အခန်း (၂၄၇-၂၄၈)
Vol. 25 Ch. 247-248
အခန်း ၂၄၇ - လမင်းပုန်းကွယ်သီလရှင်ကျောင်းသို့ အလည်အပတ်သွားခြင်း
ဟွမ်လင်ယွဲ့၏ မျက်နှာမှာ မည်းမှောင်နေသည်။
"သူက ဘယ်သူလဲဆိုတာ သိပြီလား မြန်မြန်ပြောစမ်း"
"တာဝန်ခံဟွမ် မြန်မြန်ပြောပြပါ ငါတို့ ဟွမ်မိသားစုက ဒီကိစ္စကို ဒီအတိုင်း လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး"
ဟု ဟွမ်ဟောက်က သူ၏ နားထင်ကို နှိပ်နယ်ရင်း ဆိုလိုက်သည်။
ထွက်ခွာရန် ပြင်နေကြသော ကျင့်ကြံသူများသည်လည်း ဖန့်ချန်က ဘယ်သူလဲဆိုသည်ကို သိလိုသဖြင့် ခြေလှမ်းများကို ရပ်တန့်ကာ တာဝန်ခံဟွမ်ထံသို့ စပ်စုသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
တာဝန်ခံဟွမ်၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
"ခေါင်းဆောင် ဒီဓားကျင့်ကြံသူက တကယ့်ကို ကြီးမားတဲ့ ဘေးဒုက္ခတစ်ခုကို ဖန်တီးခဲ့တာဗျ"
ဟွမ်လင်ယွဲ့ မျက်မှောင်ကြုတ်လိုက်သည်။
"ဘာပြောလိုက်တာလဲ"
လူတိုင်း စိတ်ဝင်တစား ဖြစ်သွားကြသည်။ သူပြောသော ကြီးမားသည့် ဘေးဒုက္ခဆိုသည်မှာ ဘာများပါလိမ့်
"အဲဒီ ဓားကျင့်ကြံသူက ပိုင်မိသားစုရဲ့ ဆိပ်ကမ်းမှာ သင်္ဘောကပ်ခဲ့တာကို ကျွန်တော် သိလိုက်ရတယ်"
ဟု တာဝန်ခံဟွမ်က ဆိုသည်။
သူ စကားမဆုံးသေးမီမှာပင် ဟွမ်ဟောက်က ကြားဖြတ်၍ ဟိန်းဟောက်လိုက်သည်။
"ပိုင်မိသားစုက သူ့ကို လွှတ်လိုက်တာလား သူတို့ကတော့ သေတွင်းတူးနေတာပဲ"
ဟွမ်လင်ယွဲ့၏ မျက်နှာမှာ ပိုမို တည်တင်းသွားပြီး လျိုမိသားစုခေါင်းဆောင်ကတော့ တစ်ခုခုကို သဘောပေါက်သွားသည့် အမူအရာ ပေါ်လာသည်။
ဓားကျင့်ကြံသူတစ်ယောက် ရုတ်တရက် ပြဿနာလာရှာသည်မှာ မဆန်းတော့ပေ။
ပိုင်မိသားစုသည် သူတို့ဆီမှာ စိမ်းဖန့်ကျောက်စိမ်းကြာပန်း ရှိသည်ကို သိထားသဖြင့် ထိုသူကို ပြောပြလိုက်ခြင်း ဖြစ်ရမည်။
သူတို့သည် ဓားကျင့်ကြံသူကို အသုံးချပြီး သူတို့ကို ဒုက္ခပေးရန် ကြံစည်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်
ဟွမ်လင်ယွဲ့က ဒေါသတကြီး ရယ်မောလိုက်သည်။
"ပိုင်မိသားစု တော်တော်လည်း ဟုတ်နေကြတာပဲသူတို့တွေ အောင့်မထားနိုင်တော့ဘူး ထင်တယ်"
"မဟုတ်... မဟုတ်ပါဘူး၊ ပိုင်မိသားစု မဟုတ်ပါဘူး"
တာဝန်ခံဟွမ်က ထစ်ထစ်ငေါ့ငေါ့ဖြင့်
"ပိုင်မိသားစုမှာ သူ့ကို ခိုင်းစေနိုင်တဲ့ အရည်အချင်း မရှိပါဘူး"
ဟု ဆိုသည်။
ပိုင်မိသားစု မဟုတ်ဘူးလား
ဟွမ်လင်ယွဲ့၏ လေသံမှာ ဒေါသရိပ်များ ပါလာသည်။
"ဒါဆိုရင် လျှောက်မပြောနဲ့တော့ တည့်တည့်ပဲ ပြောစမ်း စကားတွေကို အကွေ့အဝိုက်တွေ လုပ်မနေနဲ့"
တာဝန်ခံဟွမ်က စိတ်ထဲမှ ကျိန်ဆဲနေမိသည်။
