← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

​အခန်း ၂၀၉ - မင်းအလိုအတိုင်း

​“လေးစားရတဲ့ ကျင့်ကြံသူတို့ ဒီဘက်ကို ကြွပါ”

ဟု နှင်းရေခဲအင်ပါယာ ဧကရာဇ်က အလွန်အမင်း ရိုသေစွာ ဖိတ်ကြားလိုက်သည်။

​ရာနှင့်ချီသော နန်းတွင်းအရာရှိများသည် သူ၏ အမူအရာကို ဘာမှထူးဆန်းသည်ဟု မထင်ကြပေ။

ထိုသူတို့မှာ ကျင့်ကြံသူများ ဖြစ်ကြသဖြင့် ထိုကဲ့သို့ ဆက်ဆံခံရသည်မှာ သဘာဝကျလှသည်။

​အစ်ကို ကျိုး နှင့် အစ်မ ဝမ် တို့က ခပ်ဖွဖွ ရယ်မောရင်း ဟန်ချင်း နှင့် လင်လီ တို့ကို သူတို့၏ နေရာများသို့ ခေါ်ဆောင်သွားကြသည်။

မကြာမီတွင် အရသာရှိသော ဟင်းလျာမျိုးစုံကို တစ်ခုပြီးတစ်ခု တည်ခင်းလာပြီး ကျော့ရှင်းသော ကပြဖျော်ဖြေမှုများလည်း ပါဝင်လာသည်။

​စည်ကားလှသော အငွေ့အသက်များ ရှိနေသော်လည်း ဟန်ချင်းကမူ ဖန့်ချန်ကိုသာ စိုက်ကြည့်နေသည်။ ရုတ်တရက် သူမက

“နင်က ဖန့်ချန် လား”

ဟု မေးလိုက်သည်။

​ဝန်းကျင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။

လူတိုင်းက သူတို့နှစ်ဦးထံ အာရုံစိုက်လိုက်ကြသည်။ သူတို့၏ အမူအရာများမှာ တစ်ချိန်လုံး ပြောင်းလဲနေပြီး အချင်းချင်း အကြည့်ဖြင့် တိတ်တဆိတ် အချက်ပြနေကြသည်။

​ဖန့်ချန် က ပြုံးလျက်

“မင်းက ဘယ်သူလဲ”

​“သခင်လေး ဖန့် ဒါက အင်ပါယာရဲ့ စတုတ္ထမင်းသမီးပါ”

​“အော် သိပြီ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းကင်နက်နဲသောအဆင့် ကို ရောက်နေတာဆိုတော့ တကယ့်ကို ထူးချွန်တဲ့ ပါရမီရှင်ပဲ ဖြစ်ရမယ်”

ဟု ဖန့်ချန်က ခပ်ပါးပါး ပြုံးလျက် ဆိုသည်။

​ဟန်ချင်းသည် သူမ၏ လူသတ်လိုသော အာဃာတကို ဖုံးကွယ်ထားခြင်း မရှိပေ။ သူမက ဖန့်ချန်ကို အေးစက်စွာ စိုက်ကြည့်ရင်း

“ငါ ငယ်ငယ်ကတည်းက ငါ့အစ်ကိုကြီးနဲ့ အရင်းနှီးဆုံးဆိုတာ နင်သိလား သူက ငါ့အပေါ်မှာ တကယ်ကို ကောင်းခဲ့တာ ငါတို့က အမေတူ မဟုတ်ပေမဲ့ ငါတို့ရဲ့ သံယောဇဉ်က ညီအစ်ကို မောင်နှမအရင်းတွေထက်တောင် ပိုခိုင်မြဲတယ်”

ဟု ဆိုသည်။

​“မင်းရဲ့ အစ်ကိုကြီးလား ဪ နှင်းရေခဲအင်ပါယာရဲ့ အရင်က အိမ်ရှေ့မင်းသားကို ပြောတာလား”

ဟု ဖန့်ချန်က အေးအေးလူလူ မေးလိုက်သည်။

​ဟန်ချင်းသည် သူ၏ အရေးမစိုက်သော အသံကို ကြားရသောအခါ ရင်ထဲမှ နက်ရှိုင်းသော နာကျည်းမှုများကို မထိန်းနိုင်တော့ဘဲ မီးတောင်တစ်ခု ပေါက်ကွဲသကဲ့သို့ ဖြစ်သွားသည်။

သူ၏ ခန္ဓာကိုယ်မှ သေမင်းချီ အရှိန်အဝါများ ထွက်ပေါ်လာပြီး သူမကို ဝန်းရံသွားတော့သည်။

​“ဒါက ကောင်းကင်နက်နဲသောအဆင့်ရဲ့ အစွမ်းပေါ့”

​ကြည့်နေသော သိုင်းပညာရှင်များမှာ ထိတ်လန့်သွားကြသည်။ သေမင်းချီ၏ အရှိန်အဝါမှာ သက်ရှည်ချီထက် ပိုမို ပြင်းထန်ပြီး ၎င်းကပင် သိုင်းပညာရှင်များကို ကြီးမားသော ဖိအားများ ပေးစွမ်းနိုင်သည်။

​ကျိချုံယွန်း လည်း ချွင်းချက်မဟုတ်ပေ။ အကယ်၍ သူသာ ဟန်ချင်းနှင့် တိုက်ခိုက်ရလျှင် ဆယ်ကွက်ထက် ပိုခံနိုင်မည်မဟုတ်ဟု သူ ခံစားလိုက်ရသည်။

​“အစောင့်တွေ”

