← Chapters

အခန်း (၆၂၂-၆၂၄)

Vol. 42 Ch. 622-624

အခန်း (၆၂၂-၆၂၄)

Vol. 42 Ch. 622-624

အပိုင်း ( 622 )

ကမ္ဘာကြီး၏ အေးစက်မှုနှင့် လူသားတို့၏ စိတ်မတည်ငြိမ်မှု ၂

တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲတွင် သံသယတစ်ခု ကြီးထွားလာခဲ့သည်။

သူသည် ဤနေရာသို့ ဝိညာဥ်ကူးပြောင်းလာခြင်း ဖြစ်သောကြောင့်၊ သူ၏ ဝိညာဥ်သည် ဤကမ္ဘာနှင့် မသက်ဆိုင်ပေ။

သို့သော် သူသည် ဤကမ္ဘာ၏ တွန်းကန်အားကို မည်သို့မျှ မခံစားခဲ့ရပေ။

“ မေ့လိုက်တော့ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုအတွေးများကို ဖျောက်ဖျက်ကာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ အခုဆိုရင် ငါက အဆင့်၉ကို ရောက်နေပြီ၊ ငါ့ဆီမှာ အဆင့်၉ အထွတ်အထိပ်ရဲ့ တိုက်ခိုက်ရေး စွမ်းအားရှိတယ် “

“ ငါက တောင်ပိုင်းနယ်မြေမှာရှိတဲ့ အစီအရင်တွေကို သွားပြီးတော့ စစ်ဆေးသင့်တယ် “

သူတစ်ဦးတည်းကပင် နဝမအဆင့် အထွတ်အထိပ် ပညာရှင် များစွာ၏ တိုက်ခိုက်ရေး စွမ်းအားနှင့် ညီမျှနေခဲ့သည်။

၎င်းသည် အစီအရင်များကို ဖျက်စီးရာတွင် များစွာအထောက်အကူပြုလိမ့်မည် ဖြစ်သည်။

“ ဗွီ “

ထိုအချိန်၌ သူ့အရှေ့ရှိ ဟင်းလင်းပြင်သည် ရုတ်တရက် ပွင့်ထွက်လာခဲ့သည်။

ထို့နောက်၌ ရင်းနှီးနေသော ပုံရိပ်တစ်ခုသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ အရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

“ တိကျွမ်းလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့အရှေ့ရှိ ပုံရိပ်ကို ကြည့်ကာ အံ့ဩသွားခဲ့သည်။

ကြယ်ပြာဂြိုဟ်သို့ ပြန်ရောက်လာခဲ့သည့် အချိန်တွင် သူ၏ တည်ရှိမှုကို လုံးဝမထုတ်ပြခဲ့ပေ၊ သို့သော် တစ်ဖက်လူသည် သူ့ကို ထောက်လှမ်းမိသွားခဲ့သေးသည်။

တိကျွမ်းမှာလည်း ကြယ်တာရာ T-Rex နတ်ဘုရားကို စူးစမ်းလေ့လာနေခဲ့ပြီး၊ သူ၏အမူအရာမှာလည်း အနည်းငယ် ထူးဆန်းသွားခဲ့သည် “ အဆင့်၉ သားရဲလား။ မင်းက ဘယ်မျိုးနွယ်စုကလဲ။ ငါမင်းကို တစ်ခါမှ မတွေ့ခဲ့ဖူးဘူး “

ကြယ်တာရာ T-Rex နတ်ဘုရားသည် လက်သီးဆုပ်၍ အရိုအသေပေးကာ စကားပြန်ပြောလိုက်သည် “ ငါက မျိုးနွယ်စုမရှိတဲ့ ဗီဇပြာင်းသားရဲတစ်ကောင်ပါ “

“ ဗီဇပြောင်းသားရဲလား “

တိကျွမ်းသည် တအံ့တဩ ဖြစ်သွားခဲ့သည်။

ဗီဇပြောင်းသားရဲ ………. ၎င်းမှာ အတော်ရှေးကျသော အမည်တစ်ခု ဖြစ်သည်။

ရှေးခေတ်အခါက ထိုကဲ့သို့သော သားရဲများ အမှန်တကယ် တည်ရှိခဲ့သည်၊ သူတို့၏ အသွင်အပြင်များက ထူးခြားနေပြီး၊ သူတို့၏ သွေးမျိုးဆက်များကပါ မည်သည့် သားရဲမျိုးနွယ်စုနှင့်မျှ မတူညီကြပေ။

ထို့ကြောင့် သူတို့အား ဗီဇပြောင်း သားရဲများဟု ခေါ်ဆိုခဲ့ကြသည်။

သို့သော် အချိန်များကုန်ဆုံးလာသည်နှင့်အမျှ၊ အဆိုပါ ဗီဇပြောင်းသားရဲများသည် မျိုးနွယ်စု၏ အကာအကွယ်ကို မရရှိခဲ့သောကြောင့်၊ သေဆုံးခြင်း(သို့) မသန်စွမ်းဖြစ်သွားခြင်းတို့ကို ရင်ဆိုင်လိုက်ရကာ၊ သမိုင်းကြောင်းထံမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

သားရဲမျိုးနွယ်စုအတွင်း၌ အထွတ်အထိပ် အစစ်အမှန် နတ်သားရဲမျုးနွယ်စုအတွင်းတွင် အခိုင်အမာ ရပ်တည်နိုင်မှသာလျှင် သွေးမျိုးဆက်ကို ခိုင်မာအောင် ထိန်းသိမ်းထားနိုင်ကြမည် ဖြစ်သည်။

နဝမအဆင့် ဗီဇပြောင်းသားရဲတစ်ကောင်က ဘယ်လိုလုပ် ရုတ်တရက် ပေါ်လာရတာလဲဟ

တိကျွမ်းသည် သူ့ကို မည်သို့မျှ မယုံကြည်ခဲ့ပေ၊ သူသည် ထပ်မံ၍ မေးမြန်းလာခဲ့သည် “ မင်းက အဆင့်၉ကို ဘယ်နေရာမှာ ထိုးဖောက်ခဲ့တာလဲ “

ကြယ်ပြာဂြိုဟ်ပေါ်တွင် နဝမအဆင့်သို့ တက်လှမ်းသည့် လူတိုင်းကို သူသေချာပေါက် အာရုံခံမိလိမ့်မည် ဖြစ်သည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ ကမ္ဘာ့ကြယ်၏ ရှေးဟောင်း အပျက်အစီးနယ်မြေတွင် အဆင့်ထိုးဖောက်ခဲ့ခြင်း ဖြစ်သောကြောင့်၊ သူမည်သို့မျှ ထောက်လှမ်းမိမည် မဟုတ်ပေ။

ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် ကျဥ်းထဲကြပ်ထဲ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူသည် ကမ္ဘာ့ကြယ်တွင် အဆင့်တက်ခဲ့သည်ဟု ပြောဆို၍ မရပေ၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက တိကျွမ်းသည် သူ့ကို သူလျှိုတစ်ယောက်ဟု ထင်သွားကာ၊ ချက်ချင်း သတ်ဖြတ်မည် ဖြစ်သည်။

သို့သော် အကယ်၍ သူကသာ ကျိုးကြောင်းဆီလျော်သော ဖြေရှင်းချက်ကို မပေးနိုင်ဘူးဆိုပါက၊ တိကျွမ်းသည် သူ့ကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်ပေ။

ကြယ်တာရာ T-Rex နတ်ဘုရားက တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါတွင်၊ တိကျွမ်း၏ မျက်လုံးများထဲတွင် ရှိနေသည့် ရန်လိုမှုများက တဖြည်းဖြည်း ကြီးမားလာခဲ့သည်။

“ ဗွီ ဗွီ “

ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် အားကောင်းသော စွမ်းအင်များ စုပြုံလာခဲ့ပြီး၊ တိကျွမ်းသည် အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်သွားခဲ့သည်။

“ မကောင်းဘူး၊ ဒီလူက အန္တိမ နိယာမကို နားလည်ထားတယ်၊ အန္တိမ အထွတ်အထိပ်နဲ့ ခြေလှမ်းတစ်ဝက်ပဲ လိုတော့တယ် “

ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်ထဲတွင် ရှိနေသည့် ရွှေရောင်မီးလျှံသည် တအံ့တဩဖြင့် ပြောလာခဲ့သည်။

“ အန္တိမ အထွတ်အထိပ်လား “

ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း အနည်းငယ် အံ့ဩသွားခဲ့သည်၊ တိကျွမ်းက အလွန်အစွမ်းထက်ပြီး၊ ကြယ်ပြာဂြိုဟ်ပေါ်တွင် အစွမ်းအထက်ဆုံး တည်ရှိမှုဖြစ်သည်ကို သိနေခဲ့သော်လည်း၊ ဤမျှ အစွမ်းထက်နေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