ဟွမ်ဟောက်သာ ခဏခဏ ကြားဖြတ်မပြောလျှင် သူ ပြောပြီးနေလောက်ပြီ ဖြစ်သည်
သူသည် ချောင်းတစ်ချက်ဟန့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ကြားရသလောက်တော့ အဲဒီ ဓားကျင့်ကြံသူက ကမ်းမကပ်ခင်မှာ ပင်လယ်နဂါးဂိုဏ်းရဲ့ ဂိုဏ်းဆက်ခံသူ သခင်လေးနဲ့ အဆင့် ၁၂ ရှိတဲ့ ကျင့်ကြံသူ အများအပြားကို သတ်ပစ်ခဲ့တာပါ "
" အဲဒီနောက် ပင်လယ်နဂါးဂိုဏ်းရဲ့ တောင်စိမ်းကျွန်းသခင် ရွှယ်ဖုန်းကွေ့က ပိုင်မိသားစုဆိပ်ကမ်းမှာ သူ့ကို လိုက်လံဖမ်းဆီးခဲ့တယ် ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အဲဒီ ဓားသမားက ပိုင်မိသားစုဆီ ရောက်လာပြီး တောင်စိမ်းကျွန်းသခင်ကို သတ်ပစ်လိုက်ပြီလို့ ပြောခဲ့တယ်တဲ့"
ပတ်ဝန်းကျင် တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
ဟွမ်လင်ယွဲ့၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ဖြည်းဖြည်းချင်း ပေါ်လာသည်။
ပင်လယ်နဂါးဂိုဏ်း သူတို့ရဲ့ သခင်လေး အသတ်ခံလိုက်ရတာလား
တောင်စိမ်းကျွန်းသခင် ရွှယ်ဖုန်းကွေ့ ကျဆုံးသွားပြီလား
"ဘုရားရေ အဲဒီ ဓားကျင့်ကြံသူက အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင်တစ်ယောက်ကို သတ်နိုင်တဲ့ အစွမ်းရှိတာလား"
"မဆန်းပါဘူး သူ ဘာလို့ ဒီလောက် တည်ငြိမ်နေတာလဲဆိုတာ သူက ငါတို့ ဟွမ်မိသားစုနဲ့ လျိုမိသားစုရဲ့ ဘိုးဘေးတွေကိုတောင် ကြောက်ပုံမရတာပဲ"
လူတိုင်းက ထိတ်လန့်တကြား ဝေဖန်နေကြသည်။
"ဒီသတင်းက ခိုင်လုံရဲ့လား"
ဟွမ်လင်ယွဲ့က အက်ရှရှ အသံဖြင့် မေးသည်။
တာဝန်ခံဟွမ်က ခါးသီးစွာ ပြုံးလျက်
"ဒါတွေက ပိုင်မိသားစုထဲမှာ ငါတို့ ထည့်ထားတဲ့ သူလျှိုတွေဆီက ရတဲ့စကားတွေပါ လုံးဝ အစစ်အမှန်ပါပဲ"
ဟု ဆိုသည်။
ဟွမ်လင်ယွဲ့ ထပ်မံ တိတ်ဆိတ်သွားပြန်သည်။
ဟွမ်ဟောက်မှာမူ သူ၏ဖခင်ကို မျက်နှာချင်းမဆိုင်ရဲတော့ဘဲ ခေါင်းငုံ့ထားမိသည်။
သူသည် မိသားစုကို ကြီးမားသော ဘေးဒုက္ခကြီးဆီသို့ ဆွဲခေါ်မိလုနီးပါး ဖြစ်ခဲ့သည်ကို သဘောပေါက်သွားပြီ ဖြစ်သည်။
"ပင်လယ်နဂါးဂိုဏ်းကိုတောင် မကြောက်တဲ့ ဓားကျင့်ကြံသူ"
လျိုမိသားစုခေါင်းဆောင်က ဟွမ်လင်ယွဲ့ကို ကြည့်ကာ
"ညီနောင်ဟွမ် သူက တကယ့်ကို အားကောင်းတဲ့ နောက်ခံ ရှိရမယ် ငါတို့ သူ့ကို ထပ်ပြီး မနှောင့်ယှက်တာ ပိုကောင်းမယ်"
ဟု ဆိုလိုက်သည်။
ဟွမ်လင်ယွဲ့က လေးလေးနက်နက် ခေါင်းညိမ့်လိုက်သည်။ ခေတ္တမျှ ကြာပြီးနောက် သူက ဟွမ်ဟောက်ကို ကြည့်ကာ
"မင်းက အရမ်း စိတ်လိုက်မာန်ပါ လုပ်လွန်းတယ် နောက် ဆယ်နှစ်အတွင်း အိမ်ပြင်မထွက်ဘဲ အိမ်မှာပဲ နေတော့"
ဟု အမိန့်ပေးလိုက်သည်။
ဆယ်နှစ်...
