အခန်း (၆၂၈-၆၃၀)
Vol. 42 Ch. 628-630
အပိုင်း ( 628 )
အန္တိမနယ်ပယ်၏ လှုပ်ရှားမှု၊ ကမ္ဘာနှစ်ခု လမ်းကြောင်း ပေါ်လာပြီ ၂
ကြယ်တာရာ T-Rex နတ်ဘုရားကမူ ရွှေရောင်မီးလျှံ၏ အတွေးများကို လျစ်လျူရှုထားကာ၊ စနစ်၏ မျက်နှာပြင်ကို ဖွင့်ကြည့်နေတော့သည်။
ကိုယ်ပွား : ကြယ်တာရာ T-Rex နတ်ဘုရား
အဆင့် : နဝမအဆင့် အဆင့်၁ ( ၁% )
အသားတင် အလေးချိန် : ကီလိုဂရမ် သန်း ၄၀
“ ဆယ်ရက်ကျော် ကြာသွားပြီး၊ နိယာမ နားလည်မှုက အဆင့်၉ရဲ့ ပြည့်ဝအဆင့်အထိ ရောက်သွားပင်မဲ့၊ ငါ့ရဲ့ အလေးချိန်ကတော့ လုံးဝတိုးမလာခဲ့ဘူး “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အပြုံးဖြင့် သူ၏ဦးခေါင်းကို ခါရမ်းနေတော့သည်။
လာမည့်ရက်များအတွင်း၌ သူသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် တိုးတက်ခြင်းအတွက်သာ အပြည့်အဝ လုပ်ဆောင်သွားတော့မည် ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ အကြည့်များသည် ပိုမိုခိုင်မာလာခဲ့သည်။
သူသည် အလောင်းတစ်လောင်းကို သူ၏ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် အတွင်းမှ ထုတ်ယူလိုက်သည်။
အဆိုပါ အလောင်းသည် ရှေးဟောင်း အပျက်အစီးနယ်မြေတွင် ရရှိခဲ့သည့် အထွတ်အထိပ် တစ်ပိုင်းအဆင့် ခရမ်းနက်ရောင် ထောင်းထျဲ့ ဖြစ်သည်။
“ စလိုက်ကြတာပေါ့ကွာ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ တိုးတက်မှုဖြစ်စဥ်သည် တစ်ဖန်ပြန်၍ စတင်လာခဲ့ပြီ ဖြစ်သည်။
“ ဂျွတ် ဂျွတ် “
သူသည် အားပါးတရ စားသောက်နေတော့သည်။
ရွှေရောင်မီးလျှံသည် ထိုမြင်ကွင်းကို မြင်တွေ့သွားခဲ့ကာ အနည်းငယ် အံ့ဩသွားခဲ့သည် “ ဒီလူက အလုပ်လုပ်မယ်ဆိုပြီးတော့၊ အစားစားနေတာလား “
နဝမအဆင့် သားရဲများသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေစွမ်းအင် ထောက်ပံ့မှုကြောင့် အစာစားရန် မလိုအပ်တော့ပေ။
တစ်ခါတစ်ရံ၌ စားသောက်ခြင်းသည် ကျင့်ကြံရေးကို ထိခိုက်စေသည့် အဆိပ်အတောက်များကိုပင် ယူဆောင်လာလေ့ရှိသည်။
အကောင်းဆုံး နည်းလမ်းမှာ အတွင်းအူတိုင်ကို စားသောက်ခြင်းသာ ဖြစ်ပြီး၊ ကျန်ရှိနေသည့် ကွာဟချက်ကမူ ကျင့်ကြံရေးကို မှီခိုကာ ဖာထေးနိုင်ပေသည်။
သို့သော် ယခုလက်ရှိ အချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားမှာ အစားကို အငမ်းမရ စားသောက်နေလေသည်။
ဒါက ကျင့်ကြံရေးကို ထိခိုက်စေတယ်ဆိုတာကို သူမသိဘူးလားဟ
ရွှေရောင်မီးလျှံသည် သတိပေးချင်ခဲ့သော်လည်း၊ အနည်းငယ်မျှ တွေးတောစဥ်းစားနေရင်းဖြင့် ၎င်းက သာမန်ဟုသာ ထင်သွားခဲ့သည် “ သူက ရက်အတော်ကြာ ဉာဏ်အလင်းရနေခဲ့တာလေ၊ ဗိုက်ဆာတယ်ဆိုတာက ပုံမှန်ပါပဲ။ တစ်ခါလောက် စားသောက်နေတာက နားလည်ပေးလို့ ရပါတယ်လေ “
ဒါပင်မဲ့ သူ့ရဲ့ ကျင့်ကြံရေး အမြန်နှုန်းကတော့ ထပ်ပြီးတော့ နှေးသွားတော့မှာပဲ။
ရွှေရောင်မီးလျှံသည် တိတ်တဆိတ် သက်ပြင်းချနေတော့သည်၊ သူက အထွတ်အထိပ်အဆင့်ကို ဘယ်အချိန်မှ ရောက်မှာလဲ
…
အထွတ်အထိပ် တစ်ပိုင်းအဆင့် သားရဲကောင်တွင် ပါဝင်နေသည့် အာဟာရဓာတ်မှာ အလွန်မြင့်မားနေခဲ့ပြီး၊ ၎င်းကို တစ်နပ်မျှ စားသောက်ခြင်းက နဝမအဆင့် သားရဲကောင်၏ အသားကို ဆယ်နပ်စားသောက်ရခြင်းနှင့် ညီမျှနေခဲ့သည်။
တစ်နာရီ အကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ စားသောက်မှု ပြီးဆုံးသွားခဲ့သည်။
“ ဖောက် ဖောက် ဖောက် “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ခန္ဓာကိုယ်မှ တဖောက်ဖောက် အော်မြည်သံများ ပေါ်ထွက်လာခဲ့သည်။
လူသားမျိုးနွယ်စုဖြစ်စေ၊ သားရဲမျိုးနွယ်စုဖြစ်စေ၊ နဝမအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ပြီးပြည့်စုံမှုဆီသို့ ဦးတည်သွားမည် ဖြစ်သည်။
သို့သော် တိုးတက်မှုဖြစ်စဥ် တစ်ခုချင်းစီတိုင်းက ကြီးမားသော ပြောင်းလဲမှုများကို ယူဆောင်ပေးလာစဲပင် ဖြစ်သည်၊ ထို့ကြောင့်ပင် နဝမအဆင့်နယ်ပယ်ကြားတွင် ကွာဟချက် အမျိုးမျိုး ရှိနေရခြင်း ဖြစ်သည်။
ယခုကဲ့သို့ပင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်အတွင်းတွင် ရှိနေသည့် အရိုးများ၊ ကြွက်သားများ၊ နှင့် မရီဒန်တို့မှာ စတင်၍ အသွင်ပြောင်းလာခဲ့သည်။
ရွှေရောင်အလင်းတန်းများသည် သူ၏ချွေးပေါက်များမှတစ်ဆင့် တိုးထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏အဆင့်မှာလည်း စတင်၍ မြင့်တက်လာခဲ့သည်။
၂%
၅%
၁၀%
…
အဆင့် : နဝမအဆင့် အဆင့်၁ ( ၂၁% )
အသားတင် အလေးချိန် : ကီလိုဂရမ် ၄၀.၅ သန်း
