← Chapters

အခန်း (၂၇၄-၂၇၆)

Vol. 19 Ch. 274-276

အခန်း (၂၇၄-၂၇၆)

Vol. 19 Ch. 274-276

အခန်း (၂၇၄) - ရွှေရောင်မူလအသီးနှင့် အမြုတေအရှင်သခင် အမွေအနှစ် (အပိုင်း - ၅)

~ယခုအချိန်တွင် ဆေးပညာရှင် လီမိသားစု တစ်ခုလုံးသည် ရွှီချန်ချင်း၏ လက်ဖဝါးအောက်၌ ပြားပြားမှောက် ရောက်ရှိနေတော့၏။ ယခင်က လီမိသားစု သခင်မလေးနှင့် သူ၏ ဇနီးသည်တို့မှာမူ ရွှီချန်ချင်း၏ စေခိုင်းချက်အရ အပြင်ဘက် ခြံဝင်း တစ်ခုသို့ ပို့ဆောင်ခြင်း ခံလိုက်ရပြီး မုဆိုးမများကဲ့သို့ ခြောက်သွေ့စွာ နေထိုင်နေကြရရှာသည်။ သူတို့၏ နေရာတွင် အစားထိုး ဝင်ရောက်လာသူမှာကား နှစ်ကိုယ်တူ ကျင့်ကြံခြင်း၌ ကျွမ်းကျင်လိမ္မာလှသော ဟွမ်ရှင်းယီပင် ဖြစ်လေတော့သည်။

ကျယ်ဝန်းလှသော လီမိသားစု အိမ်တော်ကြီး၏ အတွင်းပိုင်း အနက်ရှိုင်းဆုံး နေရာမှ တယောသံ တီးလုံးသံ သဲ့သဲ့တို့သည် လေယူရာအတိုင်း ပျံ့လွင့်လာနေ၏။ ရေတံခွန်တံတားလေးများ ကျောက်ဆောင် တောင်ကုန်းလေးများနှင့် ပြည့်စုံ လှပနေသော ဥယျာဉ်ခြံမြေကြီးပင် ဖြစ်ပေသည်။

ပင်မ ခန်းမဆောင်ကြီး အတွင်း၌ ဖြစ်၏။

ရွှီချန်ချင်းသည် လက်တစ်ဖက်ဖြင့် အပြာနုရောင် ပါးလွှာသော ဇာဂါဝန်ကို ဝတ်ဆင်ထားသည့် မိန်းမလှလေး၏ ခါးသိမ်သိမ်ကို ပွေ့ဖက်ထားပြီး ကျန်လက်တစ်ဖက်က လက်ဖက်ရည် ပန်းကန်လုံးကို ကိုင်ထားလျက် ရှိ၏။ သူ၏ မျက်နှာတွင် အောင်နိုင်သူ၏ အပြုံးကို ချိတ်ဆွဲကာ နားထဲသို့ တိုးဝင်လာသော ဂီတသံစဉ်များအောက်တွင် ဇိမ်ယစ် မူးမေ့နေလေတော့သည်။

အချိန်အတန်ကြာ လွင့်မျောနေပြီးနောက် ရွှီချန်ချင်းသည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့နည်းတူ မိန်းမလှ တစ်ဦးကို ပွေ့ဖက်ထားသော အမျိုးသား တစ်ဦးကို ကြည့်ကာ ပြုံးစစဖြင့် မေးလိုက်သည်။

"ပိုင်ယွီ... ဒီနေရာက ကောင်းကင်ဘုံက နတ်နန်းဆောင်ထက်တောင် မသာဘူးလားဗျာ... ဘယ်လိုလဲ"

ကျန်းပိုင်ယွီက တဟားဟား အော်ရယ်လိုက်သည်။

"နောက်ကျရင် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကို အလည်လာခဲ့ပါဦးဗျ... အဲဒီကျမှ လူ့ပြည်က နိဗ္ဗာန်ဘုံ ဆိုတာ ဘာလဲဆိုတာကို ခင်ဗျား နားလည်သွားစေရမယ်"

ရွှီချန်ချင်း၏ မျက်နှာထားမှာ ချက်ချင်းပင် အနည်းငယ် ပျက်ယွင်းသွားရလေ၏။ ကျန်းပိုင်ယွီ၏ စကားထဲတွင် သူ့အိမ်တော်၏ ဧည့်ခံမှုကို အထင်သေးသည့် သဘော သက်ရောက်နေသည်ကို ရိပ်မိလိုက်သောကြောင့် ဖြစ်ပေသည်။

သို့သော် သူ၏ ဘေးနားရှိ မိန်းမလှလေးကို တစ်ချက် ငဲ့ကြည့်လိုက်ပြီးနောက် ဒေါသကို မြိုသိပ်ကာ အခြေအနေကို ထိန်းလိုက်သည်။ သူတို့ကြားတွင် ဆက်ဆံရေး ပျက်ပြားသွားလျှင် မကောင်းပေ။

ထိုအချိန်၌ အပြာနုရောင် ဇာဂါဝန်နှင့် မိန်းမလှ ဟွမ်ရှင်းယီက ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး ကျန်းပိုင်ယွီကို မျက်စောင်းလေး ထိုးကာ ပြောလိုက်သည်။

"ပိုင်ယွီ... ရှင်က ယွင်ကျန်းဂိုဏ်းက မိန်းမကို လိုချင်တယ်ဆို... နည်းနည်းတော့ ကြိုးစားမှပေါ့... မဟုတ်ရင် ရဖို့ နေနေသာသာ ကိုယ်ပါ ကျော့ကွင်းမိပြီး ဒုက္ခရောက်နေဦးမယ်နော်"

ကျန်းပိုင်ယွီ၏ မျက်လုံးများမှာ ရီဝေနေပြီး ဟွမ်ရှင်းယီ၏ ခန္ဓာကိုယ် အမို့အမောက်များကို စားမတတ် ဝါးမတတ် ကြည့်လိုက်သည်။ ထို့နောက် နှုတ်ခမ်းစွန်းကို ကွေးညွတ်အောင် ပြုံးလိုက်ရင်း ပြန်ပြောလိုက်၏။

"လွယ်ပါတယ်ကွာ... မင်းနဲ့ ငါနဲ့ လက်တွဲမယ်... ပြီးတော့ သူငယ်ချင်း ချန်ချင်းရဲ့ အကူအညီပါ ပါမယ်ဆိုရင်... ဘာများ ခက်ခဲစရာ ရှိလို့လဲ"

ဟွမ်ရှင်းယီ၏ မျက်မှောင်များ အနည်းငယ် တွန့်ချိုးသွား၏။

"ပေါ့လို့တော့ မဖြစ်ဘူး... စုမိသားစုက လူတွေ အကုန်လုံး အခုဆိုရင် ပြန်ဆုတ်ခွာသွားကြပြီ"

"ဒါကြောင့် နောက်တစ်ဆင့် အနေနဲ့... ငါတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေကို အမြန်ဆုံး မြှင့်တင်ကြရမယ်"

"ငါတို့ သုံးယောက် ပေါင်းစည်းမယ်... ပြီးတော့ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ရဲ့ အင်အားတွေပါ ပါမယ်ဆိုရင်... နောက်ထပ် သဘောထားတိုက်ဆိုင်တဲ့ တာအိုမိတ်ဆွေတွေကိုပါ ဖိတ်ခေါ်ပြီး တိုက်ခိုက်လို့ ရနိုင်တယ်... အဲဒီအချိန်ကျရင် လော့ချန်ယွီ တစ်ယောက်တည်းနဲ့ ယွင်ကျန်းဂိုဏ်းရဲ့ အုတ်မြစ်ကို ကာကွယ်နိုင်ပါ့မလား"

နှစ်ကိုယ်တူ ကျင့်ကြံခြင်း နည်းစနစ်သည် စွမ်းအားကို အမြန်ဆုံး တိုးတက်စေသည့် နည်းလမ်းပင် ဖြစ်၏။

"လာကြစမ်း"

ဟွမ်ရှင်းယီက လက်ခုပ်တီးလိုက်သည်နှင့် စောင်းတီးနေသော ဂီတပညာရှင် မိန်းကလေးများသည် တန်းစီလျက် လျှောက်လှမ်းလာကြလေ၏။

