အခန်း (၂၁၃-၂၁၄)
Vol. 22 Ch. 213-214
အခန်း ၂၁၃ - သူတို့ သိသွားပြီ
ဖန့်ချန် သည် ကျောက်ယန် ကို သေတ္တာများဖွင့်၍ စစ်ဆေးခိုင်းလိုက်သည်။ ခဏအကြာတွင် ကျောက်ယန်က ဖန့်ချန်ကို ခေါင်းညိမ့်ပြလိုက်သည်။
"ဒီထဲမှာ အဆင့်အတန်း အမျိုးမျိုးရှိတဲ့ သိုင်းပညာနည်းစနစ် (၁၃၆) ခု ပါပါတယ် အဲဒီထဲက သုံးခုကတော့ မြေကမ္ဘာနက်နဲသော အဆင့် ရဲ့ အထွက်အထိပ်အထိ ကျင့်ကြံနိုင်ပါတယ် သိုင်းကွက် ကတော့ (၄၃၇) ကွက် ပါပါတယ်"
ဟု ကျောက်ယန်က အစီရင်ခံသည်။
ဖန့်ချန်က ပြုံးလိုက်ပြီး ကျိချုံယွန်းကို အာရုံပြန်စိုက်လိုက်သည်။
"မင်းရဲ့ အစီအစဉ်တွေကို မြန်မြန်လုပ်ပါ ကျန်နေတဲ့ သုံးဆယ်ရာခိုင်နှုန်းကိုလည်း ငါ လိုချင်သေးတယ်အခုတော့ ဒါတွေကို မဟာရှဆီ အရင်ယူသွားလိုက်ဦးမယ်"
ဟု သူက ဆိုသည်။
"စိတ်ချပါ သခင်လေး ကျွန်တော် သူတို့ကို ဖမ်းပေးပါ့မယ်"
ကျိချုံယွန်းက ခပ်ဖွဖွ ခေါင်းညိမ့်လိုက်သည်။
ထို့နောက် သူက တစ်ခုခုပြောရန် တွန့်ဆုတ်နေပြီးမှ နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ
"တာအိုကျင့်စဉ် တွေကကော"
ဟု မေးလိုက်သည်။
ဖန့်ချန်က ပြုံးလျက် လက်ဝှေ့ယမ်းပြကာ
"မလောပါနဲ့ဦး"
ဟု ဆိုလိုက်သည်။
ကျိချုံယွန်းလည်း ဆက်မမေးတော့ပေ။
နောက်တစ်နေ့
အိပ်မက်ဆိုးမြင်းသည်တော်များ ခြံရံထားသော ယာဉ်တန်းသည် နှင်းရေခဲအင်ပါယာ မြို့တော်မှ ထွက်ခွာလာခဲ့သည်။
ကရိန်းသစ်တောချိုင့်ဝှမ်း တွင် ဖြစ်သည်။
၎င်းမှာ နှင်းရေခဲအင်ပါယာမှ မဟာရှသို့ သွားလျှင် ဖြတ်ကျော်ရမည့် နေရာတစ်ခု ဖြစ်သည်။
ဖန့်ချန်သည် ထိုနေရာကို ပထမဆုံး ရောက်ရှိစဉ်ကလည်း ဖြတ်သန်းခဲ့ဖူးပြီး ထိုစဉ်က ကြောက်မက်ဖွယ် သားရဲအချို့ကိုပင် တွေ့ခဲ့ရသည်။
ရထားလုံးအတွင်း၌ ဓားလေးသည် ဖန့်ချန်၏ လက်ချောင်းများကြားတွင် အလွန်မြန်ဆန် တိကျသော အရှိန်ဖြင့် ကူးလူးပျံသန်းနေသည်။
၎င်းသည် ဖန့်ချန်ကို အစင်းရာလေးတစ်ခုပင် မထင်စေဘဲ ကျွမ်းကျင်စွာ လှုပ်ရှားနေခြင်းဖြစ်သည်။
ယခုအခါ ဓားကလေးသည် ဝိညာဉ်ရတနာ နှစ်ခုကို ဝါးမြိုထားပြီး ဖြစ်သဖြင့် ၎င်း၏ အရှိန်အဝါမှာ အနည်းငယ် ပိုမို အားကောင်းလာသည်။
ကံမကောင်းစွာဖြင့် ဖန့်ချန်သည် ၎င်းပေါ်ရှိ ဝိညာဉ်တံဆိပ် ကို မမြင်ရသေးပေ။
"ဓားကျင့်ကြံသူတွေ"
ဟု ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
စီနီယာအစ်ကိုကျိုးနှင့် အစ်မဝမ်တို့၏ ဓားကျင့်ကြံသူများအပေါ် ထားရှိသော သဘောထားမှာ သူ၏ စိတ်ထဲတွင် စွဲထင်နေဆဲ ဖြစ်ရာ ထိုကျင့်ကြံသူများအပေါ် သူ၏ စိတ်ဝင်စားမှုမှာ မြင့်တက်လာခဲ့သည်။
မိမိကိုယ်ကို ထူးခြားသော ကျင့်ကြံသူများဟု ယူဆထားသည့် ထိုနှစ်ဦးသည် ဓားကျင့်ကြံသူများကို ဘာကြောင့် ထိုမျှ ကြောက်ရွံ့နေကြသနည်း
"ဓားက နည်းစနစ်ပေါင်းစုံကို ဖြတ်တောက်နိုင်တယ်တဲ့ ငါ့အထင်တော့ ဓားလမ်းစဉ်ဟာ အဆုံးစွန်သော တိုက်စစ် လမ်းစဉ်ပဲ ဖြစ်ရမယ် နောင်တစ်ချိန် အခွင့်အရေးရရင် ငါလည်း စမ်းကြည့်ချင်တယ်"
ဟု ဖန့်ချန်က ဆိုသည်။
"ဗိုက်ဆာတယ်... ဗိုက်ဆာတယ်..."
