← Chapters

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

​အခန်း ၂၃၇ - ဓာတ်ကြီးငါးပါးကို ထိန်းချုပ်ခြင်း

​ဖန့်ချန်သည် ကပ္ပတိန်ကို ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် မိသားစုလိုက် ပါလာကြသည့် ကျင့်ကြံသူများကို တစ်ချက်ကြည့်ကာ ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။

"မင်းတို့ရဲ့ ပင်လယ်ရေကြောင်းပြမြေပုံကို ငါ့ကိုပေးဒါဆို မင်းတို့တောင်းဆိုချက်ကို ငါသဘောတူမယ်"

​ထိုစကားကို ကြားသည်နှင့် ကျင့်ကြံသူများသည် အလွန်ဝမ်းသာသွားကြသည်။

"မြန်မြန် သူ့ကို ရေကြောင်းပြမြေပုံ ပေးလိုက်ကြ"

​သို့သော် ကပ္ပတိန်မှာမူ တွေဝေနေပြီး ထုတ်ပေးရန် ဝန်လေးနေသည်။

ရေကြောင်းပြမြေပုံမှာ အလွန်တန်ဖိုးရှိလှသည်။

ပင်လယ်ကုန်သွယ်ရေး လုပ်သူများအတွက် ၎င်းမှာ ရတနာတစ်ခုဖြစ်ပြီး အခြားသူများကို အလွယ်တကူ မပြလိုကြပေ။

​"မပေးချင်ဘူးလား"

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

"ဒါဆိုရင်တော့ မင်းတို့ပဲ ငါ့ကို ငါသွားချင်တဲ့နေရာအထိ လိုက်ပို့ပေးဖို့ပဲ ရှိတော့တာပေါ့"

​ကပ္ပတိန်မှာ သွားကြိတ်ကာ သူ၏ကိုယ်ပေါ်မှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပေးလိုက်သည်။

"သခင် ဒါက ကျွန်တော့်ရဲ့ ရေကြောင်းပြမြေပုံပါ ဒီမြေပုံမှာ လမ်းကြောင်းတစ်ခုပဲ ပါပေမဲ့ အပြင်မှာ ရောင်းရင် ဝိညာဉ်ကျောက်တုံး လေးငါးရာလောက် ရပါတယ်ဗျာ"

​ဖန့်ချန်၏ ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး ကျောက်စိမ်းပြားအတွင်းသို့ စူးစမ်းကြည့်လိုက်သည်။

ပြည့်စုံလုနီးပါးရှိသော လမ်းကြောင်းမြေပုံတစ်ခု သူ၏အာရုံထဲတွင် ပေါ်လာသည်။

ထိုလမ်းကြောင်းသည် နေရာပေါင်း ဒါဇင်များစွာကို ဖြတ်သန်းသွားမည်ဖြစ်ပြီး နောက်ဆုံးပန်းတိုင်မှာ မီးလျှံအင်ပါယာ ဖြစ်သည်။

​ဖန့်ချန်က အသာအယာ ရယ်မောလိုက်သည်။

"ကျေးဇူးပဲ"

သူသည် လျိုမူကို ဆွဲမကာ အနက်ရောင်သင်္ဘောကြီးပေါ်သို့ ခုန်တက်လိုက်သည်။

​ကပ္ပတိန်မှာ ၎င်းကိုမြင်လျှင် သင်္ဘောကို ချက်ချင်း လှည့်ထွက်သွားချင်သော်လည်း ဖန့်ချန်က တားလိုက်ပြန်သည်။

​"နေဦး ငါ လက်မှတ်ခ ပြန်တောင်းချင်သေးတယ်"

​"ဟုတ်ကဲ့... ဟုတ်ကဲ့"

ကပ္ပတိန်က ခေါင်းကို တရစပ်ငြိမ့်ကာ ဝိညာဉ်ကျောက်တုံးအချို့ကို ထုတ်၍ ဖန့်ချန်ထံ ပစ်ပေးလိုက်သည်။

​"ဒါတွေက မလုံလောက်ဘူး"

ဖန့်ချန်က ခေါင်းခါပြသည်။

"ဒီအနက်ရောင်သင်္ဘောကြီးကို မောင်းနှင်ဖို့ ဝိညာဉ်ကျောက်တုံး အများကြီး လိုအပ်တယ် ငါ အများကြီး မတောင်းပါဘူး ဝိညာဉ်ကျောက်တုံး သုံးရာဆို ရပါပြီ"

​"......"

​ကပ္ပတိန်၏ မျက်နှာမှာ ပြာနှမ်းသွားသည်။

ဝိညာဉ်ကျောက်တုံး သုံးရာမှာ နည်းသည့်ပမာဏ မဟုတ်ပေ။

အကယ်၍ ဖန့်ချန်ကို ပေးလိုက်ရပါက ထိုခရီးစဉ်မှ အမြတ်မရရုံသာမက အရှုံးပါ ပေါ်ပေလိမ့်မည် ခဏမျှ တွေးတောပြီးနောက် သူက အခြားကျင့်ကြံသူများကို ကြည့်လိုက်သည်။

"အားလုံးပဲယ ဒီလူကို မြန်မြန် ထွက်သွားစေဖို့ ငါတို့ ဝိုင်းပြီး စိုက်ထုတ်ပေးကြရအောင်"

​ကျင့်ကြံသူများမှာ ငြင်းဆန်ချင်သော်လည်း အင်အားချင်း မမျှသဖြင့် မတတ်နိုင်ကြပေ။

ထိုပြဿနာရှာသူကို အမြန်ဆုံး နှင်ထုတ်နိုင်ရန်အတွက် သူတို့မှာ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဝိညာဉ်ကျောက်တုံးများကို ထုတ်ပေးလိုက်ကြရသည်။

