← Chapters

အခန်း (၂၃၁-၂၃၂)

Vol. 24 Ch. 231-232

အခန်း (၂၃၁-၂၃၂)

Vol. 24 Ch. 231-232

လောကကိုးပါးမသေမျိုး

ဘာသာပြန် အရှင်ငယ်

​အခန်း ၂၃၁ - ထိပ်တန်းအဆင့် ခရမ်းရောင် လျှပ်စီးအဆောင်၏ စွမ်းပကား

​သင်္ဘောပေါ်မှ လူအားလုံး ဆင်းပြီးနောက် သင်္ဘောသည် ဦးတည်ရာပြောင်းကာ ပြန်လည်ထွက်ခွာသွားသည်။

​ဖန့်ချန်သည် ဆိပ်ကမ်းတွင် တိတ်ဆိတ်စွာ ရပ်နေသည်။

ဒေသခံ တံငါသည်များသည် ပြင်ပလူများကို မြင်တွေ့နေကျ ဖြစ်ပုံရပြီး ဖန့်ချန်ကို တစ်ချက်မျှသာ အသာအယာ ကြည့်ကာ သူတို့အလုပ် သူတို့ ဆက်လုပ်နေကြသည်။

လျိုမူသည်လည်း ဖန့်ချန်၏နောက်တွင် ဘာသံမှမထွက်ဘဲ ငြိမ်သက်စွာ ရပ်နေရှာသည်။

​ဖန့်ချန်သည် သူ၏ ဝိညာဉ်အာရုံကို သုံး၍ ကျွန်းပေါ်သို့ ဝေ့ကြည့်လိုက်ရာ ကျွန်း၏ အရွယ်အစားကို ခန့်မှန်းမိသွားသည်။

ထိုကျွန်းသည် မဟာရှမြို့တော်ထက်ပင် ပို၍ ကျယ်ဝန်းလှသည်။ ကျွန်းပေါ်တွင် ကျေးရွာပေါင်း ဒါဇင်ချီရှိပြီး သာမန်လူသား သောင်းနဲ့ချီ နေထိုင်ကြသည်။

​အဝေးတစ်နေရာတွင် ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်း အတွင်း၌ ငယ်ရွယ်သော တာအိုတပည့်များစွာ ရှိနေသည်ကို ဖန့်ချန် မြင်လိုက်ရသည်။

အချို့မှာ ထွက်ပေါ်လာစ နေမင်းကို မျက်နှာမူကာ အသက်ရှူကျင့်စဉ်များ ကျင့်ကြံနေကြပြီး အချို့မှာမူ ဝင်းထဲတွင် တံမြက်လှည်းနေကြသည်။ စုစုပေါင်း လူတစ်ရာခန့် ရှိပေလိမ့်မည်။

​သို့သော် သူတို့သည် ကျင့်ကြံသူများ မဟုတ်ဘဲ သိုင်းပညာရှင်များသာ ဖြစ်ကြသည်။

သူတို့၏ အဆင့်မှာ မြေကမ္ဘာနက်နဲခြင်းအဆင့်မှသည် ကောင်းကင်နက်နဲခြင်းအဆင့်အထိ ရှိကြသည်။ ကောင်းကင်နက်နဲခြင်းအဆင့် ရောက်နေသူများမှာ များသောအားဖြင့် သက်ကြီးပိုင်းများ ဖြစ်ကြသည်။

​ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်း တစ်ခုလုံးတွင် ကျင့်ကြံသူ ငါးဦးသာ ရှိသည်ကို သူ အာရုံခံမိသည်။

အားအကောင်းဆုံး ဝိညာဉ်လှိုင်းမှာ ဂိုဏ်းချုပ်ဖြစ်ပြီး ကျန်လေးဦးမှာမူ ချီသန့်စင်ခြင်း အဆင့် ၃ မှ အဆင့် ၆ အတွင်းသာ ရှိကြသည်။

​ဘုန်းကြီးကျောင်း၏ အနက်ရှိုင်းဆုံးနေရာတွင် ဝင်းတစ်ခု ရှိသည်။

ထိုဝင်းတစ်ခုလုံးမှာ သင်းပျံ့သော ဆေးနံ့များဖြင့် ဖုံးလွှမ်းနေသည်။

ဝင်းအတွင်း၌ ဝိညာဉ်ဆေးခင်းတစ်ခုနှင့် အလတ်စား ဝိညာဉ်စမ်းရေတွင်းတစ်ခု ရှိသည်။ စမ်းရေတွင်း၏ အဝမှာ လက်သီးဆုပ်ခန့်ရှိပြီး ဝိညာဉ်စွမ်းအင်များ ကြွယ်ဝသော ရေများ အဆက်မပြတ် ထွက်ပေါ်နေသည်။

၎င်းမှာ ဖန့်အိမ်တော်ရှေ့က စမ်းရေတွင်းလောက် အားမကောင်းသော်လည်း အလွန်ပင် ပေါများလှပေသည်။

​ဝိညာဉ်ဆေးခင်းထဲတွင် အမျိုးမျိုးသော ဝိညာဉ်ဆေးပင် ဒါဇင်ချီ စိုက်ပျိုးထားသည်။

၎င်းတို့မှာ အနှစ်တစ်ရာသက်တမ်းရှိသော အသီး သို့မဟုတ် သွေးဂျင်ဆင်း များနှင့် မနှိုင်းယှဉ်နိုင်သော်လည်း သာမန်လူသားများအတွက်မူ သေမင်းလက်မှ ပြန်လည်နှုတ်ယူနိုင်သည့် အစွမ်းထက် ဆေးပင်များ ဖြစ်ကြသည်။

​ကျင့်ကြံသူတွေ ရွေးချယ်တဲ့ နယ်မြေတိုင်းမှာ ဝိညာဉ်ပစ္စည်းတွေ ရှိတတ်တာပဲ။

ဒီကျွန်းက အပြင်ကကြည့်ရင် သာမန်လို့ ထင်ရပေမဲ့ သဘာဝ ဝိညာဉ်ဆေးခင်းနဲ့ စမ်းရေတွင်း ရှိနေတာပဲ ဟု ဖန့်ချန် စိတ်ထဲမှ တွေးလိုက်မိသည်။

