← Chapters

အခန်း (၁၅၉၄-၁၅၉၆)

Vol. 107 Ch. 1594-1596

အခန်း (၁၅၉၄-၁၅၉၆)

Vol. 107 Ch. 1594-1596

အခန်း (၁၅၉၄) သူ့ကို ပုရွက်ဆိတ်သတ်သလိုမျိုးဖိသတ်ပစ်လို့ရတယ်

"ဟုတ်သားပဲ။ အစ်ကိုချူးက ဒီအစီအရင်အကြောင်းကို တကယ်ကြီး သိနေတာပဲ။"

ယဲ့ချိုးရွှေက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"တကယ်တော့ မူလစွမ်းအားပေါင်းစပ်အစီအရင်ကို တည်ဆောက်တာက လျန်ရွေ့ချိုင် တစ်ယောက်တည်း မဟုတ်ဘူး။ သူ့နောက်ကွယ်မှာ တခြား အစွမ်းထက်တဲ့ပညာရှင်ကြီးတွေ အများကြီးရှိသေးတယ်။ သူတို့က လျန်ရွေ့ချိုင်ထက်တောင် ပိုပြီး အစွမ်းထက်ကြသေးတယ်။ သူတို့က မိုးကြိုးခရမ်းဓားပိုင်နက်ထဲက အရင်းအမြစ်တွေကို လုယက်ပြီး Coreအဆင့်ကို ချိုးဖျက်တက်လှမ်းဖို့အတွက် ဒီ မူလစွမ်းအားပေါင်းစပ်အစီအရင်ကို တည်ဆောက်ခဲ့ကြတာ။"

ချူးယွင်ဖန်းက နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ အခြေအနေက အဲ့ဒီလိုဆိုရင် ဘာလို့ လျန်ရွေ့ချိုင်တစ်ယောက်တည်းပဲ ရှေ့ထွက်လာရတာလဲ။"

သူက ဝေခွဲမရစွာ မေးလိုက်မိသည်။

"ဘာလို့လဲဆိုတော့ လျန်ရွေ့ချိုင်က သူတို့အားလုံးထဲမှာ အားအနည်းဆုံးမို့လို့ပဲ။ တခြားသူတွေကတော့ မိုးကြိုးခရမ်းဓားရဲ့ အမွေအနှစ်ကို ရှာဖွေနေကြတာမို့ ဒီကိစ္စတွေအတွက် အချိန်မပေးနိုင်ကြဘူး။"

ယဲ့ချိုးရွှေက ရှင်းပြလိုက်သည်။

"လျန်ရွေ့ချိုင်က သူတို့အားလုံးကို ကိုယ်စားပြုတဲ့သူ မဟုတ်ဘူး။ အခု အစ်ကိုချူးက ရှန်ဖေးယွင်ကို သတ်လိုက်ပြီဆိုတော့ ဒီလူတွေက ရှင့်ကို သတိထားမိသွားမှာပဲ စိုးရိမ်မိတယ်။”

ထိုသူများသည် မိုးကြိုးခရမ်းဓားပိုင်နက်အတွင်းရှိ ပညာရှင်များကို ဂရုစိုက်လိမ့်မည်မဟုတ်ကြောင်း ချူးယွင်ဖန်း တွေးမိသည်။ သူတို့က ဤနေရာရှိပညာရှင်များကို ပုရွက်ဆိတ်များသဖွယ် သဘောထားကြသည် မဟုတ်ပါလား။ သို့သော်လည်း ယခုအခါ ရှန်ဖေးယွင်အပါအဝင် ပညာရှင်အများအပြားမှာ ချူးယွင်ဖန်း၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီဖြစ်ရာ ထိုသူများအနေနှင့် ဘုံရန်သူကို တိုက်ခိုက်ရန် စုစည်းလာကြလိမ့်မည် မဟုတ်ဟု အာမမခံနိုင်ပေ။ အထူးသဖြင့် ထိုသူများအားလုံးမှာ အလွန်တရာအစွမ်းထက်ကြသည်။

လျန်ရွေ့ချိုင် တစ်ယောက်တည်းပင်လျှင် ရွှေအမတေနှောင်းပိုင်းအဆင့်တွင် ရှိနေသည်။ တိုက်ခိုက်ရေးစွမ်းရည်အရဆိုလျှင် သူသည် ချူးယွင်ဖန်းထက်ပင် သာလွန်ပေလိမ့်မည်။ ချူးယွင်ဖန်းအနေဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းရှိသည်ဟုယုံကြည်မှုရှိသော်လည်း လျန်ရွေ့ချိုင်ကို အနိုင်ယူရန်မှာမူ မဖြစ်နိုင်သေးပေ။ လျန်ရွေ့ချိုင်ထက် ပို၍သန်မာသည်ဆိုသော ယဲ့ချိုးရွှေ ပြောသည့်ပညာရှင်များကိုမူ ဆိုဖွယ်ရာမရှိတော့ချေ။

"ကျွန်မတို့ အခုပဲ ဒီကနေ ထွက်သွားကြတာ အကောင်းဆုံးပဲ။"

ယဲ့ချိုးရွှေက ဆိုသည်။

"ကျွန်မ ဒီကိုလာတာ အစ်မထန်ရဲ့ အမိန့်နဲ့ ရှင့်ကို တရှဆီ ခေါ်သွားဖို့ပါ။ မိုးကြိုးခရမ်းဓားပိုင်နက်ကတော့ ကျဆုံးဖို့အတွက် အချိန်တစ်ခုပဲ လိုတော့တာ။ အဲ့ဒီလို ဖြစ်လာတဲ့အခါ ဒီနယ်မြေဟာ တရှရဲ့ နယ်နိမိတ်တစ်ခု ဖြစ်သွားတော့မှာ။"

"ကျွန်မတို့အတွက် အပြင်ဘက်မှာ ကြိုဆိုပေးမယ့်သူတွေကို စီစဉ်ထားပြီးပြီ။ အချိန်တန်ရင် အတားအဆီးနံရံနားမှာ သယ်ယူပို့ဆောင်ရေးအစီအရင်တစ်ခု တည်ဆောက်လိုက်ရုံနဲ့ ကျွန်မတို့ တရှကို ကူးပြောင်းသွားလို့ရပြီ။ နန်းတွင်းစစ်တပ်ရဲ့ တယ်လီပို့အစီအရင်ကို သုံးနေစရာမလိုဘူး။"

ယဲ့ချိုးရွှေက အလေးအနက် တိုက်တွန်းလေတော့သည်။ ချူးယွင်ဖန်းသည် ယဲ့ချိုးရွှေတစ်ယောက် အစစအရာရာ အပြည့်အစုံပြင်ဆင်ထားကြောင်း သိလိုက်သည်။ သူမ ပြောပုံအရဆိုလျှင် သူသည် မိုးကြိုးခရမ်းဓားပိုင်နက်မှ အမြန်ဆုံး ထွက်ခွာပြီး လီချန်းယွမ်နှင့် မတော်တဆဆုံမိခြင်းမှ ရှောင်ရှားကာ တရှသို့ အချိန်မီ ရောက်ရှိသွားနိုင်မည်ဖြစ်သည်။