ဟွမ်ဟောက်၏ မျက်နှာတွင် ခါးသီးမှုများ ပေါ်လာသော်လည်း
"ဟုတ်ကဲ့ပါ အဖေ"
ဟု ပြန်ဖြေလိုက်ရသည်။
"အဲဒီ ဓားကျင့်ကြံသူနဲ့ ပတ်သက်လို့တော့"
ဟွမ်လင်ယွဲ့က အေးစက်စွာ ဆိုသည်။
"ငါတို့က ပင်လယ်နဂါးဂိုဏ်းနဲ့ စီးပွားရေး အဆက်အသွယ် ရှိနေတာ ဒီကိစ္စကို သူတို့ဆီကနေ ဖုံးကွယ်ထားလို့ မရဘူး လူတစ်ယောက် လွှတ်ပြီး သူတို့ကို အကြောင်းကြားလိုက်"
လျိုမိသားစုခေါင်းဆောင်က ခေါင်းညိမ့်သည်။
"အဲဒါ ကောင်းတဲ့ အကြံပဲ"
"မီးတောက်အင်ပါယာ ရဲ့ နယ်မြေက တကယ့်ကို ကျယ်ပြောတာပဲ ရာသီဥတုက သိပ်မကွာခြားဘဲ တစ်နှစ်ပတ်လုံး နွေဦးရာသီလိုပဲ ဖြစ်နေတယ်"
"လျိုမူ သူတို့ နိုင်ငံသားတွေကို ကြည့်ဦး အရပ်အမောင်းက မြင့်ပြီး ကြံ့ခိုင်ကြတယ် မဟာရှ က လူတွေထက် ပိုမြင့်ကြတာပဲ"
"သူတို့ဆီမှာ ပြည့်ဝတဲ့ အသက်ဓာတ်နဲ့ စွမ်းအင်တွေကိုတောင် ခံစားလို့ရတယ် ဒါဟာ အဆင့် ၆ အင်ပါယာနဲ့ မဟာရှရဲ့ ကွာခြားချက်ပဲ"
" သူတို့စားတဲ့ ဆန်ကနေ သောက်တဲ့ ရေအထိ အရာအားလုံးမှာ ဝိညာဉ်စွမ်းအင်တွေ ပါဝင်နေတာ မဟာရှက တကယ့်ကို အများကြီး နောက်ကျကျန်နေတာပဲ"
ဖန့်ချန် သက်ပြင်းချလိုက်မိသည်။
မှန်ပါသည်၊ မဟာရှသည် တဖြည်းဖြည်း အားကောင်းလာနေသော်လည်း မီးတောက်အင်ပါယာကဲ့သို့ အဆင့်သို့ ရောက်ရန် လူတစ်ယောက်တည်း၏ ကြိုးစားမှုဖြင့် မလုံလောက်ပေ။
အချိန်ကြာမြင့်စွာ တည်ဆောက်ယူရမည် ဖြစ်သည်။
သူလုပ်ခဲ့သည်မှာ မျိုးစေ့ချပေးရုံသာ ရှိသေးသည်။
အခုဆိုလျှင် မဟာရှသည် မီးတောက်အင်ပါယာကဲ့သို့ အားကောင်းလာရန် အခွင့်အလမ်းများ ရှိနေပြီ ဖြစ်သည်။
လျိုမူမှာမူ ပြင်းထန်သော လေတိုက်သံများကြောင့် ဖန့်ချန်၏ စကားများကို လုံးဝ မကြားရပေ။
သူသည် မျက်လုံးပင် မဖွင့်နိုင်ဘဲ ရှိနေသည်။
၎င်းကို မြင်သောအခါ ဖန့်ချန် မရယ်ဘဲ မနေနိုင်တော့ပေ။
"ကဲ... ကဲ... ရောက်တော့မယ်"
မကြာမီမှာပင် သူတို့သည် တောင်ကြားလမ်းတစ်ခု၏ ရှေ့သို့ ဆင်းသက်လိုက်ကြသည်။
ဓားအရှိန်အဝါများ ပျောက်ကွယ်သွားချိန်တွင် ဖန့်ချန်သည် သူ၏ရှေ့မှ ဆိုင်းဘုတ်ကို စိုက်ကြည့်လိုက်သည်။ ထိုနေရာတွင်
"လမင်းပုန်းကွယ်သီလရှင်ကျောင်း "
ဟု ရေးထွင်းထားသည်။
"ချင်းကျိုး က ဓားဂိုဏ်းက လူတစ်ယောက် ရောက်နေတယ်"
အော်သံတစ်သံ ထွက်ပေါ်လာပြီး သီလရှင် အများအပြား အပေါက်ဝမှ ပြေးထွက်လာကြသည်။
သူတို့အားလုံးက ဖန့်ချန်ကို တည်ကြည်သော မျက်နှာထားများဖြင့် စိုက်ကြည့်နေကြသည်။
လျိုမူမှာ အံ့ဩလွန်း၍ စကားပင် မပြောနိုင်တော့ပေ။
သခင်ဖန့်က လမင်းပုန်းကွယ်သီလရှင်ကျောင်းက လူတွေနဲ့ သူငယ်ချင်းတွေ မဟုတ်ဘူးလား ဒါက ဘယ်လို ကြိုဆိုမှုမျိုးလဲ
ဖန့်ချန်က သူတို့၏ တုံ့ပြန်မှုကို မြင်သောအခါ ရယ်မောလိုက်သည်။
"ဘာရယ်တာလဲ ငါတို့က ချင်းကျိုးဓားဂိုဏ်းက ကျင့်ကြံသူတွေကို ဒီမှာ မကြိုဆိုဘူး ကျေးဇူးပြုပြီး ပြန်လှည့်သွားပါ"
ဟု ခေါင်းဆောင်ဖြစ်ဟန်တူသော သီလရှင်က မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