သူမတို့အားလုံးသည် ပါးပါးလှပ်လှပ် ဇာဂါဝန်ရှည်များကို ဝတ်ဆင်ထားကြပြီး ခန္ဓာကောက်ကြောင်း လှပတင့်တယ်လှပေသည်။ သာမန် မိန်းမသားများ မဟုတ်ကြဘဲ ကျင့်ကြံသူ အမျိုးသမီးများပင် ဖြစ်ကြ၏။

‌

ယောကျ်ားသားများ ဖြစ်သော ကျန်းပိုင်ယွီနှင့် ရွှီချန်ချင်းတို့သည် ထိုမြင်ကွင်းကို ကြည့်ရင်း မျက်တောင်ပင် မခတ်နိုင်ကြတော့ချေ။

---

အချိန်ကား လျင်မြန်စွာ ကုန်ဆုံးသွားပြန်၏။ ခြောက်လခန့် ကြာမြင့်သွားပါသည်။

တာ့ယွဲ့ တောင်တန်းရှိ လော့ယွဲ့ မဟာမိတ် အပျက်အစီး နယ်မြေထဲတွင် ဖြစ်၏။

မိုးထိအောင် မြင့်မားနေသော ပင်မ တောင်ထွတ် တစ်ခု၏ ထိပ်ဖျား၌ တာအိုခန္ဓာ ရုပ်သေးသည် ငြိမ်သက်စွာ ရပ်တန့်နေ၏။

လွန်ခဲ့သော တစ်နှစ်နီးပါး ကာလအတွင်း ဤတောင်ထွတ်ပေါ်ရှိ ကောင်းမွန်သော ချန်ခွန်းအိတ်များ မှော်လက်နက်များနှင့် အခြားသော ရတနာ ပစ္စည်းများကို စုဆောင်းခဲ့ပြီး ဖြစ်၏။ ရှေးဟောင်း မှတ်တမ်းများထဲတွင် ပါဝင်သော ကျင့်ကြံခြင်း ဆိုင်ရာ လျှို့ဝှက်ချက်များနှင့် ကျင့်စဉ် အမျိုးမျိုးကိုလည်း အသေးစိတ် လေ့လာ သုံးသပ်ခဲ့ပြီးပြီ ဖြစ်၏။ ယခုအခါ ဤတောင်ထွတ်ပေါ်ရှိ အရာအားလုံးကို သူ အပြည့်အဝ စုပ်ယူ နားလည်သဘောပေါက်သွားတော့၏။

ပစ္စည်းအားလုံးကို ချန်ခွန်းအိတ်ထဲသို့ သိမ်းဆည်းလိုက်ပြီးနောက် ရုပ်သေးရုပ်သည် မြေပြင်ပေါ်မှ မတ်တပ်ထရပ်လိုက်သည်။ သူ၏ အေးစက်သော မျက်လုံးများက ပြိုကျပျက်စီးနေသော နန်းတော်ဆောင်များနှင့် မျှော်စင်များကို ကျော်လွန်၍ အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်လိုက်၏။ လမ်းတစ်လျှောက်ရှိ အခင်းအကျင်းများနှင့် စည်းတံဆိပ် အကြွင်းအကျန်များကို ရှောင်တိမ်းရန် ဂရုတစိုက် ရှာဖွေနေခြင်း ဖြစ်ပေသည်။

တစ်ဝက်တစ်ပျက် ပြိုကျနေသော နန်းတော်ဆောင် တစ်ခု၏ အပြင်ဘက်တွင် ရုပ်သေးရုပ်၏ ခြေလှမ်းများ ရပ်တန့်သွား၏။ သူ၏ မျက်ဝန်းအိမ်ထဲတွင် အလင်းရောင် တစ်ချက် ဝင်းလက်သွား၏။ အမြင်ကွယ်နေသော စိမ်းလန်းသည့် အပင်များကို ဖောက်ထွင်း၍ အပျက်အစီးများကြားတွင် လဲလျောင်းနေသော အရိုးစု နှစ်ခုကို သူ မြင်တွေ့လိုက်ရသောကြောင့်ပင်။

"လော့ယွဲ့ မဟာမိတ် အဖွဲ့က အစွမ်းထက် ပုဂ္ဂိုလ်တွေရဲ့ ရုပ်အလောင်းတွေလား"

ရုပ်သေးရုပ်၏ စိတ်အစဉ်သည် လှုပ်ရှားသွားရသည်။

အပေါ်ဘက်ရှိ တစ်ဝက်တစ်ပျက် ပြိုကျနေသော နန်းတော်ဆောင်ဆီမှ မရေရာသော အန္တရာယ် အငွေ့အသက်များ ထွက်ပေါ်နေသဖြင့် သူ ခြေလှမ်း တစ်လှမ်း နောက်ဆုတ်လိုက်မိ၏။

ဤနေရာသည် ခြေလှမ်းတိုင်း၌ သေမင်း စောင့်ကြိုနေသော နေရာမျိုး ဖြစ်ချေသည်။

အတွင်းဘက်ရှိ အရိုးစု နှစ်ခုကို ကြည့်လိုက်ရင်း ရုပ်သေးရုပ်၏ ကိုယ်ထဲမှ စွမ်းအားများ ရုန်းကြွလာလေတော့သည်။ သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် ရေကန်ထဲသို့ ကျောက်တုံးကြီး ပစ်ချလိုက်သကဲ့သို့ တုန်ခါသွားပြီး ကြောက်မက်ဖွယ်ရာ အားလှိုင်းများ ထကြွလာလေ၏။

“ဝုန်း”

ရုပ်သေးရုပ်သည် အလင်းတန်း တစ်ခုအသွင် ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ရှေ့ဘက်ရှိ ဟင်းလင်းပြင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။

သူ ပြန်လည် ပေါ်လာသော အခါတွင်မူ တစ်ဝက်တစ်ပျက် ပြိုကျနေသော နန်းတော်ဆောင်၏ အတွင်းဘက်သို့ ရောက်ရှိနေပြီ ဖြစ်၏။

"ဝီ"

ရုပ်သေးရုပ်၏ အနောက်ဘက်ရှိ စည်းတံဆိပ် အကြွင်းအကျန် တစ်ခုသည် ဟင်းလင်းပြင် လှိုင်းဂယက်နှင့် ထိတွေ့သွားပြီး ချက်ချင်းပင် သတ်ဖြတ်လိုသော စွမ်းအင်များ တလိပ်လိပ် ထွက်ပေါ်လာတော့သည်။ နန်းတော်ဆောင် ပတ်လည် ပေသုံးဆယ် အတွင်းရှိ သစ်ပင်များနှင့် ဝိညာဉ်ဆေးပင်များ အားလုံးသည် တစ်ခဏချင်းပင် ဖုန်မှုန့်အဖြစ် ပြိုကွဲပျက်စီးသွားရရှာလေ၏။ ဟင်းလင်းပြင် တစ်ခုလုံးကို ကြောက်မက်ဖွယ်ရာ စွမ်းအားများက မွှေနှောက် ဖျက်ဆီးလိုက်သည့်နှယ်။

ရုပ်သေးရုပ်သည် ထိုမြင်ကွင်းကို ပြန်လှည့်ကြည့်လိုက်ပြီး ရင်ထဲ၌ ထိတ်လန့်သွားမိသည်။ သူ၏ မျက်နှာထားမှာလည်း အနည်းငယ် ပြောင်းလဲသွားရ၏။

'သီသီလေးပဲဟေ့... သီသီလေးပဲ လွတ်သွားတာ'

အပြင်ဘက်ရှိ စည်းတံဆိပ်ကို ဖြတ်ကျော်ပြီး ဤနေရာသို့ ဝင်ရောက်လာခြင်းသည် ရုပ်သေးရုပ်၏ စွမ်းအား ၈၀ ရာခိုင်နှုန်းခန့်နှင့် စိတ်စွမ်းအင် အများစုကို ကုန်ခမ်းစေခဲ့သည်။

ဤနေရာရှိ ဟင်းလင်းပြင်သည် အလွန် တည်ငြိမ်လွန်းလှသဖြင့် ဟင်းလင်းပြင် စွမ်းအားကို အသုံးပြုရန် မလွယ်ကူလှချေ။