အားလုံးဝိုင်းဝန်း စိုက်ထုတ်လိုက်ကြသဖြင့် နောက်ဆုံးတွင် ဝိညာဉ်ကျောက်တုံး သုံးရာ ပြည့်သွားတော့သည်။

၎င်းတို့ကို အိတ်တစ်ခုထဲထည့်ကာ ဖန့်ချန်ထံသို့ ပစ်ပေးလိုက်ကြသည်။

​ဝိညာဉ်ကျောက်တုံးများကို ဖမ်းယူပြီးနောက် ဖန့်ချန်က ကပ္ပတိန်ကို လက်ဝှေ့ယမ်းပြလိုက်သည်။

"မင်းတို့ သွားလို့ရပြီ"

​သူတို့မှာ တစ်စက္ကန့်မျှပင် အချိန်မဖြုန်းကြတော့ပေ။

သင်္ဘောမှာ ချက်ချင်းပင် အရှိန်အဟုန်ဖြင့် ထွက်ခွာသွားပြီး ဖန့်ချန်၏ အမြင်အာရုံမှ ပျောက်ကွယ်သွားတော့သည်။

​ဖန့်ချန်သည် သူ၏ ဝိညာဉ်အာရုံကို သုံး၍ ပတ်ဝန်းကျင်တွင် ပုန်းအောင်းနေသည့် ကျင့်ကြံသူများ မရှိကြောင်းနှင့် အနက်ရောင်သင်္ဘောပေါ်တွင် အသက်ရှင်ကျန်ရစ်သူ မရှိကြောင်း သေချာအောင် စစ်ဆေးလိုက်သည်။

ထို့နောက် သူသည် ထိုအနက်ရောင်သင်္ဘောကြီးကို စတင်၍ သန့်စင် လိုက်သည်။

​ဓားငယ်လေးမှာ အနည်းငယ် ဗိုက်ဆာနေသော်လည်း လိမ္မာပါးနပ်စွာဖြင့် ဖန့်ချန်၏ ဘေးတွင် ရပ်ကာ စောင့်ကြပ်ပေးနေသည်။

တကယ် မသိနားမလည်သော ကျင့်ကြံသူ တစ်စုံတစ်ယောက် ပေါ်လာပါက ၎င်းသည် အညှာတာမဲ့စွာ တိုက်ခိုက်ပေလိမ့်မည်။

ဓားငယ်လေး လှုပ်ရှားလာလျှင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများပင် သတိထားကြရပေမည်။

​တစ်နာရီအကြာတွင် ဖန့်ချန်၏ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းလုနီးပါး ဖြစ်သွားသည်။

သူသည် ဝိညာဉ်စွမ်းအင်များ မကုန်ဆုံးမီ သင်္ဘော၏ အစိတ်အပိုင်း သုံးဆယ်ပုံ တစ်ပုံခန့်ကိုသာ သန့်စင်နိုင်ခဲ့သည်။

သန့်စင်ရန် လမ်းစများစွာ ကျန်နေသေးသည်။

သာမန်ကျင့်ကြံသူတစ်ဦးအတွက်ဆိုလျှင် ဤသည်မှာ ကျရှုံးမှုဖြစ်သော်လည်း ဖန့်ချန်၏ ဝိညာဉ်စွမ်းအင်မှာ အနိမ့်ဆုံးသို့ ရောက်သွားပြီးနောက် အလွန်လျင်မြန်စွာ ပြန်လည် ပြည့်ဖြိုးလာနိုင်သည်။

​သူ၏ ဝိညာဉ်စွမ်းအင်များ ပြန်လည် ပြည့်ဝလာပြီး အနက်ရောင် သင်္ဘောကြီးကို ဆက်လက်၍ သန့်စင်လိုက်သည်။

​မသိမသာဖြင့် ရက်အနည်းငယ် ကုန်ဆုံးသွားသည်။

​ရုတ်တရက် အနက်ရောင်သင်္ဘောကြီးမှ ဖျော့တော့သော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး ဖန့်ချန် မျက်လုံးဖွင့်လိုက်သည်။

သူသည် သင်္ဘောကြီးကို အောင်မြင်စွာ သန့်စင်ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်သည်။

၎င်းမှာ သူ၏ ကိုယ်ပိုင်အသက်သွေးကြော ရတနာ မဟုတ်သဖြင့် သိုလှောင်လက်စွပ်အတွင်း ထည့်၍ မရပေ။

ထို့အပြင် သူ၏ သိုလှောင်လက်စွပ်မှာလည်း ထိုမျှ ကြီးမားသော အရာဝတ္ထုကို ဆံ့နိုင်စွမ်း မရှိပေ။

​မည်သို့ပင်ဆိုစေကာမူ ကုန်းပေါ်သို့ ရောက်သည်နှင့် ထိုသင်္ဘောမှာ ဓားငယ်လေးအတွက် အာဟာရ ဖြစ်လာပေလိမ့်မည်။

​ဝိညာဉ်တံဆိပ် ၃၆ ခု အင်း ဒီအတိုင်းကြီး ပျက်စီးသွားမှာကို နှမြောစရာပဲ ဟု ဖန့်ချန်က တွေးမိသည်။

​ဓားငယ်လေးမှာ ဖန့်ချန် သန့်စင်ခြင်းလုပ်ငန်းစဉ် ပြီးဆုံးသွားသည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် တုန်ခါလာတော့သည်။

"ဗိုက်ဆာတယ်... ဗိုက်ဆာတယ်"

​ဖန့်ချန်က ရယ်မောလိုက်သည်။

"စိတ်မပူနဲ့ လာပြီ လာပြီ"

သူသည် သေဆုံးသွားသော လူငယ်နှင့် ကျင့်ကြံသူများထံတွင် တန်ဖိုးရှိသော ပစ္စည်းများ ကျန်မကျန် သေသေချာချာ ရှာဖွေလိုက်သည်။