သူမသည် ချီသန့်စင်ခြင်း အဆင့် ၆ ခန့်တွင် ရှိသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင်တစ်ဦး ဦးဆောင်သော ဂိုဏ်းတစ်ခုအတွက် သူမသည် စီနီယာအဆင့်တွင် ရှိနိုင်သလို အကြီးအကဲ သို့မဟုတ် တာဝန်ခံတစ်ဦးလည်း ဖြစ်နိုင်သည်။
"ကျွန်တော်တို့က ချင်းကျိုးဓားဂိုဏ်းက မဟုတ်ပါဘူး"
ဟု ဖန့်ချန်က ဆိုသည်။
"မလိမ်နဲ့ မင်း မရောက်ခင်ကတည်းက မင်းရဲ့ ဓားအရှိန်အဝါကို ငါ ခံစားမိတယ်"
ဟု သီလရှင်တစ်ဦးက ပြောသည်။
ဖန့်ချန်က ရယ်မောရင်း
"သီလရှင်ဆရာကြီး ချင်းဟယ် ရှိလား ဒါမှမဟုတ် ကျူးယွဲ့ ရော သူတို့ ငါ့ကို သိပါတယ်"
ဟု ပြောလိုက်သည်။
"မင်းက ငါတို့ရဲ့ ဂျူနီယာညီမလေးကို သိတာလား သီလရှင်ဆရာကြီး ကျူးယွဲ့ကိုတောင် သိတယ်လား"
ဟု ခေါင်းဆောင်သီလရှင်က မေးသည်။
ဖန့်ချန် ခေါင်းညိမ့်ပြလိုက်သည်။
"မဟာရှက သူငယ်ချင်းဟောင်းတစ်ယောက် ရောက်နေတယ်လို့ သူတို့ကို ပြောပေးလို့ ရမလား"
"မဟာရှ"
ခေါင်းဆောင်သီလရှင်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။
"ဩော် မင်းက ညီမလေး ချင်းဟယ် ခဏခဏ ပြောနေတဲ့ သခင်လေးဖန့်လား"
ကျန်သော သီလရှင်များ၏ မျက်နှာများမှာလည်း အနည်းငယ် ပြေလျော့သွားပြီး သူ့ကို အကဲခတ်လိုက်ကြသည်။
မဟာရှဆိုသည်မှာ အလွန်ဝေးလံသော အရပ်မှ အဆင့် ၉ အင်ပါယာလေးတစ်ခုသာ ဖြစ်ကြောင်း သူတို့ သိထားကြသည်။
ဖန့်ချန်သည် လမင်းပုန်းကွယ်သီလရှင်ကျောင်းသို့ ရောက်ရှိလာနိုင်သည်မှာ သူသည် အားမနည်းကြောင်း သက်သေပြနေသည်။
အဆင့် ၉ အင်ပါယာမှ လူတစ်ယောက်အတွက် ဤသို့ လုပ်ဆောင်နိုင်ခြင်းမှာ ရှားပါးလှသည်။
ဖန့်ချန်က ပြုံး၍ ခေါင်းညိမ့်ပြသည်။
နောက်ဆုံးတွင် သူမသည် သတင်းပို့ရန် လူတစ်ယောက်ကို လွှတ်လိုက်သည်။
ခဏအကြာတွင် ချင်းဟယ် ထွက်လာသည်။ သူမသည် ဖန့်ချန်ကို မြင်သောအခါ အံ့ဩသွားပြီး
"သခင်လေးဖန့် ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ"
ဟု မေးလိုက်သည်။
သူ၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီးနောက် သီလရှင်များသည် စောစောကကဲ့သို့ တင်းမာမနေတော့ပေ။
"လမ်းကြုံလို့ ဝင်လည်တာပါ နှောင့်ယှက်မိသလို ဖြစ်သွားရင် တောင်းပန်ပါတယ်"
ဟု ဖန့်ချန်က ပြုံး၍ ဆိုသည်။
သီလရှင် ချင်းဟယ်က အလျင်အမြန် ပြန်ဖြေသည်။
"မနှောင့်ယှက်ပါဘူး လုံးဝ မနှောင့်ယှက်ပါဘူးဒါပေမဲ့"
သူမသည် ဝေခွဲမရဖြစ်ဟန်ဖြင့်
"အခုက ဧည့်သည်လက်ခံဖို့ သိပ်အဆင်မပြေတဲ့ အချိန်ဖြစ်နေလို့ပါ"
ဟု ဆိုသည်။
"တစ်ခုခု ဖြစ်လို့လား ခုနက ချင်းကျိုးဓားဂိုဏ်း နဲ့ ပတ်သက်နေတာလား"
ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"ဒါက ကျွန်မရဲ့ အပြစ်ပါ"
ချင်းဟယ်က သူမကိုယ်သူမ အပြစ်ရှိသလို ခံစားရဟန်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
သူမ စကားမဆုံးမီမှာပင် တောင်တံခါးဝသို့ ရောက်ရှိလာသော သီလရှင်ဆရာကြီး ကျူးယွဲ့ကို လူတိုင်း သတိထားမိသွားကြသည်။