​၎င်းမှာ ဂိုဏ်းအဖွဲ့အစည်းများနှင့် အခြေမဲ့ကျင့်ကြံသူများအကြား ခြားနားချက် ဖြစ်ပေလိမ့်မည်။

​ဂိုဏ်းတစ်ခုသည် ပို၍ အင်အားကြီးမားလေလေ၊ သူတို့ ပိုင်ဆိုင်သော ဝိညာဉ်စမ်းရေတွင်းနှင့် ဆေးခင်းများမှာ ပို၍ များပြားလေလေ ဖြစ်ပေလိမ့်မည်။

စိတ်ကူးမယဉ်နိုင်လောက်သော အခြား ဝိညာဉ်ပစ္စည်းများပင် ရှိနိုင်ပေသည်။

​ရုတ်တရက် အခန်းတစ်ခုအတွင်းမှ ဆေးနံ့များ ထွက်ပေါ်လာသည်။

​အခန်းတံခါး ပွင့်သွားပြီး တာအိုဆရာကြီးသည် ငွေရောင်လင်ပန်းတစ်ခုကို ကိုင်ကာ အပြင်သို့ ထွက်လာသည်။

လင်ပန်းပေါ်တွင် ဖန်ခါးသီးခန့်ရှိသော ဆေးလုံး ဆယ်လုံးကို သေသေသပ်သပ် စီထားသည်။

ဆေးလုံးများမှာ ဖြူစင်နေပြီး မွှေးရနံ့များ ပြင်းထန်လှသည်။

​ချက်ချင်းဆိုသလိုပင် တာအိုတပည့် လေးဦးသည် လီဟွာဖုန်းကို ဝင်းထဲသို့ ဆွဲခေါ်လာကြပြီး တာအိုဆရာကြီး၏ ရှေ့တွင် ရပ်လိုက်ကြသည်။ တပည့်လေးဦးမှာ ရိုသေစွာ ဦးညွတ်နှုတ်ဆက်ကြသည်။

"ဆရာကြီး"

​သူတို့သည် ဖန့်ချန် အာရုံခံမိသော ကျန်သည့် ကျင့်ကြံသူ လေးဦးပင် ဖြစ်သည်။

​လီဟွာဖုန်းသည် ဝင်းထဲသို့ ဆွဲခေါ်ခံရကတည်းက ဖြူဖျော့တုန်ရင်နေပြီး ဆေးလုံးများကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးထဲတွင် အလွန်အမင်း ကြောက်လန့်မှုများ ပေါ်လာသည်။

"ဆရာကြီး... ကျွန်တော် မှားပါပြီ ကျွန်တော် တကယ်ပဲ မှားမှန်းသိပါပြီ"

​တာအိုဆရာကြီးမှာမူ သူ၏ အော်ဟစ်သံများကို ဂရုမစိုက်ဘဲ တပည့်တစ်ဦးကို လီဟွာဖုန်း၏ ပါးစပ်ထဲသို့ ဆေးတစ်လုံး အတင်းတိုက်ခိုင်းလိုက်သည်။

လီဟွာဖုန်းမှာ ရုန်းကန်နေပြီး ဆေးကို မြိုမချရန် ငြင်းဆန်သော်လည်း ဆေးလုံးမှာ သူ၏ပါးစပ်ထဲ၌တင် အရည်ပျော်သွားကာ လည်ချောင်းထဲသို့ စီးဆင်းသွားတော့သည်။

​အားလုံးက လီဟွာဖုန်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။

ခဏအကြာတွင် လီဟွာဖုန်းမှာ သွေးများ အန်ထုတ်လိုက်ရပြီး သူ၏ဆံပင်များမှာလည်း အံ့ဩစရာကောင်းလောက်အောင် လျင်မြန်စွာ ဖြူဖွေးသွားတော့သည်။

​သူသည် စိတ်ပျက်အားငယ်စွာဖြင့် မျှော်လင့်ချက် ကင်းမဲ့နေသော မျက်လုံးများဖြင့် ကြည့်နေရှာသည်။

ယခုအချိန်တွင် သူသည် ကျင့်ကြံသူဖြစ်ရန် အခွင့်အရေး မရခဲ့လျှင် ပိုကောင်းမည်ဟု တွေးနေမိသည်။

အကယ်၍ မဟာရှမှာသာ ဆက်နေခဲ့လျှင် သူ၏ဘဝမှာ ဘယ်လောက်တောင် ကောင်းနေဦးမလဲ

​တာအိုဆရာကြီးသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး လင်ပန်းပေါ်ရှိ ကျန်သည့် ဆေးလုံးအားလုံးကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။

"နောက်ထပ် တစ်သုတ်လည်း အလဟဿ ဖြစ်သွားပြန်ပြီ"

​ရုတ်တရက် သိန်းငှက်ဖြူတစ်ကောင်သည် ကောင်းကင်မှ ပျံဆင်းလာပြီး တပည့်တစ်ဦး၏ ပခုံးပေါ်တွင် နားလိုက်သည်။

ထိုတပည့်က တစ်ချက်ကြည့်ပြီးနောက် ဆရာကြီးကို ပြောသည်။

"ဆရာကြီး... ကျွန်းပေါ်ကို အခုလေးတင် ရောက်လာတဲ့ ကျင့်ကြံသူတစ်ယောက်ကို တွေ့လိုက်ရတယ်တဲ့"

​"ငါနဲ့ လိုက်ခဲ့... သွားကြည့်ကြရအောင်"

ဟု တာအိုဆရာကြီးက တည်ငြိမ်စွာ ဆိုသည်။

​ဖန့်ချန်သည် သိန်းငှက်ဖြူကို တစ်ချက်ကြည့်လိုက်ပြီးမှ သူ၏ ဝိညာဉ်အာရုံကို ပြန်ရုပ်သိမ်းလိုက်သည်။