ဓားလေးသည် ခဏမျှ ဆော့ကစားပြီးနောက် အစာတောင်းကာ ပြန်လည် အော်ဟစ်နေပြန်သည်။
ဖန့်ချန်မှာ အနည်းငယ် အားကိုးရာမဲ့သလို ခံစားလိုက်ရပြီး သက်ပြင်းချကာ
"ငါ့မှာ ရွှေတောင်ကြီး တစ်တောင် ရှိရင်တောင် မင်းရဲ့ ဗိုက်ကို ပြည့်အောင် လုပ်ဖို့ ခက်ခဲလိမ့်မယ် ထင်တယ်"
ဟု ဆိုလိုက်သည်။
ကံကောင်းသည်မှာ ယခုအခါ ဖန့်ချန်တွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင် ရှိနေပြီ ဖြစ်သည်။
မဟာရှသို့ အပြန်လမ်းတွင် နဂါးကျောရိုးတောင်ကြား သို့ ဝင်ပြီး အရည်အသွေး ပိုကောင်းသော အဆောင်စက္ကူများနှင့် ပြဒါးမှင် အချို့ကို ဝယ်ယူနိုင်ပေလိမ့်မည်။
ပြီးခဲ့သည့်တစ်ခေါက် နဂါးကျောရိုးသို့ သွားစဉ်က ဖန့်ချန်၏ ကျင့်ကြံမှုအဆင့်မှာ နိမ့်ပါးလွန်းသဖြင့် အလွန် သတိထားခဲ့ရပြီး ကြာကြာ မနေခဲ့ပေ။
သို့သော် ယခုတစ်ခေါက်တွင်မူ သူ အချိန်အနည်းငယ် ပိုပေးနိုင်မည် ဖြစ်သည်။
အပြင်ဘက်တွင် ကျောက်ယန်နှင့် ရွှီဂီ တို့သည် မြင်းများကို ဘေးချင်းယှဉ်စီးနေကြပြီး သူတို့၏ နောက်တွင် ကျိလင်ရှင်း နှင့် မေ့လျော့ပင်လယ် ဓားဂိုဏ်းမှ မလှုပ်မယှက် တောက်ပသောဓားဘုရင် ရွှီချင်းဖုန်း တို့က လိုက်ပါလာကြသည်။
"ရွှီချင်းဖုန်း ငါ ဒါကို မပြောချင်ပေမဲ့ မင်းတို့ရဲ့ မေ့လျော့ပင်လယ် ဓားဂိုဏ်းက အခြေအနေကို နားမလည်ဘူးပဲ သိုင်းပညာ အမွေအနှစ်တွေကို ပေးလိုက်တာ ဘာနစ်နာလို့လဲ အခုတော့ အိုးမဲ့အိမ်မဲ့ ဓားပြတွေ ဘဝကို ရောက်ချင်နေကြတာလား"
ဟု ရွှီဂီ က မှတ်ချက်ပေးလိုက်သည်။
ရွှီချင်းဖုန်း၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး သူက အောင့်သက်သက် ပြုံးလိုက်ကာ
"လူတိုင်းမှာ ကိုယ်စီ ရည်မှန်းချက်တွေ ရှိကြတာပဲဂိုဏ်းချုပ်ရဲ့ အတွေးကို ငါ မထိန်းချုပ်နိုင်ဘူး"
ဟု ပြန်ဖြေသည်။
ကျိလင်ရှင်းက ချက်ချင်း ကြားဖြတ်ပြောလိုက်သည်။
"အစ်ကိုရွှီ ချင်းဖုန်းက တကယ်ပဲ ဂိုဏ်းရဲ့ ဆုံးဖြတ်ချက်တွေကို မလွှမ်းမိုးနိုင်ရှာပါဘူးကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့"
ကျိလင်ရှင်းကို ကြည့်ရင်း ရွှီဂီ ယက ရုတ်တရက် ရယ်မောလိုက်သည်။
"ဒီလို ကိစ္စသေးသေးလေးကို ငါက ဘာလို့ စိတ်ထဲ ထားရမှာလဲ ငါက စိတ်ထဲ ရှိတာလေး ပြောလိုက်တာပါ ဒါပေမဲ့ မင်းတို့ရဲ့ မေ့လျော့ပင်လယ် ဓားဂိုဏ်းကတော့ အခွင့်အရေးကြီးတစ်ခုကို လက်လွတ်သွားပုံရတယ်"
ဟု ဆိုသည်။
သူသည် ဖန့်ချန်ကို ကောင်းကောင်း သိသည်။
ဖန့်ချန်သည် ထိုဂိုဏ်းများ၏ သိုင်းကျမ်းများကို ယူလိုက်ခြင်းဖြင့် သူတို့အပေါ် ကျေးဇူးကြွေး တင်ရှိသွားသကဲ့သို့ ဖြစ်ပေလိမ့်မည်။
ဖန့်ချန်သည် ဓားပြ မဟုတ်ပေ။
အကယ်၍ ထိုဂိုဏ်းများ နောင်တစ်ချိန်တွင် အခက်အခဲတွေ့၍ ဖန့်ချန်ထံမှ အကူအညီ တောင်းခံပါက သူသည် ဖြေရှင်းပေးမည်မှာ သေချာသည်။
အခွင့်အရေး လက်လွတ်သွားတယ် ဟုတ်လား ဟု ရွှီချင်းဖုန်း တွေးလိုက်ရင်း သူ၏ မျက်လုံးထဲတွင် ဒေါသရိပ်များ လက်ခနဲ ဖြစ်သွားသော်လည်း နောက်ဆုံးတွင် သူ နှုတ်ဆိတ်နေခဲ့သည်။
ထိုအချိန်တွင် ကရိန်းသစ်တောချိုင့်ဝှမ်း ဝန်းကျင်တွင် အရိပ်များ လှုပ်ရှားနေပြီး မျက်လုံးများစွာက ယာဉ်တန်းထံသို့ စိုက်ကြည့်နေကြသည်။
"အိပ်မက်ဆိုး မြင်းသည်တော် တစ်ရာ ကျိချုံယွန်းရဲ့ မြေး ကျိလင်ရှင်းလည်း ပါလာတယ် ပြီးတော့ ငါတို့ဂိုဏ်းက ရွှီချင်းဖုန်းလည်း ပါတယ် ဒီထဲက ဆယ်ယောက်လောက်ပဲ ကိုယ်တွင်းချီ ကို ရောက်တာသိပ်ပြီး စိုးရိမ်စရာ မရှိဘူး"
