← Chapters

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

အပိုင်း ( 619 )

ရှစ်ခုမြောက် တောင်တန်းကို ဖျက်ဆီးခြင်း၊ ကမ္ဘာ့ကြယ် တာအိုကို ဖြိုခွဲခြင်း

ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စု ပိုင်နက်၊ လှည့်ကင်းဌာနချုပ်

ဧရာမ နဂါးများသဖွယ် ဖြစ်နေသည့် ခမ်းနားထည်ဝါသော တောင်တန်းရှစ်ခုသည် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စု၏ လှည့်ကင်းဌာနချုပ်တည်ရှိရာ နတ်တောင်တန်း ရှစ်ခုဖြစ်သည်။

နတ်တောင်တန်းတစ်ခုချင်းစီတိုင်းသည် ၎င်းတို့ကို ကြီးကြပ်အုပ်ချုပ်နေသည့် နဝမအဆင့် ပညာရှင်ကို ကိုယ်စားပြုနေခဲ့သည်။

ရှစ်ခုမြောက်တောင်တန်းအတွင်း၌

ကျိုးခွန်သည် သူ့လက်အောက်ငယ်သားဖြစ်သည့် အဌမအဆင့် အထွတ်အထိပ် ပညာရှင်၊ မွှေးဖြူကြွက်သားရဲကို ကြည့်ကာ မေးမြန်းလာခဲ့သည် “ ရှေးဟောင်းနယ်မြေမှာ အဲ့လူရဲ့ ခြေရာလက်ရာတွေကို မတွေ့သေးဘူးလား “

မွှေးဖြူကြွက်သားရဲသည် သူ၏ဦးခေါင်းကို ခါရမ်းကာ ပြန်ဖြေလာခဲ့သည် “ ဒီလက်အောက်ငယ်သားက ရှေးဟောင်းနယ်မြေဝင်ပေါက်မှာ အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ပါတယ်။ ဒါပင်မဲ့ အဲ့ဒီငကြောင် ပေါ်လာမဲ့ အရိပ်အယောင်မျိုးကို မတွေ့ခဲ့ရပါဘူး။ အဲ့လူက ရှေးဟောင်းနယ်မြေအတွင်းမှာ သေသွားလောက်ပါပြီ “

“ ဟမ့် “

ကျိုးခွန်သည် အေးစက်စွာ နှာခေါင်းရှုံ့၍ ပြောလာခဲ့သည် “ အဲ့ကောင်က လန်ဟိုင်ကို သတ်ပြီးတော့၊ အနက်ရောင် ချီလင်နဲ့ တစ်ခြားလူတွေကို ရှေးဟောင်းနယ်မြေထဲမှာ မြှုပ်နှံခဲ့တယ်။ တကယ်လို့ သူ့အလောင်းကို မမြင်ရဘူးဆိုရင်၊ ငါစိတ်အေးလက်အေး နေနိုင်မှာ မဟုတ်ဘူး “

ကျိုးခွန်သည် လွန်ခဲ့သော ရက်ပိုင်းအတွင်းက ရှလော်တော်ဝင်မိသားစု၏ ပညာရှင်က သူ့အား မေးခွန်းထုတ်နေသည့် မြင်ကွင်းကို အမှတ်ရသွားကာ လက်သီးတဆုပ်ဆုပ် ဖြစ်သွားခဲ့သည်။

သူသည် ရှစ်ခုမြောက်တောင်တန်း၏ တောင်တန်းသခင်ဖြစ်ပြီး၊ ကမ္ဘာ့ကြယ်တစ်ခုလုံးမှာပင် ထိပ်တန်းအဆင့် တည်ရှိမှုတစ်ခု ဖြစ်နေခဲ့သော်လည်း၊ ရှလော်တော်ဝင်မိသားစုအရှေ့တွင်မူ သူ၏ဦးခေါင်းကို ငုံ့ထားရစမြဲပင်။

“ တကယ်လို့ အဲ့ကိစ္စကို မြန်မြန်မဖြေရှင်းနိုင်ဘူးဆိုရင်၊ ရှစ်ခုမြောက် တောင်တန်းတစ်ခုလုံးက လန်ဟိုင်ကို အဖော်ပြုပေးသွားရလိမ့်မယ် “ ကျိုးခွန်မှ လေးလေးနက်နက် ပြောဆိုလာခဲ့သည်။

မွှေးဖြူကြွက်သည် ကြက်သီးများ ထသွားခဲ့ကာ၊ လေသံတိုးတိုးလေးဖြင့် ပြန်ပြောလာခဲ့သည် “ ရှလော်တော်ဝင်မိသားစုက တော်တော်ကြီးကို အနိုင်ကျင့်လွန်းနေတာပဲ “

“ အနိုင်ကျင့်တာလား “

ကျိုးခွန်သည် အေးစက်စွာ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ ရှလော်တော်ဝင်မိသားစုက အမှောင်နယ်မြေရဲ့ မိသားစုကြီး ဆယ့်နှစ်ခုထဲက တစ်ခုပဲ၊ ပကတိ အထွတ်အထိပ် ပညာရှင်က အယောက်ငါးဆယ်ထပ်မနည်း ရှိတယ် “

“ ပြီးတော့ ရှလော်တော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ဖြစ်တဲ့ လန်ဟိုင်ရဲ့ အဆင့်အတန်းက တော်တော်ကြီးကို မြင့်နေတယ်။ ရှစ်ခုမြောက်တောင်တန်းက ငါတို့ကို မပြောနဲ့၊ ကင်းလှည့်ဌာန တစ်ခုလုံးကတောင် သူရဲ့အဆင့်အတန်းကို မယှဥ်နိုင်ဘူး “

“ အခု သူက ငါတို့ပိုင်နက်ထဲမှာ သေသွားခဲ့ပြီ၊ အဲ့ကိစ္စကို ဘယ်လိုသတင်းပို့လိုက်သင့်လဲ “

မွှေးဖြူကြွက်သားရဲ ထပ်မံ၍ တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။

ကျိုးခွန်၏ မျက်လုံးများအတွင်းတွင် ဒေါသများ မြင့်တက်လာခဲ့သည်။ တကယ်လို့ အဲ့ဒီ ကြယ်ပြာကောင်ကြောင့်သာ မဟုတ်ဘူးဆိုရင်၊ ငါ့ရဲ့အခြေအနေက ဒီလောက်ကြီးအထိ ဆိုးရွားသွားမှာ မဟုတ်ဘူး

“ အဲ့လူကို မတွေ့ရဘဲ နောက်တစ်ရက် ကုန်သွားပြန်သည်၊ ရှစ်ခုမြောက် တောင်တန်းက လူတိုင်းကို ရှေးဟောင်းနယ်မြေဆီ ပို့ပြီးတော့၊ သူ့ကို ရှာခိုင်းလိုက် “

ကျိုးခွန်သည် သူ၏ ဒေါသများကို ဖိနှိပ်ကာ မာမာထန်ထန် အမိန့်ပေးလာခဲ့သည် “ ရှင်နေသေးရင် လူကို တွေ့ချင်တယ်၊ သေသွားပြီဆိုရင် အလောင်းကို မြင်ချင်တယ်။ မြေအောက်ကို သုံးပေအထိ တူးရမယ်ဆိုရင်တောင်မှ သူ့ကို ရအောင် ရှာကြ “

“ ဟုတ် “

မွှေးဖြူကြွက်သည် ကြောက်ကြောက်လန့်လန့်ဖြင့် ခေါင်းငြိမ့်ပြလာခဲ့သည်။

သူခေါင်းငြိမ့်ပြလိုက်သည့် အချိန်မှာပင် ကြည်လင်သော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