မိုးကြိုးခရမ်းဓားပိုင်နက်အနေဖြင့် ထိန်းချုပ်မှုများ လက်လွှတ်ဆုံးရှုံးရရန်မှာ အချိန်ကိစ္စသာ ဖြစ်သည်။ အင်အားကြီးမားလှသောတရှကို ဆန့်ကျင်၍ မိုးကြိုးခရမ်းဓားပိုင်နက်အနေဖြင့် အနိုင်ရရန် အခွင့်အရေး လုံးဝမရှိပေ။

ချူးယွင်ဖန်းကို အနည်းငယ် စိတ်သက်သာရာရစေသည့် တစ်ခုတည်းသောအချက်မှာ တရှသည် မိုးကြိုးခရမ်းဓားပိုင်နက်အတွင်းရှိ အင်အားစုအသီးသီးကို အမြစ်ပြတ်သုတ်သင်ရန် ရည်ရွယ်ချက်မရှိခြင်းပင် ဖြစ်သည်။ ယင်းအစား ၎င်းတို့ကို မိမိတို့၏ အုပ်ချုပ်မှုအောက်သို့ သွတ်သွင်းရန်သာ စီစဉ်ထားကြသည်။ ထိုသို့သာဆိုလျှင် ပြည်သူလူထု၏ဘဝများမှာ ကပ်ဆိုးဆိုက်ရောက်ပြီး ဒုက္ခပင်လယ်ဝေရမည့် အခြေအနေမျိုး ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူသည် ဤမျှလွယ်လွယ်နှင့် ထွက်ခွာသွားရန် ဝန်လေးနေမိသည်။ ချူးယွင်ဖန်း ခဏမျှ စဉ်းစားလိုက်ပြီးနောက်မှ မေးလိုက်သည်။

"ငါတို့ အလျင်စလို ထွက်သွားဖို့ မလိုသေးဘူး။ အခု ငါတို့ရှေ့မှာ အခွင့်အရေးကြီးတစ်ခု ရှိနေတာပဲ။ ဘယ်လိုလဲ။ မင်း ရွှေအမတေ အဆင့်ကို ရောက်ချင်သလား။” "ရွှေအမတေ အဆင့်လား။"

ယဲ့ချိုးရွှေ၏ လှပသောမျက်နှာလေးက အရောင်ဝင်းလက်သွားသည်။ သူမ၏အသက်ရှူသံများ စတင်မြန်ဆန်လာပြီး မို့မောက်သောရင်အစုံမှာလည်း နိမ့်ချည်မြင့်ချည်နှင့် လှုပ်ရှားလာခဲ့သည်။ သူမအနေဖြင့် ရွှေအမတေအဆင့်သို့ မည်သို့လျှင် မရောက်ရှိချင်ဘဲ နေမှာတဲ့လဲ။

ထိုအဆင့်မှာ သူမ အိပ်မက်မက်ခဲ့ရသည့်အဆင့်တစ်ခု ဖြစ်သည်။ သူတို့ကဲ့သို့သော မျိုးဆက်သစ်လူငယ်များအဖို့ လီချန်းယွမ်ကဲ့သို့သော ထူးဆန်းသည့်ပါရမီရှင်မျိုးမှလွဲ၍ အများစုမှာ Coreအဆင့်တွင်သာ ရုန်းကန်နေကြရဆဲ ဖြစ်သည်။ ရွှေအမတေအဆင့်သို့ ရောက်ရှိသွားခြင်းက သူတို့ကို အတော်ဆုံးသူများထဲမှတစ်ဦး ဖြစ်လာစေမည်ဖြစ်သည်။ ရွှေအမတေအဆင့်သို့ ခြေလှမ်းလှမ်းနိုင်ခြင်းဖြင့် တပည့်အချင်းချင်းကြားတွင်ပင် အများကြီး ရှေ့ရောက်သွားနိုင်မည် ဖြစ်သည်။ သို့သော်လည်း ခြေလှမ်းတစ်ဝက်အမတေအဆင့်မှ 'ရွှေအမတေ' အဆင့်သို့ တက်လှမ်းရန်မှာ ပြောရသည်မှာ လွယ်ကူသလောက်၊ လက်တွေ့တွင်မူ လူမည်မျှအထိ ဤအဆင့်၌ တစ်ဆို့နေကြရသည်ကို မည်သူသိနိုင်ပါမည်နည်း။

ကျင့်ကြံခြင်းလမ်းခရီးတွင် ရဲရဲဝံ့ဝံ့ ရှေ့ဆက်တိုးနိုင်မည့်အခွင့်အရေးမျိုးမှာ အကြိမ်များစွာ မရှိတတ်ပေ။ အကယ်၍ သူတို့၏အသက်အရွယ်တွင် လျင်လျင်မြန်မြန် အဆင့်မတက်နိုင်ခဲ့ပါက နောင်အနာဂတ်၏ အောင်မြင်မှုများမှာလည်း ကန့်သတ်ချက် ရှိသွားပေလိမ့်မည်။ တစ်ရက်စော၍ အဆင့်တက်နိုင်ခြင်းကပင် များစွာအဓိပ္ပာယ်ရှိလှသည်။ သို့သော်လည်း ယဲ့ချိုးရွှေ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။ သူမက ချူးယွင်ဖန်းကို ကြည့်ကာ ပြောလိုက်သည်။

"အစ်ကိုချူး ရှင်ပြောတာ မူလစွမ်းအားပေါင်းစပ်အစီအရင်အကြောင်းကို ပြောတာလား?"

ချူးယွင်ဖန်းက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

"အစီအရင်က အပြီးသတ်သွားပြီ။ အထဲမှာရှိတဲ့ ပေါင်းစပ်ပြီးသားမူလစွမ်းအင်တွေက ကျင့်ကြံသူတွေအတွက် အလွန်ကောင်းမွန်တဲ့ အားဖြည့်ပစ္စည်းတွေပဲ။ အခု တခြားပညာရှင်တွေလည်း ဒီမှာမရှိဘူး၊ လျန်ရွေ့ချိုင်ကလည်း ငါ့ကိုသတ်ဖို့ ဒီအထိ တကူးတက လာနေတယ်ဆိုတော့ အဲ့ဒီအစီအရင်က လွတ်နေမှာပဲ။ လျန်ရွေ့ချိုင်ကိုယ်တိုင် စောင့်မနေသရွေ့တော့ ရှန်ဖေးယွင်လောက်ရှိတဲ့စစ်သည်တွေရှိနေရင်တောင် ငါ့ရဲ့ တစ်ချက်တည်းသော တိုက်ခိုက်မှုကို သူတို့ ခံနိုင်မှာမဟုတ်ဘူး။ ဒါဟာ တစ်ခါမှမကြုံဖူးတဲ့ အခွင့်အရေးပဲ။"

"စကားပုံတစ်ခုရှိတယ်၊ ကောင်းကင်ဘုံကပေးတဲ့လက်ဆောင်ကို မယူဘူးဆိုရင် မင်းဆီကို ကစဉ့်ကလျားဒုက္ခတွေ ရောက်လာလိမ့်မယ်တဲ့။"

