← Chapters

အခန်း (၂၃၃-၂၃၄)

Vol. 24 Ch. 233-234

အခန်း (၂၃၃-၂၃၄)

Vol. 24 Ch. 233-234

​​အခန်း ၂၃၃ - စင်ကြယ်သော အသိစိတ်

​"ဘာကို ဆိုလိုတာလဲ"

ဖန့်ချန်က ခပ်ပြုံးပြုံးဖြင့် မေးလိုက်သည်။

"ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်းမှာ ရန်သူတွေ အများကြီး ရှိလို့လား"

​"စီနီယာ ခင်ဗျား မသိသေးလို့ပါ အပြင်လောကမှာ ပြိုင်ဆိုင်မှုတွေက အရမ်းပြင်းထန်ပါတယ် ကျင့်ကြံသူ အတော်များများက ဒီကျွန်းကို သူတို့ပိုင်နက်အဖြစ် သတ်မှတ်ဖို့ ကြိုးစားခဲ့ကြဖူးတယ် ဒါပေမဲ့ ဂိုဏ်းချုပ် ဟောင်းက သူတို့ကို မောင်းထုတ်နိုင်ခဲ့လို့ပါ"

"အခု ဒီနေရာမှာ အရှင်သခင် မရှိတော့ဘူးဆိုတာ သူတို့သိသွားရင် သေချာပေါက် ပြန်လာကြပါလိမ့်မယ် အဲဒီ ကျင့်ကြံသူတွေက ရက်စက်ကြတယ် သူတို့က ဖြောင့်မတ်တဲ့သူတွေတော့ မဟုတ်ကြဘူးပေါ့ဗျာ"

​ဖန့်ချန် ခဏမျှ စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းညိမ့်လိုက်သည်။

"နားလည်ပြီ ဒါပေမဲ့ ငါက ဂိုဏ်းချုပ်တော့ လုပ်မှာမဟုတ်ဘူ ငါက တာအိုဆရာလည်း မဟုတ်ဘူးလေ"

ဟု သူက ဆိုသည်။

"ဒီဂိုဏ်းကို အခုကစပြီး လျှို့ဝှက်ဝင်း လို့ နာမည်ပြောင်းမယ်"

​ထိုတာအိုဆရာများသည် လျှို့ဝှက်ဝင်း ဆိုသည်မှာ ဘာကို ကိုယ်စားပြုမှန်း မသိကြသော်လည်း ဖန့်ချန်၏ စကားကို ကြားရသဖြင့် အလွန်ဝမ်းသာသွားကြသည်။

အနည်းဆုံးတော့ သူတို့အိမ်ရှေ့တံခါးဝမှာ အခြားကျင့်ကြံသူတွေ လာရောက်ရန်ပြုမည့် ဘေးကို ကြောက်လန့်တကြား ထိုင်စောင့်နေစရာ မလိုတော့ပေ။

​"လျှို့ဝှက်ဝင်း..."

လီဟွာဖုန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

​ရုတ်တရက် သူသည် ဖန့်ချန်ကို ကြည့်ကာ မျက်လုံးထဲတွင် အံ့ဩမှုများ ဖြတ်ပြေးသွားသည်။

​သူ့ကို ကြည့်နေသည်ကို ဖန့်ချန် အာရုံခံမိသဖြင့် ပြန်ကြည့်လိုက်သည်။

​လီဟွာဖုန်းက ခါးသက်သက် ပြုံးလိုက်ပြီး

"မဟာရှထဲမှာ ထူးခြားတဲ့ အဖွဲ့အစည်းတစ်ခု ရှိတယ်လို့ ကျုပ် တစ်ခါ ကြားဖူးတယ် ဘယ်သူတွေမှန်း မသိသလို ဘယ်ကလာမှန်းလည်း မသိကြဘူး ဒါပေမဲ့ သူတို့ကို မဟာရှ လျှို့ဝှက်အစောင့်တပ်သားများ လို့ ခေါ်ကြတယ်"

