အခန်း (၂၀၃-၂၀၄)
Vol. 21 Ch. 203-204
အခန်း ၂၀၃ - စားသောက်ပြီးနောက် အိပ်စက်ခြင်း
ငွေရောင် ဓားသန္ဓေ လေးသည် ဖန့်ချန်၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ သူ၏ လိုအပ်ချက်များကိုသာ မရပ်မနား ဆက်လက် တောင်းဆိုနေတော့သည်။
ဖန့်ချန် ၏ မျက်နှာ အနည်းငယ် အုံ့မှိုင်းသွားသည်။
ထိုကောင်လေး၏ မူလအစမှာ အမှန်တကယ်ပင် သာမန်မဟုတ်ပေ။
အကယ်၍ သူစောစောက မြင်တွေ့ခဲ့ရသည့် မြင်ကွင်းမှာ တကယ့်အစစ်အမှန်ဆိုလျှင် ထိုဓားသန္ဓေမှာ ကြီးမားလှသော ဂြိုဟ်ကြီးတစ်လုံး၏ အနှစ်ဗဟိုချက် ဖြစ်နေပေလိမ့်မည်။
ထိုနေရာတွင် ပေါ်လာသည့် လက်ဝါးကြီးမှာလည်း ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု၏ လက်ဝါး ဖြစ်ပေလိမ့်မည်။
သို့သော် အရေးကြီးသည်မှာ ထိုအချက် မဟုတ်ပေ။
တကယ်လို့ ထို ငွေရောင် ဓားသန္ဓေက အလွန်အမင်း တောင်းဆိုမှုများ ပြုလုပ်ပြီး သွေးအနှစ် များကိုသာ ဆက်တိုက် စုပ်ယူလိုနေပါက ၎င်းမှာ မိစ္ဆာပစ္စည်းတစ်ခု ဖြစ်နေပေလိမ့်မည်။
ထိုသို့ဆိုလျှင် ၎င်းကို အသုံးမပြုနိုင်ရုံသာမက နည်းလမ်းတစ်ခုခုဖြင့် နှိမ်နင်းထားရန် လိုအပ်သည်။ မဟုတ်ပါက ၎င်းသည် အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် ဗုံးတစ်လုံးနှင့် တူနေပေလိမ့်မည်။
ရုတ်တရက် ဖန့်ချန် သည် ဓားသန္ဓေထံမှ ပို့လွှတ်လိုက်သော စိတ်ခံစားချက်မှာ အနည်းငယ် ဝမ်းနည်းအားငယ်သွားကြောင်း အာရုံခံမိလိုက်သည်။
"မင်းက ငါ့ရဲ့ သွေးအနှစ်ကို မလိုချင်တာလား"
ဖန့်ချန် အံ့ဩတကြီး မေးလိုက်သည်။
ဓားသန္ဓေမှာ ချက်ချင်းပင် ဘယ်ညာ ယိမ်းနွဲ့ပြသည်။
ဖန့်ချန် က အလိုလိုပင်
"ဒါဆို မင်း ဘာစားချင်လို့လဲ"
ဟု မေးမိပြန်သည်။ ငွေရောင် ဓားသန္ဓေမှာ ပိုမိုတိကျသော အချက်အလက်များကို မပေးနိုင်သေးပေ။ ဖြစ်နိုင်သည်မှာ သူနှင့် ဖန့်ချန် ကြားရှိ ဆက်နွှယ်မှုမှာ မပြည့်စုံသေး၍ ဖြစ်လိမ့်မည်။ သို့သော် ၎င်းသည် တဖြည်းဖြည်း စိုးရိမ်ပူပန်လာကြောင်း ဖန့်ချန် အာရုံခံမိသည်။
"မစိုးရိမ်နဲ့၊ ငါ နည်းလမ်းရှာပေးမယ်"
ဟု ဖန့်ချန် က နှစ်သိမ့်ပေးလိုက်ပြီး အတွေးများကို လှည့်ပတ်ကြည့်သည်။
ထိုဓားသန္ဓေမှာ မိစ္ဆာပစ္စည်း မဟုတ်သရွေ့ အရာအားလုံး အဆင်ပြေပါသည်။
ခဏအကြာတွင် ဖန့်ချန် ၏ မျက်လုံးများ တောက်ပသွားသည်။ သူသည် သိုလှောင်လက်စွပ်ထဲမှ နဂါးတုတ်ကောက်၏ အပိုင်းအစများကို ချက်ချင်း ထုတ်ယူလိုက်သည်။
"ဒါကို မင်း လိုချင်တာလား"
ဓားသန္ဓေ၏ နောက်ထပ် လုပ်ဆောင်ချက်များမှာ အဖြေပေးလိုက်သကဲ့သို့ပင်။
၎င်းသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပူဖောင်းကလေးများဖြင့် ထိုအပိုင်းအစကို ချက်ချင်း ရစ်ပတ်လိုက်တော့သည်။
၎င်းသည် နဂါးတုတ်ကောက်၏ အပိုင်းအစများကို အစာချေဖျက်နေပုံရသည်။ အသက်တစ်ဆယ်ခန့်အကြာတွင် ၎င်းသည် ပူဖောင်းကြီးတစ်ခုကို ထုတ်လွှတ်လိုက်ရာ အဝစားပြီးနောက် လေတက်လိုက်သကဲ့သို့ပင် ဖြစ်သည်။
ဖန့်ချန် သည် ၎င်းကို စောင့်ကြည့်နေစဉ် ထိုအပိုင်းအစကို မျိုချပြီးနောက် ၎င်း၏ အရှိန်အဝါမှာ မြင့်တက်လာပြီး ၎င်းတို့ကြားရှိ ဆက်နွှယ်မှုမှာလည်း ပိုမို နီးကပ်လာကြောင်း တွေ့ရှိရသည်။
ဖန့်ချန် ၏ မျက်နှာမှာ ထူးဆန်းသွားသည်။