ချူးယွင်ဖန်း၏မျက်လုံးများ တောက်ပသွားသည်။

"လျန်ရွေ့ချိုင်က ငါ့ကိုသတ်ချင်နေမှတော့ ငါလည်း သူ့ရဲ့အခြေခံအုတ်မြစ်ကို ဖြတ်တောက်ပစ်ရမှာပေါ့။ သူက အဆင့်တက်ချင်နေတာ မဟုတ်လား? ငါကတော့ သူ့ရဲ့ အခွင့်အရေးကို ဖျက်ဆီးပစ်ရုံပဲ။"

ယဲ့ချိုးရွှေ အံ့ဩတကြီး အသက်ရှူမှားသွားရသည်။ အကယ်၍ ဤအစီအစဉ်သာ အောင်မြင်သွားပါက လျန်ရွေ့ချိုင်အတွက် သေလောက်အောင် ပြင်းထန်သော ထိုးနှက်ချက်ဖြစ်သွားမည်ကို သူမ သိနေသည်။ လျန်ရွေ့ချိုင်သည် မိုးကြိုးခရမ်းဓားပိုင်နက်ဆီသို့ အရင်ဦးဆုံးရောက်ရှိရန် နည်းလမ်းမျိုးစုံ ကြံစည်ခဲ့ရသည်။ ထိုမှသာ မူလစွမ်းအားပေါင်းစပ်အစီအရင်ကို တည်ဆောက်နိုင်မည်ဖြစ်ပြီး ပေါင်းစပ်မူလစွမ်းအင်များကို အသုံးပြုကာ သူ၏ခန္ဓာကိုယ်ကို အားဖြည့်ပြီး ရွှေအမတေအထွတ်အထိပ်အဆင့် သို့မဟုတ် ထိုထက်တစ်ဆင့်မြင့်သော အမတေအထက်တက်လှမ်းအဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်ပါလား။

သူတို့မျိုးဆက်တွင် အမတေအထက်တက်လှမ်းအဆင့်အထက်ရှိသောပုဂ္ဂိုလ်များသာလျှင် လောက၌ ထင်ပေါ်ကျော်ကြားရန်နှင့် ဂိုဏ်းကြီးများ၏ အကြီးအကဲများ၏ အလေးပေးမှုကို ခံရရန် အရည်အချင်းရှိကြခြင်းဖြစ်သည်။ ၎င်းမှာ လုံးဝခြားနားသောကမ္ဘာသစ်တစ်ခုပင်။ အကယ်၍ ချူးယွင်ဖန်းကသာ ထိုစွမ်းအင်များကို လုယူလိုက်မည်ဆိုပါက သူသည် လူအများ၏ ပစ်မှတ်ဖြစ်လာပေလိမ့်မည်။ ထိုပညာရှင်များက သူ့ကို လွယ်လွယ်နှင့် လွှတ်ပေးကြမည်မဟုတ်ပေ။ သို့သော် ပြန်စဉ်းစားကြည့်ပြန်လျှင်လည်း သူသည် အခုကတည်းက လူအများ၏ ပစ်မှတ်ဖြစ်နေသည် မဟုတ်ပါလား? အတူတူပင် ဖြစ်လိမ့်မည်။

"ဒါပေမဲ့ ကျွန်မတို့ အဲ့ဒီလိုလုပ်လိုက်ရင် လျောင်ရွှေ့ချိုင်နဲ့ သေတပန်သက်တစ်ဆုံး တိုက်ခိုက်ရတော့မယ် ထင်တယ်။"

ယဲ့ချိုးရွှေ က စိုးရိမ်တကြီး ပြောရှာသည်။

"ဘာကို ကြောက်နေတာလဲ? ငါက အဲ့ဒီစွမ်းအင်တွေကို လုယူပြီး ငါ့ရဲ့ကျင့်ကြံမှုအဆင့် တက်သွားတဲ့အခါ ဘယ်သူက ဘယ်သူ့ကို သတ်မလဲဆိုတာ ပြောရခက်သွားပြီ။ အဲ့ဒီအချိန်ကျရင် သူ့ကိုသတ်ရတာ ပုရွက်ဆိတ်တစ်ကောင်ကို နင်းသတ်ရသလို လွယ်သွားလိမ့်မယ်။"

ချူးယွင်ဖန်းက လှောင်ပြုံးဖြင့် ဆိုသည်။ သူ့ရှေ့တွင် ပြိုင်ဘက်ကင်းပါရမီရှင် ဆိုသည်မှာ ဘာမှမဟုတ်ပေ။ သူ့ထက် အဆင့်မြင့်သောသူများကို သူ သတ်ခဲ့သည်မှာ တစ်ယောက်နှစ်ယောက်မကတော့ချေ။

"ဘယ်လိုလဲ? မင်း တိုက်ဖို့ မဝံ့ရဲဘူးဆိုရင်လည်း ထားလိုက်ပါတော့။"

ချူးယွင်ဖန်းက ယဲ့ချိုးရွှေကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။

ယဲ့ချိုးရွှေတစ်ယောက် တံတွေးမျိုချလိုက်မိသည်။ ချူးယွင်ဖန်းသည် ထန်စစ်ယု၏မျက်နှာကြောင့် သူမကို ဤကဲ့သို့သောကံကောင်းမှုကြီး ပေးလိုနေခြင်းဖြစ်ကြောင်း သူမ သိလိုက်သည်။ သို့မဟုတ်ပါက သူသည် သူမကို ခေါ်ဆောင်သွားလိမ့်မည်မဟုတ်ပေ။ ရွှေအမတေအဆင့်သို့ တက်လှမ်းနိုင်ခြင်းမှာ သူမအတွက် ကြီးမားသောဆွဲဆောင်မှုတစ်ခုပင်။ သို့သော် ဤဆွဲဆောင်မှုမှာ သကြားသုတ်ထားသောအဆိပ်နှင့် တူလှသည်။ ချူးယွင်ဖန်းနှင့်သာ လက်တွဲလိုက်ပါက သူမသည် အခြားသူအားလုံးနှင့် ဆန့်ကျင်ဘက်ဖြစ်သွားရတော့မည်။ ၎င်းမှာ စိတ်ကူးကြည့်၍ပင် မရနိုင်လောက်သောစွန့်စားမှုကြီး ဖြစ်သည်။ ခဏအကြာတွင် သူမသည် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး ကျေးဇူးတင်စကားဆိုလိုက်တော့သည်။

"လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုချူး။ ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်။"

"ကောင်းပြီ။"

ချူးယွင်ဖန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ယဲ့ချိုးရွှေနှင့်အတူ အလင်းတန်းတစ်ခုအသွင်ဖြင့် ပျောက်ကွယ်သွားလေတော့သည်။

အခန်း (၁၅၉၅) ဆုကြေးရဖို့သူ့ခေါင်းကိုရအောင်ယူကြတာပေါ့

ချူးယွင်ဖန်းနှင့် ယဲ့ချိုးရွှေတို့ ထွက်ခွာသွားပြီး မကြာမီမှာပင် လူတစ်စုသည် အလင်းတန်းများသဖွယ် ပျံသန်းရောက်ရှိလာကြသည်။ ထိုသူတို့သည် တောက်ပြောင်ခမ်းနားသောဝတ်ရုံများကို ဆင်မြန်းထားကြပြီး မျက်နှာထက်တွင်လည်း ထောင်လွှားသောအမူအရာများ ရှိနေကြလေသည်။

“သူ မလာသေးဘူးလား?”

