← Chapters

Ch 1053 (တန်ပြန်တိုက်စစ်)

Vol. 71 Ch. 1053

Ch 1053 (တန်ပြန်တိုက်စစ်)

Vol. 71 Ch. 1053

“ဒါ နတ်ဘုရားသစ်တောရဲ့ နမိတ်ဆိုးဆီက အော်ဟစ်သံကြီးလား”

“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဒါလောင်မသေမျိုး ဘုရင်ကြီးနှင့် အဘိုးကြီးနှစ်ယောက် အချင်းချင်း လှည့်ကြည့်လိုက်ကြသည်။

နတ်ဘုရားသစ်တော၏ တားမြစ်နေရာကို သူတို့တွေ နှစ်ပေါင်းများစွာ ခုခံတိုက်စစ် ဆင်ခဲ့ဖူးလေသည်။

နတ်ဘုရားသစ်တော၏ နမိတ်ဆိုးက အလွန်အင်အားကောင်းသည်နှင့်အညီ ရက်စက်ကြမ်းကြုတ်လွန်းသော သတ္တဝါဆိုးကြီးဖြစ်သည်။

ထိုသို့ကြောက်မက်ဖွယ်သတ္တဝါကြီး၏ နာကျင်လွန်းသည့်အော်သံကို ယခုမှ ပထမဆုံး ကြားဖူးခြင်းပေ။

တဖက်က လောထျန်းကတော့ ဒေါသမပြေသေးသည့်အတွက် မုန့်ကြိုးလိမ်လို ခွေခေါက်နေပြီဖြစ်သော လက်မည်းကြီးကို ထပ်မံ ဆုပ်ကိုင်လိုက်သည်။

“ ခွေးကောင်.. မင်းက အသံထွက်ရဲတယ်လား”

ပြောပြီးသည်နှင့် လောထျန်းက ထပ်မံတိုက်ခိုက်ဖို့ ပြင်သည်.. သို့သော် လက်တစ်ချောင်းလုံးတွင် တိုက်ခိုက်စရာ နေရာမကျန်တော့ပေ။

ဘယ်နေရာကို တိုက်ခိုက်ရမည် မသိတော့သည့်အတွက် လောထျန်း ပိုဒေါသထွက်လာတော့သည်။

“ချီးပဲ..ဘာကိစ္စ လက်တစ်ဖက်ထဲ ရှိရတာတုန်း.. ခန္ဓာကိုယ်က ဘယ်မှာလဲ။ အောက်ဆင်းခဲ့စမ်း”

လောထျန်း အော်ဟစ်နေရင်းဖြင့် ခန္ဓာကိုယ်ကြီးကို အောက်ဆွဲချလို့ရငြား လက်ကို နောက်ပြန်ဆွဲချလေတော့သည်။

ဒုန်း

ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။

လောထျန်း အစွမ်းကုန်ဆွဲချသည့်တိုင်အောင် နမိတ်ဆိုးက ဆင်းမလာခဲ့ချေ။

“ဟမ့်.. မလာဘူးပေါ့လေ။ မရဘူး..ဆင်းခဲ့စမ်း”

လောထျန်း တစ်ယောက် ပိုမိုဒေါသထွက်လာပါ၏။

ဘုန်း

ဘုန်း

ဘုန်း

ထိုသို့ဖြင့် ​အဆတ်မပြတ် အားကုန်သုံးရင်း ထိုခန္ဓာကိုယ်ကြီးကို ဒေသကိုးခုထဲ အတင်းအကျပ် ဆွဲခေါ်တော့သည်။

သို့သော် ကမ္ဘာ့အကာအကွယ်၏ တားဆီးမှုကြောင့် ခန္ဓာကိုယ်ကြီးမှာ အောက်ကို မရောက်လာနိုင်ခဲ့ပေ။

သို့တိုင်အောင် အကာအကွယ်နှင့် အဆတ်မပြတ် ရိုက်ဆောင့်ခံရခြင်းကလည်း တစ်ဖက်က ခန္ဓာကိုယ်ကို အထိုက်အလျောက် ထိခိုက်စေသည်ဖြစ်ရာ၊ လက်မောင်း၏ အရောင်အဝါက သိသာစွာ အားဖျော့လာတော့သည်။

ထိုကောင်ကြီးလည်း ကြောက်ရွံ့လာဟန်ပင်။

လောထျန်း၏ လက်ထဲမှအသည်းအသန် ရုန်းကန်ပြီး တောအုပ်ထဲ ပြန်ပြေးဖို့ ကြိုးစားတော့သည်။ သို့သော် ဘယ်လိုပဲ ကြိုးစားပါစေ.. မလွတ်မြောက်နိုင်သည့်အပြင် အကြိမ်ကြိမ်ပဲ ပြန်ဆွဲခေါ်ခံနေရ၏။