သို့ရာ၌ အခြေအနေသည် သူ့ကို များများစားစား တွေးတောနေရန် အချိန်မပေးခဲ့ပေ။

တိကျွမ်း၏ ရန်လိုသည့် အကြည့်ကို မြင်လိုက်ရသောအခါတွင် သူသည် ချက်ချင်း စကားပြောလိုက်သည် “ အကြီးအကဲ၊ ကျွန်တော့်အတွက် အာမခံပေးနိုင်မဲ့ လူရှိတယ်။ သူ့ကို ဒီကို ခေါ်လိုက်လို့ရပါတယ် “

“ ဘယ်သူလဲ “ တိကျွမ်းသည် သူ့ကို စူးစူးစိုက်စိုက် ကြည့်နေစဲပင်။

ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြောလိုက်သည် “ ရှုကျိုးပါ “

ဘုမ်းးး

ပတ်ပတ်လည်ရှိ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေစွမ်းအင်တို့သည် ရုတ်တရက် အားကောင်းပြင်းထန်လာခဲ့ကာ၊ ကြောက်မက်ဖွယ်ကောင်းသည့် မုန်တိုင်းများပင် တဖြည်းဖြည်း တိုက်ခတ်လာခဲ့သည်။

တိကျွမ်း၏ မျက်နှာသည် ချက်ချင်း အေးစက်သွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် အထင်လွဲမှုက ပိုမိုကြီးမားလာသည်ကို နားလည်သွားခဲ့သည်။

သို့သော် ၎င်းမှာ ပုံမှန်သာလျှင် ဖြစ်သည်၊ နဝမအဆင့် ပညာရှင်တစ်ဦးက ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး၊ ကြယ်ပြာဂြိုဟ်ပေါ်တွင် အထွတ်အထိပ်သို့ တက်လှမ်းနိုင်မည့် အလားအလာအရှိဆုံး ကိုယ်စားလှယ်လောင်းကို တွေ့ချင်သည်ဟု တောင်းဆိုလိုက်ခြင်းသည်၊ အမှန်ပင် သံသယဖြစ်ဖွယ်ကောင်းလွန်းလှသည်။

အကယ်၍ တိကျွမ်းနေရာတွင် သူဖြစ်နေမည်ဆိုပါက၊ သူသည် တစ်ဖက်လူက ကမ္ဘာ့ကြယ်၏ သူလျှိုတစ်ယောက်ဟုသာ ထင်သွားမည် ဖြစ်သည်။

တိကျွမ်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာခဲ့ပြီး၊ သူသည် လှုပ်ရှားရန် အသင့်ဖြစ်နေခဲ့သည်။

အကျိုးဆက်တွေကို ဘေးဖယ်ပြီးတော့ ဒီထူးဆန်းတဲ့ကောင်ကို အရင်ဦးဆုံး ချိတ်ပိတ်ပစ်ရမယ်

သို့သော် သူလှုပ်ရှားတော့မည့် အချိန်တွင်၊ သူ၏ ဆက်သွယ်မှု တံဆိပ်ပြားမှာ ရုတ်တရက် အော်မြည်လာခဲ့သည်။

“ ဟမ် “

တိကျွမ်း၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် သူသည် အဆိုပါ တံဆိပ်ပြားကို ရှုကျိုးထံသို့ ပေးထားခဲ့သောကြောင့် ဖြစ်သည်။

ဆက်သွယ်မှု ချိတ်ဆက်သွားသည့်နောက်၌ ရှုကျိုး၏ အသံ ပေါ်ထွက်လာခဲ့သည် “ ဆရာ၊ အဲ့ဒီသားရဲက ကျွန်တော့် သူငယ်ချင်းပါ၊ ကျေးဇူးပြုပြီးတော့ သူ့ကို လွှတ်ပေးလိုက်ပါ “

“ မင်းဆီမှာ အဆင့်၉ သားရဲမိတ်ဆွေ ဘယ်လိုလုပ် ရှိနေရတာလဲ “ တိကျွမ်းသည် မျက်မှောင်ကြုတ်သွားကာ မေးမြန်းလိုက်သည်။

“ အဲ့တာက …. ဇာတ်လမ်း အရှည်ကြီးပါ။ နောက်မှ ဖြည်းဖြည်းချင်း ပြောပြပါ့မယ်၊ သူ့ကိုသာ လွှတ်ပေးလိုက်ပါ “ ရှုကျိုးသည် ထပ်ခါတလဲလဲ အလေးပေး ပြောဆိုနေခဲ့ကာ ကြယ်တာရာ T-Rex နတ်ဘုရား၏ တည်ရှိမှုကိုပင် ပြောပြလိုက်သည်။

တိကျွမ်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ပြီးသည့်နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်လာခဲ့သည် “ မင်းက ဘယ်နိယာမကို နားလည်ခဲ့တာလဲ “

ကြယ်တာရာ T-Rex နတ်ဘုရားကမူ တိတ်ဆိတ်နေခဲ့ပြီး၊ သူ၏ နတ်စွမ်းအားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

သူသည် သူက ကြယ်ပြာဂြိုဟ်၏ နိယာမတစ်ခုခုအား နားလည်ထားခြင်း ရှိမရှိဆိုသည်ကို တိကျွမ်းက သိချင်နေချင်သည်ဆိုသည်ကို ကောင်းစွာ သိနေခဲ့သည်။

ထိုအချိန်၌ အသက်နှင့် မရဏ နိယာမ၊ ဓာတ်ကြီးငါးပါး နိယာမနှင့် ဟင်းလင်းပြင် နိယာမ အားလုံး ပေါ်ထွက်လာခဲ့သည်။

“ အန္တိမ နိယာမလား “

တိကျွမ်းသည် စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားကို ချက်ချင်း ပြန်ကြည့်လာခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ကြယ်တာရာ T-Rex နတ်ဘုရား နားလည်ထားသည့် နိယာမများက ကြယ်ပြာဂြိုဟ်နှင့် သက်ဆိုင်နေကာ၊ သူထုတ်လွှတ်လိုက်သည့် နတ်စွမ်းအားက ကြယ်ပြာဂြိုဟ် သားရဲမျိုးနွယ်စုနှင့် အမှန်တကယ် သက်ဆိုင်နေသည်ကို သေချာနေခဲ့သောကြောင့် ဖြစ်သည်။

“ ရှေးဟောင်း တားမြစ်နယ်မြေ တစ်ခုခုမှာ အဆင့်တက်ခဲ့တာများလား “

တိကျွမ်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့သော်လည်း၊ တိုက်ရိုက်မမေးမြန်းလာခဲ့ပေ “ မင်းက ဘယ်သွားဖို့ စီစဥ်ထားတာလဲ “

ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြန်ပြောလိုက်သည် “ အဆင့်၉ကို ရောက်ပြီဆိုတော့ ကွမ်ဟန်တောင်ပိုင်းကို သွားပြီးတော့ အစီအရင်တွေ ဖျက်ဆီးမလို့ပါ “

တိကျွမ်းသည် သူ့အား ထူးဆန်းသော အကြည့်မျိုးဖြင့် ကြည့်လာခဲ့သည်။

သူပထမဦးဆုံး ပြောခဲ့သည့် အရာသည် ရှုကျိုးကို တွေ့ရန်ဖြစ်ပြီး၊ ဒုတိယ အရာကမူ အစီအရင်များကို ဖျက်စီးရန် ဖြစ်နေခဲ့သည်။

နှစ်ခုစလုံးသည် ကြယ်ပြာဂြိုဟ်၏ အရေးကြီး ကိစ္စများ ဖြစ်နေခဲ့သည်။

ရိုးရိုးသားသား ပြောရမည်ဆိုပါက ရှုကျိုး၏ အာမခံပေးမှုသာ မရှိဘူးဆိုပါက၊ သူသည် ကြယ်တာရာ T-Rex နတ်ဘုရားအပေါ်တွင် ဝိညာဥ်ရှာဖွေမှုကို ပြုလုပ်မည် ဖြစ်သည်။

“ အဲ့ကို ပို့ပေးမယ် “

တိကျွမ်းသည် လက်ဆန့်တန်းလာခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားကို သူနှင့်အတူ ခေါ်ဆောင်သွားတော့သည်။

…

ကွမ်ဟန်

တောင်ပိုင်းစစ်မြေပြင်၊ နယ်မြေ ၅၅

တောင်ပိုင်းနယ်မြေတစ်ခုလုံးတွင် ကြီးမားသော အစီအရင်ကြီး၏ အစီအရင်ငယ်များဖြင့် ပြည့်နှက်နေခဲ့သည်။