“ အထွတ်အထိပ် တစ်ပိုင်းအဆင့်သားရဲကောင်ကတော့ မျှော်လင့်ထားတဲ့အပိုင်းပဲ၊ တစ်နပ်တည်းနဲ့ အဆင့်ကို ၂၀% တိုးတက်သွားစေခဲ့တယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆင့်တွင် ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို မြင်တွေ့သွားကာ၊ တအံ့တဩ ဖြစ်သွားခဲ့သည်။
ဤနှုန်းအတိုင်းသာဆိုပါက သူသည် လေးရက်အတွင်းမှာပင် နဝမအဆင့် အဆင့်နှစ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
သူသည် လဝက်မပြည့်ခင် အချိန်မှာပင် အလယ်အလတ် နဝမအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသည့် အမြန်နှုန်း ဖြစ်နေခဲ့ပြီ ဖြစ်ပြီး၊ လူသားမျိုးနွယ်စု၏ ပါရမီရှင်များကပင် ထိုကဲ့သို့သော အမြန်နှုန်းကို မပိုင်ဆိုင်နိုင်ကြပေ။
ထိုစဥ် ရွှေရောင်မီးလျှံမှာလည်း ကြယ်တာရာ T-Rex နတ်ဘုရား၏ အရှိန်အဝါ ပြောင်းလဲမှုကို သတိထားမိသွားကာ၊ အံ့ဩတကြီး ပြောဆိုလာခဲ့သည် “ နင့်ရဲ့အဆင့်က ဘယ်လိုလုပ် ရုတ်တရက်ကြီး ထောင်တက်လာရတာလဲ “
သူမသည် ဤလူက ကြိုးစားကျင့်ကြံနေသည်ကို မမြင်ခဲ့ရပေ။
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ချက်ချင်းရယ်မောနေတော့သည် “ နင့်ကိုပြောဖို့ ငါမေ့နေတာ၊ ငါက အစားစားရင်းနဲ့ အဆင့်တက်လို့ရတယ်လေ “
“ ဘာဖြစ်တယ် “
ရွှေရောင်မီးလျှံသည် အံ့ဩမှင်သက်သွားခဲ့သည်။
အစာစားရင်းနဲ့ ပိုပြီးတော့ သန်မာလာတာလား
အဲ့တာ ……. အဲ့တာကြီးက ချဲ့ကားလွန်းရာ ကျနေတယ် မဟုတ်ဘူးလား
သူမ အံ့အားသင့်သွားရသည်မှာ အံ့ဩဖွယ်ရာ မဟုတ်ပေ၊ အကယ်၍ ပထမအဆင့်(သို့) ဒုတိယအဆင့်တွင်သာ ရှိနေဦးမည်ဆိုပါက၊ စားသောက်ခြင်းကို မှီခို၍ အဆင့်တက်ခြင်းမှာ နားလည်၍ရသော ကိစ္စတစ်ခု ဖြစ်သည်။
သို့သော် နဝမအဆင့်နယ်ပယ်တွင်လည်း ထိုကဲ့သို့ ပြုလုပ်နိုင်ခြင်းကိုမူ သူမသည် တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ပေ။
အကယ်၍ တစ်ခြားသော သားရဲများကပါ ကြယ်တာရာ T-Rex နတ်ဘုရားကဲ့သို့ ပြုလုပ်နေနိုင်တော့မည်ဆိုပါက၊ သူတို့သည် ကျင့်ကြံနေရန် မလိုအပ်တော့ဘဲ၊ အချင်းချင်း ဝါးမြိုခြင်းကိုသာ ပြုလုပ်ရတော့မည် ဖြစ်သည်။
“ ဒီလူ့ကို ဆရာမျက်စိကျသွားတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ သူ့ဆီမှာ ဒီစွမ်းရည် ရှိနေတာကိုး “
ရွှေရောင်မီးလျှံသည် နားလည်သဘောပေါက်သွားပုံရပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်ကာ အလျင်စလို တိုက်တွန်းလာခဲ့သည် “ ဒါဆိုရင် နင်က ဘာကို စောင့်နေရသေးတာတုန်း၊ မြန်မြန်ဆက်စားလေ “
ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြန်ပြောလိုက်သည် “ အစာချေရဦးမယ်လေ၊ ငါကတစ်နေ့ကို ဒီလောက်ပဲ စားနိုင်တယ် “
အဓိကအရာမှာ သူ့ထံတွင် ကီလိုဂရမ် ငါးသိန်းဆိုသည့် အကန့်အသတ် ရှိနေခြင်းဖြစ်ပြီး၊ ထို့ထပ်ပို၍ စားသုံးခြင်းမှာ အချည်းနှီးသာဖြစ်သွားရလိမ့်မည် ဖြစ်သည်။
ယခင်က သူသည် စနစ်က မည်သည့်အတွက်ကြောင့် အကန့်အသတ်ထားရလဲဆိုသည်ကို နားမလည်ခဲ့ပေ၊ သို့သော် ယခုတွင်ကား သူသည် အနည်းငယ်မျှ နားလည်လာခဲ့သည်။
ရုပ်ခန္ဓာ၏ နယ်ပယ်တိုးတက်မှုတွင် အကန့်အသတ် တစ်ခုရှိနေခဲ့ပြီး၊ အကယ်၍ အဆိုပါ အကန့်အသတ်ကို ကျော်သွားမည်ဆိုပါက၊ နယ်ပယ်တည်ငြိမ်မှု ပျက်ပြားခြင်း ဖြစ်ပေါ်လာနိုင်ပေသည်။
အဆိုပါ မတည်ငြိမ်မှုက ရေတိုတွင် မသိသာသော်လည်း၊ အမြင့်ပိုင်း အဆင့်များသို့ ရောက်ရှိသွားသောအခါတွင်မူ၊ အလွန်တရာ သိသာထင်ရှားလာမည် ဖြစ်သည်။
“ ဒါပင်မဲ့ အခုလက်ရှိ ကီလိုဂရမ် ငါးသိန်းနှုန်းထားနဲ့ဆိုရင် ဆင့်ကဲပြောင်းလဲမှု ထပ်ရဖို့အတွက် နောက်ထပ် ရက်၂၀လောက်အထိ အချိန်ယူရမှာ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အတော်လေး မျှော်လင့်မိနေခဲ့သည် “ ဒီတစ်ခေါက် ဆင့်ကဲပြောင်းလဲမှုကရော ငါ့ဆီကို ဘာတွေ ယူလာပေးလောက်မလဲ “
…
ဤရက်များအတွင်း၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် ချိုင့်ဝှမ်းအတွင်းတွင်သာ နေနေခဲ့ပြီး၊ အပြင်သို့ ခြေတစ်လှမ်းမှ မချခဲ့ပေ။
သူသည် နေ့စဥ် အစားတစ်နပ် စားသောက်ခြင်းမှအပ ကျန်ရှိသည့် အချိန်များတွင် မဟာနေမင်းကျမ်းနှင့် ပြန်လည်မွေးဖွားခြင်း ဓားနည်းစနစ်ကဲ့သို့သော အထွတ်အထိပ် နည်းစနစ်များကိုပါ လေ့ကျင့်နေခဲ့သည်။
ရှုကျိုးမှန်းဆထားခဲ့သည့်အတိုင်းပင် နဝမအဆင့်တွင် ရှိနေသည့် ကိုယ်ပွားကို အဆိုပါ နည်းစနစ်များကို လေ့ကျင့်သောအခါတွင်၊ ၎င်း၏ ကျင့်ကြံရေး တိုးတက်မှုမှာ မူလကိုယ်ထပ် ပိုမိုမြန်ဆန်နေခဲ့သည်။
ထိုကဲ့သို့ပင် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ့်ကိုးရက် ကုန်ဆုံးသွားခဲ့သည်။
ကွမ်ဟန် တောင်ပိုင်းစစ်မြေပြင်
နယ်မြေ ၅၅