ထို့နောက် မီးလုံးအဆောင်အချို့ကို သုံးကာ သူတို့ကို ပြာဖြစ်စေပြီး ပင်လယ်ထဲသို့ ကြဲပက်လိုက်သည်။

​"တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ သူက ဂိုဏ်းချုပ်သား ဆိုတဲ့ ဘွဲ့နာမည်နဲ့ တကယ် ထိုက်တန်ပါတယ်"

"သူ့ဆီမှာ ဝိညာဉ်ကျောက်တုံး သုံးရာအပြင် ရတနာနှစ်ခုလည်း ရှိသေးတယ် တစ်ခုက ငါ့လက်စွပ်ထက် အများကြီး ပိုကြီးတဲ့ သိုလှောင်လက်စွပ်ပဲ သုံးမီတာ ပတ်လည်လောက် ရှိတယ်"

​ဖန့်ချန်သည် ထိုသိုလှောင်လက်စွပ်ကို သန့်စင်လိုက်ပြီးနောက် သူ၏ လက်စွပ်အဟောင်းထဲမှ ပစ္စည်းအားလုံးကို ပြောင်းရွှေ့ထည့်လိုက်သည်။

​"ရတနာ စုစုပေါင်း ကိုးခု အားလုံးက ဝိညာဉ်တံဆိပ် ဆယ်ခုနဲ့ အထက်တွေချည်းပဲ ဒီရတနာဝတ်စုံကတော့ နည်းနည်း ထူးဆန်းတယ် ဒါကိုတော့ ခဏသိမ်းထားမယ်"

ဖန့်ချန်၏ လက်ထဲတွင် အစိမ်းရောင် ဝတ်စုံလေး တစ်ထည် ရှိနေသည်။

၎င်းမှာ သာမန် ရှပ်အင်္ကျီတစ်ထည်နှင့် တူသော်လည်း သူ မည်မျှပင် ဆွဲဖြဲပါစေ၊ မီးလုံးများ သို့မဟုတ် ရေခဲမြှားများဖြင့် မည်မျှပင် ပစ်ပေါက်ပါစေ၊ အဝတ်အစားမှာ လုံးဝ ထိခိုက်ပျက်စီးခြင်း မရှိပေ။

​ထိုဝတ်စုံကို ဖယ်၍ ကျန်သည့် ရတနာများကို ဓားငယ်လေးအား ပေးလိုက်သည်။

ဓားငယ်လေးက အားပါးတရ ဝါးမျိုလိုက်ရာ ခဏချင်းအတွင်း ကုန်သွားတော့သည်။

၎င်း၏ အရှိန်အဝါမှာ အနည်းငယ် လှုပ်ခတ်သွားခြင်းက ကျေနပ်မှုကို ပြသနေသော်လည်း ဖန့်ချန်၏ လက်ထဲမှ ဝတ်စုံကို ကြည့်ကာ ဆက်စားချင်နေသေးပုံရသည်။

​ဖန့်ချန်က ရယ်မောရင်း ခေါင်းခါလိုက်သည်။

"ဒါကိုတော့ စားလို့မရဘူး ငါ အသုံးချစရာ ရှိတယ်"

​ထို့နောက် သူသည် ဝိညာဉ်ကျောက်တုံးများကို စုစည်းလိုက်သည်။ ယခုအခါ သိုလှောင်လက်စွပ်အတွင်း ဝိညာဉ်ကျောက်တုံး ၁၅၀၀ ခန့် ရှိနေပြီဖြစ်သည်။

သေဆုံးသွားသော လူငယ်ထံမှ ရသော သုံးရာ၊ ကပ္ပတိန်နှင့် ခရီးသည်များထံမှ ရသော သုံးရာအပြင် ကျန်သည့်ပမာဏမှာ ပင်လယ်နဂါးဂိုဏ်း ကျင့်ကြံသူများထံမှ လုယူခဲ့ခြင်း ဖြစ်သည်။

​"ဝိညာဉ်ကျောက်တုံး ၁၅၀၀ နဲ့ ထိပ်တန်းအဆင့်ခရမ်းရောင် လျှပ်စီးအဆောင် အခုငါးဆယ်ကျော် ရှိနေပြီ မီးတောက်အင်ပါယာကို ရောက်တဲ့အခါ အဆောင်ပြုလုပ်တဲ့ ပစ္စည်းအများစုကို သုံးပစ်ရမယ် ထင်တယ် ပြီးတော့ ဓာတ်ကြီးငါးပါး အတတ်ကို လေ့ကျင့်ဖို့လည်း အချိန်ရမှာပါ"

​ခဏမျှ တွေးတောပြီးနောက် ဖန့်ချန်သည် အနက်ရောင်သင်္ဘော၏ အဓိက အချက်အချာနေရာသို့ သွားလိုက်သည်။

ထိုနေရာတွင် ဝိညာဉ်ကျောက်တုံးများကို လောင်စာအဖြစ် အသုံးပြုရန် သီးသန့်တည်ဆောက်ထားသော နေရာ တစ်ခု ရှိသည်။

ထိုအတွင်း၌ ဝိညာဉ်ကျောက်တုံး တစ်ရာ ထည့်သွင်းထားပြီးသား ဖြစ်သည်။

​"ဒါနဲ့ မီးတောက်အင်ပါယာအထိ ရောက်နိုင်ပါ့မလား မသိဘူး"

ဟု ဖန့်ချန် ရေရွတ်လိုက်သည်။

သူ၏ ဝိညာဉ်စွမ်းအင်ကို အနည်းငယ် ထုတ်လွှတ်လိုက်ရာ အနက်ရောင်သင်္ဘောကြီးမှာ ချက်ချင်းပင် စတင် ထွက်ခွာသွားပြီး မြေပုံအတိုင်း မီးတောက် အင်ပါယာဆီသို့ အံ့ဩဖွယ်ရာ အရှိန်အဟုန်ဖြင့် ဦးတည်မောင်းနှင်တော့သည်။