ဟု ဟန်ချင်းက ရုတ်တရက် အမိန့်ပေးလိုက်သည်။

​လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြသည်။ မကြာမီ မိန်းမစိုး လေးဦးသည် အခေါင်းတစ်ခုကို နန်းရင်ပြင်ထဲသို့ ဂရုတစိုက် ထမ်းလာကြသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော ဝန်ကြီးအချို့မှာ မျက်နှာ ဖြူဖျော့သွားကြသည်။

ထိုနေရာမှာ နန်းတော်မဟာရင်ပြင် ဖြစ်သည်ဧကရာဇ် နေ့စဉ် အချိန်ကုန်ဆုံးရာ မြင့်မြတ်သော နေရာဖြစ်သည်။

စည်းကမ်းချက်များနှင့် ရှောင်ကြဉ်ရမည့် အရာများစွာ ရှိသော်လည်း ဟန်ချင်းက ထိုနေရာထဲသို့ အခေါင်းတစ်ခု သယ်ဆောင်လာရဲသည်တဲ့လား

​လူတိုင်းက အလိုလိုပင် ဧကရာဇ်ကို လှည့်ကြည့်လိုက်ကြသည်။

သူ၏ တည်ငြိမ်နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ ဧကရာဇ်ကိုယ်တိုင်က ဟန်ချင်း၏ လုပ်ရပ်ကို ခွင့်ပြုထားကြောင်း သူတို့ ချက်ချင်း သဘောပေါက်လိုက်ကြသည်။

​ဝုန်း

​မိန်းမစိုး လေးဦးက အခေါင်းကို ချလိုက်ပြီးနောက် ရိုသေစွာ ဦးညွှတ်ကာ ထွက်သွားကြသည်။

​ဟန်ချင်းသည် အခေါင်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ အဖုံးကို ဖွင့်လိုက်ပြီး အတွင်းထဲသို့ ငုံ့ကြည့်လိုက်သည်။

​မျက်ရည် နှစ်စက်သည် သူမ၏ ပါးပြင်ပေါ်မှ လိမ့်ဆင်းကာ အခေါင်းထဲသို့ ကျသွားသည်။

​အသားရောင် ဖြူဖျော့နေပြီး လည်ပင်းတွင် ချုပ်ရိုးများ ထင်ထင်ရှားရှား ရှိနေသော အလောင်းတစ်ခုမှာ အခေါင်းထဲတွင် လဲလျောင်းနေသည်။

၎င်းမှာ လွန်ခဲ့သော ရက်အနည်းငယ်က သေဆုံးသွားခဲ့သည့် နှင်းရေခဲအင်ပါယာ အိမ်ရှေ့မင်းသားပင် ဖြစ်သည်

​မျက်ရည်များကို သုတ်လိုက်ရင်း ဟန်ချင်းက ဖန့်ချန်ကို မော့ကြည့်သည်။ သူမ၏ နီရဲဖောင်းအစ်နေသော မျက်လုံးများထဲတွင် နက်ရှိုင်းသော အာဃာတများ ပြည့်နှက်နေသည်။ သူမက သွားကြိတ်လျက်

“ဒူးထောက်လိုက်စမ်း ငါ့အစ်ကိုကြီးကို ကိုးကြိမ်တိုင်တိုင် ဦးချပြီး တောင်းပန်စမ်း”

ဟု အော်ဟစ်လိုက်သည်။

​“ဖန့်ချန် သူမ ပြောတဲ့အတိုင်း လုပ်လိုက်ပါ”

ဟု ဧကရာဇ်က သက်ပြင်းချရင်း ဆိုသည်။

“ငါ့သားက မင်းရဲ့ ကိုးကြိမ် ဦးချမှုကို ခံယူဖို့ ထိုက်တန်ပါတယ်”

​“ဒူးထောက်စမ်း”

​“ဦးချစမ်း”

​တော်ဝင်မျိုးနွယ်စုဝင်များက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

နန်းတွင်းအရာရှိ အများအပြားလည်း လိုက်ပါ အော်ဟစ်ကြသည်။ အခြေအနေက ပြောင်းလဲသွားပြီဖြစ်ကြောင်း သူတို့ သိကြသည်။ မဟာရှရဲ့ စစ်နတ်ဘုရားကို သတ်ပစ်ဖို့ သူတို့မှာ ယုံကြည်မှုရော၊ အစွမ်းပါ ရှိနေပြီ မဟုတ်ပါလား

​ကျိချုံယွန်း၏ မျက်နှာမှာ မည်းမှောင်သွားသည်။

“အရှင်မင်းကြီး... အရှင် အမှားကြီး မှားနေပါပြီ”

​“ကျိချုံယွန်း မင်းလို သစ္စာဖောက် မင်းက နှင်းရေအင်ပါယာက ဖြစ်ပြီးတော့ ပြင်ပလူနဲ့ ပူးပေါင်းပြီး ငါတို့ကို ပြန်တိုက်ရဲတယ်ပေါ့လေ”

​“သစ္စာဖောက်... မင်းလည်း ဒီနေ့ ဒူးထောက်ရမယ်”

​“ဟုတ်တယ် အဲဒီတုန်းက ဖန့်ချန်ကို နန်းတော်ထဲ ခေါ်လာတာလည်း မင်းပဲ မင်းကြောင့် ဖန့်ချန်က အိမ်ရှေ့မင်းသားကို သတ်နိုင်ခဲ့တာ”

​“ကျိမိသားစုက အကြာကြီးကတည်းက သစ္စာဖောက်ဖို့ ကြံနေတာ သူတို့ကို အမြစ်ပြတ် သုတ်သင်ပစ်ရမယ်”