​ဖန့်ချန်က အသာအယာ ပြုံးလိုက်သည်။

"မင်းက ဒီစကားလုံး နှစ်လုံးနဲ့ ရင်းနှီးနေတယ်ဆိုတော့ မဟာတောက်ပရေးဌာန မှာ ရှိနေတုန်းက အပျင်းထူမနေခဲ့ဘူးပဲ"

​လီဟွာဖုန်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"တကယ်ပဲ ခင်ဗျား ဖြစ်နေတာကိုး"

​မဟာရှ လျှို့ဝှက်အစောင့်တပ်သားတွေ ဘာလို့ ဒီလောက် လျှို့ဝှက်နေသလဲဆိုတာ အခုမှ ရှင်းသွားတော့သည်။

သူသည် လမ်းစအချို့ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း မည်မျှပင် ထပ်မံစုံစမ်းပါစေ ဘာသက်သေမှ ရှာမတွေ့ခဲ့ပေ။

​ပြန်စဉ်းစားကြည့်လျှင် ယုတ္တိရှိပေသည်။

သူတို့၏ ခေါင်းဆောင်မှာ ဖန့်ချန် မဟုတ်ပါလား။

​ဖန့်ချန်သာ သတင်းတွေကို ပိတ်ထားချင်သည်ဆိုလျှင် သူ၏ နည်းလမ်းများဖြင့် အလွန်လွယ်ကူလှပေသည်။

​တစ်နာရီအကြာတွင်

​ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်း၏ အဓိကခန်းမဆောင်တွင် တာအိုဆရာ တစ်ရာကျော်မှာ ဖန့်ချန်၏ ရှေ့တွင် သေသေသပ်သပ် ရပ်နေကြသည်။

သူတို့ကို ဦးဆောင်နေသူများမှာ ကောင်းကင်နက်နဲခြင်းအဆင့်၏ ပထမအဆင့်ဖြစ်သော သေမင်းချီအဆင့် ရောက်နေသည့် တာအိုဆရာ သုံးဦး ဖြစ်သည်။

​ဖန့်ချန်သည် ထိုအဆင့်ရှိသော သိုင်းပညာရှင်များနှင့် တိုက်ခိုက်ဖူးသည်။

ကောင်းကင်နက်နဲခြင်းအဆင့်သို့ ရောက်သည်နှင့် သိုင်းပညာရှင်များ၏ အတွင်းအားမှာ အသွင်ပြောင်းလဲသွားကြသည်။

ထိုအဆင့်တွင် သိုင်းပညာရှင်များသည် ဝိညာဉ်စွမ်းအင် ကို လုံးဝ ခုခံနိုင်စွမ်း မရှိသည်တော့ မဟုတ်ပေ။

​"မင်းတို့အားလုံး ဘယ်ကလာကြတာလဲ တစ်ယောက်ချင်းစီ ကိုယ့်နောက်ခံကို တင်ပြပါ တကယ်လို့ တစ်ယောက်ယောက်က လိမ်နေတာ သိရင် တခြားသူတွေက ပြောနိုင်တယ် တိုင်တောတဲ့သူကို ဆုလာဘ်တွေ အများကြီး ပေးမယ်"

ဟု ဖန့်ချန်က ခပ်ပြုံးပြုံးဖြင့် အမိန့်ပေးလိုက်သည်။

​တာအိုဆရာများသည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် သူတို့၏ နောက်ခံများကို အလျင်အမြန် တင်ပြကြသည်။

အချို့မှာ အဆင့် ၇ အင်ပါယာမှ၊ အချို့မှာ အဆင့် ၈ အင်ပါယာမှ လာကြသူများ ဖြစ်သည်။

သူတို့အားလုံးမှာ မသေမျိုးလမ်းစဉ်နှင့် ဉာဏ်အလင်းရရှိမှုကို ရှာဖွေရင်း နည်းလမ်းအမျိုးမျိုးဖြင့် ထိုကျွန်းပေါ်သို့ ရောက်ရှိလာကြသူများ ဖြစ်သည်။