အဝေးမှ ကြည့်နေသော ဒါလောင်မသေမျိုးဘုရင်ကြီး တစ်ယောက် မယုံမကြည်နိုင် ဖြစ်လာတော့သည်။

နတ်ဘုရားတောအုပ်ထဲက ထိုနမိတ်ဆိုးသည် နှစ်ပေါင်းများစွာတိုင်အောင် ဒေသကိုးခုအတွင်း ဆင်းသက်နိုင်ဖို့ မျှော်လင့်ခဲ့သော်လည်း အကာအကွယ်ကြောင့် မဆင်းသက်နိုင်ခဲ့ခြင်း.ဖြစ်သည်။

ဒေသကိုးခုဆီ ရောက်လာဖို့ရန်အတွက် သူတို့တွေ နည်းလမ်းများစွာ အသုံးပြုခဲ့ကြသည်..မရေမတွက်နိုင်သော ကပ်ဘေးကြီးတွေကိုပင် ဖန်တီးခဲ့ကြ၏။

သို့သော် အခုကြည့်လိုက်ပါအုံး..

ယနေ့မှာ လောထျန်းသည် တစ်ဖက်က အကောင်ကြီးကို အပေါ်ကမ္ဘာထဲ ဝင်နိုင်ရန်အတွက် လမ်းဖောက်ပေးနေခဲ့သည်။

သို့သော် ထိုကောင်ကြီးက အသည်းအသန် ​ပြန်ထွက်ပြေးနေရသည်တဲ့လား။

သူ၏ အမြင်ကို လုံးဝပြောင်းပြန်လှန်လိုက်ခြင်းပါပေ။

ဒါလောင်မသေမျိုးဘုရင်ကြီး အတွေးလွန်နေစဥ်မှာပဲ..

ဂျွတ်

ထျန့်ကျီတောင်အတွင်းထဲမှ အသံတစ်ခု ထွက်လာကာ ဒါလောင်မသေမျိုးဘုရင်ကြီးကို ပြန်အသိဝင်လာစေခဲ့သည်။

မြင်လိုက်ရသော မြင်ကွင်းကြောင့် သူအလွန် ဆွံ့အသွားလေ၏။

“ဟမ်…”

အရှေ့က မယုံကြည်နိုင်ဖွယ် မြင်ကွင်းက ဒါလောင်မသေမျိုးဘုရင်ကြီး၏ မျက်လုံးကို ​ပြူးကျယ်စေခဲ့သည်။

အပေါ်ကမ္ဘာအထိ ခြေဆန့်လာခဲ့သော လက်မောင်းကြီးခဗျာ အဆစ်မှ ပြုတ်ထွက်လာခဲ့တာပင်..

ကြည့်ရသလောက် ကြမ်းတမ်းစွာဖြင့် ဆွဲဖြဲခံလိုက်ရမှန်း သိသာလှသည်။

အတိတ်မှာတုန်းက ကမ္ဘာပျက်ကပ်ကြီးကို ဖြစ်ပေါ်စေခဲ့သည့် လက်မောင်းကြီးကို ယနေ့မှာ လောထျန်းက ဆွဲဖြုတ်လိုက်သည်တဲ့လား။

“ကြောက်ဖို့ကောင်းလိုက်တာ”

ဒါလောင်မသေမျိုးဘုရင်ကြီး မနေနိုင်စွာ ရေရွတ်မိသွားသည်။

ဘုန်း

လက်မောင်းကြီးကို အရင်းကဆွဲဖြုတ်ခဲ့သော လောထျန်းသည်လည်း အရှိန်ဖြင့် နောက်ပြန်လန်သွားသည်။ လောထျန်း၏ ရွှေရောင်လက်က လက်မည်းကြီးကို ကိုင်ထားဆဲပင်။ အကုန်လုံး၏ မျက်လုံးထဲမှာ လောထျန်းက လက်မောင်းကြီးကိုသယ်ပြီး ပြေးသွားသလိုမျိုး အရှိန်ဖြင့် အနောက်ဆုတ်သွားခဲ့သည်။

“ဝူး…ဝူး”

တစ်ချိန်ထဲမှာပဲ ထျန့်ကျီတောင်အနက်ပိုင်းထဲက နားကွဲလောက်စရာ အော်သံ​ကြီး ထပ်မံ ပေါ်ထွက်လာ၏။

အသံပိုင်ရှင်ကတော့ သေချာပေါက် ကံဆိုးသွားရှာသော နမိတ်ဆိုးမှအပ မရှိနိုင်တော့ချေ။

နောက်တစ်စက္ကန့်မှာပဲ ထျန့်ကျီတောင်၏ ယိုယွင်းသွားသော နေရာကြားမှ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာကာ ထိုအထဲမှ အလွန်ကြီးမားသော မျက်လုံးတစ်လုံးကို မြင်လိုက်ရသည်။