​သူ၏ ဝိညာဉ်စွမ်းအင်မှာ အစပျိုးပေးရုံသာ ဖြစ်ပြီး သင်္ဘောကြီးမှာ ရှေ့သို့ ခရီးဆက်ရန် ဝိညာဉ်ကျောက်တုံးများမှ စွမ်းအင်ကို ထုတ်ယူသွားမည် ဖြစ်သည်။

​သင်္ဘော စတင်ထွက်ခွာသည်နှင့် ဖန့်ချန်သည် ရတနာဝတ်စုံကိုလည်း သန့်စင်လိုက်သည်။

၎င်းမှာ ရေနှင့်မီးကို ခုခံနိုင်ရုံသာမက ဆန့်နိုင် ကျုံ့နိုင်သောကြောင့် ဝတ်ဆင်ရသည်မှာ အလွန်လွယ်ကူလှသည်။

​ဒီရတနာဝတ်စုံမှာလည်း ဝိညာဉ်တံဆိပ် ၁၂ ခု ပါတာပဲ။ ဒါက ဒီထက်မက ပိုပြီး စွမ်းဆောင်နိုင်မှာ သေချာတယ် ဟု ဖန့်ချန် တွေးလိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။

ရတနာဝတ်စုံမှာ တောက်ပသော ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး ထူထဲသော ဝိညာဉ်အကာအကွယ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာတော့သည်။

​၎င်း၏ ခံနိုင်ရည်ကို စမ်းသပ်ကြည့်ပြီးနောက် ဖန့်ချန်သည် ကာကွယ်ရေးစွမ်းရည်မှာ တကယ်ပင် အထင်ကြီးစရာ ကောင်းကြောင်း တွေ့ရှိလိုက်ရသည်။

ဓားငယ်လေး၏ အကူအညီမပါဘဲ သူသည် ထိုဝိညာဉ်အကာအကွယ်ကို ဖောက်ထွက်နိုင်လိမ့်မည် မဟုတ်ဟု ခန့်မှန်းမိသည်။

အဆင့်မြင့် ခရမ်းရောင် လျှပ်စီးအဆောင် များပင်လျှင် တစ်ခုတည်းဖြင့် ဖောက်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။

​ဖန့်ချန်က ရယ်မောလိုက်သည်။

"ဒါက တကယ့်ကို အမြတ်ကြီးပဲ"

ထို့နောက် သူသည် ဓာတ်ကြီးငါးပါး အတတ် ကျောက်စိမ်းပြားကို ထုတ်ယူကာ လေ့ကျင့်တော့သည်။

​ရက်အနည်းငယ် ကုန်ဆုံးသွားသည်။

​ဖန့်ချန်သည် သင်္ဘောဦးတွင် ရပ်ကာ လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများသည် ချက်ချင်းဆိုသလို ပေတစ်ရာခန့် ရှည်လျားသော ဧရာမ မြွေဟောက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

အမိန့် အနည်းငယ်ပေးရုံဖြင့် ဒုတိယမြောက် မြွေဟောက်ကြီးတစ်ကောင် ထပ်မံ ပေါ်လာပြန်သည်။

​​အခန်း ၂၃၈ - လိုက်လံဖမ်းဆီးသူများ

​ဖန့်ချန်အတွက် သင်္ဘောပေါ်တွင် ကုန်ဆုံးခဲ့ရသော အချိန်များသည် ကျင့်ကြံသူဖြစ်လာပြီးနောက်ပိုင်း သူ၏ဘဝတွင် အပြည့်ဝဆုံးနှင့် အလွတ်လပ်ဆုံး အချိန်များထဲမှ တစ်ခုဖြစ်ခဲ့သည်။

ကောင်းကင်နှင့် မြေကြီးအကြား လှည့်လည်သွားလာနေရသည့် ထို ခရီးစဉ်တွင် သူသည် စစ်မှန်သော လွတ်လပ်မှုကို ခံစားနေရသည်။

​သူသည် နေ့စဉ် နေထွက်ချိန်နှင့် နေဝင်ချိန်ကို စောင့်ကြည့်ရင်း စိတ်ကို လွတ်လပ်စွာ ထားရှိသည်။

မည်သည့် ပူးပေါင်းကြံစည်မှု၊ မည်သည့် နောက်ကွယ်မှ အကွက်ချမှုမျိုးကိုမှ စဉ်းစားနေစရာ မလိုပေ။

ရှေ့တွင် မည်သို့သော အတားစီးများ ရှိနေမည်ကိုလည်း တွေးတောနေရန် မလိုအပ်တော့။

​ပျင်းရိလာသောအခါ ဓားငယ်လေး နှင့် စကားပြောလိုက် လမ်းခရီးတစ်လျှောက် ပင်လယ်ပြင်၏ အံ့ဖွယ်များကို ငေးမောလိုက်ဖြင့် အချိန်ကုန်လွန်စေသည်။

​ တစ်နေ့တွင် သူတို့သည် အလွန်ပြင်းထန်သော မုန်တိုင်းကြီးတစ်ခုနှင့် တိုးလေသည်။

လျှပ်စီးများ လက်ခနဲ မိုးခြိမ်းသံများ ဟိန်းခနဲနှင့်အတူ သူတို့ ခရီးဆက်ခဲ့ကြသည်။

​ထိုအချိန်က ကောင်းကင်ကြီးမှာ သူ၏ ရင်ဘတ်ပေါ်သို့ ဖိချထားသကဲ့သို့ ခံစားရပြီး ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း အရှိန်အဝါများကြောင့် ဖန့်ချန်သည် မိမိကိုယ်ကိုယ် အလွန်သေးငယ်ပြီး အကူအညီမဲ့နေသကဲ့သို့ ခံစားလိုက်ရသည်။