“ မင်းတို့က ငါ့ကို ရှာနေကြတာလား “

ပုံရိပ်တစ်ခုသည် ရှစ်ခုမြောက်တောင်တန်း၏ အထက်တွင် ပေါ်ထွက်လာခဲ့သည်။

ရွှေကဲ့သို့ တောက်ပြောင်သော အကြေးခွံများကို ပိုင်ဆိုင်ထားသည့် ဦးချိုပါသားရဲတစ်ကောင်သည် နေမင်းကို ကွယ်ကာ ကောင်းကင်ပြင်ကို ပိတ်ဆို့နေခဲ့သည်။

၎င်း၏ အတောင်ပံကြီးများသည် ကိုက်သုံးထောင်အထိ ရှည်ထွက်နေခဲ့ပြီး၊ ဧရာမ သစ်ပင်ကြီးများကဲ့သို့သော အမွှေးတစ်ခုချင်းစီတိုင်းသည် တောင်ပံခတ်သည့် အချိန်တိုင်းတွင် လေပြင်းများကို ဖြစ်ပေါ်လာစေခဲ့သည်။

“ မင်းကိုး “

တစ်ခဏခန့် မှင်သက်နေခဲ့ပြီးသည့်နောက်တွင်၊ ကျိုးခွန်သည် လျင်မြန်စွာ သတိပြန်ဝင်လာခဲ့သည်။

“ မင်းက ဒီကို လာရဲသေးတယ်ပေါ့လေ “

ထို့နောက်တွင် သူသည် ကြယ်တာရာ T-Rex နတ်ဘုရားထံမှ ပေါ်ထွက်နေသည့် အစွမ်းထက် အရှိန်အဝါကို သတိပြုမိသွားခဲ့သည်။

“ ဒီလူကအဆင့်၉ကိုတောင် ရောက်သွားပြီပေါ့၊ ရှေးဟောင်း အပျက်အစီး နယ်မြေကို အသုံးချပြီးတော့ အဆင့်၉ကို တိုက်ရိုက်ရောက်သွားတာလား “

ကျိုးခွန်၏ စိတ်နှလုံးသား တုန်လှုပ်သွားခဲ့သည်။

သူ့ဘေးရှိ မွှေးဖြူကြွက်သားရဲမှာလည်း တအံ့တဩ ဖြစ်သွားခဲ့လေသည်။

ရှေးဟောင်း အပျက်အစီးနယ်မြေအတွင်းသို့ ဝင်သွားခဲ့သည့် အချိန်က ဤသားရဲကောင်က အစောပိုင်း အဌမအဆင့် နယ်ပယ်တွင်သာ ရှိနေသေးသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။

ရက်ပိုင်းလေးပဲ ရှိသေးတယ်၊ သူက ရှေးဟောင်းနယ်မြေထဲမှာ ရက်နည်းနည်းလောက် နေခဲ့ပြီးတော့၊ နဝမအဆင့်ကို‌ ရောက်သွားတာလားဟ

ကြယ်တာရာ T-Rex နတ်ဘုရားသည် စကားလုံးများကို ဖြုန်တီးမနေခဲ့ပေ၊ သူသည် လက်စားချေရန် ရောက်လာခဲ့ခြင်း ဖြစ်သောကြောင့် ပကတိ အထွတ်အထိပ်သို့ မရောက်ခင် အချိန်အထိ အရာအားလုံးကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ရမည် ဖြစ်သည်။

“ သေ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏လက်ကို မြှောက်လိုက်ပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ အဆုံးမဲ့ နတ်စွမ်းအားနှင့် နိယာမတို့ကို ဆွဲထုတ်ကာ၊ ဧရာမ လက်ကြီးတစ်ဖက်ကို ဖန်တီးလိုက်သည်။

အဆိုပါ လက်ကြီးသည် ရှစ်ခုမြောက် တောင်တန်းအပေါ်သို့ ကျဆင်းလာခဲ့သည်။

“ အတင့်ရဲချက် “

ကျိုးခွန်သည် ဒေါသတကြီး ဖြစ်သွားခဲ့သည်၊ ဒီကောင်က ငါတို့ကို တိုက်ဖို့အတွက် ငါတို့ပိုင်နက်ထဲကို ဝင်လာခဲ့တာပေါ့

ဘယ်ကောင်က ဒီကောင့်ကို သတ္တိတွေပေးလိုက်တာလဲ

“ အဆင့်၉ကို ရောက်ခါစပဲ ရှိသေးတာကို၊ ကိုယ့်ကိုကိုယ် ပြိုင်ဘက်ကင်းနေပြီလို့ ထင်နေတာလား “

ထို့နောက် စက္ကန့်ပိုင်းမျှကြာတွင် ကျိုးခွန်သည် သူ၏နတ်စွမ်းအားဖြင့် အနက်ရောင် အကာအရံတစ်ခုကို ဖန်တီးကာ၊ ရှစ်ခုမြောက် တောင်တန်းတစ်ခုလုံးကို ဖုံးအုပ်လိုက်သည်။

“ ခရက် “

ကောင်းကင်ထက်မှ ကျဆင်းလာသည့် ရွှေရောင်လက်ကြီးသည် အနက်ရောင် အကာအရံကို ပြင်းပြင်းထန်ထန် ဝင်ဆောင့်လာခဲ့ပြီး၊ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။

ဘုမ်းး

နဝမအဆင့် ပညာရှင်များကြားရှိ တိုက်ပွဲသည် လျှပ်စီးကဲ့သို့ မြန်ဆန်နေခဲ့ပြီး၊ အဆိုပါ အနက်ရောင် အကာအရံမှာလည်း အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့ကာ၊ များပြားလွန်းလှသော စွမ်းအင်အမှုန်များအဖြစ် ပျံ့လွင့်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင် လက်ကြီးသည် ဥက္ကာပျံတစ်လုံးကဲ့သို့ ရှစ်ခုမြောက် တောင်တန်းအပေါ်သို့ ကျဆင်းလာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းများသည် ဆူနာမီတစ်ခုကဲ့သို့ ပေါက်ထွက်လာခဲ့ပြီး၊ တောင်တန်းဒေသ တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

ဘမ်း ဘမ်း ဘမ်း

ချက်ချင်းဆိုသလိုပင် ရှစ်ခုမြောက်တောင်တန်းအပေါ်ရှိ အဌမအဆင့်အောက်မှ ကမ္ဘာ့ကြယ် သားရဲအကုန်လုံးသည် သွေးမြူများအဖြစ် ပြောင်းလဲသွားကာ၊ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားကြသည်။

အဌမအဆင့်နယ်ပယ်မှ သားရဲတို့၏ ခန္ဓာကိုယ်များပင် ပြိုကွဲသွားခဲ့ပြီး၊ တိုက်ခိုက်နိုင်စွမ်းကို လုံးဝဆုံးရှုံးသွားခဲ့သည်။

အဌမအဆင့် အထွတ်အထိပ်မှ သားရဲကောင်များကသာလျှင် သူတို့ကိုယ်သူတို့ အနည်းငယ်မျှသာ ကာကွယ်နိုင်ခဲ့ကြသည်။

“ တိုက်ခိုက်ဖို့တောင် မတန်ပါဘူးကွာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ဦးခေါင်းကို အသာအယာ ခါရမ်းနေတော့သည် “ သူတို့က ငါ့ကို သွေးပူသွားစေမယ်လို့ ထင်နေခဲ့တာ၊ သူတို့က ဒီလောက်တောင် နိမ့်ကျနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “

“ မင်း ….. “

ကျိုးခွန်သည် ပျက်စီးသွားခဲ့သော ရှစ်ခုမြောက်တောင်တန်းကို ကြည့်ကာ၊ မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။

သူသည် ၎င်းကို တားဆီးချင်ခဲ့သော်လည်း၊ ၎င်းကိ သူအချိန်မှီ မတုံ့ပြန်နိုင်ခဲ့သည်အထိ အလွန်တရာ မြန်ဆန်နေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ ခွန်အားသည် သူမျှော်မှန်ထားသည်ထပ် သာလွန်နေခဲ့သည်။