နယ်မြေ၅၅ကို ရွေးချယ်လိုက်ရသည့် အကြောင်းအရင်းမှာ နယ်မြေ၅၅က အစီအရင်ကြီးတစ်ခုလုံး၏ အဓိက အူတိုင် ဖြစ်နေသောကြောင့် ဖြစ်သည်။

နယ်မြေ၅၅ရှိ အစီအရင် အကုန်လုံးကို ဖျက်စီးခြင်းသည် ပို့ဆောင်ရေး အစီအရင်ကြီးတစ်ခုလုံးကို ဖျက်စီးလိုက်ခြင်းပင် ဖြစ်သည်။

ထိုအချိန်၌ အကယ်၍ ပို့ဆောင်ရေး အစီအရင်ကို အသက်သွင်းနိုင်ဦးမည်ဆိုရင်တောင်မှ၊ ၎င်းသည် နယ်မြေဖိနှိပ်မှုကို လျစ်လျူရှုနိုင်တော့မည် မဟုတ်ပေ။

ဤအချိန်၌ ရာနှင့်ချီသော နဝမအဆင့် ပညာရှင်များနှင့် ပကတိ အထွတ်အထိပ် ပညာရှင်များသည် ဤနေရာကို စောင့်ကြပ်ကာ၊ အစီအရင်များကို သန့်စင်နေကြသည်။

“ အဆင့်၉ သားရဲကောင်လား “

“ အဲ့တာက ဘယ်မျိုးနွယ်စုကလဲ။ နဂါးမျိုးနွယ်စုရဲ့ အရှိန်အဝါတစ်ခုခု ရှိနေတဲ့ပုံပဲ၊ အဲ့တာက မင်းတို့ရဲ့ မျိုးနွယ်စုကလား “

နဝမအဆင့် ပညာရှင်များသည် ဆွေးနွေးပြောဆိုကြရင်းဖြင့်၊ နဂါးမျိုးနွယ်စုများ၏ အထွတ်အထိပ် ပညာရှင်ဖြစ်သည့် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးကို ကြည့်လာကြသည်။

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်ကာ ခေါင်းခါပြလိုက်သည် “ သူ့ဆီမှာ နဂါးမျိုးနွယ်စုရဲ့ သွေးမျိုးဆက် နည်းနည်းရှိတယ်၊ ဒါပင်မဲ့ သူက ငါတို့ မျိုးနွယ်စုဝင် မဟုတ်ဘူး “

ထို့နောက်တွင် သူသည် သူ၏အကြည့်ကို ရုတ်သိမ်းသွားခဲ့ကာ၊ ထပ်မံ၍ အာရုံစိုက်မနေတော့ပေ။

တစ်ဖက်လူသည် နဝမအဆင့်သို့ ရောက်ခါစ လူသစ်လေးတစ်ဦးသာ ဖြစ်နေသောကြောင့် သူ၏အာရုံစိုက်မှုနှင့် မထိုက်တန်ပေ။

ထိုကဲ့သို့ပင် တစ်ခြား မျိုးနွယ်စုဝင်များထံတွင်လည်း ထိုကဲ့သို့သော သဘောထားမျိုးသာ ရှိနေခဲ့သည်။

ကြယ်ပြာဂြိုဟ်ပေါ်ရှိ မျိုးနွယ်စုတစ်သောင်းသည် သွေးမျိုးဆက်ကို အလွန်တန်ဖိုးထားကြပြီး၊ အကယ်၍ မျိုးနွယ်တူ မဟုတ်ဘူးဆိုပါက၊ တစ်ဦးကိုတစ်ဦး အာရုံစိုက်နေကြမည် မဟုတ်ပေ။

ယခုလက်ရှိ အချိန်၌ သားရဲမျိုးနွယ်စု၏ ပညာရှင်များသည် ကြယ်တာရာ T-Rex နတ်ဘုရားကို မည်သည့်လေးစားမှုမှ မပြသခဲ့ပေ။

လူသားသိုင်းပညာရှင်တို့မှာလည်း မည်သည့်စကားမှ ဝင်မပြောခဲ့ကြပေ၊ သားရဲမျိုးနွယ်စုနှင့် သူတို့အကြားရှိ ဆက်ဆံရေးမှာ အကောင်းဆုံး အချိန်မှာပင် အေးစက်စက်သာ ဖြစ်နေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းတို့ကို ဂရုစိုက်မနေခဲ့ပေ၊ သူသည် လူမရှိသည့် နေရာသို့ ချက်ချင်းတန်းသွားကာ အစီအရင်များကို စတင်၍ သန့်စင်နေတော့သည်။

သူ၏ လက်ကို ဝေ့ရမ်းလိုက်ရာ၊ အလောင်းတားမြစ်ချက် ပေါ်ထွက်လာခဲ့သည်။

နဝမအဆင့် အထွတ်အထိပ် ပုံရိပ်များစွာ ပေါ်ထွက်လာခဲ့ပြီး၊ မြေအောက် အနက်ပိုင်းတွင် ရှိနေသည့် အစီအရင်များကို စတင်၍ သန့်စင်နေတော့သည်။

“ အဆင့်၉ အထွတ်အထိပ် တားမြစ်ချက်လား “

“ သူက အဆင့်၉ အထွတ်အထိပ် ပညာရှင် အများကြီးကို တစ်ခါတည်း ဆင့်ခေါ်နိုင်တယ်လား။ ဒီကောင်က ဘယ်သူလဲဟ “

ဤတစ်ကြိမ်၌ လူသားနှင့် သားရဲ သိုင်းပညာရှင် အကုန်လုံးသည် လေးနက်သော အမူအရာများဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို စကြည့်လာကြသည်။

ကောင်းကင်ထက်ရှိ တိကျွမ်းမှာလည်း မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်၊ ကြယ်တာရာ T-Rex နတ်ဘုရားက ရှေးဟောင်းနယ်မြေတစ်ခုခုမှ ရောက်လာသည်ဆိုသည့် သူ၏ မှန်းဆမှုကိုလည်း ပိုမိုခိုင်မာသွားစေခဲ့သည်။

ထိုစဥ် ကြယ်တာရာ T-Rex နတ်ဘုရားသည် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးထံမှ အသံထုတ်လွှင့်မှု တစ်ခုကို ရရှိခဲ့သည် “ မိတ်ဆွေလေး၊ မင်းနဲ့ ငါ့ရဲ့ လက်သည်းရှစ်ခု ရွှေနဂါး မျိုးနွယ်စုက နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေတယ်။ ဘာလို့ ဒီဘက်ကို လာပြီးတော့ အစီအရင်တွေကို အတူတူ မသန့်စင်ရတာလဲ “

ကြယ်တာရာ T-Rex နတ်ဘုရားမှာ ဆွံ့အသွားရတော့သည်၊ ဒီအဘိုးကြီးက တကယ်ကြီးကို အရှက်မရှိတာပဲဟ၊ သူက အရင်တုန်းက စကားဝိုင်းကို မကြားခဲ့ဖူးလို့ ထင်နေတာလားဟ

သို့ရာ၌ သူသည် ယဥ်ယဥ်ကျေးကျေး စကားပြန်ပြောလိုက်သည် “ ရပါတယ်၊ ကျွန်တော်က အစီအရင်ကိုတောင် သန့်စင်ပြီးနေပြီလေ “

“ ပြဿနာ မရှိပါဘူး၊ ဒီလူအိုကြီးနဲ့ ကျင့်ကြံရေးဆိုင်ရာ အသိအမြင်တွေကို အချိန်မရွေး ဖလှယ်လို့ရတယ်နော် “

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် အူလိုက်သည်းလှိုက် ရယ်မောကာ၊ ကြယ်တာရာ T-Rex နတ်ဘုရားကို သူ၏ကိုယ်ပိုင်မျိုးဆက်သဖွယ် သဘောထား ဆက်ဆံနေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ဦးခေါင်းကို တိတ်တဆိတ် ခါရမ်းနေတော့သည်၊ အချိန်တွေ ပြောင်းလဲသွားလိုက်ပုံများကွာ လူသားတွေရဲ့ နွေးထွေးမှုတောင် မရှိကြတော့ဘူး

…………………………………………………………………………………………………………………………………….