အမုန်းတရားများ ပြည့်နေသည့် ထိုသွေးနီရောင် မျက်လုံးကြီး၏ စိုက်ကြည့်မှုက လူတိုင်းကို မသက်မသာ ဖြစ်သွားစေ၏။

ထိုထဲမှ ဒါလောင်မသေမျိုးဘုရင်ကြီးက အဆိုးဆုံးပင်။ တစ်ဖက်ကောင်ကြီးက

အကြည့်နှင့်တင် ထိခိုက်အောင်လုပ်နိုင်မှန်း သူသိသည်လေ။

သူ ချက်ချင်း သတိပေးဖို့ ကြိုးစားလိုက်သည်။

ထိုအချိန်မှာပဲ..

ဘုန်း

လောထျန်းက အရှိန်ထိန်းနိုင်သွားသည်နှင့် မြေကြီးပေါ်မှ ပြန်ထလာခဲ့​​တာပင်။

“ဒီတော့ မင်းပေါ့လေ..ဟုတ်လား” လောထျန်းက အော်လိုက်ရင်း တပြိုင်နက်ထဲ ထိုကောင်ကြီးကို မျက်နှာမူလို​က်သည်။

အမုန်းတရားများ ပြည့်နေသော ထိုမျက်လုံးက လောထျန်းကို မြင်သည်နှင့် ကြောက်ရွံ့မှုများ ဝင်လာကာ ဘယ်သူ့ကိုမှ ဆက်မကြည့်ရဲတော့ဘဲ တစ်ချိုးထဲ လစ်ပြေးလေတော့သည်။

ဒုန်း

လေဟာနယ်စီးကြောင်းလည်း ချက်ချင်း ပြန်ပိတ်သွားခဲ့သည်။

ထိုဝင်ပေါက်မှတစ်ဆင့် လောထျန်း ဝင်လာမှာ အလွန်ကြောက်နေမှန်း သိသာလှသည်ပင်..

သို့သော်လည်း သူတို့ မမှားခဲ့ချေ။

မျက်စိတစ်မှိတ်အတွင်းမှာကို လောထျန်းက အပေါက်ဝ ရောက်နေခဲ့သည်မလား။

နတ်ဘုရားတောအုပ်ထဲက နမိတ်ဆိုးက အသက်လုပြေးနေရင်း အပေါက်ပိတ်ဖို့ အစွမ်းကုန် ​ကြိုးစားရှာပါသည်..

သို့သော်လည်း…

ဘုန်း

လောထျန်းက ကောင်းကင်ဘုံလက်ဝါးကို အသက်သွင်းလိုက်ပြီး အပြီးတိုင် မပိတ်ရသေးသည့် ဝင်ပေါက်ကို ရိုက်ချလို​က်သည်။ အနည်းငယ်.ကျယ်သွားသော အပေါက်မှ တစ်ဆင့် သူ့လက်ဝါးက အထဲဝင်သွားပြီး နတ်ဘုရားတောအုပ်ထဲ ရှာဖွေလေတော့သည်။ ဒီလိုနှင့် တစ်ဖက်က တောအုပ်ထဲမှ စူးရှသော အော်သံကြီး ထပ်မံ ထွက်ပေါ်လာလေ၏။

“ဘုရားရေ” ထိုမြင်ကွင်းကို ကြည့်​နေရင်း ဒါလောင်မသေမျိုးဘုရင်နှင့် ကျန်နှစ်ယောက် ကြော​က်ရွံ့လာတော့သည်။

ဤမြင်ကွင်းက အလွန်မရင်းနီးပေဘူးလား။

လွန်ခဲ့သည့်မိနစ်ပိုင်းကမှ နတ်ဘုရားတောအုပ်၏.လက်ဝါးကြီးသည် အပေါ်ကမ္ဘာကို ကျူးကျော်ပြီး ဖျက်ဆီးခဲ့သည်။

အခု လောထျန်း၏ လက်ဝါးက နတ်ဘုရားတောအုပ်ထဲ ပြန်ကျူးကျော်ပြီး သားရဲကောင်ကို ရိုက်နှက်နေသည်တဲ့လား။

သူတို့၏.အပေါ်ကမ္ဘာက အခုလို စကေးကြမ်းသည့် နေရာတစ်ခုဖြစ်သွားပြီလား။

အက်ကွဲကြောင်းမှတစ်ဆင့် ပျံ့လွှင့်လာသော အော်သံကြီးများကြောင့် ဒါလောင်မသေမျိုးဘုရင်ကြီး ငိုချင်လာတော့သည်။

နောက်ဆုံးတော့..