အမှောင်နယ်မြေ၏ သွေးမျိုးဆက် အနည်းငယ်ကို ပိုင်ဆိုင်ထားသည့် ရှေးဟောင်း မီးနဂါးမျိုးဆက်တစ်ဦး ဖြစ်သည့်အလျောက် သူသည် အဆင့်တူအတွင်းတွင် အလွန်တရာ အစွမ်းထက်နေခဲ့သည်။

သို့သော် သူဖန်တီးထားခဲ့သည့် အကာအရံသည် ချက်ချင်း ပြိုကွဲပျက်စီးသွားခဲ့သည်။

အစောပိုင်း နဝမအဆင့်ကော ဟုတ်ရဲ့လားဟ၊ အလယ်အလတ် နဝမအဆင့်ကတောင် အဲ့လိုစွမ်းအားမျိုး မပိုင်ဆိုင်နိုင်ဘူးလေ၊ ဟုတ်တယ်မလား

ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း အနည်းငယ် အတွေးများသွားခဲ့သည်။

တစ်ချိန်က သူ့ကို သေလုမျောပါး ဖြစ်သွားစေခဲ့ပြီး၊ ထွက်ပြေးလွတ်မြောက်ရန်အတွက် ခရမ်းနီရောင် အဆောင်သုံးခုကိုပင် အသုံးပြုစေခဲ့ရသည့် ပြိုင်ဘက်သည် ယခု၌ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့သာ ဖြစ်သွားပုံရသည်။

အရာအားလုံးမှာ ရက်ပိုင်းအတွင်းပိုင်းမှာပင် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ သူကိုယ်တိုင်အတွက်ပင် အနည်းငယ် ဆန်းကြယ်နေခဲ့သည်။

…………………………………………………………………………………………………………………………………….

အပိုင်း ( 620 )

ရှစ်ခုမြောက် တောင်တန်းကို ဖျက်ဆီးခြင်း၊ ကမ္ဘာ့ကြယ် တာအိုကို ဖြိုခွဲခြင်း ၂

ဤအချိန်၌ ကျိုးခွန်မှ သူ၏လက်ကို ရုတ်တရက် မြှောက်လာခဲ့ရာ၊ အဆောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။

အဆိုပါ အဆောင်ရတနာသည် နက်ပြာရောင်ဖြစ်နေခဲ့ပြီး၊ ၎င်း၏မျက်နှာပြင်ပေါ်တွင် ဦးခေါင်းခွံ ပုံစံကွက်တစ်ခု ရှိနေခဲ့သည်။

၎င်းမှာ နဝမအဆင့် တိုက်ခိုက်ရေး အဆောင်ဖြစ်ပြီး၊ အလယ်အလတ် နဝမအဆင့် ပညာရှင်ကိုပင် အလွယ်တကူ ချေမှုန်းနိုင်စွမ်းရှိသည်။

“ ရှလော်တော်ဝင်မိသားစုက ပညာရှင်က ငါ့ကို ဒီအဆောင်ပေးခဲ့လို့ပေါ့ကွာ။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဒီနေ့မှာ ငါတကယ်ကြီး ဒုက္ခရောက်သွားနိုင်တယ် “

၎င်းကို တွေးမိသွားသောအခါတွင် ကျိုးခွန်သည် ကြယ်တာရာ T-Rex နတ်ဘုရားသည် ထပ်မံ၍ ကြည့်ရှုလာခဲ့ပြီး၊ သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

သူသည် အဆိုပါ အဆောင်ကို သေခြင်းရှင်ခြင်း အကြပ်အတည်းတွင်သာ အသုံးပြုရန် ကြံရွယ်ထားခဲ့သည်၊ သို့သော် ယခုတွင်ကား ပြိုင်ဘက်ကို အရှင်လတ်လတ် ဖမ်းဆီးရန်အတွက် သူသည် အဆိုပါအဆောင်ကို ဖော်ထုတ်လိုက်ရပြီ ဖြစ်သည်။

ဗွီ

နက်ပြာရောင် အလင်းတန်းအောက်တွင် အဆိုပါ အဆောင်သည် စတင်၍ လောင်ကျွမ်းလာခဲ့ပြီး၊ နက်ပြာရောင် ဦးခေါင်းခွံတစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော နတ်စွမ်းအား လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ၎င်းသည် နှောင်းပိုင်း နဝမအဆင့် ပညာရှင်နှင့်ပင် ယှဥ်နေနိုင်ခဲ့သည်။

“ သတ် “

ကျိုးခွန်မှ လက်ညှိုးညွှန်လာခဲ့ရာ၊ နက်ပြာရောင် ဦးခေါင်းခွံသည် ၎င်း၏ ပါးစပ်ကို ချက်ချင်းဖွင့်လာခဲ့ပြီး၊ အနက်ရောင် နတ်ဆိုးမီးတောက်တစ်ခုကို ထွေးထုတ်လာခဲ့သည်။

ကျွစ် ကျွစ်

နတ်ဆိုးမီးတောက် ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ဟင်းလင်းပြင်သည် အလွှာလိုက် ပြိုကျလာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ အရှေ့တွင် ရှိနေသည့် ဟင်းလင်းပြင်ကပင် ချက်ချင်း ဝါးမြိုခံလိုက်ရသည်။

“ ဘုမ်းးး “

နတ်ဆိုးမီးတောက်သည် ကြယ်တာရာ T-Rex နတ်ဘုရားကို ဖုံးလွှမ်းသွားကာ၊ အံ့ဖွယ်ကောင်းသည့် ပေါက်ကွဲမှုကို ထုတ်လွှတ်လာခဲ့သည်။

ဝေါင်းးး

ကြယ်တာရာ T-Rex နတ်ဘုရား၏ ဘေးပတ်ပတ်လည်တွင် အဖြူနှင့် အနက် အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ အသက်နှင့် မရဏ နိယာမပါဝင်သော သန့်စင်သည့် နတ်စွမ်းအား ဖြစ်သည်။

နှောင်းပိုင်း နဝမအဆင့် ပညာရှင်ကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည့် အနက်ရောင် နတ်ဆိုးမီးတောက်သည် မီးနှင့်တွေ့သွားသည့် နှင်းကဲ့သို့ လျင်မြန်စွာ အရည်ပျော်သွားခဲ့သည်။

“ ရှဲ “

တစ်ခဏ အကြာတွင် နတ်ဆိုးမီးတောက်သည် လုံးဝငြှိမ်းသက်ခံလိုက်ရသည်။

နက်ပြာရောင် အဆောင်ရတနာမှာလည်း စွမ်းအားများ ကုန်ခမ်းသွားခဲ့ကာ ပြာကျသွားတော့သည်။

ထိုစဥ်

ကြယ်တာရာ T-Rex နတ်ဘုရား၏ ဘေးပတ်ပတ်လည်တွင် ပေါ်လာသည့် အဖြူနှင့် အနက် နတ်စွမ်းအားကို မြင်လိုက်ရသောအခါ၌၊ ကျိုးခွန်၏ မျက်နှာပေါ်တွင် ကြောက်လန့်တကြား ဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ အန္တိမ နိယာမ ……… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ် ဒီလိုဖြစ်နေရတာလဲ “

ဘုမ်းးး

သူထပ်မံ၍ မတွေးတောမစဥ်းစားနိုင်ခင် အချိန်မှာပင်၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ လက်သီးတစ်လုံး ပစ်သွင်းလာခဲ့သည်။

အလယ်အလတ် နဝမအဆင့် ပညာရှင်များကပင် အားကျရသည့် ကျိုးခွန်၏ ခန္ဓာကိုယ်သည် ဖန်သားကဲ့သို့ ပြိုကွဲပျက်စီးသွားခဲ့သည်။