တခြားသော ဝိညာဉ်လက်နက် တွေကို ဝါးမြိုနိုင်တဲ့ ဝိညာဉ်လက်နက်လား
ကျင့်ကြံခြင်းလောကတွင် ထိုကဲ့သို့သော လက်နက်မျိုး ရှိမရှိ သူ မသေချာသော်လည်း ဤအချက်တစ်ခုတည်းနှင့်ပင် ဓားသန္ဓေ၏ ထူးကဲသော သဘာဝကို သက်သေပြနေသည်။
ဝါးမြိုစရာ ဝိညာဉ်လက်နက်များသာ ဆက်တိုက်ရှိနေပါက ၎င်းသည် ပို၍ ပို၍ အစွမ်းထက်လာမည် မဟုတ်ပါလား
ဓားသန္ဓေမှာ ဖန့်ချန် ကို ဝိုင်းပတ်ပျံသန်းနေပြီး
"ဗိုက်ဆာတယ်၊ ဗိုက်ဆာတယ်"
ယခုအခါ ဖန့်ချန် သည် ၎င်း၏ အတွေးများကို ပိုမို ရှင်းလင်းစွာ သိမြင်လာရပြီဖြစ်သည်။
"ဗိုက်ဆာနေတုန်းပဲလား"
ဖန့်ချန် ရေရွတ်လိုက်သည်။
"ဒါတွေက နဂါးတုတ်ကောက်ရဲ့ အပိုင်းအစတွေ ဆိုပေမဲ့ ဝိညာဉ်တံဆိပ် ၁၂ ခု ပါတဲ့ ရတနာရဲ့ အပိုင်းအစတွေပဲလေ"
"အ... မှိုက်..."
"..."
ဖန့်ချန် သည် ဓားသန္ဓေကို တည်ကြည်စွာ စိုက်ကြည့်ပြီး
"မင်းက ငယ်ငယ်လေးပဲ ရှိသေးတာ မကောင်းတဲ့ စကားတွေ မပြောသင့်ဘူး"
ဟု ဖြည်းဖြည်းချင်း ဆိုလိုက်သည်။
"ဗိုက်ဆာတယ်၊ ဗိုက်ဆာတယ်၊ အရမ်း ဗိုက်ဆာတယ်"
"ခဏစောင့်ဦး"
ဖန့်ချန် သည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ရတနာအားလုံးကို ချက်ချင်း ထုတ်လိုက်သည်။
ထိုအရာ အများစုမှာ တောင်ပိုင်းကောင်းကင်ဂိုဏ်း ကျင့်ကြံသူများဆီမှ ရရှိခဲ့ခြင်း ဖြစ်သည်။
မူလက သူ သိမ်းထားရန် ရည်ရွယ်ခဲ့သော်လည်း ယခုတော့ စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ ရွှီဂီ နှင့် အခြားသူများသည် နောင်တွင် ကျင့်ကြံသူများ ဖြစ်လာပါက ထိုအရာများက သူတို့အတွက် အထောက်အကူ ဖြစ်နိုင်ပေသည်။
အဆိုးဆုံးအနေဖြင့် ၎င်းတို့ကို ဝိညာဉ်ကျောက်တုံးများဖြင့် ပြန်ရောင်းစား၍ ရသည်။
သို့သော် ယခုအခါ ၎င်းတို့ကို သူ၏ "ကလေး" ကို ကျွေးရန် အသုံးပြုလိုက်တော့မည်။
ရတနာများကို မြင်သောအခါ ဓားသန္ဓေလေးမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ခဏအတွင်းမှာပင် ဖန့်ချန် ပစ်ပေးလိုက်သည့် ရတနာအားလုံးကို ဝါးမြိုပစ်လိုက်ရာ ၎င်း၏ အရှိန်အဝါမှာ တစ်ဖန် ပြန်လည် မြင့်တက်လာပြန်သည်။
"ဂတ်..." (လေတက်သံ)
ဖန့်ချန် ၎င်း၏ စိတ်ကို အာရုံခံမိသည်။ နောက်ဆုံးတော့ ၎င်းမှာ ဝလင်သွားပြီး စိတ်ကျေနပ်သွားပြီ ဖြစ်သည်။
ဖန့်ချန် က
"မင်း ဝသွားပြီ မဟုတ်လား ဒါဆို ငါ ခိုင်းစေနိုင်ဖို့အတွက် ဓားပျံ အဖြစ် ပြောင်းလဲပေးနိုင်မလား"
ဟု မေးလိုက်သည်။
ဓားသန္ဓေမှာ ဘာမှမပြောဘဲ ဖန့်ချန် ၏ စိတ်အာရုံပင်လယ် အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
ဖန့်ချန် သည် အလိုလိုပင် သူ၏ နဖူးကို စမ်းကြည့်လိုက်ပြီးနောက် မျက်လုံးများကို မှိတ်ကာ ခန္ဓာကိုယ်အတွင်း အခြေအနေကို စစ်ဆေးသော်လည်း ဓားသန္ဓေ ဘယ်ကို ရောက်သွားမှန်း ရှာမတွေ့တော့ပေ။
ဖန့်ချန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
"ဒါ ဘယ်မှာ သွားပုန်းနေတာလဲ"
၎င်းမှာ ဝသွားပြီ ဖြစ်သဖြင့် တစ်မှေးလောက် အိပ်ရန် ဆုံးဖြတ်လိုက်ခြင်းလား
တစ်ချိန်တည်းမှာပင် အခြားတစ်နေရာ၌ ပုံရိပ်တစ်ခုသည် သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
ရှေးကျပြီး အိုမင်းလှသော အသံတစ်ခုမှာ သူ၏ ပါးစပ်မှ ထွက်ပေါ်လာသည်။
"အခိုးခံလိုက်ရတဲ့'မဟာလဟာပြင် ဓားသန္ဓေ ကို တစ်ယောက်ယောက်က သန့်စင်လိုက်ပြီယဒီလူကို အမြန်ရှာပြီး ဓားသန္ဓေကို ပြန်ယူခဲ့ကြ"