နောက်ဆုံးတော့ သူတို့၏ အပေါ်ကမ္ဘာတွင် ဒီလိုနေ့ရက်မျိုး ရောက်လာခဲ့လေပြီ။

တစ်ဖက်က နတ်ဘုရားတောအုပ်ထဲက လောထျန်း၏ လက်ဝါးကြီးကလည်း အကောင်ကြီးကို အဆတ်မပြတ် ရိုက်နှက်နေဆဲပင်။

အဆုံးမရှိအောင် ပျံ့လွင့်နေသော အော်သံများကို ကြည့်ပါက ထိုအကောင်ကြီးလည်း မကြာမီ လောထျန်း၏ လက်ထဲ သေသွားနိုင်ချေရှိသည်…

သို့သော် ထိုအချိန်မှာပဲ..

“အား”

လောမိသားစုအုပ်ထဲမှ လောရှောင်ရှောင်း၏ အော်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

နောက်တစ်စက္ကန့်တွင်..

ဘုန်း

သူမ၏အနောက်မှာ ချီအသိစိတ်ပင်လယ် စုဝေးသွားခဲ့ပြီး တစ်ကိုယ်လုံး မထိန်းနိုင်အောင် တုန်ယင်လာခဲ့သည်။

“ ရှောင်ရှောင်း ဘာဖြစ်တာလဲ” ဘေးမှ လောမိသားစု တပည့်တစ်ယောက်က မနေနိုင်စွာ မေးလိုက်သည်။

ထိုအချိန်မှာပဲ…

ဘုန်း

လောရှောင်ရှောင်းနောက်မှ ကြမ်းတမ်းသော သားရဲကြီး၏ ဦးခေါင်းကြီး ထွက်ပေါ်လာကာ မေးခွန်းမေးနေသော တပည့်ကို တိုက်ခိုက်လိုက်လေ၏။

“ဟမ်” ထိုတပည့် ထိတ်လန့်စွာ​ လက်နှစ်ဖ​က်နှင့် တားဆီးပါသော်လည်း..

ဘုန်း

စက္ကန့်ပိုင်းအတွင်း ထိုကောင်လေး၏ ခန္ဓာကိုယ်က လေပေါ်မြှောက်တက်သွားကာ မြေကြီးနှင့် ရိုက်ခတ်သွားခဲ့သည်။

“ဒါ.. မင်းဘာလုပ်နေတာလဲ”

ထိုတပည့်က မြေကြီးပေါ်မှ ကုန်းရုန်းထလိုက်၏။ ထိုကောင်​လေး၏ လက်မောင်းမှ သွေးများတစ်ဆတ်ဆတ် ကျလာခဲ့သည်။

သူ့ထံတွင် အရှုတ်အထွေး ခန္ဓာကိုယ်သာ ရှိမနေခဲ့ပါက သူမ၏ပြင်းထန်သည့် တိုက်ခိုက်မှုမှာ မသေဆုံးလျှင်တောင်မှ ဒဏ်ရာအကြီးအကျယ် ရသွားနိုင်သည်။

လောရှောင်ရှောင်း၏.မျက်နှာကလည်း အလွန်အမင်း နာကျင်နေဟန်ပင်။

သူမအနောက်က သားရဲကြီး၏.ခေါင်းကိုးလုံးက အရိုင်းဆန်စွာ အင်အားပြနေရင်း ဘယ်သူ့ကိုမှ အနားမကပ်ရဲအောင် လုပ်နေကြသည်။

ထိုမြင်ကွင်းကြောင့် ဒါလောင်မသေမျိုးဘုရင်​ကြီး တုန်ယင်သွားသည်။

“ဒါ..ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

သူ့နောက်က အဖြူအနက် အဘိုးအိုနှစ်ယောက်၏.မျက်လုံးသည်လည်း သရဲမြင်လိုက်ရသလိုမျိုး ကတုန်ကယင် ဖြစ်လာသည်။

တစ်ဖက်က လောထျန်းလည်း သတိထားမိပြီး ချက်ချင်း လှည့်ကြည့်လာခဲ့သည်။

ထိုအချိန်မှာပဲ နတ်ဘုရားတောအုပ်ထဲက နမိတ်ဆိုးက အခွင့်ကောင်းယူပြီး အက်ကြောင်းကို ပိတ်ချပစ်လိုက်တော့သည်။

ဒုန်း

အက်ကြောင်း အပြီးတိုင် ​ပိတ်သွားသည်နှင့် လောရှောင်ရှောင်း အနောက်က ခေါင်းကိုးလုံးသည်လည်း ထူးဆန်းစွာ ငြိမ်ကုတ်သွားလေသည်။

ဝူး

ချက်ချင်းပင် နာခံမှုရှိစွာဖြင့် လောရှောင်ရှောင်း၏ ကိုယ်ထဲ ပြန်ဝင်သွားခဲ့ကြသည်။

All Chapters