အသက်နှင့် မရဏ နိယာမတို့အောက်၌ ကျိုးခွန်၏ ခုခံမှုအားလုံးမှာ အချည်းနှီးသာ ဖြစ်နေခဲ့သည်။

အန္တိမ နိယာမသည် အဆင့်တူတွင် အမှန်တကယ် ပြိုင်ဘက်ကင်းနေခဲ့သည်။

အမှောင်နယ်မြေ၏ သွေးမျိုးဆက် အနည်းငယ်ကို သယ်ဆောင်ထားသည့် သားရဲပင် မဆိုထားနှင့်၊ အမှောင်နယ်မြေ၏ တကယ့် တော်ဝင်မျိုးဆက် အဖွဲ့ဝင်တစ်ယောက် ရောက်လာမည်ဆိုလျှင်တောင်မှ၊ သူတို့သည် တူညီသော အကျိုးဆက်ကိုသာ ရင်ဆိုင်လိုက်ရမည် ဖြစ်သည်။

“ ဘုမ်းးး “

ချက်ချင်းဆိုသလိုပင် ကျိုးခွန်၏ ဦးခေါင်းသည် အဆိုပါ လက်သီးချက်ကြောင့် ပေါက်ကွဲသွားခဲ့သည်။

နဝမအဆင့် ပညာရှင်မှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏လက်ကို ဝေ့ရမ်းကာ ကျိုးခွန်၏ အလောင်းကို သူ၏ဟင်းလင်းပြင် နေရာလွတ်အတွင်းသို့ ထည့်သွင်းလိုက်သည်။

၎င်းက အစောပိုင်း နဝမအဆင့်တွင်သာ ရှိနေခဲ့သော်လည်း၊ ၎င်းသည် သူ့အတွက် ထိပ်တန်းအဆင့် စားသောက်ကုန်တစ်ခု ဖြစ်နေခဲ့သည်။

ထို့နောက် ကြယ်တာရာ T-Rex နတ်ဘုရားသည် ကျန်ရှိနေသည့် ရှစ်ခုမြောက် တောင်တန်း၏ အဖွဲ့ဝင်များကို ငေးကြည့်နေတော့သည်။

အလဟာသ မဖြစ်စေရန်အတွက် သူသည် သူတို့အကုန်လုံးကို တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်ကာ၊ ဟင်းလင်းပြင် နေရာလွတ်အတွင်းသို့ ထည့်သွင်းနေတော့သည်။

“ ဘုမ်းး ဝရုန်းးး “

ထိုအချိန်၌ အစွမ်းထက် အရှိန်အဝါများသည် ရှစ်ခုမြောက် တောင်တန်း၏ ဘေးပတ်ပတ်လည်တွင် ပေါ်ထွက်လာခဲ့သည်။

“ နတ်ဆိုးကောင် “

“ ငါ့ရဲ့ ဌာနချုပ်မှာ ဘယ်လိုတောင် ရဲတင်းနေရဲရတာလဲ “

ချက်ချင်းဆိုသလိုပင် အားကောင်းသော အရှိန်အဝါများသည် ရှစ်ခုမြောက်တောင်တန်းဆီသို့ ပျံသန်းလာခဲ့သည်။

ဌာနချုပ်တွင် စုစုပေါင်း အနေဖြင့် တောင်တန်းရှစ်ခုရှိပြီး၊ ကျိုးခွန်အုပ်ချုပ်ရသည့် တောင်တန်းသည် ၎င်းတို့ထဲတွင် အားအနည်းဆုံး ဖြစ်သည်။

တစ်ခြားသော တောင်တန်းခုနစ်ခုတွင်မူ အနည်းဆုံးအနေဖြင့် နဝမအဆင့် ပညာရှင် နှစ်ဦးစီ ရှိနေခဲ့သည်။

အစွမ်းအထက်ဆုံးကမူ နှောင်းပိုင်း နဝမအဆင့်(သို့) နဝမအဆင့် အထွတ်အထိပ်ပင် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ သတ်ဖြတ်မှုများကြောင့် ဖြစ်ပေါ်လာသော လှုပ်ခတ်မှုသည် လှည့်ကင်းဌာနချုပ် တစ်ခုလုံးကို နိုးနိုးကြားကြား ဖြစ်သွားစေခဲ့သည်။

နတ်တောင်တန်းတစ်ခုချင်းစီတိုင်း၏ အတွင်းပိုင်းတွင် အစွမ်းထက် အရှိန်အဝါများ နိုးထလာခဲ့သည်။

တောင်တန်းများက မိုင်ထောင်နှင့်ချီ၍ ဝေးကွာနေမည်ဆိုလျှင်တောင်မှ၊ နဝမအဆင့် ပညာရှင်များသည် ဤနေရာသို့ ချက်ချင်း အရောက်လာနိုင်ကြပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အစွမ်းထက် အရှိန်အဝါများသည် ရှစ်ခုမြောက် တောင်တန်းအပေါ်သို့ ဆင်းသက်လာခဲ့သည်။

“ အတင့်ရဲချက် “

“ ငါ့ဌာနချုပ်မှာ လူသတ်ရဲနေတယ်ပေါ့၊ သေချင်နေတာပဲ “

တစ်ခဏ အကြာတွင် နဝမအဆင့် ပညာရှင်များ လှုပ်ရှားလာခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားကို ဖိနှိပ်ရန် ကြိုးပမ်းလာကြသည်။

နဝမအဆင့် ပုံရိပ်များကို မြင်တွေ့လိုက်ရသော အချိန်၌၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် ပြုံးဖြဲဖြဲ ဖြစ်သွားခဲ့သည်။

“ ရိက္ခာတွေ ဒီလောက်တောင် များတယ်လား။ ကောင်းတယ်၊ ရှာဖွေနေစရာ မလိုတော့ဘူးပေါ့ “

ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် သူသည် အလောင်းတားမြစ်ချက်ကို အသက်သွင်းလိုက်သည်၊ နဝမအဆင့် အထွတ်အထိပ် ပုံရိပ်များစွာ ပေါ်ထွက်လာခဲ့သည်။

“ သတ် “

ကြယ်တာရာ T-Rex နတ်ဘုရားမှ လက်ညှိုးညွှန်လာခဲ့ရာ၊ နဝမအဆင့် အထွတ်အထိပ် ရုပ်သေးများသည် ၎င်းတို့၏ စွမ်းအားကို အကုန်အစင် ထုတ်လွှတ်ကာ၊ မြင်တွေ့သမျှ အရာတိုင်းကို သတ်ဖြတ်နေကြတော့သည်။

တစ်ချိန်တည်းမှာပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သတင်းပေါက်ကြားခြင်း မဖြစ်စေရန်အလို့ငှာ၊ ဟင်းလင်းပြင် နိယာမကို အသုံးပြုကာ၊ ဤနေရာကို ပိတ်ဆို့လိုက်သည်။

ထို့နောက်တွင် သူသည် အသက်နှင့် မရာဏ နိယာမတို့ကိုပါ ထုတ်သုံးကာ သူကိုယ်တိုင် အမဲဝင်လိုက်နေတော့သည်။

တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီးသာ ဖြစ်ပေါ်လာခဲ့လေသည်။

…

တစ်မိနစ် အကြာတွင်

ကြယ်တာရာ T-Rex နတ်ဘုရားသည် မြေပြင်ပေါ်တွင် ရှိနေသည့် နဝမအဆင့် ပညာရှင် အကုန်လုံး၏ အလောင်းများကို သူ၏ ဟင်းလင်းပြင် နေရာလွတ်အတွင်းသို့ ပို့လွှတ်လိုက်သည်။

“ အဆင့်၉နယ်ပယ်က တိုက်ပွဲတွေမှာ အနိုင်အရှုံးကို စက္ကန့်ပိုင်းအတွင်းမှာပဲ ဆုံးဖြတ်ပေးနိုင်တယ်ဆိုတာက အမှန်ပဲဟ “