ခဏချင်းမှာပင် ထိုအသံမှာ စကြဝဠာ တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားတော့သည်။
"ဟုတ်ကဲ့ပါ၊ ဘိုးဘေးကြီး"
"ဘိုးဘေးကြီးရဲ့ အမိန့်ကို နာခံပါ့မယ်"
ဟင်းလင်းပြင် ထာဝရဓားဂိုဏ်း မှ ပုံရိပ်များသည် ပျံသန်းထွက်ခွာလာကြပြီး ထိုဘိုးဘေးရှိရာ အရပ်သို့ ရိုသေစွာ ဦးညွှတ်ကာ အရပ်မျက်နှာ အသီးသီးသို့ ပျံထွက်သွားကြသည်။
ထိုသူ တစ်ဦးချင်းစီမှာ ကျင့်ကြံခြင်းလောကတွင် ဓားအင်မော်တယ် ဟု ကျော်ကြားကြသည့် ဓားတာအို၏ ဘုရင်များ ဖြစ်ကြသည်။
အချို့မှာ ရာစုနှစ်ပေါင်းများစွာ တရားကျင့်နေသူများ ဖြစ်ပြီး အချို့မှာ နှစ်ပေါင်း တစ်ထောင်ကြာအောင် အိပ်စက်နေသူများ ဖြစ်သည်။
သူတို့၏ လှုပ်ရှားမှုများကြောင့် ကျင့်ကြံခြင်းလောကရှိ အဓိက ဂိုဏ်းကြီးများမှာ ချက်ချင်းပင် ထိတ်လန့်သွားကြသည်။
ဟင်းလင်းပြင် ထာဝရဓားဂိုဏ်း တွင် ဘာများ ဖြစ်ပျက်နေသနည်း၊ ဘာကြောင့် ထိုမိစ္ဆာအိုကြီးများ တရားရိပ်သာမှ ထွက်လာကြသနည်း ဆိုသည်ကို စုံစမ်းရန် လူလွှတ်ကြတော့သည်။
ဘာမှမသိသောသူများမှာ ဇဝေဇဝါ ဖြစ်နေကြသည်။
သိသောသူများမှာမူ တိတ်ဆိတ်နေကြပြီး ခေါင်းကိုသာ ခပ်ဖွဖွ ခါရမ်းနေကြတော့သည်။
"သခင်လေး ကျွန်တော် ချီအမြုတေအဆင့်ယကို ချိုးဖျက်နိုင်ခဲ့ပါပြီ"
ရွှီဂီ သည် ဖန့်ချန် ရှေ့တွင် စိတ်လှုပ်ရှားစွာ ရပ်နေသည်။
သူ ထိုမျှ မြန်မြန်ဆန်ဆန် တိုးတက်လာခြင်းမှာ အရိုးသန့်စင်ဆေးပြား များကြောင့် တစ်ပိုင်းနှင့် ဖန့်ချန် နောက်သို့ လိုက်ရင်း ကြုံတွေ့ခဲ့ရသော တိုက်ပွဲများကြောင့် တစ်ပိုင်း ဖြစ်သည်။
ထို့အပြင် ကျောက်ယန် ထံမှ လမ်းညွှန်မှုများကိုလည်း ရရှိခဲ့သည်။
ဖန့်ချန် ပြုံးလိုက်သည်။
"ချီအမြုတေအဆင့် ပြီးရင်တော့ မြေကမ္ဘာနက်နဲသောအဆင့် ရဲ့ ကိုယ်တွင်း ချီအဆင့် ပဲ မင်းကို ငါ ခရမ်းရောင်ချီ ကျမ်းစာ ကို လက်ဆင့်ကမ်းပေးမယ် အခုကစပြီး မင်း သိုင်းပညာရော၊ ကျင့်ကြံခြင်း ရော နှစ်မျိုးလုံး ကျင့်လို့ရပြီ အောင်မြင်မလား မအောင်မြင်ဘူးလား ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်"
ရွှီကော စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိမ့်သည်။
"ကျေးဇူးတင်ပါတယ် သခင်လေး"
ကျောက်ယန် ၏ မျက်နှာတွင် အားကျသော အမူအရာ ပေါ်လာသည်။ သူသည် ကိုယ်ပိုင် သိုင်းပညာ အမွေအနှစ် ရှိသော်လည်း ကျင့်ကြံခြင်း လမ်းစဉ်သို့ ခြေလှမ်းလှမ်းလိုသည့် ဆန္ဒလည်း ရှိနေသည်။
ဖန့်ချန် က ကျောက်ယန် ကို ကြည့်ကာ
"မင်းရော ကျင့်ကြံခြင်း လမ်းစဉ်ကို လိုက်ပြီး တာအိုကို ရှာဖွေချင်တာလား"
ကျောက်ယန် ခေါင်းညိမ့်သည်။
"ဟုတ်ပါတယ်။"
ဖန့်ချန် ပြုံးလိုက်သည်။
"မင်း ကောင်းကင်နက်နဲသောအဆင့် ကို ရောက်တဲ့အခါ ငါ မင်းကို ကျင့်ကြံခြင်း နည်းလမ်းတွေ သင်ပေးမယ် ဒါဆိုရင် မင်း ကျင့်ကြံခြင်းမှာ အာရုံများပြီး မင်းရဲ့ သိုင်းလမ်းစဉ်ကို မေ့သွားတာမျိုး မဖြစ်တော့ဘူး"
ကျောက်ယန် အနည်းငယ် အံ့ဩသွားပြီး မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"ကျေးဇူးတင်ပါတယ် သခင်လေး အဲဒီနေ့ ရောက်ဖို့ သိပ်မဝေးတော့ပါဘူး"