သူမကို မြင်သောအခါ ဖန့်ချန် လက်အုပ်ချီလိုက်သည်။
"ဆရာမကြီး ကျူးယွဲ့"
ကျူးယွဲ့သည် ဖန့်ချန်ကို ခဏမျှ အကဲခတ်ပြီးနောက် အသာအယာ ခေါင်းညိမ့်ပြသည်။
"သခင်လေးဖန့် ကျေးဇူးပြုပြီး အထဲကို ကြွပါဦး"
အခန်း ၂၄၈ - သတ္တဝါအပေါင်းကို ကယ်တင်လိုသောနှလုံးသား
ဝါးတောအတွင်း တိတ်ဆိတ်စွာ တည်ရှိနေသော လမင်းပုန်းကွယ်သီလရှင်ကျောင်း၏ ဧည့်ခန်းမဆောင်သည် အေးချမ်းဆိတ်ငြိမ်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
"ဆရာကြီးကျူးယွဲ့ လမင်းပုန်းကွယ်သီလရှင်ကျောင်းက ဒုက္ခရောက်နေတာလား"
နေရာတွင် ထိုင်လိုက်ပြီးနောက် ဖန့်ချန်က ခပ်ဖွဖွပြုံးရင်း မေးလိုက်သည်။
"ဒါက အရေးကြီးတဲ့ကိစ္စတော့ မဟုတ်ပါဘူး လွန်ခဲ့တဲ့ တစ်ချိန်က ချင်းဟယ် ဟာ ကျင့်ကြံမှုအတွက် တောင်အောက်ဆင်းရင်း ချင်းကျိုးမှာ မိစ္ဆာကျင့်ကြံသူတစ်ယောက်နဲ့ တိုးခဲ့တယ် "
"အဲဒီမိစ္ဆာကျင့်ကြံသူတွေက ဝိညာဉ်သွေးဂိုဏ်း လိုပဲ သူတို့ရဲ့ကျင့်ကြံမှုကို မြှင့်တင်ဖို့ လူသားတွေရဲ့ အနှစ်သာရသွေးကို စုပ်ယူကြတာလေ ချင်းဟယ်က အဲဒီမိစ္ဆာကိုသတ်ဖို့ ခရမ်းရောင်လျှပ်စီးအဆောင် ကို သုံးလိုက်မိတယ်"
သီလရှင် ချင်းဟယ်သည် သူမကိုယ်သူမ အပြစ်ရှိသလို ခံစားရဟန်ဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။
"အဲဒီ ခရမ်းရောင်လျှပ်စီးအဆောင်ကပဲ ပြဿနာရဲ့ အရင်းအမြစ်လား"
ဖန့်ချန် စဉ်းစားလိုက်သည်။
ဆရာကြီးကျူးယွဲ့က ခေါင်းညိမ့်ပြသည်။
"ဒီကလေးမက အရမ်းရိုးလွန်းတယ် အဲဒီအချိန်မှာ ချင်းကျိုးဓားဂိုဏ်းက တပည့်အချို့လည်း အဲဒီမှာ ရှိနေကြတာ သူတို့က ဒီအဆောင်ကို ဘယ်ကရလဲလို့ မေးတော့ သူက အမှန်အတိုင်း ပြောပြလိုက်မိတယ်လေ"
ဆရာကြီးကျူးယွဲ့ ခေတ္တရပ်ကာ
"ဒါပေမဲ့ ဒါကလည်း သူ့အပြစ်တော့ မဟုတ်ပါဘူး သူ့လို ဖြူစင်တဲ့ နှလုံးသားမျိုးရှိတဲ့သူက လှည့်ဖြားတတ်တဲ့သူတွေကို ဘယ်လိုလုပ်ပြီး ကာကွယ်နိုင်ပါ့မလဲ"
ဖန့်ချန်သည် ချင်းဟယ်ကို ကြည့်လိုက်ရာ သူမ၏ ကျင့်ကြံမှုမှာ သိသိသာသာ တိုးတက်လာသည်ကို တွေ့ရသည်။
သူမသည် ချီသန့်စင်ခြင်း အဆင့် ၆ သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူတို့ ပထမဆုံး ဆုံတွေ့စဉ်က ချင်းဟယ်မှာ ချီသန့်စင်ခြင်း အဆင့် ၂ ၌သာ ရှိသေးသည်ကို သူ မှတ်မိနေသည်။
အချိန်တိုအတွင်း ထိုမျှ လျင်မြန်စွာ တိုးတက်လာခြင်းမှာ ဖန့်ချန်နှင့် မယှဉ်နိုင်သော်လည်း သာမန်ကျင့်ကြံသူများထက် များစွာ သာလွန်လှသည်။
ဖန့်ချန်၏ မျက်လုံးထဲမှ အံ့ဩမှုကို သတိပြုမိဟန်ဖြင့် ဆရာကြီးကျူးယွဲ့က အသာအယာ ပြုံးလိုက်သည်။
"လမင်းပုန်းကွယ်သီလရှင်ကျောင်းရဲ့ ကျင့်စဉ်က နှလုံးသားအခြေအနေပေါ်မှာ အဓိကထားတယ်စိတ်ဓာတ်က ပိုပြီး စင်ကြယ်လေလေ ကျင့်ကြံမှု တိုးတက်မှုက ပိုမြန်လေလေပဲ ဒါကြောင့် တပည့်တွေကို ရွေးချယ်တဲ့အခါ လမင်းပုန်းကွယ်သီလရှင်ကျောင်းက စိတ်နေစိတ်ထားကို အဓိက ကြည့်တယ်"
သူမက ဆက်ပြောသည်။