ထိုအချက်က ရုပ်သေးရုပ်ကို အတွေးများစေခဲ့သည်။ ရှေးခေတ် လော့ယွဲ့ မဟာမိတ် အဖွဲ့ ကြီးစိုးစဉ် ကာလကတည်းက ဤနေရာကို ဟင်းလင်းပြင် အဟန့်အတားများ ပြုလုပ်ထားခဲ့ခြင်းလော။ ဟင်းလင်းပြင် ခုန်ကျော်ပြီး ကျူးကျော်ဝင်ရောက်လာမည့် သူများကို တားဆီးရန် စီမံထားခဲ့ခြင်းလော။

မည်သို့ပင်ဆိုစေ တိမ်တိုက်မြူခိုး အင်မော်တယ် ဂိုဏ်း၏ အရှင်သခင်ကြီးသည် ထိုခေတ်ကာလက ပါရမီရှင် မိစ္ဆာတစ်ပါး ဖြစ်ခဲ့ပြီး ဟင်းလင်းပြင် စွမ်းအားပါဝင်သော ကြေးမုံလမင်း အဆောင်ကို ဖန်တီးနိုင်ခဲ့သူ ဖြစ်၏။

သာမန် တွေးကြည့်လျှင် ရိုးရှင်းသော ဟင်းလင်းပြင် ခုန်ကျော်ခြင်းသည် ဖြစ်နိုင်ခြေ ရှိသင့်ပေသည်။

သို့သော် ဟင်းလင်းပြင်ကို ဖိနှိပ် ချုပ်နှောင်ထားသော အခင်းအကျင်းများ ရှိနေလျှင်မူ ဤစွမ်းရည်ကို ထုတ်သုံးရန် နေရာ ရှိတော့မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် သူ၏ စွမ်းရည်သည် ဟင်းလင်းပြင် သဘောတရားကို အစစ်အမှန် နားလည် သဘောပေါက်ခြင်း မဟုတ်ဘဲ အပေါ်ယံမျှသာ တတ်မြောက်ထားခြင်းကြောင့် ဖြစ်ပေသည်။

"အပြင်ဘက်က စည်းတံဆိပ်က သေချာပေါက် စတုတ္ထအဆင့်ပဲ ဖြစ်ရမယ်"

ရုပ်သေးရုပ်သည် ကြောက်ရွံ့မှုကြောင့် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်လေ၏။

စတုတ္ထအဆင့် စည်းတံဆိပ်၏ စွမ်းအားသည် အနည်းငယ် ထိခိုက်မိရုံနှင့်ပင် သူ၏ ရုပ်သေးကိုယ်ထည်ကို တစ်စစီ ကြေမွသွားစေနိုင်ပေသည်။

ကံကောင်းသည်ဟုပင် ဆိုရပေမည်။

သူသည် ဟင်းလင်းပြင် စွမ်းအား အနည်းငယ်ကို တတ်မြောက်ထားသဖြင့် စည်းတံဆိပ်ကို တိုက်ရိုက် ဖြတ်ကျော် ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်၏။

စိတ်ငြိမ်သွားသောအခါ ရုပ်သေးရုပ်သည် သူ၏ ရှေ့တွင် လဲလျောင်းနေသော အရိုးစု နှစ်ခုကို သေချာ ကြည့်ရှုလိုက်မိသည်။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ အံ့အားသင့်သွားရတော့၏။ ဤအရိုးစုများသည် သူ ယခင်က တွေ့ခဲ့ဖူးသော အမြုတေဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူများ၏ အရိုးစုများနှင့် မတူကွဲပြားနေသောကြောင့်ပင်။

ယခင်က တွေ့ခဲ့သော အရိုးစုများသည် နှစ်ကာလ ကြာမြင့်မှုကြောင့် ဆွေးမြည့်နေပြီး ထိလိုက်သည်နှင့် ပြာမှုန့်အဖြစ် ပြောင်းလဲသွားလေ့ ရှိသည်။

အခန်း (၂၇၅) - ရွှေရောင်မူလအသီးနှင့် အမြုတေအရှင်သခင် အမွေအနှစ် (အပိုင်း - ၆)

~သူ၏ ရှေ့မှောက်တွင် ရှိနေသော အရိုးစု နှစ်ခုမှာမူ သာမန် အရိုးစုများနှင့် မတူပေ။ ဝိညာဉ်သတ္တုရိုင်းနှင့် ဝိညာဉ်ကျောက်စိမ်းများဖြင့် ထုဆစ်ထားသကဲ့သို့ ကြည်လင်တောက်ပနေသော အရောင်အဝါများ ရှိနေသည်။

ဤနေရာတွင် ရှိနေသော အရိုးစု အများစုမှာ အစိတ်စိတ်အမွှာမွှာ ကြေမွပျက်စီးနေကြသော်လည်း၊ ဤနှစ်ခုမှာမူ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်ငြား အလွန်အမင်း ဆွေးမြည့်ပျက်စီးခြင်း မရှိသေးပေ။

"ဒါက အခြေတည်ဝိညာဉ်အဆင့် အရှင်သခင်ကြီး တစ်ပါးရဲ့ ရုပ်အလောင်းများလား"

ရုပ်သေးကိုယ်ပွားသည် မနေနိုင်တော့ဘဲ လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။

သူသည် အနီးဆုံးတွင် ရှိနေသော အရိုးစုတစ်ခုဆီသို့ သတိထားလျက် တဖြည်းဖြည်း တိုးကပ်သွားလိုက်၏။ အရိုးစု နှစ်ခုစလုံးတွင် စုတ်ပြတ်သတ်နေသော ဝတ်ရုံများကို ဝတ်ဆင်ထားဆဲ ဖြစ်ပြီး၊ ထိုဝတ်ရုံများသည် တစ်ချိန်က မှော်လက်နက် အဆင့်အတန်းရှိခဲ့သော ဝတ်ရုံများ ဖြစ်ပုံရသည်။ ကံဆိုးစွာပင် ယခုအခါ၌ အားလုံးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်ကာ ပုံပျက်ပန်းပျက် ဖြစ်နေကြရှာပါသည်။

သူသည် ရှေ့ရှိ အရိုးစုပေါ်မှ ဝတ်ရုံစုတ်ကို ဖယ်ရှားလိုက်ပြီး ၎င်း၏ ကုန်ကြမ်းပစ္စည်းကို စစ်ဆေးကြည့်လိုက်သောအခါ နှမြောတသ ဖြစ်သွားမိလေ၏။

ဤအရာသည် မပျက်စီးမီက အနည်းဆုံးတော့ မှော်လက်နက် အဆင့်ရှိခဲ့မှာ သေချာသည်။

"ဒီပစ္စည်းက... ကြေမွနေရင်တောင်မှ ထိပ်တန်းအဆင့် မှော်လက်နက် တစ်ခုထက် ပိုပြီး မာကျောနေတုန်းပဲ"

ရုပ်သေးကိုယ်ပွားသည် ခဏမျှ တွန့်ဆုတ်နေမိသော်လည်း နောက်ဆုံးတွင် ချန်ခွန်းအိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။ ဤမျှ ပျက်စီးနေသည့် အခြေအနေတွင်ပင် ဤဝတ်ရုံစုတ်များသည် မိသားစုထဲရှိ လူငယ်များအတွက် အကာအကွယ် ပစ္စည်းအဖြစ် အသုံးဝင်နိုင်သေးသည် မဟုတ်ပါလော။

အရေးကြီးသော အချိန်တွင် အသက်တစ်ချောင်းကို ကယ်တင်ပေးနိုင်ကောင်း ပေးနိုင်ပေလိမ့်မည်။

ထို့နောက် ရုပ်သေးကိုယ်ပွားသည် အရိုးစုများကို ထပ်မံ စစ်ဆေးကြည့်ရှုလိုက်ရာ အချိန်အတန်ကြာသောအခါ အရိုးစု တစ်ခုတွင် တပ်ဆင်ထားသော ကောင်းကင်ပြာရောင် လက်စွပ်တစ်ကွင်းကို ရှာဖွေတွေ့ရှိလိုက်သည်။

ထိုလက်စွပ်ကို မြင်လိုက်ရသောအခါ သူ၏ ရင်ထဲတွင် လှုပ်ရှားသွားမိ၏။ သူ၏ ကိုယ်ပိုင် ထင်းရှူးသား လက်စွပ်လေးကို သတိရသွားပြီး ချက်ချင်းပင် ထိုလက်စွပ်ကို သိမ်းယူလိုက်သည်။

ဝိညာဉ်အာရုံကို စေလွှတ်၍ စစ်ဆေးကြည့်လိုက်သော်လည်း လက်စွပ်အတွင်းရှိ တံဆိပ်ခတ်ထားသော အခင်းအကျင်းကို ဖွင့်ရန် ပထမအကြိမ် ကြိုးစားမှု မအောင်မြင်ခဲ့ပေ။

"ကျန်ရစ်ခဲ့တဲ့ ဝိညာဉ်အမှတ်အသားက ဒီလောက်တောင် အားကောင်းနေတုန်းလား"

ရုပ်သေးကိုယ်ပွားသည် မယုံနိုင်လောက်အောင် ပြင်းထန်သော စွမ်းအားကို အံ့သြတကြီး ရေရွတ်လိုက်မိသည်။

အခြေတည်ဝိညာဉ်အဆင့် အရှင်သခင်ကြီး တစ်ပါး၏ ဝိညာဉ်စွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်ပါသနည်း။

"ဝီ..."