ဖန့်ချန် သည် သူ ကတိအလွတ် ပေးနေခြင်း မဟုတ်ကြောင်း သိသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကျောက်ယန် ၏ သိုင်းအရှိန်အဝါမှာ ပိုမို သန်မာလာခဲ့သည်။
သက်ရှည်ချီ ပြည့်ဝရန် မကြာတော့ဘဲ နောက်တစ်ဆင့်မှာ ကောင်းကင်နက်နဲသောအဆင့် ပင် ဖြစ်သည်။
အဆင့် ၇ အင်ပါယာတစ်ခုမှာပင် ကောင်းကင်နက်နဲသောအဆင့် သိုင်းပညာရှင်တစ်ဦးမှာ အားမနည်းပေ။
စီနီယာ ယွင်ဟယ် ပင်လျှင် ချီသန့်စင်ခြင်း အဆင့် ၁၂ ရှိသော ကျင့်ကြံသူများသည် ကောင်းကင်နက်နဲသောအဆင့်၏ အထွက်အထိပ်နှင့် ညီမျှသည်ဟု ပြောခဲ့ဖူးသည်။
လျူဆွေဖုန်း သည် ကောင်းကင်နက်နဲသောအဆင့် သိုင်းပညာရှင်များအကြောင်း ပြောစဉ်က အနည်းငယ် ကြောက်လန့်ပုံပြခဲ့သည်ကို ထောက်ဆလျှင် ထိုအဆင့်သည် သိုင်းပညာရှင်များကို ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အသွင်ကူးပြောင်းမှုတစ်ခု ပေးစွမ်းနိုင်သည်ဟု ဖန့်ချန် ခန့်မှန်းမိသည်။
ကျောက်ယန် ထိုအဆင့်သို့ ရောက်သောအခါမှသာ အသေးစိတ်ကို အတည်ပြုနိုင်ပေလိမ့်မည်။
ထိုအချိန်မှာပင် ကျိလင်ရှင်း ၏ ရိုသေသော အသံမှာ တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။
"သခင်လေး ဖန့်"
ဖန့်ချန် တံခါးဖွင့်ပြီး ထွက်လာခဲ့သည်။
ကျိလင်ရှင်း က အလျင်အမြန် နှုတ်ဆက်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။
"ဘိုးဘေးကြီးက အရာအားလုံး အဆင်သင့်ဖြစ်ပြီလို့ ပြောပါတယ် ခင်ဗျား ဘယ်အချိန်မှာ စတင်ချင်လဲဆိုတာ သိပါရစေ"
ဖန့်ချန် ခဏမျှ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"အခုပဲ ထွက်ကြစို့"
သူသည် ချီသန့်စင်ခြင်း အဆင့် ၈ သို့ ရောက်ရှိထားပြီး သူ၏ သိုလှောင်လက်စွပ်ထဲတွင် လုံလောက်သော ခရမ်းရောင် လျှပ်စီးအဆောင် များ ရှိနေသည်။
ကျိချုံယွန်ူ နှင့် သက်ရှည်ချီ သိုင်းပညာရှင်တစ်ဦး ပါဝင်မည်ဆိုပါက ကျောက်မိစ္ဆာနှင့် လင်းနို့မိစ္ဆာတို့ကို နှိမ်နင်းရန် ပြဿနာ ရှိလိမ့်မည် မဟုတ်ပေ။
ကျိလင်ရှင်း ၏ မျက်လုံးများ ဝမ်းသာမှုကြောင့် တောက်ပသွားပြီး သတင်းပို့ရန် ချက်ချင်း ထွက်သွားတော့သည်။
မကြာမီမှာပင် ကျိမိသားစု၏ အင်အားကြီး အဖွဲ့အစည်းသည် ကွေ့ဟန်ဒေသ သို့ ဦးတည် ထွက်ခွာခဲ့ကြသည်။
ထိုမျှ ကြီးမားသော လှုပ်ရှားမှုမှာ နန်းတော်ထဲမှ ဧကရာဇ်မင်းမြတ်၏ အာရုံကို မလွတ်ကင်းနိုင်ပေ။ နှင်းရေခဲအင်ပါယာ၏ ဧကရာဇ်သည် ထွက်ခွာသွားသော အဖွဲ့ကို အပေါ်စီးမှ တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး သူ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်နေသည်။
"ကျိမိသားစုက မဟာရှ အင်ပါယာနဲ့ ပူးပေါင်းလိုက်ပြီ ကျိမိသားစု နှစ်ပေါင်းများစွာ ကာကွယ်လာခဲ့တဲ့ လျှို့ဝှက်နေရာတောင် ဖန့်ချန်အတွက် ဖွင့်ပေးလိုက်ပုံရတယ် ဒီကိစ္စပြီးရင် ကျိမိသားစုက ထီးနန်းကို စိန်ခေါ်လာဖို့ များတယ် ငါတို့ ဘာလုပ်သင့်သလဲ"
ဧကရာဇ်သည် အထပ်မြင့်ပေါ်တွင် ရပ်နေပြီး သူ၏ အနောက်တွင်တော့ မိန်းမစိုးကြီး တစ်ဦး ရပ်နေသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မိန်းမစိုးကြီးက ဖြည်းဖြည်းချင်း လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး ဘိုးဘေးကြီးကတော့ ကွယ်လွန်သွားပါပြီ အခုဆိုရင် ကျားဖြူအင်ပါယာ သာ ဝင်ရောက် စွက်ဖက်ပေးမယ်ဆိုရင် အခြေအနေတွေကို ပြောင်းလဲနိုင်ကောင်း ပြောင်းလဲနိုင်ပါလိမ့်မယ်"