​သူတို့၏ အခြေအနေမှာ ရှယားယိ နှင့် ဆင်တူသော်လည်း ခြားနားချက်မှာ ရှယားယိ သည် တောင်ပိုင်းကောင်းကင်ဂိုဏ်းသို့ အမှန်တကယ် ဝင်ခွင့်ရခဲ့ပြီး သူတို့မှာမူ ထိုဘုန်းကြီးကျောင်းတွင် အလုပ်ကြမ်းသမားများအဖြစ်သာ သတ်မှတ်ခံထားရခြင်း ဖြစ်သည်။

ဂိုဏ်းချုပ်ဟောင်းမှာ သူတို့ကို ကျင့်စဉ်များ သင်ကြားပေးရန် စိတ်ကူးမရှိခဲ့သလို အရိပ်အယောင်ပင် မပြခဲ့ဖူးပေ။

​"မင်းတို့အားလုံး ကျင့်ကြံချင်ကြသလား"

ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။

​အားလုံး၏ မျက်နှာများ ပြောင်းလဲသွားပြီး မျက်လုံးထဲတွင် မျှော်လင့်ချက်များ ဝင်းလက်လာကြသည်။

​ရှေ့ဆုံးမှ တာအိုဆရာ သုံးဦးမှာ ချက်ချင်း ဒူးထောက်ကာ ထပ်တလဲလဲ ဦးချကြတော့သည်။

ကျန်သည့် တာအိုဆရာများကလည်း နောက်မှလိုက်၍ ဒူးထောက် ဦးချကြသည်။

​"ထကြပါ"

​သူတို့ ထရပ်ပြီးနောက် ဖန့်ချန်သည် ရှေ့ဆုံးမှ တာအိုဆရာ သုံးဦးထံ လျှောက်သွားသည်။

"ငါ မင်းတို့ရဲ့ ဇာစ်မြစ်ကိုလည်း မမေးဘူး အတိတ်ကိုလည်း မစုံစမ်းဘူး တကယ်လို့ ကျင့်ကြံချင်တယ်ဆိုရင် မင်းတို့ကို အမည်ခံတပည့် အဖြစ် လက်ခံမယ် တာအိုဘွဲ့နာမည်တွေ ပေးမယ် ပြီးတော့ ကျင့်စဉ်တွေ သင်ပေးမယ်"

​ထိုသုံးဦးမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး နေရာမှာတင် ထပ်မံ ဒူးထောက်လိုက်ကြသည်။

​"ဆရာကြီး"

​၎င်းကို မြင်သောအခါ မြေကမ္ဘာနက်နဲခြင်းအဆင့်ရှိသော အခြားတာအိုဆရာများ၏ မျက်လုံးထဲတွင် အားကျစိတ်နှင့် မနာလိုစိတ်များ ပြည့်နှက်သွားသည်။

​" စိတ်မစောကြနဲ့ဦး"

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

"ငါ့မှာ တောင်းဆိုချက် တစ်ခုရှိတယ် တကယ်လို့ နောင်တစ်ချိန်မှာ မင်းတို့ ဒါကို မလိုက်နာနိုင်ရင် ငါ့တပည့်အဖြစ်ကနေ ရပ်စဲခံရလိမ့်မယ်"

​ထိုသုံးဦးမှာ အလွန် စိတ်လှုပ်ရှားနေကြဆဲ ဖြစ်သည်။

​"မိန့်ကြားပါ ဆရာကြီး"

​"ကျင့်ကြံသူလောကဟာ အရမ်းရက်စက်တယ်ဆိုတာ မင်းတို့ မြင်ခဲ့ပြီးပြီပဲ"

​ထိုသူသုံးဦးမှာ မသိစိတ်ဖြင့် ခေါင်းညိမ့်မိကြသည်။

တကယ်ပင် ရက်စက်လှသည်။

ကျင့်ကြံသူလောက က ပညာရှင်တွေတောင် တစ်ရက်အတွင်းမှာပဲ အမြစ်ပြတ် သေဆုံးသွားနိုင်သည် မဟုတ်ပါလား။