ပြောလိုက်သူမှာ ဆီးနှံကဲ့သို့ ဖြူဖွေးသော ဆံပင်ရှည်များရှိသည့် အဖိုးအိုတစ်ဦး ဖြစ်သည်။
သူ၏ ဘေးတွင် အမျိုးသား၊ အမျိုးသမီး သုံးဦး ရပ်နေကြသည်။
ထို့အပြင် ချိုင့်ဝှမ်းတစ်ဝိုက်တွင် ပုန်းအောင်းနေသော သိုင်းပညာရှင် ရာနှင့်ချီ၍ ရှိနေသည်။
သူတို့ထဲမှ အနိမ့်ဆုံးမှာ ကိုယ်တွင်းချီ ယအဆင့် ဖြစ်ပြီး အမြင့်ဆုံးမှာ အနှစ်သာရပြန်လည်ရောက်ရှိခြင်းအဆင့် အထိ ရှိကြသည်။
အိပ်မက်ဆိုး မြင်းသည်တော် တစ်ဦးစီသည် ပျမ်းမျှအားဖြင့် ချီအမြုတေအဆင့် တိုက်ခိုက်ရေးစွမ်းအား ရှိကြပြီး နှင်းရေခဲအင်ပါယာတွင် ထိပ်တန်း အထူးတပ်သားများ ဖြစ်ကြသည်။
သို့သော် ယခု ချောင်းမြောင်းနေသော ရန်သူများ၏ အင်အားမှာ သူတို့ထက် ဆယ်ဆမက ပိုမို များပြားနေသည်။
ကျိချုံယွန်း ကိုယ်တိုင်ပင်လျှင် ထိုမျှ များပြားသော ပညာရှင်များကို စုစည်းရန် ခက်ခဲပေလိမ့်မည်။
"မေ့လျော့ပင်လယ် ဓားဂိုဏ်းချုပ်"
ဟု အဘွားအိုတစ်ဦးက စိုးရိမ်ရိပ်များဖြင့် တိုးတိုးလေး ခေါ်လိုက်သည်။
"ကျွန်မ ကြားတာက မဟာရှက ဖန့်ချန်ရဲ့ အစွမ်းက တိုင်းတာလို့ မရဘူးတဲ့ သူနဲ့ ပါလာတဲ့သူတွေတောင် သက်ရှည်ချီ ပညာရှင်တွေတဲ့ မကြာခင်ကတင် နှင်းရေခဲအင်ပါယာ ဆိပ်ကမ်းမှာ ယင်ချန်းအင်ပါယာက သံတမန်တွေကို သူက သတ်ပစ်လိုက်သေးတယ်"
"သူ့ကို နှင်းရေခဲအင်ပါယာကနေ ထွက်ပြေးခွင့် မပေးဘဲ ဒီမှာ ချောင်းတိုက်ဖို့ ကြံနေတာက အရဲစွန့်လွန်းရာ မရောက်ဘူးလား"
ဆံပင်ဖြူ အဖိုးအိုက အဘွားအိုကို တစ်ချက်ကြည့်လိုက်ပြီး ကျန်နှစ်ဦးကိုလည်း ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"မင်းတို့ သုံးယောက်လုံးက သက်ရှည်ချီ ပညာရှင်တွေပဲ မင်းတို့ရဲ့ ဂိုဏ်းတွေကလည်း နှင်းရေခဲအင်ပါယာမှာ ထိပ်တန်းတွေပဲလေ "
" အခုတော့ ဒီကောင်လေးကြောင့် ငါတို့ ဂိုဏ်းတွေ ပျောက်ပြီး ဓားပြတွေလို လိုက်လံ အမဲလိုက်ခံနေရပြီ မင်းတို့က ဒီအတိုင်း နှင်းရေခဲအင်ပါယာကနေ ငြိမ်ငြိမ်လေး ထွက်ပြေးသွားချင်လို့လား"
အဘွားအို၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး
"မကျေနပ်တာတော့ အမှန်ပဲပေါ့ ဒါပေမဲ့ ကျိချုံယွန်းက ငါတို့ လှုပ်ရှားတာကို စောင့်ကြည့်ပြီး အနားမှာ ပုန်းနေမှာ မဟုတ်ဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ"
ဟု တိုးတိုးလေး မေးလိုက်သည်။
"ငါတို့မှာ သက်ရှည်ချီ ပညာရှင် လေးယောက် ရှိတယ် နှစ်ယောက်က ဖန့်ချန်ကို ကိုင်တွယ်မယ် ကျန်နှစ်ယောက်က သူ့ရဲ့ နောက်လိုက်တွေကို ရှင်းမယ် ဒီအိပ်မက်ဆိုး မြင်းသည်တော်တွေကိုတော့ ကျန်တဲ့လူတွေနဲ့တင် လုံလောက်ပါတယ်"
ဟု သက်ရှည်ချီ ပညာရှင် တစ်ဦးက အသံဩဩဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ ကျိချုံယွန်း သာ ဒီမှာ ရှိနေရင်တော့ ကိစ္စက မလွယ်ဘူး"
"သူက အခု နဂါးပလ္လင်ပေါ်မှာ ထိုင်ပြီး ဇိမ်နဲ့ ဝိုင် သောက်နေလောက်ပြီ"
ဟု ဆံပင်ဖြူ အဖိုးအိုက နှာခေါင်းရှုံ့လိုက်သည်။
"သူက မြေခွေးအိုကြီး ဖြစ်ရင်တောင် ငါတို့ ဒီမှာ ဖန့်ချန်ကို ချောင်းတိုက်မယ်လို့ သူ မခန့်မှန်းနိုင်ပါဘူးကလဲ့စားချေဖို့က ဒုတိယပါ"
" ဖန့်ချန်က နှင်းရေခဲအင်ပါယာရဲ့ သိုင်းပညာ အမွေအနှစ် ခုနစ်ဆယ် ရာခိုင်နှုန်းကို မဟာရှဆီ ယူသွားနေတာ ငါတို့ ဒါကို ဖျက်ဆီးပစ်ရမယ်မဟုတ်ရင် မဟာရှမှာ မြေကမ္ဘာနက်နဲသောအဆင့်ယပညာရှင်တွေ အများကြီး ထွက်လာလိမ့်မယ်"
ထိုစကားများက ကျန်အဘိုးအို သုံးဦး၏ စိတ်ကို လှုပ်ရှားသွားစေသည်။