ခေါင်းဆောင်ဖြစ်သူမှာ သန်မာထွားကျိုင်းသောကိုယ်ခန္ဓာနှင့် ချောမောသောမျက်နှာပိုင်ရှင်လူငယ်တစ်ဦး ဖြစ်သည်။ သူကား တချီတစ်ပြည်လုံးကို သိမ်းကျုံးနှိမ်နင်းကာ တစ်ပြည်လုံးကို ဖိနှိပ်ချုပ်ကိုင်ထားသည့် လျန်ရွေ့ချိုင်ပင် ဖြစ်တော့သည်။

“အဲ့ဒီလို ထင်တာပဲ။ ယဲ့ချိုးရွှေက ငါတို့နဲ့ မပူးပေါင်းချင်ဘူးဆိုတဲ့သတင်းကို သူ မရလိုက်တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အဲ့ဒီမိန်းကလေးကပဲ သူ့ကို ကြိုပြောလိုက်တာလား မသိဘူး။”

လူငယ်တစ်ဦးက သံသယဖြင့် ရေရွတ်လိုက်သည်။

“အဲ့ဒါကတော့ မဖြစ်နိုင်တာ။”

ထိုလူအုပ်ထဲတွင် ရှိနေသော ကွေ့မင်ကျဲက ကြားဖြတ်ပြောဆိုလိုက်သည်။

“သူ့ရဲ့ကိုယ်ထဲမှာလည်း ယင်နှင့်ယန်စွမ်းအားချိပ်စည်းကို ထည့်ထားတာပဲ။ သူသာ ဉာဏ်ရှိမယ်ဆိုရင် ချူးယွင်ဖန်းကို ဘယ်တော့မှ ပြောပြမှာမဟုတ်ဘူး။”

အားလုံးက ခေါင်းညိတ်ထောက်ခံကြသည်။ မည်သို့ပင် ကြည့်စေကာမူ ယဲ့ချိုးရွှေအနေဖြင့် ချူးယွင်ဖန်းကို ပြောပြစရာ အကြောင်းမရှိပေ။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့ထဲမှ မည်သူကမျှ ဒေသခံတစ်ဦးဖြစ်သူ ချူးယွင်ဖန်းကို အထင်မကြီးကြချေ။ ထို့ပြင် ယဲ့ချိုးရွှေသည်လည်း ယင်နှင့်ယန်စွမ်းအားချိပ်စည်း၏ထိန်းချုပ်မှုကို ခံရသူ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် ၎င်းတို့ဘက်တော်သားသာ ဖြစ်သင့်သည်။ သူမအနေဖြင့် ဒေသခံတစ်ဦးနှင့် ပူးပေါင်းလိမ့်မည်ဟူသောအချက်မှာ ၎င်းတို့အမြင်တွင် လုံးဝမဖြစ်နိုင်သောကိစ္စရပ်ပင် ဖြစ်သည်။

“ဟုတ်တယ်။ ငါတို့အားလုံးက ချူးယွင်ဖန်းကို သတ်ချင်နေကြတာ။ သူက ဘယ်လိုလုပ်ပြီး သူ့ဘက်ကို ပါသွားနိုင်မှာလဲ။”

လုဟုန်ယွမ်က ထပ်လောင်းပြောဆိုသည်။ ယဲ့ချိုးရွှေက ၎င်းတို့ကို သစ္စာဖောက်မည်ဟု သူ လုံးဝမယုံကြည်ပေ။

“ဒါနဲ့ စကားမစပ် မင်းတို့ကတော့ တကယ်ကို အသုံးမကျတာပဲ။ ဒေသခံ တစ်ယောက်ရဲ့အမှတ်အသား အလုပ်ခံရတယ်လို့။”

ခမ်းနားသောဝတ်ရုံကို ဆင်မြန်းထားသည့်လူငယ်တစ်ဦးက ကွေ့မင်ကျဲကို ကဲ့ရဲ့ရှုံ့ချသောမျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။

ကွေ့မင်ကျဲနှင့် လုဟုန်ယွမ်တို့ မျက်နှာပျက်သွားကြရသည်။ ချူးယွင်ဖန်း၏အမှတ်အသား ပြုလုပ်ခြင်းခံရသည်မှာ ၎င်းတို့အတွက် အကြီးမားဆုံးအရှက်ရစရာပင် ဖြစ်သည်။ ဤအရှက်ရမှုက ၎င်းတို့၏ တစ်သက်တာလုံး အရိပ်ပမာ လိုက်ပါနေတော့မည် ဖြစ်သည်။ ထိုအမှတ်အသားကို နှိမ်နင်းနိုင်ရန်အတွက် လျန်ရွေ့ချိုင်နှင့် အခြားသူများကို အကူအညီတောင်းရုံမှတစ်ပါး အခြားမရှိပေ။ ဤသတင်းမှာလည်း မကြာမီ တစ်လောကလုံးသို့ ပျံ့နှံ့သွားပေတော့မည်။ ချူးယွင်ဖန်းကို ရှာဖွေပြီး မသတ်နိုင်သရွေ့ ဤအရှက်တရားကို မည်သည့်အခါမျှ ဆေးကြောနိုင်မည်မဟုတ်ချေ။

“သူ့ကို အထင်မသေးနဲ့။ သူ့ရဲ့ ခွန်အားက ထူးခြားဆန်းကြယ်ရုံတင်မကဘူး၊ အရေးကြီးဆုံးက သူ့နားမှာ ဟုတ်သားရဲတစ်ကောင်ရှိနေတာပဲ။ ငါတို့က သူ့ကို ရှုံးခဲ့တာမဟုတ်ဘူး၊ အဲ့ဒီ ဟုတ်သားရဲကို ရှုံးခဲ့တာ။”

ကွေ့မင်ကျဲ က မျက်နှာအနည်းငယ် နီမြန်းလျက် ခုခံကာကွယ်ပြောဆိုလိုက်သည်။

“ဟားဟားဟား... မင်းကတော့ မင်းရဲ့ အားနည်းချက်အတွက် အကြောင်းပြချက်တွေ လိုက်ရှာနေတာပဲ။”

ထိုလူငယ်များသည် တစ်ပြိုင်နက် ရယ်မောလိုက်ကြသည်။ ၎င်းတို့အမြင်တွင် ကွေ့မင်ကျဲ နှင့် လုဟုန်ယွမ် တို့သည် ပုံပြင်များလုပ်ကြံဖန်တီးပြီး မိမိတို့၏အရှက်တရားကို ဖုံးကွယ်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။

“ဟုတ်သားရဲဆိုတာက မျိုးတုန်းသွားတာ ရာစုနှစ်ပေါင်းများစွာ ကြာပြီ။ တရှ မှာတောင် တစ်ကောင်မှ ရှာမတွေ့နိုင်တာကို ဒီလိုနေရာမျိုးမှာ ဘယ်လိုလုပ် ရှိနေမှာလဲ?”