ထို့နောက် လျိုမူနှင့်အတူ ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်း ထံသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

​သူတို့နှစ်ဦး ကျောင်းတံခါးဝသို့ ရောက်သောအခါ တာအိုတပည့် ဒါဇင်ချီ၍ စုဝေးရောက်ရှိနေပြီး ဖြစ်သည်။

သူတို့သည် ဖန့်ချန်နှင့် လျိုမူကို အေးစက်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။

ဦးဆောင်လာသော အသက်လတ်ပိုင်း တာအိုဆရာက အရင်ဆုံး စကားစသည်။

"မင်းရဲ့ နာမည်ကို ပြောစမ်း" ဟု

သူက အေးစက်စွာ မေးသည်။

​"မင်းတို့ ဂိုဏ်းချုပ်ကို သွားပြောလိုက်ပါ မဟာရှက ဖန့်ချန် ရောက်နေတယ်လို့"

ဖန့်ချန်က ပြုံးလျက် ပြန်ဖြေသည်။

​ထိုတာအိုဆရာမှာ မျက်မှောင်ကြုတ်သွားသည်။

ထိုအင်ပါယာငယ်လေးအကြောင်း သူ ကြားဖူးသော်လည်း သူ၏မျက်စိထဲတွင် အဆင့် ၉ အင်ပါယာဆိုသည်မှာ ပုရွက်ဆိတ်အုံတစ်ခုလောက်သာ တန်ဖိုးရှိသည်။

ထိုနေရာကလူက သူတို့ကျွန်းကို ဘယ်လိုရောက်လာနိုင်သနည်း

​"မင်း ဘယ်နေရာကို ရောက်နေတယ်ဆိုတာ သိရဲ့လား"

ဟု သူက အေးစက်စွာ ဆိုသည်။

"ငါတို့ ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်းဆိုတာ ဘယ်သူမဆို ဝင်ချင်တိုင်း ဝင်လို့ရတဲ့နေရာ မဟုတ်ဘူး"

​"ကျင့်ကြံမှုမရှိတဲ့ နိမ့်ကျတဲ့ တံခါးစောင့်တစ်ယောက်က ငါ့ကို ဒါမျိုးပြောဖို့ ဘာအရည်အချင်း ရှိလို့လဲ"

ဖန့်ချန်က အသာအယာ ပြုံးလျက် ပြန်ပြောလိုက်သည်။

"ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်းဂိုဏ်းချုပ်ကြီး ခင်ဗျားက ဒီလိုလူမျိုးကို သုံးပြီး ကျုပ်ကို ခြိမ်းခြောက်ခိုင်းနေတာက နည်းနည်းတော့ အရှက်ရစရာ မကောင်းဘူးလား"

​ထိုတာအိုဆရာ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

သူက ငါ့မှာ ကျင့်ကြံမှုမရှိတာကို ဘယ်လို သိတာလဲ သူသည် အံ့ဩတုန်လှုပ်သွားသည်။

ဒါဆို သူက ကျင့်ကြံသူလား မဟာရှလို အဆင့် ၉ အင်ပါယာကနေ ဘယ်လိုလုပ် ကျင့်ကြံသူထွက်လာနိုင်မှာလဲ

​သူကိုယ်တိုင်မှာ အဆင့် ၇ အင်ပါယာမှ လာသူဖြစ်ပြီး ကျင့်ကြံသူနောက်သို့ လိုက်ပါရန်နှင့် တပည့်ဖြစ်ခွင့်ရရန် အလွန်ပင် ခက်ခဲစွာ ကြိုးစားခဲ့ရသူ ဖြစ်သည်။

ထို့ကြောင့် ကျင့်ကြံသူဖြစ်ရန် မည်မျှ ခက်ခဲသည်ကို သူ ကောင်းကောင်းသိသည်။

​ထိုအချိန်တွင် လူငယ် တာအိုဆရာတစ်ဦး တံခါးအတွင်းမှ ထွက်လာသည်။ အပြင်ရှိ လူအားလုံးမှာ သူ့ကို ရိုသေစွာ နှုတ်ဆက်ကြသည်။

​"ကျေးဇူးပြုပြီး အတွင်းကို ကြွပါ"

ဟု ထိုလူငယ်က ဖန့်ချန်ကို ကြည့်ကာ ဖိတ်ခေါ်လိုက်သည်။

​ဖန့်ချန်က ပြုံးလျက် လျိုမူနှင့်အတူ ထိုလူငယ်နောက်သို့ လိုက်သွားသည်။

မကြာမီတွင် သူသည် တာအိုဆရာကြီး၏ ရှေ့သို့ ရောက်သွားပြီး အနားတွင် တပည့်သုံးဦးမှာ သူ့ကို စိုက်ကြည့်နေကြသည်။

​"မင်း ဒီကို ဘာကိစ္စနဲ့ လာတာလဲ"

တာအိုဆရာကြီးက တည်ငြိမ်စွာ မေးသည်။

​ဖန့်ချန်က ခပ်ပြုံးပြုံးဖြင့်

"ခင်ဗျား မကြာခင်ကပဲ မဟာရှမြို့တော်မှာ လူတွေ သတ်ခဲ့တာကို မေ့သွားပြီလား"

​တာအိုဆရာကြီးမှာ ခဏမျှ မှင်တက်သွားပြီးမှ သူ၏မျက်နှာမှာ နှာခေါင်းရှုံ့သည့် အမူအရာသို့ ပြောင်းလဲသွားသည်။

"အဲဒီတုန်းကတော့ မင်း ငါ့ကို ရင်မဆိုင်ဝံ့ပါဘူး အခုကျမှ ငါ့ရဲ့ ဘုန်းကြီးကျောင်းအထိ လာရဲလောက်အောင် သတ္တိတွေ ရှိနေတာလား"

