← Chapters

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

​အခန်း ၂၂၉ - မိသားစု မျိုးရိုးနောက်ခံ

​တောင်ပိုင်းဒေသ၊ ဖန့်အိမ်တော်။

​"ငါ လုပ်နိုင်သွားပြီ အဖိုး သမီးရဲ့ မသေမျိုးသွေးကြောကို စုစည်းနိုင်သွားပြီ"

ဖန့်ကျိရွှယ်သည် သူမ၏ ကိုယ်ထဲမှ ထွက်ပေါ်နေသော အားနည်းသော ဝိညာဉ်စွမ်းအင်များကို ကြည့်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

​မိစ္ဆာသုံးဦးဖြစ်သည့် အောင်မြင်ခြင်းဗုဒ္ဓ ၊ ကျားတောငါသခင် နှင့် အစိမ်းရောင်လေး တို့သည် ဖန့်ကျစ်ရွှယ်ကို ကြည့်ကာ ကျေနပ်သည့် အရိပ်အယောင်များ ပြသကြသည်။

သူတို့၏ ဂျူနီယာညီမလေးမှာ နောက်ဆုံးတွင် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ချေပြီ။

​"မင်းက ကံကောင်းလို့ပါ သိပ်ပြီးတော့ ဘဝင်မမြင့်နဲ့ဦး"

ဟု ဖန့်ကျန့်ထျန်းက ပြုံးလျက် ဆိုသည်။

​ဖန့်ချန်းယူ မှာမူ သူ၏ ဝှီးချဲပေါ်တွင် ထိုင်ရင်း စိတ်ပျက်လက်ပျက် ဖြစ်နေရှာသည်။

"ကျစ်ရွှယ်တောင် မသေမျိုးသွေးကြောကို စုစည်းနိုင်ပြီ ငါကတော့ တကယ်ပဲ ကျင့်ကြံဖို့ ပါရမီမပါဘူး ထင်ပါရဲ့"

​"မင်း ဒီဝှီးချဲကြီးကို လွှင့်ပစ်လိုက်ရင် မင်းလည်း ကျင့်ကြံသူ ဖြစ်လာနိုင်မှာပါ"

ဟု ဖန့်ကျန့်ထျန်းက ဖန့်ချန်းယူကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

​ဖန့်ချန်းယူ က သူ၏ ဝှီးချဲကို ချက်ချင်းပင် အဝေးသို့ လှိမ့်သွားပြီး

"အဖေ ကျွန်တော်က ဒီဘဝပုံစံကို ကျင့်သားရနေပြီ ကျွန်တော့်ကို ဒါကနေ ခွဲထုတ်ဖို့ မကြိုးစားပါနဲ့ ဒါမှ တခြားလူတွေက ကျွန်တော့်ကို အထင်သေးမှာလေ ကျွန်တော်က လူမသိအောင် အေးအေးဆေးဆေး နေချင်တာပါ"

ဟု ဇွတ်အတင်း ငြင်းတော့သည်။

​ဖန့်ကျန့်ထျန်းက ခေါင်းခါလိုက်ပြီး ဖန့်ကျစ်ရွှယ်ဘက်သို့ ပြန်လှည့်လိုက်သည်။

"ကျစ်ရွှယ်. မင်းရဲ့ ပထမဆုံး မသေမျိုးသွေးကြောကို စုစည်းဖို့က မလွယ်ဘူး ဒါဟာ မင်းရဲ့ ကြိုးစားမှုကြောင့်တင် မဟုတ်ဘူး "

" ဝိညာဉ်စမ်းရေနဲ့ ဝိညာဉ်ကျောက်တုံးတွေရဲ့ အထောက်အပံ့ကြောင့်လည်း ပါတာ မင်းရဲ့ အစ်ကိုက မင်းကျင့်ကြံဖို့ လိုအပ်တဲ့ အခြေအနေတွေကို အကောင်းဆုံး ဖန်တီးပေးထားလို့ပဲ ဒီအောင်မြင်မှုကို အလွယ်တကူ မမှတ်ယူပါနဲ့"

​ဖန့်ကျစ်ရွှယ်မှာ ခုနက ဂုဏ်ယူနေမိသော်လည်း အဖိုးဖြစ်သူ၏ စကားကို ကြားသောအခါ ခေါင်းငုံ့ကာ ပြန်လည် ဆင်ခြင်နေမိသည်။

​ထိုအချိန်တွင် သူတို့၏ နောက်ကွယ်မှ ဖန့်ချန်၏ အသံကို ကြားလိုက်ရသည်။ သူသည် ပြုံးလျက် လျှောက်လာနေသည်။

"အဖိုး မသေမျိုးသွေးကြော စုစည်းနိုင်တဲ့အခါ ရက်အနည်းငယ်လောက် ပျော်ရွှင်နေတာက သဘာဝပါပဲ သူ့ကို အရမ်းကြီး မတင်းကျပ်ပါနဲ့"

​"အစ်ကိုကြီး"

ဖန့်ကျစ်ရွှယ်က အံ့ဩတကြီး အော်လိုက်သည်။

​"ဆရာသခင်"

​"မင်း ပြန်ရောက်ပြီလား"

ဖန့်ကျန့်ထျန်းက ပြုံးလိုက်သည်။

"အရာအားလုံး အဆင်ပြေရဲ့လား"

​"အဆင်ပြေပါတယ်"