​"အဲဒါကြောင့် ကျင့်ကြံသူလောကမှာ အသက်ရှင်ချင်ရင် လျှို့ဝှက်ချက်တစ်ခု ရှိတယ် ဒါဟာ သင်ပေးလို့ရတဲ့ နည်းလမ်းမဟုတ်ဘူး မင်းတို့ရဲ့ အသိစိတ်ကို စင်ကြယ်အောင် ထားဖို့ပဲ လိုတယ်"

ဖန့်ချန်၏ အပြုံးမှာ သိပ်မသိသာလှပေ။

"ချက်ချင်း ပြန်ဖြေဖို့ မလိုဘူး သေချာ စဉ်းစားပြီးမှ ငါ့ကို ဖြေပါ"

​စင်ကြယ်သော အသိစိတ် ထိုသုံးဦးမှာ တွေးတောနေကြသည်။ ခဏအကြာတွင် တစ်ဦးက စကားစလိုက်သည်။

"ဆရာကြီး ကျွန်တော် အရင်က အမှားတွေ လုပ်ခဲ့ဖူးပါတယ် ကျွန်တော့်ရဲ့ စိတ်ထဲမှာတော့ အပြစ်ရှိသလို ခံစားရပါတယ်"

​ကျန်နှစ်ဦးမှာလည်း ထိုနည်းတူပင်။

သူတို့သည် ဖန့်ချန်ထံမှ ဘာမှ ဖုံးကွယ်ထား၍ မရနိုင်ကြောင်း သိထားကြသလို ဖုံးကွယ်ရန်လည်း စိတ်မကူးခဲ့ကြပေ။

​"ဒါဆို အနာဂတ်မှာကော"

​"အနာဂတ်မှာလား"

သူတို့ သုံးဦးမှာ ခဏမျှ မှင်တက်သွားပြီးမှ မျက်နှာများတွင် ဝမ်းသာရိပ်များ ပေါ်လာသည်။ သူတို့က အားတက်သရော ခေါင်းညိမ့်ပြကြသည်။

"ဆရာကြီး စိတ်ချပါ ကျွန်တော်တို့ အခုကစပြီး စင်ကြယ်တဲ့ အသိစိတ်နဲ့ပဲ အသက်ရှင်ပါ့မယ်တကယ်လို့ ဒီကတိကို ဖောက်ဖျက်ခဲ့ရင် ကောင်းကင်က မိုးကြိုး ပစ်ပြီး သေပါစေ"

​"တော်ပြီ ဒီနေ့ကစပြီး မင်းတို့က လျှို့ဝှက်ဝင်းရဲ့ အကြီးဆုံး ဒုတိယနဲ့ တတိယ စီနီယာအစ်ကိုတွေ ဖြစ်သွားပြီ မင်းတို့ကို တာအိုဘွဲ့နာမည်တွေ ပေးမယ် ကောင်းကင်တစ် ၊ ကောင်းကင်နှစ် နဲ့ ကောင်းကင်သုံး ပေါ့"

ထို့နောက် ဖန့်ချန်က ကျန်သူများကို ကြည့်လိုက်သည်။

"ဘယ်သူမဆို ကောင်းကင်နက်နဲခြင်းအဆင့်ကို ရောက်တဲ့သူကို ကျင့်စဉ်တွေ သင်ပေးမယ် မှတ်ထားပါ လျှို့ဝှက်ဝင်းမှာ စည်းကမ်းတစ်ခုပဲ ရှိတယ်"

သူက ခဏရပ်လိုက်ပြီးမှ သူ၏ ဝိညာဉ်စွမ်းအင်ပါသော အသံဖြင့် လူတိုင်း၏ နားထဲသို့ ရောက်အောင် ပြောလိုက်သည်။

"စင်ကြယ်တဲ့ အသိစိတ်နဲ့ နေထိုင်ကြဖို့ပဲ"

​တာအိုဆရာများသည် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသကဲ့သို့ ခံစားလိုက်ရသည်။

ယနေ့မှစ၍ သူတို့သည် လုံးဝ ခြားနားသော လမ်းစဉ်တစ်ခုပေါ်သို့ တက်လှမ်းရတော့မည်ကို သူတို့ သိကြသည်။