ရာနှင့်ချီသော နဝမအဆင့် ပညာရှင်များနှင့် ဒါဇင်နှင့်ချီသော ပကတိ အထွတ်အထိပ် ပညာရှင်များသည် ခါတိုင်းကဲ့သို့ပင် အစီအရင်များကို ကြိုးစားသန့်စင်နေကြသည်။
သို့သော် ယနေ့၌
“ ဘုမ်းးး “
ရုတ်တရက်ဆိုသလိုပင် ကွမ်ဟန်တောင်ပိုင်း စစ်မြေပြင်တစ်ခုလုံးသည် အနည်းငယ် လှုပ်ခါသွားခဲ့သည်။
“ ဘာတွေ ဖြစ်နေတာလဲဟ “
နယ်မြေ ၅၅တွင်ရှိနေသည့် လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှာလည်း မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ မြေပြင်ကို ရိုက်ချကာ အော်ပြောလာခဲ့သည် “ ချိတ်ပိတ် အစီအရင် ဖွဲ့ကြ၊ မြေအောက်ကနေ တစ်ခုခု လာနေတယ် “
“ ဟုတ် “
“ ဟုတ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ဤနေရာတွင် ရှိနေကြသည့် ပညာရှင် အကုန်လုံးသည် နိုးနိုးကြားကြား ရှိသွားကာ၊ အစီအရင်များကို မြန်မြန်ဆန်ဆန် ဖွဲ့စည်းနေကြတော့သည်။
ချက်ချင်းဆိုသလိုပင် နဝအဆင့် ပညာရှင် ရာဂဏန်းဖြင့် ဖွဲ့စည်းထားသည့် ကြီးမားသော ချိတ်ပိတ်အစီအရင်သည် ပြောင်းပြန်လှန်ထားသည့် ပန်းကန်လုံးတစ်လုံးအဖြစ် ပုံပေါ်လာခဲ့ကာ၊ ကွမ်ဟန်တောင်ပိုင်း စစ်မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်တွင် ကျယ်လောင်သော ဆူညံသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး၊ ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပွင့်ထွက်လာခဲ့ကာ၊ တိကျွမ်းသည် အဆိုပါ အက်ကွဲကြောင်းအတွင်းမှ ထွက်လာခဲ့သည်။
“ မကောင်းတော့ဘူး၊ အဲ့တာက အမှောင်နယ်မြေ လမ်းကြောင်းပဲ “
အောက်ဘက်ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါတွင် တိကျွမ်း၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“ ဖိနှိပ်စမ်း “
တိကျွမ်းမှ လက်ကို မြှောက်၍ ဖိချလိုက်ရာ၊ ဧရာမ ရွှေနီရောင် သားရဲကြီးတစ်ကောင်သည် ပန်းကန်လုံးအပေါ်သို့ ဆင်းသက်လာခဲ့ကာ၊ ၎င်းကို မြေပြင်ပေါ်သို့ ဖိချရန် ကြိုးပမ်းလာခဲ့သည်။
သို့သော် နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် စွမ်းအင်အလင်းတန်းများသည် ကွမ်ဟန်တောင်ပိုင်း နယ်မြေတစ်ခုလုံး၏ နေရာအနှံ့အပြားမှ ပေါ်ထွက်လာခဲ့သည်။
တစ်စုံတစ်ခုသည် နယ်မြေကျော်ဖြတ်လာပုံရပြီး၊ မြေအောက်တွင် မြှပ်နှံထားသည့် အစီအရင်ကြီးတစ်ခုကို အသုံးပြုကာ ပန်းကန်လုံး၏ ခံစစ်ကို ဆုတ်ဖြဲလာခဲ့သည်။
“ ဝရုန်းးးး “
စွမ်းအင်အလင်းတန်းများသည် ကြောက်မက်ဖွယ်ကောင်းသည့် ထိတွေ့မှုနှင့်အတူ ပန်းကန်လုံးကို တစ်ခုပြီးတစ်ခု ဝင်တိုက်လာကြသည်။
ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားသည် နဝမအဆင့် ပညာရှင် ရာဂဏန်းနှင့် ဖန်တီးထားသော ပန်းကန်လုံးကို အဆက်မပြတ် တုန်ခါသွားစေခဲ့သည်။
“ ထောင့်ထားကြ “
“ အမှောင်နယ်မြေရဲ့ အစွမ်းထက် စစ်သည်တော်တွေက စည်းတံဆိပ်ကို တိုက်ခိုက်နေကြတယ်၊ သူတို့ကို ဖြတ်လာခွင့်မပေးနဲ့ “
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် စည်းတံဆိပ်များကို ဖွဲ့စည်းရင်းဖြင့် အော်ပြောလာခဲ့ကာ၊ အင်အားအပြည့် ထုတ်သုံး၍ တိုက်ခိုက်လာခဲ့သည်။
တစ်ခဏ အကြာတွင် တစ်ခြားသော ပကတိ အထွတ်အထိပ် ပညာရှင်များပါ ဝင်ပါလာကြသည်။
ပကတိ အထွတ်အထိပ် ပညာရှင်တို့၏ ကြားဝင်စွက်ဖက်မှုကြောင့် ပန်းကန်လုံးမှာ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့ပြီး၊ အခြေအနေမှာလည်း တိုးတက်လာသယောင် ဖြစ်နေခဲ့သည်။
သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်
“ ဘုမ်းးးး “
အားကောင်းသော စွမ်းအင်လှိုင်းတစ်ခုသည် မြေအောက်မှ ရုတ်တရက် ပေါက်ထွက်လာခဲ့သည်။
ထို့နောက်တွင် ကြီးမားသော စွမ်းအင်အလင်းတန်းတစ်ခုသည် မြေပြင်ပေါ်မှ တိုးထွက်လာခဲ့ကာ၊ ပန်းကန်လုံးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာခဲ့သည်။
“ ခရက် “
တိုက်ခိုက်မှုတစ်ခုတည်းဖြင့်၊ ပန်းကန်လုံး၏ မျက်နှာပြင်ပေါ်တွင် ကြီးမားကာ ကြောက်မက်ဖွယ်ကောင်းသည့် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အားကောင်းသော စွမ်းအင်လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ နဝမအဆင့် ပညာရှင် အကုန်လုံးကို တစ်ပြိုင်နက် သွေးအန်သွားစေကာ၊ သူတို့၏ မျက်နှာများကို ဖြူဖျော့သွားစေခဲ့သည်။
“ ဖူးးးး “
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှာလည်း ပါးစပ်အပြည့်သွေးတစ်လုပ် အန်လိုက်ရပြီး၊ အမူအရာ ပြောင်းလဲသွားခဲ့သည် “ အန္တိမ နယ်ပယ် ….. “
တစ်ခြားသော ပကတိ အထွတ်အထိပ် ပညာရှင်များမှာလည်း အဆိုပါ စွမ်းအင်လှိုင်း၏ သက်ရောက်မှုကြောင့် မျက်နှာများ နီရဲနေကာ အံ့ဩတကြီး ဖြစ်နေခဲ့သည်။