ဖန့်ချန်က ခေါင်းညိမ့်ပြကာ လျိုမူကို အားလုံးနှင့် မိတ်ဆက်ပေးလိုက်သည်။

လျိုမူ၏ အဖြစ်အပျက်ကို ကြားရသောအခါ အားလုံး၏ မျက်လုံးထဲတွင် သနားစိတ်များ ပေါ်လာကြသည်။

​"စိတ်မပူနဲ့ ငါ့အစ်ကိုကြီးက မင်းကို ဒီကို ခေါ်လာပြီဆိုရင် မင်းရဲ့ ကိုယ်ပေါ်က အဖုတွေကို ကုပေးပြီး ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်ပေးမှာ အသေအချာပဲ"

ဟု ဖန့်ကျစ်ရွှယ်က အားပေးလိုက်သည်။

​လျိုမူသည် နားမလည်နိုင်သော အသံအချို့ကို ထုတ်ဖော်လိုက်သည်။ သူ၏ မျက်လုံးများမှာ အနည်းငယ် တောက်ပလာပုံရသည်။

​"အဖိုး သူ့ခန္ဓာကိုယ်ထဲက အဆိပ်တွေက မကြာခင် ပြန်ထကြွတော့မယ် အဲဒါကြောင့် သူ့ကို ကုသဖို့ အပြင်ကို ခေါ်သွားရဦးမယ်"

ဖန့်ချန်က ဆိုသည်။ သူသည် ကြက်သွေးရောင် အသီး တစ်လုံးနှင့် သွေးဂျင်ဆင်း တစ်ခုကို ထုတ်ယူကာ ဖန့်ကျန့်ထျန်းကို ပေးလိုက်သည်။

"ဒါက အနှစ်တစ်ရာသက်တမ်းရှိတဲ့ အသီးနဲ့ ဂျင်ဆင်းတွေပါ အဖိုး ယူထားလိုက်ပါ"

​ဖန့်ချန်သည် သူ၏ ကျင့်စဉ်အရ ထိုပစ္စည်းများကို မလိုအပ်ပေ။

သူက အဆောင် များ ပြုလုပ်ခြင်းဖြင့် ကျင့်ကြံနိုင်သည်။

သို့သော် သူ၏ အဖိုးအတွက်မူ ထိုအရာများသည် ကျင့်ကြံမှုကို မြန်ဆန်စေရန် များစွာ အထောက်အကူ ဖြစ်စေလိမ့်မည်။

​"ဒါတွေက ဝိညာဉ်စွမ်းအင်တွေ အများကြီး ပါတာပဲငါ ဒုတိယမြောက် သွေးကြောကို စုစည်းပြီးပြီဆိုတော့ ဒါတွေနဲ့ဆိုရင် တတိယမြောက် သွေးကြောကို ရောက်ဖို့ သိပ်မကြာတော့ဘူး"

ဖန့်ကျန့်ထျန်းက ဝမ်းသာအားရဖြင့် ၎င်းတို့ကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။

​ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖန့်ကျန့်ထျန်း၏ မျက်နှာမှာ ရုတ်တရက် တည်ကြည်သွားသည်။

"ချန်အာ ငါ မင်းကို တစ်ခုခု ပြောပြဖို့ အချိန်တန်ပြီ ထင်တယ်"

​ဖန့်ချန်မှာ အနည်းငယ် အံ့ဩသွားသည်။ အဘယ်အရာက သူ၏ အဖိုးကို ထိုမျှ တည်ကြည်သွားစေသနည်း

​သူက ခေါင်းညိမ့်ပြလိုက်သည်။

"ပြောပါ အဖိုး"

​ဖန့်ကျန့်ထျန်းက သက်ပြင်းတစ်ချက် ချလိုက်ကာ အတိတ်ကို ပြန်လည် အောက်မေ့ဟန်ဖြင့်

"ငါ ငယ်ငယ်တုန်းက ငါ့အဖိုး က ငါ့ကို တစ်ခု ပြောပြခဲ့ဖူးတယ် အဲဒီတုန်းကတော့ အဖိုးကြီးတွေ လျှောက်ပြောနေတာပဲလို့ ထင်ပြီး ငါ သိပ်ဂရုမစိုက်ခဲ့ဘူး ဒါပေမဲ့ အခု ပြန်စဉ်းစားကြည့်တော့ သူပြောခဲ့တာတွေက တကယ် ဖြစ်နိုင်တယ်"

ဟု ဆိုသည်။

​ငါ့ရဲ့ ဘိုးဘေး ဟုတ်လားယ ဖန့်ချန်၏ မျက်နှာမှာ ထူးဆန်းသွားသည်။

သူ၏ ဘိုးဘေးမှာ သေဆုံးသွားသည်မှာ ကြာပြီဖြစ်ကာ အခြားဘိုးဘေးများနှင့်အတူ သုသာန်တွင် မြှုပ်နှံထားပြီး ဖြစ်သည်။

​"အဖိုး... အဲဒါက ဘာလဲ"

​"ငါတို့ ဖန့်မိသားစု ဘယ်ကနေ လာတယ်လို့ မင်း ထင်သလဲ"

ဟု ဖန့်ကျန့်ထျန်းက မေးလိုက်သည်။

​"ကျွန်တော်တို့က မဟာရှအင်ပါယာက မဟုတ်ဘူးလား"

​ဖန့်ကျန့်ထျန်းက ပြုံးလိုက်သည်။

"မဟာရှအင်ပါယာကို ငါတို့ ဖန့်မိသားစုနဲ့ ရှမိသားစုရဲ့ ဘိုးဘေးတွေ ပေါင်းပြီး တည်ထောင်ခဲ့တာဒါပေမဲ့ မဟာရှကို မတည်ထောင်ခင်က ငါတို့ ဖန့်မိသားစုက ဘယ်က လာသလဲ"