ထိုလူများသည် ဟုတ်သားရဲ ရှိနေသည်ဆိုသည်ကို လုံးဝမယုံကြည်ကြချေ။ ၎င်းတို့အမြင်တွင် ကွေ့မင်ကျဲ နှင့် လုဟုန်ယွမ်တို့၏ လှည့်စားဖုံးကွယ်မှုတစ်ခုမျှသာ ဖြစ်မည်ဟု ထင်ကြသည်။

“ငါတို့ လိမ်ပြောနေတာမဟုတ်ဘူး။ သူ့မှာ တကယ်ပဲ ဟုတ်သားရဲတစ်ကောင် ပါတယ်?”

လုဟုန်ယွမ်က ဒေါသတကြီး ပြောလိုက်သည်။

“မင်းတို့ ပုံပြင်တွေ ပြောမနေပါနဲ့တော့။ ငါတို့ရထားတဲ့သတင်းတွေအရ ချူးယွင်ဖန်းရဲ့ဘေးမှာ ဟုတ်သားရဲတစ်ကောင်မှ မရှိပါဘူး။”

အခြားလူငယ်တစ်ဦးက ကွေ့မင်ကျဲနှင့် လုဟုန်ယွမ်ကို လှောင်ပြောင်လိုက်ပြန်သည်။

၎င်းတို့နှစ်ဦးမှာ မျက်နှာများ နီမြန်းကာ အလွန်ဒေါသထွက်နေကြသော်လည်း ၎င်းတို့၏ စကားကို ထောက်ခံပေးမည့် အထောက်အထား မရှိဖြစ်နေသည်။ ၎င်းတို့ စုဆောင်းရရှိထားသည့် သတင်းအချက်အလက်များအရ ချူးယွင်ဖန်းသည် ဟုတ်သားရဲနှင့် မည်သို့မျှ မသက်ဆိုင်သည်မှာ အမှန်ပင်။ သို့သော်လည်း ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော ဟုတ်သားရဲတစ်ကောင်၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရသည်မှာလည်း အမှန်တရားပင် ဖြစ်သည်။

ဤလူများသည် ယာယီအားဖြင့် အဖော်များဖြစ်ကြသော်လည်း တရှတွင် ရှိစဉ်ကတည်းက အချင်းချင်း ပဋိပက္ခရှိကြပြီး အဆင်မပြေသူများ ဖြစ်ကြသည်။ ယခုကဲ့သို့ အခွင့်အရေးရခိုက်တွင် ကွေ့မင်ကျဲနှင့် လုဟုန်ယွမ်တို့ကို အစွမ်းကုန် လှောင်ပြောင်ကဲ့ရဲ့ကြလေတော့သည်။

ကွေ့မင်ကျဲနှင့် လုဟုန်ယွမ်တို့ နှုတ်ဆိတ်သွားကြသည်။ ၎င်းတို့လိမ်မပြောသည်ကို ၎င်းတို့ဘာသာ သိသော်လည်း ဤလူများကတော့ အဓိပ္ပာယ်မရှိသောစကားများဟုသာ ထင်နေကြသည်။ ချူးယွင်ဖန်း၏ဟုတ်သားရဲနှင့် တွေ့သည့်အခါကျမှ ထိုအကောင် မည်မျှအစွမ်းထက်သည်ကို သိကြပေလိမ့်မည်။ ဤသို့တွေးမိရင်း ချူးယွင်ဖန်းအနေဖြင့် ဤလူများကို သင်ခန်းစာ ပေးလိုက်စေချင်မိသည်။ သို့မှသာ ၎င်းတို့ အားနည်း၍ ရှုံးခြင်းမဟုတ်ဘဲ ရန်သူက အလွန်အမင်း အစွမ်းထက်နေခြင်းဖြစ်ကြောင်း သိသွားကြမည် မဟုတ်ပါလား။

“ယဲ့ချိုးရွှေ ငါတို့ကို သစ္စာဖောက်တာ၊ မဖောက်တာက အရေးမကြီးဘူး။”

လျန်ရွေ့ချိုင်က အေးစက်စွာ ပြောလိုက်သည်။

“ချူးယွင်ဖန်း ဒီကိုရောက်မလာဘူးဆိုကတည်းက သူ ကြောက်နေလို့ ဖြစ်ရမယ်။ သူသာ ထွက်လာရဲရင် ငါကိုယ်တိုင် သတ်ပစ်မယ်။”

လျန်ရွေ့ချိုင်သည် ကွေ့မင်ကျဲနှင့် လုဟုန်ယွမ်တို့၏စကားကို အရေးတယူ မလုပ်ပေ။ ဟုတ်သားရဲဆိုသည်မှာ ရှေးခေတ်ကတည်းက သားရဲစာရင်းတွင် ထိပ်ဆုံးမှ ရှိနေသည့် ကြောက်မက်ဖွယ်သတ္တဝါဖြစ်သည်။ ၎င်း ပေါ်လာလျှင် မိုင်ပေါင်းထောင်ချီသောမြေရိုင်းပြင်ကြီးများ ဖြစ်ပေါ်လာတတ်စမြဲ။ ကမ္ဘာတစ်ခုလုံးကို ၎င်း၏ အစာအဖြစ် ပြောင်းလဲပစ်ရန်မှာ သာမန်ကိစ္စသာ ဖြစ်သည်။

သို့သော်လည်း ၎င်းတို့သည် ဟုတ်သားရဲနှင့် ပတ်သက်သော မည်သည့်သတင်းကိုမျှ မကြားမိကြချေ။ ၎င်းမှာ ကွေ့မင်ကျဲတို့၏မှားယွင်းမှုဖြစ်ကြောင်း ရှင်းလင်းနေသည်။ လျန်ရွေ့ချိုင်က ထိုနှစ်ဦးသည် အခြားသတ္တဝါတစ်ကောင်ကို ဟုတ်သားရဲဟု မှားယွင်းထင်မှတ်နေခြင်းသာ ဖြစ်လိမ့်မည်ဟု တွေးတောမိသည်။ အဆုံးစွန်ဆိုရလျှင် မိစ္ဆာသားရဲအချို့တွင် ဟုတ်သားရဲ၏သွေးပါနေတတ်သဖြင့် ပုံပန်းသဏ္ဍာန် ဆင်တူနေခြင်းမျိုး ဖြစ်နိုင်သည် မဟုတ်ပါလား။

“ဒါပေမဲ့ ကွေ့မင်ကျဲပြောတာလည်း အကြောင်းမဲ့တော့ မဟုတ်ဘူး။ ချူးယွင်ဖန်းက ဒေသခံတစ်ယောက်ဆိုပေမယ့် တခြားသူတွေနဲ့တော့ မတူဘူး။ ရှန်ဖေးယွင်တောင် သူ့လက်ချက်နဲ့ သေခဲ့ရတာပဲ။”

