← Chapters

Chapter 1045 It Was You All Along

Vol. 71 Ch. 1045

Chapter 1045 It Was You All Along

Vol. 71 Ch. 1045

ထိုသို့ပြောနေစဉ် ထျန့်ကျီတောင်သခင်ကြီး၏ အမူအရာမှာ အလွန်တရာ ကြမ်းကြုတ်ခက်ထန်နေပြီး သူ၏ နာကြည်းမှုများမှာလည်း ပိုပြင်းထန်လာပုံရပါ၏။

ဒါလောင်မသေမျိုးဘုရင်မှာမူ နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်နေပုံပါပင် ။

ထျန့်ကျီတောင်သခင်ကြီး၏ မျက်နှာပေးကို ကြည့်ရသည်မှာ လိမ်ညာနေခြင်း ဟုတ်ပုံမရပါချေ။

သို့သော် ၎င်းမှာ မည်ကဲ့သို့သော အစီအမံမျိုး ဖြစ်သည်ကို သူ လုံးဝ မသိပါ။

ထိုစဉ်မှာပင် ဘေးတွင်ရပ်နေသော လောထျန်း၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် လှုပ်ရှားသွားသည်။

သူ ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကာ ထျန့်ကျီတောင်သခင်ကြီးကို ကြည့်၍ မေးလိုက်၏။

“နေပါဦး... ခင်ဗျား အစီရင်နဲ့ ဖိနှိပ်ခံရတာ ဘယ်မှာလို့ ပြောလိုက်တာလဲ”

ထျန့်ကျီတောင်သခင်ကြီးက ဒေါသတကြီးဖြင့် ပြန်ပြောပါသည်။

“ထျန့်ကျီတောင်တန်းထဲမှာပေါ့ကွ!”

လောထျန်း တစ်စုံတစ်ခုကို တွေးမိသွားသော်လည်း မသေချာသေးသဖြင့် ထပ်မံအတည်ပြုရန် မေးလိုက်ပြန်သည်။

“အသေးစိတ်လေး ပြောပြလို့ရမလား။ ဥပမာ... အဲ့ဒီနေ့က ခင်ဗျား ဘယ်လိုမျိုး ဖိနှိပ်ခံလိုက်ရတာလဲ”

ထျန့်ကျီတောင်သခင်ကြီးမှာလည်း ဒါလောင်မသေမျိုးဘုရင်သည် လုပ်ရဲပြီး မဝန်ခံရဲသော လူပျော့လူညံ့တစ်ဦးဖြစ်ကြောင်း သက်သေပြချင်သဖြင့် တိုက်ရိုက်ပင် ပြောချင်ရာကို ပြောပါတော့သည်။

“အဲ့ဒီနေ့က ငါ ကျင့်ကြံရာကနေ ထွက်လာပြီးတော့မှ ငါ့ရဲ့ မသေမျိုးဆေးပင်က အနှိပ်စက်ခံနေရတာကို တွေ့လိုက်ရတယ်။ ဘယ်ကမှန်းမသိတဲ့ မျက်စိမပါတဲ့ လူယုတ်မာတစ်ယောက်က ငါ့ဆေးပင်ကို လိုချင်နေတာလေ! ငါက အဲ့ဒီကောင်ကို သတ်ပြီး သူ့မိသားစုတစ်ခုလုံးကိုပါ အပြတ်ရှင်းပစ်ဖို့ ပြင်ခဲ့တာ!"

"ဒါပေမဲ့ မထင်မှတ်ဘဲ ငါ ဘာမှတောင် မလုပ်ရသေးခင်မှာ အစီအမံတစ်ခု ပေါ်လာပြီးတော့ ငါ့ကို ဖိနှိပ်ပစ်လိုက်တာပဲ!”

