ့ဩစရာကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာသည်။

ကောင်းကင်ယံတွင် ကြီးမားလှသော လက်ဝါးကြီးတစ်ခု ပေါ်လာပြီး ထိုငွေရောင် အနှစ်ဗဟိုချက်ကို ဖြည်းဖြည်းချင်း ဖမ်းဆုပ်လိုက်သည်။

၎င်းသည် ငွေရောင်အနှစ်ကို ယူဆောင်သွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။

​ပတ်ဝန်းကျင်မှာ မူလအတိုင်း ပြန်လည် တိတ်ဆိတ်သွားသည်။ ခုနက ဖြစ်ပျက်ခဲ့သမျှမှာ ဘာမှ မဖြစ်ခဲ့သလိုပင်။ ဖန့်ချန် ပိုပြီး မစဉ်းစားနိုင်ခင်မှာပင် သူသည် လက်တွေ့လောကသို့ ပြန်ရောက်လာခဲ့သည်။

​သူ၏ ရှေ့တွင် ငွေရောင် ဓားသန္ဓေမှာ လှည့်ပတ် ပျံသန်းနေသည်။

​သူနှင့် ထိုငွေရောင် ဓားသန္ဓေကြားတွင် မရေမရာသော်လည်း ထူးခြားသော ဆက်နွှယ်မှုတစ်ခု ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

​ဗိုက်ဆာလိုက်တာ...

​ထိုအတွေးမှာ ဘယ်ကမှန်းမသိဘဲ ဖန့်ချန် ၏ စိတ်ထဲသို့ ရုတ်တရက် ရောက်လာသည်။ သို့သော် သူ အချက်တစ်ခုကို သတိရသွားသည်။

"နေဦး ငါက ကျင့်ကြံသူပဲ အစားအသောက် လုံးဝ မစားဘဲ နေနိုင်တဲ့အဆင့် မရောက်သေးပေမဲ့ တစ်လ နှစ်လလောက် မစားဘဲ နေရင်တောင် ဗိုက်မဆာသင့်ဘူး ဒါက ငါ့ရဲ့ ခံစားချက် မဟုတ်ဘူး ဒါက... ဒါ မင်းပဲ"

ဖန့်ချန် သည် ငွေရောင် ဓားသန္ဓေကို စိုက်ကြည့်ကာ သတိထားပြီး မေးလိုက်သည်။

"ဒီ ဗိုက်ဆာတဲ့ ခံစားချက်က မင်းဆီက လာတာလား မင်း ဗိုက်ဆာနေတာလား"

​ငွေရောင် ဓားသန္ဓေမှာ ဖန့်ချန် ၏ ရှေ့တွင် လာရပ်ပြီး ခေါင်းညိမ့်ပြသကဲ့သို့ အပေါ်အောက် လှုပ်ရှားပြသည်။

​ဗိုက်ဆာတယ် ဗိုက်ဆာတယ် ဗိုက်ဆာတယ်

​ငွေရောင် ဓားသန္ဓေ၏ အတွေးများသည် လှိုင်းလုံးကြီးများကဲ့သို့ ရိုက်ခတ်လာသည်။

​ဖန့်ချန် ၏ အမူအရာမှာ ထူးဆန်းသွားသည်။

"ဒါ ငါက သွေးအနှစ် တစ်စက်တောင် သုံးထားတာလေ ငါ နည်းနည်းလောက် ပြန်သက်သာလာတဲ့အထိ မစောင့်နိုင်ဘူးလား"

All Chapters