← Chapters

Chapter 1043 I am the master of the Abandoned Heaven Mountain Range

Vol. 71 Ch. 1043

Chapter 1043 I am the master of the Abandoned Heaven Mountain Range

Vol. 71 Ch. 1043

ဂျိန်း... ဝုန်း...

ဧရာမမြို့တော်ကြီး ပြိုဆင်းလာသည်နှင့်အမျှ ထျန့်ကျီတောင်တန်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတော့သည်။

ဖုန်မှုန့်လုံးကြီးများလည်း လိပ်တက်လာကာ အရပ်မျက်နှာအနှံ့သို့ လွှမ်းခြုံသွား၏။

၎င်းနှင့်အတူ ပြင်းထန်သော လေပြင်းတစ်ခုကလည်း လှိုင်းလုံးကြီးသဖွယ် လိမ့်ဝင်လာသဖြင့် တိမ်လွင့်ဓားဂိုဏ်းမှ ဘိုးဘေးနှစ်ဦးမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ မိုင်ပေါင်းများစွာ အဝေးသို့ လွင့်စင်သွားပြီးမှ ခက်ခက်ခဲခဲ ရပ်နိုင်ကြပါသည်။

သူတို့ဘေးရှိ ဒါလောင် မသေမျိုးဘုရင်မှာမူ သူတို့ထက် အခြေအနေ အနည်းငယ် ကောင်းသော်လည်း အဝတ်အစားများ စုတ်ပြတ်သတ်ကာ ဖရိုဖရဲပုံစံ ဖြစ်နေပါ၏။

သူ့ မျက်နှာမှာလည်း ယခင်ထက် ပို၍ ဖြူလျော်နေရှာသည်။

ကြောက်မက်ဖွယ်ကောင်းလှသော ထိုမုန်တိုင်းကြီးက သူ့အား အပြင်းအထန် ထိခိုက်သွားစေခဲ့သည်မှာ အသိသာပါပင်။

"ဒါ... အစွမ်းထက်လိုက်တဲ့ တိုက်ကွက်ကွာ!"

ဒါလောင် မသေမျိုးဘုရင်မှာ ကျောရိုးထဲထိတိုင် အေးစက်သွားသလို ခံစားလိုက်ရပြီး အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

"အမှန်ပဲ၊ ပြီးတော့ ဒီတိုက်ကွက်က... အရမ်းကို ထူးဆန်းလွန်းတယ်။ လက်ဝှေ့ယမ်းလိုက်ရုံနဲ့ ရန်သူကို တိုက်ဖို့ ဧရာမမြို့တော်ကြီး တစ်ခုလုံးကို ဖန်တီးလိုက်နိုင်တဲ့ပုံပဲ ။ ဒီမြို့တော်ရဲ့ အရောင်အဝါနဲ့ ပုံစံကလဲ တကယ့်အစစ်အတိုင်းပဲ!"

တိမ်လွင့်ဓားဂိုဏ်းမှ ဝတ်စုံဖြူဝတ် အဘိုးအိုကလည်း ဝင်ပြော၏။

"ဟုတ်တယ်၊ ဒီမြို့တော်ကြီးက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တဲ့ပုံရပဲ။ ပြိုဆင်းလာချိန်မှာ ထွက်လာတဲ့ လေဖိအားနဲ့တင် ငါတို့ကို လွင့်စင်သွားအောင် လုပ်နိုင်တယ်။ ဒါ နတ်ဘုရားတောအုပ်ရဲ့ အစွမ်းလား"

ဝတ်စုံနက်အဘိုးအိုကလည်း တုန်တုန်ယင်ယင်အသံဖြင့် ဆိုသည်။

သူတို့ သုံးဦးစလုံးပင် မကြုံစဖူး လေးနက်သော မျက်နှာထားများ ရှိနေကြ၏။

ထျန့်ကျီတောင်သခင်ကြီးမှာ သူတို့ ခန့်မှန်းထားသည်ထက်ပင် ပို၍ အစွမ်းထက်နေဟန် တူပါသည်။

သို့သော် ထိုစဉ်မှာပင် သူတို့ သုံးဦး၏ နောက်ကွယ်မှ မျက်နှာဖြူလျော်နေသော မသေမျိုးဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးက လက်ကို ဖြည်းဖြည်းချင်း မြှောက်၍ ပြောလာသည် ။

"ဟို... သခင်ကြီး သုံးယောက်ခင်ဗျာ?"