နောက်တစ်ခဏတွင် ရုပ်သေးကိုယ်ပွားသည် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ကို အသက်သွင်းလိုက်ပြီး လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်လိုက်သည်။ ကျယ်လောင်သော တုန်ခါသံနှင့်အတူ ကောင်းကင်ပြာရောင် လက်စွပ်အတွင်းရှိ လက်ကျန် ဝိညာဉ်အမှတ်အသားသည် အတင်းအကြပ်.. ချိုးဖျက်ခံလိုက်ရတော့သည်။ သူ၏ ဝိညာဉ်အာရုံကို အတွင်းသို့ စေလွှတ်လိုက်သည့် အခိုက်အတန့်တွင် သူ အသက်ရှူပင် ရပ်တန့်သွားမိလေ၏။

ပထမဆုံး ခံစားချက်... ကြီးမားလိုက်တာ။

ဒုတိယ ခံစားချက်... ပစ္စည်းတွေ များလိုက်တာ။

သူ့မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသော နေရာလွတ်သည် သူ၏ ထင်းရှူးသား လက်စွပ်ထက် ဆယ်ဆနီးပါးခန့် ပိုမို ကျယ်ဝန်းနေသည်ကို တွေ့လိုက်ရသည်။

ဤလက်စွပ်သည် ရိုးရိုးလက်စွပ် မဟုတ်ဘဲ 'မှော်ရတနာ သန္ဓေသား' အဆင့် ရှိသော ပစ္စည်း တစ်ခု ဖြစ်နေတော့၏။

ထင်းရှူးသား လက်စွပ်ကဲ့သို့ သယ်ဆောင်ရ လွယ်ကူသော နန်းတော် ပုံစံမျိုး မဟုတ်ဘဲ၊ ကာကွယ်ရေးစွမ်းအား ပါဝင်သည့်.. မှော်ရတနာ သန္ဓေသား အမျိုးအစား ဖြစ်ပေသည်။

အရေးကြီးသော အချိန်တွင် အသက် ကယ်တင်ပေးနိုင်သော ကာကွယ်ရေး အခင်းအကျင်းများလည်း ပါဝင်နေသေး၏။

ပစ္စည်းပစ္စယ ပမာဏ အနေဖြင့် ကြည့်လျှင်လည်း တောင်တစ်လုံးပုံသဏ္ဍာန် စုပုံနေသော အလယ်အလတ်စား ဝိညာဉ်ကျောက်တုံးများကို တွေ့မြင်ရသည်။ အနည်းဆုံးတော့ သောင်းဂဏန်းခန့် ရှိပေလိမ့်မည်။

ထို့အပြင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အတုံး ၂၀ ကျော်ကိုလည်း စုယွီ တွေ့လိုက်ရသေးသည်။

ထိုကျောက်တုံးပုံကြီးကို ကြည့်ရင်း စုယွီ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ တဒိန်းဒိန်း ခုန်နေသော နှလုံးသားကို အနိုင်နိုင် ထိန်းချုပ်ရင်း တီးတိုး ရေရွတ်လိုက်မိလေ၏။

"ငါသာ ဒီ လော့ယွဲ့ မဟာမိတ် အပျက်အစီး နယ်မြေတစ်ခုလုံးကို သိမ်းကျုံးယူနိုင်ရင်... အမြုတေဖွဲ့စည်းခြင်း အဆင့်အထိ ကျင့်ကြံဖို့ အရင်းအမြစ်တွေ လုံလောက်သွားလောက်တယ်"

ဝိညာဉ်ကျောက်တုံးများ အပြင် ရှေးဟောင်း ကျောက်စိမ်းသေတ္တာ တစ်ပုံနှင့် တံဆိပ်ပြား တစ်ခုကိုလည်း တွေ့ရှိရသည်။

တံဆိပ်ပြားကို ကောက်ယူလိုက်စဉ် စုယွီ၏ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်ရောက်လာ၏။ တံဆိပ်ပြားပေါ်တွင် "ရွှေယန်" ဟူသော စာလုံးကြီး နှစ်လုံးကို ထွင်းထုထားသည်ကို တွေ့ရသည်။

သူ၏ ဝိညာဉ်အာရုံဖြင့် တံဆိပ်ပြားပေါ်သို့ အမှတ်အသား ပြုလုပ်လိုက်သည်နှင့် တပြိုင်နက် သတင်းအချက်အလက် ပေါင်းများစွာသည် သူ့ခေါင်းထဲသို့ ဝင်ရောက်လာတော့သည်။

လော့ယွဲ့ မဟာမိတ် အဖွဲ့၏ တောင်ထွတ် ၁၂ ခုအနက် တစ်ခု ဖြစ်သော... ရွှေယန် တောင်ထွတ်သခင်၏ တံဆိပ်ပြား။

စုယွီ မှင်သက်သွားမိသည်။ ဤတံဆိပ်ပြားသည်လည်း ထိပ်တန်းအဆင့် မှော်လက်နက် တစ်ခု ဖြစ်နေပြန်သည်။

ထို့အပြင် ၎င်းသည် လော့ယွဲ့ မဟာမိတ် အဖွဲ့၏ အခြားသော တောင်ထွတ် ၁၁ ခုမှ တံဆိပ်ပြားများနှင့် အဖွဲ့ခေါင်းဆောင် အသီးသီး၏ တံဆိပ်ပြားများကို အချိန်မရွေး နေရာမရွေး ဆက်သွယ်နိုင်သော စွမ်းရည် ပါရှိသည်။

သူ၏ ကိုးသွယ် အလင်း တံဆိပ်ပြားနှင့် ယှဉ်လိုက်လျှင် ဤပစ္စည်းက အဆပေါင်းများစွာ သာလွန်နေပေသည်။

ခဏမျှ စဉ်းစားပြီးနောက် စုယွီသည် တံဆိပ်ပြားကို 'သိုလှောင် လက်စွပ်' ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။ ဤလက်စွပ်သည် လက်ရှိ သူ.. ကိုင်ဆောင်ထားသော ချန်ခွန်းအိတ်ထက် များစွာ သာလွန်ကောင်းမွန်သော အရာ ဖြစ်ပေသည်။

ထို့နောက် လက်စွပ်ထဲရှိ ရှေးဟောင်း ကျောက်စိမ်းသေတ္တာများကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်လိုက်သည်။

အများစုသော သေတ္တာများမှာ ဗလာဖြစ်နေကြ၏။

သို့သော် ခဏအကြာတွင် စုယွီသည် သေတ္တာတစ်ခုကို ဖွင့်လိုက်သောအခါ အတွင်းမှ ပစ္စည်းတစ်ခုကို မြင်လိုက်ရပြီး အသက်ရှူပင် ရပ်တန့်သွားရလေတော့သည်။

"ရွှေရောင် မူလအသီး ပါလား"

ရွှေရောင် မူလဆေးလုံး ဖော်စပ်ရာတွင် မရှိမဖြစ် လိုအပ်သော အဓိက ကုန်ကြမ်းပစ္စည်း... အမြုတေဖွဲ့စည်းခြင်း အဆင့်သို့ တက်လှမ်းရန် အခွင့်အလမ်းကို တိုးမြှင့်ပေးနိုင်သော ရွှေရောင် မူလအသီး။