အပိုင်း ( 623 )

ကြာပန်းစင်မြင့်ထက်တွင် ဉာဏ်အလင်းရခြင်း၊ ထိုက်ချူး မူလဝိညာဥ် စမ်းရေ

ဤတစ်ကြိမ်၌ ကြယ်တာရာ T-Rex နတ်ဘုရားက ရှေးဟောင်း အပျက်အစီးနယ်မြေအတွင်းတွင် ရရှိခဲ့သည့် အရာများမှာ အလောင်းတားမြစ်ချက် တစ်ခုတည်းသာလျှင် မဟုတ်ပေ။

မထွက်သွားခင် အချိန်တွင် သူသည် ရှေးဟောင်း နယ်မြေအတွင်းတွင် ရှိနေသည့် အထွတ်အထိပ် တစ်ပိုင်းအဆင့် တားမြစ်ချက် အများစုကို သန့်စင်ခဲ့ပြီး၊ ‌၎င်းတို့ကို ယူဆောင်လာခဲ့သည်။

ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် မည်သည့်အရာကိုမှ ဖုံးကွယ်ထားလိုစိတ် မရှိခဲ့ပေ။

သူလက်ကို ဝေ့ရမ်းလိုက်ရာ၊ အထွတ်အထိပ် တစ်ပိုင်းအဆင့် တားမြစ်ချက် တစ်ဒါဇင်ကျော် ပေါ်ထွက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် တောင်ပိုင်းစစ်မြေပြင်သည် နောက်ထပ် နဝမအဆင့် အထွတ်အထိပ် ပညာရှင်များစွာကို ပိုင်ဆိုင်လာခဲ့သည်။

“ အဲ့တာက …….. “

“ သူ့ဆီမှာ အဆင့်၉ အထွတ်အထိပ် တားမြစ်ချက်တွေ အများကြီး ရှိနေတာလား “

“ ဒီလူ၊ သူဘယ်ဂျောင်က‌နေ ထွက်လာတာလဲဟ “

ထိုမြင်ကွင်းသည် နဝမအဆင့် ပညာရှင်အကုန်လုံးကို အံ့ဩတကြီး ဖြစ်သွားစေခဲ့သည်။

အထူးသဖြင့် အထွတ်အထိပ် အစစ်အမှန် နတ်သားရဲမျိုးနွယ်စုများ ဖြစ်ပြီး၊ သူတို့သည် အံ့ဩတုန်လှုပ်ကာ ကြောက်လန့်သွားကြသည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ ကိုယ်ပိုင် စွမ်းအားကို မမြင်တွေ့ရသေးသော်လည်း၊ နဝမအဆင့် အထွတ်အထိပ် ပညာရှင် အများအပြားကို စုစည်းနိုင်ခြင်းသည် မျိုးနွယ်စုတစ်သောင်းလုံးကို အပြတ်ရှင်းနိုင်လုနီးပါးအထိ လုံလုံလောက်လောက် အားကောင်းနေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ယခုလက်ရှိ အချိန်သည် ရန်သူ့ကို တိုက်ခိုက်ရင်းဖြင့် စည်းလုံးသည့် အချိန်မျိုး ဖြစ်နေခဲ့သည်။

ထိုကဲ့သို့သာ မဟုတ်ဘဲ၊ သာမန် အချိန်တွင်သာ ဖြစ်နေမည်ဆိုပါက၊ မျိုးနွယ်စုတစ်သောင်း၏ ပညာရှင်တို့မှာ အထိတ်တလန့် ဖြစ်သွားကြပြီး၊ သူတို့၏ ပိုင်နက်များကို ကြယ်တာရာ T-Rex နတ်ဘုရားက ကျူးကျော်လာမည်ကို ကြောက်လန့်နေကြရမည် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရား တစ်ဦးတည်းဖြင့် မျိုးနွယ်စုတစ်ခု/ဂိုဏ်းတစ်ဂိုဏ်း ပြုလုပ်နိုင်သည်ဟု ပြောဆိုမည်ဆိုလျှင်တောင်မှ၊ ၎င်းက ချဲ့ကားပြောဆိုရာ ကျလိမ့်မည် မဟုတ်ပေ။

ကြယ်တာရာ T-Rex နတ်ဘုရားကမူ သူတို့၏ အကြည့်များကို လျစ်လျူရှုထားခဲ့သည်။

သူသည် အစီအရင်များကို သန့်စင်ရင်းဖြင့် ဤနေရာကို စောင့်ကြပ်ရန် မရည်ရွယ်ထားခဲ့ပေ၊ ၎င်းသည် ၎င်း၏ ကျင့်ကြံရေး အချိန်များကို လျော့ကျသွားစေမည် ဖြစ်သည်။

ထို့အပြင် နဝမအဆင့် အထွတ်အထိပ် ရုပ်သေးများစွာ ရှိနေပြီဖြစ်သောကြောင့်၊ အစောပိုင်း နဝမအဆင့် ဖြစ်သည့် သူ၏တည်ရှိမှုမှာ အခြေအနေကို ကြီးကြီးမားမား ပြောင်းလဲပေးနိုင်မည် မဟုတ်ပေ။

သို့ရာ၌ သူမထွက်သွားခင် အချိန်တွင် ဤအထွတ်အထိပ် တစ်ပိုင်းအဆင့် တားမြစ်ချက်များက ဆက်တိုက် လည်ပတ်နေသည်ကို သေချာအောင် ပြုလုပ်ရဦးမည် ဖြစ်သည်။

“ ပေါင်းစည်း “

ကြယ်တာရာ T-Rex နတ်ဘုရား၏ နတ်စွမ်းအား ပေါက်ထွက်လာခဲ့ပြီး၊ အသက်နှင့် မရဏ နိယာမတို့သည် တားမြစ်ချက်များနှင့် ပေါင်းစပ်သွားခဲ့သည်။

“ ဗွီ “

ချက်ချင်းဆိုသလိုပင် အထွတ်အထိပ် တစ်ပိုင်းအဆင့် တားမြစ်ချက်များသည် အဆုံးမဲ့ အသက်စွမ်းအင်များ ရရှိသွားသကဲ့သို့ အသက်ဝင်လာပုံရပြီး၊ စတင်၍ တက်တက်ကြွကြွ လှုပ်ရှားလာခဲ့သည်။

“ အန္တိမ နိယာမဖြစ်တဲ့ အသက်နဲ့ မရဏ နိယာမက သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်စွမ်းရှိတယ်၊ အသက်ကိုတောင် ဖန်တီးပေးနိုင်တယ် “

သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းသည် အသက် နိယာမ(သို့) မရဏ နိယာမတစ်ခုတည်းဖြင့် လုပ်ဆောင်နိုင်သော အရာဖြစ်သည်။

ဖန်ဆင်းခြင်း/ ဖန်တီးခြင်းကမူ အန္တိမနိယာမကသာ ပြုလုပ်နိုင်သည့် ထူးခြားသော စွမ်းရည်တစ်ခု ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ဖန်ဆင်းခြင်း/ ဖန်တီးခြင်းမှာ ဘာမှမရှိသော အခြေအနေမှ တစ်စုံတစ်ခု ဖြစ်တည်ခြင်း၊ မတည်ရှိမှ တည်ရှိမှုကို ဖန်တီးခြင်းဖြစ်စဥ်တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။

ထိုစွမ်းရည်နှင့်သာဆိုပါက အသက်ကို ဖန်တီးခြင်း(သို့) ကမ္ဘာတစ်ခုကို ဖန်တီးခြင်းတို့မှာ လက်လှမ်းမမှီသော အရာများ မဟုတ်တော့ပေ။

လူတစ်ဦး၏ စွမ်းအားက လုံလောက်နေမည်ဆိုပါက၊ တွေးလိုက်ရုံဖြင့်ပင် အသေးစား စကြဝဠာတစ်ခုပင် ဖန်တီးနိုင်မည် ဖြစ်သည်။

ယခု ကြယ်တာရာ T-Rex နတ်ဘုရားက ရုပ်သေးများကို အသက်သွင်းလိုက်ခြင်းသည် အသက်နှင့် မရဏ နိယာမတို့၏ ဖန်တီးမှုတစ်ခု ဖြစ်သည်။

အသက်နှင့် မရဏ နိယာမတို့အပေါ်တွင် ရှိနေသည့် သူ၏နားလည်မှုမှာ သေးငယ်နေစဲဖြစ်ပြီး၊ သူသည် ပထမခြေလှမ်းကိုသာ လှမ်းထားနိုင်သေးသည်၊ ထို့ကြောင့် သူဖန်ဆင်းထားသည့် အသက်မှာ တာရှည်ခံမည် မဟုတ်သကဲ့သို့၊ ရုပ်သေးများကလည်း ပြီးပြည့်စုံသည့် အသိစိတ်ကို ရရှိလိမ့်မည် မဟုတ်‌ပေ။

၎င်းမှာ အရွယ်မရောက်သေးသည့် ကလေးငယ်များက မိခင်၏ စကားများကို နားထောင်ရသကဲ့သို့ပင် ဖြစ်သည်။