ထိုနယ်ပယ်ကသာလျှင် သူတို့၏ ခုခံမှုကို တိုက်ကွက်တစ်ခုတည်းဖြင့် ချေဖျက်နိုင်ပေသည်။
၎င်းမှာ အန္တိမ နယ်ပယ်ဖြစ်သည်။
နယ်မြေဖိနှိပ်မှုကို ခံရသည့် အချိန်မှာပင် ၎င်းက ကြောက်ခမမ်းလိလိ အစွမ်းထက်နေခဲ့သည်။
ပကတိ အထွတ်အထိပ် နယ်ပယ်မှ ပညာရှင်များကပင် အဆိုပါ စွမ်းအင်လှိုင်းကြောင့်၊ မုန်တိုင်းကြားတွင် ရှိနေသည့် လှေငယ်တစ်စင်းကဲ့သို့ အချိန်မရွေး ပြိုလဲတော့မည့်အလား ဖြစ်နေခဲ့သည်။
ကောင်းကင်ထက်ရှိ တိကျွမ်မှ ပြတ်ပြတ်သားသား အမိန့်ပေးလာခဲ့သည် “ အစီအရင်ကို ဖျက်လိုက်တော့ “
အန္တိမနယ်ပယ်မှ ပညာရှင် ဝင်ပါလာပြီဖြစ်ပြီး၊ အစီအရင်ကို အတင်းအကြပ် ဖွဲ့စည်းနေခြင်းက နဝမအဆင့် ပညာရှင်တို့၏ စွမ်းအားကို အလဟာသ ဖြုန်းတီးနေခြင်းဆိုသည်ကို သူသိနေခဲ့သည်။
ဝှစ် ဝှစ်
နဝမအဆင့် ပညာရှင် အကုန်လုံးသည် ချက်ချင်း လူစုခွဲသွားကြသည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဧရာမ စွမ်းအင် အလင်းတန်းတစ်ခုသည် မြေပြင်ပေါ်မှ ထောင်တက်လာခဲ့သည်။
ထို့နောက်တွင် အနက်ရောင် အရှိန်အဝါတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ခန်းစီးတစ်ခုကဲ့သို့ ကောင်းကင်ပြင်ကို ဖုံးလွှမ်းလာခဲ့သည်။
တိကျွမ်းသည် သူ၏လက်ကို ဝေ့ရမ်းကာ အဆိုပါ အရှိန်အဝါကို ဖိနှိပ်လိုက်သည်။
သူ၏ အမူအရာသည် လုံးဝအေးစက်နေခဲ့သည်။
ကောင်းကင်ထက်ရှိ ခန်းစီး၏နေရာတွင် နက်ရှိုင်းသော အနက်ရောင် တွင်းပေါက်တစ်ခု ဖြစ်တည်လာခဲ့ပြီး၊ ၎င်းသည် ဖြည်းညှင်းစွာ ပွင့်ဟလာခဲ့သည်။
ထိုအချိန်၌ တစ်ကမ္ဘာလုံးသည် ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အားလုံးသည် အဆိုပါ အနက်ရောင် တွင်းပေါက်က ပွင့်ဟလာသည်ကို စိုက်ကြည့်နေခဲ့ကြသည်။
စက္ကန့်ပိုင်းမျှအကြာတွင် ပုံရိပ်အများအပြားသည် အဆိုပါ တွင်းပေါက်အတွင်းမှ ပေါ်ထွက်လာခဲ့သည်။
………………………………………………………………………………………………………………………………..
အပိုင်း ( 629 )
ထပ်ပြီးတော့ ဆင့်ကဲပြောင်းပြန်ပြီ ……. ဒြပ်စင်ပေါင်းစပ်ခြင်း၊ အကန့်အသတ်
“ ဟားဟားဟား “
“ ဆိုတော့ တစ်ဖက်က ကမ္ဘာဆိုတာက ဒီဟာလား။ တကယ် လှတာပဲဟ “
အဆိုပါ ပုံရိပ်များသည် အနက်ရောင် တွင်းပေါက်အတွင်းမှ ထွက်လာခဲ့ပြီး၊ မည်သူမှ မရှိသည့်အလား ဤကမ္ဘာကြီးကို စတင်၍ စူးစမ်းလေ့လာနေကြသည်။
သူတို့ထံမှ ပေါ်ထွက်နေသည့် အရှိန်အဝါများသည် အဌမအဆင့်(သို့) နဝမအဆင့်တွင်သာ ရှိနေခဲ့သည်။
သို့သော် သူတို့သည် ကြယ်ပြာဂြိုဟ်ဘက်မှ ပကတိ အထွတ်အထိပ် ပညာရှင်များဖြစ်သည့် တိကျွမ်းနှင့် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးအတွက်မူ ပုရွက်ဆိတ်များသာ ဖြစ်နေခဲ့သည်။
“ ဟူးးးး “
အဆိုပါ ပုံရိပ်များနှင့်အတူ ထူထဲလွန်းလှသော အနက်ရောင် မြူခိုးတစ်ခုမှာလည်း အဆိုပါ တွင်းပေါက်၏ ဝင်ပေါက်ဝတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
အဆိုပါ အနက်ရောင် မြူခိုးသည် အရာအားလုံးကို တိုက်စားနိုင်စွမ်းရှိပုံရပြီး၊ တိမ်သားတိမ်စိုင်များနှင့်အတူ ထိတွေ့သွားသည့် အချိန်၌၊ ၎င်းတို့သည် ချက်ချင်းမည်းနက်သွားခဲ့သည်။
အနက်ရောင် မြူခိုးသည် လျင်မြန်စွာ ကြီးမားလာခဲ့ပြီး၊ ကောင်းကင်ပြင်ကို ချက်ချင်းမှုန်ဝါးသွားစေခဲ့သည်။
တိကျွမ်း၊ လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးနှင့် တစ်ခြား ပကတိ အထွတ်အထိပ် ပညာရှင်များသည် ၎င်းကို ခုခံနေခဲ့ကြသော်လည်း၊ ကောင်းကင်ပြင်၏ တစ်ဝက်ကိုသာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
တစ်ခဏအတွင်းမှာပင် အဆုံးမဲ့ ကောင်းကင်ပြင်သည် တစ်ဝက်က ပြာလဲ့နေခဲ့ကာ၊ ကျန်တစ်ဝက်မှာ မည်းနှက်နေခဲ့သည်။
နယ်မြေ ၅၅ရှိ ရာနှင့်ချီသော နဝမအဆင့် ပညာရှင်များသည် ထိုမြင်ကွင်းကို ကြည့်နေရင်းဖြင့် အမူအရာများ မည်းမှောင်သွားခဲ့သည်။
လူတော်တော်များများသည် တိတ်တဆိတ် ဆွေးနွေးပြောဆိုနေကြသည်။
“ အမှောင်နယ်မြေလမ်းကြောင်း ပေါ်လာဖို့အတွက် နှစ်ဝက်လောက် လိုသေးတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် မြန်မြန်ဆန်ဆန်ကြီး ရောက်လာကြရတာလဲဟ “
“ ငါတို့က အဓိက အစီအရင်တွေကို ဖျက်စီးခဲ့ပြီးပြီလေ။ တကယ်လို့ သူတို့က နယ်မြေကျော်လာကြမယ်ဆိုရင်တောင်မှ၊ သူတို့ရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်မှာ မဟုတ်ဘူးလေ ဟုတ်တယ်မလား “
“ ဒါပင်မဲ့ သူတို့ရဲ့ အရှိန်အဝါတွေကို အာရုံခံမိရသလောက်အရဆိုရင်တော့၊ သူတို့က နယ်မြေဖိနှိပ်တာကို မခံရတဲ့ပုံပဲနော် “
လူအုပ်ကြီးသည် အဆိုပါ ပုံရိပ်များကို ကြည့်ကာ စိတ်နှလုံးသားများ လေးလံသွားကြသည်။
ပထမဦးဆုံး နယ်မြေဖြတ်ကျော် ခရီးစဥ်တွင် နယ်မြေဖိနှိပ်မှုအား ပြင်းပြင်းထန်ထန် ခံယူရမည်ကို သိကြရမည် ဖြစ်သည်။