ကံဆိုးစွာပင် ဤအသီးသည် နှစ်ကာလ ကြာမြင့်စွာ ဖြတ်သန်းခဲ့ရပြီး အခြေတည်ဝိညာဉ်အဆင့် အရှင်သခင်ကြီး၏ စည်းတံဆိပ် အခင်းအကျင်းဖြင့် ထိန်းသိမ်းထားသည့်တိုင်... ၎င်း၏ အဆီအနှစ် ၅၀ ရာခိုင်နှုန်းခန့်မှာ ကုန်ခမ်းလျက် ရှိနေပြီး အရောင်အဆင်းမှာလည်း မတောက်ပတော့ပေ။

သို့သော် ၎င်းကို မြင်လိုက်ရသည်နှင့် စုယွီသည် ချက်ချင်းပင် အခင်းအကျင်းတစ်ခုဖြင့် ထပ်မံ ပိတ်ဆို့ကာ ထိန်းသိမ်းလိုက်ပြီး သေတ္တာကို ပြန်ပိတ်လိုက်သည်။

ထိုအခါမှသာ စုယွီ သက်ပြင်းချနိုင်တော့သည်။

ထိန်းချုပ်မရနိုင်သော ပျော်ရွှင်မှုများသည် လက်ရှစ်ဖက် ဓားလွယ် နှံကောင် ရုပ်သေးရုပ်၏ အေးစက်သော မျက်လုံးများထဲတွင် ထင်ဟပ်သွားလေတော့သည်။

ရွှေရောင် မူလအသီး...။

ဤအသီး ရှိနေပြီ ဖြစ်သောကြောင့် ရွှေရောင် မူလဆေးလုံး ဖော်စပ်ရန် ကုန်ကြမ်းပစ္စည်း ရှာဖွေမှု အခြေအနေသည် ယခုအခါ ၈၀ ရာခိုင်နှုန်းခန့် သေချာသွားတော့၏။

ကျန်ရှိနေသည်မှာ သိပ်မရှားပါးလှသော အဓိက ဝိညာဉ်ဆေးပင်များနှင့် ဖြည့်စွက် ပစ္စည်းများကို ရှာဖွေရန်သာ ဖြစ်တော့သည်။

အခက်အခဲ အဆင့်သည် ငရဲအဆင့်မှ သာမန်အဆင့်သို့ ချက်ချင်း ထိုးဆင်းသွားခဲ့ပြီ ဖြစ်၏။

သူ့အတွက်မူ ရွှေရောင် မူလဆေးလုံးကို မလိုအပ်သော်လည်း... ယွီခယ်အာနှင့် စုဇီတို့အတွက် လိုအပ်ပေလိမ့်မည်။

ယွီခယ်အာနှင့် စုဇီတို့သည် သူ့ထက် ကျင့်ကြံနှုန်း ပိုမြန်ကြပြီး ယခုအခါ သူတို့သည် အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက်သို့ ရောက်ရှိနေကြပြီ ဖြစ်၏။

သူမတို့နှစ်ဦးသာ အခြေခံအုတ်မြစ် ခိုင်မာအောင် လုပ်ဆောင်နိုင်ပါက အမြုတေဖွဲ့စည်းခြင်း အဆင့်သို့ တက်လှမ်းရန် ကြိုးစားနိုင်ကြတော့မည်။

ဤ ရွှေရောင် မူလအသီးသည် အချိန်ကိုက် ရောက်ရှိလာခြင်းပင် ဖြစ်၏။

သူသည် ကျောက်စိမ်းသေတ္တာကို သိုလှောင် လက်စွပ်ထဲသို့ ထည့်လိုက်ပြီး တွေးတောလိုက်မိ၏။

"အခု ရွှေရောင် မူလအသီး ရပြီဆိုတော့... ကျန်တဲ့ ပစ္စည်းတွေကို အမြန်ဆုံး စုဆောင်းရမယ်... ဒီအသီးက အဆီအနှစ်တွေ ယိုစိမ့်မှု များနေပေမဲ့... ငါသာ သေချာ ထိန်းချုပ်နိုင်မယ် ဆိုရင် ရွှေရောင် မူလဆေးလုံး နှစ်လုံးလောက်တော့ ထွက်လာနိုင်လောက်တယ်"

အခြား ကျောက်စိမ်းသေတ္တာများထဲတွင် ဝိညာဉ်ဆေးပင် အချို့ကို တွေ့ရှိခဲ့သော်လည်း... သေတ္တာပွင့်သွားသည်နှင့် တပြိုင်နက် ထိုဆေးပင်များသည် ပြာမှုန့်အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြ၏။

ထင်ရှားသည်မှာ ထိုဆေးပင်များသည် ရွှေရောင် မူလအသီးလောက် ကြာရှည်ခံအောင် မထိန်းသိမ်းနိုင်ခဲ့ခြင်းပင် ဖြစ်၏။

ရွှေရောင် မူလအသီး အပြင် စုယွီသည် ကျောက်စိမ်းပြား အနည်းငယ်နှင့် ရှေးဟောင်း စာအုပ်စာပေ အတော်များများကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ကျောက်စိမ်းပြား သုံးခုသာ ပါရှိသော်လည်း စုယွီသည် ၎င်းတို့၏ အမွေအနှစ်များကို တစ်ခုပြီးတစ်ခု လက်ခံရယူလိုက်သည်။

ပထမဆုံး ကျောက်စိမ်းပြားတွင် ထူးခြားဆန်းကြယ်သော ရှေးဟောင်း ရေဓာတ် ကျင့်စဉ်တစ်ခု ပါဝင်ပြီး 'နေရောင်ခြည် မူလသဘောတရား ကျင့်စဉ်' ဟု ခေါ်ဆိုသည်။

၎င်းကို ကျင့်ကြံရန်အတွက် အခြေခံအုတ်မြစ် ချရာတွင် ရှားပါးလှသော 'နေရောင်ခြည် ဝိညာဉ်ရေ' ကို လိုအပ်ပြီး... နေရောင်ခြည် ရေဓာတ်စွမ်းအင်ကို ဖြစ်ပေါ်စေနိုင်သည်။

ထိုစွမ်းအင်မျိုးသည် ရန်သူ၏ အသားနှင့် အရိုးများကို တိုက်စား ပျက်စီးစေနိုင်စွမ်း ရှိသည်။

အဆင့်မြင့်မြင့် ကျင့်ကြံနိုင်ပါက ရန်သူ၏ ရုပ်ခန္ဓာကို စိတ်အကြံ တစ်ချက်ဖြင့်ပင် ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။

၎င်းသည် အလွန် အစွမ်းထက်သော ရှေးဟောင်း ရေဓာတ် ကျင့်စဉ်တစ်ခုပင် ဖြစ်ပေသည်။

ဒုတိယ ကျောက်စိမ်းပြားတွင်မူ သာမန် အခြေတည်ဝိညာဉ်အဆင့် ရေဓာတ် ကျင့်စဉ်တစ်ခု ပါဝင်ပြီး 'ရွှမ်ရေ သဘောတရား ကျင့်စဉ်' ဟု ခေါ်ဆိုသည်။ ၎င်းကို အခြေတည်ဝိညာဉ် ကိုးဆင့်မြောက်အထိ ကျင့်ကြံနိုင်သည်။

တတိယ ကျောက်စိမ်းပြားတွင်မူ အံ့သြစရာ ကောင်းလောက်အောင်ပင် ပထမအဆင့်မှ စတုတ္ထအဆင့်အထိ ဝိညာဉ်သားရဲများကို မွေးမြူပျိုးထောင်နည်းများ ပါဝင်နေသည်။ ဓာတ်သဘာဝ အစုံအလင်ရှိသော ဝိညာဉ်သားရဲများ၏ ကျင့်ကြံခြင်း နည်းလမ်းများလည်း ပါဝင်နေလေ၏။

"သားရဲမွေးမြူသူ အမွေအနှစ် ပါလား"

