← Chapters

အခန်း (၂၀၂)

Vol. 21 Ch. 202

အခန်း (၂၀၂)

Vol. 21 Ch. 202

ဟယ်စီဖန်းကလည်း "ဟုတ်ပါရဲ့ တကယ်ကို မြန်မြန်ဆန်ဆန် ကြီးထွားလာတာပဲ" ဟု ထောက်ခံသည်။

ရွှီရန်က ခပ်ဖွဖွပြုံးရင်း လူကြီးမင်းတစ်ဦးချင်းစီကို ဦးလေးဟု ရိုသေသေ နှုတ်ဆက်လိုက်သည်။

ဖုန်းထန်က မျက်မှောင်ကြုတ်ကာ "ကျောင်းအုပ်ကြီး... ရွှီရန်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ထိပ်သီးဆယ်ယောက်စာရင်းထဲ ဝင်နိုင်လောက်တယ် မဟုတ်လား" ဟု မေးမြန်းလိုက်သည်။

ကျောင်းအုပ်ကြီးက ဖုန်းထန်ကို တစ်ချက်ကြည့်ကာ "ဟားဟားဟား... ထိပ်သီးဆယ်ယောက် ဟုတ်လား။ ဒီထက် ပိုပြီး မှန်းဆကြည့်ပါဦး။ မင်းရဲ့ စိတ်ကူးစိတ်သန်းတွေကို လွှတ်ပေးလိုက်စမ်းပါ" ဟု ရယ်မောကာ ပြောလိုက်သည်။

ထိုစကားကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။

"ဒါဆို ထိပ်သီး ငါးယောက်ထဲ ဝင်နိုင်တာလား"

ရွှီရန်က လက်ကာပြလိုက်ပြီး "ဒီနေ့တော့ အဆင့်သတ်မှတ်ချက်တွေအကြောင်း မပြောကြရအောင်ပါ ဦးလေးတို့ရာ"

"ကျွန်တော် အဆောင်လက်ဖွဲ့ပညာတစ်မျိုးကို ခုလေးတင် သင်ယူထားလို့ပါ။ ဒီအဆောင်က အာနိသင် တကယ်ကို ကောင်းတယ်ဆိုတာ ဦးလေးတို့ ကြည့်လိုက်တာနဲ့ သိမှာပါ"

ကျောင်းအုပ်ကြီးမှာ မှင်သက်သွားပြီး "မင်း... မင်း တကယ်ပဲ အဲဒါကို လေ့လာလို့ အောင်မြင်သွားတာလား" ဟု မယုံနိုင်သလို မေးလိုက်သည်။

ယဲ့ဖျင်ကလည်း ထပ်တူပင် အံ့အားသင့်နေပြီး ရွှီရန်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ကာ "ဘာအဆောင်လဲ။ အာနိသင်ကရော ဘာလဲ။ အသေးစိတ် ပြောပြပါဦး ကုသခြင်းအဆောင်တော့ မဟုတ်ဘူးမလား"

ရွှီရန်က မအောင့်နိုင်ဘဲ ရယ်မောလိုက်မိပြီး "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ။ ကျွန်တော်က အခုမှ စသင်တာကို ဒီလောက် အဆင့်မြင့်တဲ့ အဆောင်မျိုးကို ချက်ချင်းကြီး ရေးထွင်းနိုင်မယ်လို့ ထင်နေတာလား"

ယဲ့ဖျင်က ခေါင်းညိတ်ကာ "အေးလေ အဲဒါကတော့ ဖြစ်နိုင်ခြေ သိပ်မရှိပါဘူး။ ကုသခြင်းအဆောင်က လည်ပင်းပြတ်လုနီးပါး ဒဏ်ရာမျိုးကိုတောင် ချက်ချင်း ပြန်ကောင်းစေနိုင်တာကိုး"

"ဒါဆို မင်း ဘယ်လိုအဆောင်မျိုးကို သင်ယူခဲ့တာလဲ"

ရွှီရန်သည် သူ၏အိတ်ကပ်ထဲမှ ရွှေရောင်ဝင်းပနေသော ရတနာအဆောင်တစ်ထပ်ကို ထုတ်ယူလိုက်သည်။

“ကျွန်တော်က အခြေခံအဆောင်တွေကိုပဲ ရေးထွင်းနိုင်သေးတာပါ။ ဒီအဆောင်ကိုတော့ ကျွန်တော်က ဆတိုးရတနာအဆောင်ငယ်လို့ အမည်ပေးထားပါတယ်။ အသုံးပြုလိုက်တာနဲ့ ကျင့်ကြံမှုအရှိန်ကို ၅၀ ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်ပြီး သုံးလကြာအောင် အာနိသင်ခံပါတယ်။ သုံးလပြည့်သွားရင်တော့ အဆောင်ရဲ့ အစွမ်းက အလိုအလျောက် ပျောက်ကွယ်သွားမှာပါ”