“ ဒီရုပ်သေးတွေက နှစ်လကျော်လောက်အထိ အလိုအလျောက် အလုပ်လုပ်နိုင်ကြတယ် “

နောက်နှစ်လအတွင်းတွင် ကျင့်ကြံရေးကိုသာ အာရုံစိုက်နိုင်မည် ဖြစ်သောကြောင့်၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် အတော်လေး စိတ်ကျေနပ်သွားခဲ့သည်။

သူသည် မလှမ်းမကမ်းတွင် ရှိနေသည့် တိကျွမ်းကို ကြည့်ကာ ပြောလိုက်သည် “ အကြီးအကဲ၊ ဒီရုပ်သေးတွေက အစီအရင်တွေကို ဖျက်ဆီးမှာဆိုတော့ ကျွန်တော် ပြန်ပြီနော် “

တိကျွမ်းမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ဆက်လုပ်ပါ “

ကြယ်တာရာ T-Rex နတ်ဘုရား ပြသခဲ့သည့် စွမ်းရည်များကို မြင်တွေ့ခဲ့ရပြီးသည့်နောက်၌ သူ၏စိတ်သဘောမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုစကားကို ကြားလိုက်ရသောအခါတွင် ထွက်သွားရန်ပြင်လိုက်သည်။

ထိုစဥ် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် သူ၏အသံကို ထပ်မံ၍ ထုတ်လွှင့်လာခဲ့ပြန်သည် “ မိတ်ဆွေလေး၊ ငါ့ရဲ့မျိုးနွယ်စုဆီကို ဘာလို့ ခဏလောက် လိုက်မလည်ရတာလဲ။ ငါတို့မျိုးနွယ်စုဆီမှာက မင်းရဲ့ နိယာမ နားလည်နိုင်စွမ်းကို ပိုမြန်သွားစေပြီးတော့ ပကတိ အထွတ်အထိပ်ကို မြန်မြန်ရောက်အောင် ကူညီပေးနိုင်မဲ့ ကြာပန်းစင်မြင့် ရှိတယ်လေ “

ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြန်လှည့်ကြည့်လိုက်ရာ၊ လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးက သူ့အား ဖော်ဖော်ရွေရွေ ပြုံးပြနေသည်ကို မြင်တွေ့သွားခဲ့သည်။

သူပြသခဲ့သည့် အသက်နှင့် မရဏ နိယာမကို မြင်တွေ့ခဲ့ရပြီးသည့်နောက်၌၊ အဆိုပါ ပကတိ အထွတ်အထိပ်အဆင့် အကြီးအကဲသည် သူနှင့် ဆက်ဆံရေးတစ်ခု ထူထောင်လိုစိတ်များ ဖြစ်ပေါ်လာပုံရသည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်နှလုံးသားသည် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။ ယခု၌ သူသည် ပကတိ အထွတ်အထိပ်အဆင့်နှင့် ခြေတစ်လှမ်းမျှသာ လိုတော့ပြီး၊ နိယာမကို နားလည်ရန်သာ လိုအပ်တော့သည်။

ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်တို့၏ အဆင့်ထိုးဖောက်မှုများအတွက်မူ စားသောက်ခြင်းဖြင့် ဖြေရှင်းနိုင်ပေသည်။

သူကိုယ်တိုင်ကသာလျှင် မူလနိယာမကို မှီခိုနေရန် လိုအပ်ခြင်း ဖြစ်သည်။

အကယ်၍ ပြင်ပအကူအညီ တစ်ခုခုသာ ရှိနေမည်ဆိုပါက၊ ၎င်းက အမှန်ပင် ပိုမိုမြန်ဆန်သွားမည် ဖြစ်သည်။

“ ဟမ်။ အမှောင်စွမ်းအင်လား “

ကြယ်တာရာ T-Rex နတ်ဘုရားက သဘောတူလိုက်တော့မည့် အချိန်တွင်၊ သူသည် လက်သည်းရှစ်ခု ရွှေနဂါး ဘိုးဘေး၏ ခန္ဓာကိုယ်တွင် ရှိနေသည့် အမှောင်စွမ်းအင် အငွေ့အသက်ကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။

ဒီအကြီးအကဲက သက်တမ်းကုန်တော့မဲ့ပုံပဲ

“ အံ့ဩစရာ မရှိတော့ပါဘူး …… “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက အထွတ်အထိပ် တစ်ပိုင်းအဆင့် တားမြစ်ချက်များကို ပြသခဲ့ပြီးသည့်နောက်တွင်၊ တစ်ဖက်လူမှ သူနှင့်မိတ်ဖွဲ့ရန် ကြိုးပမ်းလာခဲ့သည်မှာ အံ့ဩဖွယ်ရာ မဟုတ်တော့ပေ။ သူသည် သူသေဆုံးသွားခဲ့ပြီးသည့်နောက်တွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ပြင်ဆင်နေပုံရသည်။

ယခုတွင် အမှောင်နယ်မြေက အချိန်မရွေး ဆင်းသက်လာနိုင်ပြီး၊ ကမ္ဘာနှစ်ခု၏ တိုက်ပွဲမှာလည်း စတင်တော့မည် ဖြစ်သည်။

အမှောင်နယ်မြေ၏ ပညာရှင်များက အမှန်တကယ် ဆင်းသက်လာသည့် အချိန်တွင်၊ ကြယ်ပြာဂြိုဟ်၏ ထိပ်တန်း သားရဲမျိုးနွယ်စုတစ်ခုဖြစ်သည့် လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုက အရင်ဦးဆုံး တိုက်ခိုက်ရမည်မှာ မြေကြီးလက်ခတ် မလွဲပင်။

ယနေ့ခေတ်၌ လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စု တစ်ခုတည်းထံတွင်သာ ပကတိ အထွတ်အထိပ် ပညာရှင် ရှိနေခဲ့သည်။ ဤအကြီးအကဲ သေဆုံးသွားကာ၊ ကာကွယ်ပေးမည့်သူ မရှိဘူးဆိုပါက၊ မျိုးနွယ်စုသည် မျိုးသုဥ်းသွားနိုင်သည့် အန္တရာယ်ကို မလွဲမသွေ ရင်ဆိုင်ရမည် ဖြစ်သည်။

“ တကယ်လို့ ငါသာ သဘောတူလိုက်မယ်ဆိုရင်၊ လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုက ဒုက္ခရောက်နေတဲ့ အချိန်ကျရင် ငါကူညီမှ ဖြစ်မယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် တွေးတောစဥ်းစားနေခဲ့သည်။

မည်သည့်အတွက်ကြောင့် ၎င်းက သေချာနေရသနည်း

အဘယ့်ကြောင့်ဆိုသော် ၎င်းက ကြောင်းကျိုးဆက်စပ်မှုရှိသည့် ကိစ္စတစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။

အကယ်၍ သူကသာ အန္တိမ နယ်ပယ်သို့ မသွားနိုင်ဘူးဆိုပါက၊ သူသည် ထိုကိစ္စနှင့် ပတ်သက်ပြီး တွေးပူနေရန် လိုအပ်မည် မဟုတ်ပေ။

သို့သော် သူသည် ထိုအဆင့်သို့ သွားရန် ရည်ရွယ်ထားခဲ့သည်၊ ထို့ကြောင့် ထိုကြောင်းကျိုးဆက်စပ်မှုကို သေချာပေါက် ဖြေရှင်းရမည် ဖြစ်သည်။

နယ်ပယ်ပိုမြင့်လေလေ၊ ကြောင်းကျိုးဆက်စပ်မှုကို ပိုမိုဂရုစိုက်ရလေလေဖြစ်ပြီး၊ သူပြုလုပ်လိုက်သည့် လုပ်ရပ်တိုင်းနှင့် အကျိုးဆက်တိုင်းက အဆင့်ထိုးဖောက်မှု၏ အတားအဆီးများ ဖြစ်လာနိုင်ပေသည်။

သူက အန္တိမ နိယာမကို ပိုမိုနားလည်လေလေ၊ အရာအားလုံးက အပြန်အလှန် ချိတ်ဆက်မှု ရှိ‌လေလေ ဖြစ်ပြီး၊ ဤကမ္ဘာကြီး၏ အမှန်တရားများကို နားလည်ခြင်းက ကြောင်းကျိုးဆက်စပ်မှုတစ်ခုပင် ဖြစ်သည်။

သူ၏ အသက်နှင့် မရဏ နိယာများက ကြောင်းကျိုးနှင့် မည်သို့မျှ မသက်ဆိုင်ပုံရသော်လည်း၊ ရှင်ခြင်းနှင့် သေဆုံးခြင်း အကြားရှိ ဖြစ်စဥ်သည် အကြောင်းနှင့် အကျိုးတို့ပင် ဖြစ်သည်။

တစ်ခဏ အကြာတွင် သူသည် လက်သည်းရှစ်ခု ရွှေနဂါး ဘိုးဘေးကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည် “ ကျေးဇူးတင်ပါတယ်၊ စီနီယာ၊ ဒါဆိုရင်လည်း ကျွန်တော် လာလည်ပါမယ် “

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် အသာအယာ ပြုံးကာ တံဆိပ်ပြားတစ်ခုကို လွှဲပြောင်းပေးအပ်လာခဲ့သည် “ ဒါက လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုရဲ့ တံဆိပ်ပြားပဲ၊ ဒီလူအိုကြီးရဲ့ အထောက်အထားကို ကိုယ်စားပြုတယ်။ ဒါနဲ့ဆိုရင် ငါတို့ မျိုးနွယ်စုအတွင်းမှာ လွတ်လွတ်လပ်လပ် သွားလာလို့ရတယ် “

……………………………………………………………………………………………………………………………………..