သူ ပြောပြောဆိုဆိုဖြင့်ပင် ဒါလောင်မသေမျိုးဘုရင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“ဒီကောင်က ငါ့ကို အဲ့ဒီလို အစီအမံမျိုးနဲ့ တိုက်ဖို့ လူရှာထားတာ သေချာတယ်။ မင်း အခုထိ မဝန်ခံသေးဘူးလား”

ဒါလောင် မသေမျိုးဘုရင်မှာ ခေတ္တမျှ ဆွံ့အသွားရ၏။

အခြားတစ်ဖက်မှ လောထျန်း၏ နှုတ်ခမ်းများ လှုပ်ရှားလာပါသည်။

သူ ထျန့်ကျီတောင်သခင်ကြီးကို ကြည့်ကာ မေးလိုက်၏။

“ခင်ဗျားပြောတဲ့ မသေမျိုးဆေးပင်ဆိုတာ... မသေမျိုး လက်ဖက်ပင်လား”

ထျန့်ကျီတောင်သခင်ကြီး ခဏမျှ မှင်သက်သွားပြီးနောက်မှ ပြန်ပြောလိုက်သည်။

“ဟုတ်တယ်‌လေ ၊ အဲ့ဒီ မသေမျိုး လက်ဖက်ပင်က ငါ့ရဲ့ နတ်ဆေးပင်ဆိုတာ လူတိုင်းသိတယ်!”

လောထျန်း အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်သည်။

“ခင်ဗျား အဲ့ဒီဆေးပင်ကို လိုချင်တဲ့သူရဲ့ မိသားစုတစ်ခုလုံးကို သတ်မယ်လို့ ပြောလိုက်တာလား”

ထျန့်ကျီတောင်သခင်ကြီးက အေးစက်စက်ဖြင့် ပြန်ပြော၏။

“မိသားစုကို သတ်ရုံတင်လား? ဟက်... အဲ့ဒါက သူ့အတွက် သက်ညှာလွန်းရာတောင် ကျနေဦးမယ်။ အဲ့ဒီကောင် ဘယ်သူလဲဆိုတာ သိရလို့ကတော့၊ သူ့ရှေ့မှာတင် သူ့မိသားစုဝင်တွေကို တစ်ယောက်ချင်းစီ အရေခွံခွာပြပြီးမှ ကမ္ဘာပေါ်မှာ အနာကျင်ဆုံး ဝေဒနာတွေနဲ့ သေအောင် လုပ်ပစ်မယ်!”

သူ ပြောရင်း လောထျန်းဘက်သို့ ရုတ်တရက် ကြည့်လိုက်သည်။

“ကောင်လေး၊ မင်းကို ကြည့်ရတာ ငါ့မျက်စိထဲ တစ်မျိုးလေး သဘောကျတယ်ကွ။ ဒီလိုလုပ်... ငါ့ကို ဖခင်အရင်းလို သဘောထားပြီး ဒူးထောက်အလေးပြုလိုက်၊ တစ်နေ့ကျရင် မင်းကို ဒီဒေသရဲ့ အရှင်သခင်ဖြစ်အောင် ငါ လုပ်ပေးမယ်!”

သူ့စကားကို ကြားလိုက်ရသည့်အခါ ဒါလောင် မသေမျိုးဘုရင်၏ မျက်နှာထား ချက်ချင်း ပြောင်းသွားပါတော့သည်။

သူ လောထျန်း၏ သိုင်းကွက်များကို မြင်ဖူးထားပြီးသား ဖြစ်ပါ၏။

ထိုသို့သော ပုဂ္ဂိုလ်မျိုးသာ ထျန့်ကျီတောင်သခင်ကြီးနှင့် ပူးပေါင်းသွားပါက အခြေအနေ အလွန်ဆိုးရွားသွားမည်မှာ အသေချာပင်။

ထျန့်ကျီတောင်သခင်ကြီး တစ်ဦးတည်းနှင့်ပင် သူ ခေါင်းခဲနေရသည် မဟုတ်ပါလား။

သူ ထိုအတွေးဖြင့် လောထျန်းအား စိုးရိမ်တကြီး ကြည့်လိုက်သည်။

ထိုစဉ်မှာပင် လောထျန်းတစ်ယောက် ထျန့်ကျီတောင်သခင်ကြီးကထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်ကို မြင်လိုက်ရပါ၏။

“မဖြစ်ဘူး... သူ သဘောတူတော့မှာလား ”