ဤစကားကို ကြားလိုက်ရချိန်တွင် ခန်းမအတွင်းရှိ ယွဲ့အဆင့်ပညာရှင်ကြီးများအားလုံး ဆွံ့အမှင်သက်သွားကြပြီး ကျောက်ရုပ်များသဖွယ် အေးခဲသွားကြတော့သည်။

ရွှီရန်က သူ၏လက်ထဲမှ ရတနာအဆောင်များကို တဖျတ်ဖျတ်ခါယမ်းပြနေသော်လည်း သူတို့မှာမူ အံ့ဩလွန်းသဖြင့် လှုပ်ရှားနိုင်စွမ်းပင် မရှိကြတော့ပေ။ ထိုအခိုက်အတန့်တွင် သူတို့၏ ဦးနှောက်ထဲ၌ စကြဝဠာကြီး တစ်ခုလုံး ပေါက်ကွဲသွားသကဲ့သို့လည်းကောင်း ကြယ်တာရာယဉ်ကျေးမှုများ အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်ခုန်ပျံသွားသကဲ့သို့လည်းကောင်း အလွန်တရာ ဝေဝါးရှုပ်ထွေးသော ခံစားချက်မျိုးကို ခံစားနေကြရသည်။

အတန်ကြာမှသာ ရွှီရန်ကြောင့် ကမ္ဘာကြီးအပေါ်ထားရှိသော အမြင်များ ခဏခဏ ရိုက်ချိုးခံထားရသဖြင့် အတော်အတန် ခံနိုင်ရည်ရှိနေပြီဖြစ်သော ကျောင်းအုပ်ကြီးက ရွှီရန်ကို အံ့အားသင့်စွာ စိုက်ကြည့်ရင်း မေးလိုက်သည်။

“ဘာ... မင်း ဘာပြောလိုက်တာလဲ။ ဒါက တကယ်ရော ဟုတ်ရဲ့လား”

ရွှီရန်က လက်နှစ်ဖက်ကို ဘေးသို့ဆန့်ထုတ်ပြရင်း “တကယ်ပါဗျာ။ စမ်းကြည့်ချင်လား” ဟု ပြန်ပြောလိုက်သည်။

ထို့နောက် ရွှီရန်သည် အဆောင်တစ်ခုကို ကောက်ယူကာ အစွမ်းထက်အောင် ပြုလုပ်လိုက်ပြီး ကျောင်းအုပ်ကြီးထံ ကမ်းပေးလိုက်သည်။

“အင်္ကျီပေါ်က မဟုတ်ဘဲ ရင်ဘတ်ပေါ်မှာ တိုက်ရိုက်ကပ်ကြည့်ပါခင်ဗျာ။ ဦးလေးတို့အားလုံးလည်း စမ်းကြည့်ကြပါဦး”

ဤသို့ပြောဆိုကာ ရွှီရန်သည် သူ၏အဆောင်များကို စီးကရက်ဝေပေးသကဲ့သို့ တစ်ဦးချင်းစီသို့ လိုက်လံဝေငှပေးလိုက်တော့သည်။

ကျောင်းအုပ်ကြီးသည် အဆောင်ကို လက်ခံရရှိပြီးနောက် တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် သူ၏အတွင်းအင်္ကျီကို ဆွဲဟကာ ဆတိုးအဆောင်ငယ်ကို သူ၏ရင်ဘတ်ပေါ်တွင် တိုက်ရိုက်ကပ်လိုက်သည်။

အဆောင်လက်ဖွဲ့ကို တပ်ဆင်လိုက်ပြီးသည်နှင့် ကျောင်းအုပ်ကြီးသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး “ဒါ... ဒါကတော့ အနှိုင်းမဲ့တာပဲ သားလေးရာ ဒီအရာက တကယ်ကို အစွမ်းထက်လွန်းတယ်” ဟု အော်ဟစ်မိတော့သည်။

ဝါရင့်ပညာရေးမှူးတစ်ဦးဖြစ်သည့် ကျောင်းအုပ်ကြီးအနေဖြင့် ဤအဆောင်လက်ဖွဲ့၏ ကြောက်မက်ဖွယ်ကောင်းသော အသုံးဝင်ပုံကို ဘယ်လိုလုပ် သတိမထားမိဘဲနေမှာလဲ။

ထိုအချိန်မှာပင် ကျန်ရှိနေသူများသည်လည်း ဆတိုးအဆောင်ငယ်၏ အာနိသင်ကို ကိုယ်တိုင်ခံစားလိုက်ရသဖြင့် သူတို့၏ မျက်ဝန်းများနှင့် မျက်နှာထက်မှ တုန်လှုပ်မှုမှာ ကျောင်းအုပ်ကြီးထက်ပင် ပိုမိုပြင်းထန်နေပါသည်။

“ဒါကတော့...”