ကမ္ဘာ့ကြယ်၏ ကင်းလှည့်ဌာန တစ်ခုလုံးတွင် နဝမအဆင့် အထွတ်အထိပ် ပညာရှင်သုံးဦးသာ ဖြစ်နေခဲ့သည်။

သို့သော် သူကမူ နဝမအဆင့် အထွတ်အထိပ် ရုပ်သေးများစွာ ပိုင်ဆိုင်ထားခဲ့သည်။

ထို့အပြင် သူ၏ ကိုယ်ပိုင် တိုက်ခိုက်ရေး စွမ်းအားမှာလည်း နှောင်းပိုင်း နဝမအဆင့် ပညာရှင်နှင့် ယှဥ်နေနိုင်ပေသည်။

ထို့ကြောင့် ဤတိုက်ပွဲသည် အလွန်တရာ လွယ်ကူနေခဲ့သည်။

ဤကဲ့သို့ အခြေအနေမျိုးများအောက်တွင် ရှိနေသည့် နဝမအဆင့် ပညာရှင်တို့၏ တိုက်ပွဲမှာ စက္ကန့်ပိုင်း အတွင်းပိုင်းမှာပင် အနိုင်အရှုံး ပေါ်လာနိုင်ပေသည်။

အကယ်၍ ပြိုင်ဘက်များက လက်ရည်တူမည် ဆိုနေပါက၊ တိုက်ပွဲသည် ရက်ပေါင်းများစွာ (သို့) လပေါင်းများစွာအထိပင် ကြာရှည်နေမည် ဖြစ်သည်။

၎င်းမှာ နဝမအဆင့် စစ်သည်တော်ထံတွင် အဆုံးမဲ့ နည်းလမ်းပေါင်းများစွာ ရှိနေခဲ့ပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ စွမ်းအင် ထောက်ပံ့မှုပါ ရှိနေသောကြောင့် ဖြစ်သည်။ သူတို့ကို အပြည့်အဝ မဖိနှိပ်ထားနိုင်ဘူးဆိုပါက၊ ခက်ခက်ခဲခဲ သတ်ဖြတ်ရမည် ဖြစ်သည်။

ဤတိုက်ပွဲတွင်ကား ကြယ်တာရာ T-Rex နတ်ဘုရားသည် နဝမအဆင့် အထွတ်အထိပ် စစ်သည်တော်များစွာနှင့် အန္တိမအဆင့် နိယာမတို့ကို မှီခိုကာ၊ ရန်သူများကို လျင်မြန်စွာ သတ်ဖြတ်ခဲ့သည်။

“ ကမ္ဘာ့ကြယ်ကို လာရတဲ့ ဒီခရီးစဥ်ကတော့ တော်တော်ကြီးကို တန်နေပြီ “

“ အဲ့တာကြောင့် ကမ္ဘာ့ကြယ်အတွက် လက်ဆောင်ချန်ထားခဲ့မှ ဖြစ်မယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် လူယုတ်မာပြုံး ပြုံးနေတော့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် သူ၏မျက်လုံးများကို မှိတ်လိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော လှိုင်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်ထံမှ ပေါ်ထွက်လာခဲ့သည်။

အကယ်၍ နဝမအဆင့် ပညာရှင်တစ်ဦးဦးကသာ ဘေးနားတွင် ရှိနေမည် ဆိုပါက၊ သူသည် တစ်ခုခု ထူးခြားနေသည်ကို သတိပြုမိသွားမည် ဖြစ်သည်။

သို့သော် နဝမအဆင့် အထက်မှ ပညာရှင်များ ဖြစ်နေပါက ဤမြင်ကွင်းကြောင့် အံ့ဩတကြီး ဖြစ်သွားလိမ့်မည် ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ကြယ်တာရာ T-Rex နတ်ဘုရားက ဤကမ္ဘာ၏ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့နှင့် ပေါင်းစည်းနေသောကြောင့် ဖြစ်သည်။

တိတိကျကျပြောရမည်ဆိုပါက သူသည် ကမ္ဘာ့ကြယ်၏ တာအိုနှင့် ပေါင်းစည်းနေခြင်း ဖြစ်သည်။

“ နင်က ကမ္ဘာ့ကြယ်ရဲ့ မူလတာအိုနဲ့ ပေါင်းစည်းဖို့ ကြိုးစားနေတာလား “

သူ့စိတ်ထဲတွင် ရှိနေသည့် ရွှေရောင်မီးလျှံမှာလည်း တအံ့တဩ ဖြစ်သွားခဲ့သည် “ နင်က ဘာလုပ်ချင်နေတာလဲ “

သူမသည် ကြယ်တာရာ T-Rex နတ်ဘုရားက ပြုလုပ်မည့် အရာကို ဝေဝေဝါးဝါး ခံစားမိနေခဲ့သည်၊ သို့သော် ထိုကိစ္စသည် အလွန်တရာ အံ့ဖွယ်ကောင်းနေသောကြောင့်၊ သူမကပင် ၎င်းကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားကမူ အဆိုပါ တာအိုနှင့်သာ တိတ်တဆိတ် ပေါင်းစည်းနေခဲ့သည်။

သူက နဝမအဆင့်သို့ ရောက်ရှိသွားခဲ့သော်လည်း၊ သူ၏ခန္ဓာကိုယ်နှင့် ကမ္ဘာ့ကြယ်တာအိုကို ပေါင်းစည်းခဲ့ခြင်း မဟုတ်ပေ။

သို့သော် အဌမအဆင့်သို့ ထိုးဖောက်ခဲ့သည့် အချိန်တွင်၊ သူသည် သူ၏ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်ကို ကမ္ဘာ့ကြယ်၏ ကောင်းကင်ဘုံနှင့် ကမ္ဘာ့ကြယ် တာအိုနှင့် ပေါင်းစည်းခဲ့လေသည်။

တစ်နည်းဆိုရသော် သူ၏ ရှေးဦးဝိညာဥ်သည် ကမ္ဘာ့ကြယ် တာအို၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့သည်။

ယခု၌ သူသည် ဟင်းလင်းပြင်၊ အသက်နှင့် မရဏ နိယာမတို့နှင့် တစ်ခြားအရာများကို နားလည်ထားခဲ့သည်။

အဆိုပါ နိယာမများက ကမ္ဘာ့ကြယ်နှင့် ဆက်စပ်နေခဲ့သော်လည်း၊ ၎င်းတို့နှင့် တူညီသည့် (သို့) လုံးဝထပ်တူကျသည့် နိယာမတို့မှာလည်း ကမ္ဘာ့ကြယ်တွင် ရှိနေခဲ့သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ သူသည် ဤကောင်းကင်ဘုံအောက်တွင် နတ်စွမ်းအားကို ထုတ်သုံးနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

ပို၍ အရေးကြီးသော အရာမှာ အစပိုင်းတွင် ကမ္ဘာ့ကြယ်က ကြယ်ပြာဂြိုဟ်၏ ပုံရိပ်ယောင် ဖြစ်နေခဲ့ခြင်း ဖြစ်ပြီး၊ ကမ္ဘာ့ကြယ်၏ နိယာမ တော်တော်များများမှာ လွန်စွာတူညီနေခဲ့သည်။

ယခု ကြယ်တာရာ T-Rex နတ်ဘုရားလုပ်ဆောင်နေသည့် အရာမှာ သူ၏ကိုယ်ပိုင် အရင်းအမြစ်ကို အသုံးပြုကာ ကမ္ဘာ့ကြယ် တာအိုကို နှိုးဆွနေခြင်းပင် ဖြစ်သည်။

ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ စွမ်းအားနှင့် ရင်ဆိုင်ရသောအခါတွင် ကိုယ်ပိုင်စွမ်းအားမှာ မည်သို့မျှ အရေးပါနေလိမ့်မည် မဟုတ်ပေ။