"ချင်းဟယ်မှာ ကလေးငယ်တစ်ယောက်လို ဖြူစင်တဲ့ နှလုံးသားရှိတာကြောင့် ငါတို့ရဲ့ ကျင့်စဉ်နဲ့ ကွက်တိပဲ သူမရဲ့ တိုးတက်မှုက သာမန်လူတွေထက် အဆပေါင်းများစွာ၊ အဆပေါင်း ဒါဇင်နဲ့ချီပြီး မြန်ဆန်တယ်"
"ဒါပေမဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီဆိုရင်တော့ စိတ်ဓာတ်က တက်လိုက်ကျလိုက် ဖြစ်လာတာ ဓမ္မတာပဲ အဲဒီလို ဖြစ်လာရင်တော့ ကျင့်ကြံမှု အရှိန်က အရင်လို မမြန်တော့ဘူး"
ထိုသို့ပြောပြီးနောက် ဆရာကြီးကျူးယွဲ့က ချင်းဟယ်ကို ကြည့်လိုက်သည်။
"မင်းက မကြာသေးခင်က ဖြစ်ပျက်ခဲ့တာတွေအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေလို့ မင်းရဲ့ကျင့်ကြံမှုကိုပါ ထိခိုက်နေပြီ အမှန်တော့ မင်းရဲ့ဆရာဖြစ်တဲ့ ငါတောင်မှ လမင်းပုန်းကွယ်သီလရှင်ကျောင်းကို စဝင်ခါစက မင်းထက်တောင် အမှားတွေ ပိုလုပ်ခဲ့ဖူးတယ်ဆိုတာ သိရင် မင်းဘယ်လိုနေမလဲ"
"ဆရာမကြီးကလည်း ကျွန်မလိုပဲ မိုက်မဲခဲ့တာလားဟင်"
ချင်းဟယ်က ရုတ်တရက် လွှတ်ခနဲ မေးလိုက်သည်။
ထို့နောက် သူမ စကားမှားသွားသည်ကို သတိရကာ ခေါင်းငုံ့ပြီး ပျာပျာသလဲ ဖြစ်သွားတော့သည်။
ဆရာမကြီးကျူးယွဲ့က သူမကို တည်ငြိမ်စွာ ခဏမျှ ကြည့်လိုက်ပြီးမှ
"အင်း ငါက မင်းထက်တောင် အနည်းငယ် ပိုပြီး မိုက်မဲခဲ့တယ်လို့ ပြောလို့ရတာပေါ့"
ဟု ခပ်ပေါ့ပေါ့ပင် ဆိုသည်။
ချင်းဟယ်သည် အံ့ဩဝမ်းသာသွားပြီး
"ဒါဆိုရင် နောက်ကျရင် ကျွန်မလည်း ဆရာမကြီးလို ပညာရှိလာနိုင်တာပေါ့နော်"
ဟု မျှော်လင့်ချက်အပြည့်ဖြင့် မေးသည်။
"ဖြစ်နိုင်ရင်တော့ မင်းကို အခုလိုပဲ အမြဲတမ်း ဖြူစင်ရိုးသားနေစေချင်ပါတယ်"
ဆရာကြီးကျူးယွဲ့က ခေါင်းခါရင်း ဖန့်ချန်ဘက်သို့ လှည့်လိုက်သည်။
"သခင်လေးဖန့် မင်းက လမ်းကြုံလို့ ဝင်တာလား ဒါမှမဟုတ် ချင်းဟယ်နဲ့ ချင်းယောင်ကို အတွေ့လာတာလား"
"နှစ်ခုစလုံးပါပဲ"
ဖန့်ချန်က ပြုံးပြသည်။
"ကျွန်တော် မူလက တောင်ဘက်ကောင်းကင်ဂိုဏ်း ကို သွားမလို့ပါ လမ်းမှာ လမင်းပုန်းကွယ်သီလရှင်ကျောင်းနဲ့ ကြုံတာကြောင့် ဝင်လည်တာပါ"
ခေတ္တရပ်ပြီးနောက် သူက စပ်စုလိုက်သည်။
"ချင်းယောင် ဘယ်လိုနေသေးလဲ သူ ဒီမှာ အသားကျပြီလား"
ချင်းယောင်အကြောင်း ကြားလိုက်ရသည်နှင့် ချင်းဟယ်က လျှာလေးထုတ်ပြသည်။
"ဂျူနီယာညီမလေးက တကယ့်ကို ထူးခြားတာပါဆရာမကြီးက သူမကို နောက်တက်မယ့် ကျောင်းထိုင်သီလရှင်အဖြစ်တောင် သတ်မှတ်ထားပြီးပြီ"
သူမ၏ မျက်လုံးများမှာ လေးစားအားကျမှုဖြင့် တောက်ပနေသည်။
ဖန့်ချန် အံ့ဩသွားသည်။
ဖန့်ချင်းယောင်မှာ ခေါင်းလောင်း ၇ ချက်တီးနိုင်သော ပါရမီရှိသော်လည်း နတ်သမီးယွီ ကို ခေါ်သွားသော အမျိုးသမီးက အဆင့်နိမ့် အင်ပါယာများရှိ ဝိညာဉ်တိုင်းတာသည့် ခေါင်းလောင်းများမှာ ကျင့်ကြံသူတစ်ဦး၏ စစ်မှန်သော ပါရမီကို တိကျစွာ မတိုင်းတာနိုင်ကြောင်း ပြောခဲ့ဖူးသည်။
