အခန်း (၆၂၅-၆၂၇)
Vol. 42 Ch. 625-627
အပိုင်း ( 625 )
ကြောက်မက်ဖွယ်ကောင်းသော ကြယ်တာရာ T-Rex နတ်ဘုရား
အောင်းကွမ်သည် ထပ်မံ၍ သည်းမခံနိုင်တော့ပေ။
သူသည် ဆက်သွယ်ရေး ကျောက်စိမ်း စာလိပ်ကို ထုတ်ယူကာ၊ ဘိုးဘေးဖြစ်သူကို ဆက်သွယ်ရန် ပြင်လိုက်သည်။
အဆိုပါ ကျောက်စိမ်းစာလိပ်သည် လက်သည်းရှစ်ခု ရွှေနဂါး တံဆိပ်ပြား အလုပ်မလုပ်သည့် အချိန်တွင် အစားထိုး ပစ္စည်းတစ်ခုအဖြစ် အသုံးပြုနိုင်ပေသည်၊ ၎င်းသည် ယခုလက်ရှိ အခြေအနေအတွက် အံကိုက်ဖြစ်နေခဲ့သည်။
တစ်ခဏ အကြာတွင် လက်သည်းရှစ်ခု ရွှေနဂါး ဘိုးဘေး၏ အသံသည် အဆိုပါ စာလိပ်ထံမှ ပေါ်ထွက်လာခဲ့သည်။
အောင်းကွမ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေခဲ့ပြီး၊ ဘိုးဘေးကြီးက ၎င်းကိုပါ ပေးမပစ်လိုက်သည်မှာ ကံကောင်းသည်ဟု တွေးနေခဲ့သည်။
သူသည် အခြေအနေကို မြန်မြန်ဆန်ဆန် တင်ပြလိုက်သည်။
“ ဘိုးဘေးကြီး၊ ကျွန်တော်တို့ရဲ့ ထိုက်ချူးရတနာ ရေကန်ကို တစ်ယောက်ယောက်က သိမ်းပိုက်သွားပြီ။ ဘိုးဘေးက သူ့ကို ဝင်ခွင့်ပေးလိုက်တာလားဗျ “
“ အမှန်ပဲ “ ဘိုးဘေးဖြစ်သူမှ လေးလေးနက်နက် ပြောလာခဲ့သည် “ အောင်းကွမ်၊ အဲ့လူက ငါ့ရဲ့ဂုဏ်သရေရှိ ဧည့်သည်တော်ပဲ။ မင်းက သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးရမယ် “
အောင်းကွမ်သည် ခါးသီးစွာ စောဒကတက်နေတော့သည် “ ဘိုးဘေး၊ သူက ထိုက်ချူးရတနာ ရေကန်ကို ဆယ်ရက်တောင် သိမ်းပိုက်ထားတာလေ။ အဲဒီရက်တွေက ဉာဏ်အလင်းပွင့်ရမဲ့ ကျွန်တော့်အလှည့်လေ “
ဘိုးဘေးဖြစ်သူသည် အူလှိုက်သည်းလှိုက် ရယ်မောနေတော့သည် “ အဲ့တာက ငါ့ရဲ့ပေါ့လျော့မှုပါကွာ။ သူက ပကတိ အထွတ်အထိပ်ကို ရောက်တဲ့အထိ အဲ့မှာနေနိုင်တယ်လို့ ငါကတိပေးထားတာကွ “
“ အဲ့တာကြောင့် မင်းတို့က အခုတော့ အောင့်အီးသည်းခံနေမှ ဖြစ်မယ်၊ မင်းရဲ့ ညီအစ်ကိုတွေကိုပါ အသိပေးလိုက် “
“ ဘာကြီး “
အောင်းကွမ် အံ့အားသင့်သွားခဲ့သည်။ ပကတိ အထွတ်အထိပ်ကို ရောက်တဲ့ အချိန်အထိ အဲ့လူကို ကြာပန်းစင်မြင့်ကို တကယ်ကြီး သိမ်းပိုက်ခိုင်းလိုက်တယ်ပေါ့
အဲ့တာက ဘယ်လောက်တောင် ကြာမှာလဲ
အောင်းကွမ်သည် အံကြိတ်၍ ပြောလာခဲ့သည် “ ဘိုးဘေး၊ သူက အဆင့်၉ကို အခုမှရောက်ထားတဲ့ပုံပါပဲ၊ သူက ဘိုးဘေးအာရုံစိုက်တာ ခံဖို့ ထိုက်တန်လို့လားဗျ “
မထင်မှတ်ထားစွာဖြင့် ဘိုးဘေးဖြစ်သူမှ သတိပေးလာခဲ့သည် “ အောင်းကွမ်၊ ဧည့်သည်ကို မရိုင်းရဘူး “
ထို့နောက်တွင် သူသည် အောင်းကွမ်က မသင့်တော်သော အရာတစ်ခုအား ပြုလုပ်မိမည်ဆိုသည်ကို စိုးရိမ်သောကြောင့် စကားထပ်ပြောလာခဲ့သည် “ တကယ်လို့ မင်းမကျေနပ်ဘူးဆိုရင်၊ သူ့ကို စိန်ခေါ်လိုက်လို့ရတယ် “
“ တကယ်လို့ မင်းက သူ့ကို နိုင်မယ်ဆိုရင်၊ ကြာပန်းစင်မြင့်ကို မင်းကို ပေးဖို့အတွက် ငါတာဝန်ယူပေးမယ် “
ထို့နောက်တွင် အောင်းကွမ်သည် တအံ့တဩဖြင့် ပြန်ပြောလာခဲ့သည် “ ဘိုးဘေး၊ ကျွန်တော်က အလယ်အလတ် အဆင့်၉မှာလေ။ အဲ့လူက အစောပိုင်း အဆင့်၉မှာပဲ ရှိနေသေးတဲ့ဟာကို၊ သူ့ကို တကယ်ကြီး သွားစိန်ခေါ်ရမှာလားဗျ “
“ ကောင်းပြီ၊ ကောင်းပြီ၊ ဒီတစ်ခေါက်တော့ လျှော်လိုက်တော့မယ်။ နှစ်နည်းနည်းလောက် ထပ်စောင့်လိုက်တော့မယ် “
အောင်းကွမ်သည် သူ၏ လက်ကို ဝေ့ရမ်းပြလိုက်သည်၊ သူသည် ကြယ်တာရာ T-Rex နတ်ဘုရားက ကြာပန်းစင်မြင့်ကို လက်လျှော့သွားအောင် အတင်းအကြပ် ပြုလုပ်လိုက်မည်ဆိုပါက ဘိုးဘေးကြီးက မျက်နှာပျက်သွားရမည်ကိုစိုးရိမ်နေခဲ့သည်။
ကတိပေးထားသည့် စကားကို ပြန်လည်ရုတ်သိမ်းလိုက်ခြင်းက ဘိုးဘေးကြီး၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။
သူသည် ဉာဏ်အလင်းပွင့်ခြင်းကို အလွန်တရာ တောင့်တနေခဲ့သော်လည်း၊ ထိုကဲ့သို့သော ကိစ္စမျိုးကို မပြုလုပ်ချင်ခဲ့ပေ။
သို့သော် မထင်မှတ်ထားစွာဖြင့် ဘိုးဘေးဖြစ်သူက သူ့ကို အော်ငေါက်လာခဲ့သည် “ ငါက စိန်ခေါ်လိုက်လို့ ပြောနေရင် စိန်ခေါ်လိုက်လေ။ ဘာကိစ္စ ပြဿနာ ရှာနေရတာလဲ “
…
အောင်းကွမ်သည် ကြောင်တောင်တောင် ဖြစ်သွားခဲ့ရသည်။
ကျွန်တော်က ဘိုးဘေးရဲ့ စိတ်ခံစားချက်တွေကို စဥ်းစားပေးခဲ့တာလေ၊ ဘာလို့ ဆူငေါက်နေရတာလဲဟ
“ မင်းက သူ့ကို အနိုင်ယူနိုင်ဖို့ ယုံကြည်ချက် ရှိတယ်ဆိုရင်၊ ကြာပန်းစင်မြင့်ကို ငါကိုယ်တိုင် ပြန်ယူပေးမယ် “
ဘိုးဘေးဖြစ်သူမှ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ ငါ့အပိုင်းကို ပြောခဲ့ပြီးသွားပြီ၊ ကျန်တာကတော့ မင်းကြိုက်သလိုလုပ် “
ထို့နောက်၌ သူသည် ဆက်သွယ်မှုကို ဖြတ်တောက်သွားခဲ့သည်။
“ … “
အောင်းကွမ်သည် ကျောက်စိမ်းစာလိပ်ကို ပြန်သိမ်းလိုက်ကာ၊ ကြာပန်းစင်မြင့်ရှိရာဘက်သို့ တစ်ဖန်ပြန်၍ ကြည့်ရှုနေတော့သည်။
သူသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်သည်။
“ ဘိုးဘေးကတောင် ပြောလာပြီဆိုတော့၊ လုပ်ကြည့်လိုက်တာပေါ့ကွာ ….. မင်းက ဘာတွေများ ထူးခြားနေလို့လဲ “
အောင်းကွမ်၏ အကြည့်များ လှုပ်ခတ်သွားကာ၊ ကြာပန်းစင်မြင့်ထက်တွင် ရှိနေသည့် ကြယ်တာရာ T-Rex နတ်ဘုရားကို စိုက်ကြည့်နေတော့သည်။
…
ကြာပန်းစင်မြင့်ထက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရားကမူ ဉာဏ်အလင်းပွင့်ခြင်း ဖြစ်စဥ်အတွင်းတွင်သာ နစ်မြုပ်နေစဲ ဖြစ်သည်။
ထိုစဥ် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ် အတွင်းရှိ မူလကိုယ်မှာလည်း အားအားယားယား ဖြစ်မနေခဲ့ပေ။
ကိုယ်ပွားထံမှ လူသားဧကရာဇ် အမွေအနှစ်ကို ရရှိခဲ့သည့် အချိန်မှစ၍ ရှုကျိုးသည် ၎င်းကို လေ့လာစူးစမ်းရင်းဖြင့်သာ အလုပ်များနေခဲ့သည်။
ယနေ့၌
“ ဗွီ “
ရှုကျိုးသည် မုဒြာပုံသဏ္ဍာန် လက်ဟန်ကို ပြုလုပ်လိုက်သည်၊ ပလက်တီနမ် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ အလင်းတန်းသည် တဖြည်းဖြည်း ပိုမိုတောက်ပလာခဲ့သည်။
“ ဖွဲ့စည်း “
သူ၏လက်ကို ညွှန်လာခဲ့ရာ၊ ပလက်တီနမ်ရောင် အလင်းတန်းသည် တဖြည်းဖြည်း စုစည်းလာခဲ့ပြီး၊ ပလက်တီနမ် ကျောက်စိမ်း စည်းတံဆိပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
အဆိုပါ ကျောက်စိမ်း စည်းတံဆိပ်ထံတွင် နဂါးဦးခေါင်းနှင့် လေးထောင့်ပုံသဏ္ဍာန် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခဲ့ပြီး၊ ၎င်း၏ မျက်နှာပြင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ပုံစံကွက်များ ပြည့်နှက်နေခဲ့သည်။
အကယ်၍ နဝမအဆင့် ပညာရှင်တစ်ဦးဦးကသာ ဤအနီးအနားတွင် ရှိနေမည်ဆိုပါက၊ ကျောက်စိမ်း စည်းတံဆိပ်ပေါ်ရှိ ပုံစံကွက်တစ်ခုချင်းစီတိုင်းထံတွင် ရှုပ်ထွေးသော တာအိုအမှန်တရားများ ပါဝင်နေသည်ကို မြင်တွေ့သွားခဲ့မည် ဖြစ်သည်။
အလွန်တရာ ထူးချွန်ထက်မြက်သော ပါရမီရှင်တစ်ဦးကသာ ၎င်းကို မြင်တွေ့သွားခဲ့မည်ဆိုပါက၊ တစ်ချက်မျှ ငေးကြည့်ရုံဖြင့် ဉာဏ်အလင်းရသွားမည် ဖြစ်သည်။
“ ပြီးပြည့်စုံတဲ့ လူသားဧကရာဇ် အမွေအနှစ်ဆိုတာက ဒါပဲကိုး “
ရှုကျိုးသည် သူ့လက်ထဲတွင် ရှိနေသည့် လေးထောင့်ပုံသဏ္ဍာန် ပလက်တီနမ် ကျောက်စိမ်းစည်းတံဆိပ်ကို ကြည့်ကာ မျက်လုံးများ တောက်ပသွားခဲ့သည်။
ဤရက်များအတွင်း၌ သူသည် လူသားဧကရာဇ် စည်းတံဆိပ်ကိုသာ ကျင့်ကြံနေခဲ့သည်။
ယနေ့မှသာလျှင် ၎င်းကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။
ဤလူသားဧကရာဇ် စည်းတံဆိပ်သည် ယခင်က သူအသုံးပြုခဲ့ဖူးသည့် တစ်ခုနှင့် များစွာ ကွာခြားနေခဲ့သည်၊ ၎င်း၏ စွမ်းအားမှာ အပြည့်အဝ ထိန်းချုပ်ခံထားရပြီး၊ မည်သည့်စွမ်းအင်လှိုင်းကိုမှ ထုတ်လွှတ်မနေခဲ့ပေ။
သို့သော် ရှုကျိုးသည် ဤစည်းတံဆိပ်သာ ပေါက်ကွဲသွားမည်ဆိုပါက၊ ၎င်း၏စွမ်းအားက ယခင်ကထပ် အဆတစ်ရာကျော်အထိ ပိုအားကောင်းနေလိမ့်မည် ဖြစ်သည်။
“ လူသားဧကရာဇ် စည်းတံဆိပ်အပြင် မဟာနေမင်းကျမ်း၊ ပြန်လည်မွေးဖွားခြင်း ဓားနည်းစနစ်၊ ကောင်းကင်ဘုံ ချောင်းကြည့်ခြင်း နည်းစနစ်နဲ့ အထွတ်အထိပ်အဆင့် တစ်ခြားနည်းစနစ်တွေပါ ရှိနေသေးတယ်။ အဲ့တာတွေ တစ်ခုချင်းစီတိုင်းကလည်း တိုးတက်မှု ရှိခဲ့တယ် “
ရှုကျိုးသည် အနည်းငယ် တွေးတောစဥ်းစားနေခဲ့သည်။
သူ၏ကိုယ်ပွားဖြစ်သူက ရရှိခဲ့သည့် လူသားဧကရာဇ် အမွေအနှစ်ထံတွင် အထွတ်အထိပ်အဆင့် နည်းစနစ်များစွာ ပါဝင်နေခဲ့သည်။
၎င်းတို့အနက် မဟာနေမင်းကျမ်း၊ ပြန်လည်မွေးဖွားခြင်း ဓားနည်းစနစ်နှင့် ကောင်းကင်ဘုံ ချောင်းကြည့်ခြင်း နည်းစနစ်တို့သည် အလျှို့ဝှက် အဆန်းကြယ်ဆုံးနှင့် အရှုပ်ထွေးဆုံး ဖြစ်နေခဲ့သည်။
မဟာနေမင်းကျမ်းအား ကျမ်းဟု ခေါ်ဆိုသော်လည်း၊ ၎င်းသည် ကြီးကျယ် ခမ်းနားသော သိုင်းပညာရပ်တစ်ခု ဖြစ်နေခဲ့သည်။
ကျမ်းအတွင်း၌ နေဖမ်းဆုပ်ခြင်း လက်ဟုအမည်ရသည့် အကွက်တစ်ခု ရှိနေခဲ့ပြီး၊ နတ်စွမ်းအား နိယာမသည် ကောင်းကင်ထက်ရှိ နေမင်းနှင့် ပဲ့တင်ထပ်နေခဲ့ပြီး၊ ကြယ်များကို ဖမ်းဆုပ်၍ နေမင်းကို သိမ်းပိုက်ရန်အတွက် မမြင်တွေ့ရသော ဧရာမ လက်ကြီးများအဖြစ် ပြောင်းလဲပေးနိုင်သည်။
အဆိုပါ ကျမ်းကို ကျွမ်းကျင်သွားသောအခါတွင် လူတစ်ဦးသည် လက်ဝါးတစ်ချက်တည်းဖြင့် ကောင်းကင်ထက်ရှိ နေမင်းကိုပင် ဆုပ်ချေနိုင်ကာ၊ စကြာဝဠာကို ပြန်လည်ပုံဖော်နိုင်မည် ဖြစ်သည်။
ပြန်လည်မွေးဖွားခြင်း ဓားနည်းစနစ်ကမူ စွမ်းအားအရာတွင် မဟာနေမင်းကျမ်းနှင့် တူညီနေခဲ့သည်၊ သို့သော် ၎င်းထံတွင် ကြောင်းကျိုးဆက်စပ်မှု နိယာမ၏ အရိပ်အငွေ့များ ပါရှိနေခဲ့သည်။