​"ကျင့်ကြံသူတွေ တိုက်ခိုက်တဲ့အခါ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်တာပဲ ငါ့နိုင်ငံက ပြည်သူတွေကို အန္တရာယ်မဖြစ်စေချင်လို့ အဲဒီတုန်းက သည်းခံခဲ့တာ"

​တာအိုဆရာကြီး၏ တပည့်များမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။

ဒီကောင်က အခြေခံတည်ဆောက်ပြီးသား အဆင့် ရောက်နေတာလား ဒါပေမဲ့ အဲဒါ မဖြစ်နိုင်ဘူးလေ အကယ်၍ သူက အဲဒီအဆင့် မဟုတ်ဘူးဆိုရင် ငါတို့ ဆရာကြီးကို ဒီလိုမျိုး ပြောရဲလောက်အောင် ဘယ်က သတ္တိတွေ ရနေတာလဲ

​"စကားတွေ အရှည်ကြီး ပြောမနေပါနဲ့ ဖန့်ချန် မင်း ဒီကို ဘာလာလုပ်တာလဲ"

ဟု တာအိုဆရာကြီးက အေးစက်စွာ ဆိုသည်။

​"ကျုပ် ပြောပြီးပြီလေ ခင်ဗျား မယုံဘူးလား"ာ

​တာအိုဆရာကြီးက လှောင်ရယ်လိုက်သည်။

"သေသွားတဲ့ သာမန်လူသား အနည်းငယ်အတွက်နဲ့ မင်းက ဝိညာဉ်ကျောက်တုံးတွေ အကုန်ခံပြီး ဒီအဝေးကြီးအထိ လာခဲ့တာလား"

​"စိတ်မကောင်းပါဘူး ကျုပ် လုပ်ခဲ့တာက အဲဒါပဲ"

​ပေများစွာ ရှည်လျားသော ရေနဂါးတစ်ကောင်သည် ချက်ချင်း ဖြစ်ပေါ်လာပြီး ဖန့်ချန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။

​"ခင်ဗျားရဲ့ ဘုန်းကြီးကျောင်း ပျက်စီးသွားမှာ စိုးလို့ မြေကမ္ဘာစွမ်းအားကို မသုံးတာလား"

ဖန့်ချန်၏ မျက်လုံးထဲတွင် လှောင်ပြောင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် 'ာခရမ်းရောင် လျှပ်စီးအဆောင်တစ်ခုကို လှမ်းပစ်လိုက်သည်။

​စူးရှသော ခရမ်းရောင်အလင်းတန်းကြီးသည် လူတိုင်း၏ မျက်လုံးထဲတွင် ပြည့်နှက်သွားသည်။

​ကြောက်မက်ဖွယ်ကောင်းလှသော လျှပ်စီးစွမ်းအားသည် ရေနဂါးကြီးနှင့် ၎င်း၏နောက်ကွယ်ရှိ တာအိုဆရာကြီးကို ချက်ချင်း ဝါးမျိုသွားတော့သည်။

​ကြမ်းပြင်၊ အမိုး... အားလုံး ပျောက်ကွယ်ကုန်သည်။ လျှပ်စီး ထိမှန်သည့် အရာအားလုံးမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

​အဆောင် ကို ပစ်လိုက်ချိန်မှာပင် ဖန့်ချန်သည် လျိုမူကို ဆွဲကာ နောက်သို့ ဆုတ်ခွာပြီးသား ဖြစ်သည်။

​လျှပ်စီးအလင်းတန်းများ ပျောက်ကွယ်သွားသောအခါ သူတို့ရှေ့တွင် မြင်တွေ့ရသည်မှာ လုံးဝ ပျက်စီးယိုယွင်းနေသော မြင်ကွင်းတစ်ခုသာ ဖြစ်သည်။

တာအိုဆရာကြီး၏ တပည့်လေးဦးမှာ မီးကျွမ်းနေသော အလောင်းများအဖြစ် လဲလျောင်းနေကြပြီး လေတစ်ချက် တိုက်လိုက်ရုံဖြင့် လွင့်ပါးသွားနိုင်လောက်အောင်ပင်။

​မတ်တတ်ရပ် ကျန်နေသူမှာ တာအိုဆရာကြီး တစ်ဦးတည်းသာ ဖြစ်သည်။

​သူ၏ ကိုယ်ပေါ်ရှိ အကာအကွယ်အလွှာမှာ အလွန်ပင် ပါးလွှာသွားပြီး သူ၏ မျက်နှာမှာလည်း ဖြူဖျော့နေသည်။ ထိုအဆောင်ကို ခုခံရန်အတွက် သူ၏ စွမ်းအားအားလုံးနီးပါးကို အသုံးပြုခဲ့ရပုံရသည်။

​ဆူညံသံကြောင့် ရောက်လာကြသော သာမန် တာအိုတပည့်များမှာလည်း အံ့ဩတုန်လှုပ်ကာ နေရာမှာတင် ကျောက်ရုပ်ကဲ့သို့ အေးခဲသွားကြသည်။

​" အခုတော့ အတည်ပြုလို့ ရသွားပြီ ဒါဟာ တကယ့်ကို ထိပ်တန်းအဆင့် ခရမ်းရောင် လျှပ်စီးအဆောင် ပဲ"

ဟု ဖန့်ချန်က အသာအယာ ရေရွတ်လိုက်သည်။

​သူ ပြုလုပ်ခဲ့သော အဆောင်မှာ အဆင့်မြင့် လား၊ ထိပ်တန်းအဆင့် လား ဆိုသည်ကို သူကိုယ်တိုင် မသေချာခဲ့ပေ။

သို့သော် ယခု လက်တွေ့ စမ်းသပ်လိုက်သောအခါတွင်မူ အဆင့်မြင့် အဆောင် သည် ဤမျှ မပြင်းထန်နိုင်ကြောင်း သူ နားလည်သွားသည်။

ထိပ်တန်းအဆင့် အဆောင်မှသာလျှင် ကျင့်ကြံသူ အများအပြားကို ချက်ချင်း သတ်ဖြတ်နိုင်ပြီး ချီသန့်စင်ခြင်း အဆင့် ၁၂ ရှိသူပင်လျှင် ခက်ခဲစွာ ခုခံရခြင်း ဖြစ်ပေသည်