သူတို့သည် ခဏမျှ တွေးတောနေပြီးနောက် ဆုံးဖြတ်ချက်ကို ခိုင်မာအောင် ပြုလုပ်လိုက်ကြသည်။
"မေ့လျော့ခြင်းပင်လယ် ဂိုဏ်းချုပ် ပြောတာ မှန်တယ်ကျိချုံယွန်းက မဟာရှနဲ့ ပူးပေါင်းပြီး နှင်းရေအင်ပါယာကို သစ္စာဖောက်ကာ အခြေခံအုတ်မြစ်ကို ဖျက်ဆီးပစ်လိုက်ပြီ"
" သူက နိုင်ငံတော် သစ္စာဖောက်ပဲ ငါတို့ကတော့ မတူဘူး ဒီနေ့ ငါတို့ ဒီသိုင်းကျမ်းတွေကို ကြားဖြတ်လုယူပြီး မဟာရှဆီ မရောက်အောင် တားဆီးရမယ်"
"နှင်းရေခဲအင်ပါယာရဲ့ အနာဂတ်အတွက် ငါတို့ သိုင်းလောကသားတွေလည်း တစ်ခုခုတော့ ပေးဆပ်ရမှာပေါ့"
လူတိုင်း သဘောတူညီမှု ရသွားသည်ကို မြင်သောအခါ ဆံပင်ဖြူ အဖိုးအို၏ မျက်နှာတွင် ခပ်ပါးပါး အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ အကြည့်များက ယာဉ်တန်း၏ လှုပ်ရှားမှုကိုသာ စိုက်ကြည့်နေသည်။
"ရှေ့မှာ လမ်းကျဉ်းလေး တစ်ခု ရှိတယ် အဲဒီမှာ ငါတို့ စပြီး လှုပ်ရှားမယ်"
ဟု သူက ဆိုသည်။
"ကောင်းပြီ"
ကောင်းကင်ထက်တွင် ဖန့်ချန်သည် ဆံပင်ဖြူ အဖိုးအို၏ အစီအစဉ်များကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
သူတို့၏ ကြံစည်မှုများကို နားထောင်ပြီးနောက် သူ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ထိုသူတို့မှာ သိုင်းပညာရှင်များသာ ဖြစ်ကြသော်လည်း သူတို့၏ တိုင်းပြည်အတွက် မိမိကိုယ်ကို အနစ်နာခံရန်နှင့် အရာအားလုံးကို ရင်းပြီး သူ့ကို ချောင်းတိုက်ရန် အသင့်ဖြစ်နေကြခြင်းပင်။
ဖန့်ချန်သည် သူ၏ ဝိညာဉ်အာရုံ ကို ပြန်ရုပ်သိမ်းလိုက်ပြီးနောက်
"ရှေ့မှာ ချောင်းတိုက်ဖို့ အစီအစဉ် ရှိတယ်သတိထားကြ"
ဟု ပြောလိုက်သည်။
အခြားသူများမှာ အနည်းငယ် အံ့ဩသွားကြပြီး ကျောက်ယန်၏ မျက်နှာမှာ ချက်ချင်း တည်ကြည်သွားသည်။ လူတိုင်း အသက်ကို အောင့်ထားပြီး နားကို စွင့်လိုက်ကြသည်။
အမှန်ပင်၊ သူတို့ အလေးအနက် အာရုံစိုက်လိုက်သောအခါ အရပ်မျက်နှာ အနှံ့အပြားမှ တိုးတိုးလေး ထွက်ပေါ်နေသော နှလုံးခုန်သံများကို ခပ်ဖျော့ဖျော့ ကြားလိုက်ရသည်။
ချောင်းတိုက်တာ ဟုတ်လား
ကျိလင်ရှင်း၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး သူသည် ရွှီချင်းဖုန်းကို အမှတ်မထင် လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် နောင်တရိပ်များ လက်ခနဲ ဖြစ်သွားသည်။
ရွှီချင်းဖုန်း၏ မျက်နှာတွင်မူ ထိတ်လန့်တုန်လှုပ်မှုများ ပေါ်လာပြီး သူက ကျိလင်ရှင်းကို ကြည့်ကာ
"လင်ရှင်း ငါတို့ ချောင်းတိုက်ခံနေရတာလား ဖန့်ချန်များ မှားနေတာလား ဘယ်သူက ငါတို့ကို ဒီအချိန်မှာ ချောင်းတိုက်ရဲမှာလဲ"
ဟု မေးလိုက်သည်။
ကျိလင်ရှင်းက ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။
"ချင်းဖုန်း မင်း ဘက်မှားသွားပြီ"
သူ၏ စကားကြောင့် ရွှီချင်းဖုန်း၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။ သူသည် ကျိလင်ရှင်းကို ကြည့်ကာ အလိုလိုပင် သူ၏ ဓားကို လွှဲထုတ်လိုက်ပြီး အော်ဟစ်လိုက်သည်။
"ငါတို့ကို သိသွားကြပြီ"
အခန်း ၂၁၄ - အသိဉာဏ်ကင်းမဲ့ပြီး ခေါင်းမာလွန်းခြင်း
ရွှီချင်းဖုန်း ၏ အော်ဟစ်သံများသည် ကရိန်းသစ်တောချိုင့်ဝှမ်းအတွင်း ပဲ့တင်ထပ်သွားသည်။
နောက်တစ်စက္ကန့်တွင် အရေအတွက်မနည်းသော အနက်ရောင်အရိပ်များ ပေါ်လာပြီး ယာဉ်တန်းကို ဝိုင်းရံလိုက်ကြသည်။
အိပ်မက်ဆိုး မြင်းသည်တော်များ သည် အလွန်ကောင်းမွန်စွာ လေ့ကျင့်ထားသည့်အတိုင်း ယခုကဲ့သို့ အခြေအနေမျိုးတွင် သူတို့၏ အရည်အသွေးမှာ သိသာလှသည်။