​တော်ဝင်မိသားစုဝင်များနှင့် ဝန်ကြီးများသည် သူတို့၏ ဒေါသများကို ကျိချုံယွန်း ထံသို့ လှည့်လိုက်ကြသည်။

သူတို့၏ စကားလုံးများမှာ အလွန်ပင် ရိုင်းစိုင်းလှသဖြင့် ကျိမိသားစုမှ အရာရှိများ မျက်နှာ ဖြူဖျော့ကုန်ကြသည်။

​သူတို့၏ နဖူးပေါ်တွင် ချွေးစေးများ ပေါ်လာသည်။

အန္တရာယ်က သူတို့အနားသို့ ရောက်နေပြီ ဖြစ်သည်။ ခြေတစ်လှမ်း မှားသည်နှင့် ကျိမိသားစုသည် နှင်းရေခဲအင်ပါယာတွင် အစပျောက်သွားပေလိမ့်မည်

​ကျိချုံယွန်းသည် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်

ဧကရာဇ်သည် ကျိမိသားစုနှင့် ဖန့်ချန်ကို တစ်ပြိုင်တည်း ရှင်းပစ်ရန် ထိုစားသောက်ပွဲကို အသုံးချမည်ဟု သူ ကြိုတင် သံသယရှိခဲ့သည်။

ထို့ကြောင့်လည်း သူသည် ဖန့်ချန်ဘက်တွင် ရပ်တည်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

​ကျိချုံယွန်းက ဖန့်ချန်ကို လှည့်ကြည့်လိုက်သည်။

​အခုတော့ သူ၏ ဆုံးဖြတ်ချက် မှန်မမှန် ဆိုသည်ကို စောင့်ကြည့်ရတော့မည်။

​“ဦးချစမ်း”

ဟု ဟန်ချင်းက တင်းမာစွာ ဟိန်းဟောက်လိုက်ရာ သူမ၏ အသံမှာ နန်းရင်ပြင် တစ်ခုလုံးကို တုန်ခါသွားစေသည်။

​“မင်းတို့နှစ်ယောက်က အဲလောက်တောင် ရင်းနှီးတာလား”

ဟု ဖန့်ချန်က မေးလိုက်သည်။

​“အခုချက်ချင်း ဦးချစမ်း ဒါဆိုရင် မင်းကို သိက္ခာရှိရှိ သေခွင့်ပေးမယ် မဟုတ်ရင်တော့ မင်းကို ဆယ်ရက်ဆယ်ညတိုင်တိုင် နှိပ်စက်ရုံတင်မကဘူး မဟာရှ တစ်နိုင်ငံလုံးကိုပါ စစ်တပ်လွှတ်ပြီး အမြစ်ပြတ် သုတ်သင်ပစ်မယ်”

ဟု ဟန်ချင်းက အေးစက်စွာ ခြိမ်းခြောက်လိုက်သည်။

​ဖန့်ချန်သည် စီနီယာအစ်ကိုကျိုးနှင့် အစ်မဝမ်တို့ကို ဂရုမစိုက်သလို ကြည့်လိုက်ပြီး

“မင်းတို့နှစ်ယောက်က သူမဘက်ကနေ ကူညီပေးမှာလား သာမန် သိုင်းပညာရှင်တွေက ငါ့ကို ဘာမှ မလုပ်နိုင်ဘူးဆိုတာ မင်းတို့ သိသင့်တယ်”

ဟု ဆိုသည်။

​“ကောင်းကင်နက်နဲသောအဆင့် သိုင်းပညာရှင်ကတော့ မတူဘူးပေါ့ ကောင်းကင်နက်နဲသောအဆင့် သိုင်းပညာရှင်တွေရဲ့ လက်ချက်နဲ့ သေသွားတဲ့ လေလွင့်ကျင့်ကြံသူတွေ အများကြီး ရှိတယ်မင်း အရင်တိုက်ချင်ရင်လည်း တိုက်လို့ရပါတယ်”

ဟု အစ်ကိုကျိုးက စိန်ခေါ်လိုက်သည်။

​ဖန့်ချန်က ခေါင်းညိမ့်လိုက်သည်။

“မင်းအလိုအတိုင်းပဲ”

​အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ဟန်ချင်းသည် ရုတ်တရက် တောင့်တင်းသွားသည်။

နောက်တစ်ခဏတွင် သူမ၏ ခန္ဓာကိုယ်မှာ သူမ၏ အစ်ကိုဖြစ်သူရှိရာ အခေါင်းထဲသို့ ပြုတ်ကျသွားတော့သည်။ သူမ၏ နဖူးအလယ်တည့်တည့်မှ ပန်းရောင်သန်းသော အရည်များ စီးကျလာသည်။

​လူတိုင်း အံ့အားသင့်ပြီး မှင်တက်သွားကြသည်။

ဘာ... ဘာဖြစ်သွားတာလဲ ကောင်းကင် နက်နဲသောအဆင့် သိုင်းပညာရှင် တစ်ယောက်က... ဒီလောက် မြန်မြန် သေသွားတာလား ဖန့်ချန် ဘယ်လို တိုက်ခိုက်လိုက်သည်ကိုပင် သူတို့ မမြင်လိုက်ရပေ

​အောင်ပွဲရပြီဟု ထင်မှတ်ထားသော ဧကရာဇ်သည် မျက်နှာမှာ အလွန်အမင်း ဖြူဖျော့သွားသည်။

သူသည် အသက်မဲ့သွားသော ဟန်ချင်း၏ ခန္ဓာကိုယ်ကို ကြည့်ကာ ဘာလုပ်ရမှန်းမသိ မှင်တက်နေတော့သည်။