​ကျင့်ကြံသူများအတွက် ဘေးဒုက္ခသုံးပါးနှင့် ကပ်ဆိုးကိုးပါး ကို ရင်ဆိုင်ရခြင်းမှာ ကောင်းကင်ဘုံကို ဆန့်ကျင်တိုက်ခိုက်ရခြင်းနှင့် တူညီသည်။

ထိုဘေးဒုက္ခသုံးပါးထဲမှ တစ်ခုမှာ လျှပ်စီးဘေးဒုက္ခ ဖြစ်သည်။

ထိုကြောက်မက်ဖွယ်ကောင်းသော စမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ရန်အတွက် ခိုင်မာသော နှလုံးသားရှိရန် လိုအပ်သည်။

ဖန့်ချန်သည် ထိုလမ်းစဉ်ကို ရွေးချယ်ထားသဖြင့် တစ်နေ့တွင် ထိုကဲ့သို့သော ထိတ်လန့်ဖွယ်ရာများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း နားလည်ထားသည်။

ထိုနေ့ရောက်လာလျှင် သူ အဆင်သင့်ဖြစ်ပါ့မလား သူ မသေချာသော်လည်း ထိုနေ့သည် ဧကန်မုချ ရောက်လာပေလိမ့်မည်။

​ယခုအခါ သူ၏ သိုလှောင်လက်စွပ်အတွင်း၌ ထိပ်တန်းအဆင့် ခရမ်းရောင် လျှပ်စီးအဆောင် တစ်ရာခန့် ရှိနေပြီဖြစ်ပြီး သူ၏ အဆောင်ရေးစုတ်တံ တစ်ချောင်းမှာလည်း ပျက်စီးသွားခဲ့ပြီဖြစ်သည်။

လျှပ်စီးသစ်သား အဆောင်စက္ကူ တစ်ရာခန့် ကျန်ရှိနေသေးပြီး ကိုးကြိမ်မြောက် ဘေးဒုက္ခပြဒါး များမှာလည်း ပိုလျှံနေသေးသည်။

​ဖန့်ချန်သည် အဆောင်များကို ဆက်လက်မပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

အဆောင်ပြုလုပ်ခြင်းမှာလည်း ကျင့်ကြံခြင်း တစ်မျိုးဖြစ်သော်လည်း ဓာတ်ကြီးငါးပါး အတတ် ကို လေ့ကျင့်စဉ် ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအင်များနှင့် နှိုင်းယှဉ်လျှင် ၎င်းမှာ ကျင့်ကြံမှုနှုန်း အနည်းငယ် နှေးကွေးလှသည်။

​ထိပ်တန်းအဆင့် ခရမ်းရောင် လျှပ်စီးအဆောင် တစ်ရာဆိုသည်မှာ လုံလောက်သည်ထက်ပင် ပိုနေပြီဖြစ်သည်။

လောလောဆယ်တွင် ကျင့်ကြံခြင်းအပေါ်၌သာ အာရုံစိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

​မကြာမီတွင် အခြားသင်္ဘောကပ္ပတိန်များသည် ထူးဆန်းသော အနက်ရောင်သင်္ဘောကြီးတစ်စီးကို တွေ့ရှိကြလေသည်။

ထိုသင်္ဘော၏ ထူးခြားချက်မှာ ၎င်းခရီးသွားရာတစ်လျှောက်တွင် ပေတစ်ရာခန့် ရှည်လျားသော ရေမြွေဟောက်ကြီး နှစ်ကောင်က အမြဲတမ်း ဘေးမှ လိုက်ပါနေခြင်းပင် ဖြစ်သည်။

​အကယ်၍ ၎င်းမှာ ကျင့်ကြံသူများ၏ သင်္ဘောဖြစ်ပါက ထိုမြင်ကွင်းကို မြင်လျှင် အံ့ဩကြမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်က ရေဓာတ် ကို အသုံးပြုနေခြင်းဖြစ်ကြောင်း သူတို့ သိကြသောကြောင့်ဖြစ်သည်။

သို့သော် သူတို့ ထူးဆန်းသည်ဟု ထင်မြင်မိသည်မှာ အဘယ်ကြောင့် တစ်စုံတစ်ယောက်က မိမိ၏ ဝိညာဉ်စွမ်းအင်များကို ထိုကဲ့သို့ အလကား ဖြုန်းတီးနေရသနည်း ဟူသောအချက်ပင်။

​ဘေးကင်းသောနေရာတွင် မဟုတ်လျှင် မည်သည့်ကျင့်ကြံသူမှ မိမိ၏ ဝိညာဉ်စွမ်းအင်ကို ထိုကဲ့သို့ မဖြုန်းတီးကြပေ။

အကယ်၍ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းနေချိန်တွင် အန္တရာယ်နှင့် ကြုံတွေ့ရပါက ထိုကျင့်ကြံသူ ဘာလုပ်မည်နည်း

​ခွဲလဝက်အကြာတွင်

​ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိညာဉ်စွမ်းအင်များသည် ဖန့်ချန်အတွင်းသို့ စတင်စီးဝင်လာပြီး သူ၏ ဆယ်ခုမြောက် မသေမျိုးသွေးကြောမှာ တဖြည်းဖြည်း ပုံဖော်လာတော့သည်။

​လျိုမူသည် ဘေးတွင် ရပ်ကာ ထိုမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေပြီး သူ၏မျက်လုံးများတွင် အားကျစိတ်များ ပြည့်နေသည်။