သူတို့သည် လုံးဝ ထိတ်လန့်ခြင်းမရှိဘဲ စစ်ဗျူဟာပုံစံကို ချက်ချင်းဖော်လိုက်ကာ ပတ်ဝန်းကျင်မှ ထူးထူးဆန်းဆန်း ဝတ်ဆင်ထားသော သိုင်းပညာရှင်များကို စူးစိုက်ကြည့်နေကြသည်။
ထိုသိုင်းပညာရှင်များမှာ အနည်းဆုံး ကိုယ်တွင်းချီ အဆင့်ရှိကြကြောင်း သတိပြုမိသွားချိန်မှသာ မြင်းသည်တော်များ၏ မျက်လုံးများမှာ အနည်းငယ် တုန်လှုပ်သွားပြီး အံ့ဩမှုယနိုးကြားမှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။
မေ့လျော့ခြင်းပင်လယ် ဓားဂိုဏ်းချုပ် နှင့် သက်ရှည်ချီ အဆင့်ရှိ အခြားအကြီးအကဲ သုံးဦး ထို့ပြင် နှင်းရေခဲအင်ပါယာ သိုင်းလောကမှ နာမည်ကြီး ပညာရှင် ရာနှင့်ချီ၍ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ ရွှီချင်းဖုန်း၏ ရင်ထဲမှ အလေးကြီးတစ်ခု ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး သူက ရွှင်ပျသော အပြုံးဖြင့် ကျိလင်ရှင်းကို လှောင်ပြောင်ကြည့်ကြည့်လိုက်သည်။
"ကျိလင်ရှင်း ငါက မင်းကို ညီအစ်ကိုလို ဆက်ဆံခဲ့တာ ဒါပေမဲ့ မင်းကတော့ အဲဒီလို မထင်ခဲ့ဘူးပဲ ဒီနေ့ ဂိုဏ်းပေါင်းစုံက ဂိုဏ်းချုပ်တွေနဲ့ အကြီးအကဲတွေ ပူးပေါင်းလိုက်ပြီဆိုတော့ မင်းတို့ကို အစအနမကျန်အောင် သုတ်သင်ပစ်မှာ သေချာတယ်"
ထိုနေရာရှိ လူအချို့မှာ ဂိုဏ်းချုပ်များ ဖြစ်ကြပြီး အချို့မှာ အဓိကဂိုဏ်းကြီးများမှ အကြီးအကဲများ ဖြစ်ကြကာ အားလုံးမှာ မြေကမ္ဘာနက်နဲသောအဆင့် ရှိသော ပညာရှင်များ ဖြစ်ကြသည်
အတိတ်ကဆိုလျှင် ထိုကဲ့သို့သော လူအင်အားစုသည် မြို့တော်တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်
ကျိလင်ရှင်းက ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။
"ချင်းဖုန်း ငါ မင်းကို ညီအစ်ကိုလို တကယ် ဆက်ဆံခဲ့လို့ပဲ မင်း အခုထိ အသက်ရှင်နေတာ ကံမကောင်းတာက မင်း ငါ့ကို စိတ်ပျက်အောင် လုပ်လိုက်ပြန်ပြီ"
"ညီအစ်ကို ဟုတ်လား ဒါဆို မင်းတို့ ကျိမိသားစုက ဘာလို့ ငါ့ရဲ့ မေ့လျော့ခြင်းပင်လယ် ဓားဂိုဏ်းရဲ့ သိုင်းပညာ အမွေအနှစ်တွေကို လုယူရတာလဲ "
"ဘာလို့ မင်းတို့ မိသားစုက ပြင်ပလူတွေနဲ့ ပူးပေါင်းပြီး နှင်းရေခဲအင်ပါယာရဲ့ သိုင်းပညာ အခြေခံအုတ်မြစ်ကို ဖျက်ဆီးရတာလဲယမင်းလုပ်ရပ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘယ်လောက် ကြီးမားလဲဆိုတာ မင်း သိရဲ့လား"
ဟု ရွှီချင်းဖုန်းက ဒေါသတကြီး မေးခွန်းထုတ်သည်။
"မင်း နားမလည်နိုင်တဲ့ အရာတွေ အများကြီး ရှိပါသေးတယ်"
ကျိလင်ရှင်းက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
"မင်းက လက်ရှိကိုပဲ ကြည့်ပေမဲ့ ငါတို့ ကျိမိသားစုကတော့ အနာဂတ်ကို ကြည့်တာ"
ကျိလင်ရှင်း၏ အကြည့်က ကျောက်ယန် ထံသို့ ရောက်သွားသည်။
"ဒါကို ဘယ်လို ကိုင်တွယ်ရမလဲ ဆရာကြီးကျောက်"
ကျောက်ယန်က ရထားလုံးဘက်သို့ ကြည့်ကာ ပြုံးလိုက်သည်။
"သူတို့အားလုံးကို သတ်ပစ်ရမလား ဒါမှမဟုတ် အချို့ကို အရှင်ချန်ထားရမလား သခင်လေး"
ဖန့်ချန် မဖြေမီမှာပင် အသံတစ်သံ ဟိန်းထွက်လာသည်။
"တောက် မင်းတို့က သိပ်ရဲတင်းတာပဲ"
၎င်းမှာ သက်ရှည်ချီ အဆင့်ရှိ အကြီးအကဲတစ်ဦး ဖြစ်ပြီး သူက ဒေါသကို မထိန်းနိုင်တော့ပေ။
"မင်း တစ်ယောက်တည်းနဲ့ ငါတို့ကို အကုန်သုတ်သင်နိုင်မယ် ထင်နေတာလား မင်း သေဘေးနဲ့ ရင်ဆိုင်နေရတာတောင် သတိမထားမိသေးဘူးပဲ"
"ငါ တစ်ယောက်တည်းနဲ့တော့ မလုံလောက်နိုင်ဘူးပေါ့..."