ဒါလောင် မသေမျိုးဘုရင် ရင်ထဲ၌ ရုတ်ချည်း အေးစက်သွားသည်။

အခြားတစ်ဖက်မှ ထျန့်ကျီတောင်သခင်ကြီးမှာကား လောထျန်း သူ့ထံ လျှောက်လာသည်ကို ကြည့်ကာ ပြုံးနေ၏။

သူ့ခန္ဓာကိုယ်မှ နာကြည်းမှုများပင် အနည်းငယ် လျော့ပါးသွားသယောင်။

“အင်း... မင်းက တကယ်ကို အလားအလာရှိတဲ့ လူငယ်လေးပဲ! စိတ်မပူနဲ့ ငါ့သား! မင်း ငါ့အပေါ် ကောင်းကောင်းဆက်ဆံသရွေ့ ငါ သေချာပေါက်...”

သူ လောထျန်းအား ချီးကျူးစကား ဆိုနေစဉ်မှာပင်...

“ငါက မင်းအမေကို သိတတ်ရမှာလား!”

လောထျန်းက ရုတ်တရက် အေးစက်စက် ပြောလိုက်သည်။

ထို့နောက်တွင် သူ့လက် လှုပ်ရှားသွားကာ ထျန့်ကျီတောင်သခင်ကြီး၏ ပါးကို ဖြန်းခနဲ ရိုက်လိုက်ပါတော့၏။

“ဟင်?”

ထျန့်ကျီတောင်သခင်ကြီးမှာ ဘာဖြစ်သွားသည်ကိုပင် သေချာမသိလိုက်ပါချေ။

သူ့ ပါးပေါ်တွင် ပြင်းထန်သော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရပြီး နောက်တစ်စက္ကန့်တွင် သူ မြို့ရိုးပေါ်၌ ကပ်လျက်သား ဖြစ်သွားတော့၏။

"ဟင် ”

အခြားတစ်ဖက်ရှိ မသေမျိုးဘုရင် သုံးဦးမှာလည်း ထိုမြင်ကွင်းကိုကြည့်ကာ လုံးဝ ဆွံ့အသွားကြပါသည်။

သူတို့ ထိတ်လန့်တုန်လှုပ်လွန်းသဖြင့် သုံးဦးသား တစ်ဦးကိုတစ်ဦး ဖက်ထားမိလိုက်ကြ၏။

“မသေမျိုးဘုရင်ကြီး... ဘာဖြစ်သွားလဲ မြင်လိုက်ရလား”

တိမ်လွင့်ဓားဂိုဏ်းမှ ဝတ်စုံဖြူအဘိုးအိုက တုန်တုန်ယင်ယင်အသံဖြင့် မေးလိုက်သည်။

“ငါ... ငါ လူရိပ်တစ်ခုကိုပဲ မြင်လိုက်ရတယ်!”

ဒါလောင် မသေမျိုးဘုရင်ကလည်း တုန်တုန်ယင်ယင် ပြန်ပြောရှာသည်။

သူ လိမ်ပြောနေခြင်း မဟုတ်ပါချေ။

လွန်ခဲ့သော စက္ကန့်ပိုင်းလေးကတင် လောထျန်းတစ်ယောက် တစ်ဖက်လူနှင့် ပူးပေါင်းသွားမည်ကို သူ စိုးရိမ်ခဲ့သော်လည်း၊ နောက်တစ်ခဏတွင်ကား အရာအားလုံး ဝေဝါးသွားပြီး ယခုမြင်ကွင်းကို မြင်လိုက်ရခြင်းပင်။

သူ မြို့ရိုးတွင် ကပ်နေသည့် ထျန့်ကျီတောင်သခင်ကြီးကို ကြည့်ကာ အလွန် ထိတ်လန့်သွားပါ၏။

ထိုသူမှာ တားမြစ်နယ်မြေ၏ အရှင်သခင်ဖြစ်ပြီး သူ တစ်သက်လုံး တိုက်ခိုက်လာခဲ့ရတဲ့ မိစ္ဆာကောင်ကြီးပါပင် ..