​ဖန့်ချန်က ခေါင်းခါလိုက်သည်။

"ကျွန်တော် မသိပါဘူး"

​လွန်ခဲ့သော နှစ်ပေါင်းရာချီက အကြောင်းကို သူ မည်သို့ သိနိုင်မည်နည်း။

သူ ထိုကမ္ဘာသို့ ရောက်နေသည်မှာ ၂၃ နှစ်ကျော်ရုံသာ ရှိသေးသည် မဟုတ်ပါလား။

​ဖန့်ကျစ်ရွှယ်ကလည်း စိတ်ဝင်တစားဖြင့် နားစွင့်နေသည်။ မိစ္ဆာသုံးဦးမှာလည်း ဖန့်ကျန့်ထျန်း ဘာပြောမလဲဆိုသည်ကို စပ်စုနေကြသည်။

​ဖန့်ကျန့်ထျန်းက ဆက်ပြောသည်။

"မင်းရဲ့ ဘိုးဘေးက ပြောပြတာကတော့ ငါတို့ ဖန့်မိသားစုဟာ ရှေးခေတ်တုန်းက အလွန် ထင်ရှားတဲ့ ကျင့်ကြံသူ မိသားစုကြီး တစ်ခု ဖြစ်ခဲ့ဖူးတယ်တဲ့ဒါပေမဲ့ ငါတို့ရဲ့ ဘိုးဘေးတစ်ယောက်က မထိပါးသင့်တဲ့သူကို သွားထိမိလို့ မိသားစုကနေ နှင်ထုတ်ခံရပြီး ဒီနေရာကို ရောက်လာခဲ့တာတဲ့"

​"ဒါဆို ဆရာ့ရဲ့ မျိုးရိုးက တကယ်ကို မသာမန်ဘူးပဲ"

မိစ္ဆာကျင့်ကြံသူ သုံးဦးက အချင်းချင်း ကြည့်လိုက်ကြသည်။

​ဖန့်ကျစ်ရွှယ်မှာ မယုံနိုင်အောင် ဖြစ်နေသည်။

"အဖိုး အဲဒါဆို သမီးတို့ ဘိုးဘေးတွေက ကျင့်ကြံသူတွေပေါ့ ဟုတ်လား"

​"ဘိုးဘေးတစ်ယောက်ပဲ ကျင့်ကြံသူပါ။ ကျန်တဲ့သူတွေက မဟုတ်ဘူး"

ဖန့်ကျန့်ထျန်းက ပြုံးပြသည်။

"ငါ့အဖိုး ပြောတာကတော့ အဲဒီဘိုးဘေးဟာ မိသားစုက နှင်ထုတ်ခံရတဲ့အခါ သူရထားတဲ့ ကျင့်စဉ်တွေကို ဘယ်သူ့ကိုမှ သူ့မိသားစုကိုတောင် လက်ဆင့်မကမ်းဘူးလို့ ကျိန်ဆိုခဲ့တယ်တဲ့ အဲဒီအချိန်ကစပြီး ငါတို့မှာ မသေမျိုး အမွေအနှစ်တွေ ပျောက်ဆုံးသွားခဲ့ရတာ"

​"ဒါကို အတည်ပြုလို့ ရမလား"

ဖန့်ချန်က မျက်မှောင်ကြုတ်ကာ မေးသည်။

​ဖန့်ကျန့်ထျန်းက ခေါင်းခါပြသည်။

"အတည်ပြုလို့ မရဘူးယ ငါ့အဖိုး ပြောခဲ့တာကိုပဲ ငါသိတာ သူ မသေခင်မှာ တစ်နေ့ကျရင် ငါတို့ ဖန့်မိသားစုက ကိုယ့်ရဲ့ ဇာစ်မြစ်ကို ပြန်ရှာတွေ့ဖို့ သူ မျှော်လင့်ခဲ့တယ် ပြီးတော့ ငါတို့ ဘိုးဘေး နှင်ထုတ်ခံရတုန်းက မိသားစုက ကတိပေးခဲ့တယ်တဲ့ တကယ်လို့ သူ့ရဲ့ မျိုးဆက်ထဲက တစ်ယောက်ယောက်က ကျင့်ကြံသူ ဖြစ်လာခဲ့ရင် မိသားစုထဲကို ပြန်ဝင်ခွင့်ပေးမယ် ဆိုတဲ့ ကတိပေါ့"

​"အဖိုးက ကျွန်တော့်ကို မျိုးရိုးဇာစ်မြစ်ကို ပြန်ရှာစေချင်တာလား"

​ဖန့်ကျန့်ထျန်းက ပြုံးလိုက်သည်။

"မျိုးရိုးပြန်ရှာဖို့တင် မဟုတ်ဘူး ဒါသာ အမှန်ဆိုရင် မင်း အဲဒီကို ပြန်ရောက်တဲ့အခါ ပိုကောင်းတဲ့ ကျင့်ကြံမှု အရင်းအမြစ်တွေ ရလာလိမ့်မယ် အဲဒါက မင်းရဲ့ မသေမျိုးလမ်းစဉ်အတွက် အများကြီး အထောက်အကူ ဖြစ်မှာပါ "