ကျောက်ယန်၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာပြီး
"ဒါပေမဲ့ ကျိမိသားစု မျိုးနွယ်စုခေါင်းဆောင်ပါ ပါလာမယ်ဆိုရင်ကော"
ကျိချုံယွန်းလား
မေ့လျော့ခြင်းပင်လယ် ဂိုဏ်းချုပ်နှင့် အခြားသူများ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ ကျိချုံယွန်းက သူတို့ကို ဖမ်းဖို့ အမှောင်ထဲမှာ ပုန်းအောင်းနေတာများလား
ကျောက်ယန်၏ စကားက သက်ရှည်ချီ အဆင့်ရှိ အကြီးအကဲ လေးဦးကိုသာမက အနီးအနားရှိ မြေကမ္ဘာနက်နဲသောအဆင့်ရှိ ပညာရှင် ရာနှင့်ချီကိုလည်း ထိတ်လန့်သွားစေသည်။
သူတို့၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ရိပ်များ ပေါ်လာသည်။
ဖန့်ချန်နှင့် ယှဉ်လျှင် ကျိချုံယွန်းဟူသော အမည်က နှင်းရေခဲအင်ပါယာတွင် ပို၍ပင် ကြောက်စရာကောင်းလှသည်။
ခဏမျှ တိတ်ဆိတ်သွားသော်လည်း အချိန်အတော်ကြာသည့်တိုင် ကျိချုံယွန်း၏ အရိပ်အယောင် ပေါ်မလာပေ။
မေ့လျော့ခြင်းပင်လယ် ဂိုဏ်းချုပ်၏ ဘေးမှ အဘွားအိုက မလှောင်ဘဲ မနေနိုင်တော့ပေ။
"ငါတို့ကို ခြောက်လှန့်ဖို့ ကြိုးစားနေတာလား ကျိချုံယွန်း ဆိုတဲ့ အဖိုးကြီးက အခု မြို့တော်မှာ သူ အသစ်ရထားတဲ့ ထီးနန်းကို ခံစားနေတာလို့ မေ့လျော့ခြင်းပင်လယ် ဂိုဏ်းချုပ်က ပြောထားပြီးသား သူက မင်းတို့နဲ့အတူ ဒီခရီးကို လိုက်လာဖို့ အချိန်မရှိပါဘူး"
ထိုစကားကို ကြားသောအခါ လူတိုင်း သက်ပြင်းချနိုင်သွားကြသည်။ တစ်ဖက်လူမှာ သူတို့ကို ခြောက်လှန့်ပြီး အချိန်ဆွဲရန် ပြောနေခြင်းသာ ဖြစ်ရမည်။
မေ့လျော့ခြင်းပင်လယ် ဂိုဏ်းချုပ်က ခပ်ပါးပါး ပြုံးလိုက်သည်။
"လူငယ်လေး မင်း ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သက်ရှည်ချီ အဆင့်ကို ရောက်တာက မင်းမှာ ပါရမီ အလွန်ကောင်းလို့ပဲ ဘာလို့ တခြားလူရဲ့ လက်အောက်မှာ အစေခံ လုပ်နေမှာလဲ ငါတို့နဲ့အတူ လိုက်ခဲ့ပြီး ကျယ်ပြောလှတဲ့ သိုင်းလောကမှာ လွတ်လွတ်လပ်လပ် သွားလာကြရအောင် မဟုတ်လား"
ကျောက်ယန်၏ မျက်နှာမှာ ထိုစကားကြောင့် အနည်းငယ် ထူးဆန်းသွားသည်။
ထိုလူများသည် ကျင့်ကြံသူများနှင့် တစ်ခါမှ မတွေ့ဖူးကြကြောင်း သူ ရိပ်မိလိုက်သည်။
သူတို့သည် ဖန့်ချန်၏ အစွမ်းအစအကြောင်းကိုပင် လုံးဝ သိပုံမရပေ။
ထိုအချိန်တွင် ရထားလုံးတံခါး ပွင့်သွားပြီး ဖန့်ချန် အပြင်သို့ ထွက်လာသည်။
မေ့လျော့ခြင်းပင်လယ် ဂိုဏ်းချုပ်နှင့် အခြားသူများ၏ အကြည့်အားလုံးမှာ သူ၏အပေါ်သို့ ကျရောက်သွားသည်။
"ဒါက မဟာရှအင်ပါယာက ဖန့်ချန် ဆိုတာလား"
"ရုပ်ချောတာကလွဲရင် ထူးထူးခြားခြား ဘာမှ မရှိသလိုပဲ သူက တကယ်ပဲ သက်ရှည်ချီ ပညာရှင်တွေနဲ့ ယှဉ်နိုင်တဲ့ အစွမ်းရှိတာ ဟုတ်လို့လား"
ပတ်ဝန်းကျင်ရှိ မြေကမ္ဘာနက်နဲသောအဆင့် သိုင်းပညာရှင် ရာပေါင်းများစွာ၏ မျက်နှာပေါ်တွင် သံသယများ ပေါ်လာသည်။
သို့သော် မေ့လျော့ခြင်းပင်လယ် ဂိုဏ်းချုပ်နှင့် အခြားသူများမှာမူ ဖန့်ချန်ကို အထင်မသေးရဲကြပေ။
သူတို့ရှေ့မှ လူငယ်သည် သူတို့နှင့် တန်းတူအစွမ်းရှိကြောင်း သိထားသဖြင့် သတိထားနေကြသည်။
