← Chapters

Chapter 1048 An Alternative Way to Flatten the Forbidden Zone

Vol. 71 Ch. 1048

Chapter 1048 An Alternative Way to Flatten the Forbidden Zone

Vol. 71 Ch. 1048

ထိုမြင်ကွင်းကို ကြည့်နေကြသော အဝေးရှိ ဒါလောင်မသေမျိုးဘုရင်တို့ သုံးဦးသား၏ မျက်နှာထားများမှာ အလွန်တည်ငြိမ်နေကာ အံ့ဩသည့် အရိပ်အယောင် တစ်ချက်လေးမျှပင် မရှိပါချေ။

သူတို့နောက်ကွယ်မှ မျက်နှာပြာနှင့် အစွယ်ပါသည့်လူမှာမူ ထျန့်ကျီတောင်သခင်ကြီး၏ ကြေမွနေသော ခန္ဓာကိုယ်အောက်ပိုင်းကို ကြည့်လိုက်၊ သူ့ရှေ့မှ မသေမျိုးဘုရင် ထိုသုံးဦးကို ကြည့်လိုက်ဖြင့် တအံ့တဩ ဖြစ်နေပါ၏။

“သခင်ကြီးတို့... ဘာကို ကြည့်နေကြတာလဲဗျ။ အခုပွဲက ပြီးသွားပြီ မဟုတ်ဘူးလား?”

သူ ဇဝေဇဝါဖြင့် မေးလိုက်သည်။

ဝတ်စုံဖြူအဘိုးအိုက နှာခေါင်းရှုံ့ကာ ပြန်ပြောပါ၏။

“မင်း ဘာသိလို့လဲ။ ဒီလောက်အဆင့်ရှိတဲ့ တိုက်ပွဲက ဒီလောက်လွယ်လွယ်နဲ့ ဘယ်အဆုံးသတ်ပါ့မလဲ”

မျက်နှာပြာနှင့်လူ မှင်သက်သွားသည်။

ဝတ်စုံနက်အဘိုးအိုက ဆက်ပြော၏။

“မှန်တယ်ကွ၊ ထိပ်တန်းပညာရှင်တွေရဲ့ တိုက်ပွဲဆိုတာ အပြန်အလှန် ရှိစမြဲပဲ။ မင်းက ငါ့ကို အပြင်ပန်းမှာ အကြိမ်ကြိမ် သတ်ပြရင်ပြနိုင်မယ်၊ ပြီးရင် ငါက ပြန်ရှင်လာပြီး မင်းကို ပြန်သတ်မယ်၊ အဲ့ဒါကိုမှ မင်းက တစ်ခါ ပြန်ရှင်လာပြီး ငါ့ကို ပြန်သတ်ဦးမှာ။ အဲ့ဒီလို အပြန်အလှန် အကြိမ်ပေါင်း ဒါဇင်နဲ့ချီ တိုက်ပြီးမှ အနိုင်အရှုံး ပေါ်တာကွ။ ဒါက အစပဲ ရှိသေးတယ်!”

“အဲ... အဲ့ဒီလိုလား?”

မျက်နှာပြာနှင့်လူ အံ့အားသင့်သွားရပြန်ပါသည်။

ဝတ်စုံဖြူအဘိုးအိုက ထပ်ပြော၏။

“ဒါပေါ့! ဒါလောင် မသေမျိုးဘုရင် ခုနက ပြောတာ မကြားဘူးလား? ထျန့်ကျီတောင်သခင်ကြီး ကျင့်ကြံထားတဲ့ လမ်းစဉ်က မသေနိုင်သလောက်ပဲတဲ့။ အဲ့လိုလူက ဒီလောက်လွယ်လွယ်နဲ့ ဘယ်သေပါ့မလဲ”

ထိုစကားကို ကြားသောအခါ မျက်နှာပြာနှင့်လူက ဒါလောင်မသေမျိုးဘုရင်ဘက်သို့ အမြန်လှည့်ကြည့်လိုက်သည်။

မသေမျိုးဘုရင်ကြီးမှာ တိုက်ပွဲဖြစ်ပွားရာနေရာသို့ သေချာမလွတ်တမ်း စိုက်ကြည့်နေပြီး နောက်ထပ်ဘာဖြစ်လာမည်ကို သေချာ စောင့်ဆိုင်းနေပုံပင် ။

“ဩော်... အဲ့ဒီလိုကိုး!”