အခန်း ၂၀၄ - အားအင်အပြည့်
"ကျားဖြူအင်ပါယာ"
နှင်းရေခဲအင်ပါယာ၏ ဧကရာဇ်သည် မျက်နှာတွင် တွေဝေတုံ့ဆိုင်းမှု အရိပ်အယောင်များ ပေါ်လာသည်။
"ငါကိုယ်တိုင် အကူအညီတောင်းရင်တောင် ကျားဖြူအင်ပါယာက ဂရုစိုက်ချင်မှ စိုက်လိမ့်မယ် နောက်ဆုံးတော့ ဒါက နှင်းရေခဲအင်ပါယာရဲ့ ပြည်တွင်းရေးသက်သက်ပဲ မဟုတ်လား"
မိန်းမစိုးအိုကြီးက တိုးတိုးလေး လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး စတုတ္ထမြောက် မင်းသမီးလေးက ကျားဖြူအင်ပါယာရဲ့ ဆယ်မျက်နှာဂိုဏ်း မှာ ကျင့်ကြံနေတာကို မေ့သွားပြီလား ပြီးတော့ မင်းသမီးလေးနဲ့ ကျားဖြူအင်ပါယာ စစ်သေနာပတိချုပ်ရဲ့ သား လင်လီ တို့ကြားက ဆက်ဆံရေးကလည်း အတော်လေး ကောင်းမွန်ပါတယ်"
ဧကရာဇ်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ မိန်းမစိုးကြီးက သတိမပေးပါက သူသည် ထိုသမီးတော်လေးအကြောင်းကို မေ့နေလောက်ပြီဖြစ်သည်။
သူမအား အလွန်ငယ်ရွယ်စဉ်ကတည်းက ကျားဖြူအင်ပါယာ၏ ထိပ်သီးဂိုဏ်းတစ်ခုဖြစ်သော ဆယ်မျက်နှာဂိုဏ်းသို့ သိုင်းပညာသင်ရန် လွှတ်ထားခဲ့ခြင်းဖြစ်သည်။
သူမ ထိုနေရာတွင် ရှိနေသည်မှာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီဖြစ်ကာ တစ်ကြိမ်သာ ပြန်လာဖူးသည်။ ထိုတစ်ကြိမ်မှာလည်း လင်လီနှင့်အတူ ခရီးထွက်လာခြင်းဖြစ်သည်။
ဧကရာဇ်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
"စာတစ်စောင်ရေးပြီး သူမဆီကို အမြန်ဆုံး ပို့လိုက် စကားတစ်လုံးမှ အပြင်မပေါက်စေနဲ့ ကျိမိသားစုလည်း မသိအောင် သတိထားပါ"
မိန်းမစိုးအိုကြီးက ခေါင်းညိမ့်လိုက်သည်။
"ယုံကြည်ရတဲ့ လူလွှတ်ပြီး ပို့လိုက်ပါ့မယ်။ အရှင်မင်းကြီး စိတ်ချပါ"
"အရာအားလုံးကို အမှန်အတိုင်း အသိပေးဖို့ မမေ့နဲ့စာထဲမှာ လိမ်ညာတာမျိုး တစ်လုံးမှ မပါစေနဲ့ ဖန့်ချန်က ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီဆိုတာကိုပါ ပြောပြလိုက် သူတို့ဆီက ကျင့်ကြံသူတစ်ယောက်ယောက်ရဲ့ အကူအညီကို တောင်းခံနိုင်မလား ကြည့်ရမယ်"
"ဟုတ်ကဲ့ပါ ဘုရား"
အင်အားကြီးမားသော အဖွဲ့အစည်းကြီးသည် ဂူအပေါက်ဝသို့ ပြန်လည်ရောက်ရှိလာသည်။
ယခုတစ်ကြိမ်တွင် ကျိချုံယွန်း သည် ကျိမိသားစုမှ ကျွမ်းကျင်သူ ရာပေါင်းများစွာကို စုစည်းခဲ့ပြီး ၎င်းထဲတွင် ကျိကျွင်းဟွာ လည်း ပါဝင်သည်။
"အနှစ်သာရချီ ၊ မွေးရာပါချီ နဲ့ ကိုယ်တွင်းချီ သိုင်းပညာရှင်တွေ အပါအဝင် အားလုံးပေါင်း လူတစ်ရာကျော် ရှိတယ် အဲဒီအပြင် ချီအမြုတေ အဆင့် သီးသန့် သိုင်းပညာရှင် သုံးရာလောက် ပါသေးတယ်"
ကျိချုံယွင်က လက်သီးစုဂါရဝပြုရင်း
"သခင်လေး ဖန့် ဒီတစ်ခေါက်တော့ ကျွန်တော် ကျိမိသားစုရဲ့ ကျွမ်းကျင်သူ အများစုကို ခေါ်လာခဲ့ပါတယ် တစ်ခုခု မှားယွင်းသွားရင် အဆုံးအရှုံးက အရမ်းကြီးသွားလိမ့်မယ် ခင်ဗျား ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်"
ကျိကျွင်းဟွာနှင့် အခြားသူများအားလုံးသည် ဖန့်ချန် ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်နေကြသည်။
ကျိချုံယွန်း ၏ လုပ်ဆောင်ချက်ကို သူတို့ နားမလည်ကြသော်လည်း သူက အမိန့်ပေးထားသဖြင့် လိုက်လာကြရခြင်းဖြစ်သည်။
