Two Arms
Vol. 71 Ch. 1052
“ဒီကောင်က... အရှုပ်အထွေး နတ်ဘုရားမြို့တော်ကို လုဖို့ ကြိုးစားနေတာလား?”
တစ်ယောက်က အံ့သြတကြီး အော်လိုက်သည်။
“ဘာ! ဒါ... ဒါက အရှုပ်အထွေး နတ်ဘုရားမြို့တော်လား?”
ဒါလောင် မသေမျိုးဘုရင်ထံမှလည်း မယုံနိုင်သည့် တအံ့တဩရေရွတ်သံ ထွက်လာပါ၏။
အရှုပ်အထွေး နတ်ဘုရားမြို့တော်ဆိုသည်မှာ ချင်းယွမ်ဒေသ၏ နံပါတ်တစ် လျှို့ဝှက်ဒေသတစ်ခုပင်!
ပျောက်ဆုံးနေခဲ့သော ထိုမြို့တော်ကြီးကို လတ်တလောကမှ ကောင်းကင်ဘုံသားတော်က ပြန်လည်ဖွင့်လှစ်ခဲ့သခြင်း ဖြစ်ပါသည်။
လောထျန်းက ဒါကြီးကိုပါ သယ်ထုတ်လာခဲ့တာလား?
ဘုန်း!
သူ အံ့ဩ၍ မဆုံးသေးခင်မှာပင် ထိုလက်မောင်းကြီးက မြို့တော်ကြီးအား နတ်ဘုရားတောအုပ် ဝင်ပေါက်ဆီသို့ အတင်းအဓမ္မ ဆွဲခေါ်သွားနေသည်ကို မြင်လိုက်ရပါ၏။
“မဖြစ်ဘူး! အဲ့ဒီမြို့တော်ကြီးပါသွားလို့ မရဘူး”
ဝတ်စုံဖြူအဘိုးအိုက ပထမဆုံး သတိဝင်လာကာ ထိတ်လန့်တကြား အော်ပြောလိုက်သည်။
၎င်းမှာ ချင်းယွမ်ဒေသ၏ ရတနာပါပင် .. အကယ်၍ ထိုရတနာသာ နတ်ဘုရားတောအုပ်ထဲသို့ ပါသွားလျှင် ... အကျိုးဆက်မှာ တွေးဝံ့စရာပင် မရှိတော့ပေ။
၎င်းအပြင် သူတို့ နားလည်ထားသလောက် ဤမြို့တော်မှာ အရှုပ်အထွေး မသေမျိုးဧကရာဇ်၏ အမွေအနှစ် ဖြစ်ပါ၏။
အရှုပ်အထွေး မသေမျိုးဧကရာဇ်ဆိုသည်မှာလည်း အပေါ်ကမ္ဘာ၌ အားလုံး၏ ကိုးကွယ်ရာ နတ်ဘုရားတစ်ပါးလိုပါပင်။
သူ့ပစ္စည်းကို နတ်ဘုရားတောအုပ်က လုသွားခြင်းမှာ ချင်းယွမ်ဒေသအတွက် အလွန်အရှက်ရစရာကောင်းသော ကိစ္စတစ်ခု ဖြစ်ပါသည်။
အဘိုးအို ထိုသို့တွေးပြီး ရှေ့တိုးရန် ပြင်လိုက်သော်လည်း ဒါလောင် မသေမျိုးဘုရင်က ဓားဖြင့် လှမ်းတားပါ၏။
“အဲ့ဘက်ကို မသွားနဲ့!”
ဒါလောင် မသေမျိုးဘုရင်က အံကြိတ်၍ ဆိုသည်။
“ဒါပေမဲ့ မသေမျိုးဘုရင်ကြီး... အဲ့ဒါက အရှုပ်အထွေး နတ်ဘုရားမြို့တော်လေ...”