​အခန်း ၂၃၂ - အသက်ချမ်းသာပေးပါ မိတ်ဆွေ

​"ခရမ်းရောင် လျှပ်စီးအဆောင်"

တာအိုဆရာကြီးသည် ဖန့်ချန်ကို စိုက်ကြည့်နေသည်။

သူ၏ မျက်လုံးများထဲတွင် အထင်သေးသည့် အရိပ်အယောင်များ လုံးဝမရှိတော့ဘဲ အလွန်အမင်း တည်ကြည်လေးနက်မှုများသာ အစားထိုးဝင်ရောက်လာသည်။

​၎င်းမှာ သူ၏ တစ်သက်တာတွင် မြင်ဖူးသမျှ အစွမ်းထက်ဆုံး အဆောင်ပင် ဖြစ်သည်။

​သူသည် ခရမ်းရောင် လျှပ်စီးအဆောင်များအကြောင်း သိထားပြီး မြင်လည်း မြင်ဖူးသော်လည်း အများစုမှာ အဆင့်နိမ့်နှင့် အဆင့်လတ်များသာ ဖြစ်သည်။

အဆင့်မြင့် များမှာပင် ရှားပါးလှရာ ထိပ်တန်းအဆင့် ဆိုသည်မှာ ပြောနေရန်ပင် မလိုတော့ပေ။

​"မင်း ဘာလို့ ငါ့နယ်မြေထဲကို ဒီလောက် သတ္တိရှိရှိ လာရဲသလဲဆိုတာ အခုမှ ငါနားလည်တော့တယ် "

တာအိုဆရာကြီးက ဖြည်းညှင်းစွာ ပြောလိုက်သည်။

"မင်းမှာ ထိပ်တန်းအဆင့် ခရမ်းရောင် လျှပ်စီးမန္တန် ရှိနေလို့ကိုး ဒါပေမဲ့ ငါ သိချင်တာက အခု မင်း အဲဒီအဆောင်ကို သုံးပြီးသွားပြီဆိုတော့ ငါ့ကိုပြဖို့ တခြား ဘာကျန်သေးလဲ"

တာအိုဆရာကြီး၏ မျက်လုံးများထဲတွင် လှောင်ပြောင်မှုများ ပြန်လည် ပေါ်လာသည်။

"ဘာလဲ မင်းဆီမှာ ဒုတိယမြောက် ဒါမှမဟုတ် တတိယမြောက် ထိပ်တန်းအဆင့် အဆောင်တွေ ရှိနေဦးမယ်လို့ ထင်နေတာလား"

သူက ကဲ့ရဲ့လိုက်သည်။

"မင်း ငါ့တပည့် လေးယောက်ကို သတ်ခဲ့ပြီး ငါ့နယ်မြေထဲမှာ ရမ်းကားခဲ့တယ် ဒီလိုအခြေအနေမျိုးမှာတော့ မင်းအတွက် သေခြင်းတရားဆိုတာတောင် တောင့်တရခက်တဲ့ ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်သွားစေရမယ်"

​ဖန့်ချန်တွင် ခရမ်းရောင် လျှပ်စီးအဆောင်များ ထပ်မရှိနိုင်တော့ဟု သူ အခိုင်အမာ ယုံကြည်နေသည်။

တကယ်လို့ ဒုတိယတစ်ခု ရှိနေလျှင်ပင် ဖန့်ချန်အနေနှင့် ခက်ခဲစွာ တောင့်ခံနေရပေလိမ့်မည်။

တတိယတစ်ခု ဆိုသည်မှာမူ လုံးဝ မဖြစ်နိုင်ပေ။

​ထိပ်တန်းအဆင့် ခရမ်းရောင် လျှပ်စီးအဆောင်တစ်ခုမှာ ဘယ်လောက်တောင် ဈေးကြီးသနည်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ရာနှင့်ပင် တစ်ခု ဝယ်နိုင်ရန် မသေချာပေ။

​ခရမ်းရောင် လျှပ်စီးအဆောင် များသည် တစ်ခါသုံးပစ္စည်းများ ဖြစ်သဖြင့် ရတနာများလောက် တန်ဖိုးမရှိဟု ထင်ရသော်လည်း ၎င်းတို့၏ စွမ်းအားမှာ တူညီသော ဈေးနှုန်းရှိသည့် ရတနာများထက် များစွာ သာလွန်လှသည်။

​ထိပ်တန်းအဆင့် ခရမ်းရောင် လျှပ်စီးအဆောင်တစ်ခုသည် ချီသန့်စင်ခြင်း အဆင့် ၁၂ ရှိသူကိုပင် အန္တရာယ် ပေးနိုင်သည်။

တကယ်လို့ဈေးကွက်ထဲတွင် ပေါ်လာပါက လူတိုင်း လုယူကြပေလိမ့်မည်။

အခြေခံ တည်ဆောက်ပြီးသား ကျင့်ကြံသူများ ပင်လျှင် လိုချင်တပ်မက်ကြပေလိမ့်မည်။

​အချို့သော အခြေအနေများတွင် ၎င်း၏ အကျိုးသက်ရောက်မှုမှာ ရတနာများထက်ပင် သာလွန်သေးသည်။

​ထိုကဲ့သို့ ရှားပါးပစ္စည်းမျိုးကို တိကျသော ဈေးနှုန်းသတ်မှတ်ရန် ခက်ခဲလှပြီး တစ်ခါတစ်ရံတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ရာအထိပင် ပေါက်ဈေးရှိတတ်သည်။

​"ခင်ဗျား တကယ်ပဲ အဲဒီလောက် ယုံကြည်နေတာလား ဆရာကြီး ဒါဆို ဒါကိုကော ဘယ်လို ထင်သလဲ"

ဖန့်ချန်က နောက်ထပ် ခရမ်းရောင် လျှပ်စီးအဆောင်တစ်ခုကို ထုတ်ပြလိုက်သည်။

​သူ ဒါတွေကို ဘယ်ကရတာလဲ တာအိုဆရာကြီး၏ မျက်နှာမှာ ပို၍ ပျက်သွားသည်။

​ဖန့်ချန်က နောက်ထပ် တစ်ခု ထပ်ထုတ်ပြပြန်သည်။

​တာအိုဆရာကြီး၏ မျက်နှာမှာ စတင် တုန်လှုပ်လာသည်။

​တစ်ခု၊ နှစ်ခု၊ သုံးခု၊ လေးခု....