ယခုအခါ သူတို့လည်း ဖန့်ချန် ဘာပြောမည်ကို နားထောင်ချင်နေကြသည်။
အရင်က ကျင့်ကြံသူပင်လျှင် ထိုနေရာကို ဒုတိယအကြိမ် ပြန်မလာချင်ခဲ့ကြောင်း သူတို့ သိထားကြသည်။ ထိုနေရာမှာ အန္တရာယ်များလှပြီး အမှားအယွင်း တစ်ခုခုရှိပါက ကျိမိသားစုမှာ အထိနာပေလိမ့်မည်။
"အထဲမှာ သတိထားရမှာ မိစ္ဆာနှစ်ကောင်ပဲ ရှိတယ် တစ်ကောင်က လင်းနို့မိစ္ဆာ နောက်တစ်ကောင်က ကျောက်မိစ္ဆာကြီးပဲ"
ဖန့်ချန် က ခပ်ပါးပါး ပြုံးလိုက်သည်။
"အဲဒီအချိန်ကျရင် ကျုပ်တို့ တစ်ယောက်တစ်ကောင် စီမံကြမယ် ကျန်တာကတော့ လွယ်ပါတယ်အသေအပျောက်တော့ ရှိမှာပဲ၊ ဒါပေမဲ့ အရင်ကလောက်တော့ မဆိုးပါဘူး"
"ကျွန်တော်ပါ အထဲဝင်ရမှာလား"
ကျိချုံယွန်း တုန်လှုပ်သွားသည်။ သူ နောက်တစ်ခေါက် ထပ်ဝင်ရဦးမှာလား
ဖန့်ချန်၏ အပြုံးက ပိုကျယ်လာသည်။
"ခင်ဗျားက ဘယ်လိုထင်လို့လဲ"
ကျိချုံယွန်းက သွားကြိတ်ရင်း ကျောက်ယန် ကို ကြည့်လိုက်သည်။
"သူကော ကျွန်တော်တို့နဲ့ လိုက်လို့ရမလား သူက သက်ရှည်ချီအဆင့် သိုင်းပညာရှင်ပဲ သူပါရင် အများကြီး ပိုလွယ်သွားမှာ"
ဖန့်ချန်က ရယ်မောလိုက်သည်။
"အပြင်မှာ တစ်ယောက်ယောက်တော့ ကျန်ခဲ့ရမယ်လေ ခင်ဗျားက ကျုပ်တို့ကို တစ်နှစ်လောက် အထဲမှာ ပိတ်မိနေစေချင်လို့လား"
ကျိချုံယွန်း ချက်ချင်းပင် နှုတ်ဆိတ်သွားတော့သည်။
"ရှူး..."
ရုတ်တရက် ဖန့်ချန်က အသံပြုပြီး အားလုံးကို ငြိမ်ရန် လက်ဝှေ့ယမ်းပြလိုက်သည်။ လူတိုင်း ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ကြပြီး ဖန့်ချန်ကို ဇဝေဇဝါဖြင့် ကြည့်နေကြသည်။
နောက်တစ်ခဏတွင် သူတို့အားလုံးမှာ ဖန့်ချန်၏ နဖူးအလယ်မှ ငွေရောင် ဓားကလေးတစ်စင်း ဖြည်းဖြည်းချင်း ပျံထွက်လာသည်ကို မြင်လိုက်ရသဖြင့် မှင်တက်သွားကြသည်။
ထိုမြင်ကွင်းက တကယ့်ကို တုန်လှုပ်စရာပင်။
သာမန်သိုင်းပညာရှင်များသည် ထိုကဲ့သို့သော မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးကြသလို၊ လူတစ်ယောက်၏ ဦးခေါင်းထဲတွင် ဓားတစ်စင်းကို မည်သို့ ဝှက်ထားနိုင်သည်ကိုလည်း စိတ်မကူးနိုင်ကြပေ။ ထိုဓားမှာ တစ်လက်မခန့်သာ ရှည်သော်လည်း အလွန်ပင် လက်ရာမြောက်လှသည်။
ဝိညာဥ်ရတနာ တစ်ခု ပုံပေါ်လာရန် နှစ်ပေါင်းများစွာမှ ဆယ်စုနှစ်နှင့်ချီ၍ ကြာတတ်သည်ဟု လီတောက်ယဲ့ ပြောခဲ့သည်ကို ဖန့်ချန် အမှတ်ရနေသည်။
သို့သော် အခုတော့ သူ၏ ဓားသန္ဓေမှာ တစ်ရက်အတွင်းမှာပင် ဓားသန္ဓေမှ ပျံသန်းနိုင်သော ဓားအဖြစ် ပြောင်းလဲသွားပြီလာ ၎င်းမှာ ခန့်မှန်းချက်ထက် အများကြီး ပိုမြန်နေသည်။
ထိုဓားသန္ဓေမှာ တကယ့်ကို ထူးကဲလှပေသည်။
ဖန့်ချန်က သူ၏ အံ့ဩမှုကို ထိန်းချုပ်လိုက်ပြီး ပြုံးလိုက်သည်။
"မင်း ဗိုက်ဝသွားလို့ အပျင်းထူနေတယ်လို့ ငါထင်နေတာ ငါ မင်းကို အထင်မှားသွားတာပဲ"
ဓားကလေးမှာ သူ၏ ဘေးတွင် အလွန်သွက်လက်စွာ ဝဲပျံနေသည်။ တစ်လက်မခန့်သာ ရှိသော်လည်း ၎င်း၏ စွမ်းအားမှာ နဂါးတုတ်ကောက်ထက်ပင် သာလွန်နိုင်ကြောင်း ဖန့်ချန် ခပ်ရေးရေး အာရုံခံမိသည်။
ဓားသန္ဓေ ဖြစ်လာတုန်းက တစ်ယောက်ယောက်က ဝိညာဉ်တံဆိပ် ခတ်ထားခဲ့မှာပဲ ဒါပေမဲ့ ငါ အာရုံမခံနိုင်ဘူး။
ဖြစ်နိုင်တာက အဲဒီ ဝိညာဉ်တံဆိပ်ရဲ့ အဆင့်က အရမ်းမြင့်နေလို့ ဖြစ်လိမ့်မယ် ဟု ဖန့်ချန် တွေးလိုက်သည်။
"ဗိုက်ဆာတယ်... ဗိုက်ဆာတယ်..."