အပိုင်း ( 624 )

ကြာပန်းစင်မြင့်ထက်တွင် ဉာဏ်အလင်းရခြင်း၊ ထိုက်ချူး မူလဝိညာဥ် စမ်းရေ ၂

“ ကျေးဇူးတင်ပါတယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တံဆိပ်ပြားကို လက်ခံလိုက်ပြီး၊ အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ ထွက်ခွာသွားတော့သည်။

…

ကွမ်ဟန်နှင့် ကြယ်ပြာဂြိုဟ်ကြားရှိ အကွာအဝေးမှာ မိုင်သိန်းနှင့်ချီ၍ ရှိလေသည်။

သို့သော် နဝမအဆင့် ပညာရှင်တစ်ဦးအတွက်မူ ထိုအကွာအဝေးကို ကျော်ဖြတ်ရန်အတွက် မိနစ်ပိုင်းမျှသာ အချိန်ယူရမည် ဖြစ်သည်။

ဟင်းလင်းပြင် စွမ်းရည် ပိုင်ဆိုင်ထားပြီး၊ ဟင်းလင်းပြင် မူလနိယာမကို ပိုင်ဆိုင်ထားသည့် ကြယ်တာရာ T-Rex နတ်ဘုရားကမူ ၎င်းကို မီလီစက္ကန့်ပိုင်းအတွင်း ချက်ချင်း ကျော်ဖြတ်နိုင်ပေသည်။

“ ဗွီ “

မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေအတွင်းရှိ ဒေသတစ်ခု၏ လေထုထဲတွင် မီသောင်းနှင့်ချီ၍ ရှည်လျားသော ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပွင့်ဟလာခဲ့သည်။

ထို့နောက်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ အက်ကွဲကြောင်းအတွင်းမှ ထွက်လာခဲ့သည်။

“ လက်သည်းရှစ်ခု ရွှေနဂါး မျိုးနွယ်စုက ဒီဘက်မှာပဲ “

သူသည် လက်သည်းရှစ်ခု ရွှေနဂါး မျိုးနွယ်စု၏ ပိုင်နက်ကို တံဆိပ်ပြားမှတစ်ဆင့် သိခဲ့ရသည်။ ထို့နောက်တွင် သူ၏ ပုံရိပ်သည် ထပ်မံ၍ ပျောက်ကွယ်သွားခဲ့ပြန်သည်။

ကြယ်တာရာ T-Rex နတ်ဘုရား ပြန်ပေါ်လာသည့် အချိန်၌၊ သူသည် မိုင်သောင်းနှင့်ချီ၍ ကွာဝေးသော နေရာတွင် တည်ရှိသည့် လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စု၏ ဘိုးဘေးနယ်မြေဆီသို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

“ အဲ့မှာ ဘယ်သူလဲ “

အစောင့်တစ်ဦးဖြစ်ကာ အဌမအဆင့် အထွတ်အထိပ် ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသည့် လက်သည်းရှစ်ခု ရွှေနဂါးတစ်ကောင်သည် အရှေ့ဘက်သို့ ပျံသန်းလာခဲ့သည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကို မြင်တွေ့လိုက်ရပြီးသည့်နောက်တွင်မူ သူသည် ချက်ချင်း တလေးတစား ဖြစ်သွားခဲ့သည် “ လေးစားအပ်ပါသော ဧည့်သည်တော်ခင်ဗျာ၊ ကျေးဇူးပြုပြီးတော့ ဝင်လာခဲ့ပါ “

“ အို့ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ကိုကြည့်နေတော့သည်။ သူသည် တံဆိပ်ပြားကိုပင် မပြရသေးပေ။ တစ်ဖက်လူသည် သတင်းကြိုရထားသည့်ပုံပင်။

သူသည် ထိုအစောင့်နောက်မှ လိုက်သွားကာ အရှေ့ဘက်ရှိ နယ်မြေအတွင်းသို့ ဝင်သွားခဲ့သည်။

လက်သည်းရှစ်ခု ရွှေနဂါး မျိုးနွယ်စု၏ ပိုင်နက်သည် ခမ်းနားထည်ဝါ‌သော တောင်တန်းတစ်ခုတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။

အဆိုပါ တောင်များသည် သာမန်တောင်များ မဟုတ်ဘဲ၊ မြူကဲ့သို့ ထူထပ်သော စိတ်စွမ်းအင်များနှင့် ကြယ်ဝသော အသက်ဓာတ်တို့ဖြင့် ပြည့်နှက်နေပြီး လေထုထဲတွင် မျောလွင့်နေခဲ့သည်။

တောင်ထိပ်တစ်ခုချင်းစီတိုင်းပေါ်တွင် ခမ်းနားထည်ဝါသော နဂါးနန်းတော်တစ်ခုစီ ရှိနေခဲ့သည်။

“ လက်သည်းရှစ်ခု ရွှေနဂါး မျိုးစွယ်စုက ဒီနေရာမှာ တော်တော်ကြီးကို ဇိမ်ခံနေကြတာပဲ “

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါတွင်၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် မှတ်ချက်မပေးဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့ပြီး၊ အတိတ်တစ်ချိန်က သူကျော်ဖြတ်ခဲ့ရသည့် အခက်အခဲများကို ပြန်လည်အမှတ်ရသွားခဲ့သည်။

အမြဲလိုလို ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်ခဲ့ရပြီး၊ ဗိုက်ဆာသည့်အချိန်တွင် အထွတ်အထိပ် အစစ်အမှန် နတ်သားရဲများကို အမဲလိုက်ခဲ့ရပြီး၊ ရေဆာသည့် အချိန်၌ နတ်သားရဲ သွေးတစ်ငုံကို သောက်ခဲ့ရသည်။

ဤလက်သည်းရှစ်ခု ရွှေနဂါးများနှင့် နှိုင်းယှဥ်လိုက်မည်ဆိုပါက၊ ဘဝနေထိုင်မှု ပုံစံများမှာ လုံးဝမတူညီ ကွဲပြားနေခဲ့သည်။

တစ်ခဏ အကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အစောင့်၏ လမ်းညွှန်မှုဖြင့် တောင်တန်းအတွင်းပိုင်းသို့ ရောက်ရှိလာခဲ့သည်။

“ လေးစားရပါသော ဧည့်သည်တော်၊ ကြာပန်းစင်မြင့်က အရှေ့မှာပါ၊ ဉာဏ်အလင်းရဖို့အတွက် ကြိုးစားကြည့်လို့ ရပါပြီ “

အစောင့်သည် အရှေ့ဘက်သို့ ညွှန်ပြကာ စကားပြောလာခဲ့သည်။

“ ကျေးဇူးတင်ပါတယ်။ ခင်ဗျား သွားနားလို့ရပါပြီ “ ဟု ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြန်ပြောလိုက်သည်။

အစောင့် ထွက်သွားသည့်နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အရှေ့သို့ ပျံသန်းလာခဲ့သည်။

အရှေ့၌ စိမ်းလဲ့နေသော ရေပြင်တစ်ခု ရှိနေခဲ့သည်။

အဆိုပါ ရေပြင်၏အထက်တွင် အလျားနှင့် အနံ မီတာတစ်ရာဝန်းကျင်ရှိသည့် ကြာပန်းစင်မြင့်တစ်ခု ရှိနေခဲ့သည်။

“ ဒီစမ်းရေက ….. “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဤရေပြင်တွင် ရှိနေသည့် တစ်စုံတစ်ခုကို အာရုံခံမိသွားခဲ့ကာ၊ တအံ့တဩ ဖြစ်သွားခဲ့သည်။