လျန်ရွေ့ချိုင် ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။

“မင်းတို့ရဲ့ လက်အောက်ခံအင်အားစုအားလုံးကို သူလျှိုတွေ ဖြန့်ထားလိုက်ပါ။ ချူးယွင်ဖန်းဘယ်မှာရှိလဲဆိုတာကို ငါတို့ ရှာရမယ်။ မြို့စားဟူထျန်းကလည်း သူ့ခေါင်းအတွက် ဆုကြေးထုတ်ထားတယ်လို့ ကြားတယ်။ ရှန်ဖေးယွင်လည်း ချူးယွင်ဖန်းကို သွားပြဿနာရှာလို့ အသက်ပျောက်ခဲ့ရတာပဲ။”

လျန်ရွေ့ချိုင်သည် ချူးယွင်ဖန်းကို အမှုမထားပေ။ ရှန်ဖေးယွင်ကသာ အသုံးမကျ၍ သေရခြင်းဟု သူ ထင်မြင်ယူဆထားသည်။

ချူးယွင်ဖန်းမှာ ဘာများ ထူးခြားနေလို့လဲ....

၎င်းတို့ အုပ်စုထဲတွင်ပင် ရှန်ဖေးယွင်ထက် သာလွန်သူ အများအပြား ရှိနေပြီး ၎င်းတို့၏ခွန်အားမှာလည်း အဆပေါင်းများစွာ သာလွန်ပေသည်။

လျန်ရွေ့ချိုင်သည် ချူးယွင်ဖန်းပေါ်လာသည်နှင့် သတ်ပစ်မည်ဟု ဆုံးဖြတ်ထားသည်။ ထို့နောက်မှ မြို့စားဟူထျန်းဖြစ်သူ လီချန်းယွမ်ထံသွား၍ ဆုလာဘ်ကို ထုတ်ယူမည် ဖြစ်သည်။

၎င်းတို့သည် မာနကြီးသောပါရမီရှင်များ ဖြစ်ကြသော်လည်း လီချန်းယွမ်၏အမည်ကို ကြားလိုက်ရသည်နှင့် အားလုံး၏ မျက်နှာများက ပြောင်းလဲသွားကြသည်။ သူကား ၎င်းတို့အားလုံး မော့ကြည့်ရမည့် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုပင် ဖြစ်သည်။ သူ၏ ကျင့်စဉ်ခွန်အားမှာ ၎င်းတို့၏ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများထက်ပင် ပို၍ ကြောက်စရာကောင်းနေနိုင်ပေသည်။

၎င်းတို့မျိုးဆက်အတွင်း သူသည် ဒဏ္ဍာရီတစ်ခုကဲ့သို့ပင် တည်ရှိနေသူဖြစ်သည်။ သူနှင့် ယှဉ်ပြိုင်နိုင်သူဟူ၍ မရှိသလောက်ပင်။

“မှန်တယ်။ ငါတို့ သူ့ခေါင်းကို ဖြတ်ယူပြီး ဆုကြေး သွားယူကြတာပေါ့။”

လူငယ်တစ်ဦးက ထိုသို့ပြောလိုက်ရင်းဖြင့် အကြည့်များက အရောင်တောက်သွားသည်။

“မြို့စားဟူထျန်းက သူ့လက်အောက်ငယ်သားတွေအပေါ်မှာ ဘယ်တုန်းကမှ ကပ်စေးမနည်းဖူးဘူး။ ငါတို့ ကံကောင်းမယ့်အချိန် ရောက်ပြီဟေ့ ဟားဟားဟား!”

“ဒါကတော့ မိုးပေါ်ကကျလာတဲ့ မုန့်ပိုင်းပဲပေါ့ကွာ....”

အခန်း ( ၁၅၉၆ ) ရေပုံးပေါက်ဖြင့်ရေခပ်ခြင်း

တချီ၏အင်ပါယာမြို့တော်သည် နိုင်ငံ၏ဗဟိုချက်မဖြစ်သည်။ ၎င်းသည် တချီ ပြည်သူများ၏နှလုံးသားထဲတွင် ကမ္ဘာကြီး၏ဗဟိုချက်လည်းဖြစ်သည်။ ဤနေရာမှတစ်ခါမျှ မထွက်ခွာဖူးသူများအဖို့မူ ဤသည်မှာ ကမ္ဘာ့အလယ်ဗဟိုပင်ဖြစ်ပေသည်။ တောင်တန်းတစ်ခုကဲ့သို့ အဆုံးအစမရှိလှသော မြို့ရိုးကြီးများမှာ မြင့်မားထည်ဝါလှသည်။

မြေနိမ့်ပိုင်းတစ်ဝိုက်တွင် ရေတွက်၍မရနိုင်သော ကာကွယ်ရေးအရံအတားများမှာ မှိန်ဖျော့ဖျော့အလင်းတန်းများဖြင့် လက်ခနဲဖြစ်သွားကြပြီး ထိုအတားအဆီးများ၏အလယ်တွင် အလွန်တရာကြီးမားလှသော အစီအရင်တစ်ခု ရှိနေသည်။ ၎င်းမှာ အရှိန်အဟုန်ဖြင့် လည်ပတ်နေသည့် အတိုင်းအဆမရှိကြီးမားသော ဝဲဂယက်ကြီးတစ်ခုနှင့် တူလှသည်။

အဝေးတစ်နေရာမှနေ၍ သဘာဝရတနာများ တင်ဆောင်လာသည့် မြောက်မြားစွာသော လှည်းတန်းကြီးများမှာ ဤနေရာသို့ ဦးတည်လာနေကြသည်။ ထို့နောက် သိုင်းပညာရှင်များသည် ထိုသဘာဝရတနာများကို အစီအရင်ထဲသို့ ပစ်ထည့်လိုက်ကြသည်။ ခဏအကြာတွင် ထိုအရာများသည် လိမ္မော်ရောင်စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး အစီအရင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ရေတွက်၍မရသော ဝိညာဉ်ကျောက်တုံးများကိုလည်း အစီအရင်၏ပတ်ပတ်လည်တွင် ပစ်ထည့်ထားကြရာ အစီအရင်အတွက် လိုအပ်သောစွမ်းအင်များကို အဆက်မပြတ် ထောက်ပံ့ပေးနေသည်။

ဤအစီအရင်၏ပတ်ဝန်းကျင်တွင် တချီတော်ဝင်စစ်တပ်မှ မရေမတွက်နိုင်သော စစ်သည်တော်များက အစီအရင်ကို အစောင့်အကြပ်ပြုကာ ကာကွယ်နေကြသည်။ များစွာသော သိုင်းပညာရှင်များသည် ဤအစီအရင်ကို အဝေးမှကြည့်ရင်း သူတို့၏မျက်နှာများတွင် နာကျင်မှုနှင့် နာကျည်းမှုများဖြင့် ပြည့်နှက်နေကြသည်။ ဤအစီအရင်မှာ တချီတစ်နိုင်ငံလုံး၏အင်အားများကို ဝါးမြိုနေသည့် အောက်ခြေမရှိသော ကျင်းကြီးတစ်ခုနှင့် တူလှသည်။ ဤဖြစ်ရပ်ကြောင့် တချီသည် ပြင်းထန်သော ထိုးနှက်ချက်ကို ခံစားလိုက်ရသည်။