​လူတိုင်း၏ ရှေ့တွင် ဖန့်ချန်သည် ခရမ်းရောင်ချီကျင့်စဉ် ၏ ပထမ သုံးဆင့်ကို ကောင်းကင်တစ်၊ ကောင်းကင်နှစ် နှင့် ကောင်းကင်သုံး တို့အား လက်ဆင့်ကမ်းပေးလိုက်သည်။

ထို့နောက် ဂိုဏ်းချုပ်ဟောင်း၏ ဂူဗိမာန်ဆီသို့ ဦးတည်သွားတော့သည်။

​ဖန့်ချန်သည် ဝင်းအတွင်းရှိ ဝိညာဉ်ဆေးပင်များကို ပြုစုရန် အချိန်မရှိသဖြင့် အားလုံးကို ခူးယူလိုက်သည်။

၎င်းတို့သည် ဝိညာဉ်ကျောက်တုံး အတော်အတန် ရရှိနိုင်ပေလိမ့်မည်။

​ဆေးပင်များကို သိမ်းဆည်းပြီးနောက် ဖန့်ချန်သည် ဝိညာဉ်စမ်းရေတွင်းကို တစ်ချက်ကြည့်လိုက်သည်။

၎င်းမှာ သေးငယ်သော်လည်း ကျင့်ကြံသူ တစ်ဆယ်ကျော်၏ နေ့စဉ် လိုအပ်ချက်ကိုတော့ အနည်းဆုံး ထောက်ပံ့ပေးနိုင်သည်။

ဝိညာဉ်ကျောက်တုံး သုံးပြီး ကျင့်ကြံသည်နှင့် သိပ်မကွာလှသော်လည်း အနည်းငယ်တော့ အားပျော့ပေသည်။

​ဘေးတွင် လူမရှိသောအခါ ဖန့်ချန်သည် သူ သိမ်းဆည်းလာသော ရတနာများကို ထုတ်ယူကာ ဓားငယ်လေး ကို ဝါးမျိုခိုင်းလိုက်သည်။

စားသောက်ပြီးနောက် ဓားငယ်လေးမှာ အလွန်ကျေနပ်ဟန်ရှိပြီး ၎င်း၏ စွမ်းအင်များမှာလည်း ပို၍ အားကောင်းလာသည်။

​"ထူးဆန်းတာပဲ မင်းပေါ်က ဝိညာဉ်တံဆိပ် က ဘယ်နားမှာလဲ ငါ ရှာမတွေ့ဘူး"

ဖန့်ချန်သည် ဓားငယ်လေးကို ကြည့်ကာ ဆိုသည်။

၎င်းတွင် ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ ရှိနေသော်လည်း မည်သည့် လမ်းစမှ ရှာမတွေ့ခြင်းမှာ တကယ်ပင် စဉ်းစားရခက်လှသည်။

​ထိုညတွင် ဖန့်ချန်သည် ဂိုဏ်းချုပ်ဟောင်း ချန်ထားခဲ့သော သိုလှောင်လက်စွပ်ကို အောင်မြင်စွာ ပိုင်ဆိုင်ခွင့်ရခဲ့ပြီး ၎င်းအတွင်း၌ ဝိညာဉ်တံဆိပ် ၁၂ ခု ပါသော ရတနာတစ်ခုကို တွေ့ရှိလိုက်သည်။

ထုံးစံအတိုင်းပင် ၎င်းကို ဓားငယ်လေးအား ကျွေးလိုက်သည်။

​ရတနာအပြင် သူသည် ကျောက်စိမ်းပြား သုံးခုကိုလည်း တွေ့ရှိခဲ့သည်။

တစ်ခုတွင် ဓာတ်ကြီးငါးပါး ထိန်းချုပ်ခြင်း အတတ် ပါဝင်ပြီး နောက်တစ်ခုတွင် ဂိုဏ်းချုပ်ဟောင်း၏ ကျင့်စဉ် တတိယတစ်ခုမှာမူ နဂါးကျောရိုးလမ်း လေလံပွဲမှ သူရရှိခဲ့သော ကျင့်စဉ် ဖြစ်သည်။