​ဖန့်ချန်က ပဉ္စမမြောက် ခရမ်းရောင် လျှပ်စီးအဆောင် ကို ထုတ်လိုက်သောအခါ တာအိုဆရာကြီးသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရတော့သည်။

"မိတ်ဆွေ ဖန့် ကျုပ် တို့ ထိုင်ပြီးတော့ အေးအေးဆေးဆေး စကားပြောကြရအောင်လေ"

​"ဟား... ဟား... ဟား... ဟား..."

​၎င်းမှာ ဖန့်ချန် ရယ်လိုက်ခြင်း မဟုတ်ပေ။

​ဖန့်ချန်နှင့် တာအိုဆရာကြီးတို့နှစ်ဦးလုံး အသံလာရာ ခြံဝင်း၏ ထောင့်တစ်နေရာသို့ လှည့်ကြည့်လိုက်ရာ ထိုနေရာတွင် လဲလျောင်းနေသော လီဟွာဖုန်းကို တွေ့လိုက်ရသည်။

သူသည် တာအိုဆရာကြီးကို ကြည့်ကာ ရူးသွပ်သလို တစ်ချက်ပြီးတစ်ချက် ရယ်မောနေခြင်း ဖြစ်သည်။

​တာအိုဆရာကြီး၏ မျက်နှာမှာ မည်းမှောင်သွားသည်။

"မင်း ဘာကို ရယ်နေတာလဲ"

​လီဟွာဖုန်းသည် ရုန်းကန်ရင်း ရူးသွပ်စွာ ရယ်မောနေသည်။

"ခင်ဗျား သေတော့မှာမို့လို့ ကျုပ် ရယ်နေတာ ခင်ဗျား သေတော့မှာ ခင်ဗျား ဖန့်ချန်ရဲ့ နောက်ခံကို ဘာမှမသိသေးဘူးပဲ ဟားဟားဟားဟား"

​တာအိုဆရာကြီး၏ နှလုံးသားမှာ ထိတ်လန့်သွားပြီး မကောင်းသော နိမိတ်များကို ခံစားလိုက်ရသည်။

​"တောင်ပိုင်း ကောင်းကင်ဂိုဏ်း က အခြေခံ တည်ဆောက်ထားတဲ့ ကျင့်ကြံသူတွေတောင် သူ့ကို ရိုရိုသေသေ ဆက်ဆံကြတာ မင်းက သူ့ကို သာမန် ကျင့်ကြံသူတစ်ယောက်လို့ တကယ် ထင်နေတာလား မင်းရဲ့ အချိန်ကုန်ပြီ အဘိုးကြီ မင်းရဲ့ အချိန်ကုန်ပြီ"

​တောင်ပိုင်း ကောင်းကင်ဂိုဏ်းက အခြေခံအုတ်မြစ် အဆင့် ကျင့်ကြံသူတွေ ဟုတ်လား

သူ့ကို ရိုရိုသေသေ ဆက်ဆံကြတယ်

​တာအိုဆရာကြီးမှာ လုံးဝ ဆွံ့အသွားတော့သည်။

​သူသည် ချီသန့်စင်ခြင်း အဆင့် ၁၂ ရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်ရာ မီးတောက်အင်ပါယာ ၏ ထိပ်တန်းဂိုဏ်းကြီး တစ်ခုဖြစ်သော တောင်ပိုင်း ကောင်းကင်ဂိုဏ်း အကြောင်းကို မည်သို့ မသိဘဲ နေမည်နည်း။

ထိုဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်း အဆင့် ပညာရှင်များမှာ မည်မျှ မာနကြီးသည်ကို သူ ကောင်းကောင်း သိထားသည်။

​ချီသန့်စင်ခြင်း အဆင့်သာ ရှိသေးသော ကျင့်ကြံသူတစ်ဦးကို အခြေခံတည်ဆောက်ခြင်း အဆင့် ပညာရှင်များက ရိုသေစွာ ဆက်ဆံသည်ဆိုပါက အဓိပ္ပာယ်မှာ တစ်ခုတည်းသာ ရှိသည်။

ဖန့်ချန်၏ နောက်ခံနှင့် အဆင့်အတန်းမှာ တောင်ပိုင်း ကောင်းကင်ဂိုဏ်းထက်ပင် ပို၍ ကြီးမားထင်ရှားနေခြင်း ဖြစ်ရပေမည်။

​သူ့ရဲ့ ခရမ်းရောင် လျှပ်စီးအဆောင် တွေက သူ့ဂိုဏ်းက လူကြီးတွေ ပေးထားတာများလား

​ထိုအတွေး ဝင်လာသည်နှင့် တပြိုင်နက် တာအိုဆရာကြီး၏ မျက်နှာမှာ အမျိုးမျိုး ပြောင်းလဲသွားတော့သည်။

ဤခန့်မှန်းချက်မှာ အလွန်ပင် ယုတ္တိတန်လှသည် မဟုတ်ပါလား။

​"မိတ်ဆွေ ဒါတွေကို အတိတ်မှာပဲ ထားခဲ့ကြရအောင်လေ မဟာရှမှာ ခင်ဗျားရဲ့လူတွေ ဘယ်လောက် သေခဲ့သလဲ ကျုပ် အားလုံးအတွက် လျော်ကြေးပေးပါ့မယ် ဒီမှာရှိတဲ့ အပြင်စည်း တပည့်တွေကို ကြည့်လိုက်ပါဦး"