ကျောက်ယန်နှင့် အခြားသူများက ဖန့်ချန်ကို တစ်ဦးပြီးတစ်ဦး နှုတ်ဆက်ကြသည်။
"သခင်လေး"
ရွှီချင်းဖုန်းသည် ဖန့်ချန်ကို အလွန်အမင်း နာကျည်းစွာဖြင့် စိုက်ကြည့်နေသည်။
အကယ်၍ သူ့ရှေ့မှ ထိုလူသာ မရှိပါက နှင်းရေခဲအင်ပါယာ၏ သိုင်းလောကမှာ ယခုကဲ့သို့ ဗရုတ်သုတ်ခ ဖြစ်လာစရာ အကြောင်းမရှိပေ
"မင်းတို့မှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်၊ အခု ထွက်သွားမလား ဒါမှမဟုတ် ကရိန်းသစ်တောချိုင့်ဝှမ်းမှာ အသက်ပေးမလား"
ဖန့်ချန်သည် မေ့လျော့ခြင်းပင်လယ် ဂိုဏ်းချုပ်နှင့် အခြားသူများကို တည်ငြိမ်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"စဉ်းစားဖို့အတွက် အမွှေးတိုင် တစ်ဝက်စာ အချိန်ပေးမယ်"
လူအုပ်ကြီး၏ မျက်လုံးထဲတွင် ဒေါသရိပ်များ ပေါ်လာသည်။ သူက သိပ်ပြီး မောက်မာလွန်းသည်
မေ့လျော့ခြင်းပင်လယ် ဓားဂိုဏ်းချုပ်၏ အကြည့်များ နက်ရှိုင်းသွားသည်။
"ဖန့်ချန် နှင်းရေခဲအင်ပါယာ သိုင်းလောကက မင်းတို့ မဟာရှနဲ့ အမြဲတမ်း အလှမ်းကွာခဲ့တာ နိုင်ငံတွေကြားက ကိစ္စတွေက ငါတို့နဲ့ မဆိုင်ဘူး "
"ငါတို့ကို ထွက်သွားစေချင်ရင် ငါတို့ သွားနိုင်တယ် ဒါပေမဲ့ မင်းလုယူထားတဲ့ သိုင်းပညာ အမွေအနှစ်တွေကို ပြန်ပေးပါ ဒါဆိုရင် ငါတို့ ထွက်သွားမယ်မဟုတ်ရင်တော့ ဒီနေ့ တိုက်ပွဲ ဖြစ်မှာပဲ"
"မင်းတို့ သုံးယောက်ကော အတူတူပဲလား"
ဖန့်ချန်က ကျန်ရှိသော သက်ရှည်ချီ အဆင့်ရှိ အကြီးအကဲ သုံးဦးကို ကြည့်ကာ မေးလိုက်သည်။
"မင်းတို့ ဒီအဆင့်ကို ရောက်ဖို့ဆိုတာ မလွယ်ဘူးဆိုတာ ငါသိပါတယ် သေချာ ဂရုတစိုက် စဉ်းစားကြဖို့ မျှော်လင့်တယ်"
သူတို့ သုံးဦး အချင်းချင်း ကြည့်လိုက်ကြသည်။
အဘွားအိုက နှာခေါင်းရှုံ့လိုက်သည်။
"ငါတို့ ဒီကို ရောက်နေပြီဆိုကတည်းက ဆုံးဖြတ်ချက်က ချပြီးသားပဲ နှင်းရေခဲအင်ပါယာရဲ့ သိုင်းပညာ အမွေအနှစ်တွေ မဟာရှ လက်ထဲ ရောက်သွားမှာကိုတော့ ငါတို့ ဒီအတိုင်း ကြည့်မနေနိုင်ဘူး အဲဒါက ငါတို့ လက်မခံနိုင်တဲ့ စည်းတစ်ခုပဲ"
"ဟုတ်တယ် နှင်းရေခဲအင်ပါယာရဲ့ ပစ္စည်းကို ပြန်ပေး"
"နှင်းရေခဲအင်ပါယာရဲ့ သိုင်းပညာကို ယူသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ဖန့်ချန်က ခပ်တိုးတိုး သက်ပြင်းချကာ ကိုယ်ကိုလှည့်ပြီး ရထားလုံးထဲသို့ ပြန်ဝင်သွားသည်။ မဝင်ခင်မှာပင် သူက ခပ်တိုးတိုး ပြောလိုက်သည်။
"ကျိအိုကြီး ကျန်တာကို ခင်ဗျားပဲ ကိုင်တွယ်လိုက်တော့ ကျုပ် ကို စိတ်မပျက်စေနဲ့"
လူအုပ်ကြီး၏ အမူအရာများ ချက်ချင်း ပြောင်းလဲသွားသည်။ ကျိချုံယွနက တကယ်ပဲ ဒီမှာ ရှိနေတာလား
ရုတ်တရက် မြေပြင်တစ်ခုလုံး တုန်ခါသွားတော့သည်။
သူတို့ လှည့်ကြည့်လိုက်သောအခါ အေးစက်စက် စိုက်ကြည့်နေသော အိပ်မက်ဆိုး မြင်းသည်တော်အုပ်စုများကို တွေ့လိုက်ရသည်။
အိပ်မက်ဆိုး မြင်းသည်တော် ထောင်ပေါင်းများစွာပင်
"ဒါ မဖြစ်နိုင်ဘူး"
အဘွားအိုက အော်ဟစ်လိုက်သည်။