ထူးခြားသော ကျင့်ကြံခြင်း အတတ်ပညာ တစ်ရာအနက်မှ ဤအမွေအနှစ်ကို ကြည့်ရင်း စုယွီ အံ့သြသွားမိသည်။ သားရဲမွေးမြူသူများသည် သားရဲထိန်းကျောင်းသူများနှင့် မတူညီကြပေ။ ဝိညာဉ်စိုက်ခင်းသမားနှင့် ဆေးပညာရှင်တို့ ကွာခြားသည့်နှယ် ဖြစ်၏။

သားရဲမွေးမြူသူ တစ်ယောက်သည် မိစ္ဆာသားရဲများနှင့် ဝိညာဉ်သားရဲများကို ပျိုးထောင် မွေးမြူရာတွင် ကျွမ်းကျင်သူများ ဖြစ်ကြ၏။

သို့သော် တာ့ယွဲ့ နယ်မြေရှိ ဈေးကွက် အများစုကို ရောက်ဖူးသော်လည်း... စုယွီသည် သားရဲမွေးမြူသူ တစ်ယောက်မျှ မကြားဖူးသေးပေ။

ယွီမိသားစုတွင်ပင် မရှိချေ။

"ဒီပညာကို ခယ်အာ ဆီ လက်ဆင့်ကမ်းပေးလိုက်ရင် ကောင်းမလား"

စုယွီ တွေးတောလိုက်မိသည်။ နောင်တစ်ချိန်တွင် ယွီခယ်အာ အနေဖြင့် မိစ္ဆာသားရဲများနှင့် ဝိညာဉ်သားရဲများကို မွေးမြူပြီး... ယဉ်ပါးအောင် လုပ်ကာ ပြန်လည် ရောင်းချနိုင်မည် မဟုတ်ပါလော။ ဒါသည်လည်း အရင်းအမြစ် ရှာဖွေခြင်း နည်းလမ်းတစ်ခု ဖြစ်လာနိုင်ပေ၏။

သားရဲမွေးမြူသူနှင့် သားရဲထိန်းကျောင်းသူသာ ပူးပေါင်းနိုင်လျှင် အရင်းအမြစ်များ ရှာဖွေရသည်မှာ မခက်ခဲတော့ပေ။

သားရဲမွေးမြူသူ အမွေအနှစ် အကြောင်းကို ယာယီ ဘေးဖယ်ထားလိုက်ပြီး... စုယွီ၏ မျက်လုံးများသည် ပထမ ကျောက်စိမ်းပြားထဲရှိ ထူးခြားသော ရှေးဟောင်း ရေဓာတ် ကျင့်စဉ်ဆီသို့ ပြန်လည် ရောက်ရှိသွား၏။ သူ၏ မျက်ဝန်းများ တောက်ပလာ၏။ ဤကျင့်စဉ်တွင် နယ်ပယ် ငါးခု ပါဝင်ပြီး အခြေတည်ဝိညာဉ်အဆင့်ကို ကျော်လွန်၍ ကျင့်ကြံနိုင်သည် မဟုတ်ပါလော။

ထို့အပြင် ဤကျင့်စဉ်သည် သူ လက်ရှိ ကျင့်ကြံနေသော ရေခဲဓာတ် ကျင့်စဉ် ဖြစ်သည့် 'ကောင်းကင်နှင်းခဲ ကျဆင်းခြင်း'ထက် များစွာ သာလွန်နေပုံ ရသည်။

"ကျင့်စဉ် ပြောင်းလဲတဲ့ အချိန်ကျရင် ဒီကျင့်စဉ်ကို ယူသုံးပြီး 'နေရောင်ခြည် မူလသဘောတရား ကျင့်စဉ်' ကို အထဲမှာ ပေါင်းစပ်ထည့်လိုက်မယ်"

စုယွီသည် စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်သည်။ ဓာတ်ကြီးငါးပါး ကျင့်စဉ်သည် ကျင့်စဉ်ပေါင်းစုံကို ပေါင်းစည်းနိုင်စွမ်း ရှိပြီး ရေဓာတ်ကို သီးသန့် ခွဲထုတ် ပေါင်းစပ်နိုင်လေ၏။

'နေရောင်ခြည် မူလသဘောတရား ကျင့်စဉ်' ကို ရေဓာတ် ကျင့်စဉ်၏ အဓိက အူတိုင်အဖြစ် ထားရှိပြီး... 'ကောင်းကင်နှင်းခဲ ကျဆင်းခြင်း' ၏ ဝိသေသလက္ခဏာ နေရာတွင် အစားထိုးလိုက်မည်။

ဤလုပ်ငန်းစဉ်သည် အခက်အခဲ အချို့ ရှိနိုင်သော်လည်း... ဒါသည်ပင်လျှင် ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ နက်နဲသော သဘောတရား ဖြစ်ပေသည်။ ကျင့်ကြံခြင်း အဆင့် မြင့်မားလာသည်နှင့်အမျှ ဓာတ်ကြီးငါးပါး ကျင့်စဉ်သည် အခြား ကျင့်စဉ်များကို ပေါင်းစည်းကာ ဓာတ်ကြီးငါးပါး စွမ်းအားကို မြှင့်တင်နိုင်သည်။

ထို့ကြောင့်ပင် ရှေးဟောင်း ကျင့်ကြံသူများက ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို 'မဟာတာအို၏ အရိုးရှင်းဆုံး ရတနာ' ဟု တင်စားခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်ပေ၏။

သာမန်လူများ အတွက်မူ ဓာတ်ကြီးငါးပါး ကျင့်စဉ်သည် အမှိုက်သရိုက်သာ ဖြစ်ပေလိမ့်မည်။

သို့သော် ပါရမီရှင် မိစ္ဆာကောင်များ အတွက်မူ... ဓာတ်ကြီးငါးပါး ကျင့်စဉ်သည် တကယ့် ရတနာစစ် ဖြစ်ပေသည်။

ထို့နောက် သူသည် ရှေးဟောင်း စာအုပ်များကို ဆက်လက် လေ့လာလိုက်ရာ အများစုမှာ ရေဓာတ် ကျင့်စဉ်များနှင့် သက်ဆိုင်ပြီး... 'နေရောင်ခြည် ဝိညာဉ်ရေ' အကြောင်း မှတ်တမ်းများလည်း ပါဝင်နေသည်။

ဒဏ္ဍာရီများအရ နေရောင်ခြည် ဝိညာဉ်ရေသည် အင်မော်တယ် နယ်မြေမှ ဆင်းသက်လာသော ရတနာဖြစ်ပြီး အင်မော်တယ်များနှင့် သက်ဆိုင်သည်ဟု ဆိုကြ၏။

အခြေတည်ဝိညာဉ်အဆင့် အရှင်သခင်ကြီး ကျင့်ကြံခဲ့သော 'ရွှမ်ရေ သဘောတရား ကျင့်စဉ်' သည်လည်း အဆင့်မြင့် ကျင့်စဉ်တစ်ခု ဖြစ်၏။ သို့သော် သူသည် ပိုမို အစွမ်းထက်သော အရာကို လိုချင်ခဲ့သဖြင့်... မိမိကိုယ်ကို ပိုမို သန်မာလာစေရန် ထိုအထူး ရှေးဟောင်း ကျင့်စဉ်ကို သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်ဟန်တူပေသည်။

ရှေးဟောင်း စာအုပ် အချို့ကို အရှင်သခင်ကြီး ကိုယ်တိုင် ရေးသား မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်ပြီး... စာအုပ်များတွင် ထူးခြားသော တာအို အငွေ့အသက်များ ကိန်းဝပ်လျက် ရှိနေလေ၏။

အခန်း (၂၇၆) - ဓာတ်ကြီးငါးပါး ကျင့်စဉ်နှင့် စွမ်းအား ကူးပြောင်းခြင်း (အပိုင်း - ၁)

~စုယွီသည် ထိုရှေးဟောင်း စာအုပ်များကို အကြမ်းဖျင်း လှန်လှောကြည့်ရှုပြီးနောက် သိုလှောင်လက်စွပ်ထဲသို့ ခေတ္တ ပြန်သိမ်းထားလိုက်သည်။ သူ၏ စိတ်ထဲတွင် အနည်းငယ် ဇဝေဇဝါ ဖြစ်နေရသည်မှာ လက်စွပ်ထဲတွင် အခြား မှော်လက်နက်များကို မတွေ့ရခြင်းကြောင့်ပင်။