တာအိုဆရာကြီးက ရောက်ရှိလာသော သာမန် တာအိုဆရာများကို အလျင်အမြန် ညွှန်ပြလိုက်သည်။

"သူတို့အားလုံးက မြေကမ္ဘာနက်နဲခြင်း အဆင့်တွေပဲကောင်းကင်နက်နဲခြင်း အဆင့်တောင် ပါသေးတယ် သူတို့အားလုံးကို မဟာရှအင်ပါယာဆီ ကျွန်တော် အပ်လိုက်ပါ့မယ်"

​တာအိုဆရာကြီးက သူတို့ကို ဖန့်ချန်ထံ ထိုးအပ်လိုက်မည်ဟု ကြားသောအခါ ထိုတပည့်များ၏ မျက်နှာမှာ မှိုင်ကျသွားသည်။

သူတို့သည် ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်းသို့ ဝင်ရောက်ခြင်းဖြင့် ကောင်းမွန်သော ဆက်ဆံမှုကို ရလိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း အဆုံးတွင်မူ ရောင်းကုန်ပစ္စည်းတစ်ခုကဲ့သို့ အသုံးချခံလိုက်ရခြင်း ဖြစ်ပေသည်။

​ဖန့်ချန်က အသာအယာ ရယ်မောလိုက်သည်။

"မလိုတော့ဘူး"

​နောက်တစ်စက္ကန့်တွင် ဓားငယ်လေး သည် လျှပ်စီးအရှိန်ဖြင့် တာအိုဆရာကြီး၏ ဝိညာဉ်အကာအကွယ်ကို ဖောက်ထွက်ကာ သူ၏ ခေါင်းကို ဖြတ်ချလိုက်တော့သည်။

​တာအိုဆရာကြီး၏ ခေါင်းမှာ လည်ပင်းမှ ပြတ်ထွက်ကာ အဝေးသို့ လိမ့်သွားသော်လည်း သူ၏ အသနားခံသံများက မရပ်တန့်သေးပေ။

​"အသက်ချမ်းသာပေးပါ မိတ်ဆွေ"

​ထိုမြင်ကွင်းကို ကြည့်ပြီး ဖန့်ချန် အပါအဝင် လူတိုင်း ကျောချမ်းသွားကြသည်။

​"ကျင့်ကြံသူတွေရဲ့ နည်းလမ်းတွေပဲ"

လီဟွာဖုန်းက သူ့ဘာသာ ရေရွတ်လိုက်မိသည်။

​ဓားငယ်လေးမှာ ရပ်မသွားဘဲ တာအိုဆရာကြီး၏ ခေါင်းကို အစိတ်စိတ်အမွှာမွှာ ထပ်မံ ပိုင်းဖြတ်လိုက်ပြီး ခန္ဓာကိုယ်ကိုပါ အပိုင်းပိုင်း ဖြတ်တောက်ကာ သူ၏ အသက်ဓာတ်ကို အမြစ်ပြတ်အောင် လုပ်ဆောင်လိုက်တော့သည်။

​ဖန့်ချန်မှာ အနည်းငယ် ထိတ်လန့်သွားမိသည်။

"ခဏတော့ လန့်သွားတာပဲ ခေါင်းပြတ်သွားတာတောင် စကားပြောနိုင်သေးတယ် ကျင့်ကြံသူတွေကို သာမန်လူတွေရဲ့ အသိနဲ့ တိုင်းတာလို့ မရဘူးပဲ"

​သူသည် တာအိုဆရာကြီး၏ အလောင်းတွင် လိုက်ရှာရာ မကြာမီမှာပင် သိုလှောင်လက်စွပ် တစ်ခုကို တွေ့ရှိလိုက်သည်။

၎င်းကို ယူလိုက်ပြီး ကျန်သော ကျင့်ကြံသူများ၏ အလောင်းများမှ ရတနာများကိုလည်း ရှာဖွေ သိမ်းဆည်းလိုက်သည်။

​သာမန် တာအိုတပည့်များမှာမူ ဆွံ့အလျက် စကားပင် မပြောရဲ မလှုပ်ရဲဘဲ ကြောက်လန့်တကြား ရပ်နေကြသည်။

​"မြို့စားမင်းဖန့် ကျုပ်တို့ အပေးအယူတစ်ခု လုပ်ကြမလား"

လီဟွာဖုန်းက တည်ကြည်စွာ ကမ်းလှမ်းလိုက်သည်။

​"မင်းနဲ့လား အပေးအယူ"

ဖန့်ချန်က လီဟွာဖုန်းကို ခပ်ပြုံးပြုံးဖြင့် ကြည့်လိုက်သည်။

"ပြောကြည့်ပါဦး။း"

​"ခင်ဗျား အရှင်မင်းကြီး ဘယ်မှာလဲဆိုတာ သိချင်သလား?း"

လီဟွာဖုန်းက မေးလိုက်သည်။

​အရှင်မင်းကြီး ရှရွှမ်ကျိ

​"မင်း သူဘယ်မှာလဲဆိုတာ သိလို့လား"

ဖန့်ချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူတို့ပတ်ဝန်းကျင်တွင် ဝိညာဉ်အကာအကွယ်တစ်ခု တည်ဆောက်လိုက်သည်။

ထို့နောက် လီဟွာဖုန်းထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ ယခုမူ သူတို့၏ စကားကို တခြားလူများ မကြားနိုင်တော့ပေ။

​"ကျုက် မှာ လမ်းစ ရှိတယ်"

လီဟွာဖုန်းက လေးနက်သော အသံဖြင့် ဆိုသည်။

"တကယ်လို့ ခင်ဗျား ကျုပ် ကို မဟာရှကို ပြန်ခေါ်သွားပေးမယ် ပြီးတော့ ဒီအဘိုးကြီး စုဆောင်းထားတဲ့ သိုင်းပညာ ကျင့်စဉ်တွေကို ကျုပ် ကို ပေးမယ်ဆိုရင် ကျွန်တော် ပြောပြမယ်"