ဝတ်စုံဖြူအဘိုးအိုက စိုးရိမ်တကြီး ပြန်ပြောလိုက်၏။
ဒါလောင် မသေမျိုးဘုရင်၏ မျက်လုံးများ တုန်ရီနေကာ နာကျင်စွာဖြင့် ဆိုပါသည်။
“ငါလည်း သိတာပေါ့! ငါလည်း အဲ့လိုပါသွားမှာကို မလိုလားပါဘူး! ဒါပေမဲ့ ဘယ်သူက သူ့ကို တားနိုင်မှာလဲကွာ?”
ထိုအချိန်မှ ရန်သူ၏ အင်အားကို အဘိုးအို ပြန်သတိရသွားတော့သည်။
သူတို့အားလုံး ဝိုင်းတိုက်ခဲ့စဉ်ကပင် တစ်ဖက်လူကို ထိရုံလေးသာ ထိနိုင်ခဲ့သည် မဟုတ်ပါလား။
ဤအခြေအနေ၌ မြို့တော်ကြီးအား ပြန်လုရန်မှာ မဖြစ်နိုင်သလောက်ပင်။
သူတို့ အဝေးမှနေ၍ မြို့တော်ကြီး ပါသွားသည်ကိုသာ ရင်နာနာဖြင့် ကြည့်နေရုံမှလွဲ၍ ဘာရှိပါတော့မည်နည်း။
သို့သော် ထိုအချိန်တွင်...
ဘုန်း!
ရုတ်တရက် ဧရာမ ရွှေရောင်လက်ဝါးကြီး တစ်ခုက အရှုပ်အထွေးမြို့တော်ပေါ်သို့ ကျလာပါသည်။
ဝူး...
တစ်ပြိုင်နက်တည်းမှာပင် နိမိတ်ဆိုးလက်မောင်းကြီး၏ ဆွဲငင်မှုကလည်း ရုတ်တရက် ရပ်သွားတော့၏။
“ဟင်? ဒါ... သခင်လေးလောထျန်းလား?”
ဒါလောင် မသေမျိုးဘုရင်မှာ ကြောင်သွားပြီးနောက် ချက်ချင်းမှာပင် မျက်နှာ ဖြူလျော်သွားသည်။
“သခင်လေးလောထျန်း! အဲ့ဒီကောင်နားကို မကပ်ပါနဲ့!”
သူ ထိတ်လန့်တကြား အော်လိုက်၏။
လောထျန်းသည် အစွမ်းထက်ပြီး ပါရမီကလည်း အလွန်ကြောက်စရာကောင်းမှန်း သူ သိပါသည်။ ထို့ထက်ပိုအရေးကြီးသည်မှာ လောထျန်းသည် မသေမျိုးဧကရာဇ် မဖြစ်သေးဘဲ ဤမျှ အစွမ်းထက်နေခြင်းပင်။
သူသာ ဧကရာဇ်အဆင့် ရောက်သွားပါက နတ်ဘုရားတောအုပ်၏ ဘေးဒုက္ခကို အပြီးတိုင် ရှင်းလင်းပေးနိုင်မည့် အပေါ်ကမ္ဘာအတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ပါ၏။
သို့ဖြစ်ရာ ထိုမျှ အဖိုးတန်သောသူအား ဤနေရာတွင် အဆုံးရှုံး မခံနိုင်ပါချေ။
ဒါလောင် မသေမျိုးဘုရင်က ထိုအတွေးဖြင့် ဝင်ကူရန် ပြင်လိုက်ချိန်တွင် လောထျန်းမှာကား မြို့တော်ကြီးကို ဆွဲထားဆဲဖြစ်သော လက်မောင်းကြီးကို ကြည့်ပြီး ဒေါသများ ပိုပေါက်ကွဲလာပါသည်။
ထိုကောင်က သူ့အပိုင်ပစ္စည်းကို တကယ်ကြီး လုရဲပါသလား
လောထျန်း တွေးကာ လက်ကို ခပ်တင်းတင်း ဆုပ်လိုက်သည်။
ဘုန်း!