​လင်လီ သည် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်ကာ သူမအနားသို့ ပြေးသွားသည်။

“ချင်းအာ”

​သူသည် မျက်ရည်များ ဝဲလျက် ဖန့်ချန်ကို နာကျည်းတကြီး စိုက်ကြည့်လိုက်သည်။ သူ၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေပြီး အသံများ တုန်ယင်နေသည်။

“မင်း... မင်း သေထိုက်တယ်”

​သူသည် ဖန့်ချန်ဆီသို့ ပြေးဝင်ရန် ပြင်လိုက်စဉ်မှာပင် အစ်ကိုကျိုးက သူ့ကို အတင်း ဆွဲထားလိုက်သည်။

​“မင်း သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး သူ့ရဲ့ ကျင့်ကြံမှုကယမရိုးရှင်းဘူး”

ဟု အစ်ကိုကျိုးက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ ထို့နောက် သူက ဖန့်ချန်ကို ကြည့်ကာ

“မင်း ဘယ်ဂိုဏ်းကလဲ”

ဟု မေးလိုက်သည်။

​“ငါက သာမန် လေလွင့်ကျင့်ကြံသူ တစ်ယောက်ပါ။ ဂိုဏ်းဆိုတာ ဘယ်မှာ ရှိမှာလဲ”

ဟု ဖန့်ချန်က ပြုံးလျက် ပြန်ဖြေသည်။

​“တကယ်လား လေလွင့်ကျင့်ကြံသူ ဟုတ်လား”

အစ်ကိုကျိုးက မျက်မှောင်ကြုတ်လျက် သံသယဖြင့် ပြန်မေးသည်။

​စီနီယာအစ်မဝမ်က ဟန်ချင်း၏ အလောင်းကို တစ်ချက်ကြည့်ပြီး ဖန့်ချန်ကို အေးစက်စွာ ကြည့်ကာ

“သူမက ငါ့ရဲ့ နောက်လိုက်အဖြစ် ရွေးချယ်ခံထားရတဲ့သူပဲ မင်း သူမကို သတ်လိုက်ပြီဆိုတော့ ငါ့ကို ရှင်းပြချက်တစ်ခု ပေးရလိမ့်မယ်”

ဟု ဆိုသည်။

​သူမ ပြောလိုက်သည်နှင့် သူမ၏ အနောက်တွင် ပြင်းထန်သော အလောင်းချီ များ ထွက်ပေါ်နေသော လမ်းလျှောက်အလောင်း နှစ်ခု ရုတ်တရက် ပေါ်လာသည်။

​ထိုအလောင်းများမှာ အနက်ရောင် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး ခေါင်းများ ငိုက်စိုက်ကျနေသည်။

သူတို့၏ လက်ချောင်းများတွင် အလွန်ထက်မြက်ပြီး အေးစက်သော အလင်းရောင်များ ထွက်ပေါ်နေသည့် အနက်ရောင် လက်သည်းရှည်ကြီးများ ရှိနေကြသည်။

​ထိုမြင်ကွင်းက လူတိုင်းကို တုန်လှုပ်သွားစေသည်။ ဝန်းကျင်တစ်ခုလုံးတွင် ပုပ်စပ်စပ် အသားပုပ်နံ့များ ပြည့်နှက်သွားသည်။

​အစ်မဝမ်က ရယ်မောလိုက်ပြီး

“အပြစ်မရှိတဲ့လူတွေကို မထိခိုက်စေနဲ့ အပြင်မှာ ထွက်တိုက်ရအောင်”

ဟု ဆိုကာ နန်းရင်ပြင် အပြင်ဘက်သို့ လျှောက်သွားတော့သည်။

​လမ်းလျှောက်အလောင်း နှစ်ခုသည်လည်း သူမနောက်မှ ကပ်လိုက်သွားကြသည်။

​သူတို့ ခြေလှမ်းတိုင်းသည် သတ္တုနှင့် ကျောက်တုံး ရိုက်ခတ်သံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်နေတော့သည်။

​​အခန်း ၂၁၀ - ဝှက်ဖဲ

​ပတ်ဝန်းကျင်ရှိ လူအားလုံးသည် လမ်းလျှောက်အလောင်း များကို ကြောက်ရွံ့စွာ ကြည့်နေကြသည်။

​သက်ရှည်ချီယသိုင်းပညာရှင်ဖြစ်သော ကျိချုံယွန်းပင်လျှင် ထိုအလောင်းကောင်များ၏ ရှေ့တွင် လုံးဝ အင်အားမဲ့နေသကဲ့သို့ ခံစားနေရသည်။

သူတို့ကြားမှ အစွမ်းကွာဟချက်က ကြီးမားလွန်းလှသည်

​ဖန့်ချန် ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။

"ပြင်းထန်တဲ့ အလောင်းချီတွေပဲ ဒါတွေက ဇွန်ဘီ တွေလား"

​"ဒါ မင်း ဇွန်ဘီတွေကို ပထမဆုံးအကြိမ် မြင်ဖူးတာလား"

ဟု အစ်ကို ကျိုး က မေးလိုက်သည်။

"ဒီသတ္တဝါတွေက တွေ့ရခဲပါတယ်ယ ငါတို့ သွေးအလောင်းဂိုဏ်း က တိုက်ပွဲတွေမှာ အသုံးပြုဖို့အတွက် ဒီဇွန်ဘီတွေကို သန့်စင်မွေးမြူထားတာ"