ကြောင်းကျိုးဆက်စပ်မှု နိယာမကို နားလည်မှသာလျှင် အဆိုပါ ဓားနည်းစနစ်ကို ကျင့်ကြံနိုင်မည် ဖြစ်သည်။
ကောင်းကင်ဘုံ ချောင်းကြည့်ခြင်း နည်းစနစ်ကမူ ပို၍ပင် ရှုပ်ထွေးနေခဲ့ကာ၊ ကောင်းကင်ဘုံ ဖြစ်စဥ်များကို တွက်ချက်ခြင်း ပါဝင်နေခဲ့ပြီး၊ ကြောင်းကျိုးဆက်စပ်မှုနှင့် အချိန်-ဟင်းလင်းပြင် နိယာမတို့ကို နားလည်ရန် လိုအပ်နေခဲ့သည်။
၎င်းကို ကျွမ်းကျင်တတ်မြောက်သွားသည်နှင့်တစ်ပြိုင်နက်၊ လူတစ်ဦးသည် လူသားဧကရာဇ်ကဲ့သို့ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို တွေးလိုက်ရုံဖြင့် မြင်တွေ့နိုင်မည် ဖြစ်သည်။
“ မဟာနေမင်းကျမ်းက ငါတတ်နိုင်သေးတယ်၊ အခုဆိုရင် စဦးအဆင့်ကို ခြေချထားနိုင်ပြီ “
“ ဒါပင်မဲ့ ပြန်လည်မွေးဖွားခြင်း ဓားနည်းစနစ်နှင့် ကောင်းကင်ဘုံ ချောင်းကြည့်ခြင်း နည်းစနစ်တွေကတော့ တော်တော်ကြီးကို နက်နဲတယ် စဦးအဆင့်ကို ရောက်ဖို့တောင် တော်တော်ခက်တယ် “
ရှုကျိုးသည် ကူရာကယ်ရာမဲ့နေသည့် အမူအရာနှင့်အတူ အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်နေတော့သည် “ အဓိက အကြောင်းပြချက်က ………. ငါ့ရဲ့ ကျင့်ကြံရေး အဆင့်က တော်တော်ကြီးကို နိမ့်နေတာပဲ “
သူသည် သူ၏ကိုယ်ပိုင် အရှိန်အဝါကို ဖြည်းဖြည်းချင်း ထုတ်လွှတ်လိုက်သည်။
၎င်းမှာ သတ္တမအဆင့် အထွတ်အထိပ်တွင်သာ ရှိနေသေးသည်။
……………………………………………………………………………………………………………………………………
အပိုင်း ( 626 )
ကြောက်မက်ဖွယ်ကောင်းသော ကြယ်တာရာ T-Rex နတ်ဘုရား ၂
“ အဆင့်၇ အထွတ်အထိပ်မှာပဲ ရှိနေသေးတယ်၊ တကယ်ကို အားနည်းလွန်းတာပဲ “
ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချနေတော့သည်။
“ ကောင်စုတ်လေး မင်းက ဘယ်သူ့ကို လှောင်ပြောင်နေတာလဲ “
ထိုစဥ် ရှန့်ဝမ်ချန်း၏ မကျေမနပ် ဖြစ်နေသော အသံ ပေါ်ထွက်လာခဲ့သည်။
ရှန့်ဝမ်ချန်းသည် သူ့အနားသို့ လျှောက်လှမ်းလာခဲ့ကာ၊ သူ့ကို စိုက်ကြည့်၍ ပြောလာခဲ့သည် “ မင်းက ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာကို အဆင့်၇ အထွတ်အထိပ်ကို ရောက်နေပြီလေ။ အဲ့တာကို အားနည်းနေသေးတယ်လို့ ထင်နေတယ်ပေါ့။ ဒါဆိုရင် နှစ်တစ်ရာကျော် နေခဲ့ရတဲ့ ငါတို့ အဘိုးကြီးတွေကရော။ ငါတို့က သွားသေလိုက်ရမှာလား “
“ ဟုတ်ပကွာ၊ ဒီကလေးက ငါတို့လို လူအိုကြီးတွေကို လူသားလို့ မမြင်တော့တဲ့ပုံပဲ “
သူ့ဘေးနားတွင် ရှိနေသည့် ဝုချင်းရှန်မှာလည်း သူ၏ဦးခေါင်းကို ခါရမ်းနေတော့သည်။
ထို့နောက်တွင် ရှုကျိုးသည် သူက ဤရက်ပိုင်းအတွင်းတွင် ကျောင်းအုပ်ကြီးနှင့်အတူ ကျင့်ကြံနေသည်ကို ပြန်၍အမှတ်ရသွားခဲ့သည်။
သူသည် ကျင့်ကြံရေးတွင်သာ နှစ်မြုပ်နေခဲ့သောကြောင့် သူ့ဘေးနားတွင် လူများ ရှိနေသည်ကို မေ့လျော့သွားခဲ့သည်။
ဤအခိုက်အတန့်တွင် သူသည် အလောတကြီး ရှင်းပြလာခဲ့သည် “ ကျောင်းအုပ်ကြီး၊ နားလည်မှုလွဲနေပြီနော်။ ကျွန်တော်က ကျောင်းအုပ်ကြီးတို့ကို လှောင်ပြောင်နေတာ မဟုတ်ပါဘူး “
သတ္တမအဆင့် အထွတ်အထိပ်၊ အဲ့တာက သန်မာလို့လား
ကိုယ်ပွားနဲ့ ယှဥ်လိုက်မယ်ဆိုရင်၊ သနားစရာကောင်းလောက်အောင် အားနည်းနေတယ်
အမှန်တိုင်းပြောရမည်ဆိုပါက ကိုယ်ပွားသည် ၎င်း၏ ပေါ့ပေါ့ပါးပါး အကြည့်လေးတစ်ချက်ဖြင့်ပင်၊ မူလကိုယ်ဖြစ်သည့်သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။
၎င်းမှာ ဟာသမဟုတ်ပေ။ ကိုယ်ပွားသည် နဝမအဆင့်သို့ ရောက်ရှိနေခဲ့ပြီး၊ အသက်နှင့် မရဏ နိယာမတို့ကို နားလည်နေခဲ့သည်။ အကြည့်လေးတစ်ချက်ဖြင့် သူ့အား အမှန်တကယ် သတ်ဖြတ်နိုင်ပေသည်။
“ ရှေးဟောင်း အပျက်အစီး နယ်မြေထဲကို ဝင်သွားခဲ့တဲ့ အချိန်ကစပြီးတော့၊ ကိုယ်ပွားရဲ့ တိုးတက်မှုအမြန်နှုန်းက တော်တော်ကြီးကို မြန်လာတယ်၊ မူလကိုယ်ဖြစ်တဲ့ ငါကတော့ တော်တော်ကြီး နောက်ကျကျန်နေခဲ့ပြီ “ ရှုကျိုးသည် တိတ်တဆိတ် သက်ပြင်းချနေတော့သည်။
ကိုယ်ပွား၏ ထောက်ပံ့ပေးမှုရှိနေသော်လည်း ကွာဟချက်က မည်သို့မျှ မကျဥ်းမြောင်းလာခဲ့ပေ။
မူလကိုယ်သည် အဌမအဆင့် တက်လှမ်းရန်အတွက် သူ၏ ရှေးဦးဝိညာဥ်ကို ဤကမ္ဘာကြီးနှင့် ပေါင်းစည်းရမည် ဖြစ်သည်။
သို့သော် အဆိုပါ ခြေလှမ်းသည် ကိုယ်ပွား၏ ထောက်ပံ့မှုကို မှီခိုနေမည်ဆိုပါက အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။ သူ့ကိုယ်သူသာ အားကိုးရမည် ဖြစ်သည်။
“ အရေးအကြီးဆုံး အရာက ပြန်လည်မွေးဖွားခြင်း ဓားနည်းစနစ်နဲ့ ကောင်းကင်ဘုံ ချောင်းကြည့်ခြင်း နည်းစနစ်တွေပဲ၊ အဲ့တာတွေကို လေ့ကျင့်ဖို့အတွက် အဆင့်၉ကို ရောက်မှ ဖြစ်မယ် “
ကိုယ်ပွားသည် ဉာဏ်အလင်းရခြင်း ဖြစ်စဥ်တွင် အာရုံစိုက်ကာ၊ ပကတိ အထွတ်အထိပ်သို့ တတ်နိုင်သမျှ အမြန်ဆုံး ထိုးဖောက်ရန် ပြင်ဆင်နေလျက်ရှိသည်။