" ငါ့အဖိုး ပြောတာကတော့ ဘိုးဘေး နှင်ထုတ်ခံရတုန်းက သူ့ကို ကာကွယ်ပေးချင်တဲ့ မောင်နှမတွေ ရှိခဲ့တယ်တဲ့ သူတို့သာ အသက်ရှင်နေဦးမယ်ဆိုရင် မင်းအတွက် အားကိုးရလိမ့်မယ်"

​"ဒါဟာ ငါတို့ ဘိုးဘေးတွေရဲ့ ဆန္ဒပဲ သူတို့ရဲ့ မျိုးဆက်က မျိုးရိုးဇာစ်မြစ်ဆီ ပြန်သွားနိုင်တာကို မြင်ရင် သူတို့ သေပျော်ကြမှာပါ"

ဟု ဖန့်ကျန့်ထျန်းက ဆိုသည်။

​ဖန့်ချန်သည် စိတ်ထဲမှ ခပ်ယောင်ယောင် ပြုံးမိသည်။

အရင်းအမြစ်အတွက်ဆိုလျှင် သူ အခြေခံအုတ်မြစ် တည်ဆောက်ပြီးသည်နှင့် အလယ်ပိုင်းတိုက်ကြီးရှိ တာအိုသုံးထောင်ဂိုဏ်း သို့ သွားခြင်းက ပိုကောင်းပေလိမ့်မည်။

သို့သော် ဖန့်ကျန့်ထျန်းက သူ့ကို မည်မျှအထိ မျိုးရိုးပြန်ရှာစေချင်သည်ကို သူ သိမြင်နေသည်။

​"ဘိုးဘေးတွေရဲ့ ဆန္ဒဆိုရင်တော့ ကျွန်တော် အခွင့်အရေး ရတဲ့အခါ ကြိုးစားကြည့်ပါ့မယ် ဒါပေမဲ့ ကမ္ဘာကြီးက အရမ်းကျယ်တာပဲ၊ ဘယ်ကနေ စရှာရမှန်းတောင် မသိဘူး"

ဟု ဖန့်ချန်က ဆိုသည်။

​ဖန့်ကျန့်ထျန်းသည် ရှေးဟောင်း ကျောက်စိမ်းပြား တစ်ခုကို ထုတ်လိုက်သည်။

၎င်းမှာ အလွန် ဟောင်းနွမ်းနေပြီဖြစ်သည်။

"ဒီကျောက်စိမ်းပြားက ငါတို့ ဖန့်မိသားစုမှာ မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာတာ အစတုန်းကတော့ သာမန် ကျောက်စိမ်းဆွဲပြားလို့ပဲ ထင်ခဲ့တာ ဒါပေမဲ့ အခုတော့ ဒါဟာ ငါတို့ရဲ့ မျိုးရိုးဇာစ်မြစ်ကို ရှာဖို့ သော့ချက် ဖြစ်မယ်လို့ ထင်တယ်ငါ့ရဲ့ အရိုးအိုတွေကတော့ ဘယ်မှ မသွားနိုင်တော့ဘူး၊ ဒါကြောင့် မင်းကိုပဲ ပေးလိုက်ပါ့မယ်"

​ဖန့်ချန်သည် အံ့ဩစွာဖြင့် ကျောက်စိမ်းပြားကို ယူလိုက်သည်။

သူ၏ ဝိညာဉ်စွမ်းအင်ကို ထည့်လိုက်သောအခါ သူ၏ စိတ်ထဲတွင် ရိုးရှင်းသော မြေပုံတစ်ခု ပေါ်လာတော့သည်။

​ဒါဟာ တကယ့် မြေပုံပဲ သူ၏ ဘိုးဘေးသည် ရှေးဟောင်း ကျင့်ကြံသူ မိသားစုကြီးတစ်ခုက လာခဲ့ခြင်းမှာ အမှန် ဖြစ်နိုင်ပေသည်။

​ဖန့်ကျန့်ထျန်းက လျိုမူကို တစ်ချက်ကြည့်ကာ ဖန့်ချန်ကို ပြုံးပြလိုက်သည်။

"အကယ်၍ မင်း ဒီကလေးကို ကုသဖို့ လမ်းစပျောက်နေရင် ငါတို့ရဲ့ မျိုးရိုးဇာစ်မြစ်ကို ရှာဖွေတာက မှန်ကန်တဲ့ လမ်းပြမြေပုံ ဖြစ်လာနိုင်မလားပဲ"

​​အခန်း ၂၃၀ - ရွက်လွှင့်ခြင်း

​"အဖိုး သမီးလည်း လိုက်သွားလို့"

ဖန့်ကျိရွှယ် စကားမဆုံးခင်မှာပင် ဖန့်ကျန့်ထျန်းက ကြားဖြတ်ပြောလိုက်သည်။

​ဖန့်ကျန့်ထျန်း၏ မျက်နှာမှာ တည်ကြည်လေးနက်နေသည်။

"နားထောင်စမ်း မြေးမလေး ငါကိုယ်တိုင် ကျင့်ကြံသူကမ္ဘာထဲကို တကယ်ခြေမချဖူးသေးပေမဲ့ အဲဒီလောကရဲ့ ရက်စက်မှုကိုတော့ ငါမှန်းဆလို့ရတယ် သာမန်လူသားတွေကြားမှာတောင် တစ်ကိုယ်ကောင်းဆန်မှုတွေ ရှိနေတာပဲ ကျင့်ကြံသူတွေရဲ့ လောကကတော့ ဘယ်လောက်တောင် ကြမ်းတမ်းမလဲ ငါတို့ စိတ်ကူးလို့တောင် မရဘူး"

