← Chapters

Ch 1054 (ခေါင်းကိုးလုံးသားရဲ)

Vol. 71 Ch. 1054

Ch 1054 (ခေါင်းကိုးလုံးသားရဲ)

Vol. 71 Ch. 1054

ထိုအချိန်မှာ နတ်ဘုရားသစ်တောကို လွှတ်ပေးလိုက်ပြီး လောထျန်းက လောရှောင်းရှောင်း ရှိရာကို လျင်မြန်စွာ သွားလိုက်သည်။

သူမ၏ နဖူးတစ်ပြင်လုံးတွင် ချွေးများရွှဲရွှဲစိုနေကာ တစ်ကိုယ်လုံး တုန်ယင်နေလေ၏။

“အကိုကြီး… ကျွန်မ ဘာဖြစ်သွားမှန်းမသိဘူး။ ရုတ်တရက် ထူးခြားအသိစိတ်ပင်လယ်က အလိုလို အသက်ဝင်လာခဲ့တယ်”

သူမက တုန်ယင်စွာ ဆိုသည်။

လောထျန်း မျက်မှောင်ကြုတ်သွားလေ၏။

ဘာတွေ ဖြစ်သွားခဲ့ပါသနည်း။

ထိုအချိန်မှာပဲ ဒါလောင်မသေမျိုးဘုရင်ကြီးက ရုတ်တရက် အရှေ့တိုးကာ ပြောလာသည်။

“သခင်လေးလောထျန်း… အစောက ဒီမိန်းကလေးရဲ့ ထူးခြားစိတ်စွမ်းအင်ပင်လယ် လား”

သူက သတိထားနေသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

ဒါလောင်မသေမျိုးသခင်ကြီးက တစ်ခုခု သိနေမှန်း မှန်းဆမိလိုက်သောကြောင့် လောထျန်း အလျင်စလို မေးလိုက်လေ၏။

“ဟုတ်တယ်.. ဒါပေမဲ့ ဒါနဲ့ပတ်သတ်ပြီး ကျုပ်တို့လဲ သေချာနားမလည်ခဲ့ကြဘူး။ ခင်ဗျားသိလား”

အကုန်လုံး ဒါလောင်မသေမျိုး ဘုရင်ကြီးကို ကြည့်လိုက်ကြသည်။

ထိုသူ၏ မျက်နှာက အနည်းငယ် မည်းမှောင်သွားလေကာ..

“ဒီထူးဆန်းတဲ့သားရဲရဲ့ပုံစံက နတ်ဘုရားတောအုပ်ထဲက နမိတ်ဆိုးနဲ့ တူနေတယ်ရော..”

“ဘာ”

လောမိသားစုဝင်များ ထိတ်လန့်သွားကြသည်။

“နမိတ်ဆိုးဟုတ်လား။ သေချာ ရှင်းပြစမ်းပါဗျာ” လောမိသားစုထဲက အကြီးတစ်ယောက်က မသာမယာ မျက်နှာထားဖြင့် ပြောလိုက်သည်။

အကုန်လုံး၏ အကြည့်က ဒါလောင်မသေမျိုး ဘုရင်ကြီး အပေါ်မှာသာ ကျရောက်နေသည်။

ဒါလောင်မသေမျိုးဘုရင်ကြီး၏ မျက်နှာက တည်တံ့သွားခဲ့သည်။

“တစ်ကယ်တော့ ကျုပ်လဲသေချာမသိဘူးဗျ။ ရှေးစာလိပ်တစ်ခုမှာ ဖတ်ဖူးတယ်.. နတ်ဘုရားတောအုပ်ရဲ့ နမိတ်ဆိုးတွေက အရမ်းအင်အားကြီးကြတယ်.. ဒါပေမဲ့ ကျုပ်တို့မြင်ဖူးတဲ့ အကောင်တွေကလဲ များများစားစား မရှိဘူး”

“ဒါပေမဲ့ ဒီခေါင်းကိုးလုံးသားရဲက နမိတ်ဆိုးတွေထဲကတစ်ကောင်ပဲ.. တစ်ခါက ခေါင်းကိုးလုံး နမိတ်ဆိုးတစ်ကောင် အပေါ်ကမ္ဘာကို ကျူးကျော်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲ့တုန်းက အပေါ်ကမ္ဘာမှာ မသေမျိုးဧကရာဇ်တွေလဲ ရှိပြီး အထွတ်အထိပ်ရောက်နေတဲ့ အချိန် ဖြစ်နေတယ်လေ.. အဲ့တော့ အဲ့ကောင်ကြီးရောက်လာတာနဲ့ မသေမျိုးဧကရာဇ်ငါးပါး ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာပေါ့”