သူတို့ သုံးဦးစလုံး အသံလာရာဘက်သို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။

ထိုမသေမျိုးဘုရင်မှာ သူ့ရှေ့ရှိ အစွမ်းထက် ပုဂ္ဂိုလ်ကြီး သုံးဦးကို ကြည့်ကာ အနည်းငယ် တုန်လှုပ်နေပုံရသော်လည်း သတ္တိမွေးကာ မေးပါသည် ။

"သခင်ကြီးတို့ကတောင် ဒီတိုက်ကွက်က အရမ်းစွမ်းတယ်လို့ ပြောနေကြတာ ... အခု ထျန့်ကျီတောင်သခင်ကြီးက ဘာလို့ ဒီမြို့တော်ကြီးနဲ့ ကျုပ်တို့ကို တိုက်ရိုက် မဖိချပစ်တာလဲ"

"ဟင်?"

ဒါလောင် မသေမျိုးဘုရင်ပင်လျှင် သူ့မေးခွန်းကြောင့် မှင်သက်သွားရ၏။

မှန်ပါသည်၊ အကယ်၍ တစ်ဖက်လူကသာ ထိုမြို့တော်ကြီးကို သူတို့ပေါ်သို့ တိုက်ရိုက် ဖိချလိုက်လျှင် ဒဏ်ရာရထားသော သူတို့ သုံးယောက်အနေဖြင့် ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပါ။

ဒါလောင်မသေမျိုးဘုရင်သည်ပင် အစွမ်းအထွတ်ထိပ်သို့ ရောက်နေချိန်၌သာ အသက်ရှင်အောင် ထွက်ပြေးနိုင်မည့် အခွင့်အရေး ရှိပါလိမ့်မည်။

သို့သော် ထျန့်ကျီတောင်သခင်ကြီးက အဘယ့်ကြောင့် ဤအခွင့်အရေးကို လက်လွှတ်လိုက်ရပါသနည်း။

"ပြီးတော့ ဒီကောင်က ကျုပ်တို့ကို မတိုက်ခိုက်ရုံတင်မကဘူး၊ ဒီမြို့တော်ကြီး ပေါ်လာတဲ့အချိန်မှာ သူကိုယ်တိုင်ပါ မြို့အောက်ကို အဖိခံလိုက်ရသလိုပဲ။ သူ တစ်ခုခု လှည့်စားဖို့ ကြံနေတာများလား"

ထိုမသေမျိုးဘုရင်က ဆက်မေးပါသည်။

"ဟင်?"

မသေမျိုးဘုရင် သုံးဦးစလုံး ထပ်မံ မှင်သက်သွားကြပြန်၏။

ထို့နာက်တွင် သူတို့သုံးဦးသား ဧရာမ မြို့တော်ကြီးရှိရာသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်မိကြသည်။

မြို့တော်ကြီး ကျသွားခဲ့သည့် နေရာမှာ ထျန့်ကျီတောင်သခင်ကြီး ရပ်နေခဲ့သည့် နေရာပင်။

သူ တစ်ဦးတည်းတင် မဟုတ်။ သူ့ကို ကိုးကွယ်နေခဲ့ကြသော လက်ပါးစေများအားလုံးလည်း ထိုမြို့တော်ကြီးအောက်သို့ ရောက်သွားခဲ့ကြပြီ ဖြစ်ပါသည်။

၎င်းကို ကြည့်ရင်း သူတို့သုံးဦး ပို၍ပင် ဇဝေဇဝါ ဖြစ်သွားကြ၏။

ဘာတွေ ဖြစ်နေတာပါလဲ။

ထျန့်ကျီတောင်သခင်ကြီးက အားပြင်းလှသော တိုက်ကွက်တစ်ခုကို ထုတ်ဖော်ကာ မိမိကိုယ်ကိုယ်အပြင် သူ့ နောက်လိုက်များကိုပါ အပြတ်ရှင်းပစ်လိုက်ပါသလား။

၎င်းမှာ ဘာသဘောပါလဲ။

သူတို့ သုံးဦး တစ်ဦးကိုတစ်ဦး ကြည့်ကာ နားမလည်နိုင် ဖြစ်နေကြစဉ်မှာပင်...