​"မင်းရဲ့ အစ်ကိုကြီးကတော့ အဲဒီမှာ ခြေကုပ်ယူနိုင်တဲ့ စွမ်းရည်ရှိတယ် မင်းကတော့ ဘာမှမသိလိုက်ခင်မှာပဲ အရှင်လတ်လတ် အစားခံလိုက်ရလိမ့်မယ်"

ဟု သူက ဆိုသည်။

"ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အင်အားမရှိမချင်း ဒီလိုအတွေးမျိုး ဘယ်တော့မှ မတွေးနဲ့ ဒီမှာပဲ ငြိမ်ငြိမ်လေးနေပြီး ကျင့်ကြံနေစမ်းပါ"

​ဖန့်ကျစ်ရွှယ်က လက်မခံချင်ဘဲ ငြင်းဆန်သည်။

"အဖိုးရယ် ဖန့်မိသားစုက သမီးကို ဘာလို့ ရန်မူမှာလဲ အဲဒါ သမီးတို့ရဲ့ မျိုးရိုးဇာစ်မြစ် မဟုတ်ဘူးလား"

​ဖန့်ချန်က ပြုံးလိုက်သည်။

"အဖိုးပြောတာ မှန်တယ် သူတို့က အဲဒီတုန်းက ငါတို့ ဘိုးဘေးကို နှင်ထုတ်ခဲ့တာ အခု ငါတို့ ပြန်သွားရင် သူတို့ ဘယ်လိုတုံ့ပြန်မလဲ ဘယ်သူမှမသိဘူး သူတို့ရဲ့ သဘောထားကို ငါတို့ မသေချာဘူးလေ"

ဟု သူက ဆိုသည်။

"အဖိုးစကားကို နားထောင်ပြီး ဒီမှာပဲ ကျင့်ကြံနေပါအောင်မြင်ခြင်းယဗုဒ္ဓတို့လည်း ရှိနေတာပဲဆိုတော့ မင်း ပျင်းမှာ မဟုတ်ပါဘူး"

​ဖန့်ကျစ်ရွှယ်က နှုတ်ခမ်းဆူကာ တိတ်ဆိတ်သွားတော့သည်။

သူမ အကျိုးအကြောင်းကို နားလည်သော်လည်း အနည်းငယ်တော့ စိတ်မကျေမနပ် ဖြစ်နေမိသည်။

သူမသည် ကျင့်ကြံသူများ၏ ကမ္ဘာကို တကယ်ပင် စူးစမ်းချင်နေခဲ့ခြင်း ဖြစ်သည်။

​ဖန့်ကျစ်ရွှယ် လက်ခံသွားသည်ကို မြင်သောအခါ ဖန့်ချန်က ရုတ်တရက် တစ်ခု သတိရသွားသည်။

"အဖေနဲ့ အမေကော သူတို့ကို မတွေ့မိလို့"

ဟု သူက မေးလိုက်သည်။

​"သူတို့ ခရီးထွက်သွားကြတယ် မဟာရှရဲ့ အပြင်ဘက်မှာ ဘာတွေရှိသလဲဆိုတာ သွားကြည့်ချင်တယ်တဲ့"

ဖန့်ကျန့်ထျန်းက ခပ်ပြုံးပြုံးဖြင့် ဖြေသည်။

​ဖန့်ချန်၏ အပြုံးမှာ ခါးသက်သက် ဖြစ်သွားသည်။

"သူတို့ အန္တရာယ်တွေ့မှာ မကြောက်ကြဘူးလား"

​"သူတို့မှာ ခရမ်းရောင် လျှပ်စီးအဆောင် တွေ အများကြီး ပါသွားတာပဲ၊ အဆင်ပြေမှာပါ ဒါ့အပြင် မင်းအဖေက အရမ်း သတိကြီးတယ်ဘယ်လို သွားလာရမလဲ သူသိပါတယ် ကြီးကြီးမားမား ပြဿနာ မရှိနိုင်ပါဘူး"

ဖန့်ကျန့်ထျန်းက ရယ်မောလိုက်သည်။

"ပြီးတော့ သူက ကျင့်ကြံဖို့ ပါရမီမပါတော့ ဒီလို ခရီးထွက်တာက သူ့အတွက် ထူးခြားတဲ့ အခွင့်အရေးတွေ ရလာနိုင်တာပေါ့"

ဟု သူက ဆိုသည်။

"မင်း သူတို့အတွက် စိတ်မပူပါနဲ့ ကိုယ့်ဘာသာကိုယ်ပဲ အာရုံစိုက်ပါ"

​ဖန့်ချန်က တိတ်ဆိတ်စွာ ခေါင်းညိမ့်လိုက်သည်။

​နောက်တစ်နေ့တွင် ဖန့်ချန်သည် လျိုမူကိုခေါ်ကာ မြို့တော်သို့ ပြန်လာခဲ့သည်။

ကျောက်ယန်နှင့် အခြားလူများသည် နှင်းရေခဲအင်ပါယာ၏ သိုင်းကျမ်းများကို မိတ္တူကူးပြီးပြီ ဖြစ်သည်။

နန်းတော်တွင်လည်း ကျမ်းစာဆောင် ကို အသည်းအသန် တည်ဆောက်နေကြသည်။

​ဖန့်ချန်သည် ထိုသုံးဦးအား မူရင်းကျမ်းစာများကို ဖန့်အိမ်တော်သို့ ပို့ခိုင်းပြီး ထိုနေရာ၌ပင် ဆက်လက်ကျင့်ကြံနေရန် ညွှန်ကြားလိုက်သည်။