ယုတ္တိရှိရှိ ပြောရမည်ဆိုပါက အမှောင်နယ်မြေမှ အဆိုပါ လူများ၏ အရှိန်အဝါများမှာ မတည်မငြိမ်ဖြစ်နေသင့်ပြီး၊ တစ်ခြားကမ္ဘာ၏ ဖိနှိပ်မှုနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ရန်အတွက် အချိန်အတော်ကြာ ယူရမည် ဖြစ်သည်။
သို့သော် ယခုတွင်ကား ထိုလူများထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါများမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
နယ်မြေဖိနှိပ်မှုကို မခံခဲ့ရသည့်အလား ဖြစ်နေခဲ့သည်။
ဝင်ပေါက်၏ အရှေ့တွင် ရှိနေသည့် ခရမ်းရောင်ဆံသားနှင့် နက်မှောင်သည့် မျက်လုံးများကို ပိုင်ဆိုင်ထားသော လူငယ်တစ်ဦးမှ အေးအေးလူလူ စကားပြောလာခဲ့သည် “ ဘိုးဘေးပြောတာ မှန်တယ်။ ငါတို့ အဆင့်၈နဲ့ အဆင့်၉ ပညာရှင်တွေက နယ်မြေဖိနှိပ်တာကို မခံရတော့ဘူး “
သူသည် အောက်ဘက်တွင် ရှိနေသည့် ကြယ်ပြာဂြိုဟ်၏ ရာနှင့်ချီသော နဝမအဆင့် ပညာရှင်များကို ငုံ့ကြည့်ကာ၊ လှောင်ပြုံးပြုံးနေတော့သည် “ အဲ့ဒီအရူးတွေက အစီအရင်တွေကို ဖျက်စီးလိုက်တာနဲ့ ငါတို့ရောက်လာတာကို တားနိုင်မယ်လို့ထင်နေကြတဲ့ပုံပဲ။ တကယ်ကို အိမ်မက်မက်နေကြတာပဲ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကြယ်ပြာဂြိုဟ်မှ ပညာရှင်အားလုံး၏ အမူအရာများ မည်းမှောင်သွားကြသည်။
တစ်ချိန်တည်းမှာပင် လူတော်တော်များများ၏ စိတ်ထဲသို့ သံသယများ စတင်ဝင်ရောက်လာခဲ့သည်။ ငါတို့လုပ်ခဲ့တာတွေ အားလုံးက အချည်းနှီးဖြစ်သွားတာလား
စိတ်ဓာတ်များ လှုပ်ခတ်သွားတော့သည်။
စစ်မြေပြင်၌ စစ်ပွဲမစခင် အချိန်တွင် စိတ်ဓာတ်ပျက်ပြားသွားခြင်းမှာ အလွန်တရာ အန္တရာယ်များလှသည်။
အမှောင်နယ်မြေ၏ ပညာရှင်များက လှုံ့ဆော်ရာတွင် ထူးချွန်သည်ဟု ပြောရမည်ဖြစ်သည်၊ စကားလုံး အနည်းငယ်ဖြင့် သိသာထင်ရှားသော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်သွားစေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ပကတိ အထွတ်အထိပ် ပညာရှင်များကမူ အလွန်တရာ အေးဆေးတည်ငြိမ်နေခဲ့သည်။
တိကျွမ်းသည် ခရမ်းရောင်ဆံသားနှင့် နက်မှောင်သော မျက်လုံးများ ပိုင်ရှင်၊ လူငယ်ကို ကြည့်ကာ အေးအေးလူလူ စကားပြောလိုက်သည် “ ငါတို့က အဓိက အစီအရင်တွေကို ဖျက်စီးခဲ့ပြီးပြီ၊ ဆိုတော့ အဆင့်၉ အထွတ်အထိပ် အထက်က သက်ရှိတွေက နယ်ကျော်လာမယ်ဆိုရင်၊ နယ်မြေ ဖိနှိပ်တာ ခံရမှာပဲ “
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှာလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် တဟားဟား ရယ်မောနေတော့သည် “ အမှောင်နယ်မြေရဲ့ ပကတိ အထွတ်အထိပ် ပညာရှင်တွေက သူတို့ဘာသာ နယ်မကျော်ရဲကြဘူး၊ အဲ့တာကြောင့် ဒီဂျူနီယာတစ်အုပ်ကို လွှတ်လိုက်တာပဲ။ သူတို့တွေကို ရှေ့တန်းတပ်လို့ ခေါ်ကြတယ်၊ ပွင့်ပွင်းလင်းလင်း ပြောရရင်တော့ သူတို့က အမြှောက်စာတွေပဲ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကြယ်ပြာဂြိုဟ်၏ နဝမအဆင့် ပညာရှင်များသည် လျင်မြန်စွာ သဘောပေါက်သွားကြသည်။
အမှောင်နယ်မြေ လမ်းကြောင်း ပွင့်လာခဲ့ပြီဖြစ်သော်လည်း၊ အဌမအဆင့်နှင့် နဝမအဆင့် ပညာရှင်တစ်စုသာလျှင် ရောက်လာခဲ့သည်၊ အကြောင်းအရင်းမှာ လယ်ကွင်းတွင် ဆင်ခြေရာတွေ့သကဲ့သို့ ရှင်းလင်းနေခဲ့ပြီ ဖြစ်သည်။
ကြယ်ပြာဂြိုဟ်၏ သိုင်းပညာရှင်များသည် အမှောင်နယ်မြေ ပညာရှင်များကို ဘုကြည့်ကြည့်နေကြတော့သည်။
အမှောင်စာလေးတွေပါကွာ၊ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအချိန်၌ အနက်ရောင် တွင်းပေါက်၏ အဝင်တွင် ရှိနေသည့် အမှောင်နယ်မြေ ပညာရှင်တို့၏ အမူအရာများ မည်းမှောင်သွားခဲ့သည်။
ခရမ်းရောင်ဆံသားနှင့် အနက်ရောင် မျက်လုံးများပိုင်ရှင်၊ လူငယ်ကသာ အေးအေးလူလူ ဖြစ်နေခဲ့သည်။
သူသည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် စကားဆက်ပြောလာခဲ့သည် “ ဒီတစ်ခေါက် နယ်ကျော်လာတာက တိုက်ပွဲအတွက် မဟုတ်ဘူး၊ လက်ရည်ယှဥ်ဖို့ပဲ “
“ လက်ရည်ယှဥ်တာလား “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
ကြယ်ပြာဂြိုဟ်၏ နဝမအဆင့် ပညာရှင်တစ်ဦးသည် အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည် “ တကယ်လို့ တိုက်ခိုက်ချင်တယ်ဆိုရင်လည်း၊ တိုက်ကြလေကွာ။ ဘယ်သူက မင်းတို့နဲ့ လက်ရည်ယှဥ်ချင်နေလို့လဲ “
“ ကောင်းတယ်၊ မင်းလာခဲ့လိုက် “
ခရမ်းရောင် ဆံသားနှင့် အနက်ရောင် မျက်လုံးများပိုင်ရှင်၊ လူငယ်သည် ထိုပညာရှင်ကို လက်ညှိုးထိုးကာ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ ငါနဲ့ လာတိုက်ပါ “