တစ်ချိန်တည်းမှာပင် မူလကိုယ်သည် အဆိုပါ အထွတ်အထိပ် နည်းစနစ်များကို နားလည်သဘောပေါက်ရန် ကြိုးစားကျင့်ကြံနေခဲ့သည်။
မူလကိုယ်သည် သူ၏နယ်ပယ်နိမ့်ကျမှုကြောင့် အဆိုပါ နည်းစနစ်များကို နားလည်ရန်အတွက် ခက်ခက်ခဲခဲ ကြိုးစားနေခဲ့ရသည်။
သူ၏ကိုယ်ပွား၏ ဉာဏ်အလင်းရခြင်းဖြစ်စဥ်ကို အနှောင့်အယှက်ပေးကာ အဆိုပါ နည်းစနစ်ကို နားလည်အောင် ပြုလုပ်၍ မဖြစ်ပေ။
ထိုကဲ့သို့ လုပ်လိုက်မည်ဆိုပါက မြင်းကို လှည်း၏ အရှေ့တွင် ထားလိုက်သကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။
“ ဟူးးး “
“ ဘယ်လောက်တောင် စိတ်ညစ်ဖို့ကောင်းလိုက်လဲ “
“ တကယ်လို့ ငါကသာ အဆင့်၉ကို ကိုယ်ပွားလိုမျိုး လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်သွားရင် သိပ်ကောင်းမှာပဲ “
ဤအချိန်၌ ရှုကျိုးသည် နဝမအဆင့်သို့ မည်သည့်နည်းလမ်းဖြင့် အမြန်ဆုံး သွားနိုင်မလဲဆိုသည်ကို တွေးတောစဥ်းစားနေရင်းဖြင့် ခေါင်းကိုက်သွားခဲ့သည်။
သူသည် ကြယ်ပြာဂြိုဟ်ပေါ်တွင်လည်း လူတစ်ဦးကို နဝမအဆင့်သို့ ချက်ချင်းရောက်သွားစေနိုင်သည့် ရှေးဟောင်း ရတနာများ ရှိသည်ဆိုသည်ကို ကြားခဲ့ရသည်။
သို့သော် ယခုလက် ပကတိ အထွတ်အထိပ် ပညာရှင်များထံ၌ပင် ၎င်းတို့နှင့် ပတ်သက်သည့် မည်သည့်သဲလွန်စမှ ရှိမနေခဲ့ပေ။
ကြယ်ပြာဂြိုဟ်၏ ရှေးဟောင်း ရတနာများက ကျောက်လွှာများ၏ ရွေ့လျားမှုများကြောင့် ပျောက်ဆုံး ပျက်စီးသွားခြင်း ဖြစ်နိုင်ပေသည်။
ကြယ်ပြာဂြိုဟ်က ခေတ်သုံးခေတ် ဖြတ်သန်းခဲ့ပြီးပြီဆိုသည်ကို သိကြရမည် ဖြစ်သည်။
ပထမခေတ်သည် တိုက်ကြီးတစ်ခုသာ ရှိခဲ့သည့် ရှေးခေတ်၏ မဟာတိုက်ကြီးခေတ်ဖြစ်သည်။
ဒုတိယခေတ်ကမူ ကြယ်ပြာဂြိုဟ်သည် အဆပေါင်းရာနှင့်ချီ၍သေးကျုံ့သွားသော အလယ်အလတ်ခေတ်ဖြစ်သည်။
တတိယခေတ်မှာ လွန်ခဲ့သော နှစ်ရာဂဏန်းမှစ၍ ယနေ့အထိဖြစ်ပြီး၊ ကြယ်ပြာဂြိုဟ်၏ မြေမျက်နှာသွင်ပြင် အနေအထားမှာ အဆပေါင်းရာနှင့်ချီ၍ ရုတ်တရက် ကြီးမား ကျယ်ပြန့်လာခဲ့လေသည်။
သို့သော် တစ်ချို့သော ဘူမိပညာရှင်များကမူ အဆပေါင်းမရာနှင့်ချီ၍ ပိုမိုကြီးမားလာသော ကြယ်ပြာဂြိုဟ်၏ ယခုလက်ရှိ အရွယ်အစားက ရှေးခေတ်က ကြယ်ပြာဂြိုဟ်နှင့် ယှဥ်လိုက်မည်ဆိုပါက အလွန်တရာ သေးငယ်နေသေးသည်ဟု ဆိုကြသည်။
ရှေးခေတ်မှ အဆိုပါ ရတနာများသည် မြေမျက်နှာသွင်ပြင် ပြောင်းလဲမှုများအတွင်း ပျောက်ကွယ်သွားခြင်းသာ ဖြစ်ဖို့များသည်။
မည်သို့ပင်ဆိုစေကာမူ ရှုကျိုးသည် နဝမအဆင့်သို့ အချိန်တိုအတွင်း ရောက်သွားနိုင်မည် မဟုတ်ပေ။
“ မေ့လိုက်တော့၊ ကျင့်ကြံတာကိုပဲ အာရုံစိုက်တော့မယ် “
ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ ကိုယ်ပွားကသာ ပကတိ အထွတ်အထိပ်ကို ရောက်သွားသရွေ့၊ အမှောင်နယ်မြေက ဆင်းသပ်လာမယ်ဆိုရင်တောင်မှ၊ အနိမ့်ဆုံးအနေနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်နေနိုင်ပြီ “
သူသည် မျက်လုံးကို မှိတ်ကာ ထပ်မံ၍ ကျင့်ကြံနေတော့သည်။
သူသည် ကိုယ်ပွားက ပကတိ အထွတ်အထိပ်သို့ တက်လှမ်းသွားမည်ကို မစိုးရိမ်ပေ။
အဘယ့်ကြောင့်ဆိုသော် ကိုယ်ပွား၏ ဆင့်ကဲ့ပြောင်းလဲမှုက ထပ်မံ၍ ရောက်ရှိလာတော့မည် ဖြစ်သောကြောင့် ဖြစ်သည်။
…
ထိုက်ချူးရတနာ ရေကန်အတွင်းရှိ၊ ကြာပန်းစင်မြင့်ထက်၌
ကြယ်တာရာ T-Rex နတ်ဘုရားသည် ဉာဏ်အလင်းရသည့် အခြေအနေမှ ဖြည်းဖြည်းချင်း နိုးထလာခဲ့သည်။
“ ဟင်းလင်းပြင် မူလတာအိုကို လုံးနားလည်သွားပြီ “
“ အဲ့တာကို ပြီးပြည့်စုံအောင် လုပ်ပြီးတော့ ပြီးပြည့်စုံတဲ့ ဟင်းလင်းပြင် မူလနိယာမကို နားလည်သွားမယ်ဆိုရင်၊ ငါ့ရဲ့ ဟင်းလင်းပြင် တာအိုက ပကတိ အထွတ်အထိပ်နယ်ပယ်ကို ရောက်သွားပြီ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အရှေ့သို့ လှမ်းကြည့်လိုက်သည်။
ဤအချိန်၌ သူသည် သူ့အရှေ့ရှိ ဟင်းလင်းပြင်မှာ ဘားပုံသဏ္ဍာန် မော်လီကျူးများအဖြစ် ဖြတ်တောက်ခံထားရပုံပေါ်ပြီး၊ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ပူးကပ်လိမ်ယှက်နေခဲ့သည်။
( ဘားပုံသဏ္ဍာန်ဆိုတာက အတန်းလိုက် ဖြစ်တာကို ပြောတာပါ )
သူသည် လေးဘက်မြင် သက်ရှိတစ်ကောင်သဖွယ် ဖြစ်နေခဲ့ကာ၊ သုံးဘက်မြင်ဟင်းလင်းပြင်ကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေခဲ့သည်။
( လေးဘက်မြင်က အချိန်၊ ဟင်းလင်းပြင်၊ နိယာမ၊ စွမ်းအင် အလွှာတွေကို မြင်တာပါ၊ သုံးဘက်မြင်က အလျား၊ အနံ၊ အမြင့်၊ လွယ်လွယ်ကူကူ မြင်တွေ့နိုင်တဲ့ အရာမျိုးပါ )
ထိုကဲ့သို့သော အဆင့်မြင့် အမြင်အာရုံဖြင့် အဆင့်နိမ့်လောကကို ကြည့်မည်ဆိုပါက၊ သူသည် ဟင်းလင်းပြင်၏ အရင်းအမြစ်ကို အလွယ်တကူ နားလည်သွားစေနိုင်ပေသည်။