ထို့ပြင် ကျောက်ယန်ကိုလည်း အကယ်၍ သူသာ ကောင်းကင်နက်နဲခြင်းအဆင့် သို့ ရောက်ရှိခဲ့ပါက ဖန့်ကျန့်ထျန်းထံမှ ကျင့်စဉ်ကို တောင်းခံနိုင်ကြောင်း ပြောကြားခဲ့သည်။

​တစ်ချိန်တည်းမှာပင် သူသည် ခရမ်းရောင်ချီကျင့်စဉ် ၏ ပထမ သုံးဆင့်ကို မဟာရှ၏ လျှို့ဝှက်အစောင့်တပ်သားများ ထံသို့ ဖြန့်ဝေပေးရန် ရွှီဂီ ကို တာဝန်ပေးလိုက်သည်။

​ပြင်ဆင်မှုများ အားလုံးပြီးစီးသောအခါ ဖန့်ချန်သည် လျိုမူနှင့်အတူ မဟာရှမှ ထွက်ခွာခဲ့တော့သည်။

​မကြာမီတွင် သူတို့သည် လူစည်ကားလှသော ဆိပ်ကမ်းတစ်ခုသို့ ရောက်ရှိလာကြသည်။

​ကျင့်ကြံသူများသည် ထိုနေရာသို့ မကြာခဏ လာတတ်ကြသော်လည်း သာမန်လူများကမူ ထိုအချက်ကို မသိကြပေ။

ထိုနေရာတွင် နေထိုင်သူများသည် သူတို့ နေ့စဉ် ပခုံးချင်းတိုက် သွားလာနေသူများမှာ ကျင့်ကြံသူများ ဖြစ်နိုင်သည်ဟု စိတ်ကူးပင် မယဉ်နိုင်ကြချေ။

​"မြေပုံက ဖန့်မိသားစုရဲ့ မျိုးရိုးဇာစ်မြစ်ကို အဓိက လမ်းညွှန်ထားတာ ဖြစ်ပေမဲ့၊ အဲဒီမှာပါတဲ့ တခြား အမှတ်အသားတွေကလည်း အများကြီး အထောက်အကူ ဖြစ်နိုင်တယ်"

ဟု ဖန့်ချန်က ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော သင်္ဘောများကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

​မြေပုံပေါ်တွင် ဆိပ်ကမ်းပေါင်း ရာချီကို မှတ်သားထားပြီး ထိုဆိပ်ကမ်းမှာလည်း တစ်ခုအပါအဝင် ဖြစ်သည်။

ဤမြေပုံသာ မရှိလျှင် ကျင့်ကြံသူများ အမြဲ လာရောက်တတ်သည့် ဆိပ်ကမ်းတစ်ခု ထိုနေရာတွင် ရှိနေလိမ့်မည်ဟု သူ ထင်မိလိမ့်မည် မဟုတ်ပေ။

​ဖန့်ချန်သည် မည်သည့်သင်္ဘောက သာမန်လူများ ပိုင်ဆိုင်ပြီး၊ မည်သည့်သင်္ဘောက ကျင့်ကြံသူများ ပိုင်ဆိုင်သည်ကို ခွဲခြားနိုင်သဖြင့် လျိုမူကို အလတ်စား သင်္ဘောတစ်စင်းပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။

​ဖန့်ချန်၏ စိတ်အာရုံမှာ အနည်းငယ် လှုပ်ခတ်သွားသည်။

​ဒီသင်္ဘောမှာ ဝိညာဉ်တံဆိပ် ဆယ်ခု ပါတာပဲ။ ဒါဟာ ရတနာတစ်ခုပဲ။

​ရုတ်တရက် အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖန့်ချန်ထံ ချဉ်းကပ်လာသည်။

"ဘယ်ကို သွားချင်လို့လဲ ကျွန်တော်တို့ သင်္ဘောက နေရာ ၄ ခုကို ဖြတ်သွားမှာပါ အဲဒါတွေကတော့..."

​ဖန့်ချန်သည် ထိုနေရာ အများစုကို မသိသဖြင့် ပြုံးကာ မေးလိုက်သည်။

"ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်း (ာကို သွားမယ့် သင်္ဘောရှိလား"

​"ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်းလား ဪ သူငယ်ချင်းဆီ အလည်သွားမလို့လား"

အသက်လတ်ပိုင်း အမျိုးသားက ပြုံးပြသည်။

"တိုက်ဆိုင်လိုက်တာ ကျွန်တော့်ရဲ့ ဒီသင်္ဘောက ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်းကို တကယ်ပဲ ဖြတ်သွားမှာပါ"

​"ဒါ ခင်ဗျားရဲ့ သင်္ဘောလား"

ဖန့်ချန်က စူးစမ်းစွာ မေးသည်။

​ထိုအမျိုးသားသည် ဖန့်ချန် ဘာတွေးနေသည်ကို သိပုံရကာ သက်ပြင်းချလိုက်သည်။

"ဟုတ်ပါတယ် ဝိညာဉ်ကျောက်တုံးလေး အနည်းငယ်ရဖို့ ကျွန်တော့်မှာရှိတဲ့ အရာအားလုံးကို ပုံအောပြီး ဒီသင်္ဘောကို တည်ဆောက်ခဲ့ရတာပါ"