​"ဘာလဲ မင်းက မသေမျိုးလမ်းစဉ်ကို ဆက်မလျှောက်ချင်တော့ဘူးလား"

ဖန့်ချန်က မေးလိုက်သည်။

​လီဟွာဖုန်း၏ မျက်နှာမှာ အနည်းငယ် တောင့်တင်းသွားပြီး စိတ်ပျက်အားငယ်ဟန် ပေါ်လာသည်။

"ကျင့်ကြံသူလောကဟာ ကျုပ် ထင်ထားတာထက် ပိုပြီး ရက်စက်လွန်းတယ် ဒါဟာ ကျုက် နဲ့ မသင့်တော်ဘူးလို့ ထင်ပါတယ်"

​"ပြောစမ်းပါ မင်းပေးတဲ့ လမ်းစက ငါ့အတွက် အသုံးဝင်သရွေ့ မင်းရဲ့ တောင်းဆိုချက်ကို ငါ သဘောတူနိုင်တယ်"

ဟု ဖန့်ချန်က ဆိုသည်။

​လီဟွာဖုန်းက ဖန့်ချန်ကို ခဏမျှ စိုက်ကြည့်ပြီးမှ စကားစလိုက်သည်။

"မြို့စားမင်းဖန့် ခင်ဗျားက အမြဲတမ်း ကတိတည်တဲ့လူဆိုတာ ကျွန်တော် သိပါတယ် ခင်ဗျားကို ယုံတယ်"

သူက ခဏရပ်လိုက်ပြီး

"ကျုပ် ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်းကို ရောက်ပြီးနောက် အရှင်မင်းကြီးကို တစ်ခါ မြင်လိုက်ရတယ် သူက ဒီအဘိုးကြီးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတာ"

​ထိုသတင်းက ဖန့်ချန်ကို ချက်ချင်း မှင်တက်သွားစေသည်။

​ရှရွှမ်ကျိက ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်းဂိုဏ်းချုပ်နဲ့ သိနေတာလား

​တကယ်လို့ သူ ခန့်မှန်းထားသည်မှာ မှန်ကန်ပါက ရှရွှမ်ကျိသည် သွေးဝိညာဉ်ဂိုဏ်း နှင့် သေချာပေါက် ပတ်သက်နေပေလိမ့်မည်။

ထိုသို့ဆိုလျှင် ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်းသည်လည်း သွေးဝိညာဉ်ဂိုဏ်း၏ လက်အောက်ခံတစ်ခုများလား

​"မင်း တခြား ဘာသိသေးလဲ"

ဖန့်ချန်က အသာအယာ မေးသည်။

​လီဟွာဖုန်းက ခေါင်းခါပြသည်။

"မသိတော့ဘူး"

​"မင်းပြောတဲ့ စကားတွေအတွက် ဘာသက်သေမှ မရှိဘူးနော်"

ဖန့်ချန်က ဆိုသည်။

​"မင်း ပြောတာ မှန်ပါတယ်"

လီဟွာဖုန်းက တည်ငြိမ်စွာ ခေါင်းညိမ့်သည်။

"ကျုပ် အရှင်မင်းကြီးကို တစ်ခါ မြင်ခဲ့တယ် အဲဒါပဲ ကျုပ် တော် ပြောနိုင်တာပါ"

​ဖန့်ချန် ခဏမျှ တိတ်ဆိတ်သွားသည်။

​"ငါ မင်းကို မဟာရှကို ပြန်ပို့ပေးဖို့ တစ်ယောက်ယောက်ကို စီစဉ်ပေးမယ်"

​လီဟွာဖုန်း သက်ပြင်းတစ်ချက် ချလိုက်သည်။

ဖန့်ချန်၏ အကူအညီမပါဘဲ သူ မဟာရှကို ကိုယ့်ဘာသာ ဘယ်တော့မှ ပြန်ရောက်နိုင်မည် မဟုတ်ကြောင်း သူ သိထားသည်။

သူ ထိုကျွန်းမှပင် ထွက်ခွာနိုင်မည် မဟုတ်ပေ။

ဤနေရာရှိ သင်္ဘောများသည် ကျင့်ကြံသူများသာ ပိုင်ဆိုင်သည့် ဝိညာဉ်ကျောက်တုံးများကိုသာ လက်ခံကြသည် မဟုတ်ပါလား။

သူ၏ လက်ထဲတွင်မူ ဘာမှ မရှိပေ။

​ထိုအချိန်တွင် အနားရှိ တာအိုဆရာများနှင့် အစောင့်တပ်သား အချို့သည် ဖန့်ချန်ကို ရိုသေစွာ ဦးညွတ်နှုတ်ဆက်ကြသည်။

​"ကျွန်တော်တို့ ဂိုဏ်းချုပ်အသစ်ကို ဂါရဝပြုပါတယ်"

​ဖန့်ချန်က သူတို့ကို ကြည့်ကာ အေးစက်စွာ ဆိုလိုက်သည်။

"ငါက ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်းရဲ့ ဂိုဏ်းချုပ် မဟုတ်ဘူး"

​တာအိုဆရာများမှာ ချက်ချင်းပင် ထိတ်လန့်သွားကြပြီး တစ်ဦးက အလျင်အမြန် ဆိုသည်။

"ဒါပေမဲ့ ခင်ဗျားက ဂိုဏ်းချုပ်ဟောင်းကို သတ်လိုက်ပြီလေ တကယ်လို့ ခင်ဗျားက ဂိုဏ်းချုပ်အသစ်အဖြစ် တာဝန်မယူဘူးဆိုရင် ဒီကျွန်းဟာ မကြာခင် တခြားသူတွေရဲ့ ပစ်မှတ် ဖြစ်လာပါလိမ့်မယ် အဲဒီအခါကျရင် ကျုပ်တို့အားလုံး အန္တရာယ် တွေ့ရပါလိမ့်မယ်"

All Chapters