ဤရှေးဟောင်း ကျင့်ကြံသူသည် လော့ယွဲ့ မဟာမိတ် အဖွဲ့၏ ရွှေယန်တောင်ထွတ်သခင် အဆင့် ရှိခဲ့သူ ဖြစ်ပါလျက် ကိုယ်ပိုင် မှော်ရတနာများ မရှိခဲ့ဘူးလော။

အများကြီး မရှိလျှင်တောင် အနည်းဆုံး တစ်ခု၊ နှစ်ခုတော့ ရှိသင့်သည် မဟုတ်ပါလော။

သူသည် အရိုးစုများ၏ အောက်ခြေနှင့် ပတ်ဝန်းကျင်ကို သေချာစွာ ရှာဖွေကြည့်သော်လည်း ဘာမျှ ထပ်မတွေ့ရတော့ချေ။

ထို့နောက် သူသည် အခြား အရိုးစု တစ်ခုဆီသို့ အကြည့်လွှဲလိုက်သည်။

သူသည် ဖြည်းညှင်းစွာ ချဉ်းကပ်သွားလိုက်၏။ ရွှေယန်တောင်ထွတ်သခင်၏ အရိုးစုနှင့် မတူညီသည်မှာ ဤအရိုးစုသည် သွေးကျောက်စိမ်းများဖြင့် ပြုလုပ်ထားသကဲ့သို့ ကြည်လင်တောက်ပနေပြီး သွေးရောင် လွှမ်းနေခြင်းပင် ဖြစ်၏။

နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဤအရိုးစုမှ သွေးမိစ္ဆာ အငွေ့အသက်များကို ဖျော့တော့စွာ ခံစားနေရဆဲ ဖြစ်၏။

ရှေးဟောင်း မိစ္ဆာ အငွေ့အသက်သည် သူ့အား ကြောက်ရွံ့ထိတ်လန့်မှုကို ပေးစွမ်းနေသည်။

ဤအရိုးစုသာ အသက်ရှိနေသေးလျှင် သေချာပေါက် ကြောက်မက်ဖွယ်ရာ မိစ္ဆာကောင်ကြီး ဖြစ်နေပေလိမ့်မည်။

စုယွီသည် သတိကြီးစွာ ထား၍ စုတ်ပြတ်နေသော အနီရောင် ဝတ်ရုံကို ဖယ်ရှားကာ ဘေးသို့ လွှင့်ပစ်လိုက်သည်။ ဤအရာသည် လုံးဝကို ဆွေးမြည့် ပျက်စီးနေပြီ ဖြစ်သည့်အပြင် ရှေးဟောင်း မိစ္ဆာ အငွေ့အသက်များ ကပ်ငြိကျန်ရစ်နေသေးသဖြင့် သိမ်းထားရန် အန္တရာယ် ရှိလှပေသည်။

ထိုအချိန်တွင် သူသည် အရိုးစု၏ ဝမ်းဗိုက်နေရာ၌ အနီရောင်နှင့် အပြာရောင် ပုလဲ နှစ်လုံးကို ရှာဖွေတွေ့ရှိလိုက်သည်။

ပုလဲများကို မြင်လိုက်ရသောအခါ စုယွီ ဝမ်းသာသွားမိ၏။ သူသည် အလျင်အမြန်ပင် ၎င်းတို့ကို လက်ထဲသို့ ကောက်ယူလိုက်သည်။

ရွှေပုစဉ်းရင်ကွဲ လျှို့ဝှက်နည်းစနစ်ဖြင့် သေချာစွာ စစ်ဆေးပြီး အန္တရာယ် မရှိကြောင်း သိရသောအခါမှ သူ၏ ဝိညာဉ်အာရုံကို ပုလဲ နှစ်လုံးပေါ်သို့ ရိုက်နှိပ်လိုက်သည်။

"ဝီ..."

ဤပုလဲ နှစ်လုံးပေါ်တွင် ကျန်ရစ်နေသော ဝိညာဉ်အမှတ်အသားသည် သိုလှောင်လက်စွပ်ထက် ပိုမို အားကောင်းနေသည်ကို တွေ့ရသည်။ သို့သော် ရွှေပုစဉ်းရင်ကွဲ နည်းစနစ်၏ အကူအညီဖြင့် စုယွီသည် မကြာမီမှာပင် ၎င်းကို ချိုးဖျက်နိုင်ခဲ့ပြီး မိမိ၏ ဝိညာဉ်အမှတ်အသားကို အောင်မြင်စွာ ရိုက်နှိပ်နိုင်ခဲ့သည်။

ထို့နောက် သတင်းအချက်အလက် နှစ်ခုသည် စုယွီ၏ ခေါင်းထဲသို့ တိုးဝင်လာတော့သည်။

"အဆင့်နိမ့် မှော်ရတနာ - ကောင်းကင်လျှို့ဝှက် ရေလေးပုလဲ "

"အဆင့်နိမ့် မိစ္ဆာလက်နက် - လူသတ်လော့ ဓား "

နှစ်ခုစလုံးသည် မှော်ရတနာ အဆင့်များ ဖြစ်ကြ၏။ ကောင်းကင်လျှို့ဝှက် ရေလေးပုလဲသည် ရေကို ထိန်းချုပ်နိုင်စွမ်း ရှိရုံသာမက ၎င်း၏ ကိုယ်ထည်သည်လည်း အလွန် လေးလံပြီး စွမ်းအားကြီးမားလှသည်။ ထို့အပြင် မည်သည့် လက်နက်ပုံစံမဆို ပြောင်းလဲနိုင်စွမ်း ရှိသည်။

လူသတ်လော့ ဓားသည်ကား ကြောက်မက်ဖွယ်ရာ မိစ္ဆာ အငွေ့အသက်များ ပြည့်နှက်နေသော မိစ္ဆာလက်နက် တစ်ခု ဖြစ်ပေသည်။

၎င်း၏ ပုံသဏ္ဍာန်သည် အတောင်ပံပါသော ဓားတစ်ချောင်းကဲ့သို့ သွေးရောင် တောက်နေပြီး... တကယ့် လူသတ်လက်နက် စစ်စစ် ဖြစ်ပေသည်။

စုယွီ ဝိညာဉ်အမှတ်အသား ရိုက်နှိပ်လိုက်သည့် အခိုက်အတန့်တွင် လူသတ်လော့ ဓားအတွင်း၌ ကိန်းဝပ်နေသော ကြောက်မက်ဖွယ် မိစ္ဆာ အငွေ့အသက်များသည် ဝိညာဉ်အာရုံမှတဆင့် စုယွီ၏ စိတ်အစဉ်ထဲသို့ ဒလဟော စီးဝင်လာတော့သည်။ သွေးပင်လယ်ကြီး တစ်ခုကဲ့သို့ စုယွီကို မိစ္ဆာလမ်းကြောင်းထဲသို့ ဆွဲချရန် ခြိမ်းခြောက်လာလေ၏။

"မောက်မာလိုက်တဲ့ ကောင်..."

စုယွီသည် အလွန်အမင်း ထိတ်လန့်သွားပြီး တိတ်တဆိတ် ဒေါသထွက်သွားမိသည်။ ချက်ချင်းပင် သူ၏ စိတ်ထဲ၌ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ကို စတင် လည်ပတ်လိုက်တော့သည်။

"ဝုန်း"

ရွှေရောင် အလင်းတန်းကြီး တစ်ခုသည် ကောင်းကင်နှင့် မြေကြီးကို ဖိနှိပ်လွှမ်းမိုးသွား၏။ ထိုအခိုက်အတန့်တွင် စုယွီ၏ စိတ်အစဉ်ထဲ၌ ရွှေပုစဉ်းပေါက်လေး တစ်ကောင် ဝဲပျံနေသကဲ့သို့ ပေါ်လာ၏။ ရွှေပုစဉ်းဆီမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါသည် စုယွီ၏ စိတ်ကမ္ဘာကို လွှမ်းခြုံကာ ဝင်ရောက်လာသော သွေးပင်လယ်ကြီးကို ဖိနှိပ်ထားလိုက်သည်။

ငရဲပြည်မှ တက်လာသော မကောင်းဆိုးဝါး ဝိညာဉ်များကဲ့သို့ ဆူပွက်နေသော သွေးပင်လယ်ကြီးသည် ရွှေပုစဉ်းက ဖန်တီးထားသော ရွှေရောင် အကာအကွယ် အလွှာနှင့် ဝင်တိုက်မိသွားတော့သည်။

သွေးပင်လယ်ထဲမှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာလေ၏။

"အီး... အား..."