ဝုန်း...

ရုတ်တရက် ပေါ်လာခဲ့သော ထိုဧရာမ မြို့တော်ကြီး၏ တံခါးက ဖြည်းဖြည်းချင်း ပွင့်လာပါတော့သည်။

"ဟင် "

ထိုအသံကို ကြားသည်နှင့် ဒါလောင် မသေမျိုးဘုရင်နှင့် အခြားသူများမှာ ပေတစ်ထောင်ခန့် နောက်သို့ ဆုတ်သွားကြပြီး ခုခံရန် အသင့်ပြင်လိုက်ကြ၏။

သူတို့ပုံမှာလည်း ရန်သူနှင့် အချိန်မရွေး အသက်ပေး တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသယောင် ##..

သို့သော် ထိုအချိန်တွင် ဧရာမ မြို့တံခါးကြီး ပွင့်သွားပြီးနောက် လူရိပ်တစ်ခု ရှေ့သို့ ထွက်လာပါသည်။

"အိုး... ဒုက္ခပဲ၊ ကျုပ်က အရှုပ်အထွေး နတ်ဘုရားမြို့တော်ကို ခုမှ ပထမဆုံးအကြိမ် မောင်းဖူးတာဆိုတော့ သိပ်မကျွမ်းကျင်သေးဘူး။ ဆင်းတဲ့အချိန်မှာ ပြဿနာရှိသွားပုံရတယ်! ဘယ်သူ့ကိုမှ မထိလိုက်ပါဘူးနော်?"

မြို့တံခါးရှေ့မှ လူတစ်ယောက်က စိုးရိမ်တကြီး ပြောလာသည်။

ထိုသူမှာ အခြားသူမဟုတ်ဘဲ လောထျန်းပါပင်။

"ဟင်?"

မသေမျိုးဘုရင် သုံးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်နှာများ တည်သွားကြ၏။

ဘာတွေဖြစ်နေတာပါလဲ။

ထျန့်ကျီတောင်သခင်ကြီး ဖန်တီးလိုက်သည့် မြို့တော်ကြီးထဲတွင် လူများ ရှိနေပါသလား။

၎င်းမှာ ဘယ်လို တိုက်ကွက်မျိုးပါလဲ။

"မင်းက ဘယ်သူလဲ"

အတော်ကြာ တုံ့ဆိုင်းနေပြီးနောက်မှ ဒါလောင်မသေမျိုးဘုရင်က ခပ်ပြတ်ပြတ်အသံဖြင့် မေးလိုက်သည်။

"ဟင်? တကယ်ပဲ လူတွေ ရှိနေတာလား"

လောထျန်းမှာ ထိုအသံကို ကြားမှ မှင်သက်သွားပြီး ဒါလောင်မသေမျိုးဘုရင်နှင့် အခြားသူများကို သတိထားမိသွားတော့၏။

တစ်ချိန်တည်းမှာပင် ဒါလောင် မသေမျိုးဘုရင်တို့ ဖြစ်နေသည့် အသွင်အပြင်ကိုလည်း သူ မြင်လိုက်ရပါသည်။ သူတို့အားလုံးမှာ ဖုန်မှုန့်များ ပေကျံနေကာ လုံးဝ စုတ်ပြတ်သတ်နေကြပါ၏။

အထူးသဖြင့် တိမ်လွင့်ဓားဂိုဏ်းမှ ဘိုးဘေးနှစ်ဦးမှာ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာဒဏ်ချက်ကိုယ်စီဖြင့် ကြည့်မကောင်းလောက်အောင် ဖြစ်နေပါသည်။

လောထျန်း ၎င်းကိုကြည့်ပြီး အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

"ဒါ... ဒီလောက်တောင် စုတ်စုတ်ပြတ်ပြတ် ဖြစ်သွားရတာလား"

သူ ပြောပြောဆိုဆိုဖြင့်ပင် တည်နေရာရွှေ့ပြောင်းကာ တဖက်လူသုံးဦးရှေ့၌ ရုတ်တရက် ပေါ်လာပါသည်။

"ဟို... အားနာလိုက်တာ၊ ကျုပ် တမင်လုပ်တာ မဟုတ်ပါဘူး! ခင်ဗျားတို့ အဆင်ပြေကြရဲ့လား? ကျုပ်ဆီမှာ ထိပ်တန်းဆေးအချို့ ရှိပါတယ်၊ သောက်ကြည့်မလား?"