အထူးသဖြင့် ထိုကောင်မှာ မကြာခင်ကမှ မသေမျိုးဧကရာဇ် တစ်ပိုင်းအဆင့်သို့ ရောက်ထားသူဖြစ်ပြီး သူ လုံးဝ မယှဉ်နိုင်တဲ့အဆင့်၌ ရှိနေသူဖြစ်ပါသည်။

သို့သော် ယခု မည်သို့ ဖြစ်သွားပါသနည်း။

သူ အိပ်မက်မက်နေတာပါလား?

သူ တွေးရင်း အိပ်မက်ဟုတ်မဟုတ် သိနိုင်ရန် သူ့ပါးသူ ခပ်ပြင်းပြင်း တစ်ချက်ရိုက်လိုက်သည်။

သို့သော်……

ဖူး...

လက်ဝါးချက်ကြောင့် ဒါလောင်မသေမျိုးဘုရင် သွေးတစ်လုပ် အန်သွားပါသည်။

“ဟင်? မသေမျိုးဘုရင်ကြီး? ဘာဖြစ်လို့လဲ”

ဝတ်စုံဖြူအဘိုးအိုက အံ့ဩတကြီး မေးလိုက်၏။

“ဟုတ်တယ်၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်နေတာလဲ။ ပြီးတော့ အဲ့လောက်တောင် အားပြင်းပြင်းနဲ့ ရိုက်လိုက်ရတာလဲ”

ဝတ်စုံနက်အဘိုးအိုမှာလည်း ဇဝေဇဝါ ဖြစ်နေရှာပါသည်။

မသေမျိုးဘုရင်ကြီးမှာ တစ်ဖက်ရန်သူ၏ ပြုစားမှုအောက် ရောက်သွားပြီး မိမိကိုယ်ကိုယ် ပြန်လည် နာကျင်အောင် လုပ်နေခြင်းပေလား ။

ထိုစဉ် သွေးအန်ပြီးသွားသည့် ဒါလောင် မသေမျိုးဘုရင်က ပြောပါ၏။

“ဘာမှ မဟုတ်ပါဘူးကွာ... ငါ အိပ်မက်မက်နေတာလား သိချင်လို့ပါ”

သွားများတွင် သွေးများ စွန်းထင်နေသည့် သူ့ရုပ်သွင်မှာလည်း ကြောက်မက်ဖွယ် ကောင်းနေပါသည်။

ထိုစဉ်မှာပင်...

ဝုန်း...

အရှုပ်အထွေး နတ်ဘုရားမြို့တော်၏ နံရံပေါ်တွင် ပုံပျက်ပန်းပျက်ကပ်နေသော ထျန့်ကျီတောင်သခင်ကြီး၏ ခန္ဓာကိုယ်က ရုန်းကန်လှုပ်ရှားလာပါသည်။

ထို့နောက်တွင် သူ၏ ကြေမွနေသော ခန္ဓာကိုယ်မှာ နံရံပေါ်မှ ပြုတ်ကျလာပြီး .. ထူးဆန်းစွာပင် လူပုံစံ ပြန်လည် ပြောင်းလဲသွား၏။

“ဘာလို့... ဘာလို့ ငါ့ကို ရိုက်ရတာလဲ”

သူ ပြန်ကောင်းသွားသည်နှင့် လောထျန်းကို ကြည့်ကာ ဒေါသတကြီး မေးလိုက်သည်။

လောထျန်းက သူ့အား အဘယ့်ကြောင့် လွင့်စင်သွားအောင်ထိ ရိုက်လိုက်ရသည်ကို သူ လုံးဝ နားမလည်နိုင်ပါချေ။

လောထျန်းတွင် သူ့ကို ရိုက်ထုတ်နိုင်စွမ်း ရှိသည်ဆိုသည့် အချက်ထက် အဘယ့်ကြောင့် ထိုသို့လုပ်လိုက်ရသည်ဆိုသည့် အချက်ကို သူ ပိုသိချင်နေပါ၏ ။

ထိုအချိန်တွင် လောထျန်းက ခေါင်းကို ဖြည်းဖြည်းချင်း လှည့်၍ တစ်ဖက်လူကို ကြည့်ကာပြောသည်။

“ဘာလို့ ရိုက်ရတာလဲ ဟုတ်လား? အဲ့ဒီ မသေမျိုး လက်ဖက်ပင်ကို ခူးတဲ့လူက... ငါ ဖြစ်နေလို့ပဲ!”