နဝမအဆင့်နယ်ပယ်မှ အစွမ်းထက် ပညာရှင်များကပင် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ စွမ်းအားကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရား လုပ်ဆောင်နေသည့်အရာမှာ အားအနည်းငယ်ကို အသုံးပြုကာ ပစ္စည်းကြီးတစ်ခုကို ရွေ့လျားသွားစေခြင်း ဖြစ်သည်။

“ နိုးထလော့ “

ရုတ်တရက်ဆိုသလိုပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏မျက်လုံးများကို ဖွင့်ကာ အော်ပြောလာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ ရှေးဦး ဝိညာဥ်သည် သူ၏ခရမ်းရောင် နန်းတော်အတွင်းမှ ထွက်လာခဲ့ကာ၊ ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်ကို ဖော်ထုတ်လာခဲ့သည်။

မီတာထောင်နှင့်ချီ၍ မြင့်မားသော ဧရာမ ဓမ္မပုံရိပ်ကြီးတစ်ခုသည် မြေပြင်ပေါ်မှ ခုန်ထွက်လာခဲ့သည်။

“ ချိုးဖျက်စမ်း “

အဆိုပါ ဓမ္မပုံရိပ်သည် ထူထဲသော မုတ်ဆိတ်မွှေးနှင့် တောက်ပသော မျက်လုံးများကို ပိုင်ဆိုင်ထားခဲ့ပြီး၊ ရုတ်တရက် ရှေ့တက်လာခဲ့သည်။

အဆိုပါ ခြေလှမ်းသည် တစ်စုံတစ်ယောက် တင်းမားသော ကြိုးတစ်ချောင်းကို ဖြတ်တောက်လိုက်သည့်အလား တာအို၏ အရေးကြီး အဆစ်တစ်ခုကို နင်းချလိုက်သကဲ့သို့ ဖြစ်နေခဲ့သည်။

ဝရုန်း

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဤကမ္ဘာကြီး၏ တာအိုက ပြိုကွဲသွားပုံရပြီး၊ နေမင်းနှင့် လမင်းတို့သည် ၎င်းတို့၏ တောက်ပမှုများကို ဆုံးရှုံးသွားခဲ့ရကာ၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ အရောင်များပင် ပြောင်းလဲသွားခဲ့သည်။

ဓာတ်ကြီးငါးပါး နိယာမ ပြိုကွဲသွားခဲ့သည်။

“ ချိုးဖျက်စမ်း “

ပေငါးသောင်း မြင့်မားသော ရှေးဦးဝိညာဥ်သည် နေနှင့်လတို့နှင့်အတူ ပခုံးချင်းယှဥ်၍ ရပ်တည်ကာ၊ ခြေတစ်လှမ်း ထပ်လှမ်းလာခဲ့သည်။

“ ဝရုန်းးး “

ယခင်ကထပ် ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် လှုပ်ခတ်မှုတစ်ခု ဖြစ်တည်လာခဲ့ပြီး၊ မိုင်သောင်းနှင့်ချီသော ဧရိယာအတွင်းရှိ ဟင်းလင်းပြင်မှာလည်း စတင်၍ ပြိုကျလာခဲ့သည်။

ဟင်းလင်းပြင် နိယာမ ပြိုကွဲခြင်း

“ သေချင်နေတာပဲ “

ထိုအချိန်၌ ဒေါသတို့ဖြင့် ပြည့်နှက်နေသည့် အသံတစ်သံသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ အဆုံးတစ်ဖက်မှ ပေါ်ထွက်လာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည့် အရှိန်အဝါတစ်ခု ပေါက်ထွက်လာခဲ့သည်။

အလွန်တရာ ဝေးကွာလွန်းလှသော နေရာမှ ပုံရိပ်တစ်ခုသည် ကြွေကျလာသည့် ကြယ်တစ်စင်းကဲ့သို့ သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။

“ ပကတိ အထွတ်အထိပ် ပညာရှင် “

ထိုအရှိန်အဝါကို ခံစားမိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် မည်သို့မျှ မအံ့ဩသွားခဲ့ပေ။

ကမ္ဘာ့ကြယ်၏ တာအိုကို အကြီးအကျယ် ဖျက်စီးနေခြင်းသည် ထိပ်တန်းအမဆင့် ပညာရှင်များကို အာရုံများကို သေချာပေါက် ဆွဲဆောင်သွားမည် ဖြစ်သည်။

ယခုလက်ရှိ ကမ္ဘာ့ကြယ်တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်မှာ ပကတိ အထွတ်အထိပ် ပညာရှင် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် လွတ်မြောက်ရေး အစီအစဥ်များကို ကြိုတင်ရေးဆွဲထားခဲ့သောကြောင့်သာလျှင်၊ ဤမျှ ရဲတင်းစွာ လှုပ်ရှားနေခဲ့ခြင်း ဖြစ်သည်။

“ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်၊ ဖွင့် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အနက်ရောင် ဟင်းလင်းပြင်တစ်ခုကို သူ၏အရှေ့တွင် ဆွဲထုတ်လိုက်သည်။

ထို့နောက် စက္ကန့်ပိုင်းမျှ အကြာ၌ သူ၏ ပုံရိပ်သည် အဆိုပါ ဟင်းလင်းပြင် အတွင်းသို့ ဝင်ရောက်သွားကာ၊ ဤနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

……………………………………………………………………………………………………………………………………..

အပိုင်း ( 621 )

ကမ္ဘာကြီး၏ အေးစက်မှုနှင့် လူသားတို့၏ စိတ်မတည်ငြိမ်မှု

ကြယ်တာရာ T-Rex နတ်ဘုရား ထွက်သွားပြီးသည့်နောက် တစ်စက္ကန့် အကြာတွင်

“ ဘုမ်းးး “

ပုံရိပ် အများအပြားသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ၊ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်ကာ ဤနေရာသို့ ဆင်းသက်လာကြသည်။

၎င်းတို့မှာ မျက်လုံးသုံးလုံးဘုရင်၊ မင်ကျိနှင့် တစ်ခြားလူများပင် ဖြစ်သည်။

သူတို့ရောက်ရှိလာသည့် အချိန်တွင်၊ ကမ္ဘာ့ကြယ်၏ မိုင်သိန်းနှင့်ချီသော ဧရိယာကို ချက်ချင်း ချိတ်ပိတ်လိုက်သည်။

ဟင်းလင်းပြင်သည် လုံးဝအေးခဲသွားခဲ့သည်။

ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ချိတ်ပိတ်ရန်အတွက် ပကတိ အထွတ်အထိပ် ပညာရှင်တို့၏ ပူးပေါင်းဆောင်ရွက်မှု၊ နဝမအဆင့် ပညာရှင်မဆိုထားနှင့်၊ ပကတိ အထွတ်အထိပ် ပညာရှင်တစ်ဦးကပင် ဤချုပ်နှောင်မှုမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် တစ်ခဏခန့် အကြာတွင်

မျက်လုံးသုံးလုံးဘုရင်၏ အမူအရာမှာ မည်းမှောင်သွားခဲ့သည်။

သူသည် မင်ကျိကို ကြည့်ကာ စကားပြောလိုက်သည် “ အဲ့လူရဲ့ ခြေရာလက်ရာတွေကို ရှာမတွေ့တော့ဘူး “

မင်ကျိသည် မျက်မှောင်ကြုတ်သွားခဲ့ကာ၊ သံသယတို့ဖြင့် ပြန်ပြောလာခဲ့သည် “ အဲ့လူက ဟင်းလင်းပြင် တာအိုကို ကျွမ်းကျင်နေပြီးတော့၊ ခဏလေးအတွင်းမှာပဲ ကမ္ဘာ့ကြယ်ကနေ ထွက်သွားခဲ့တာလား “