ထို့နောက်တွင်ကား သူ တစါချက်ဆွဲရုံဖြင့် အရှုပ်အထွေး နတ်ဘုရားမြို့တော် တစ်ခုလုံး ပြန်ပါလာတော့၏။
တဖက်မှ နိမိတ်ဆိုးလက်မောင်းကြီး မည်မျှပင် ရုန်းကန်ပါစေ၊ လောထျန်းဆီမှ ပြန်မလုနိုင်တော့ပေ။
ဘုန်း!
ထို့နောက်တွင် လောထျန်းက မြို့တော်ကြီးအား သူ့နောက်သို့ ပို့လိုက်ပြီး လက်မောင်းကြီးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ဒါ ”
ဒါလောင် မသေမျိုးဘုရင်မှာ ထိုမြင်ကွင်းကိုကြည့်ရင်း ဆွံ့အသွားရ၏။
“ဒါ... ဒါ တကယ်ကြီးလား? သူက နတ်ဘုရားတောအုပ်ရဲ့ နိမိတ်ဆိုးကြီးနဲ့ အားချင်း ယှဉ်တာမှာ အသာစီး ရသွားတာလား?”
ဝတ်စုံနက်အဘိုးအိုမှာလည်း ပါးစပ်အဟောင်းသား ။
“အသာစီးရရုံတင် ဘယ်ကမလဲဗျာ! ဒါက အတင်းကို ပြန်ဆွဲယူလိုက်တာ၊ အင်အားချင်းက အပြတ်အသတ် ကွာနေတယ်”
ဝတ်စုံဖြူအဘိုးအိုကတော့ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
သူတို့အားလုံး အလွန်ဆိုးရွားလှသော ဘေးကျပ်နံကျပ် အခြေအနေသို့ ရောက်နေပြီဟု ထင်ထားခဲ့သော်လည်း၊ မထင်မှတ်ထားဘဲ ထူးဆန်းလှသည့် အလှည့်အပြောင်းကြီး ပေါ်လာခဲ့လေပြီ။
ဘုန်း!
ထိုအချိန်တွင် လက်မောင်းကြီးမှာလည်း မြို့တော်ကြီးကို ပြန်လုခံလိုက်ရသဖြင့်သိသိသာသာ ဒေါသထွက်သွားပါ၏။
နာကျည်းမှု အရောင်အဝါများလည်း လက်မောင်းမှ ပိုထွက်လာကာ ပတ်ဝန်းကျင်ရှိ မသေမျိုးစွမ်းအင်များကိုပါ တိုက်စားပစ်လိုက်ပါတော့သည်။
ဂျိမ်း!
နောက်တစ်စက္ကန့်တွင်ကား လက်မောင်းကြီးက လောထျန်းအား တိုက်ရိုက် ဖမ်းဆွဲလိုက်ပါ၏။
“သခင်လေး! သတိထားပါ!”
ဒါလောင် မသေမျိုးဘုရင် အော်၍ သတိပေးလိုက်သည်။
လောထျန်းကမူ ရှောင်တိမ်းခြင်း မပြုဘဲ ကောင်းကင်ဘုံလက်ဝါးသိုင်းဖြင့်ပင် ထပ်မံ ရင်ဆိုင်လိုက်၏။
ဘုန်း!
ချက်ချင်းမှာပင် တဖက်မှလက်ကြီးနှင့် အရွယ်အစားတူ လက်မောင်းကြီးတစ်ခု ပေါ်လာပါသည်။
ထိုလက်မောင်းမှာ ရွှေရောင်တောက်ကာ သန့်စင်သော အရောင်အဝါရှိပြီး၊ ကျန်လက်မောင်းတစ်ခုမှာကား ကျောချမ်းစရာကောင်းသည့် အမှောင်ထု အငွေ့အသက်များ ပြည့်နှက်နေပါ၏။
ဤလက်မောင်းနှစ်ခုသည် လောကကြီး၏ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ကို ကိုယ်စားပြုနေသည့်အလား ပြင်းထန်စွာ ရိုက်မိသွားကြပြီးနောက် တစ်ခုကိုတစ်ခု မြဲမြံစွာ ဖမ်းဆွဲလိုက်ကြပါသည်။
“အင်အားချင်း ညီနေတာလား?”