လက်ချောင်းတစ်ချောင်းပင် မြှောက်စရာမလိုဘဲ၊ တွေးလိုက်ရုံဖြင့် ဟင်းလင်းပြင် မော်လီကျူးများသည် အလိုအလျောက်စတင် ရွေ့လျားလာခဲ့သည်။
အပြင်လူများအတွက်မူ ဤဟင်းလင်းပြင်က မည်သို့မျှ ပြောင်းလဲနေပုံမပေါ်ပေ။
သို့သော် အမှန်တိုင်းပြောရမည်ဆိုပါက၊ သူ့အရှေ့ရှိ ဟင်းလင်းပြင်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အကြိမ်ပေါင်းထောင်နှင့်ချီ၍ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
“ နင့်ရဲ့ အခုလက်ရှိ ဟင်းလင်းပြင် မူလတာအို နားလည်မှုနဲ့ဆိုရင် နင်က အဆင့်၉ အထွတ်အထိပ် ပညာရှင်တိုင်းကို ဖိနှိပ်နိုင်တယ် “
ရွှေရောင်မီးလျှံ၏ အသံ ပေါ်ထွက်လာခဲ့သည်။
သူမှာလည်း အလွန်တရာ အံ့အားသင့်နေခဲ့သည်၊ ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တာအိုနိယာမတို့ အကြားရှိ ဆက်နွယ်မှုတို့မှာ သူမမျှော်မှန်းထားသည်ထပ်ပင် ကျော်လွန်နေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ပြုံးစိစိ ဖြစ်သွားခဲ့သည်။
သူ၏ တိုးတက်မှုမှာ အမှန်တကယ် မြန်ဆန်နေခဲ့သည်။
စဦးအဆင့်မှ ဟင်းလင်းပြင် နိယာမကို လုံးဝနားလည်သွားသည်အထိ သူသည် လဝက်မျှသာ အချိန်ယူခဲ့ရသည်။
၎င်းက အဆင့်မြင့် နိယာမဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။
“ အဲ့တာတင် မဟုတ်ဘူး၊ ငါ့ရဲ့ ဓာတ်ကြီးငါးပါး နိယာမ၊ အသက်နဲ့ မရဏ နိယာမတွေကလည်း သေးငယ်သော အောင်မြင်မှုအဆင့်အထိ ရောက်နေပြီ “
“ နဂါးတိုင်လုံးခုနစ်ခုရှေ့မှာ နားလည်ခဲ့တဲ့ အစီအရင် အဆောင်တာအို၊ လက်နက်တာအိုနဲ့ ဘဝတာအိုတွေကလည်း စဦးအဆင့်ကို ရောက်လာပြီ “
“ နဂါးတိုင်လုံးပေါ်က ပုံစံကွက်ကတော့ အချိန်-ဟင်းလင်းပြင် နိယာမ ဖြစ်နေတယ်၊ အဲ့တာကိုတော့ ငါလုံးဝ နားမလည်သေးဘူး “ ဟု ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြောလိုက်သည်။
ရွှေရောင်မီးလျှံမှ ပြန်ပြောလာခဲ့သည် “ အချိန်-ဟင်းလင်းပြင် နိယာမက အန္တိမ နိယာမတွေထဲက တစ်ခုလေ၊ နားလည်ဖို့ ခက်ခဲတာက ပုံမှန်ပါပဲ “
“ နင်က နိယာမ အများကြီးကို လဝက်အတွင်းမှာ နားလည်ထားတာလေ၊ အဲ့တာကတင် အံ့ဩဖို့ကောင်းတာထပ်တောင် ပိုနေပြီ “
“ ဆရာကတောင် …….. နင်က ဆရာ့ထပ် နည်းနည်းလေးပဲ နိမ့်နေတာ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူမ၏ ရုတ်တရက် စကားပြောင်းပြောခြင်းကို စိတ်အနှောင့်အယှက် မဖြစ်သွားဘဲ၊ အသာအယာ ပြုံးနေတော့သည် “ ကြာပန်းစင်မြင့်ကို ကျေးဇူးတင်ရမယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ငါက မြန်မြန်ဆန်ဆန် နားလည်နိုင်မှာ မဟုတ်ဘူး “
ရွှေရောင်မီးလျှံမှ ပြန်ပြောလာခဲ့သည် “ နင်က ဉာဏ်အလင်းရတာကို ဆက်လုပ်မှာလား။ ဒီရက်တွေထဲမှာ လက်သည်းရှစ်ခု ရွှေနဂါးလေးတစ်ကောင်က နင့်ကို စောင့်ကြည့်နေတယ် “
“ တကယ်ကြီးလား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အရပ်မျက်နှာတစ်ဖက်သို့ လှည့်ကြည့်ကာ အေးအေးလူလူ ပြောလိုက်သည် “ ငါ့ရဲ့ ထူးခြားတဲ့ ဆွဲဆောင်မှုက အလှလေးရဲ့ အာရုံကို ဆွဲဆောင်သွားတာပဲ နေမှာပါ၊ အံ့ဩစရာ မရှိပါဘူး “
ရွှေရောင်မီးလျှံမှ စကားထပ်ပြောလာခဲ့သည် “ အဲ့တာက နဂါးထီးကြီး ဖြစ်မဲ့ပုံပဲ “
“ အတင့်ရဲချက်၊ ဘယ်လူယုတ်မာကောင်က ငါ့ကို စောင့်ကြည့်နေရဲရတာလဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် လှည့်ပတ်ကြည့်ရှုနေတော့သည်။
တစ်ချိန်တည်းမှာပင်
အနီးအနားတွင် ရှိနေသည့် အောင်းကွမ်မှာ ကြယ်တာရာ T-Rex နတ်ဘုရားက နိုးထလာသည်ကို မြင်တွေ့သွားခဲ့ကာ၊ အရှေ့သို့ ချက်ချင်းခုန်ထွက်လာခဲ့သည်။
“ ဒီကမိတ်ဆွေ၊ မင်းငါနဲ့ တိုက်ရဲလား “
အောင်းကွမ်မှ အော်ပြောလာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် အောင်းကွမ်ကို ကြည့်ကာ အနည်းငယ် အံ့ဩသွားခဲ့သည် “ မင်းက ငါနဲ့တိုက်ချင်နေတာလား “
အောင်းကွမ်သည် လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် ခေါင်းငြိမ့်၍ ပြောလာခဲ့သည် “ ငါက မင်းကို အနိုင်ကျင့်မှာ မဟုတ်ဘူး၊ မင်းက အလယ်အလတ် အဆင့်၉ကို ရောက်တဲ့အချိန်အထိ ငါစောင့်ပေးနိုင်တယ်၊ ဘယ်လိုလဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ကြောင်အမ်းအမ်းဖြစ်သွားကာ၊ သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည် “ ငါမတိုက်ချင်ဘူး၊ မေ့လိုက်တော့ “
အောင်းကွမ်၏ မျက်လုံးများထဲတွင် အထင်တသေးဖြစ်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်၊ ဆိုတော့ ဘိုးဘေးရဲ့ ဧည့်သည်ဆိုတာက ဒါပေါ့။
စိန်ခေါ်မှုကိုတောင် လက်မခံရဲဘူး