မျက်လုံးသုံးလုံးဘုရင်မှ ပြန်ပြောလာခဲ့သည် “ ကမ္ဘာနှစ်ခုကြားမှာ ဒီလိုတည်ရှိမှုမျိုး ရှိတယ်လို့ ငါတစ်ခါမှ မကြားမိခဲ့ဘူး “

သူသည် သူ့အရှေ့တွင် ရှိနေသည့် ကမ္ဘာကြီးကို ကြည့်ကာ၊ သူ၏ဒေါသများကို ဖိနှိပ်လိုက်သည် “ ဘယ်လောက်တောင် အတင့်ရဲလိုက်လဲ၊ ငါ့ကမ္ဘာရဲ့ ဓာတ်ကြီးငါးပါးနဲ့ ဟင်းလင်းပြင်တာအိုကို ဖြတ်တောက်သွားတယ်။ ကောင်းကင်နဲ့ ကမ္ဘာမြေတာအိုက ကိုယ်တိုင်ပြုပြင်နိုင်စွမ်းရှိပင်မဲ့၊ ဒီတာအိုနှစ်ခုကနေ အဆင့်၉ကို ရောက်လာတဲ့ လူတွေကတော့ အကြီးအကျယ် ထိခိုက်သွားရလိမ့်မယ် “

မင်ကျိသည် သူ့ကို သနားစိတ်တို့ဖြင့် ကြည့်လာခဲ့သည်။

သူမသည် မျက်လုံးသုံးလုံးဘုရင်က ဓာတ်ကြီးငါးပါး တာအိုကြောင့် ပကတိ အထွတ်အထိပ်အဆင့်သို့ ရောက်လာခဲ့သည်ဆိုသည်ကို ကောင်းစွာသိရှိနေခဲ့သည်။

ထိုကဲ့သို့သော ကိစ္စမျိုးသည် မျက်လုံးသုံးလုံးဘုရင်၏ ခွန်အားကို သိသိသာသာ လျော့နည်းသွားစေမည် ဖြစ်သည်။

သို့သော် ပို၍ အရေးကြီးသော အရာမှာ ထိုလူလုပ်ခဲ့သည့် အရာက ကမ္ဘာ့ကြယ်၏ ပတ်ဝန်းကျင်ကို ကြီးကြီးမားမား ထိခိုက်သွားစေခဲ့ခြင်း ဖြစ်သည်။

လာမည့် နှစ်များ(သို့) ဆယ်စုနှစ်များစွာအထိ၊ ဓာတ်ကြီးငါးပါးနှင့် ဟင်းလင်းပြင် တာအိုတို့ကို အသုံးပြုကာ နဝမအဆင့်သို့ တက်လှမ်းလိုသည့် ပညာရှင်တို့၏ အောင်မြင်မှုနှုန်းထားမှာ သိသိသာသာ လျော့နည်းသွားမည် ဖြစ်သည်။

“ ဟင်းလင်းပြင် တာအို ပြိုကွဲသွားတာက စဥ်းစားလို့ရသေးတယ်၊ ဒါပင်မဲ့ အဓိက အရာက ဓာတ်ကြီးငါးပါး တာအိုပဲ “

မင်ကျိ မျက်မှောင်ကြုတ်သွားခဲ့သည် “ ဓာတ်ကြီးငါးပါး တာအိုကိုယ်တိုင်ကိုက အဆင့်မြင့် နိယာမတစ်ခုပဲ၊ အဆင့်နိမ့် နိယာမ ငါးခုက တူညီတဲ့ အရင်းအမြစ်ကို မျှဝေထားကြတာ။ ဓာတ်ကြီးငါးပါး တာအို ပြိုကွဲသွားတာက အဲ့ဒီ အဆင့်နိမ့် နိယာမ ငါးခုကိုလည်း ကြီးကြီးမားမား ထိခိုက်သွားစေမှာ သေချာတယ် “

မြေအောက်လောက ဘုရင်မှ စကားစပြောလာခဲ့သည် “ ဘာပဲဖြစ်ဖြစ်၊ စစ်မြေပြင်မှာက ငါတို့ကို မလိုသေးဘူးလေ “

မင်ကျိသည် အနည်းငယ် အံ့ဩသွားပြီး၊ မြေအောက်လောက ဘုရင်ကို ကြည့်လာခဲ့သည် “ မြေအောက်လောက ဘုရင်၊ ရှင် ပြောနေတာက ……. “

မြေအောက်လောက ဘုရင်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ အမှောင်နယ်မြေ လမ်းကြောင်း တည်ဆောက်တာက ငါတို့ထင်ထားတာထပ်တောင် ပိုမြန်နေတယ်။ နှစ်လအတွင်းမှာပဲ ရာနှုန်းပြည့် ပြီးစီးသွားလိမ့်မယ် “

“ နှစ်လအတွင်းမှာလား “ မျက်လုံးသုံးလုံးဘုရင်မှာလည်း တအံ့တဩ ဖြစ်သွားခဲ့သည် “ အနည်းဆုံး နောက်ထပ် နှစ်ဝက်လောက်အထိ အချိန်ယူရလိမ့်မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား “

မြေအောက်လောက ဘုရင်မှ ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့သည် “ ဘာလို့လဲဆိုတော့ လမ်းကြောင်းတည်ဆောက်တာကို ဧကရာဇ် မိသားစုတစ်ခုကလည်း ကူညီပေးလာလို့ပဲ “

ဧကရာဇ် မိသားစု

မျက်လုံးသုံးလုံးဘုရင်၊ မင်ကျိနှင့် တစ်ခြားလူများသည် ရင်တထိတ်ထိတ် ဖြစ်သွားကြသည်။

သူတို့က ပကတိ အထွတ်အထိပ် ပညာရှင်များ ဖြစ်ကြသော်လည်း၊ ထိုစကားလုံးကို ကြားလိုက်ရသောအခါတွင် မည်သို့မျှ စိတ်မတည်ငြိမ်နိုင်ကြတော့ပေ။

ဧကရာဇ် မိသားစု

အမှောင်နယ်မြေ၏ အဆင့်အမြင့်ဆုံး မိသားစု၊ အတိတ်နှင့် အနာဂတ်ကို ငုံ့ကြည့်ကာ၊ များပြားလွန်းလှသော ရာစုပေါင်းများစွာအထိ အမှောင်နယ်မြေ၏ အထွတ်အထိပ်တွင် ရပ်တည်ခဲ့ကြသည်။

အမှောင်နယ်မြေ၏ ဧကရာဇ် မိသားစုထံတွင် အန္တိမနယ်ပယ်မှ ပညာရှင်တစ်ဦးသာလျှင် ရှိနေခြင်း မဟုတ်ဘဲ၊ မိသားစု၏ အင်အားကပါ ထပ်တူထပ်မျှ ကြောက်မက်ဖွယ်ကောင်းပေသည်။

နဝမအဆင့် အထွတ်အထိပ် ပညာရှင်များကို ဥပမာယူပါလေ၊ ကမ္ဘာနှစ်ခု၏ ထိပ်တန်းတည်ရှိမှုများဖြစ်သော သူတို့သည် ဧကရာဇ် မိသားစု၏ တံခါးစောင့်အဆင့်တွင်သာ ရှိနေခဲ့သည်။

အဆင့်မြင့် အထွတ်အထိပ်၏ အဆင့်အတန်းကပင် များစွာမြင့်မားနေမည်ဟု မသတ်မှတ်နိုင်ပေ။

အဆင့်မြင့် အထွတ်အထိပ်ကသာလျှင် ဧကရာဇ် မိသားစုအတွင်းတွင် ပြောရေးဆိုခွင့် ရှိသည်။

အခု သူတို့ကပါ စစ်ပွဲထဲကို ပါလာတော့မှာလား

“ ကောင်းတယ် “ မျက်လုံးသုံးလုံးဘုရင်သည် လက်သီးဆုပ်ကာ ပြုံးပြလာခဲ့သည် “ ဧကရာဇ် မိသားစုကပါ ပါလာပြီဆိုရင်၊ ကြယ်ပြာဂြိုဟ်ရဲ့ ရှုံးနိမ့်မှုက လုံးဝသေချာသွားပြီ “