လောထျန်းက အနည်းငယ် အားနာသော အမူအရာဖြင့် ပြောလိုက်၏။

မသေမျိုးဘုရင် သုံးဦးစလုံးမှာလည်း သူ့မျက်နှာအမူအရာကိုကြည့်ကာ လုံးဝကို ဆွံ့အသွားကြပါတော့သည်။

"ဒီကောင် ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ"

ဒါလောင်မသေမျိုးဘုရင်မှာ သူ့ရှေ့ ရုတ်တရက်ပေါ်လာသော လောထျန်းကို မြင်ပြီး မျက်ခုံးများပင် လှုပ်သွား၏။

လောထျန်း၏ လှုပ်ရှားမှုကို သူ လုံးဝ မမြင်လိုက်ရပါချေ။

ထိုခဏ၌ သူ၏ နှလုံးသားတစ်ခုလုံးလည်း အေးစက်သွားသယောင်။

အကယ်၍ လောထျန်းသာ ရန်လိုစိတ်ရှိပါက... ယခုလောက်ဆိုလျှင် သူ သေနေလောက်လေပြီ။ တုံ့ပြန်ရန်တောင် အချိန်ရှိလိုက်မည် မဟုတ်ပါချေ။

ဤလောကတွင် ဤမျှ ကြောက်စရာကောင်းသော လူမျိုး ရှိနေပါသလား။

ထိုစဉ် တိမ်လွင့်ဓားဂိုဏ်းမှ ဝတ်စုံဖြူအဘိုးအိုက သတိပြန်ဝင်လာကာ လောထျန်းအား အော်ဟစ်မေးမြန်းလိုက်သည်။

"မင်း... မင်းနဲ့ ထျန့်ကျီတောင်သခင်ကြီးနဲ့ ဘယ်လို ပတ်သက်တာလဲ"

သူ မေးပြီး လောထျန်း၏ မျက်နှာရိပ်မျက်နှာကဲကို သေချာ စိုက်ကြည့်လိုက်၏။

တစ်ချိန်တည်းမှာပင် အခြားသူများလည်း အခြေအနေကို သတိပြုမိသွားကြကာ လောထျန်းအား ကြည့်လိုက်ကြသည်။

လောထျန်းက ခေါင်းကို ကုတ်၍ ပြန်‌ပြောပါ၏။

"ထျန့်ကျီတောင်လား? အင်း... ထျန့်ကျီတောင်ရဲ့ သခင်က ကျုပ်လို့ပဲ ပြောရမယ်ထင်တယ်။"

လောထျန်း ပြောသည်မှာ အမှန်ပါပင်။

အမှန်တွင်လည်း သူ ထျန့်ကျီတောင်သို့ ရောက်လာကတည်းက ဤနေရာကို အပိုင်စားထားသူ တစ်ဦးတစ်ယောက်မျှ မတွေ့ခဲ့ရပါချေ။

တောင်တန်းတစ်ခုလုံးတွင် သူတစ်ဦးတည်းသာ ရှိနေခဲ့ပါ၏။

ထို့ကြောင့် သူ့ကိုယ်သူ ထျန့်ကျီတောင်သခင်ကြီးဟု ခေါ်ဆိုခြင်းမှာ မမှားပါချေ။

သို့သော် သူ မသိလိုက်သည်မှာ သူ့စကားများက သူ့ရှေ့ရှိ လူများအတွက် လုံးဝ အဓိပ္ပာယ် ကွဲနေခြင်းပင်။

"မင်း ဘာပြောလိုက်တယ်!"