ရေစက်တစ်ခုချင်းစီတိုင်းထံတွင် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ အမှန်တရားများကို သယ်ဆောင်ထားသည့်အလား ဖြစ်နေခဲ့သည်။

“ ဒါက သာမန် စမ်းရေ မဟုတ်ဘူး၊ ထိုက်ချူး စိတ်ဝိညာဥ် စမ်းရေပဲ။ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ ဝိညာဥ် အရင်းအမြစ်နဲ့ ပြည့်နေတယ် “

ရှေးဟောင်း အပျက်အစီး နယ်မြေအတွင်းသို့ လည်ပတ်ခဲ့ပြီးသည့်နောက်တွင်၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ အမြင်မှာ အဆပေါင်းများစွာ ပိုမိုမြင့်မား၊ ကျယ်ပြန့်လာခဲ့သည်။

ယခုတွင် သူသည် ရှေးခေတ်အခါက ရတနာ တော်တော်များများကို သိထားခဲ့ပြီ ဖြစ်သည်။

ဥပမာအားဖြင့် ဤထိုက်ချူး စိတ်ဝိညာဥ် စမ်းရေသည် ခေတ်သစ် ရတနာတစ်ခု မဟုတ်ဘဲ၊ အလွန်ဝေးကွာသော ရှေးခေတ်အခါမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။

ထိုက်ချူးဆိုသည်မှာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ အစမှ သန့်စင်သော စွမ်းအင်ကို ကိုယ်စားပြုသည်။

ဤထိုက်ချူး စိတ်ဝိညာဥ် စမ်းရေသည် ရှေးခေတ်အခါမှ ထုတ်ကုန်တစ်ခု ဖြစ်သည်၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ၏ စိတ်ဝိညာဥ် အရင်းအမြစ်ပါဝင်နေခဲ့ကာ၊ ကောင်းကင်ဘုံတာအိုမှ ဆင့်ကဲပြောင်းလဲလာသည့် အရာဖြစ်သည်။

“ ဒီစမ်းရေက လက်သည်းရှစ်ခု ရွှေနဂါးရဲ့ မျိုးနွယ်စု ရတနာအဆင့် ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်နေဖို့များတယ်၊ မျိုးနွယ်စု ရတနာတောင် ဖြစ်နေနိုင်တယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။

“ အဲ့ဒီ ကြာပန်းစင်မြင့်က ဒီထိုက်ချူး စိတ်ဝိညာဥ် စမ်းရေဆီကနေ မွေးဖွားလာတဲ့၊ နှစ်ထောင်နဲ့ချီပြီးတော့ အားဖြည့်ခံထားရတဲ့ ကောင်းကင်ဘုံ၊ ကမ္ဘာမြေရဲ့ စိတ်ဝိညာဥ် အရင်းအမြစ် ဖြစ်နေနိုင်တယ် “

သူသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။

အကယ်၍ ဤထိုက်ချူး စိတ်ဝိညာဥ် စမ်းရေကို ကမ္ဘာ့ကြယ်ပေါ်တွင် ရှာဖွေတွေ့ရှိခဲ့မည်ဆိုပါက၊ သူသည် ၎င်းကို တိုက်ရိုက်သိမ်းပိုက်လိုက်မည် ဖြစ်သည်။

သို့သော် ယခုတွင်ကား လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုက မဟာမိတ်ဖြစ်နေခဲ့ပြီး၊ သူသည် သူတို့၏ ဘိုးဘေးနှင့် ကံကြမ္မာနှောင်ကြိုးတစ်ခု ချည်နှောင်ထားခဲ့ပြီ ဖြစ်သည်၊ ထို့ကြောင့် သူသည် ထိုကဲ့သို့သော လုပ်ရပ်မျိုးကို ပြုလုပ်မည် မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် လက်သည်းရှစ်ခု ရွှေနဂါး ဘိုးဘေးသည် သူက ပကတိ အထွတ်အထိပ်သို့ ရောက်ရှိသည့်အချိန်အထိ နေနိုင်သည်ဟု ပြောထားခဲ့သည်။

“ စလိုက်ကြတာပေါ့ကွာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ကြာပန်းစင်မြင့်ဆီသို့ ခုန်တက်သွားတော့သည်။

“ ဗွီ “

ချက်ချင်းဆိုသလိုပင် သူသည် အဆုံးမဲ့ တာအိုတို့၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်ဟု ခံစားသွားခဲ့ရသည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများထဲတွင် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေမှာ စတင်၍ မှုန်ဝါးလာခဲ့သည်။

သူသည် ကောင်းကင်နှင့် ကမ္ဘာမြေအနှံ့တွင် ရောင်စုံအလင်းတန်းများ စီးဆင်းနေသည်ကို မြင်တွေ့နေခဲ့ရသည်။

“ အဲ့တာက ……. ဓာတ်ကြီးငါးပါး တာအိုလား “

“ ပြီးတော့ အသက်နဲ့ မရဏ တာအို၊ ဟင်းလင်းပြင် တာအို၊ အစီအရင် အဆောင်တာအို …… “

ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။

သူသည် ဉာဏ်အလင်းမရသေးသော်လည်း၊ သူ့ကို ဝိုင်းရံနေသည့် အဆုံးမဲ့ တာအိုများကို မြင်တွေ့နေခဲ့ရသည်။

“ ကောင်းကင်ဘုံ တာအိုရဲ့ လည်ပတ်မှုက ပိုပြီးတော့ ရှင်းလင်းလာတာပဲ “

“ ငါက ဒီကမ္ဘာကြီးရဲ့ အရင်းအမြစ်ကို ရှုထောင့်ပေါင်းစုံကနေ နားလည်ဆင်ခြင်နေနိုင်ပြီ “

“ ဆိုတော့ ဓာတ်ကြီးငါးပါး တာအိုဆိုတာက ဒါကိုပြောတာကိုး “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများထဲတွင် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည့် အရိပ်အငွေ့များ ရှိနေခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူ၏ ဓာတ်ကြီးငါးပါး တာအို နားလည်မှုမှာ ပိုမိုမြင့်မားသော နေရာတစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။

အကယ်၍ လက်သည်းရှစ်ခု ရွှေနဂါး ဘိုးဘေးကသာ ဤမြင်ကွင်းကို မြင်တွေ့သွားမည်ဆိုပါက၊ အံ့ဩတကြီး ဖြစ်သွားလိမ့်မည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကြာပန်းစင်မြင့်တွင် ရှိနေခဲ့စဥ် အချိန်က သူကိုယ်တိုင်ကပင် တစ်ခါတစ်ရံမှသာ ဉာဏ်အလင်း ရရှိသောကြောင့် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားအတွက်ကမူ ကောင်းကင်ဘုံ တာအိုကိုယ်တိုင်ကပင် သူနှင့် လိုလိုလားလား ပေါင်းစည်းနေသကဲ့သို့ ဖြစ်နေခဲ့သည်။

ထို့အပြင် လက်သည်းရှစ်ခု ရွှေနဂါး ဘိုးဘေးကိုယ်တိုင်ကပင် တစ်ခါတစ်ရံမှသာလျှင် တာအိုတစ်ခုကို မြင်တွေ့နိုင်ပေသည်။

ကြယ်တာရာ T-Rex နတ်ဘုရားအတွက်မူ တာအိုအားလုံးသည် သူ့အရှေ့တွင် လည်ပတ်နေခဲ့ပြီး၊ ကလေးငယ်ကို ထမင်းခွံ့နေသကဲ့သို့ သူ့အား ၎င်းတို့ကိုယ်တိုင် အားဖြည့်ပေးတော့မည့်အလား ဖြစ်နေခဲ့သည်။

ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ကြယ်တာရာ T-Rex နတ်ဘုရား၏ တာအို အရှင်သခင် စွမ်းရည်ကြောင့်ပင် ဖြစ်သည်။

အဆိုပါ စွမ်းရည်သည် ပုံမှန်အချိန်တွင် အသုံးဝင်ပုံမရသော်လည်း၊ အခွင့်အလမ်းကို ရရှိလာမည်ဆိုပါက၊ တာအိုကို ဖမ်းဆုပ်နိုင်မည့် မည်သည့်အခွင့်အလမ်းကိုမဆို လွဲချော်ခွင့်မပေးဘဲ ထူးခြားသော နတ်စွမ်းရည်များကို ပြသလာခဲ့သည်။

ထိုကဲ့သို့ပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ဉာဏ်အလင်းရခြင်း ဖြစ်စဥ်တွင် သူ့ကိုယ်သူ နှစ်မြုပ်ထားခဲ့သည်။