"ချင်းဟယ်မှာ ကလေးငယ်တစ်ယောက်လို နှလုံးသားရှိတယ်ဆိုရင် ချင်းယောင်မှာတော့ သတ္တဝါအပေါင်းကို ကယ်တင်လိုတဲ့ နှလုံးသား ရှိတယ် သူက အငြင်းပွားမှုတွေကို မနှစ်သက်ပေမဲ့ သတ္တဝါအားလုံးကို ကယ်တင်ချင်တဲ့ ဆန္ဒရှိတယ်"
ဟု ဆရာမကြီးကျူးယွဲ့က ပြုံးလျက် ဆိုသည်။
"သူမ ဒီကို ရောက်ပြီး နှစ်ပတ်အတွင်းမှာပဲ ပထမဆုံး သွေးကြောကို ဖွဲ့စည်းနိုင်ခဲ့တယ် အခုဆိုရင် ကျင့်ကြံမှုက ချီသန့်စင်ခြင်း အဆင့် ၃ ကို ရောက်နေပြီ"
ချင်းဟယ်က ပြုံးလျက်
"သခင်လေးဖန့် လမင်းပုန်းကွယ်သီလရှင်ကျောင်းအတွက် နောက်ထပ် ဂိုဏ်းချုပ်ကို ရှာဖွေပေးနိုင်ခဲ့တာဟာ သခင်လေးရဲ့ ကျေးဇူးကြောင့်လို့ ဆရာမကြီးက အမြဲပြောနေတာပါ"
ဆရာမကြီးကျူးယွဲ့က သူမကို ကြည့်ကာ ခေါင်းခါလိုက်ပြီး ဖန့်ချန်ဘက် လှည့်လိုက်သည်။
"ချင်းယောင်က အခု ကျောင်းတော်ရဲ့ ကန့်သတ်နယ်မြေထဲမှာ ရှိနေတယ် အကြီးအကဲတွေ အကုန်လုံးက သူမရဲ့ ကျင့်ကြံမှုကို ကူညီပေးနေကြတာဆိုတော့ ခဏလောက်တော့ သူ ထွက်လာနိုင်ဦးမှာ မဟုတ်သလို သွားပြီးတော့လည်း မနှောင့်ယှက်သင့်ဘူး"
"ဒါဆိုလည်း နောက်တစ်ခါမှပဲ တွေ့တော့တာပေါ့"
ဖန့်ချန် ခေါင်းညိမ့်လိုက်သည်။
"ဒါနဲ့ ချင်းကျိုးဓားဂိုဏ်း ကိစ္စအတွက်ရော ဆရာမကြီးကျူးယွဲ့မှာ ဖြေရှင်းနည်း ရှိပြီလား"
ဆရာကြီးကျူးယွဲ့ ခေါင်းညိမ့်သည်။
"ချင်းကျိုးဓားဂိုဏ်းနဲ့ ညှိနှိုင်းဖို့ မိတ်ဆွေ ဂိုဏ်းချုပ်အချို့ကို ကျွန်မ ဖိတ်ကြားထားပါတယ်"
ပြောပြီးနောက် သူမ၏ အကြည့်က လျိုမူထံသို့ ကျရောက်သွားသည်။
"သူ့ကို ကျွန်မ မှတ်မိတယ် သူက ကျင်းနန်နဲ့အတူ လိုက်သွားတဲ့သူ မဟုတ်လား"
ဖန့်ချန်က ပြုံးလိုက်သည်။
"ဒါနဲ့ ပတ်သက်လို့ ကျွန်တော် ဒီကို လာခဲ့တာပါ လျိုမူက ကောင်းကင်တောင်ပိုင်းဂိုဏ်းမှာ ကျင့်ကြံရမှာ ဖြစ်ပေမဲ့ တစ်ခုခုလွဲချော်ပြီး သူ့ခန္ဓာကိုယ်ထဲမှာ အဆိပ်မွေးမြူတဲ့ မိစ္ဆာကျင့်ကြံသူတစ်ယောက်ဆီ ရောက်သွားခဲ့တယ်"
ဆရာကြီးကျူးယွဲ့ လန့်သွားပြီး လျိုမူကို အသေအချာ အကဲခတ်လိုက်သည်။
"ဒါပေမဲ့ သူ့ကိုယ်ထဲမှာ အဆိပ်ရဲ့ အရိပ်အယောင်တောင် မတွေ့ရပါလား"
"ဒါက သူ နှစ်တစ်ရာ စိမ်းဖန့်ကျောက်စိမ်းကြာစေ့ကို စားခဲ့လို့ပါ သူ့ကိုယ်ထဲက အဆိပ်ပြင်းတွေကို ဖြေဖို့ ကြာစေ့ နှစ်စေ့တောင် သုံးလိုက်ရတယ်"
ဟု ဖန့်ချန်က ရှင်းပြသည်။
"ဩော် ဒါကြောင့်ကိုး သူက ကံကောင်းလို့ အစွမ်းထက်တဲ့ အဆိပ်ဖြေဆေး ရခဲ့တာပဲ"
ဆရာကြီးကျူးယွဲ့ သဘောပေါက်သွားပြီး
"ဒီကိစ္စမှာ တစ်ခုခု ထူးခြားတာ ရှိနိုင်တယ် အမှားတစ်ခုခု ဖြစ်ခဲ့ပုံရတယ် အကြီးအကဲ ကျင်းနန်က ဒီလိုမျိုး လုပ်မယ့်သူ မဟုတ်ပါဘူး"
ဟု ဖြည့်စွက်ပြောသည်။
ဖန့်ချန် ခေါင်းညိမ့်သည်။
"ဒါကြောင့်ပဲ ဘာဖြစ်ခဲ့လဲဆိုတာ သိရအောင်ကောင်းကင်တောင်ပိုင်းဂိုဏ်းကို သွားပြီး မေးမြန်းရမှာပါ"
သူ စကားပြောပြီးသည်နှင့် ကောင်းကင်မှ မိုးကြိုးပစ်လိုက်သကဲ့သို့ ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး မြေပြင်မှာ အနည်းငယ် တုန်ခါသွားသည်။
အပြင်ဘက်တွင်လည်း အော်ဟစ်သံများ ကြားလိုက်ရသည်။