"အိပ်မက်ဆိုး မြင်းသည်တော်တွေ ဒီလောက် အများကြီး ဘယ်လိုလုပ် ရှိနေတာလဲ သူတို့ ဘယ်ကနေ ရောက်လာတာလဲ သူတို့ရှိနေတဲ့ အရိပ်အယောင် လုံးဝ မတွေ့ခဲ့ဘူးလေ ငါတို့ လမ်းတစ်လျှောက်လုံး သတိထားလာခဲ့တာတောင် ဒီမြင်းသည်တော်တွေရဲ့ အရိပ်အယောင်ကို မတွေ့ခဲ့ရဘူး"
"ဟဲဟဲ ငါ ဒီကို ရောက်နေတာ ရက်အတော်ကြာပြီမင်းတို့ကို စောင့်နေတာပါ"
ဟု ကျိချုံယွန်းက အိပ်မက်ဆိုး မြင်းသည်တော်များ ကြားမှ ထွက်လာရင်း ခပ်ပါးပါး ပြုံးလျက် ဆိုလိုက်သည်။
သူ၏ ဘေးတွင် လူအချို့ ရပ်နေပြီး သူတို့၏ အရှိန်အဝါမှာ မနိမ့်ပါပေ။
သူတို့အားလုံးမှာ သက်ရှည်ချီ ပညာရှင်များ ဖြစ်ကြသည်
သို့သော် မေ့လျော့ခြင်းပင်လယ် ဓားဂိုဏ်းဝင်များနှင့် မတူသည်မှာ ကျိချုံယွန်း ၏ အဖော်များသည် စစ်တပ်မှ သက်ရှည်ချီ ယပညာရှင်များ ဖြစ်ကြခြင်းပင်။
ကျိချုံယွန်း အမှန်တကယ် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ မေ့လျော့ခြင်းပင်လယ် ဂိုဏ်းချုပ်နှင့် အခြားသူများ၏ မျက်နှာမှာ အလွန်အမင်း တည်ကြည်သွားသည်။
ကျိချုံယွန်းက ထိုနေရာတွင် ရက်အတော်ကြာ စောင့်နေသည်ဟု ကြားလိုက်ရချိန်တွင် သူတို့၏ မျက်နှာများမှာ ပို၍ပင် ဆိုးရွားသွားတော့သည်။
ခဏအကြာတွင် မေ့လျော့ခြင်းပင်လယ် ဂိုဏ်းချုပ်၏ မျက်နှာမှာ လေးနက်သွားသည်။
"ကျိချုံယွန်း မင်း တကယ်ပဲ နောင်တမရဘူးလား"
"ကဲ... ရွှီတုန်း ငါတို့က သူငယ်ချင်းဟောင်းတွေလို့ ပြောလို့ရပါတယ် ဘာလို့ ငါ့ကို ဆန့်ကျင်ဖို့ ရွေးချယ်ရတာလဲ"
ကျိချုံယွန်းက ခပ်ပါးပါး ပြုံးသည်။
"မင်းရဲ့ စိတ်ကို ပြောင်းလိုက်ရင်ကော ဘယ်လိုလဲ ငါ သခင်လေးဖန့်ဆီမှာ မင်းအတွက် အသနားခံပေးမယ် အတိတ်က ကိစ္စတွေကိုလည်း မေ့ပစ်လိုက်လို့ ရတာပဲ"
မေ့လျော့ခြင်းပင်လယ် ဂိုဏ်းချုပ်က အားရပါးရ ရယ်မောလိုက်သည်။ ထိုရယ်သံမှာ အတွင်းအားများကြောင့် ဟိန်းထွက်နေသည်။
ကျိချုံယွန်းက စိတ်ရှည်စွာ စောင့်ဆိုင်းရင်း တိတ်ဆိတ်နေခဲ့သည်။
ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွားပြီး မေ့လျော့ခြင်းပင်လယ် ဂိုဏ်းချုပ်၏ အမူအရာမှာ တင်းမာသွားသည်။
"အားလုံးပဲ သူတို့ကို အကုန်သတ်ကြစို့ သူတို့ သေသွားရင် နှင်းရေခဲအင်ပါယာက အရင်လို ပြန်ဖြစ်သွားလိမ့်မယ်"
အစပိုင်းတွင် အနည်းငယ် တွန့်ဆုတ်နေသော သိုင်းပညာရှင်များသည် ထိုစကားကို ကြားသောအခါ ဆုံးဖြတ်ချက်ကို ခိုင်မာအောင် ပြုလုပ်လိုက်ပြီး တိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြသည်။
နောက်တစ်စက္ကန့်တွင် မေ့လျော့ခြင်းပင်လယ် ဂိုဏ်းချုပ်နှင့် အခြားသူများ၏ ဦးဆောင်မှုဖြင့် သိုင်းပညာရှင်များသည် ကျိချုံယွန်း နှင့် သူ၏အဖွဲ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်တိုက်ခိုက်ကြတော့သည်။
"အသိဉာဏ်ကင်းမဲ့ပြီး ခေါင်းမာလိုက်တာ"
ဟု ကျိချုံယွန်း က သက်ပြင်းချရင်း ဆိုလိုက်သည်။ သူက လက်ကို လေထဲသို့ မြှောက်လိုက်သည်။
"သတ်စေ"
အိပ်မက်ဆိုး မြင်းသည်တော် ထောင်ပေါင်းများစွာက ဟိန်းဟောက်လိုက်ပြီး တိုက်ခိုက်လာသူများကို ရင်ဆိုင်ရန် ရှေ့သို့ ပြေးထွက်သွားကြတော့သည်