ဟု ဓားကလေးက တိုးတိုးလေး ပြောလိုက်သည်။ ဖန့်ချန် တစ်ဦးတည်းသာ ထိုအသံကို ကြားရခြင်းဖြစ်သည်။
ဖန့်ချန် အနည်းငယ် အံ့ဩသွားသည်။
"မင်း စကားပြောတတ်ပြီလား"
ပြီးခဲ့သည့်အကြိမ်က သူသည် ဓားကလေး၏ စိတ်ခံစားမှုကိုသာ အာရုံခံနိုင်ခဲ့သော်လည်း ယခုတော့ အသံကိုပါ ကြားနေရပြီဖြစ်သည်။ သို့သော် အခြားသူများကတော့ မကြားရပေ။
ဓားကလေးက ဆက်ပြောနေသည်။
"ဗိုက်ဆာတယ်... ဗိုက်ဆာတယ်... စားမယ်..."
ဖန့်ချန် ပြုံးလိုက်သည်။ ၎င်း၏ ဉာဏ်ရည်မှာ စတင်ဖွံ့ဖြိုးစပြုနေပုံရသည်။
စကားလုံး အနည်းငယ်သာ ပြောတတ်သေးသည့် ကလေးတစ်ယောက်နှင့် တူနေသည်။
အကယ်၍ ၎င်းကို ဆက်တိုက် ကျွေးမွေးနေပါက နောက်ဆုံးတွင် အောင်မြင်ခြင်းဗုဒ္ဓ တို့ကဲ့သို့ ချောမွေ့စွာ ပြောဆိုဆက်ဆံလာနိုင်ပေလိမ့်မည်။
"မင်း ဗိုက်ဝဝ စားချင်ရင်တော့ အလုပ်လုပ်ရမယ်ခဏနေရင် မင်းကို ခိုင်းစရာရှိတယ်၊ အလုပ်ပြီးသွားရင် စားစရာ ရှာပေးမယ်"
"ဟုတ်ကဲ့... ဟုတ်ကဲ့... အလုပ်... လုပ်မယ်..."
ဓားကလေးမှာ ပျော်ရွှင်စွာ ဝဲပျံနေပြီး ခဏတွင် ကောင်းကင်ပေါ်သို့ ပျံတက်သွားကာ နောက်ခဏတွင် အောက်သို့ ပြန်ဆင်းလာသည်။ ထို့နောက် ဖန့်ချန်၏ ရှေ့တွင် လာရပ်ပြန်သည်။
ထိုမြင်ကွင်းကို ကြည့်နေသူများမှာ အံ့အားသင့်နေကြသည်။
ကျိကျွင်းဟွာ ၏ မျက်နှာမှာ ဖြူဖျော့သွားသည်။
ထိုကဲ့သို့သော စွမ်းရည်မျိုးဖြင့်ဆိုလျှင် ဖန့်ချန်သည် ကျိချုံယွန်း အပါအဝင် ရှိသမျှ သိုင်းပညာရှင် အားလုံးကို အလွယ်တကူ သတ်ပစ်နိုင်သည် မဟုတ်ပါလား ၎င်းမှာ ဒဏ္ဍာရီလာ နည်းပညာတစ်ခုဖြစ်သော ဓားကို ခိုင်းစေပြီး မိုင်ပေါင်း တစ်ထောင်အကွာမှ ရန်သူ၏ ခေါင်းကို ယူခြင်း ပင် ဖြစ်သည်။
"ပြန်လာတော့"
ဖန့်ချန်က ဓားကလေးကို သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်သိမ်းလိုက်သည်။ ထို့နောက် သူနှင့် ကျိချုံယွန်းတို့ ဂူထဲသို့ အရင်ဆုံး ဝင်သွားကြသည်။
မကြာမီ အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြပြီး လူအုပ်ကြီးမှာ သူတို့နှစ်ဦး၏ အနောက်တွင် အမိန့်ကို စောင့်ဆိုင်းနေကြသည်။
ကျိချုံယွန်းက
"သခင်လေး ဖန့် နောက်ထပ် ဘာဆက်လုပ်မလဲ"
ဟု မေးလိုက်သည်။
"ကျွန်တော်တို့ လူအများကြီး ဝင်လာတာဆိုတော့ ကျောက်မိစ္ဆာနဲ့ လင်းနို့မိစ္ဆာတို့ မကြာခင် သိသွားလိမ့်မယ် သူတို့ ပေါ်လာတာကို စောင့်ကြတာပေါ့"
ဟု ဖန့်ချန်က ဆိုရာ ကျိချုံယွင်ကလည်း သဘောတူ ခေါင်းညိမ့်သည်။
လက်ဖက်ရည်တစ်ခွက် သောက်စာခန့် ကြာသောအခါ မြေပြင်မှာ အနည်းငယ် တုန်ခါလာသည်ကို လူအုပ်ကြီး ခံစားလိုက်ရသည်။
ခဏအကြာတွင် ကြီးမားလှသော ကျောက်မိစ္ဆာကြီး အဝေးမှ ပြေးလာသည်ကို မြင်လိုက်ရသည်။ ၎င်း၏ ခြေလှမ်းတိုင်းမှာ ဂူ၏ ကျောက်မြေပြင်ပေါ်တွင် ကျင်းကြီးများ ဖြစ်သွားစေသည်။
ထို့နောက် အနက်ရောင် ပုံရိပ်တစ်ခုမှာ ကောင်းကင်ယံတွင် ဖျတ်ခနဲ ပေါ်လာသည်။