ဝတ်စုံဖြူအဘိုးအိုက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
ဒါလောင် မသေမျိုးဘုရင်ကလည်း အားတက်သွားကာ ဆို၏။
“နတ်ဘုရားတောအုပ်နဲ့ အင်အားချင်း တန်းတူ တိုက်နိုင်တယ်ဆိုတော့... သခင်လေးလောထျန်းက တကယ်ကြီး ဒီလောက်တောင် အစွမ်းထက်တာလား?”
သို့သော် သူ စကားပင် မဆုံးသေးမီ...
လောထျန်းက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး သူ့ ရွှေရောင်လက်ဝါးကို အားစိုက်၍ ညှစ်လိုက်သည်။
ဂျွတ်!
ကျွတ်ဆတ်ဆတ် အသံကြီးနှင့်အတူ လောထျန်းတစ်ယောက် ထိုလက်မောင်းကြီး၏ လက်ချောင်း ၅ ချောင်းလုံးကို ချိုးပစ်လိုက်ပါတော့၏။
“ဘာ!”
ဒါလောင် မသေမျိုးဘုရင်နှင့် အခြားသူများ၏ မျက်လုံးများ ကျွတ်ထွက်မတတ် ပြူးကျယ်သွားကြသည်။
အင်အားချင်း ညီတယ်ဆိုတဲ့ စကားက ဘယ်ရောက်သွားတာလဲ?
တစ်ကွက်တည်းနဲ့ လက်ချောင်း ၅ ချောင်းလုံးကို ချိုးလိုက်တာလား?
၎င်းမှာ နတ်ဘုရားတောအုပ်မှ နိမိတ်ဆိုးကြီးဖြစ်ပါသည်။
ဘုန်း!
ထိုအချိန်တွင် လက်မောင်းကြီးမှာ အပြင်းအထန် နာကျင်သွားပုံရပြီး လောထျန်း၏ လက်ထဲမှ လွတ်မြောက်ရန် အတင်း ရုန်းကန်ပါတော့သည်။
သို့သော် လောထျန်းက အားကို ထပ်တိုးလိုက်ပြန်၏။
ဂျွတ်!
ရွှေရောင်လက်ဝါးကြီးက တဖက်လက်ကြီးအား ခပ်တင်းတင်း ဖမ်းဆုပ်လိုက်ပြန်သဖြင့် ထိုလက်ကြီး၏ လက်ကောက်ဝတ်ပင် ပုံပျက်ပန်းပျက် ဖြစ်သွားပါ၏။
သို့သော်လည်း လက်မောင်းကြီး မည်မျှပင် ရုန်းကန်ပါစေ၊ လောထျန်း လက်ထဲမှ လုံးဝ မလွတ်နိုင်ပါချေ။
ဘုန်း!
ထိုစဉ် လောထျန်းထံမှ ကျောချမ်းစရာကောင်းသော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။
သူ လက်မောင်းကြီးကို စိုက်ကြည့်ကာ အေးစက်စက် အသံဖြင့် ဆိုလိုက်၏။
“မင်း... သေ... လိုက်...!”