ရွှေပုစဉ်းသည် စုယွီ၏ စိတ်အစဉ် အလယ်ဗဟိုတွင် တောင်တစ်လုံးကဲ့သို့ မလှုပ်မယှက် ရှိနေပြီး၊ ၎င်း၏ ကြီးမားသော အရှိန်အဝါကြောင့် စုယွီ၏ စိတ်ကမ္ဘာသည် ဂယက် တစ်ခုမျှပင် မထဘဲ တည်ငြိမ်နေသည်။

ဆန့်ကျင်ဘက် အနေဖြင့် ရွှေရောင် အလင်းတန်းများ၏ ဖြာကျမှုအောက်တွင် သွေးပင်လယ်ကြီးသည် တဖြည်းဖြည်း ပျက်စီးပြုန်းတီးလာပြီး နာကျင်စွာ အော်ဟစ်သံများသာ အဆက်မပြတ် ထွက်ပေါ်နေတော့သည်။

နောက်ဆုံးတွင် တစ်နာရီနီးပါး ကြာမြင့်ပြီးနောက် သွေးပင်လယ်ကြီး၏ စွမ်းအားသည် တဖြည်းဖြည်း အားနည်းသွားပြီး သွေးရောင် ပုလဲထဲသို့ ပြန်လည် ဆုတ်ခွာကာ တိတ်ဆိတ်သွားလေတော့သည်။

ထိုအချိန်ရောက်မှသာ စုယွီ၏ ရုပ်သေးကိုယ်ပွားသည် သွေးရောင် ပုလဲကို ကြောက်ရွံ့စွာ ကြည့်လိုက်မိတော့၏။

သူ၏ ရုပ်သေးကိုယ်ပွားတွင် ရှိသော ဝိညာဉ်စွမ်းအား ကိုးဆယ်ရာခိုင်နှုန်းခန့် ကုန်ခမ်းသွားခဲ့ပြီ ဖြစ်၏။ တကယ်လို့သာ သွေးရောင် ပုလဲက ငြိမ်သက်မသွားခဲ့လျှင် သူသည် ဤမှော်ရတနာကို စွန့်လွှတ်လိုက်ရတော့မည်ပင်။

"နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လို့သာ ဒီမိစ္ဆာလက်နက်ထဲက မိစ္ဆာ အငွေ့အသက် အများစု ပျောက်ကွယ်သွားပြီး အကြွင်းအကျန်လေးပဲ ကျန်တော့တာ... မဟုတ်ရင် ငါ ဒီတစ်ခါ ဖိနှိပ်နိုင်မှာ မဟုတ်ဘူး"

စုယွီ အံ့သြတကြီး ဖြစ်သွားမိသည်။

ဒါသည် အဆင့်နိမ့် မိစ္ဆာလက်နက် တစ်ခုမျှသာ ရှိသေးသည် မဟုတ်ပါလော။

ထို ရှေးဟောင်း မိစ္ဆာဘုရင်ကြီးသာ အသက်ရှင်နေသေးလျှင် သူ၏ စွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်မည်နည်း။

ကျန်ရစ်နေသော မိစ္ဆာ အငွေ့အသက်ကို ဖိနှိပ်ပြီးနောက် စုယွီသည် ရွှေပုစဉ်း စွမ်းအားဖြင့် စည်းတံဆိပ် တစ်ခုကို အလျင်အမြန် ပြုလုပ်ကာ တံဆိပ်ခတ်လိုက်ပြီး၊ ဝိညာဉ်စွမ်းအား ပြန်လည် ပြည့်ဝလာစေရန် တင်ပျဉ်ခွေ ထိုင်လိုက်လေ၏။

နာရီအနည်းငယ် ကြာသောအခါ...

စုယွီ မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး လက်ထဲရှိ အနီရောင် ပုလဲကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိသည်။

သူသည် ဤမိစ္ဆာလက်နက်ကို အသုံးပြု၍ မရနိုင်သေးပေ။

ဤမိစ္ဆာလက်နက် အတွင်းရှိ အခင်းအကျင်းကို ပြန်လည် သန့်စင် မွမ်းမံမှသာ ရနိုင်ပေလိမ့်မည်။

သို့သော် ထိုသို့ ပြုလုပ်ရန်အတွက် အနည်းဆုံး စတုတ္ထအဆင့် လက်နက် သွန်းလုပ်သူ တစ်ဦး လိုအပ်သည်။

ခဏမျှ စဉ်းစားပြီးနောက်...၊

စုယွီ တိတ်တဆိတ် တွေးလိုက်သည်။

"နောင်တစ်ချိန် အားတဲ့ အခါကျမှ ဒီအထဲက မိစ္ဆာ အငွေ့အသက်တွေကို အရင် သန့်စင်ပစ်ရမယ်"

"ကျန်တာတွေကတော့ နောက်မှ ကြည့်ရှင်းတာပေါ့"

အနီရောင် ပုလဲကို ရှေးဟောင်း ကျောက်စိမ်းသေတ္တာ တစ်ခုထဲတွင် ထည့်သွင်း ပိတ်သိမ်းလိုက်ပြီးနောက် စုယွီသည် သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။

ထို့နောက် သူသည် ကောင်းကင်လျှို့ဝှက် ရေလေးပုလဲ ဘက်သို့ လှည့်လိုက်ပြီး စိတ်အကြံ တစ်ချက်ဖြင့် သူ၏ ရုပ်သေးကိုယ်ပွား အတွင်းသို့ ထည့်သွင်းလိုက်သည်။

ယခုအချိန်တွင် စုယွီသည် လူသတ်လော့ ဓား အပါအဝင် မှော်ရတနာ သုံးခုနှင့် မှော်ရတနာ သန္ဓေသား နှစ်ခုကို ပိုင်ဆိုင်ထားပြီ ဖြစ်၍ ကိုယ့်ကိုယ်ကိုယ်ပင် အံ့သြနေမိသည်။

အပြင်လောကတွင် အမြုတေဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူများသည် သူတို့ စိတ်ကြိုက် အဆင့်နိမ့် မှော်ရတနာ တစ်ခု ရဖို့အရေး အသက်လု ရှာဖွေနေကြရသည် မဟုတ်ပါလော။

သူကတော့ မှော်ရတနာ ငါးခုတောင် ပိုင်ဆိုင်ထားပါသည်။

"တာ့ယွဲ့ နန်းတော်က အခြေတည်ဝိညာဉ်အဆင့် အရှင်သခင်ကြီးသာ သိသွားရင်... ငါ့ကို အမှုန့်ကြိတ်ပစ်ဖို့ တာ့ယွဲ့ နန်းတော် တစ်ခုလုံးကို လွှတ်လိုက်မလား မသိဘူး... တကယ်လို့ တခြား အင်အားစုတွေ... ဥပမာ ဖီးနစ်သက်ဆင်း နယ်မြေက သွေးဖီးနစ် နတ်မိမယ် ဂိုဏ်းသာ သိသွားရင်... ငါ့ကို လိုက်သတ်ဖို့ နယ်မြေကျော်ပြီးတောင် လာကြမလား မသိဘူး"

စုယွီ သက်ပြင်းချလိုက်မိသည်။ သူ့လို လူပင် ပစ္စည်းတွေ များလွန်းနေသည်ဟု ခံစားနေရ၏။

တစ်နေ့နေ့တွင် သူ လက်ဝှေ့ယမ်းလိုက်သည်နှင့် မှော်ရတနာ ရှစ်ခု၊ ဆယ်ခုလောက် ထွက်လာမည့် အဆင့်ကို ရောက်အောင် ကြိုးစားရပေမည်။

ထိုအချိန်ကျလျှင် ဘယ်ကသူများ မကျေနပ်၍ ရှေ့ထွက်ရဲဦးမလဲ... ရှေ့ထွက်လာသည့် သူ မှော်ရတနာနှင့်.. အဖိခံရပြီး ပြားသွားစေရမည်။

All Chapters