လင်းနို့မိစ္ဆာလည်း ရောက်ရှိလာပြီဖြစ်သည်။
ကျိချုံယွန်းက အမိန့်ပေးလိုက်သည်။
"ကျန်တဲ့လူတွေ လူစုခွဲပြီး အဖိုးတန်ပစ္စည်းတွေကို ရှာကြ ဆယ်ရက်အကြာမှာ ဒီနေရာမှာ ပြန်ဆုံမယ်"
"ဟုတ်ကဲ့ပါ"
ကျိကျွင်းဟွာနှင့် အခြားသူများသည် သူတို့၏ လူများကို ဦးဆောင်ကာ အရပ်မျက်နှာ အသီးသီးသို့ ချက်ချင်း လူစုခွဲသွားကြသည်။
ကျောက်မိစ္ဆာနှင့် လင်းနို့မိစ္ဆာတို့မှာ သူတို့နောက်သို့ လိုက်မသွားပေ။ သူတို့၏ အကြည့်မှာ ဖန့်ချန်နှင့် ကျိချုံယွနတို့ထံတွင်သာ စွဲမြဲနေသည်။
ဖန့်ချန်က ပြုံးရင်း
"ရွေးချင်သလား"
ဟု မေးလိုက်သည်။
ကျိချုံယွန်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် တုံ့ဆိုင်းမနေဘဲ လေထဲသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ အတွင်းအားများဖြင့် ဖွဲ့စည်းထားသော လက်ဝါးပုံရိပ်ကြီးမှာ ကျောက်မိစ္ဆာကြီးထံသို့ ပြင်းထန်စွာ ကျရောက်သွားသည်။ သို့သော် ၎င်းသည် ကျောက်မိစ္ဆာ၏ ခန္ဓာကိုယ်ပေါ်မှ ဖုန်မှုန့်တစ်စကိုပင် မလွင့်စင်စေနိုင်ခဲ့ပေ။
သို့သော် ထိုလုပ်ရပ်က ၎င်းကို ဒေါသထွက်စေရန် အောင်မြင်သွားသည်။ ၎င်းသည် ဟိန်းဟောက်သံကြီးနှင့်အတူ ကျိချုံယွန်း အနောက်သို့ လိုက်ပါသွားတော့သည်။
အသက်တစ်ဆယ်စာခန့်အတွင်းမှာပင် လူအားလုံးမှာ ဖန့်ချန်၏ အမြင်အာရုံမှ ပျောက်ကွယ်သွားကြသည်။
ယခုအခါ ဖန့်ချန်နှင့် ထိုလင်းနို့မိစ္ဆာကြီးသာ ကျန်ရှိတော့သည်။
"မင်း စကားပြောတတ်လား"
လင်းနို့မိစ္ဆာသည် သူ၏ တောင်ပံများကို ဖြည်းဖြည်းချင်း ခတ်ကာ ဖန့်ချန်ကို အပေါ်စီးမှ ကြည့်နေသည်။ ၎င်းတွင် ဉာဏ်ရည် သိပ်မရှိပုံရပြီး သွေးဆာနေသော အကြည့်ကိုသာ ပြသနေသည်။
ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
"သူတို့က အောင်မြင်ခြင်းဗုဒ္ဓတို့နဲ့ လမ်းစဉ် လုံးဝ မတူဘူးပဲ ဒီမိစ္ဆာနှစ်ကောင်ရဲ့ ဉာဏ်ရည်က နိမ့်လွန်းနေတယ် ထူးဆန်းလိုက်တာ..."
လင်းနို့မိစ္ဆာနှင့် ကျောက်မိစ္ဆာတို့၏ ကျင့်ကြံမှုမှာ သူ၏ တပည့်သုံးဦးထက် သာလွန်သော်လည်း ဉာဏ်ရည်မှာမူ အလှမ်းဝေးလှသည်။
၎င်းမှာ သူတို့၏ ကျင့်ကြံမှု လမ်းစဉ်တွင် အမှားအယွင်းတစ်ခု ရှိနေ၍ ဖြစ်နိုင်သလို၊ ပုဒုမသေမျိုးက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားခြင်းလည်း ဖြစ်နိုင်သည်။
လင်းနို့မိစ္ဆာသည် ဖန့်ချန် အတွေးများနေသည်ကို သိသွားပုံရပြီး သူ၏ ထံသို့ လျင်မြန်စွာ ထိုးဆင်းလာတော့သည်။
နောက်တစ်ခဏတွင် ဓားကလေး ထွက်ပေါ်လာပြီး ငွေရောင်အလင်းတန်း လက်သွားကာ လင်းနို့မိစ္ဆာ၏ တောင်ပံပေါ်တွင် အပေါက်ငယ်လေးတစ်ခု ဖြစ်သွားသည်။ သွေးများမှာ လှပသော ပန်းပွင့်တစ်ပွင့်ကဲ့သို့ ပွင့်ထွက်လာတော့သည်။
"ဝိညာဉ်စွမ်းအင် အနည်းငယ်ပဲ ကုန်သွားတယ် ဒါက... သတ်မှတ်ရတနာနဲ့ သာမန်ရတနာတွေကြားက ခြားနားချက်တွေထဲက တစ်ခုပဲ ဖြစ်မှာပဲ"
ဖန့်ချန်မှာ အလွန်ပင် စိတ်ကျေနပ်သွားတော့သည်။