ထိုစကားလုံး ၃ လုံးကို ကြားရသူတိုင်း တုန်လှုပ်သွားကြပြီး .. အစွမ်းထက်သော မသေမျိုးဘုရင်များပင်လျှင် ထိုအသံကြောင့် ခြေထောက်များ ပျော့ခွေသွားကာ ဒူးထောက်ကျမတတ် ဖြစ်သွားကြသည်။
၎င်းမှာ ကြောက်စရာကောင်းလိုက်သည့် လူသတ်အရိပ်အငွေ့ပါပင်။
ဒါလောင် မသေမျိုးဘုရင် အသက်ပြင်းပြင်းရှိုက်ကာ ပြောလိုက်သည်။
“သခင်လေးလောထျန်းက ဒီနိမိတ်ဆိုးကို ဒီလောက်တောင် မုန်းနေတာလား?”
ဝတ်စုံဖြူအဘိုးအိုကလည်း ဇဝေဇဝါဖြင့် ပြော၏။
“ဟုတ်တယ်... ဒီနိမိတ်ဆိုးက သခင်လေးကို တစ်ခုခု လုပ်ထားလို့ နေမှာပေါ့။ မဟုတ်ရင် ဒီလောက် မုန်းစရာ အကြောင်းမရှိဘူး!”
အခြားသူများလည်း ထောက်ခံလိုက်ကြသည်။
လောထျန်း၏ ဒေါသမှာ ပုံမှန် မဟုတ်တာ သေချာပါသည်။
ထိုစဉ် လောထျန်းက အံကြိတ်၍ ပြော၏။
“မင်းတို့ကောင်တွေ အပြင်ထွက်လာပြီး ငါ့အစီအမံတွေကို ဖျက်တာက ထားပါတော့! ဒါပေမဲ့ မင်းက... ငါ့အိမ်ကိုပါ ဖြိုလိုက်တာလား?”
ဘုန်း!
သူ ပြောပြောဆိုဆိုပင် လက်တစ်ဖက်ဖြင့် အောက်သို့ အတင်းဖိချလိုက်သည်။
ဂျွတ်!
နိမိတ်ဆိုးလက်မောင်းကြီးမှာ တံတောင်ဆစ်မှနေ၍ ထက်ပိုင်း ကျိုးသွားပါတော့သည်။
ဝူး...
လက်မောင်းကြီး၏ ရုန်းကန်မှုကလည်း သိသိသာသာ အားနည်းသွား၏။
တစ်ဖက်မှ လူများမှာကား မှင်သက်လျက် ...
“ဟင်? သခင်လေးလောထျန်း... ဘာပြောလိုက်တာလဲ? သူ့အိမ် ပျက်ဆီးသွားတယ် ဟုတ်လား? ဘယ်အိမ်ကို ပြောတာလဲ?”
ဒါလောင် မသေမျိုးဘုရင်က နားမလည်နိုင်စွာ မေးလိုက်သည်။
လူအုပ်ထဲရှိနေသော လုံယီရွှယ်က သူမ နဖူးကို လက်ဖြင့် ရိုက်လိုက်ရင်း ပြော၏။
“ဒါကြောင့်ကိုး! ခုနက အဲ့ဒီလက်မောင်းကြီး ထွက်လာတဲ့ နေရာက လောထျန်းရဲ့ နေအိမ်နဲ့ မဝေးဘူးလေ!”
လောရုံကလည်း ဝင်ပြောသည်။
“အော်... ဟုတ်သားပဲ၊ အခုမှ သတိရတယ်! ခုနက လက်မောင်းကြီး ထွက်လာတဲ့ အရှိန်နဲ့ အစ်ကိုထျန်းရဲ့ အိမ်လေး လွင့်သွားတာပဲ!”
သူတို့ စကားပြောနေစဉ်မှာပင်...
ဂျွတ်!
လောထျန်းက လက်ဝါးသိုင်းကို တစ်ဖက်သို့ လိမ်ချလိုက်ရာ တဖက်လက်မောင်းကြီးမှာ မုန့်လိမ်ကြီးတစ်ခုကဲ့သို့ လိမ်တွန့်သွားတော့သည်။
ထိုစဉ်မှာပင် အခြားကမ္ဘာတစ်ခုဆီမှ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာပါတော့၏။