​နှိုင်းယှဉ်ကြည့်ပြီးနောက် ဂိုဏ်းချုပ်ဟောင်း၏ ကျင့်စဉ်မှာ တကယ်ပင် မပြည့်စုံကြောင်း ဖန့်ချန် တွေ့ရှိလိုက်သည်။

ချီသန့်စင်ခြင်း အဆင့် ၁၂ အထိ ကျင့်ကြံနိုင်သော်လည်း အချိန်နှင့် အားစိုက်ထုတ်မှု ပိုမို လိုအပ်ပေလိမ့်မည်။

​နဂါးကျောရိုးလမ်းမှ ကျင့်စဉ်မှာ ပိုကောင်းသော်လည်း ခရမ်းရောင်ချီကျင့်စဉ် နှင့် နှိုင်းယှဉ်လျှင်မူ နှစ်ခုလုံးမှာ များစွာ နိမ့်ကျလှသည်။

၎င်းတို့ကြားမှ ခြားနားချက်မှာ သူတောင်းစားနှင့် ဧကရာဇ်မင်းကဲ့သို့ ကွာခြားလှပေသည်။

​"ချီသန့်စင်ခြင်း အဆင့်ဟာ အခြေခံပဲ အခြေခံအုတ်မြစ် က လူတစ်ယောက်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးတယ် ကံကောင်းတာက စီနီယာ ယွမ်ဟယ် ပေးခဲ့တဲ့ ကျင့်စဉ်က ထိပ်တန်းအဆင့် ဖြစ်နေလို့ပဲ "

ဖန့်ချန် သက်ပြင်းချလိုက်သည်။

သူသည် ကံကောင်းသော်လည်း အခြေမဲ့အမြစ်မဲ့ ကျင့်ကြံသူများနှင့် သာမန်ဂိုဏ်းသားများအတွက်မူ သူတို့၏ ဘဝလမ်းစဉ်မှာ အကန့်အသတ် ရှိနေပြီးသား ဖြစ်သည်။

ထူးခြားသော အခွင့်အရေးများ မရရှိခဲ့ပါက ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းရန် ခက်ခဲလှပေသည်။

​ဖန့်ချန်သည် ကျောက်စိမ်းပြားများကို သိမ်းဆည်းလိုက်သည်။

သူသည် ဓာတ်ကြီးငါးပါး ထိန်းချုပ်ခြင်းကို လေ့ကျင့်ရန် မလောသေးပေ။

ထို့အစား သူ၏ ဝိညာဉ်အာရုံကို သုံး၍ ကောင်းကင်တစ်နှင့် အခြားလူများ၏ လှုပ်ရှားမှုကို စောင့်ကြည့်နေလိုက်သည်။

အကယ်၍ ကြည်လင်သော ကောင်းကင်ဘုန်းကြီးကျောင်းသည် သွေးဝိညာဉ်ဂိုဏ်းနှင့် ပတ်သက်နေပါက ဂိုဏ်းချုပ်ဟောင်းနှင့် တပည့်များသည် အပြစ်ကင်းစင်ရန် ခဲယဉ်းလှသည်။

ကောင်းကင်တစ်တို့မှာ အဆင့်နိမ့် သိုင်းပညာရှင်များသာ ဖြစ်သော်လည်း သွေးဝိညာဉ်ဂိုဏ်း၏ ကိစ္စများတွင် ပါဝင်ပတ်သက်နေနိုင်ခြေ ရှိသဖြင့် ဖန့်ချန်က လျစ်လျူမရှုထားပေ။

​ထိုညတွင် လူတိုင်း စိတ်လှုပ်ရှားနေကြပြီး အထူးသဖြင့် ကောင်းကင်တစ်တို့မှာ ကျင့်စဉ်ကို အသည်းအသန် လေ့လာနေကြသည်။

​ထူးခြားသော လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိသေးပေ

​အခန်း ၂၃၃ - စင်ကြယ်သော အသိစိတ်

All Chapters