သူ၏လေသံမှာ အေးဆေးတည်ငြိမ်နေခဲ့သော်လည်း၊ အမိန့်အာဏာ၏ အရိပ်အငွေ့များ စွန်းထင်းနေခဲ့သည်။
အဆိုပါ နဝမအဆင့် ပညာရှင်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူသည် စကားကိုဤ ပေါ့ပေါ့တန်တန် ပြောလိုက်ခြင်းသာ ဖြစ်ပြီး၊ အမှန်တကယ် စိန်ခေါ်ခံလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သို့သော် ရန်သူက တံခါးဝတွင် ရောက်နေပြီဖြစ်သောကြောင့်၊ နောက်ဆုတ်နိုင်မည့် အခွင့်အလမ်းမှာ အလွန်တရာ နည်းပါးလွန်းနေခဲ့သည်။
တစ်ခဏ အကြာတွင် အဆိုပါ ပညာရှင်သည် အံကိုကြိတ်ကာ အရှေ့သို့ ပျံသန်းလာခဲ့သည်။
သူသည် ခရမ်းရောင် ဆံသားနှင့် အနက်ရောင် မျက်လုံးပိုင်ရှင် လူငယ်ကို အေးစက်စွာ စိုက်ကြည့်၍ စကားပြောလိုက်သည် “ ဒီတိုက်ပွဲအတွက် စည်းမျဥ်းစည်းကမ်းတွေက ဘာလဲ “
“ စည်းမျဥ်းစည်းကမ်းတွေလား “
ခရမ်းရောင် ဆံသားနှင့် အနက်ရောင် မျက်လုံးပိုင်ရှင် လူငယ်သည် သူ့ကို အံ့ဩတကြီး ငေးကြည့်ကာ လှောင်ပြောင်လာခဲ့သည် “ ရိုးရှင်းတဲ့ လက်ရည်ယှဥ်ပွဲလေးပဲလေ၊ စည်းမျဥ်းစည်းကမ်းတွေ ဘာလို့ လိုအပ်နေရဦးမှာလဲ။ မင်းက သေမှာကြောက်လို့လား “
“ မင်းးးး “
နဝမအဆင့် ပညာရှင်သည် မကျေမနပ် ဖြစ်သွားကာ၊ သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ခဲနေတော့သည်။
ခရမ်းရောင် ဆံသားနှင့် အနက်ရောင် မျက်လုံးပိုင်ရှင် လူငယ်သည် သူ့ကို လျစ်လျူရှုထားပြီး၊ ကြယ်ပြာဂြိုဟ်၏ တစ်ခြား ပညာရှင်များကို ကြည့်ကာ အေးအေးလူလူ စကားထပ်ပြောလာခဲ့သည် “ လက်ရည်ယှဥ်နေတဲ့ အချိန်အတွင်းမှာ လှည့်ကွက်သုံးတာတွေကို မမြင်ချင်ဘူးနော်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး “
မောက်မာချက်ကတော့
ဒီလောက်တောင် မောက်မာတယ်ပေါ့
ပကတိ အထွတ်အထိပ် ပညာရှင်တွေ ရှေ့မှာတောင်မှ ဒီလိုစကားမျိုးတွေ ပြောရဲနေတယ်ပေါ့
ကြယ်ပြာဂြိုဟ်မှ ပညာရှင် တော်တော်များများ၏ မျက်နှာများမှာ ဒေါသတို့ဖြင့် ဝင်းလက်သွားခဲ့သည်။
ပကတိ အထွတ်အထိပ် ပညာရှင်တို့၏ မျက်လုံးများထဲတွင်လည်း သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။
“ ဘုမ်းးးးး “
ထိုအချိန်၌ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် တွင်းပေါက်ဆီမှ ပေါက်ထွက်လာခဲ့သည်။
အဆိုပါ အရှိန်အဝါသည် အံ့ဖွယ်ကောင်းသည့် ဖိအားတစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ ဆူနာမီကဲ့သို့ ပျံ့လွင့်လာခဲ့သည်။
အဆိုပါ ဖိအားအောက်တွင် ကြယ်ပြာဂြိုဟ်၏ နဝမအဆင့် ပညာရှင်များသည် လေယူရာ ယိမ်းနွဲ့နေသည့် ဖယောင်းတိုင်မီးများကဲ့သို့ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားကာ၊ အသက်ရှူကြပ်သွားခဲ့သည်။
နဝမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ချို့ကပင် ဒူးများ တုန်ရင်သွားပြီး၊ တောင်တစ်လုံးနှင့် အဖိခံလိုက်ရသည့်အလား မတ်တပ်ပင် မရပ်နိုင်ကြတော့ပေ။
………………………………………………………………………………………………………………………………………….
အပိုင်း ( 630 )
ထပ်ပြီးတော့ ဆင့်ကဲပြောင်းပြန်ပြီ ……. ဒြပ်စင်ပေါင်းစပ်ခြင်း၊ အကန့်အသတ် ၂
တိကျွမ်း၊ လက်သည်းရှစ်ခု ရွှေနဂါးနှင့် တစ်ခြား ပကတိ အထွတ်အထိပ် ပညာရှင်များက လှုပ်ရှားလာခဲ့သည့် အချိန်မှသာလျှင်၊ သူတို့ အသက်ရှူချောင်သွားခဲ့ရသည်။
“ အန္တိမနယ်ပယ်လား “
လက်သည်းရှစ်ခု ရွှေနဂါးနှင့် တစ်ခြားသော ပကတိ အထွတ်အထိပ် ပညာရှင်များသည် တွင်းပေါက်ကို ကြည့်ကာ အမူအရာများ လေးနက်သွားခဲ့သည်။
အဲ့ဒီ ဂျူနီယာတွေ တော်တော်ကြီးကို မောက်မာနေတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ သူတို့နောက်မှာ အန္တိမအဆင့် ပညာရှင်တစ်ယောက် ရှိနေတာကိုး
တိကျွမ်းတစ်ဦးတည်းကသာလျှင် တစ်စုံတစ်ခုကို အာရုံခံမိနေသည့်အလား မျက်မှောင်ကြုတ်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် ခရမ်းရောင် ဆံသားနှင့် အနက်ရောင် မျက်လုံးပိုင်ရှင် လူငယ်၏ ဘေးနားတွင် ရှိနေသည့် ဝိုင်နီရောင် ဆံသားနှင့် မိန်းမပျိုတစ်ဦးမှ လှောင်ပြောင်လာခဲ့သည် “ အသိဉာဏ် နည်းတဲ့ တောသားတွေက ငါတို့ဘိုးဘေးကို အန္တိမအဆင့် ပညာရှင်လို့ ထင်နေကြတာပဲ “
သာမန်ရုပ်ရည်နှင့် မျက်လုံးလေးလုံး ပါရှိသည့် လူတစ်ဦးမှာလည်း ဝင်ရောက်လှောင်ပြောင်လာခဲ့သည် “ တကယ်လို့ ဧကရာဇ် မိသားစုကသာ တကယ်ကြီး လှုပ်ရှားလာခဲ့မယ်ဆိုရင်၊ အခုချိန်လောက်ဆိုရင် ဒီလူတွေထဲက တစ်ဝက်လောက်က သေနေလောက်ပြီ “
“ ဘုမ်းးး “
တစ်ခဏ အကြာတွင် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားသည် သူတို့နှစ်ဦးအပေါ်သို့ ကျရောက်လာခဲ့သည်။