“မင်း ဘာပြောလိုက်တယ်!”

ထျန့်ကျီတောင်သခင်ကြီး မှင်သက်သွားရတော့သည်။

ထိုအချိန်မှသာ သူ တစ်မိသားစုလုံးကို သတ်ပစ်မည်ဟု ပြောခဲ့သည့် လူမှာ သူ့ရှေ့ရှိ ထိုလူငယ်လေး ဖြစ်နေကြောင်း သိလိုက်ရခြင်းပင်။

ဒါလောင်မသေမျိုးဘုရင်နှင့် အခြားသူများမှာမူ သက်ပြင်းကိုယ်စီချနိုင်သွားကြ၏။

ထိုသူနှစ်ဦးကြားတွင် ယခင်ကတည်းက ရန်ငြိုးရှိနေခဲ့ခြင်းမှာ ကံကောင်းခြင်း မဟုတ်ပါလား။

သူတို့နှစ်ဦး ပူးပေါင်းမည် မဟုတ်သည်မှာ သေချာသွားလေပြီ။

ထိုစဉ် လောထျန်းက တစ်ဖက်လူကို ကြည့်ကာ ဆက်ပြောပါသည် ။

“ပြီးရင်... မင်းကို ဖိနှိပ်ထားတဲ့ အစီရင်ကို လုပ်တာလည်း ငါပဲ!”

သူ့စကားဆုံးချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားတော့သည်။

ထျန့်ကျီတောင်သခင်ကြီးပင်လျှင် မှင်သက်နေပါ၏ ။

ထို့နောက်တွင်ကား သူ ဒေါသူပုန်ထသွားပါတော့သည်။

“မင်း ဘာပြောလိုက်တယ်!”

သို့ဆိုလျှင် ပြီးခဲ့တဲ့ လများအတွင်း သူ ခံစားခဲ့ရသည့် ငရဲလို ဒုက္ခများမှာ ထိုလူငယ်လေးရဲ့ လက်ချက်တဲ့လား ....

ထိုအချိန်အတွင်း သူ ခံစားခဲ့ရသော အရှက်ကွဲမှုနှင့် နာကျင်မှုများကို ပြန်လည် မြင်ယောင်လာကာ ထျန့်ကျီတောင်သခင်ကြီး ရူးသွပ်မတတ်ပင် ဖြစ်သွား၏။

ထိုအချိန်တွင် လောထျန်းက ထပ်ပြောပြန်သည်။

“ပြီးတော့ မင်းကို မြို့နဲ့ ဖိချပြီး မင်းရဲ့ နောက်လိုက်တွေကို သတ်ပစ်လိုက်တာလည်း ငါပဲ”

ဤတစ်ကြိမ်တွင်ကား ထျန့်ကျီတောင်သခင်ကြီးက လုံးဝ စိတ်မထိန်းနိုင်တော့ပါချေ။

“ဒါဆို... ဒါတွေ အကုန်လုံးက မင်း လုပ်ခဲ့တာပေါ့လေ?”

သူ့ မျက်လုံးများ သွေးရောင်လွှမ်းလာကာ သူ့ကိုယ်မှ နာကြည်းမှုများလည်း ပိုပိုတိုးလာ၏။

ထိုသို့ ပိုပိုတိုးလာပြီး နောက်ဆုံးတွင်မူ ထိုနာကျည်းမှုများက ဧရာမ သရဲတစ္ဆေ ပုံရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်ကို ဝါးမျိုလိုက်ပါတော့သည်။

မြင်လ်ိုက်ရသည့် မြင်ကွင်းကြောင့် အေးအေးဆေးဆေး နေတတ်သော လောထျန်းပင်လျှင် အနည်းငယ် တုန်လှုပ်သွားပါ၏။

“ဒီလောက်တောင် ဒေါသထွက်နေတာလား”

သူ အံ့ဩတကြီး မေးလိုက်သည်။

All Chapters