သူက ရယ်ရယ်မောမောဖြင့် ထရပ်လိုက်ပြီး

"မင်း ကံကောင်းပါတယ် စီနီယာအစ်မဝမ်က ငါတို့မျိုးဆက်မှာ အတော်ဆုံး အလောင်းကျင့်ကြံသူ ပဲ ဒါတင်မကဘူး အဲဒီဇွန်ဘီနှစ်ကောင်က အထက်တန်းအဆင့်ကိုတောင် ရောက်နေပြီ"

အစ်ကိုကျိုးက ခဏနားပြီး လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်ကာ ဆက်ပြောသည်။

"ဇွန် ဘီတွေကို ကျွေးဖို့အတွက် ကျင့်ကြံသူတွေရဲ့ သွေးအဆီအနှစ်ထက် ကောင်းတာ ဘာမှမရှိဘူးယသူတို့အတွက်တော့ သူတော်စင်အဆင့် ဆေးပင်လိုပဲ အခုတော့ မင်း စီနီယာအစ်မဝမ်ကို ဒေါသထွက်အောင် လုပ်မိပြီဆိုတော့ မင်းတို့ထဲက တစ်ယောက်ယောက်ကတော့ အသက်ပေးသွားရတော့မယ်"

​အစ်ကိုကျိုးက အားရပါးရ ရယ်မောပြီး လင်လီ နှင့်အတူ နန်းရင်ပြင်ထဲမှ ထွက်သွားသည်။

​"သွေးအလောင်းဂိုဏ်း လား"

ဟု ဖန့်ချန်က တွေးတောလိုက်သည်။

​ထိုအမည်မှာ ဝိညာဉ်သွေးဂိုဏ်း ကဲ့သို့ပင် မိစ္ဆာဆန်ပြီး ဗီလိန်ဆန်သော အမည်မျိုး ဖြစ်သည်။

သို့သော် ထူးဆန်းသည်မှာ သူတို့က ထိုအချက်အလက်များကို ပွင့်ပွင့်လင်းလင်း ပြောပြနေခြင်းပင်။

​ဖန့်ချန်အတွက် ဇွန်ဘီ မြင်ဖူးသည်မှာ ထိုသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။

အရင်က မိမိကိုယ်ကို ဇွန်ဘီအဖြစ် ပြောင်းလဲထားသည့် ဝိညာဉ်သွေးဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် သူ ရင်ဆိုင်ခဲ့ဖူးသည်။

ထိုစဉ်က ထိုအလောင်းကျင့်ကြံသူကို သတ်ရန် အတော်လေး အားစိုက်ခဲ့ရသည်။

​အခြားတစ်ဖက်တွင်မူ ယခု တွေ့နေရသော လမ်းလျှောက်အလောင်း နှစ်ခုမှာ အရင်က တစ်ယောက်ကဲ့သို့ အသိစိတ် ရှိပုံမရပေ။

​ဝိညာဉ်သွေးဂိုဏ်း သွေးအလောင်းဂိုဏ်း ဒီဂိုဏ်းနှစ်ခုက ဆက်စပ်နေတာလား

​ကျိချုံယွန်း က လေးနက်သော အမူအရာဖြင့်

"သခင်လေး ဖန့် "

​ဖန့်ချန်က ပြုံးရုံသာ ပြုံးပြပြီး သူတို့နောက်သို့ တည်ငြိမ်စွာ လိုက်သွားသည်။

​သူ၏ တည်ငြိမ်မှုက ကျိချုံယွန်းကို အများကြီး စိတ်သက်သာရာ ရစေသည်။ ဖန့်ချန်သည် ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သူ သိနိုင်သည်။

​နှင်းရေခဲအင်ပါယာ ဧကရာဇ်နှင့် လူအုပ်ကြီးသည် နန်းရင်ပြင်မှ ထွက်လာပြီး အဝင်ဝတွင် ရပ်ကြည့်နေကြသည်။

လူတိုင်းတွင် မတူညီသော အမူအရာများ ရှိကြပြီး အချို့မှာ စိုးရိမ်နေကြသလို အချို့မှာလည်း စိတ်လှုပ်ရှားနေကြသည်။

​စီနီယာအစ်မဝမ်က ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်သည်။ ရုတ်တရက် သူမက လက်ကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်ရာ ဇွန်ဘီတစ်ကောင်မှာ ကြောက်မက်ဖွယ် သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ လျှပ်စီးကဲ့သို့ မြန်သော အရှိန်ဖြင့် ဖန့်ချန်ထံသို့ ခုန်အုပ်လိုက်တော့သည်။

​ဖန့်ချန်သည် ဓားလေး ကို ချက်ချင်း မထုတ်သေးပေ။

ထိုကဲ့သို့ သတ္တဝါမျိုးနှင့် တွေ့ရခဲသဖြင့် ၎င်း၏ ထူးခြားချက်ကို အရင်ဆုံး သိချင်နေသည်။

​ဇွန်ဘီက အနားသို့ ကပ်လာချိန်တွင် ဖန့်ချန်၏ ဝိညာဉ်စွမ်းအင်များ မြင့်တက်လာပြီး ဝိညာဉ်စွမ်းအင် အကာအကွယ် တစ်ခုကို ဖန်တီးလိုက်သည်။

​စီနီယာအစ်ကိုကျိုးက မရယ်ဘဲ မနေနိုင်တော့ပေ။ သူက

"ဇွန်ဘီတွေရဲ့ လက်သည်းတွေက အလွန် ထက်မြက်တယ် မင်းရဲ့ ကျင့်ကြံမှုအဆင့်က သူတို့ထက် အဆင့်အများကြီး မမြင့်ဘူးဆိုရင် မင်းရဲ့ ဝိညာဉ်စွမ်းအင် အကာအကွယ်ဟာ သူတို့ရှေ့မှာ တို့ဟူးလိုပဲ ပျော့အိနေမှာပဲ"