​ဖန့်ချန်နှင့်အတူ နေထိုင်ခဲ့သည့် ဤကာလအတွင်း မဟာရှ၏ နံပါတ်တစ်ပုဂ္ဂိုလ်မှာ မိမိ၏နေ့ရက်များကို မည်မျှ ကြိုးစားအားထုတ်စွာ ကုန်လွန်စေသည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

ဖန့်ချန်သည် အဆောင်ပြုလုပ်နေခြင်း မဟုတ်လျှင် ကျင့်ကြံနေခြင်းသာ ဖြစ်သည်။

​သူသည် တစ်နေ့တာလုံး အလုပ်လုပ်နေပြီး နားချိန်ဟူ၍ မရှိသလောက်ပင်။

ဖန့်ချန် နားသော တစ်ခုတည်းသော အချိန်မှာ သူတို့နှစ်ဦး အတူတူထိုင်၍ စကားပြောသော အချိန်သာဖြစ်သည်။

ထိုသို့ပြောရာတွင်လည်း ဖန့်ချန်ကသာ ပြောပြီး လျိုမူက နားထောင်သူသာ ဖြစ်သည်။

ဖန့်ချန် ပြောပြသော အကြောင်းအရာ အတော်များများကိုလည်း လျိုမူ နားမလည်ရှာပေ။

​ဖန့်ချန် မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် လျိုမူမှာ အချိန်မည်မျှ ကုန်သွားသည်ကိုပင် မသိတော့ပေ။

ဖန့်ချန်၏ မျက်လုံးများတွင် ဖျော့တော့သော အလင်းတန်းတစ်ခု ခဏမျှ ပေါ်လာပြီးနောက် ပျောက်ကွယ်သွားသည်။

​သူ၏ ဆယ်ခုမြောက် မသေမျိုးသွေးကြော ဖြစ်ပေါ်လာခဲ့ပြီ

​ဖန့်ချန်၏ စိတ်အမိန့်တစ်ခုဖြင့် ပေတစ်ရာခန့် ရှည်လျားသော ရေမြွေဟောက်ကြီး သုံးကောင်မှာ ပင်လယ်ထဲမှ ထွက်ပေါ်လာပြီး အနက်ရောင်သင်္ဘောကြီးကို ဝိုင်းရံကာ ခုန်ပေါက်လှုပ်ရှားနေကြသည်။

ဝိညာဉ်စွမ်းအင်များမှာ အလွန်အမင်း ကုန်ဆုံးသွားပြီး ငါးမိနစ်ခန့်အကြာတွင် သူ၏ စွမ်းအင်များ ကုန်ခမ်းသွားတော့သည်။

​ထို့နောက် ၎င်းတို့မှာ အရင်ကကဲ့သို့ပင် အလွန်လျင်မြန်စွာ ပြန်လည် ပြည့်ဖြိုးလာပြန်သည်။

​"ငါ့ရဲ့ အခု ဝိညာဉ်စွမ်းအင် ပမာဏက ချီသန့်စင်ခြင်း အဆင့် ၁၂ ရှိတဲ့ ကျင့်ကြံသူထက်တောင် ကျော်လွန်နေလောက်ပြီ"

"အခု ပေတစ်ရာရှည်တဲ့ မြွေဟောက် သုံးကောင်ကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်ပြီပဲ ဟို တာအိုဆရာကြီးတောင် ဒါကို လုပ်နိုင်မှာ မဟုတ်ဘူး"

ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်သည်။

သူသည် မိမိကိုယ်ကိုယ် အထင်ကြီးနေခြင်း မဟုတ်ပေ။

ထိုအဘိုးကြီးနှင့် တိုက်ခိုက်စဉ်က သူတို့၏ ဝိညာဉ်စွမ်းအင်မှာ အဆင့်တူညီသည်ဟု ခံစားခဲ့ရသည်။

သူသည် ချီသန့်စင်ခြင်း အဆင့်များကို ဖြတ်ကျော်လာသည်နှင့်အမျှ တာအိုသုံးထောင် ကျမ်း ဖြင့် တည်ဆောက်ထားသော မသေမျိုးသွေးကြောများနှင့် အခြားကျင့်စဉ်များ၏ ခြားနားမှုကို ပို၍ သိသာစွာ မြင်တွေ့လာရသည်။

သူ၏ သွေးကြောများသည် ပို၍ ခိုင်မာပြီး သန့်စင်သောကြောင့် အလွန်တောင့်တင်းသော အခြေခံအုတ်မြစ်ကို ရရှိစေသည်။

​ငါ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်မှသာ တာအိုသုံးထောင်ဂိုဏ်း ဆီကနေ နောက်ထပ် ကျင့်စဉ်ကို ရနိုင်မှာ။

အခြေခံတည်ဆောက်ခြင်း အဆင့်ကို ရောက်တာနဲ့ အလယ်ပိုင်းတိုက်ကြီး ကို ဘာပဲဖြစ်ဖြစ် သွားကြည့်ရမယ်။

​ထိုဒဏ္ဍာရီလာ နယ်မြေကို တွေးမိသောအခါ ဖန့်ချန်သည် ထိုနေရာမှာ မည်သို့ရှိမည်ကို စိတ်ဝင်စားမိသည်။

ထိုနေရာရှိ ဂိုဏ်းကြီးများနှင့် ဂိုဏ်းချုပ်ကြီးများမှာ မည်မျှ ခမ်းနားထည်ဝါကြမည်နည်း။

​"ငါ ကလေးဘဝတုန်းက သာမန်လူတစ်ယောက် ဖြစ်နေပေမဲ့ အလယ်ပိုင်းတိုက်ကြီး ဆိုတဲ့ နာမည်ကို ကြားဖူးခဲ့တယ် အဲဒီနာမည်က ဒဏ္ဍာရီထဲက ပုံပြင်လိုပဲ ဘယ်သူမှ မမြင်ဖူးကြပေမဲ့ သူ့ရဲ့ ဒဏ္ဍာရီတွေကတော့ ရှိနေတုန်းပဲ"