လူအုပ်ကြီး တစ်ပြိုင်နက်တည်းနီးပါး အော်လိုက်ကြသည်။

ထို့နောက် သူတို့အားလုံး အနောက်ဘက် ပေရာပေါင်းများစွာအကွာသို့ ချက်ချင်း ဆုတ်သွားကြကာ လောထျန်းအား သတိကြီးစွာ စိုက်ကြည့်လိုက်ကြသည်။

"ဟင်? ခင်ဗျားတို့ ဘာဖြစ်သွားကြတာလဲ။ ဘာလို့ ဒီလောက်တောင် လန့်နေကြတာလဲ"

လောထျန်းတစ်ယောက် ဇဝေဇဝါ ဖြစ်သွား၏။

ထိုအချိန်တွင် တဖက်မှ လူများမှာ တစ်ဦးကိုတစ်ဦး နားမလည်နိုင်ဖြစ်နေသည့် အကြည့်ဖြင့် ကြည့်လိုက်ကြသည်။

"ဒါလောင် မသေမျိုးဘုရင်၊ အခု ဘာတွေ ဖြစ်နေတာလဲဗျ။ ဒီကောင်က တကယ်ပဲ ထျန့်ကျီတောင်သခင်ကြီးလား"

ဝတ်စုံဖြူအဘိုးအိုက မေးလိုက်သည်။

ဒါလောင် မသေမျိုးဘုရင်က မျက်မှောင်ကြုံ့၍ ပြန်ပြော၏။

"ငါလဲ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး..."

ဝတ်စုံနက်အဘိုးအိုမှာမူ တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရကာ ပြောသည် ။

"ဒါက ဖြစ်နိုင်တာက... ထျန့်ကျီတောင်သခင်ကြီးရဲ့ တိုက်ကွက်တစ်ခုများလား?"

လူတိုင်း သူ့ဘက်သို့ လှည့်ကြည့်လိုက်ကြ၏။

ဝတ်စုံနက်အဘိုးအိုက တုန်တုန်ယင်ယင်အသံဖြင့် ဆက်ပြောသည်။

"ကျုပ် အထင်တော့ အစောပိုင်းက တိုက်ကွက်ဟာ ဆင့်ကဲပြောင်းလဲခြင်းပညာရပ် ဖြစ်ရမယ်။ စွန့်ပစ်တောင်တန်းအရှင်က အဲ့ဒါကို သုံးလိုက်ပြီးတဲ့နောက်မှ မြို့တော်ကြီးထဲကနေ အခုလို ပုံစံမျိုးနဲ့ ပြန်ထွက်လာတာ ဖြစ်ရမယ်! သူ့ရဲ့ အရောင်အဝါရော တခြားဟာအားလုံးက ပြောင်းလဲသွားပြီ၊ ပြီးတော့ သူ့ရဲ့ အရှိန်ကလည်း ပိုမြန်လာတယ်!"

သူ့စကားကြောင့် ကျန်မသေမျိုးဘုရင် နှစ်ဦး ထိတ်လန့်သွားကြ၏။

"ဒီလိုမျိုး ဖြစ်နိုင်လို့လား"

"ဖြစ်နိုင်ခြေ အများကြီး ရှိတာပေါ့"

ဝတ်စုံနက်အဘိုးအိုက ခေါင်းညိတ်ကာ ဆိုပါသည်။

ထို့နောက် သူ လောထျန်းဘက်သို့ လက်ညှိုးထိုးကာ ပြောလိုက်၏။

"ထျန့်ကျီတောင်သခင်ကြီး၊ မင်း အခု ဘာလုပ်ဖို့ ကြံစည်နေတာလဲ"

၎င်းကို ကြားသောအခါ လောထျန်းက နားမလည်စွာဖြင့် ပြန်မေးပါသည်။

"ကျုပ်လား ... ကျုပ် ဘာမှ မလုပ်ပါဘူးလေ၊ အိမ်ပြောင်းလာရုံတင်ပါ?"

သူ့စကားကြောင့် တဖက်လူများ ထပ်မံ မှင်သက်သွားရပြန်ပါ၏။

သို့သော် ထိုစဉ်မှာပင်...

ဖူး...

အရှုပ်အထွေး နတ်ဘုရားမြို့တော်၏ အောက်ဘက်မှ နာကြည်းမှုများဖြင့် ပြည့်နှက်နေသော သွေးစွန်းနေသည့် လက်တစ်ဖက် ရုတ်တရက် ပေါ်လာပါတော့သည်။

All Chapters