ဟု မှတ်ချက်ပေးလိုက်သည်။

​ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်လုံးများ တောက်ပသွားသည်။

​အစ်ကိုကျိုး ပြောသကဲ့သို့ပင် ဖန့်ချန်၏ ဝိညာဉ်စွမ်းအင် အကာအကွယ်သည် လမ်းလျှောက်အလောင်း၏ ရှေ့တွင် တို့ဟူးကဲ့သို့ ဖြစ်နေပြီး ချက်ချင်းပင် ကွဲအက်သွားတော့သည်။

ပုပ်စပ်စပ် အနံ့ဆိုးတစ်ခုက ဖန့်ချန်၏ နှာခေါင်းကို ဖြတ်ကျော်သွားရာ သူက စက်ဆုပ်စွာဖြင့် နှာခေါင်းကို ရှုံ့လိုက်သည်။

​ဖန့်ချန်သည် ကိုယ်ကို လျင်မြန်စွာ ရွှေ့လိုက်ပြီး လမ်းလျှောက်အလောင်းနှင့် ခပ်လှမ်းလှမ်းသို့ ဖယ်လိုက်သည်။

ထို့နောက် မီးလုံး တစ်ခုကို လျင်မြန်စွာ ဖန်တီးပြီး ၎င်းထံသို့ ပစ်လွှတ်လိုက်သည်။

​မီးလုံး၏ မီးတောက်မှာ ဝိညာဉ်စွမ်းအင်ဖြင့် လောင်ကျွမ်းခြင်း ဖြစ်သဖြင့် သာမန်မီးနှင့် လုံးဝ မတူပေ။

၎င်းက ပိုမို အစွမ်းထက်ပြီး ဖျက်ဆီးနိုင်စွမ်း မြင့်မားသည်။ လူတစ်ယောက်ကို အရှင်လတ်လတ် အရည်ပျော်စေနိုင်သလို သံကိုပင် ချော်ရည် ဖြစ်သွားစေနိုင်သည်။

​အစ်ကိုကျိုးက ခပ်ပါးပါး ပြုံးပြန်ကာ

"သူ တကယ်ပဲ ဇွန်ဘီတွေနဲ့ မတိုက်ဖူးသေးဘူးပဲဇွန်ဘီတွေက လမ်းလျှောက်အလောင်း အဆင့်ကို ရောက်တာနဲ့ သူတို့ရဲ့ စိန်လ်ို ခန္ဓာကိုယ် က ပေါ်လာပြီ သာမန် နည်းစနစ်တွေက သူတို့ကို ဘာမှ မလုပ်နိုင်ဘူး"

ဟု ဆိုသည်။

​ဘုန်း

​မီးလုံးက လမ်းလျှောက်အလောင်းကို ထိမှန်သွားသော်လည်း ၎င်းသည် မီးဒဏ်ကို ခံနိုင်ရည်ရှိပုံရသည်။

ခဏမျှ ယိုင်နဲ့သွားသော်လည်း ၎င်း၏ တိုက်ခိုက်မှုကို ဆက်လက် ပြုလုပ်နေဆဲ ဖြစ်သည်။

​၎င်းဆီမှ ထွက်ပေါ်လာသော ပြင်းထန်သော အလောင်းချီများကြောင့် ပတ်ဝန်းကျင်ရှိ မြက်ပင်များမှာ သိသိသာသာ ညှိုးနွမ်းခြောက်သွေ့ သေဆုံးကုန်ကြသည်။

​နှင်းရေခဲအင်ပါယာမှ လူများမှာ သက်ပြင်းချနိုင်သွားကြသည်။ စီနီယာအစ်ကိုကျိုး၏ စကားမှာ ကွက်တိပင်။

​ယခုအခါ လူတိုင်းက ဖန့်ချန်ကို သေလူတစ်ယောက်ကဲ့သို့ ကြည့်နေကြပြီ။

​ကျိချုံယွန်းမှာတော့ အပြင်ပန်း တည်ငြိမ်နေသော်လည်း အတွင်းထဲတွင် အလွန် စိုးရိမ်နေတော့သည်။

​"သူက လမ်းလျှောက်အလောင်း တစ်ကောင်ကိုတောင် မကိုင်တွယ်နိုင်ဘူး တွေ့လား လင်လီ ဒါက လေလွင့်ကျင့်ကြံသူတွေရဲ့ ကံကြမ္မာပဲ မင်းသာ ကောင်းကင်နက်နဲသောအဆင့် အထွက်အထိပ်ကို ရောက်သွားရင် လေလွင့်ကျင့်ကြံသူတွေကို နှိမ်နင်းရတာက လက်ဖျောက်တစ်ချက်တီးသလောက်ပဲ လွယ်ကူလိမ့်မယ်"

ဟု အစ်ကိုကျိုးက ခပ်ပါးပါး ပြုံးလျက် ဆိုသည်။

​လင်လီက ဖြည်းဖြည်းချင်း ခေါင်းညိမ့်သည်။

သူ၏ နာကျည်းမှုများ ပြည့်နှက်နေသော မျက်လုံးများက ဖန့်ချန်ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။