“ ဒီကြာပန်းရတနာ ရေကန်က ငါတို့မျိုးနွယ်စုရဲ့ မြင့်မြတ်နယ်မြေ၊ အခုမင်းက ဒီနေရာကို သိမ်းပိုက်ထားပြီးတော့၊ ငါဉာဏ်အလင်းရမဲ့ အချိန်တွေကို ယူသွားတယ် “ အဆုံး၌ အောင်းကွမ်သည် သူ၏အကြောင်းပြချက်ကို ဖော်ထုတ်လာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်နှာပေါ်တွင် နားလည်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
ဒီကောင် ငါ့ကို စောင့်ကြည့်နေတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ ဒါ့ကြောင့်ကိုး
ဆိုတော့ ဟိုဘိုးဘေးအိုကြီးဆီကနေ ခွင့်ပြုချက်ရလို့ ငါ့ကို လာစိန်ခေါ်နေတဲ့ပုံပဲ
ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ ခေါင်းငြိမ့်ပြလိုက်သည် “ ကောင်းပြီလေ၊ မင်းရဲ့ စိန်ခေါ်မှုကို ငါလက်ခံတယ် “
ထို့နောက်တွင် သူသည် ကြာပန်းစင်မြင့်ထက်မှ ခုန်ချလာခဲ့သည်။
“ စလိုက်ကြတာပေါ့ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် မြေပေါ်သို့ ဆင်းသက်လာခဲ့ကာ အောင်းကွမ်ကို ကြည့်နေတော့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် အောင်းကွမ်သည် လေကုန်ခံမနေတော့ပေ၊ သူသည် အဆင့်တူသည့် အချိန်အထိ စောင့်မည်ဟု ပြောခဲ့ကာ အခွင့်အရေး ပေးထားခဲ့ပြီပြီဖြစ်သည်၊ သို့သော် တစ်ဖက်လူက ၎င်းကို မလိုချင်သောကြောင့်၊ သူသနားညှာတာနေလိမ့်မည် မဟုတ်ပေ။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် နတ်စွမ်းအား လှိုင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ ဒါကို ယူလိုက် “
အောင်းကွမ်မှ သူ၏နဂါးလက်သည်းကို ဆန့်ထုတ်လိုက်ရာ၊ ဧရာမ လက်ကြီးတစ်ဖက်သည် ကြယ်တာရာ T-Rex နတ်ဘုရားဆီသို့ ပြေးဝင်လာခဲ့သည်။
ဧရာမ လက်ကြီး ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် အားကောင်းသော နိယာမ လှိုင်းများသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကို ဆုတ်ဖြဲသွားပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် မိုးခြိမ်းသံများ ပေါ်ထွက်လာခဲ့ကာ၊ ကြက်သွေးရောင်မီးတောက်များဖြင့် ရောယှက်သွားခဲ့သည်။
မိုးကြိုးတာအိုနှင့် မီးတာအိုနိယာမ၊ တာအိုနိယာမနှစ်ခု တစ်ပြိုင်နက် ပေါ်ထွက်လာခဲ့သည်။
၎င်းတို့ နှစ်ခုစလုံးက အဆင့်နိမ့် နိယာမများသာ ဖြစ်သော်လည်း၊ အောင်းကွမ်မှာ အလယ်အလတ် နဝမအဆင့်တွင်သာ ရှိနေခဲ့သည်၊ သို့တိုင်အောင် သူသည် မူလနိယာမနှစ်ခုကို နားလည်နေခဲ့သည်၊ ၎င်းမှာ သူ့ထံတွင် အံ့ဖွယ်ကောင်းသည့် အလားအလာများ ရှိနေသေးသည်ဟု မီးမောင်းထိုးပြနေခဲ့သည်။
ဤအချိန်၌ နိယာမနှစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ဧရာမ လက်ကြီးတစ်ဖက်သည် ကောင်းကင်ဘုံကို ဖုံးအုပ်လာခဲ့ကာ၊ ကြယ်တာရာ T-Rex နတ်ဘုရားကို ဝါးမြိုတော့မည့်အလား ဖြစ်သွားခဲ့သည်။
သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်
ကြယ်တာရာ T-Rex နတ်ဘုရားသည် မြေပြင်ကို ညင်သာစွာ ဆောင့်နင်းလိုက်သည်။
“ ဘုမ်းးး “
ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင်သည် ပင့်ကူအိမ်ကဲ့သို့ ပြိုကွဲသွားခဲ့သည်။
သူ့အရှေ့ရှိ ဟင်းလင်းပြင် ပြိုကျသွားကာ၊ ဧရာမ အနက်ရောင် တွင်းပေါက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
မိုးကြိုးနှင့် မီးနိယာမတို့ကို သယ်ဆောင်ထားသည့် ဧရာမ လက်ကြီးတစ်ဖက်သည် အဆိုပါ အနက်ရောင် တွင်းပေါက်ကြီး၏ ဝါးမြိုမှုကို ခံလိုက်ရသည်။
အဆုံးမဲ့ မိုးကြိုးသော်လည်းကောင်း၊ လောင်ကျွမ်းနေသည့် မီးလျှံများသော်လည်း၊ နိယာမနှစ်ခုပင် ဆိုစေကာမူ၊ ၎င်းတို့သည် ကြယ်တာရာ T-Rex နတ်ဘုရားက ဖန်တီးထားသည့် အနက်ရောင် တွင်းပေါက်ကြီး၏ အရှေ့တွင် စက္ကူကဲ့သို့ ထိလွယ်ရှလွယ် ဖြစ်နေခဲ့ကာ၊ လုံးဝဖိနှိပ်ခံလိုက်ရသည်။
အရှေ့ဘက်ရှိ အောင်းကွမ်သည် လုံးဝအံ့ဩတုန်လှုပ်သွားခဲ့သည်။
သူသည် ကြယ်တာရာ T-Rex နတ်ဘုရားက သူ၏လက်ကို မြှောက်ကာ ၎င်းးအား အသာအယာ ဖိချလိုက်သည်ကို မြင်တွေ့နေခဲ့ရသည်။
“ ဘုမ်းးးး “
ကြောက်မက်ဖွယ်ကောင်းသည့် ဟင်းလင်းပြင် စွမ်းအင်လှိုင်းများ ပေါ်ထွက်လာခဲ့ပြီး၊ အောင်းကွမ်ပေါ်တွင် ရှိနေသည့် ဟင်းလင်းပြင်သည် လုံးဝ ဖိသိပ်ခံလိုက်ရသည်။
ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ အောင်းကွမ်ကို မြေပြင်ပေါ်တွင် ပြားပြားဝပ်သွားစေခဲ့သည်။
အံ့ဖွယ်ကောင်းသည့် ဖိအားသည် အလယ်အလတ် နဝမအဆင့် ပညာရှင် ဖြစ်သည့် အောင်းကွမ်းအား ရာနှုန်းပြည့် ဖိနှိပ်ထားခဲ့ပြီး၊ သူသည် ၎င်းကို မည်သို့မျှ မခုခံနိုင်ခဲ့ပေ။
………………………………………………………………………………………………………………………………………….