ဖန့်ချန်က ပြုံးလျက် လျိုမူကို ကြည့်လိုက်သည်။

"လျိုမူ မင်းကော အလယ်ပိုင်းတိုက်ကြီးအကြောင်း ကြားဖူးလား"

​လျိုမူက ခေါင်းညိမ့်ပြသည်။

သူ၏ အဖိုးက သူ့ကို ပြောပြဖူးသည်။

ထို့အပြင် သူ၏ အိမ်မှ မှတ်တမ်းအချို့တွင်လည်း အလယ်ပိုင်းတိုက်ကြီးမှာ မည်မျှ အံ့ဩဖို့ကောင်းကြောင်း ဖော်ပြထားခဲ့သည်။

သို့သော် လျိုမူ၏ မျက်လုံးထဲတွင် ဇဝေဇဝါ ဖြစ်မှုများ ပေါ်လာသည်။ အလယ်ပိုင်းတိုက်ကြီးက တကယ်ပဲ ရှိနေလို့လား

​ဖန့်ချန်က ပြုံးလိုက်သည်။

"အဲဒါက တကယ့် နတ်ဘုံနတ်နန်းပဲ ကျင့်ကြံသူတွေရဲ့ နေရပ်ပေါ့ နောင်တစ်ချိန်မှာ မင်း အခွင့်အရေးရရင် သွားကြည့်သင့်တယ်နောင်"

​လျိုမူက ဖန့်ချန်ကို ကြောင်စီစီဖြင့် ကြည့်နေသည်။ သူ၏ မျက်လုံးများက

"ကျွန်တော်ကော သွားလို့ရလို့လား"

ဟု မေးနေသကဲ့သို့ပင်။

​ဖန့်ချန်သည် ဘာမှထပ်မပြောဘဲ ဓာတ်ကြီးငါးပါး အတတ်ကိုသာ ဆက်လက် လေ့ကျင့်နေသည်။

ပင်လယ်ပြင်တွင် ရှိနေစဉ် သူ၏ ကျင့်ကြံမှုအဆင့် တက်လာရုံသာမက ရေကို ထိန်းချုပ်သည့် အတတ်မှာလည်း ပို၍ ကျွမ်းကျင်လာခဲ့သည်။

ထိုသည်မှာ သူ၏ ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးခဲ့သည်။

ရေမြွေဟောက်ကြီးများပေါ်ရှိ အကြေးခွံများမှာပင် အသက်ဝင်နေသကဲ့သို့ ထင်မှတ်ရသည်။

ဤသည်မှာ အလှအပအတွက်သက်သက် မဟုတ်ပေ။ ဝိညာဉ်စွမ်းအင်ကို ပို၍ သေသေချာချာ ထိန်းချုပ်နိုင်လေလေ၊ ထုတ်လွှတ်လိုက်သော စွမ်းအားမှာ ပို၍ ပြင်းထန်လေလေ ဖြစ်သည်။

ယခင်က ဓားငယ်လေး သည် ဖန့်ချန်၏ ရေမြွေဟောက်များကို အလွယ်တကူ ဖောက်ထွက်နိုင်သော်လည်း ယခုမူ အနည်းငယ် အားစိုက်ထုတ်ရပေလိမ့်မည်။

​ဆယ်ရက်အကြာတွင်

​ဖန့်ချန်သည် အဝေးမှ ကုန်းမြေ၏ အရိပ်အယောင်ကို နောက်ဆုံးတွင် တွေ့မြင်လိုက်ရသည်။

ရေကြောင်းပြမြေပုံအရ ဆိုလျှင် ထိုနေရာမှာ မဟာရှထက် အဆပေါင်း ထောင်နှင့်ချီ၍ ကြီးမားသော မီးတောက်အင်ပါယာ ဖြစ်ရပေမည်။

​ရုတ်တရက် ဖန့်ချန်၏ သင်္ဘောနောက်တွင် ဧရာမ သင်္ဘောကြီး သုံးစီး ပေါ်လာသည်။

၎င်းတို့၏ အရွယ်အစားမှာ အနက်ရောင်သင်္ဘောကြီးကို မမီသော်လည်း သိပ်မကွာလှပေ။

၎င်းတို့အားလုံးမှာ အလယ်အလတ်တန်းစား သင်္ဘောများဖြစ်ပြီး ဝိညာဉ်တံဆိပ် ဆယ်ခုကျော်စီ ပါရှိကြသည်။

​ဖန့်ချန်၏ သင်္ဘောကို မြင်သည်နှင့် ထိုသင်္ဘောသုံးစီးမှာ သိသိသာသာ အရှိန်မြှင့်လာကြပြီး သူတို့၏ ဝိညာဉ်တံဆိပ်များမှာလည်း လင်းလက်လာတော့သည်။

​ဖန့်ချန်သည် သူ၏ သင်္ဘောကို ကုန်းမြေဆီသို့ အမြန်မောင်းနှင်ရန် ညွှန်ကြားလိုက်ပြီး သူ၏ ဝိညာဉ်အာရုံကို ကိုယ်ပြင်ပသို့ ထုတ်လွှတ်ကာ ထိုသင်္ဘောများပေါ်သို့ ပျံတက်၍ စူးစမ်းလိုက်သည်။

​"တိုက်ခိုက်တဲ့လူက အခြေခံတည်ဆောက်ခြင်းအဆင့် မဟုတ်ဘူးဆိုရင် ဒါက တကယ် ထူးဆန်းတာပဲ သခင်လေး အသတ်ခံရတာကော ငါတို့ရဲ့ မြွေအဆင့် သင်္ဘော အလုခံရတာကော"