သူတို့ကဲ့သို့သော ကျင့်ကြံသူများ၏နိုင်ငံအတွက် ငွေကြေးဆိုသည်မှာ ဘာမှမဟုတ်ပေ။ စစ်မှန်သော မဟာဗျူဟာမြောက် အရင်းအမြစ်များမှာ ဝိညာဉ်ကျောက်တုံးများနှင့် ကောင်းကင်ဘုံရတနာများသာ ဖြစ်ကြသည်။ ဤအရာများသည် တချီအတွက် အင်အားကြီးသော သိုင်းပညာရှင်များကို အဆက်မပြတ် မွေးထုတ်ပေးနေပြီး တစ်နိုင်ငံလုံး၏ လည်ပတ်မှုကို ထိန်းသိမ်းပေးထားသည့် အရာများဖြစ်သည်။

သို့သော်လည်း ယခုအခါ တချီ၏အင်အားမှာ ရုတ်တရက် ခမ်းခြောက်သွားခဲ့ရပြီး ၎င်းကို ပြန်လည်ကုစားရန် နှစ်ပေါင်းငါးဆယ်ခန့် အချိန်ယူရပေလိမ့်မည်။

သို့သော်ငြားလည်း သူတို့သည် ဤကိစ္စကို ရှေ့ထွက်တားဆီးရန် မဝံ့ရဲကြပေ။ တချီတစ်ခုလုံးကို တစ်ကိုယ်တော် ဒူးထောက်အောင် လုပ်ခဲ့သည့် မိစ္ဆာကဲ့သို့သော ထိုပုဂ္ဂိုလ်၊ ကြောက်မက်ဖွယ်ကောင်းသော ထိုတည်ရှိမှုကို သူတို့အားလုံး သတိရနေကြသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်၏အမိန့်ကို မည်သူမျှ မဖီဆန်ဝံ့ကြချေ၊ အဘယ်ကြောင့်ဆိုသော် ဖီဆန်ဝံ့သူများမှာ အသက်ပျောက်ခဲ့ကြရပြီ ဖြစ်သောကြောင့်ပင်။ သူတို့၏မိသားစုများမှာ အမြစ်ပြတ်သုတ်သင်ခံခဲ့ရပြီး သူတို့၏ဂိုဏ်းများနှင့် အင်အားစုများအားလုံးမှာလည်း ကွပ်မျက်ခြင်း ခံခဲ့ရသည်။ ထို့ကြောင့် သူတို့အနေနှင့် မကျေနပ်သော်လည်း အပြင်ပန်းတွင်မူ ထုတ်မပြရဲကြချေ။

ဤအခိုက်အတန့်တွင် သူတို့သည် ဒုက္ခချင်းတူနေသည့် အခြားညီနောင်တစ်နိုင်ငံဖြစ်သော တဝေကို သတိရလိုက်မိကြလေသည်။

ယခင်ကမူ သူတို့သည် တဝေ၏ကျူးကျော်မှုကို မည်သို့ကာကွယ်ရမည်နည်းဟု နည်းလမ်းရှာခဲ့ကြဖူးသည်။ သို့သော်လည်း တရှ၏ကျူးကျော်မှုနှင့်အတူ တဝေနှင့် တချီတို့မှာ တစ်ဦးကိုတစ်ဦး သတိထားနေရသည့် အခြေအနေမှသည် ဒုက္ခချင်းတူသည့် ညီနောင်များအဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။

တချီသည် တရှပညာရှင်များ၏လက်ထဲသို့ ကျရောက်ခဲ့ရသည်။ သို့သော်လည်း တဝေသည်လည်း ပိုကောင်းသည့် အခြေအနေမျိုးတွင် မရှိပေ။ သူတို့၏မြိုတော်မှာလည်း ထိုးဖောက်ဖျက်ဆီးခံခဲ့ရပြီး စစ်တပ်မှာလည်း အရေးနိမ့်ခဲ့သည်။ သို့သော် တဝေကို တွေးမိသည့်အခါ ထိုပညာရှင်များ၏မျက်လုံးထဲတွင် အားကျသည့် အရိပ်အယောင်များ လက်ခနဲ ဖြတ်ပြေးသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် တဝေတွင် ရှားပါးလှသော တိုင်းပြည်အစောင့်အရှောက်ဖြစ်သူ ချူူးယွင်ဖန်းရှိနေသောကြောင့် ဖြစ်သည်။

သူတို့ အခုလေးတင် ရရှိထားသောသတင်းများအရ တဝေ၏နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ရုတ်တရက် ပေါ်လာခဲ့ပြီး ဆူပူသောင်းကျန်းနေသော ရှန်ဖေးယွင်နှင့် အခြားသူများကို တစ်ချက်တည်းနှင့် သုတ်သင်လိုက်ကာ တဝေ၏ပရမ်းပတာ အခြေအနေကို အဆုံးသတ်ပေးခဲ့သည်။ တဝေ၏ဒေသအသီးသီးတွင် အုပ်ချုပ်ရေးစနစ် ပြန်လည်မတည်ဆောက်နိုင်သေးသော်လည်း၊ ပရမ်းပတာဖြစ်ပြီး စနစ်တကျမရှိသော တချီ၏အခြေအနေထက်စာလျှင် ပို၍ ကောင်းမွန်နေသေးသည်။

တရှမှ ထိုပညာရှင်များသည် မိုးကြိုးခရမ်းဓားပိုင်နက်ကို အုပ်ချုပ်ရန် မည်သည့်ဆန္ဒမျှ မရှိကြပေ။ သူတို့သည် ဤနေရာရှိ ပြည်သူများ၏စိတ်ရင်းကိုလည်း ဂရုမစိုက်ကြပေ။ သူတို့သည် လုယက်ရန်သာ ရည်ရွယ်ထားကြပြီး ရသမျှ အရင်းအမြစ်အားလုံးကို လုယက်ကြလိမ့်မည်။ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ သူတို့၏စဉ်းစားချက်ထဲတွင် အနည်းငယ်မျှပင် မရှိချေ။

တချီတွင်မူ ဤကပ်ဆိုးကြီးကို တားဆီးပေးနိုင်မည့် သူရဲကောင်းတစ်ဦး မရှိခဲ့ပေ။ သူတို့သည် အဝေးမှသာ လှမ်းကြည့်နေနိုင်ကြပြီး ရှေ့သို့တိုးရန် မဝံ့ရဲကြပေ။

ရုတ်တရက်၊ သူတို့သည် ဝမ်းနည်းမှုနှင့် နာကျည်းမှုများ ပြည့်နှက်နေစဉ်မှာပင်၊ အဝေးတစ်နေရာမှ ကောင်းကင်ကို ဖြတ်သန်းလာသော လူရိပ်သုံးရိပ်ကို မြင်လိုက်ရသည်။ သူတို့သည် မိုးကြိုးများကို နင်းလျှောက်လာသယောင် ရှိနေပြီး မူလစွမ်းအားပေါင်းစပ်အစီအရင်၏အနားသတ်သို့ ရောက်ရှိလာခဲ့ကြသည်။

"အဲ့ဒါ ဘာကြီးလဲ?"