သို့ရာ၌ အချိန်များစွာ မကုန်ဆုံးသွားခဲ့ပေ။

ခရမ်းရွှေရောင် လက်သည်းရှစ်ခု ရွှေနဂါးတစ်ကောင်သည် အနီးအနားသို့ ပျံသန်းလာခဲ့သည်။

“ ဘာတွေဖြစ်နေတာလဲ “

“ ဒီနေ့က ငါဉာဏ်အလင်းရမဲ့နေ့လေ၊ ဘယ်ကောင်က ငါ့ကို ကျော်တက်သွားတာလဲကွ “

အောင်းကွမ်သည် ကြာပန်းစင်မြင့်ထက်တွင် ရှိနေသည့် ကြယ်တာရာ T-Rex နတ်ဘုရားကို မြင်တွေ့သွားခဲ့ကာ၊ အမူအရာ မည်းမှောင်သွားခဲ့သည် “ ပြီးတော့ ဒီကောင်က ငါတို့ မျိုးနွယ်စုဝင် ဟုတ်ပုံမရဘူး၊ ငါတို့ မျိုးနွယ်စုရဲ့ ရတနာနယ်မြေကို သိမ်းပိုက်ရဲတဲ့အထိ သတ္တိကောင်းနေတယ်ပေါ့လေ “

ဤထိုက်ချူး ရတနာ ရေကန်သည် လက်သည်းရှစ်ခု ရွှေနဂါး မျိုးနွယ်စု၏ မျိုးနွယ်စု ရတနာ ဖြစ်သည်။

များသောအားဖြင့် သူတို့၏ ဘိုးဘေးအပြင်၊ ဘိုးဘေး၏ တိုက်ရိုက်တပည့် အနည်းငယ်ကသာလျှင် ၎င်းကို အသုံးပြုရန် အဆင့်မှီကြသည်။

အောင်းကွမ်မှာလည်း ပကတိ အထွတ်အထိပ် ပညာရှင်၏ တိုက်ရိုက်တပည့်များအနက်မှ တစ်ဦး ဖြစ်သည်။

စည်းမျဥ်းစည်းကမ်းများအရ နောက်လာမည့် လဝက်မှာ သူ၏ ဉာဏ်အလင်းရ အချိန်ဖြစ်သည်။

သို့သော် အောင်းကွမ်သည် စိတ်လိုက်မာန်ပါ မလုပ်ခဲ့ပေ။ ဇစ်မြစ် မသိရသော သားရဲတစ်ကောင်က ဤနေရာတွင် ရုတ်တရက် ပေါ်လာခြင်းမှာ ဘိုးဘေးနှင့် ပတ်သတ်ဆက်နွယ်မှုတစ်ခု ရှိနေနိုင်သည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။

ထို့ကြောင့် အောင်းကွမ်သည် တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်ကာ၊ ဘိုးဘေးဖြစ်သူကို ဆက်သွယ်ရန် ပြင်လိုက်သည်။

“ ဗွီ ဗွီ “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ လက်သည်းရှစ်ခု ရွှေနဂါး တံဆိပ်ပြားမှာ စတင်၍ တုန်ခါလာခဲ့သည်။

“ ဟမ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဉာဏ်အလင်းရနေသည့် အခြေအနေမှ အတင်းအကြပ် အနှိုးခံလိုက်ရသည်။

ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် သူသည် အလွန်တရာ ဒေါသထွက်သွားခဲ့သည်၊ ဉာဏ်အလင်းပွင့်နေသည့် အခြေအနေမှ အနှိုးခံလိုက်ရခြင်းမှာ ရန်ပြုခြင်းနှင့် မည်သို့မျှ ကွာခြားမနေခဲ့ပေ။

သို့သော် လက်သည်းရှစ်ခု ရွှေနဂါး တံဆိပ်ပြား ဖြစ်သည်ကို မြင်လိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ လျင်မြန်စွာ စိတ်တည်ငြိမ်သွားခဲ့သည်။

“ ဘိုးဘေးဆီမှာ အရေးကြီး သတင်းတစ်ခုခု ရှိနေလို့များလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တွေးတောစဥစားနေရင်းဖြင့် ခေါ်ဆိုမှုကို ချက်ချင်းလက်ခံလိုက်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် တံဆိပ်ပြား၏ တုန်ခါမှုမှာ ရပ်တန့်သွားခဲ့သည်။

“ ဘာတွေ ဖြစ်နေတာလဲဟ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် မျက်မှောင်ကြုတ်သွားခဲ့ကာ၊ လှည့်စားခံလိုက်ရသကဲ့သို့ ခံစားသွားခဲ့ရသည်။

သူ ဉာဏ်အလင်းရနေသည့် အချိန်တွင် ဤကဲ့သို့ ရုတ်တရက် နှောင်ံ့ယှက်ခံလိုက်ရသည်မှာ အမှန်ပင် စိတ်ပျက်ဖွယ်ကောင်းလွန်းနေခဲ့သည်။

ထို့နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ တံဆိပ်ပြားကို ဟင်းလင်းပြင် နေရာလွတ်အတွင်းသို့ ပစ်ထည့်လိုက်ကာ ၎င်းကို လျစ်လျူရှုထားရန်‌ ရွေးချယ်လိုက်သည်။

“ ဆက်ပြီး‌တော့ လုပ်လိုက်ကြတာပေါ့ကွာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဉာဏ်အလင်းပွင့်သည့် အခြေအနေအတွင်းသို့ ထပ်မံ၍ တိုးဝင်သွားခဲ့ပြန်သည်။ ကြာပန်းစင်မြင့်၏ အကျိုးအာနိသင်သည် ယခင်တစ်ကြိမ်ကထပ်ပင် ပိုမိုအားကောင်းနေခဲ့ပြီး၊ သူသည် ဉာဏ်အလင်းရနေသည့် အခြေအနေထံသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိလာခဲ့သည်။

…

ထိုစဥ် အဝေးတစ်နေရာတွင် ပုန်းကွယ်နေသည့် အောင်းကွမ်မှာလည်း အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေလျက်ရှိသည်။

“ ဘာတွေ ဖြစ်နေတာလဲဟ “

“ ဘိုးဘေးရဲ့ တံဆိပ်ပြားက အဲ့လူဆီမှာ တကယ်ကြီး ရှိနေတာလား “

“ ကြည့်ရတာတော့ အဲ့လူက ဘိုးဘေးရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော် တစ်ယောက် ဖြစ်နေတဲ့ပုံပဲ “

အောင်းကွမ်သည် ကြယ်တာရာ T-Rex နတ်ဘုရားက အဆိုပါ တံဆိပ်ပြားအား လုယူလာသည်ဆိုသည့် ဖြစ်နိုင်ခြေကို မည်သို့မျှ မတွေးထားခဲ့ပေ။

ထိုလူသည် အစောပိုင်း နဝမအဆင့်တွင်သာ ရှိနေပြီး၊ သူ၏ဘိုးဘေးကမူ ပကတိ အထွတ်အထိပ်တွင် ရှိနေသောကြောင့် တံဆိပ်ပြားကို လုယူရန်မှာ မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ သူ၏ဘိုးဘေးကိုယ်တိုင်က အဆိုပါ တံဆိပ်ပြားကို ပေးလိုက်ခြင်းသာ ဖြစ်နေနိုင်ပေသည်။

“ မေ့လိုက်တော့၊ နည်းနည်းလေး ထပ်စောင့်လိုက်တာပေါ့ကွာ၊ ဘိုးဘေးရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ဆိုတော့ သူ့ကို အကျောပေးလိုက်ရတာက ပြဿနာ မဟုတ်ပါဘူးလေ “

အောင်းကွမ်သည် စောင့်ဆိုင်းနေရုံမှတစ်ပါး မည်သည့်အရာကိုမှ မပြုလုပ်နိုင်ခဲ့ပေ။

သို့သော် ထိုကဲ့သို့ စောင့်ဆိုင်းရခြင်းက ဆယ်ရက်တာ ကြာရှည်နေလိမ့်မည်ဟု သူထင်ထားခဲ့မည် မဟုတ်ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ရက်တာ ကုန်ဆုံးသွားခဲ့သည်။

အောင်းကွမ်သည် ကြာပန်းစင်မြင့်ထက်တွင် မလှုပ်မယှက် တည်ငြိမ်နေသည့် ပုံရိပ်ကို ကြည့်ကာ မအောင့်ထားနိုင်တော့ဘဲ ကျိန်ဆဲနေတော့လေသည်။

“ ငါက ဉာဏ်အလင်းပွင့်ဖို့အတွက် အချိန် ဆယ့်ငါးရက်ပဲ ရထားတယ်၊ မင်းက ဆယ်ရက် ဖြုန်းပလိုက်ပြီ “

………………………………………………………………………………………………………………………………………

All Chapters