“တိုက်ပွဲက အရမ်းပြင်းထန်ခဲ့တယ်။ မသေမျိုးဧကရာဇ်နှစ်ယောက် ပွဲချင်းပြီး သေသွားတဲ့အပြင် ကျန်သုံးယောက်လည်း အပြင်းအထန် ထိခိုက်ပြီး သန်မာမှုတွေ ဆုံးရှုံးလိုက်ရတယ်”

“ဒါပေမဲ့ ခေါင်းကိုးလုံးနမိတ်ဆိုးလဲ ထိခိုက်ခဲ့တယ်.. အဲ့ကောင်ရဲ့ ခေါင်းတွေအများကြီးပဲ အပေါ်ကမ္ဘာမှာ ကျန်နေခဲ့ပြီး အဓိကခန္ဓာကိုယ်ကပဲ နတ်ဘုရားတောအုပ်ထဲ ​ပြန်ရောက်သွားတာ”

“ အဲ့ဒီတိုက်ပွဲက နာမည်ကြီးပဲဗျ။ ကျုပ်တောင် အဲ့ထူးဆန်းတဲ့သားရဲ ရဲ့ ပုံတူတွေ လိုက်ရှာကြည့်ခဲ့တာ”

ထို့နောက်တွင် ဒါလောင်မသေမျိုးဘုရင်ကြီးက လောရှောင်ရှောင်းကို ရှုတ်ထွေးစွာ ကြည့်လိုက်သည်။

“ဒါပေမဲ့ ဒီမိန်းကလေးမှာ ဘာလို့အခုလို အစွမ်းရှိနေလဲ ကျုပ်မသိဘူး… ဒါ နတ်ဘုရားတောအုပ်ရဲ့ နည်းလမ်းပဲလား”

လောထျန်း အနည်းငယ် မျက်လုံးများ ကျဥ်းမြှောင်းလိုက်သည်။

“နတ်ဘုရားတောအုပ်ရဲ့ နည်းလမ်းဟုတ်လား။ အဲ့ကောင်တွေက ကျုပ်မိသားစုကို ထိခိုက်စေချင်တာလား”

သူသည် လောရှောင်ရှောင်း၏ ထူးခြားစိတ်စွမ်းအင်ပင်လယ်နှင့် ပတ်သတ်ပြီး ဘာမှ မသိခဲ့ချေ။ ထိုအရာက အင်အားကြီးမှန်း တစ်ခုသာ သိခဲ့သည်။

လောမိသားစု၏ ကြောက်စရာဘီလူးစွမ်းရည် များကြားတွင် လော​ရှောင်ရှောင်း၏ ထူးခြားစိတ်စွမ်းအင်ပင်လယ်က ထိပ်သီးနေရာ ယူနိုင်ခဲ့သည်။

ယခင်က သူသည် ထိုအရာကြီးက ရှေးနတ်သားရဲများ၏ ကိုယ်ပွားဖြစ်မည်ဟုသာ ထင်မှတ်ခဲ့၏။

အခုမှသာ ဖြစ်ကြောင်းကုန်စင် နားလည်ခဲ့သည်။

“ဒီလောကမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိဘူး.. လူတစ်ယောက်ရဲ့ အသိစိတ်ပင်လယ်က နတ်ဘုရားတောအုပ်နဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ကျုပ် တစ်ခါမှ မကြားဖူးဘူး”

အဖြူရောင်ဝတ် အဘိုးအိုက ရုတ်တရက် ပြောလိုက်သည်။

ထိုသူ၏.ဆိုလိုရင်းက ရိုးရှင်းပါသည်။

လောရှောင်ရှောင်း၏ အသိစိတ်ပင်လယ်က နတ်ဘုရားတောအုပ်၏ လက်ချက်ဟု စွပ်စွဲလိုက်ခြင်းပေ။

“ဘာကိစ္စ မဖြစ်နိုင်ရမှာလဲ” အနားမှာ ရှိနေသော လောထျန်းက ချက်ချင်းပဲ လှည့်မေးလိုက်လေသည်။

ဒါလောင်မသေမျိုးဘုရင်ကြီး တည်ငြိမ်စွာ ရှင်းပြရတော့၏။

“ကျုပ်အရင်က ပြောခဲ့သလိုပဲ ဒဏ်ရာရသွားခဲ့တဲ့ မသေမျိုးဧကရာဇ်ကြီး သုံးယောက်က ဒီမှာကျန်ခဲ့တဲ့ ခေါင်းကိုးလုံးနဲ့ နတ်ဘုရားတောအုပ်ထဲက အကောင်နဲ့ ပြန်ပေါင်းပြီး ဒုက္ခပေးလာမှာ စိုးရိမ်ခဲ့တဲ့အတွက် သူတို့က ခေါင်းကိုးလုံးရဲ့ အရောင်အဝါနဲ့ သွေးစွမ်းအင်ကို ပိတ်သိမ်းလိုက်တယ်။ ကြွေ့ထျန်းလျို့ဝှက်နယ်မြေကို ဖွင့်ပြီးတာနဲ့ အဲ့ဒါကြီးကို အထဲမှာ ပိတ်သိမ်းထားခဲ့လိုက်ကြတယ်”