မျက်နှာပြာနှင့်လူမှာ ချက်ချင်း သဘောပေါက်သွားကာ သေချာမသိ‌လိုက်ရမည်စိုး၍ ထျန့်ကျီတောင်သခင်ကြီး၏ ကြွင်းကျန်ရစ်သော ခန္ဓာကိုယ်အပိုင်းအစများကို တစ်ချက်ကလေးပင် မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပါတော့သည်။

အခြားတစ်ဖက်မှ လောထျန်းကမူ ပြိုင်ဘက်အား လက်ဝါးတစ်ချက်တည်းဖြင့် ချေမှုန်းပြီးသည်နှင့် ကောင်းကင်ဘုံကျင့်စဉ် လက်ဝါးသိုင်းကို ရုပ်သိမ်း၍ စိတ်ပျက်လက်ပျက်ပုံဖြင့် လက်ရော ခေါင်းပါ ခါလိုက်သည်။

ထိုသို့ ခေါင်းခါလိုက်စဉ်မှာပင် ဒါလောင် မသေမျိုးဘုရင်နှင့် အခြားသူများက သူရှိရာဘက်သို့ လည်ပင်းရှည်များဖြင့် ငဲ့စောင်းကြည့်နေကြသည်ကို တွေ့လိုက်ရပါ၏။

ထိုမြင်ကွင်းကြောင့် သူအနည်းငယ်လည်း ကြောင်အမ်းသွားရပါသည်။

“ခင်ဗျားတို့က ဘာကို ကြည့်နေကြတာလဲ”

သူ သိချင်စိတ်ဖြင့် လှမ်းမေးလိုက်၏။

“ဟင်? သခင်လေး... အနောက်ကို သတိထားပါ!”

ဒါလောင် မသေမျိုးဘုရင်မှာ လောထျန်းတစ်ယောက် ထျန့်ကျီတောင်သခင်ကြီး၏ အကြွင်းအကျန်များအား ကျောခိုင်းထားသည်ကို မြင်ပြီး ချက်ချင်း မျက်နှာပျက်သွားတော့သည်။

လောထျန်းသည် မည်သူမည်ဝါဖြစ်ကြောင်း သူ မသိသော်လည်း၊ အနည်းဆုံးတော့ ရန်လို မဟုတ်သည်ကိုမူ သူ ခံစားမိပါ၏။

“ဟင်? အနောက်မှာလား?”

တဖက်မှ လောထျန်းက သူ့စကားကြောင့် နောက်လှည့်ကြည့်လိုက်ပါသည်။

ထို့နောက် သူ ခေါင်းပြန်လှည့်လာကာ ပြော၏။

“ နောက်မှာ ဘာမှလဲ မရှိပါဘူး!”

၎င်းကို ကြားရသောအခါ တဖက်မှ မျက်နှာပြာနှင့်လူမှာ အလွန်စိုးရိမ်သွားပုံဖြင့် ဝင်ပြောသည်။

“သခင်လေး... အဲ့ဒီကောင်က မသေနိုင်ဘူးဗျ၊ ဘယ်အချိန်မဆို ပြန်ရှင်လာနိုင်တယ်! ဒါက အချိန်ဆွဲတိုက်ရမယ့် တိုက်ပွဲပါ၊ အခုမှ စတာ!”

သူ့ပုံမှာလည်း အလွန်တက်ကြွနေကာ ချက်ချင်းပင် အပြေးလာ၍ကူညီပေးချင်နေသယောင် ။

သို့သော် တစ်ဖက်လူ၏ အစွမ်းက မည်သို့ရှိသည်ကိုလည်း သိထားသဖြင့် အနားမကပ်ရဲပါချေ။

လောထျန်းက အံ့ဩတကြီးဖြင့် ပြန်မေးလိုက်သည်။

“ဟင်? အဲ့ဒီလိုလား?”