ကံမကောင်းစွာဖြင့် သူသည် ယခုအချိန်တွင် ကောင်းကင်နက်နဲသောအဆင့် အထွက်အထိပ်၌ မရှိသေးပေ။ မဟုတ်ပါက သူကိုယ်တိုင် ဟန်ချင်းအတွက် ကလဲ့စားချေပေးမည် ဖြစ်သည်။

​မီးလုံးကို မကြောက်ဘူးပေါ့။

ဒါဆို ရေခဲမြှားကော ဘယ်လိုလဲ ဟု ဖန့်ချန် တွေးလိုက်သည်။ သူသည် ရေခဲမြှားတစ်ခုကို ဖန်တီးပြီး လမ်းလျှောက်အလောင်းထံသို့ ပစ်လွှတ်လိုက်သည်။

​ဘုန်း

​ဒီတစ်ခါတော့ အာနိသင် ရှိပုံရသည်။ လမ်းလျှောက်အလောင်း၏ အရှိန်မှာ အနည်းငယ် နှေးကွေးသွားသည်။ သို့သော် ထိုအာနိသင်မှာ စက္ကန့်အနည်းငယ်သာ ကြာပြီးနောက် လမ်းလျှောက်အလောင်းမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြန်သည်။

​ရေခဲမြှား နည်းစနစ်ကလည်း သိပ်ပြီး ထိရောက်ပုံမရပေ...

​မကြာမီ လမ်းလျှောက်အလောင်းမှာ ပိုမို လျင်မြန်လာပြီး အရင်ကထက် ပို၍ ကြမ်းတမ်းလာပုံရသည်။

​အခြား လမ်းလျှောက်အလောင်း တစ်ခုမှာလည်း ဖန့်ချန်၏ အနောက်သို့ ရောက်ရှိလာပြီး တိုက်ခိုက်ရန် ပြင်နေပြီ ဖြစ်သည်။

သို့သော် ဖန့်ချန်က သတိပြုမိသွားကာ ခရမ်းရောင် လျှပ်စီးအဆောင် နှစ်စောင်ကို ၎င်းထံသို့ ချက်ချင်း ပစ်လွှတ်လိုက်သည်။

​ဝုန်း

​မိုးခြိမ်းသံကြီး ထွက်ပေါ်လာပြီး ခရမ်းရောင် လျှပ်စီးတန်းများက လမ်းလျှောက်အလောင်းကို ထိမှန်သွားတော့သည်။

​လူအုပ်ကြီး ထိတ်လန့်သွားကြသည်။ ခုနက ဒါ လျှပ်စီးတန်းတွေလား

​မီးလုံးနှင့် ရေခဲမြှားတို့မှာ သူတို့အတွက် သိပ်ပြီး အထင်ကြီးစရာ မကောင်းသော်လည်း မိုးကြိုးလျှပ်စီးမှာမူ တစ်မျိုးပင် ဖြစ်သည်။ ၎င်းမှာ သဘာဝတရား၏ အစွမ်း မဟုတ်ပါလား

​လမ်းလျှောက်အလောင်းများသည် လျှပ်စီးထိမှန်ပြီးနောက် နေရာမှာတင် ရပ်တန့်သွားကြသည်။

သူတို့၏ ခန္ဓာကိုယ်များမှာ မီးလောင်ကျွမ်းပြီး မည်းတူးသွားကာ အသားများ ကျက်သွားသကဲ့သို့ ဖြစ်သွားပြီး ဖော်ပြ၍မရသော အနံ့ဆိုးများ ထွက်ပေါ်လာတော့သည်!

​"ဒါက လျှပ်စီးနည်းစနစ် လား"

အစ်ကိုကျိုး၏ မျက်နှာမှာ ချက်ချင်း တောင့်တင်းသွားသည်။

သို့သော် ၎င်းမှာ လျှပ်စီးနည်းစနစ် မဖြစ်နိုင်ကြောင်း သူ ချက်ချင်း သဘောပေါက်လိုက်သည်။

ထိုကဲ့သို့သော နည်းစနစ်မျိုးမှာ အင်အားကြီးသော ဂိုဏ်းကြီးများတွင်သာ ရှိတတ်သည်။ လေလွင့်ကျင့်ကြံသူ တစ်ယောက်တွင် ထိုသို့သော အရာမျိုး မရှိနိုင်ပေ

​စီနီယာအစ်ကိုကျိုး၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာပြီး လက်မှတ်တစ်ခု၏ ပုံရိပ် ပေါ်လာသည်။

"ခရမ်းရောင် လျှပ်စီးအဆောင်"

​ခရမ်းရောင် လျှပ်စီးအဆောင်များသည် အဆင့်နိမ့် အဆင့် သာ ဖြစ်သော်လည်း ၎င်းတို့တွင် ယင် သတ္တဝါများကို နှိမ်နင်းနိုင်သော မိုးကြိုးနှင့် လျှပ်စီးအစွမ်းများ ပါဝင်သည်။

ဇွန်ဘီများသည်လည်း တကယ့် ယင် သတ္တဝါများ မဟုတ်ပါလား

​လျှပ်စီးများ မထွက်ပေါ်မီ ဖန့်ချန်၏ လက်ထဲတွင် အဝါရောင် အဆောင်တစ်ခုကို သူ မြင်လိုက်ရသဖြင့် သူ၏ သံသယမှာ အတည်ဖြစ်သွားသည်။

သို့သော် လေလွင့်ကျင့်ကြံသူ တစ်ဦးက ထိုကဲ့သို့သော အရာမျိုးကို ဘယ်လို ရနိုင်သလဲဆိုသည်ကို သူ နားမလည်နိုင်ပေ။ ထိုအရာများမှာ အလွန် ရှားပါးပြီး ဈေးကြီးလှသည်။