​"ကောင်းပါပြီ လူနှစ်ယောက် ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်း အထိကို ခရီးစရိတ် ဘယ်လောက်ကျမလဲ"

​ဝတ်ရုံနက်ဖြင့် တစ်ကိုယ်လုံး ဖုံးအုပ်ထားသော်လည်း အနံ့ဆိုးများကို မဖုံးကွယ်နိုင်သော လျိုမူကို ထိုလူက တစ်ချက်ကြည့်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် စူးစမ်းလိုစိတ်များ ဖြတ်ပြေးသွားသော်လည်း သူ မမေးမြန်းပေ။

သူတစ်ပါး၏ လျှို့ဝှက်ချက်ကို စပ်စုခြင်းမှာ ကျင့်ကြံသူများကြားတွင် တားမြစ်ချက်တစ်ခု ဖြစ်သည်။ အမေးအမြန်း မှားသွားပါက မိမိကိုယ်ကိုယ် ဘေးခေါ်သလို ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

​"လူနှစ်ယောက်လား."

ထိုသူက ခဏမျှ စဉ်းစားပြီးနောက်

"တစ်ယောက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅ တုံးစီဆိုရင် ဘယ်လိုလဲ"

ဟု ဆိုသည်။

​ဖန့်ချန်က ပြုံးလိုက်သည်။

"နည်းနည်း မများလွန်းဘူးလား"

​ထိုသူက ချက်ချင်း စိုးရိမ်သွားသည်။

"ဘယ်လိုလုပ် များမှာလဲ ဒါဟာ သင့်တင့်တဲ့ ဈေးနှုန်းပါ မိတ်ဆွေ မယုံရင် ပတ်ဝန်းကျင်မှာ စုံစမ်းကြည့်လို့ ရပါတယ်"

ဟု သူက ဆိုသည်။

"ကျုပ် နာမည်ကောင်းကို အားလုံး သိကြပါတယ် ရိုးသားစွာ စီးပွားရှာတာပါ ကျုပ် မှာ တခြားသူတွေထက် ကျုပ် ဆီမှာပဲ လာစီးတဲ့ ဖောက်သည်ဟောင်းတွေတောင် ရှိပါတယ် ဘယ်တော့မှ ဈေးမတင်ပါဘူး"

​ဖန့်ချန်က ရယ်မောလိုက်သည်။

"ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်း အထိကို ဘယ်လောက်ကြာမှာလဲ "

​"သုံးရက်ပါ သုံးရက်ပဲ ကြာမှာပါ"

ဟု ဆရာကြီးတင့်က အလျင်အမြန် ဖြေသည်။

​"သုံးရက်လား မဆိုးပါဘူး။"

ဖန့်ချန်က ခေါင်းညိမ့်ပြကာ ဝိညာဉ်ကျောက်တုံး ၁၀ တုံး ထုတ်ပေးလိုက်သည်။

​ဆရာကြီးတင့်သည် ချက်ချင်းပင် ပျော်ရွှင်သွားတော့သည်။ ပိုက်ဆံရပြီးနောက် သူသည် ထိုနှစ်ဦးကို သင်္ဘောပေါ်သို့ နွေးထွေးစွာ ခေါ်ဆောင်သွားပြီး အခန်းစီစဉ်ပေးကာ သူတို့ကို ပြုစုရန် သာမန်လူ အစေခံတစ်ဦးကိုပင် ထားပေးလိုက်သည်။

​"နေ့တစ်ဝက်လောက်နေရင် ရွက်လွှင့်တော့မယ် မိတ်ဆွေတို့ အခန်းထဲမှာပဲ အနားယူနေပါသုံးရက်ဆိုတာ မျက်စိတစ်မှိတ်အတွင်း ကုန်သွားမှာပါ အဲဒီရောက်ရင် တစ်ယောက်ယောက်က လာအကြောင်းကြားပါလိမ့်မယ်"

​မှာကြားပြီးနောက် ဆရာကြီးတင့်သည် အခန်းတံခါးကို ပိတ်ကာ အလျင်အမြန် ထွက်သွားတော့သည်။

​ဆရာကြီးတင့် ကတိပေးထားသည့်အတိုင်း သင်္ဘောသည် နာရီအနည်းငယ်အကြာတွင် စတင်ထွက်ခွာခဲ့သည်။

ဖန့်ချန်သည် သူ၏ ဝိညာဉ်အာရုံကို သုံး၍ စောင့်ကြည့်ရာ ဆရာကြီးတင့်၏ ကျင့်ကြံမှုမှာ သင်္ဘောကို ထိရောက်စွာ မောင်းနှင်နိုင်လောက်အောင် မမြင့်မားကြောင်း တွေ့ရသည်။ သူသည် ချီသန့်စင်ခြင်း အဆင့် ၇ သာ ရှိသေးသည်။

​သင်္ဘောသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများကို လောင်စာအဖြစ် အသုံးပြုထားခြင်းဖြစ်ကြောင်း ဖန့်ချန် တွေ့ရှိလိုက်သည်။

ဝိညာဉ်ကျောက်တုံးများကို တစ်ခုပြီးတစ်ခု အသုံးပြုကာ ဝိညာဉ်စွမ်းအင်ကို တွန်းအားအဖြစ် ပြောင်းလဲပေးခြင်းဖြစ်ရာ သင်္ဘောမှာ ပင်လယ်ပြင်ထက်တွင် အလွန် လျင်မြန်စွာ ခရီးနှင်နိုင်ခြင်း ဖြစ်သည်။