ထို့နောက်မှာ ဒါလောင်မသေမျိုးဘုရင်က အနောက်မှာရပ်နေသော အဖြူအမဲအဘိုးကြီးနှစ်ယောက်ကို လှည့်ကြည့်ပြီး ဆက်ပြောလိုက်သည်။

“ ကြွေ့ထျန်း.လျို့ဝှက်နယ်မြေရဲ့ အကာအကွယ်အစီအမံက ဘယ်လောက် ခိုင်မာလဲ ကျုပ်ပြောပြဖို့ လိုမယ်မထင်ပါဘူး.. ဟုတ်တယ်မလား။ ဒါပေမဲ့ အဲ့ဒီထဲက အကြွင်းအကျန်တွေက ဘာကြောင့်များ ဒီမိန်းကလေးရဲ့ ထူးခြားစိတ်စွမ်းအင်ပင်လယ် ဖြစ်လာခဲ့ရတာလဲ”

အဖြူအမဲ အဘိုးကြီးနှစ်ယောက် ခဏမျှ ဆွံ့အသွားလေသည်။

ထိုအချိန်မှာ လောထျန်း ရုတ်တရက် ဖြတ်ပြောလိုက်သည်။

“ ကြွေ့ထျန်း လျို့ဝှက်နယ်မြေ ဟုတ်လား”

ဒါလောင်မသေမျိုး ဘုရင်ကြီး ခေါင်းညိတ်လိုက်လေကာ

“ဟုတ်တယ် မသေမျိုးဧကရာဇ်ကြီးသုံးပါး ပူးပေါင်းဖွင့်ထားတဲ့ ကြွေ့ထျန်းလျို့ဝှက်နယ်မြေပဲ။ အဲ့ဒါက ခေါင်းကိုးလုံးကို ချုပ်နှောင်ဖို့ ရည်ရွယ်ခဲ့ကြတာ”

“နောက်ပိုင်းမှာ အပေါ်ကမ္ဘာနဲ့ နတ်ဘုရားတောအုပ်က တိုက်ပွဲတွေ ဆက်ဖြစ်ကြသေးတယ်။ အဲ့မှာ တစ်ချို့သတ်မရတဲ့ နမိတ်ဆိုးတွေကိုလဲ အဲ့ထဲ ပိတ်သိမ်းခဲ့ကြသေးတယ်”

“မသေမျိုးဧကရာဇ်တွေကလည်း ကြွေ့ထျန်းလျို့ဝှက်နယ်မြေရဲ့ အကာအကွယ် အစီအမံကို အဆတ်မပြတ် အားဖြည့်ခဲ့ကြတယ်။ ဒီကြွေ့ထျန်းလျို့ဝှက်နယ်မြေက ချင်းယွမ်ဒေသတစ်ခုလုံး..မဟုတ်သေးဘူး အပေါ်ကမ္ဘာတစ်ခုလုံးမှာ ချိုးဖောက်ရ အခက်ဆုံး နေရာတစ်ခုပဲဗျ”

လောထျန်း နားလည်လိုက်သည်.. ကြွေ့ထျန်းလျို့ဝှက်နယ်မြေက နမိတ်ဆိုးတွေအတွက် အကျဥ်းထောင် ဖြစ်လေသည်။

“ကျုပ်ကို ခေါ်သွားပေး” လောထျန်း ပြောလိုက်သည်။

လောရှောင်ရှောင်း ၏ အသိစိတ်ပင်လယ်နှင့် ပတ်သတ်နေမှတော့ သူ သွားကြည့်မှ ဖြစ်တော့မည်။

ဒါလောင်မသေမျိုးဘုရင်ကြီး ခဏတာ တွန့်ဆုတ်သွားခဲ့သော်လည်း ခေါင်းညိတ်ကာ ပြောလိုက်ပါသည်။

“ကောင်းပါပြီ။ ဒါဆိုကျုပ်နော​က် လိုက်ခဲ့ပါ”

ဒါလောင်မသေမျိုးဘုရင်ကြီးက လောထျန်းကို ယုံကြည်သွားဟန်ပင်။

မကြာမီမှာပဲ လောထျန်းတို့ အုပ်စုက ဒါလောင်မသေမျိုးဘုရင်ကြီး၏ နန်းတော်ရှေ့ ရောက်လာခဲ့သည်။