သူတို့၏ မျက်နှာများ ချက်ချင်း ဖြူဖျော့သွားခဲ့ကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
တိကျွမ်းသည် လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ မင်းတို့ရဲ့ ဘိုးဘေးအကြောင်း ပြောရတာ ကြိုက်တယ်ဆိုတော့၊ သူ့ကို ဘာလို့ မဖိတ်ခေါ်လိုက်ရတာလဲ “
ဝိုင်နီရောင် ဆံသားနှင့် အမျိုးသမီး၏ အမူအရာသည် ချက်ချင်း မည်းမှောင်သွားခဲ့သည်၊ သို့သော် သူမသည် မည်သည့်စကားမှ ထပ်မပြောလာခဲ့ပေ။
တွင်းပေါက်ထံမှ မည်သည့်စွမ်းအင်မှ ထပ်မံ၍ မပေါ်ထွက်လာခဲ့ပေ။
တစ်ဖက်လူက တိကျွမ်း၏ အပြစ်ပေးမှုကို တိတ်တဆိတ် သဘောတူနေသည်မှာ သိသာနေခဲ့သည်။
ခရမ်းရောင် ဆံသားနှင့် အနက်ရောင် မျက်လုံးပိုင်ရှင် လူငယ်မှာလည်း မည်သည့်စကားမှ မပြောဘဲ၊ ထိုလူငယ်နှစ်ဦးကို အေးစက်စက်သာ စိုက်ကြည့်နေခဲ့သည်။
ပကတိ အထွတ်အထိပ် ပညာရှင် အများကြီး ရှေ့မှာ သူတို့ကို စော်ကားတယ်ဆိုတော့ မင်းတို့ကိုယ်မင်းတို့ ဘယ်သူလို့ ထင်နေကြတာလဲ။ ပကတိ အထွတ်အထိပ် ပညာရှင်ရဲ့ ဂုဏ်သိက္ခာကို စော်ကားမယ်ဆိုရင် မင်းတို့ရဲ့ ဘိုးဘေးကတောင် မင်းတို့ကို ကယ်နိုင်မှာ မဟုတ်ဘူး
ယခုလက်ရှိ အချိန်၌ သူတို့၏ ဘိုးဘေးမှာ နယ်မကျော်လာနိုင်သေးပေ၊ အဘယ့်ကြောင့်ဆိုသော် ပေးဆပ်ရမှုက ကြီးမားလွန်းနေသောကြောင့် ဖြစ်သည်။
အချိန်ကျလာပါက ဘိုးဘေးသည် ဤနယ်မြေထံသို့ ခမ်းခမ်းနားနား ဆင်းသက်လာမည် ဖြစ်သည်။
ဤအချိန်၌ ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
တိကျွမ်းက သူတို့နှစ်ဦးကို အပစ်ပေးလိုက်သော်လည်း၊ သူတို့၏ စကားပြောဆိုမှုကို ကြယ်ပြာဂြိုဟ်၏ ပညာရှင်များက ကြားသိသွားကာ တအံ့တဩ ဖြစ်သွားကြသည်။
ခုနက ထွက်လာတဲ့ ကြောက်စရာကောင်းတဲ့ အရှိန်အဝါက အန္တိမပညာရှင်က လှုပ်ရှားလာတာ မဟုတ်ဘူးလားဟ
ပကတိ အထွတ်အထိပ်လား
ဒါပင်မဲ့ ပကတိ အထွတ်အထိပ် ပညာရှင်က အဲ့လိုအရှိန်အဟုန်မျိုးကို ဘယ်လိုလုပ် ပိုင်ဆိုင်နေရတာလဲ
ပကတိ အထွတ်အထိပ် ပညာရှင် အနည်းငယ်ကသာလျှင် တစ်စုံတစ်ခုကို ဝေဝေဝါးဝါး နားလည်နေကြသည်။
တိကျွမ်းနှင့် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးတို့သည် အကြည့်များ ဖလှယ်လိုက်ကြပြီး၊ အမူအရာများ လေးနက်သွားကြသည်။
“ အမှောင်နယ်မြေရဲ့ လူတစ်ယောက်က အန္တိမတစ်ပိုင်းအဆင့်ကို ရောက်သွားပြီထင်တယ် “
အန္တိမတစ်ပိုင်း၊ အန္တိမနယ်ပယ်သို့ မရောက်သေးသော်လည်း၊ သာမန်ပကတိ အထွတ်အထိပ် ပညာရှင်ထပ် များစွာပိုမိုအားကောင်းနေခဲ့သည်။
အန္တိမ အထွတ်အထိပ် ပညာရှင်ထပ်လည်း အပြတ်အသတ် သာလွန်နေခဲ့သည်။
သီအိုရီအရပြောရမည်ဆိုပါက ထိုကဲ့သို့သော လူများထံတွင် အန္တိမနယ်ပယ်သို့ တက်လှမ်းနိုင်ရန်အတွက် လုံလောက်သော အခွင့်အလမ်းကိုသာ လိုအပ်နေခဲ့သည်။
ထိုကဲ့သို့ဆိုလျှင်တောင်မှ သူတို့အား အန္တိမတစ်ပိုင်းအဆင့်သို့ ရောက်လုနီးပါးဖြစ်နေသည့် ပညာရှင်များအဖြစ် သတ်မှတ်နိုင်ပေသည်။
သို့သော် ထိုကဲ့သို့သော ပညာရှင်များ ပေါ်ထွက်လာခြင်းမှာ ကြယ်ပြာဂြိုဟ်အတွက် သတင်းကောင်း ဟုတ်မနေခဲ့ပေ။
“ အန္တိမတစ်ပိုင်းက နယ်ကျော်လာမယ်ဆိုရင် သူတို့ခံစားရမဲ့ ဖိနှိပ်မှုက အန္တိမ ပညာရှင်တွေ ခံရမဲ့ ဖိအားထပ် အများကြီး ပိုအားနည်းတယ်။ သူတို့ရဲ့ ခြိမ်းခြောက်မှုက အန္တိမပညာရှင်တွေထပ်တောင် ပိုဆိုးနေနိုင်တယ် “
တိကျွမ်း၏ အမူအရာ အေးစက်သွားခဲ့သည်။
အကယ်၍ အန္တိမပညာရှင်ကသာ ကြီးကြီးမားမား လှုပ်ရှားလာခဲ့မည်ဆိုပါက၊ သူတို့သည် ပြင်းထန်သော တန်ပြန်သက်ရောက်မှုများကို ခံစားရလိမ့်မည် ဖြစ်သည်။
အန္တိမတစ်ပိုင်း ပညာရှင်ကမူ တန်ပြန်သက်ရောက်မှုများ ခံစားရမည်ဖြစ်သော်လည်း၊ အဆိုပါ သက်ရောက်မှုက အန္တိမပညာရှင်များ ခံစားရသည့် ဖိအားလောက် ပြင်းထန်နေမည် မဟုတ်ပေ။
အမှောင်နယ်မြေ၏ ပညာရှင်များက နယ်မြေဖိနှိပ်မှုကို လျစ်လျူရှုနိုင်ကာ အပြည့်အဝ ဆင်းသက်လာသည်နှင့်တစ်ပြိုင်နက်၊ အန္တိမတစ်ပိုင်း၏ အခန်းကဏ္ဍက ပိုမိုအရေးပါလာမည်ဖြစ်ပြီး၊ သူတို့၏ ခြိမ်းခြောက်မှုကပါ ပိုမိုကြီးမားလာမည် ဖြစ်သည်။
ထိုအချိန်တွင် ခရမ်းရောင် ဆံသားနှင့် အနက်ရောင် မျက်လုံးပိုင်ရှင် လူငယ်မှ စကားထပ်ပြောလာခဲ့သည် “ စလို့ရပြီလား “
သူသည် မထီမဲ့မြင်ပြုနေသော အမူအရာဖြင့် ယခင်က နဝမအဆင့် ပညာရှင်ကို ငုံ့ကြည့်လာခဲ့သည်။
ချန်ကျူးရှန်ဟု အမည်ရသည့် နဝမအဆင့် ပညာရှင်သည် အံကြိတ်ကာ စကားပြန်ပြောလာခဲ့သည် “ လာခဲ့လိုက် “
သူ၏စကားလုံးများ ပေါ်ထွက်လာနှင့်တစ်ပြိုင်နက် ခရမ်းရောင် ဆံသားနှင့် အနက်ရောင် မျက်လုံးပိုင်ရှင် လူငယ်သည် သူ၏မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
“ ဘာကြီး “
“ ဒီလောက်တောင် မြန်တာလား “