ဆရာမကြီးကျူးယွဲ့၏ မျက်နှာ ပျက်သွားသည်။
သူမသည် ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ အပြင်သို့ ပြေးထွက်သွားတော့သည်။
ဖန့်ချန်သည် လက်တစ်ဖက်ဖြင့် လျိုမူကိုဆွဲ၊ နောက်လက်တစ်ဖက်ဖြင့် ချင်းဟယ်ကို ဆွဲကာ အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းလိုက်ရာ ဆရာမကြီးကျူးယွဲ့၏ နောက်ကပ်လျက် တံခါးဝသို့ ရောက်ရှိသွားသည်။
ဆရာမကြီးကျူးယွဲ့သည် ဖန့်ချန်၏ အရှိန်ကို သတိပြုမိသွားပြီး သူမ၏ မျက်လုံးထဲတွင် အံ့ဩမှုများ ဖြတ်ပြေးသွားသည်။
သို့သော် အံ့ဩနေရမည့်အချိန် မဟုတ်သဖြင့် လက်ရှိကိစ္စကိုသာ အာရုံစိုက်လိုက်သည်။
ချင်းဟယ်မှာလည်း ထိတ်လန့်သွားသည်။ သခင်လေးဖန့်ရဲ့ အရှိန်က အရမ်းမြန်တာပဲ သူ့ရဲ့ ကျင့်ကြံမှုက ထပ်ပြီး တိုးတက်သွားပြန်ပြီလား
တောင်တံခါးဝသို့ ရောက်သောအခါ ဝတ်စုံအမျိုးမျိုး ဝတ်ဆင်ထားသော ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာနှင့် ရင်ဆိုင်နေရသော သီလရှင်ငယ်လေး တစ်စုကို ဖန့်ချန် မြင်လိုက်ရသည်။
ခမ်းနားလှသော တောင်တံခါးကြီးမှာ အုတ်ပုံအတိ ဖြစ်နေပြီဖြစ်ရာ စောစောက အသံမှာ ဤတံခါးကို တိုက်ခိုက်လိုက်သော အသံပင် ဖြစ်ရမည်။
ဆရာမကြီးကျူးယွဲ့သည် ရှေ့ဆုံးမှ ကျင့်ကြံသူကို စိုက်ကြည့်ကာ မျက်နှာထား တင်းမာသွားသည်။
"မိုးကြိုးလေပြေ ယောင်တန်း မင်းက ငါ့ရဲ့ လမင်းပုန်းကွယ်သီလရှင်ကျောင်းကို စစ်ကြေညာချင်နေတာလား"
သူမ ခေါ်လိုက်သောသူမှာ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အသက် ၄၀ ခန့် ရှိပုံရသည်။
သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး သူ၏ အရှိန်အဝါမှာ ဆရာကြီးကျူးယွဲ့ထက် မနိမ့်ပေ။ ထို့ပြင် သူသည်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ရှိသည်။
သူနှင့်အတူ ပါလာသောသူများသည်လည်း ချီသန့်စင်ခြင်း အဆင့် ၆ နှင့် အထက်တွင် ရှိကြပြီး သီလရှင်များကို စူးစိုက်ကြည့်နေကြသည်။
"ငါတို့က စစ်ကြေညာချင်တာ မဟုတ်ပါဘူး၊ မင်းက အခြေအနေကို နားမလည်တာပါ အဲဒီမိစ္ဆာကျင့်ကြံသူရဲ့ ဗိုက်ထဲမှာ ခရမ်းရောင်လျှပ်စီးအဆောင်ရဲ့ အမွေအနှစ်ကို ငါတို့ တွေ့ခဲ့တုန်းက မင်းတို့ လမင်းပုန်းကွယ်သီလရှင်ကျောင်းက အပိုင်စီးချင်ခဲ့တာလေ ဒါက နည်းနည်းတော့ မတရားဘူးလို့ မထင်ဘူးလား"
ယောင်တန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ထို့နောက် သူ၏ အကြည့်က ဖန့်ချန်ထံသို့ ရုတ်တရက် ကျရောက်သွားပြီး လှောင်ပြောင်သော အမူအရာ ပေါ်လာသည်။
"ဘာလို့ ဒီနေ့ လမင်းပုန်းကွယ်သီလရှင်ကျောင်းမှာ အမျိုးသားတစ်ယောက် ရှိနေတာလဲ ဆရာမကြီးခင်ဗျား ကူညီမယ့်သူ ဖိတ်ထားတာလား"
သူက ဖန့်ချန်ကို စိုက်ကြည့်ကာ ပြုံးလိုက်သည်။
"မင်းကို ဘယ်လို ခေါ်ရမလဲ လမင်းပုန်းကွယ်သီလရှင်ကျောင်းနဲ့ ချင်းကျိုးဓားဂိုဏ်းကြားက ကိစ္စတွေမှာ ဝင်မပါဖို့ ငါ အကြံပေးချင်တယ် ဒါက ဒုက္ခရှာတာပဲ ဖြစ်လိမ့်မယ်"