“ဒီကြွေ့ထျန်း လျို့ဝှက်နယ်မြေက အရေးပါတဲ့နေရာတစ်ခု ဖြစ်တဲ့အတွက် ဘယ်လိုအမှားကိုမှ ခွင့်ပြုမပေးနိုင်ဘူး။ မျိုးဆက်တိုင်းမှာ အင်အားကြီး ကာကွယ်သူတွေက လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြတယ်။ ကျုပ်ရဲ့အလှည့်မှာလဲ အမှားအယွင်းမခံနိုင်တဲ့အတွက် အခုလို ဝင်ပေါက်မှာ နန်းတော်တည်ထားပြီး ကိုယ်တိုင် စောင့်ကြပ်နေတာပဲ”

ဒါလောင်မသေမျိုးဘုရင်ကြီးက ရှင်းပြသည်။

အကုန်လုံး မနေနိုင်စွာ လှည့်ကြည့်လိုက်ကြပါ၏။ ဤဆယ်ဘွဲ့ရ မသေမျိုးဘုရင်ကြီးသည် တကယ်ကို အနစ်နာခံကာ အပေါ်ကမ္ဘာအတွက် အများကြီး ကြိုးစားပေးခဲ့လေသည်။

ဒီလိုနှင့် ဒါလောင်မသေမျိုးဘုရင်ကြီး၏ လမ်းပြမှုအောက်မှ နန်းတော်အောက်ခြေကို ရောက်လာခဲ့ကြသည်။

“မသေမျိုးဘုရင်ကြီး ရောက်လာပြီလား.. ထျန့်ကျီတားမြစ်တောင်ပေါ်က ကိစ္စကိုကော ဖြေရှင်းနိုင်သွားပြီလား”

ဝင်ပေါက်က အစောင့်များသည် ဒါလောင်မသေမျိုးဘုရင်ကြီးကို မြင်သည်နှင့် ရှုတ်ထွေးသော မျက်နှာများ ဖြစ်ကုန်ကြသည်။

အစောပိုင်းက ဒါလောင်မသေမျိုးဘုရင်ကြီး ထွက်သွားချိန်တွင် သူတို့တွေ သခင်ကြီးကို ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘူးဟုပင် ခံစားခဲ့ရ၏။ အခုလို လျင်မြန်စွာ ပြန်ရောက်လာခဲ့မည်လို့ မထင်ထားခဲ့ကြပေ။

“အင်း.. ကြွေ့ထျန်းလျို့ဝှက်နယ်မြေမှာ ထူးခြားတာတစ်ခုခု ဖြစ်ခဲ့သေးလား” ဒါလောင်မသေမျိုးဘုရင်ကြီးက မေးလိုက်တာပင်။

အစောင့်ခေါင်းဆောင်က ချက်ချင်းပဲ လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်သည်။

“အခု​လေးတင် ဂိုဏ်းကြီးတွေရောက်လာပြီး အထဲဝင်မဲ့ သူတို့ရဲ့နတ်ဘုရားသားတော်တွေ အတွက် စီစဥ်သွားခဲ့ကြပါတယ်။ ဂိတ်တံခါး ဖွင့်လိုက်တဲ့အချိန်မှာ အထဲမှာစောင့်နေတဲ့ သခင်ကြီးကုက အကုန်လုံးအဆင်ပြေတယ်လို့ ပြောထားခဲ့ပါတယ်”

ဒါလောင်မသေမျိုးဘုရင်ကြီး စိတ်သက်သာ သွားခဲ့သည်။

ထို့နောက် သူက လောထျန်းရှိရာကို လှည့်လိုက်ပြီး

“သခင်လေးလောထျန်း၊ သခင်ကြီးကုက တကယ်ကို လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ထူး တစ်ယောက်ဗျ။ သူသာ သေချာကျင့်ကြံရင် ဒီအချိန်မှာ ဆယ်ဘွဲ့ရ မသေမျိုးဘုရင် တစ်ယောက် ဖြစ်နေလောက်ပြီ”

“ဒါပေမဲ့ လူသားတွေရဲ့ အကျိုးအတွက် သူက ကြွေ့ထျန်းလျို့ဝှက်နယ်မြေကို စောင့်ကြပ်ဖို့ ရွေးချယ်ခဲ့တယ်။ သူက ချင်းယွမ်ဒေသရဲ့ အကြီးအကဲတစ်ယောက်လို့တောင် ပြောလို့ရတယ်.. သူ့ရဲ့စွန့်လွှတ်အနစ်နာခံမှုတွေကို ကြည့်ရင် ကျုပ်တောင် ရှက်မိပါရဲ့ဗျာ”.

ဒါလောင်မသေမျိုးဘုရင်ကြီးက လျို့ဝှက်နယ်မြေဝင်ပေါက်ကို လေးစားသော မျက်နှာထားဖြင့် ကြည့်လိုက်လေသည်။

All Chapters