​နှင်းရေခဲအင်ပါယာမှ လူများမှာ ဆက်ပြီး တည်ငြိမ်မနေနိုင်ကြတော့ပေ။ ခုနက ခန့်ညားလှသော ဇွန်ဘီမှာ အခုတော့ အသားကျက်နေသည့် အနံ့ဆိုးထွက်သော တို့ဟူးနှင့် တူနေတော့သည်။

၎င်း၏ ရင်ဘတ်မှာ ပျက်စီးနေရုံသာမက အနံ့ဆိုးမှာလည်း မခံမရပ်နိုင်အောင် ဖြစ်နေသည်။

​ကျိချုံယွန်းမှာတော့ စိတ်ဓာတ်များ ပြန်လည် တက်ကြွလာသည်။ ဖန့်ချန်သည် သူ့ကို စိတ်မပျက်စေခဲ့ပေ။ ဖန့်ချန်က ဇွန်ဘီကို ထိခိုက်အောင် လုပ်နိုင်သရွေ့ အောင်ပွဲမှာ လက်တစ်ကမ်းတွင် ရှိနေပြီ

​"ခရမ်းရောင် လျှပ်စီးအဆောင်လား"

စီနီယာအစ်မဝမ်က သူမ၏ လမ်းလျှောက်အလောင်းကို မျက်မှောင်ကြုတ်ကြည့်ရင်း မေးလိုက်သည်။

"မင်း ဒါတွေကို ဘယ်က ရတာလဲ"

​ဖန့်ချန်က ထိုမေးခွန်းကို မဖြေဘဲ ပြုံးလျက်

"လျှပ်စီးအစွမ်းက မင်းရဲ့ ဇွန်ဘီတွေကို နှိမ်နင်းနိုင်ပုံရတယ်"

ဟုသာ ပြောလိုက်သည်။

​"ဟဲဟဲ..."

အစ်မဝမ်က ရယ်မောလိုက်သည်။

"ဟုတ်ပါတယ်၊ နှိမ်နင်းနိုင်ပါတယ် ဒါပေမဲ့ မင်းရဲ့ အဆောင်တွေက အဆင့်နိမ့်တွေပဲ မဟုတ်လား ငါ့ရဲ့ လမ်းလျှောက်အလောင်းတွေကို သတ်ဖို့ဆိုရင် မင်းမှာ အဲဒီအဆောင် အနည်းဆုံး တစ်ရာ့ရှစ်ဆယ် ဒါမှမဟုတ် အဲဒီထက်မက ရှိဖို့ လိုလိမ့်မယ် အဲဒီလောက် မရှိဘဲနဲ့တော့ သူတို့ကို အနိုင်ယူဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"

​သူမ မသိသည်မှာ ဖန့်ချန်၏ သိုလှောင်လက်စွပ် ထဲတွင် ခရမ်းရောင် လျှပ်စီးအဆောင် နှစ်ရာကျော် ရှိနေသည်ဆိုသောအချက် ဖြစ်သည်။

သို့သော် သူသည် ၎င်းတို့ကို ထိုနေရာတွင် အကုန်ဖြုန်းတီးပစ်ရန် အစီအစဉ် မရှိပေ။ ဇွန်ဘီများသည် လျှပ်စီးစွမ်းအင်ကို ကြောက်ကြသည်ဆိုသော အချက်ကို သူ သိလိုက်ရရုံဖြင့် လုံလောက်ပါပြီ။

​သူ လုပ်ဆောင်ခဲ့သမျှမှာ ကျင့်ကြံသူများ၏ လောကအကြောင်းကို ပိုမို နားလည်လာစေရန်သာ ဖြစ်သည်။

​ဖန့်ချန်၏ ဝှက်ဖဲ မှာ သူ၏ ဝိညာဥ်ရတနာ ပင် ဖြစ်သည်

​ငါ့ကို စိတ်မပျက်စေနဲ့နော် ဓားလေး။

​အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။

​ရုတ်တရက်၊ စီနီယာအစ်ကိုကျိုးက ဘာမှ မလုပ်နိုင်ဟု ကြွေးကြော်ခဲ့သော အလောင်းကြီးသည် နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားတော့သည်။

၎င်း၏ နဖူးအလယ်တွင် လက်သီးဆုပ်ခန့်ရှိသော သွေးပေါက်ကြီးတစ်ခု ပေါ်လာသည်။

​ထို့အတူ အခြား ဇွန်ဘီတစ်ကောင်မှာလည်း ဓားလေးက ခေါင်းကို ဖောက်ထွက်သွားသဖြင့် မြေပြင်ပေါ်သို့ ပြိုလဲသွားတော့သည်။

​ဖန့်ချန်က တစ်ချက် ကြည့်လိုက်ပြီးနောက် သူတို့ဆီမှာ အလောင်းပုတီး မရှိဘူးပဲ။

သူတို့ရဲ့ အဆင့်က မမြင့်သေးလို့လား၊ ဒါမှမဟုတ် ဝိညာဉ်သွေးဂိုဏ်းက ကျင့်ကြံသူနဲ့ လုံးဝ ကွဲပြားနေလို့လား ဟု တွေးလိုက်သည်။

​အစ်မဝမ်သည် သွေးတစ်လုတ် အန်ထုတ်လိုက်ပြီး ရုတ်တရက် နွမ်းနယ်နုံးချည့်သွားသလို ခံစားလိုက်ရသည်။

သူမ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်လျက် ဖန့်ချန်ကို ကြည့်နေတော့သည်။

All Chapters