“ဟူး”

ဟယ်စီဖန်းက “ဒါက မဟာဗျူဟာမြောက် အရင်းအမြစ်တွေထဲကမှ အဆင့်မြင့်ဆုံး အရင်းအမြစ်ပဲ တကယ့်ကို တန်ဖိုးဖြတ်လို့မရတဲ့ ရတနာပဲ” ဟု မှတ်ချက်ပေးသည်။

ယွမ်ယန်ကလည်း စူးစိုက်ကြည့်ရင်း “ငါတော့ ဒါရဲ့ ကြောက်စရာကောင်းတဲ့ အသုံးဝင်ပုံတွေကို မြင်ယောင်နေပြီ။ တကယ်လို့ ဒါကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်ရင် လူသားကျင့်ကြံသူတွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဒုံးပျံလို ထိုးတက်သွားမှာပဲ” ဟု ဆိုသည်။

“မှန်တာပေါ့”

အကြီးအကဲ ဖုန်းထန်က ရွှီရန်ကို ကယ်တင်ရှင်တစ်ဦးကို မြင်တွေ့ရသကဲ့သို့ ကြည့်ကာ “ဒါတင်မကဘူး။ ဒီအရာက ပါရမီရှင်တွေအတွက် ပိုပြီးထိရောက်တယ်။ တကယ်လို့ တခြား နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းက ပါရမီရှင်တွေသာ ဒီအဆောင်ကို သုံးနိုင်ရင် တစ်နှစ်ကို သွေးစွမ်းအင်၈,၀၀၀ လောက် ပိုတိုးလာလိမ့်မယ်။ ဒါက ကျင့်ကြံမှုသက်တမ်းကို တစ်နှစ်ရဲ့ တစ်ဝက်ကျော်လောက် ထပ်တိုးပေးလိုက်သလိုပဲ” ဟု စိတ်လှုပ်ရှားစွာ ပြောသည်။

ဦးလေးယဲ့ဖျင်ကတော့ လက်တွေ့ကျကျ မေးမြန်းလိုက်သည်။

“ဒါနဲ့ သားလေး... ဒီအဆောင်ကို ထုတ်လုပ်တဲ့ နည်းလမ်းကို လူတိုင်းသိအောင် ဖြန့်ဝေလို့ရမလား ပြီးတော့ ဘေးထွက်ဆိုးကျိုးကရော ဘာရှိလဲ”

ရွှီရန်က ခပ်အေးအေးပင် ပြုံးလိုက်ရင်း “ဘေးထွက်ဆိုးကျိုးလား အရမ်းကို သေးငယ်ပါတယ်။ အစားပိုစားချင်လာတာ တစ်ခုပဲ ရှိတယ်။ နေ့တိုင်း အစားအစာ ပိုစားပေးဖို့ပဲ လိုတာပါ။ ထုတ်လုပ်တဲ့နည်းလမ်းကို လူတိုင်းသိအောင် လုပ်ဖို့ကတော့ အခုလောလောဆယ် မဖြစ်

နိုင်သေးဘူး။ ကျွန်တော် တစ်ယောက်တည်းပဲ လုပ်လို့ရသေးတာ။ ဒါကြောင့် အရင်ဆုံး နတ်

ဘုရားတစ်ပိုင်း မူကြိုကျောင်းက ပါရမီရှင်တွေကို ပေးသုံးမယ်။ ပြီးရင်တော့ ရှင်းလင်းရေးတပ်ဖွဲ့နဲ့ စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့တွေကိုလည်း ပေးသုံးလို့ရပါတယ်” ဟု ဖြေကြားလိုက်သည်။

လူတိုင်းက စဉ်းစားဟန်ဖြင့် “လူတိုင်း မလုပ်နိုင်ဘူးဆိုတော့...”

“ဒါတောင်မှ ကမ္ဘာ့နိယာမတွေကို ဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်နေတုန်းပဲ ဒါကို စူပါပါရမီရှင်တွေဆီ ထောက်ပံ့ပေးနိုင်ရုံနဲ့တင် ပါရမီရှင်တွေကို နောက်ထပ် အဆင့်တစ်ခုအထိ မြှင့်တင်ပေးနိုင်ဖို့ လုံလောက်တယ်။ ဒီနေ့ကစပြီး ပါရမီရှင်တွေရဲ့ ခွန်အားက တစ်ဝက်လောက် ပိုတိုးလာပြီလို့တောင် ပြောလို့ရတယ်”

“ဒါက တကယ့်ကို ကြီးမားတဲ့ ပံ့ပိုးမှုပဲ”

ကျောင်းအုပ်ကြီးသည် ဆတိုးရတနာအဆောင်ငယ်၏ အာနိသင်ကို ခံစားရင်း အလေးအနက် စဉ်းစားနေသည်။ ထို့နောက် ရုတ်တရက် အလွန်တည်ကြည်လေးနက်သွားကာ “သားငယ် ရွှီရန်... ငါ့မှာ အကြံတစ်ခုရှိတယ်။ ဒါပေမဲ့ ဒါကို ပြောသင့်မပြောသင့်တော့ မသေချာဘူး...” ဟု ပြောလာသည်။

ရွှီရန်က အံ့အားသင့်သွားပြီး “ဘာအကြံလဲခင်ဗျာ”

All Chapters