အပိုင်း ( 627 )
အန္တိမနယ်ပယ်၏ လှုပ်ရှားမှု၊ ကမ္ဘာနှစ်ခု လမ်းကြောင်း ပေါ်လာပြီ
“ ရပ်တော့ …… ငါအရှုံးပေးတယ် “
ဟင်းလင်းပြင် နိယာမ၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားနှင့် ရင်ဆိုင်လိုက်ရသောအခါတွင်၊ အောင်းကွမ်သည် မည်သို့မျှ တောင့်မခံနိုင်တော့ဘဲ၊ အော်ဟစ်လာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုအချိန်မှသာလျှင် ဟင်းလင်းပြင် နိယာမကို ရုတ်သိမ်းလိုက်သည်။
အစမှအဆုံးအထိ သူသည် သူ၏လက်တစ်ဖက်ကိုသာလျှင် အနည်းငယ်မျှ လှုပ်ရှားခဲ့လေသည်။
အတွေးတစ်ခုနှင့်တင် သူသည် အလယ်အလတ် နဝမအဆင့် အောင်းကွမ်ကို အလွယ်တကူ အနိုင်ယူနိုင်ပေသည်။
ဤအအချိန်၌ အောင်းကွမ်သည် သူတို့နှစ်ဦးကြားတွင် ရှိနေသည့် ကွာဟချက်ကို နားလည်သွားခဲ့ပြီ ဖြစ်သည်။
သူသည် အံ့ဩတကြီး ဖြစ်နေသော အမူအရာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို ထပ်ကြည့်လာခဲ့သည် “ ဘိုးဘေးက သူ့ကို ဂုဏ်သရေရှိ ဧည့်သည်တော်အဖြစ် သတ်မှတ်ခဲ့တာက အံ့ဩစရာတော့ မဟုတ်ဘူးပဲ။ သူက အစောပိုင်း အဆင့်၉နယ်ပယ်မှာတင် အဆင့်မြင့် နိယာမတစ်ခုကို နားလည်နေပြီ “
အောင်းကွမ်သည် အလယ်အလတ် နဝမအဆင့်တွင် ရှိနေခဲ့ပြီး၊ အဆင့်နိမ့် နိယာမနှစ်ခုကို နားလည်နေခဲ့သည်၊ ၎င်းကပင် သူ့အား လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စု၏ ပါရီရှင်တစ်ဦး ဖြစ်သွားစေခဲ့သည်။
ထို့ကြောင့် အဆင့်မြင့် နိယာမက မည်သည်အရာကို ဆိုလိုလဲဆိုသည်ကို သူကောင်းစွာသိနေခဲ့သည်။
၎င်းကို နားလည်ထားသည့်လူက ပကတိ အထွတ်အထိပ်သို့ အရောက်သွားနိုင်သရွေ့၊ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်လာနိုင်မည့် အခွင့်အလမ်းက မြင့်မားနေမည် ဖြစ်သည်။
“ အရေးအကြီးဆုံးအရာက ဒီလူ့ရဲ့ ဟင်းလင်းပြင် နိယာက အထွတ်အထိပ်တစ်ပိုင်းအဆင့်ကို ရောက်နေတဲ့ပုံပဲ “
အဆင့်မြင့် နိယာမကို နားလည်ထားမည်ဆိုလျှင်တောင်မှ၊ သူ့ကို ဤမျှလွယ်လွယ်ကူကူ ဖိနှိပ်နိုင်လိမ့်မည် မဟုတ်ပေ။
တိုက်ကွက်ဖလှယ်မှုအရ၊ အောင်းကွမ်သည် ကြယ်တာရာ T-Rex နတ်ဘုရား၏ နိယာမထံမှ ပြီးပြည့်စုံသည့် အရိပ်အငွေ့များကို အာရုံခံမိနေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်နေသည့် အောင်းကွမ်၏ အကြည့်များသည် အံ့အားသင့်မှုမှတစ်ဆင့် နက်ရှိုင်းသော လေးစားမှုများအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။
သူသည် အရှေ့သို့ လျှောက်လှမ်းလာခဲ့သည် “ ညီအစ်ကို အစောပိုင်း အချိန်တုန်းက ငါမင်းကို ဆန့်ကျင်ခဲ့မိတယ်။ မင်းက ဟင်းလင်းပြင် နိယာမကို ဒီလောက်ကြီးအထိ နားလည်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အပြုံးဖြင့် ပြန်ပြောလိုက်သည် “ ကံကောင်းနေလို့ပါ “
အောင်းကွမ်သည် သူ၏ဦးခေါင်းကို ခါရမ်းကာ ဇဝေဇဝါ ဖြစ်သွားခဲ့သည် “ မင်းက အစောပိုင်း အဆင့်၉ဆိုတာရော ဟုတ်ရဲ့လားဟ။ ပြီးပြည့်စုံတဲ့ ဟင်းလင်းပြင် နိယာမကိုတောင် နားလည်နေတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ငါက ဉာဏ်အလင်းပွင့်တဲ့ အခြေအနေမှာပဲ ရက်အတော်ကြာ နေနေခဲ့တာလေ၊ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံရေးကို လျစ်လျူရှုထားတော့ နယ်ပယ်နိမ့်နေတာက ပုံမှန်ပါပဲ “
သူသည် ဤရက်များအတွင်းတွင် စားသောက်ခြင်း မပြုလုပ်ခဲ့ဘဲ၊ ဉာဏ်အလင်းရသည့် အခြေအနေတွင်သာ လုံးဝနစ်မြုပ်နေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ယခုလက်ရှိ သူ၏နယ်ပယ်ကြောင့် သူသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ စွမ်းအင်ကို တိုက်ရိုက်စုပ်ယူနေနိုင်ပြီး၊ စားသောက်နေရန် မလိုအပ်တော့ပေ။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားအတွက်မူ၊ မစားမသောက်ဘဲ နေမည်ဆိုပါက၊ နေ့စဥ် ကီလိုဂရမ် ငါးသိန်းကြီးထွားသည့် သူ၏စွမ်းရည်ကို ဖြုန်းတီးသကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်၊ ထို့ကြောင့် အစားအသောက်သည် သူ့အတွက် နေ့စဥ်လိုအပ်ချက်တစ်ခု ဖြစ်လာခဲ့သည်။
သို့ရာ၌ ထိုစကားကို ကြားလိုက်ရသောအခါတွင် အောင်းကွမ်၏ မျက်လုံးများ တောက်ပသွားခဲ့သည် “ အဲ့တာကြောင့် ငါက မင်းထပ်ပိုပြီးတော့ အားနည်းနေတာကိုး။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ချင်း ယှဥ်မယ်ဆိုရင် ငါမင်းကို ရှုံးမှာ မဟုတ်ဘူး “
ကြယ်တာရာ T-Rex နတ်ဘုရားသည် မည်သည့်စကားမှ ပြန်မပြောလိုက်ဘဲ ပြုံးစိစိ ဖြစ်သွားခဲ့သည်။
ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ချင်း ယှဥ်မှာလား
သူ၏ခန္ဓာကိုယ်က အစောပိုင်း နဝမအဆင့်တွင်သာ ရှိနေသေးသော်လည်း၊ ၎င်းသည် နှောင်းပိုင်း နဝမအဆင့်မှ ပညာရှင်များကိုပင် အမှောက်သိပ်နိုင်သည်အထိ လုံလုံလောက်လောက် အားကောင်းနေခဲ့သည်။
မည်သို့ပင်စေကာမူ သူသည် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းရည်တစ်ခုဖြစ်သော ငြှိမ်းသက်၍ မရသော ကြယ်မီးဖိုကို ပိုင်ဆိုင်ထားလေသည်။
အောင်းကွမ်သည် သူ့စကားကို ပြန်မပြင်ဘဲ ပြောလာခဲ့သည် “ ငါရှုံးတာကိုဝန်ခံတယ်။ မင်းက ဒီကြာပန်းစင်မြင့်ကို ဆက်သုံးနိုင်တယ်။ တကယ်လို့ တစ်ယောက်ယောက်က မင်းကို လာနှောင့်ယှက်မယ်ဆိုရင်၊ သူတို့ကို ငါမောင်းထုတ်ပေးမယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည် “ ကြာပန်းစင်မြင့်ကို မင်းတို့သာ သုံးလိုက်တော့။ ငါက ခဏနားပြီးတော့ နယ်ပယ်ကို အဆင့်မြှင့်ဖို့ ဆုံးဖြတ်ထားတယ် “