ထိုအချိန်တွင် ဒါလောင် မသေမျိုးဘုရင်ကလည်း ဝင်ပြော၏။

“သခင်လေး... ဒီကောင့်ကို သတ်ရတာက မလွယ်ဘူး။ လုံးဝ ပေါ့ဆလို့ မရဘူးနော်!”

လောထျန်းက မျက်မှောင်ကြုံ့ကာ ထျန့်ကျီတောင်သခင်ကြီး၏ ကြေမွနေသော ခန္ဓာကိုယ်ကို လှည့်ကြည့်၍ လက်ညှိုးဖြင့် အသာအယာ ထိုးပြလိုက်၏။

“ဟင်... သခင်လေး သတိထားပါ!”

အဝေးမှ အဘိုးအို နှစ်ဦး ပို၍ပင် စိုးရိမ်သွားကြသည်။

လောထျန်း၏ အပြုအမူမှာ ပေါ့ပျက်ပျက် နိုင်လွန်းနေသည် မဟုတ်ပါလား ..

အကယ်၍ ပြိုင်ဘက်က အခွင့်ကောင်းယူပြီး တန်ပြန်တိုက်ခိုက်လာလျှင် အားလုံး ခက်သွားနိုင်ပါသည်။

သို့သော်……

ဘုန်း!

လောထျန်း လက်ညှိုးထိုးလိုက်သည်နှင့်တစ်ပြိုင်နက် ထျန့်ကျီတောင်သခင်ကြီး၏ ခန္ဓာကိုယ်အောက်ပိုင်းက နောက်သို့ လန်ကျသွားကာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျသွားတော့သည်။

လူတိုင်းအား ပို၍ တုန်လှုပ်စေသည့် အချက်မှာ ထိုခန္ဓာကိုယ်ကြီး ကျသွားပြီးနောက် ချက်ချင်းပင် ဖုန်မှုန့်များအဖြစ် ကြေမွပျက်စီးသွားကာ လောကကြီးထဲမှ လုံးဝ ပျောက်ကွယ်သွားခြင်းပင်။

အရိပ်အယောင်လေးပင် မကျန်ခဲ့ပါချေ။

“ဒါ”

လူတိုင်း ထိုမြင်ကွင်းကို ကြည့်ပြီး ဆွံ့အမှင်သက်သွားကြ၏။

ထိုခန္ဓာကိုယ်က ပျောက်သွားပြီလား?

မဟာတာအိုလမ်းစဉ်ကို ကျင့်ကြံထားသည်ဆိုသည့် နာမည်ဆိုးဖြင့် ကျော်ကြားလှသော ထျန့်ကျီတောင်သခင်ကြီးမှာ အမှန်တကယ် သေသွားပါသလား?

၎င်းမှာ အဖြစ်မှန် ဟုတ်ပါရဲ့လား?

မျက်နှာပြာနှင့်လူမှာလည်း အလွန် အံ့ဩတုန်လှုပ်နေဟန်ဖြင့် ဘေးလူများဘက် လှည့်ကြည့်ကာ ဆိုပါသည်။

“သခင်ကြီးတို့ ပြောတော့ တိုက်ပွဲက အခုမှ စတာဆို? ဒါက အခုမှစတဲ့ပုံနဲ့ မတူတော့ဘူးနော်”

ထိုတခဏ၌ မသေမျိုးဘုရင်တို့ သုံးဦးစလုံး အိုးတို့အမ်းတမ်း ဖြစ်ကုန်ကြသည်။

အထူးသဖြင့် သူတို့သုံးယောက်သား ယုံကြည်ချက်အပြည့်ဖြင့် ဝေဖန်ခဲ့ကြသော စကားများအား ပြန်တွေးမိချိန်တွင် မြေကြီးထဲသို့ ခေါင်းနှစ်ထားချင်စိတ်ပင် ပေါက်လာကြတော့၏။