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

လူတိုင်း အာရုံစိုက်ကြည့်လိုက်သည့်အခါတွင် အလင်းတန်းများမှာ ပျောက်ကွယ်သွားခဲ့သည်။ အစီအရင်၏အနားသတ်တွင် လူရိပ်သုံးခုသည် ကောင်းကင်ယံ၌ မြင့်မားစွာ ရပ်နေကြသည်။ ဦးဆောင်လာသူမှာ နုနယ်သော ယမျက်နှာထားနှင့် အဝတ်အစား အမည်းရောင် ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ဖြစ်သည်။ သူ့ကို ကြည့်ရသည်မှာ အသက် (၂၀)ဝန်းကျင်ခန့်သာ ရှိပုံရသော်လည်း၊ သူ၏ကိုယ်ခန္ဓာမှ ခန့်မှန်းရခက်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။

သူ၏ဘေးတွင် ဆယ်ကျော်သက်အရွယ်ခန့် ရှိပုံရသော မိန်းကလေးတစ်ဦး ရှိနေသည်။ သူမ၏မျက်နှာမှာ ကောင်းကင်ဘုံမှ နတ်သမီးလေးတစ်ပါးကဲ့သို့ပင် အလွန်လှပပေသည်။ နောက်ဆုံးတွင်မူ အသက် (၂၀) ဝန်းကျင်ခန့်ရှိသော လူငယ်တစ်ဦးက နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာလေသည်။

"ဟိုမှာကြည့်စမ်း၊ အဲ့ဒါ ချူူးယွင်ဖန်းမဟုတ်လား။"

တစ်စုံတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ထိုအခါ လူအုပ်ကြီးမှာ ချက်ချင်းပင် အံ့သြသွားကြရသည်။

"ဟုတ်တယ်၊ သူပဲ။ ငါ သူ့ရဲ့ပုံတူပန်းချီကားတွေကို အရင်က မြင်ဖူးတယ်!"

ချူူးယွင်ဖန်းသည် ဤမူလစွမ်းအားပေါင်းစပ်အစီအရင်ကြောင့်သာ ဤနေရာသို့ ရောက်လာခြင်းဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက သူ ဤနေရာတွင် ပေါ်လာစရာအကြောင်းမရှိပေ။

လူအများအပြားမှာ ဤအချက်ကို ရုတ်တရက် တွေးမိလိုက်ကြသည်။ လျောင်‌ရွေ့ချိုင်သည် မူလစွမ်းအားပေါင်းစပ်အစီအရင်၏အနားသတ်တွင် အမြဲရှိနေခဲ့သည်။ တချီတွင် တော်လှန်ပုန်ကန်သူအချို့ ရှိခဲ့လျှင်ပင် ၎င်းတို့ကို ကိုင်တွယ်ရန် တရှမှ အခြားပညာရှင်များ ရှိနေသေးသည်။ ထိုပညာရှင်များမှာ လျောင်‌ရွေ့ချိုင်လောက် မစွမ်းဆောင်နိုင်သော်လည်း တချီရှိ လူများထက်မူ အဆပေါင်းများစွာ ပို၍သန်မာကြသည်။

ယခုအခါ လျောင်‌ရွေ့ချိုင်သည် ချူူးယွင်ဖန်းကို သတ်ရန်အတွက် တချီ၏မြို့တော်မှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ ယခုအချိန်တွင်မူ ချူူးယွင်ဖန်းသည် မူလစွမ်းအားပေါင်းစပ်အစီအရင်၏အနားသတ်တွင် ပေါ်လာခဲ့ပြီဖြစ်ရာ၊ သူ၏ရည်ရွယ်ချက်ကို ရိပ်မိရန်မှာ မခက်ခဲတော့ပေ။

"တကယ်လို့ အဲ့ဒီအတိုင်းသာဆိုရင် ဒါဟာ သတင်းကောင်းပဲ။ အရင်တုန်းက ငါ ချူူးယွင်ဖန်းကို မကြိုက်ပေမဲ့ အခုတော့ ငါ သူ့ကို ထောက်ခံတယ်။"

"ဟုတ်တယ်၊ ဒါမှလည်း လျောင်‌ရွေ့ချိုင်တစ်ယောက် ပေါက်နေတဲ့ပုံးနဲ့ ရေခပ်ရတာ ဘယ်လိုလဲဆိုတာကို သိသွားမှာ။"

အဓိကအင်အားစုအသီးသီးမှ ပညာရှင်များသည် သူတို့၏သဘောထားများကို ပြောင်းလဲလိုက်ကြပြီး ချူူးယွင်ဖန်းကို ထောက်ခံလာကြသည်။

ကောင်းကင်ယံရှိ လူသုံးဦးမှာ ချူူးယွင်ဖန်း၊ ယဲ့ချိုးရွှေနှင့် ချူးဟုန်ချိုင်တို့ ဖြစ်ကြသည်။

ချူူးယွင်ဖန်းသည် ချူးဟုန်ချိုင်ကိုပါ ခေါ်လာရခြင်းမှာ သူသည် မူလစွမ်းအားပေါင်းစပ်အစီအရင်ကို ဖျက်ဆီးပစ်ချင်နေပြီး ချူးဟုန်ချိုင်မှာ မိုးကြိုးခရမ်းဓားပိုင်နက်အတွင်း သူနှင့်အနီးစပ်ဆုံးလူ ဖြစ်နေသောကြောင့်ဖြစ်သည်။ အနာဂတ်၏ ပရမ်းပတာကမ္ဘာကြီးတွင် အင်အားမရှိဘဲ ချူးဟုန်ချိုင်တစ်ယောက် ခိုင်ခိုင်မာမာ ရပ်တည်နိုင်မည်မဟုတ်ရာ၊ ချူူးယွင်ဖန်းအနေဖြင့် သူ၏အစွမ်းကို မြှင့်တင်ပေးလိုနေခြင်းဖြစ်သည်။

"မင်းတို့ ဘယ်လောက်တောင် ရဲတင်းလိုက်လဲ။ ဘယ်သူက ငါတို့ရဲ့အစီအရင်ကို လာပြီး လောဘတက်နေတာလဲ။ မင်းတို့ တကယ်ကို သေချင်နေပြီပဲ!"

ရုတ်တရက် အစီအရင်ထဲမှ အလွန်ကြီးမားသော သားရဲကြီးတစ်ကောင် ပြေးထွက်လာသည်။ ထိတ်လန့်ဖွယ်ကောင်းသောဖိအားများမှာ အရပ်မျက်နှာအနှံ့မှ လွှမ်းမိုးလာလေတော့သည်။

All Chapters