ချန်ကျူးရှန်၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ၊ ခုခံရန်အတွက် နိယာမစွမ်းအားကို လျင်မြန်စွာ အသက်သွင်းလိုက်သည်။
သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ထက်မြိသော ဓားရှည်တစ်လက်သည် သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်လာခဲ့သည်။
“ ဖူး “
သွေးများ ဖြာထွက်လာတော့၏။
ဦးခေါင်းတစ်လုံးသည် ကောင်းကင်ထက်သို့ ပျံတက်လာခဲ့သည်။
ခရမ်းရောင် ဆံသားနှင့် အနက်ရောင် မျက်လုံးပိုင်ရှင် လူငယ်သည် သူ၏ဓားကို သိမ်းကာ တည်တည်ငြိမ်ငြိမ် မတ်တပ်ရပ်နေခဲ့သည်၊ သူ့နောက်ရှိ ချန်ကျူးရှန်၏ ဦးခေါင်းမဲ့ အလောင်းကမူ မြေပြင်ပေါ်သို့ လဲပြိုသွားခဲ့သည်။
ပကတိ အထွတ်အထိပ် ပညာရှင်တစ်ဦးသည် လျင်မြန်စွာ လှုပ်ရှားလာခဲ့ပြီး၊ ချန်ကျူးရှန်၏ အလောင်းကို ဖမ်းဆုပ်လိုက်သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ခရမ်းရောင် ဆံသားနှင့် အနက်ရောင် မျက်လုံးပိုင်ရှင် လူငယ်ကို ဒေါသတကြီး စိုက်ကြည့်လာခဲ့သည် “ ကိုယ်တွင်းအဂ်ါတွေ ပျက်စီးသွားတယ်၊ ရှေးဦးဝိညာဥ်လည်း ပြိုကွဲသွားပြီ၊ အသက်ရှင်နေတဲ့ လက္ခဏာရပ်မရှိတော့ဘူး “
“ ဘယ်လောက်တောင် ရက်စက်လိုက်တဲ့ တိုက်ကွက်လဲ “
တစ်ခြားသော ပကတိ အထွတ်အထိပ် ပညာရှင်တို့မှာလည်း တအံ့တဩဖြစ်သွားခဲ့ကာ၊ သူတို့၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အငွေ့တို့ဖြင့် ပြည့်နှက်လာခဲ့သည်။
ချန်ကျူးရှန်ကို မကယ်နိုင်ခဲ့ပေ။
တစ်ကွက်တည်းဖြင့် ရှေးဦးဝိညာဥ်ပါ ပြိုကွဲသွားကာ၊ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
“ အသုံးမကျဘူး “
ခရမ်းရောင် ဆံသားနှင့် အနက်ရောင် မျက်လုံးပိုင်ရှင် လူငယ်သည် စိတ်ပျက်လက်ပျက်ဖြစ်နေသော အမူအရာဖြင့် သူ၏ဦးခေါင်းကို ခါရမ်းနေခဲ့သည်။
“ ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလိုက်လဲ။ ဒါက ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်တွေရဲ့ အဆင့်အတန်းလား “
သူသည် အသံသည် စကြာဝဠာတစ်ခုလုံးတွင် ပဲ့တင်ထပ်နေကာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေနှစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။
တစ်ခဏ အကြာတွင်
ဝေါ
ကြီးမားသော/အားကောင်းသော အာမေဋိတ်သံတစ်သံ ပေါ်ထွက်လာခဲ့သည်။
ရာနှင့်ချီသော နဝမအဆင့် ပညာရှင်တို့၏ စိတ်နှလုံးသားများ လှုပ်ခါသွားခဲ့သည်။
တစ်ကွက်တည်းနဲ့ ရှေးဦးဝိညာဥ် ပြိုကွဲသွားပြီးတော့၊ အသက်စွမ်းအားပါ အပြတ်ရှင်းခံလိုက်ရတယ်ပေါ့
ကွာဟချက်က ဒီလောက်တောင် ကြီးနေတာလားဟ
အဆုံးတွင် တစ်စုံတစ်ဦးသည် ဒေါသတကြီး အော်ပြောလာခဲ့သည် “ ဒါက လက်ရည်ယှဥ်ပွဲ မဟုတ်ဘူးလား၊ ဘာကိစ္စ အသက်နှုတ်သွားတာလဲ “
ခရမ်းရောင် ဆံသားနှင့် အနက်ရောင် မျက်လုံးပိုင်ရှင် လူငယ်သည် ထိုလူကို ငေးကြည့်ကာ အေးအေးလူလူ ပြန်ပြောလိုက်သည် “ သူက အားနည်းလွန်းနေတာလေ၊ ငါ့အိမ်က ခွေးတွေဝက်တွေထပ်တောင် ပိုပြီးတော့ အားနည်းနေသေးတယ်။ သူ့ကို မတော်တဆ သတ်မိသွားတာက ဘာဖြစ်လို့လဲ “
ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ ဆိတ်ငြိမ်သွားခဲ့သည်။
အဆုံးမဲ့ ဒေါသများသည် မရေမတွက်နိုင်လောက်သည်အထိ များပြားလွန်းလှသော လူများ၏ မျက်လုံးများထဲတွင် ပြည့်လျှံလာခဲ့သည်။
ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်များက ခွေးများဝက်များထပ်ပင် အားနည်းသည်
ထိုကဲ့သို့ အလွန်အမင်း စော်ကားလွန်းသည့် စကားလုံးများနှင့် ရင်ဆိုင်ရသောအချိန်၌၊ အားလုံးသည် အလွန်ဒေါသထွက်လွန်းသဖြင့် မည်ကဲ့သို့ တုံ့ပြန်ရမလဲဆိုသည်ကိုပင် အဖြေမရှာနိုင် ဖြစ်သွားခဲ့သည်။
“ ဟားဟားဟား “
ထိုအချိန်၌ လှောင်ပြောင်နေသည့် ရယ်မောသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ ကြယ်ပြာဂြိုဟ်က တကယ်ချမ်းသာတာပဲ၊ အမှိုက်တွေကိုတောင် အများကြီး ထုတ်လုပ်ပေးနိုင်တယ် “
၎င်းမှာ မျက်လုံးလေးလုံး ပါရှိသည့် လူဖြစ်ပြီး၊ သူသည် သူ၏ဓားကို ဆွဲထုတ်ကာ၊ ကြယ်ပြာဂြိုဟ်ကို ဓားဖြင့် ချိန်ရွယ်ကာ၊ ကျယ်လောင်စွာ ကြေညာလာခဲ့သည် “ ငါ၊ ဖန်းယင်က အလယ်အလတ် အဆင့်၈မှာ ရှိတယ်၊ ဘယ်အမှိုက်က ငါ့ကို တိုက်ခိုက်ရဲလဲ “
သူ၏စကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် တွင်းပေါက်တွင် ရှိနေသည့် အမှောင်နယ်မြေ၏ တစ်ခြားသော ပညာရှင်များကပါ ရှေ့ထွက်လာခဲ့ကြသည်။
“ ကျားလန်၊ အစောပိုင်း အဆင့်၉၊ ငါ့ကို ဘယ်သူ တိုက်ရဲလဲ “
“ အဲရှုစီ၊ အဆင့်၈ အထွတ်အထိပ်၊ ဘယ်သူက ရှေ့ထွက်ပြီး တိုက်ရဲလဲ “
“ မီယာ၊ နှောင်းပိုင်း အဆင့်၈ ……….. “
…
……………………………………………………………………………………………………………………………….