သို့သော် ခဏအကြာတွင် ဒါလောင်မသေမျိုးဘုရင်က ဦးစွာ အသိပြန်ဝင်လာပါသည်။

သူ လောထျန်းကို ကြည့်သည့် အကြည့်တွင်လည်း ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေ၏။

လောထျန်းမှာ အလွန်အမင်း အစွမ်းထက်ကြောင်း သူ သိထားသော်လည်း၊ ယခုမှသာ လောထျန်း၏ အစွမ်းက သူ ထင်ထားသည်ထက် များစွာ ပိုကြောက်စရာကောင်းကြောင်း သဘောပေါက်လိုက်ရခြင်းပင်။

ထျန့်ကျီတောင်သခင်ကြီးကို သတ်ရန် မည်မျှ ခက်ခဲကြောင်း သူ ကောင်းကောင်း သိသည်။

ထိုကဲ့သို့သော ခန္ဓာကိုယ်နှင့် မဟာတာအိုလမ်းစဉ် ပိုင်ရှင်ကို မသေမျိုးဧကရာဇ် တစ်ပိုင်းအဆင့် ကျင့်ကြံသူချင်း တိုက်ခိုက်လျှင်ပင် အနိုင်ယူနိုင်မည့် အခွင့်ရေးရရန် အချိန်များစွာ ပေးရမည်ဖြစ်သလို အခြားသောအရာများစွာကိုလည်း စွန့်လွတ်စတေးရမည် ဖြစ်ပါ၏။

သို့သော် လောထျန်းက လက်ဝါးတစ်ချက်တည်းဖြင့် အပြတ်ရှင်းလိုက်တယ်တဲ့လား ။

ထိုလူမှာ... မည်မျှ အစွမ်းထက်ပါသလဲ?

“သခင်လေး... သခင်လေးရဲ့ နာမည်ကို သိပါရစေ”

ဒါလောင် မသေမျိုးဘုရင်က လောထျန်းအနားသို့ တရိုတသေ ချဉ်းကပ်ကာ လက်ဝါးနှစ်ဖက်စု၍ နှုတ်ဆက်လိုက်သည်။

“လောထျန်း”

လောထျန်းက ခပ်ပြတ်ပြတ်ပင် ပြန်ဖြေ၏။

“သခင်လေး လောထျန်း... ဒါဆိုရင် သခင်လေးက ဘာလို့ ထျန့်ကျီတောင်ရဲ့ သခင်ကြီးလို့ ပြောခဲ့ရတာလဲဆိုတာ သိခွင့်ရှိမလားဗျာ”

ဒါလောင် မသေမျိုးဘုရင်က လောထျန်းကို စိုက်ကြည့်ကာ မေးလိုက်သည်။

ထျန့်တောင်သည် သက်ရှိများအတွက် တားမြစ်နယ်မြေတစ်ခု ဖြစ်ပြီး နတ်ဘုရားတောအုပ်၏ နိမိတ်ဆိုးများဖြင့် ပြည့်နှက်နေသော နေရာပင်။

ထို့ကြောင့် မိမိကိုယ်မိမိ ထျန့်ကျီတောင်သခင်ကြီးဟု ပြောသည့် လောထျန်းအား သူ သတိထားသင့်သည် မဟုတ်ပါလား။

အကယ်၍ လောထျန်းသာ နတ်ဘုရားတောအုပ်မှ လွှတ်လိုက်သည့် အစွမ်းထက် နိမိတ်ဆိုး သတ္တဝါတစ်ကောင်ဆိုလျှင် အခြေအနေ မဟန်နိုင်ပါချေ။

လောထျန်းက ဘာကိုမျှ ဖုံးကွယ်မထားဘဲ ...

“အဲ့ဒါက ပြောရရင်အရှည်ကြီးပဲ!ကျုပ်က ဒီကို လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကမှ ထျန်းယွမ်ကမ္ဘာကနေ တက်လာခဲ့တာ...”