သူသည် ဉာဏ်အလင်းပွင့်သည့် အခြေအနေသို့ ထပ်သွားရန် မစီစဥ်ထားခဲ့ပေ။ ဤရက်ပိုင်းအတွင်း၌ သူရရှိထားသည့် အရာများကပင် လုံလောက်နေခဲ့ပြီဖြစ်ပြီး၊ ၎င်းတို့ကို ချေဖျက်ရန်နှင့် ခိုင်မာအောင် ပြုလုပ်ရန် လိုအပ်နေခဲ့သည်။
အရေးအကြီးဆုံး အရာမှာ သူ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားက အတော်လေး နိမ့်ကျနေခြင်းပင် ဖြစ်ပြီး၊ ၎င်းက သူ၏ နိယာမနားလည်မှုကိုလည်း ထိခိုက်စေခဲ့သည်။
ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် သဘော်တစ်စင်းနှင့် တူညီနေပြီး၊ သဘော်၏ အရည်အသွေးက နိမ့်ကျနေမည်ဆိုပါက၊ အဆင့်မြင့် တာအို နိယာမများကို သယ်ဆောင်နိုင်မည် မဟုတ်ပေ။
၎င်းကို ကြားလိုက်ရသောအခါတွင် အောင်းကွမ်သည် သူ၏ဆိုလိုရင်းကို နားလည်သွားခဲ့ကာ၊ ချက်ချင်း ခေါင်းငြိမ့်ပြလာခဲ့သည် “ ကောင်းပြီလေ၊ ဉာဏ်အလင်းအတွက် အချိန်မရွေး ပြန်လာလို့ရတယ် “
“ အင်းးး “
ကြယ်တာရာ T-Rex နတ်ဘုရားမှာ လှည့်ထွက်သွားတော့သည်။
…
လူသူကင်းမဲ့နေသည့် ချိုင့်ဝှမ်းတစ်ခု အတွင်း၌
“ အဲ့ဒီအရူးနဂါးက နင်က ဟင်းလင်းပြင် နိယာမတစ်ခုတည်းကို သိတယ်လို့ ထင်နေပြီး၊ တအံ့တဩ ဖြစ်နေတယ် “
ရွှေရောင်မီးလျှံမှ စနောက်လာခဲ့သည် “ တကယ်လို့ နင်ကသာ အန္တိမ နိယာမကို နားလည်ထားတယ်ဆိုတာကို သူသိသွားမယ်ဆိုရင်၊ သူက နေရာမှာတင် မေ့လဲသွားမလားဆိုတာကို ငါသိချင်သွားပြီ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ကူရာကယ်ရာမဲ့စွာဖြင့် သူ၏ ဦးခေါင်းကို ခါရမ်းနေတော့သည် “ လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုက အဲ့လောက်ကြီး မောက်မာမနေပါဘူး “
ရွှေရောင်မီးလျှံသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ ရှေးခေတ်တုန်းကနဲ့ယှဥ်လိုက်မယ်ဆိုရင်၊ အခုလက်ရှိ လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုက တော်တော်ကြီးကို နိမ့်ကျနေခဲ့ပြီပဲ “
“ အို့ “ ကြယ်တာရာ T-Rex နတ်ဘုရားသည် သိလိုစိတ်ဖြင့် မေးမြန်းလာခဲ့သည် “ ရှေးခတ်က လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုက ဘယ်လိုမျိုးလဲ “
ရွှေရောင်မီးလျှံမှ ပြန်ပြောလာခဲ့သည် “ ရှေးခေတ်တုန်းကဆိုရင် လက်သည်းရှစ်ခု ရွှေနဂါး မျိုးနွယ်စုက ဘိုးဘေးနဂါး မျိုးနွယ်စုကို မယှဥ်နိုင်ခဲ့ပင်မဲ့၊ အဆင့်၉နယ်ပယ်က ပညာရှင် တော်တော်များများက အဆင့်မြင့် နိယာမတွေကို နားလည်ကြတယ်၊ အခုလိုမျိုး လမ်းပျောက်မနေကြဘူး “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည် “ အခုခေတ်မှာ မျိုးနွယ်စု အများစုက ရှေးခေတ်တုန်းက မျိုးနွယ်စုတွေထပ် သိသိသာသာကြီးကို အားနည်းနေခဲ့ပြီ “
ရွှေရောင်မီးလျှံမှ ပြောပြလာခဲ့သည် “ မျိုးနွယ်စုတစ်သောင်းက သူတို့ကို ဦးဆောင်မဲ့ လူသားဧကရာဇ်ကို လိုအပ်နေတာ ”
“ လူသားဧကရာဇ် အသစ်က ……… “
သူမသည် စကားပြောနေရင်းဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်လာခဲ့ပြီး၊ သူမ၏ အမူအရာမှာလည်း ပိုပို၍ ကြောင်အအ ဖြစ်သွားခဲ့သည်။
သူမသည် မည်သည့်အတွက်ကြောင့် ယခုလက်ရှိ လူသားဧကရာဇ်က လူသား မဟုတ်ဘဲ၊ မည်သည့်သွေးမျိုးဆက်အား ပိုင်ဆိုင်ထားလဲဆိုသည်ကို မသိရသည့် သားရဲတစ်ကောင် ဖြစ်နေရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။
သူမ၏ အကြည့်ကို မြင်လိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူမတွေးတောနေသည့် အရာများကို ချက်ချင်း နားလည်သွားခဲ့သည်။
“ ဘာလဲ၊ နင်က သားရဲမျိုးနွယ်စုကို အထင်သေးနေတာလား “
ကြယ်တာရာ T-Rex နတ်ဘုရားမှ မေးမြန်းလိုက်သည်။
ရွှေရောင်မီးလျှံမှ ပြန်ပြောလာခဲ့သည် “ သားရဲမျိုးနွယ်စုရဲ့ ကြီးထွားမှုက တော်တော်ကြီးကို အချိန်ယူရတယ် “
“ ပုံမှန်အတိုင်းဆိုရင် သားရဲတစ်ကောင်က အဆင့်၉ကနေ ပကတိ အထွတ်အထိပ်ကို သွားဖို့အတွက် အနည်းဆုံးအနေနဲ့ နှစ်ရာနဲ့ချီပြီးတော့ကို အချိန်ယူရတယ် “
“ လူသားမျိုးနွယ်စုရဲ့ ပါရမီရှင်တွေကတော့ ဆယ်နှစ် ဒါမှမဟုတ် နှစ်နည်းနည်းလောက်ပဲ အချိန်ယူရလေ့ရှိတယ် “
ရွှေရောင်မီးလျှံသည် သူမ၏ ဆရာဖြစ်သူက ကြယ်တာရာ T-Rex နတ်ဘုရားအား မည်သည့်အတွက်ကြောင့် ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့ရလဲဆိုသည်အား နားမလည်နိုင်ဖြစ်နေသည်ကို ဝန်ခံလာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် အပြုံးဖြင့် ခေါင်းခါရမ်းနေတော့သည်။
သူသည် ၎င်းကို စိတ်မဆိုးသွားခဲ့ပေ၊ တစ်ခြားတစ်ယောက်ယောက်က သားရဲမျိုးနွယ်စုကို အထင်သေးနေမည်ဆိုလျှင်တောင်မှ ၎င်းက သူနှင့် မသက်ဆိုင်ပေ။
သူ၏ မူလကိုယ်မှာ လူသားမျိုးနွယ်စု ဖြစ်သည်။
ကိုယ်ပွားက သားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော်လည်း၊ ၎င်းမှာ လူသားခန္ဓာကိုယ်၏ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်ပေသည်။
သူ၏မူလ အသိစိတ်က လူသားမျိုးနွယ်ဖြစ်နေသရွေ့ သူသည် အစစ်အမှန် သားရဲတစ်ကောင် ဖြစ်လာလိမ့်မည် မဟုတ်ပေ။
“ ဘာပဲဖြစ်ဖြစ်ပါလေ၊ တတ်နိုင်သအမျှ အမြန်ဆုံး သန်မာအောင် လုပ် “
ရွှေရောင် မီးလျှံသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ နိယာမ နားလည်နိုင်စွမ်းက သူမကို အံ့အားသင့်သွားစေခဲ့သော်လည်း၊ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို တိုးတက်အောင် ပြုလုပ်ရခြင်းက ကြယ်တာရာ T-Rex နတ်ဘုရားအတွက် အလွန်တရာ ခက်ခဲနေမည်ဆိုသည်ကို သူမ သိနေခဲ့သည်။
နဝမအဆင့်မှ နဝမအဆင့် အထွတ်အထိပ်သို့ သွားရခြင်းမှာ သားရဲမျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင်များအတွက်ပင် နှစ်တစ်ရာကျော်အထိ အချိန်ယူရမည် ဖြစ်သည်။
………………………………………………………………………………………………………………………………….