​ဝိညာဉ်ကျောက်တုံးသုံးပြီး သင်္ဘောမောင်းတဲ့ နည်းပညာဟာ အဆင့် ၆ ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့ အင်ပါယာတွေရဲ့ တီထွင်မှု ဖြစ်နိုင်တယ်။

ဒီသင်္ဘောက သူ့ရဲ့ ပိုင်ဆိုင်မှု အားလုံး ကုန်သွားတယ်ဆိုတာ မဆန်းပါဘူး ဟု ဖန့်ချန် စိတ်ထဲမှ တွေးလိုက်သည်။

​ထိုသင်္ဘောကို ရအောင် ဝယ်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် ဆရာကြီးတင့်၏ နောက်ခံမှာ မရိုးရှင်းကြောင်း ဖန့်ချန် ရိပ်မိသည်။

အဆက်အသွယ် မရှိဘဲနှင့် ထိုကဲ့သို့ တန်ဖိုးကြီး စီးပွားရေးကို ဘေးကင်းစွာ လုပ်ကိုင်ရန် မဖြစ်နိုင်ပေ။

သင်္ဘောစီးခမှာလည်း မသက်သာလှပေ။ သင်္ဘောပေါ်တွင် ကျင့်ကြံသူ ၄၀ ကျော် ပါလာပြီး အချို့မှာ အဝေးကြီးကို သွားကြမည့်သူများ ဖြစ်သည်။ ထိုသူများ၏ အခကြေးငွေမှာ ၇ တုံး၊ ၈ တုံးခန့် ရှိနိုင်ပေသည်။

​သင်္ဘောသည် ဝိညာဉ်ကျောက်တုံး စားသုံးမှုတွင် အလွန် ထိရောက်လှသဖြင့် ဆရာကြီးတင့်အနေနှင့် ခရီးစဉ်တစ်ခုလျှင် ကျောက်တုံး တစ်ရာခန့် အလွယ်တကူ ရရှိနိုင်ပေသည်။

၎င်းမှာ အလွန် အကျိုးအမြတ်များသော စီးပွားရေး ဖြစ်သည်။ ဖန့်ချန် တွေးမိသလောက် အကုန်အကျမှာ ရံဖန်ရံခါ ဖြစ်ပေါ်တတ်သည့် ပြုပြင်ထိန်းသိမ်းစရိတ်သာ ရှိပေလိမ့်မည်။

​ဆရာကြီးတင့်တွင် အားကိုးရမည့် နောက်ခံတစ်ခု ရှိရပေမည်။ သို့မဟုတ်ပါက ထိုမျှ ဝိညာဉ်ကျောက်တုံး အမြောက်အမြားနှင့် အမြဲ သွားလာနေသူတစ်ဦးမှာ ဓားပြတိုက်ခံရရန် အလွန် လွယ်ကူလှသည် မဟုတ်ပါလား။

​သုံးရက်ဆိုသော အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။

​ထိုသုံးရက်အတွင်း ဖန့်ချန်သည် ခရမ်းရောင် လျှပ်စီးအဆောင် အချို့ကို ပြုလုပ်ခဲ့ပြီး သူ၏ ဝိညာဉ်စွမ်းအားမှာ သိသိသာသာ တိုးတက်လာခဲ့သည်။

နောက်တစ်လခန့်နေလျှင် သူ၏ ကိုးခုမြောက် မသေမျိုးသွေးကြောကို စုစည်းနိုင်လိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။

​တံခါးခေါက်သံ ကြားလိုက်ရသည်။

"သခင်လေး သင်္ဘော ဆိုက်ကပ်ပါပြီ"

​ခဏအကြာတွင် ဖန့်ချန်သည် လျိုမူနှင့်အတူ အခန်းထဲမှ ထွက်လာခဲ့သည်။

သူ လှမ်းကြည့်လိုက်သောအခါ စိမ်းလန်းစိုပြည်သော ကျွန်းကြီးတစ်ကျွန်းကို မြင်လိုက်ရသည်။

ထိုဆိပ်ကမ်းမှာ သူတို့ စတင်ထွက်ခွာခဲ့သော ဆိပ်ကမ်းလောက် မစည်ကားသော်လည်း အရင်က ရှယားယိ နှင့်အတူ သင်္ဘောတက်ခဲ့သည့် ဆိပ်ကမ်းထက်တော့ ပို၍ စည်ကားနေဆဲ ဖြစ်သည်။

​သူ သင်္ဘောပေါ်မှ မဆင်းခင် ဆရာကြီးတင့်က အနားသို့ လာသည်။

"မိတ်ဆွေ ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်းက ဒီကျွန်းပေါ်မှာ ရှိတာပါ"

ဟု သူက ဆိုကာ အဝေးမှ ခပ်ဝါးဝါး မြင်နေရသည့် ကျောင်းဆောင်၏ ပုံရိပ်ကို ညွှန်ပြသည်။

"ဒီကို သင်္ဘောတွေ နေ့တိုင်း ဖြတ်သွားတတ်တာမို့လို့ ခင်ဗျား ဘယ်အချိန်ပဲ ပြန်ချင်ပြန်ချင် သင်္ဘောရှာရတာ မခက်ပါဘူး"

​"ကျေးဇူးတင်ပါတယ် ဆရာကြီးတင့်"

ဖန့်ချန်က ပြုံးကာ ဆရာကြီးတင့်ကို ဦးညွတ်နှုတ်ဆက်လိုက်သည်။

"ပြန်တွေ့ကြတာပေါ့"

All Chapters