ဟု အစချီ၍ သူ ဒေသကြီးကိုးခုသို့ မည်သို့ရောက်လာကြောင်းနှင့် ထျန့်ကျီတောင်၌ မည်သို့ နေဖြစ်သွားသည်ကိုပါ အကျဉ်းချုပ် ပြောပြလိုက်ပါသည်။

လောထျန်းမှာ နတ်ဘုရားတောအုပ်မှ လာသူမဟုတ်ဘဲ ထျန်းယွမ်ကမ္ဘာမှ လာသူဖြစ်ကြောင်း သိရသောအချိန်တွင်မူ ဒါလောင်မသေမျိုးဘုရင် သက်ပြင်းချနိုင်သွားပါသည်။

သို့သော် ချက်ချင်းမှာပင် သူ ပြန်၍ ထိတ်လန့်တုန်လှုပ်သွားရပြန်၏။

ထျန်းယွမ်ကမ္ဘာမှ လူများက ဤမျှလောက်တောင် အစွမ်းထက်ပါသလား?

လောထျန်းတစ်ယောက် ကောင်းကင်ဘုံအဆင့် ကျင့်ကြံခြင်းသာ ရှိသေးကြောင်း သိလိုက်ရသည့်အခါတွင်ကား သူ့နားကိုပင် မယုံနိုင် ဖြစ်သွားတော့သည်။

သို့သော် လောထျန်း၏ အရောင်အဝါကို သေချာစစ်ဆေးကြည့်သည့်အခါ အမှန်တကယ်လည်း ကောင်းကင်ဘုံအဆင့်၏ လက္ခဏာရပ်များ ရှိနေသည်ကို တွေ့လိုက်ရပါသည်။

ထို့ကြောင့်လည်း သူ ပို၍ပင် တုန်လှုပ်သွားရပါ၏။

သို့သော်လည်း ဒါလောင် မသေမျိုးဘုရင်မှာ ဆယ်ဘွဲ့ရ မသေမျိုးဘုရင်တစ်ပါးဖြစ်သဖြင့် အံ့သြသွားသည့်တိုင် လျင်မြန်စွာပင် အရှိတရားကို လက်ခံလိုက်နိုင်ပါသည်။

လောကကြီးမှာ အလွန်ကျယ်ပြောသည်ဖြစ်ရာ လူထူးလူဆန်းများ ရှိနေခြင်းက သဘာဝကျပါသည်။

“ဒါဆိုရင်... သခင်လေး လောထျန်း၊ သခင်လေးက ထျန့်ကျီတောင်မှာပဲ ဆက်ပြီး နေသွားဖို့ အစီအစဉ် ရှိတာလား”

ဒါလောင် မသေမျိုးဘုရင် အသက်ပြင်းပြင်းရှိုက်ကာ မေးလိုက်၏။

လောထျန်းက ခေါင်းညိတ်၍ ပြန်ပြောသည်။

“ဟုတ်တယ်၊ ဒီနေရာက နည်းနည်းတော့ ထူးခြားတယ်။ မသေမျိုး သွေးကြောတွေ မရှိပေမဲ့ မသေမျိုးအစွမ်းနဲ့ စိတ်ဝိညာဉ်အစွမ်းတွေ တော်တော်လေး ကြွယ်ဝတယ်။ မြင့်မြတ်နယ်မြေလို့တောင် သတ်မှတ်လို့ရမယ်ထင်တယ်! ပြီးရင် တောင်တန်းတစ်ဝိုက်မှာ တခြားလူတွေလည်း မရှိဘူးဆိုတော့ ကျုပ် ဒီမှာပဲ အခြေချဖို့ ဆုံးဖြတ်လိုက်တာ”

ကြားလိုက်ရသည့်စကားကြောင့် ဒါ‌လောင် မသေမျိုးဘုရင်၏ နှုတ်ခမ်းများ တွန့်သွားပါသည်။

လောထျန်းတစ်ယောက် တားမြစ်နယ်မြေကို အပိုင်သိမ်းလိုက်ခြင်းပေလား။

၎င်းကို... တားမြစ်နယ်မြေအား နည်းလမ်းသစ်နဲ့ အမြစ်ပြတ်အောင် လုပ်လိုက်သည်ဟုပင် ပြောရမလို ...

All Chapters