သို့ရာ၌ မင်ကျိသည် အနည်းငယ် စိုးရိမ်ပူပန်နေသေးသည် “ အဲ့တာက ကမ္ဘာ့ကြယ်အတွက်ရော ကောင်းလား၊ ဆိုးလားဆိုတာကို ဘယ်သူက သိမှာလဲ “

ကမ္ဘာ့ကြယ်၏ ထိပ်တန်းအင်အားစုများဖြစ်သော မြေအောက်လောကဘုရင်နှင့် မျက်လုံးသုံးလုံးဘုရင်တို့သည် အဓိက တော်ဝင်မိသားစုနှစ်ခုနှင့် ပတ်သတ်ဆက်နွယ်မှု ရှိနေခဲ့သည်။

တော်ဝင်မိသားစုနှင့် ဧကရာဇ် မိသားစုနှစ်ခုလုံးက အမှောင်နယ်မြေမှ ဖြစ်ကြသော်လည်း၊ တင်းကြပ်သော လူတန်းစား ခွဲခြားမှု ရှိနေခဲ့သည်။

ဧကရာဇ် မိသားစုက ပါဝင်လာသည်နှင့်တစ်ပြိုင်နက်၊ ၎င်းသည် အကျိုးအမြတ် အများစုက သူတို့ထံသို့ ရောက်ရှိသွားလိမ့်မည်ဟု ဆိုလိုနေခဲ့သည်။

သူတို့က ကြယ်ပြာဂြိုဟ်သို့ ရောက်ရှိသွားသည့် အချိန်တွင်၊ သူတို့အတွက် မည်သည့်အရာမှ ကျန်နေတော့မည် မဟုတ်ပေ။

မင်ကျိမှ နှာခေါင်းရှုံ့လာခဲ့သည် “ ကျွန်မတို့ စစ်သည်တော်တွေက ရှေ့တန်းမှာ အချိန်အကြာကြီး တိုက်ခိုက်နေခဲ့ရတာ၊ အခု ဧကရာဇ် မိသားစုက ဝင်ပါဖို့ ရွေးချယ်လာကြပြီ။ သူတို့က အကျိုးအမြတ်တွေကို ရိပ်သိမ်းချင်နေတာလို့ပဲ ကျွန်မထင်တယ် “

“ စကားပြောတာကို သတိထား “

မြေအောက်လောက ဘုရင်သည် သူမကို ကြည့်ကာ ပေါ်ပေါ်တင်တင် ပြောဆိုလာခဲ့သည် “ ငါတို့ရဲ့ လုပ်ရပ်တွေက ဧကရာဇ် မိသားစုက အဲ့လူတွေကို ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ။ စကားလုံးတွေနဲ့ ကပ်ဘေးကို မဖိတ်ခေါ်မိစေဖို့ ဂရုစိုက် “

မင်ကျိ၏ အမူအရာ လေးနက်သွားခဲ့ကာ၊ အလျင်အမြန် ခေါင်းငြိမ့်ပြလာခဲ့သည်။

သူမသည် ပကတိ အထွတ်အထိပ် ပညာရှင် ဖြစ်သည့် သူမက ဧကရာဇ် မိသားစု၏ အရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်နေသည်ကို ကောင်းစွာသိနေခဲ့သည်။

မြေအောက်လောက်က ဘုရင်မှ စကားဆက်ပြောလာခဲ့သည် “ ဧကရာဇ် မိသားစုက တည်ဆောက်မှုမှာ ဝင်ပါလာပြီဆိုတော့၊ လမ်းကြောင်းပေါင်းစပ်မှုက ပိုမြန်လာလိမ့်မယ်။ ပိုပြီးတော့တောင် စောနေနိုင်တယ်၊ အဆင့်၈နဲ့၉က ဂျူနီယာလေးတွေကို အရင်သွားခွင့်ပေးလိုက် “

မင်ကျိ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည် “ နယ်ပယ်ဖိနှိပ်မှု တကယ်ရှိ၊ မရှိကို စမ်းသပ်ဖို့အတွက် ဂျူနီယာတွေကို အရင်လွှတ်ဖို့ ပြောနေတာလား “

“ အမှန်ပဲ “

မြေအောက်လောက ဘုရင်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ဒါပင်မဲ့ ငါတို့က အဲ့ကိစ္စကို တွေးပူနေဖို့ မလိုပါဘူး။ ဧကရာဇ် မိသားစုနဲ့ တော်ဝင်မိသားစုက လူတွေ လွှတ်လိုက်မှာ သေချာတယ် “

…

ကြယ်တာရာ T-Rex နတ်ဘုရားကမူ ကမ္ဘာ့ကြယ်၏ ကိစ္စများကို မသိပေ။

ဤအချိန်၌ သူသည် သူ၏ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်အတွင်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူကနေ ထွက်လာခဲ့တဲ့ အချိန်ကတည်းက၊ ဟင်းလင်းပြင် နေရာလွတ်ထဲကို ပထမဦးဆုံးအကြိမ်အဖြစ် ပြန်ရောက်လာခဲ့တာပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့အရှေ့တွင် ရှိနေသည့် ဟင်းလင်းပြင်ကို ကြည့်ကာ၊ နှလုံးသားအတွင်းမှ ခံစားချက်များကို ဖော်ပြနေတော့သည်။

ယခင်က အတိုင်းသာဆိုပါက၊ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်အတွင်းသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက်၊ သူသည် မူလကိုယ် အနားသို့ ရောက်ရှိသွားမည် ဖြစ်သည်။

သို့သော် ယခုတွင်ကား ကြယ်တာရာ T-Rex နတ်ဘုရားသည် ဟင်းလင်းပြင် မူလနိယာမကို ကျွမ်းကျင်နေပြီဖြစ်သောကြောင့်၊ စိတ်ရှိသလို ပြုလုပ်နေနိုင်ပြီ ဖြစ်သည်။

သူ၏ ဟင်းလင်းပြင် နေရာလွတ်က ကြယ်ပြာဂြိုဟ်ပေါ်သို့ ပြန်ရောက်လာသည့် အချိန်တွင် သူသည် ဟင်းလင်းပြင်ကို ခုတ်ပိုင်းကာ လမ်းလျှောက်ထွက်လာခဲ့သည်။

“ နောက်ဆုံးတော့ ကြယ်ပြာဂြိုဟ်ကို ပြန်ရောက်လာခဲ့ပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ကမ္ဘာကြီးကို ကြည့်ကာ အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်နေတော့သည်။

ကမ္ဘာတစ်ဘက်တွင် သူမည်မျှ လွှမ်းမိုး ကြီးစိုးခဲ့ပါစေ၊ ၎င်းက တစ်ခြားကမ္ဘာတစ်ခု ဖြစ်နခဲ့သောကြောင့် သူသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတာအို၏ တွန်းကန်အားကို အမြဲလိုလို ခံစားခဲ့ရသည်။

ယခုတွင်ကား ထိုခံစားချက်က ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“ ကြွေကျသွားတဲ့ သစ်ရွက်တွေက သူတို့ရဲ့ အမြစ်တွေဆီကို ပြန်သွားကြတယ်၊ လူတစ်ယောက်က သေတော့မယ်ဆိုရင်၊ အိမ်ပြန်လာလေ့ရှိကြတယ်။ တကယ်တော့ အဲ့တာအတွက် အကြောင်းပြချက် ရှိနေပါတယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ခြေထောက်အောက်တွင် ရှိနေသည့် မြေပြင်ကို ခံစားကြည့်နေရင်းဖြင့် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။

…………………………………………………………………………………………………………………………………………

All Chapters