​"အဲဒီနေ့က ကိစ္စကို မြင်ခဲ့တဲ့ ကျင့်ကြံသူတွေရဲ့ ထွက်ဆိုချက်အရ ဆိုရင် တိုက်ခိုက်တဲ့လူက ချီသန့်စင်ခြင်း အဆင့်မှာပဲ ရှိသေးတာ သေချာတယ် မင်းကော ဘယ်လို ထင်လဲ"

​သင်္ဘောတစ်စီးပေါ်တွင် ချီသန့်စင်ခြင်း အဆင့်ရှိ ကျင့်ကြံသူတစ်စု ရပ်နေကြသည်။

အနိမ့်ဆုံးမှာ အဆင့် ၁၀ ဖြစ်သည်။

အင်အားအကြီးဆုံး အဆင့် ၁၂ ပညာရှင်များမှာ ကြည်လင်ကောင်းကင် ကျောင်းဆောင် မှ တာအိုအဘိုးကြီးထက်ပင် အားနည်းပုံမရပေ။

အမှန်တကယ်တော့ သူတို့တစ်ဦးချင်းစီ၏ အရှိန်အဝါမှာ ထိုအဘိုးကြီးထက်ပင် ပို၍ နက်ရှိုင်းလှသည်။

​စကားပြောနေသူမှာ အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့်ရှိသော အဆင့် ၁၂ ကျင့်ကြံသူ တစ်ဦးဖြစ်သည်။

သူ၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းပြီး ဘယ်ဘက်မျက်လုံးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားကာ ဟောက်နေခဲ့သည်။

​"မြွေအဆင့် သင်္ဘောရဲ့ ဝိညာဉ်အကာအကွယ်က တိုက်ခိုက်သူရဲ့ ဓားချက် တစ်ချက်တည်းကိုတောင် မခုခံနိုင်ခဲ့ဘူးလို့ သူတို့ ပြောကြတယ် သူက ဓားကျင့်ကြံသူ တစ်ယောက် ဖြစ်နေမလား"

နောက်ထပ် အဆင့် ၁၂ ကျင့်ကြံသူ တစ်ဦးက တည်ကြည်သော မျက်နှာဖြင့် ဖြည်းဖြည်းချင်း ဆိုလိုက်သည်။

​ဓားကျင့်ကြံသူ

​လူတိုင်း၏ မျက်နှာများ ပျက်သွားကြသည်။

ဤသည်မှာ မဖြစ်နိုင်သော တွေးတောချက် မဟုတ်ပေ။ သူတို့အားလုံးလည်း ထိုဖြစ်နိုင်ခြေကို တွေးမိကြသည်။

ထိုကဲ့သို့ ကျင့်ကြံမှုအဆင့်ဖြင့် သူတို့၏ သခင်လေးကို သတ်ပြီး သင်္ဘောကို သိမ်းပိုက်နိုင်ရန်အတွက် ဓားကျင့်ကြံသူမှလွဲ၍ မည်သူ ရှိနိုင်ဦးမည်နည်း

​မြွေအဆင့် ရတနာသင်္ဘော၏ ခံစစ်မှာ အလွန် အံ့ဩစရာ ကောင်းလှသည်။

တကယ်လို့ အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင်နှင့် တွေ့လျှင်ပင် သင်္ဘောပေါ်ရှိ ဝန်ထမ်းများက ဝိညာဉ်ကျောက်တုံးများဖြင့် အားဖြည့်ပေးထားသရွေ့ ခေတ္တမျှ တောင့်ခံထားနိုင်သည် မဟုတ်ပါလား။

​သူတို့၏ စိတ်ရင်းတွင်မူ ဓားကျင့်ကြံသူများနှင့် ရန်ငြိုးမဖွဲ့လိုကြပေ။

သို့သော် ယခု သေဆုံးသွားသူမှာ ပင်လယ်နဂါးဂိုဏ်း၏ ဂိုဏ်းချုပ်သားဖြစ်ပြီး ရွှေအမြုတေ အဆင့် ဘိုးဘေးကြီး၏ တိုက်ရိုက်မျိုးဆက် ဖြစ်နေသဖြင့် သူတို့တွင် ရွေးချယ်စရာ မရှိဘဲ လှုပ်ရှားကြရခြင်း ဖြစ်သည်။

​ကောင်းကင်တွင် ဖန့်ချန်သည် သူ၏မျက်လုံးများဖြင့် သူတို့ကို ကြည့်လိုက်သည်။

သင်္ဘောသုံးစီးပေါ်တွင် အဆင့် ၁၂ ကျင့်ကြံသူ စုစုပေါင်း ရှစ်ဦး ရှိနေပြီး အဆင့် ၁၁ နှင့် အဆင့် ၁၀ များစွာလည်း ပါဝင်နေကြသည်။

​ဤမျှ များပြားသော ပညာရှင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုလျှင် သူ၏ ခရမ်းရောင် လျှပ်စီးအဆောင်များ ကုန်သွားသည်နှင့် နောက်ဆက်တွဲ ရလဒ်မှာ ခန့်မှန်းရ ခက်ခဲပေလိမ့်မည်။

​ဓားငယ်လေးမှာ အစွမ်းထက်သော်လည်း ၎င်းကို အသက်သွေးကြောသွင်းရန် ဝိညာဉ်စွမ်းအင်များ အဆက်မပြတ် လိုအပ်သည်။

သူ၏ ဝိညာဉ်စွမ်းအင်မှာလည်း တစ်ကြိမ်တည်းနှင့် အကြာကြီး မတောင့်ခံနိုင်ပေ။

ဝိညာဉ်စွမ်းအင် ပြန်လည် ဖြည့်တင်းနေချိန်တွင် ခေတ္တမျှ ကြားကာလတစ်ခု ရှိနေခြင်းမှာ သူ၏ တစ်ခုတည်းသော အားနည်းချက် ဖြစ်နေသည်။

All Chapters