အခန်း (၂၅၅-၂၅၆)
Vol. 26 Ch. 255-256
အခန်း ၂၅၅ - ဖိတ်စင်သွားသော ဖရုံစေ့များ
တတိယအကြီးအကဲမှာ အလွန်အမင်း အံ့အားသင့်သွားသည်။
"ဒါ... ဘယ်လိုဖြစ်နိုင်မှာလဲ"
ဟု သူက ရေရွတ်လိုက်မိသည်။
ဟုတ်သည် ထိုအရာက မည်သို့ ဖြစ်နိုင်မည်နည်း
ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်း တပည့်များအားလုံး တုန်လှုပ်သွားကြသည်။
ပထမနှင့် ဒုတိယအကြီးအကဲတို့သည် အချင်းချင်း ကြည့်လိုက်ကြရာ တစ်ဦး၏ မျက်လုံးထဲတွင် တစ်ဦးက နက်ရှိုင်းသော တုန်လှုပ်မှုကို မြင်တွေ့လိုက်ရသည်။
သူတို့ကိုယ်တိုင်ပင်လျှင် တတိယအကြီးအကဲ၏ ပျံသန်းဓားကို ထိုကဲ့သို့ လက်ဗလာဖြင့် ပေါ့ပေါ့ပါးပါး ဖမ်းဆုပ်နိုင်စွမ်း မရှိချေ
"ရုန်းထွက်စမ်း"
တတိယအကြီးအကဲက ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအင်များကို ပျံသန်းဓားထဲသို့ ပိုမို ထည့်သွင်းလိုက်တော့သည်။
ဂလန်း...ဂလန်း...ဂလန်း
ဖန့်ချန်၏ လက်ထဲရှိ ဓားပျံသည် ရုန်းထွက်ရန် အပြင်းအထန် တုန်ခါလာသည်။
သံချင်း ရိုက်ခတ်သံများနှင့်အတူ မီးပွားများ လေထဲတွင် လွင့်စင်သွားသည်။
ဖန့်ချန်က အသာအယာ ရယ်မောလိုက်သည်။
"ငြိမ်ငြိမ်နေစမ်း"
သူက ဆိုလိုက်ပြီး လက်ချောင်းဖြင့် တစ်ချက်တောက်လိုက်ရာ ဓားပျံ၏ ထိပ်ပိုင်းနားမှ ကျိုးသွားတော့သည်။
ဖူး
တတိယအကြီးအကဲသည် သွေးတစ်လုတ် အန်ထုတ်လိုက်ပြီး သူ၏ မျက်နှာမှာ ပြာနှမ်းကာ နွမ်းလျသွားတော့သည်။
ကျင့်ကြံသူတစ်ဦး၏ ကံကြမ္မာဝိညာဉ်ရတနာ ပျက်စီးသွားပါက ပိုင်ရှင်ထံသို့ ဒဏ်ရာများ ပြန်လည် ထိမှန်တတ်သည် မဟုတ်ပါလား
"ဒါက ဘယ်လို အတတ်ပညာလဲ"
မဟာအကြီးအကဲ၏ ရင်ဘတ်မှာ အဆက်မပြတ် တုန်ခါနေသည်။
ဝိညာဉ်တံဆိပ် ၁၂ ခုပါတဲ့ ဓားပျံကို လက်ဗလာနဲ့ ဘယ်လိုလုပ်ပြီး ချိုးပစ်နိုင်ရတာလဲ
"ကြည့်ရတာ မင်းက မင်းရဲ့ ဓားပညာအပေါ် တော်တော် ယုံကြည်မှု ရှိပုံရတယ်"
ဖန့်ချန်က တတိယအကြီးအကဲကို ကြည့်လိုက်သည်။
"မင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲပြီး ငါ့ဘက်ကိုတောင် လှည့်မကြည့်ဘဲ တိုက်ခိုက်ခဲ့တာပဲ ဒါပေမဲ့ ကြည့်စမ်း မင်းရဲ့ ဓားကိုတောင် မင်း သေသေချာချာ မထိန်းချုပ်နိုင်ပါလား"
တတိယအကြီးအကဲ၏ မျက်နှာမှာ အရှက်ရလွန်းသဖြင့် အစိမ်းရောင်မှ အနီရောင်သို့ ပြောင်းလဲနေတော့သည်။
သူသည် တစ်ဂိုဏ်းလုံး၏ ရှေ့တွင် အရှက်ကွဲသွားခဲ့ရပြီ
ရုတ်တရက် ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာသည်။
၎င်းမှာ မဟာအကြီးအကဲ ဖြစ်သည်။
"မင်းက တကယ်တော့ ဘယ်သူလဲ ငါတို့ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းက မင်းကို စော်ကားမိတာ ရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပြပါ"
"ဒါဆိုရင်လည်း ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ် ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ်က ချင်းကျိုးဓားဂိုဏ်းဘက်က ရပ်တည်ပြီး ယောင်တန်း လင်းယုန်ပျံဂိုဏခေါင်းဆောင်တို့နဲ့ ပေါင်းပြီး ဆရာမကြီးကျူးယွဲ့ဆီက ရတနာကို လုဖို့ ကြံစည်ခဲ့တယ်"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
"ယောင်တန်းနဲ့ လင်းယုန်ပျံဂိုဏ်းခေါင်းဆောင်တို့ကတော့ သေသွားကြပြီ ခင်ဗျားတို့ ဂိုဏ်းချုပ် တစ်ယောက်ပဲ ထွက်ပြေးလွတ်မြောက်သွားတာ သူမကတော့ မကြာခင်မှာ ပြန်လာမှာ မဟုတ်တော့ဘူး ဒါကြောင့် သူမကို သေပြီလို့ပဲ သဘောထားလိုက်ပါတော့"
ရောက်ရှိနေသူ အားလုံး ဆွံ့အသွားကြသည်။
ဖန့်ချန် ပြောသွားသော သူများအားလုံးမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင်များ ဖြစ်ကြပြီး ချင်းကျိုးဓားဂိုဏ်းမှ ယောင်တန်းဆိုလျှင် အလွန်ပင် အစွမ်းထက်သူ ဖြစ်သည်။
တကယ်တော့ တတိယအကြီးအကဲသည် ဓားပညာကို ရူးသွပ်သူ ဖြစ်သဖြင့် ယောင်တန်းထံမှ အကြံဉာဏ်များကို အကြိမ်ကြိမ် တောင်းခံခဲ့ဖူးပြီး သူတို့ကြားတွင် ဆရာ၊ တပည့် ပတ်သက်မှု အနည်းငယ်ပင် ရှိခဲ့သည်။
ဒုတိယအကြီးအကဲက မျက်မှောင်ကြုတ်ကာ မေးခွန်းထုတ်လိုက်သည်။
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ အခြေခံအတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူက ဒီအတိုင်း သေသွားနိုင်ပါ့မလား ဆရာမကြီးကျူးယွဲ့မှာ အဲဒီလို အစွမ်းမျိုး မရှိပါဘူး"
"ဟုတ်တယ် အမှန်ပဲ"
မဟာအကြီးအကဲကလည်း ချက်ချင်း ထောက်ခံလိုက်သည်။
"ဆရာမကြီးကျူးယွဲ့မှာ အဲဒီလို လုပ်နိုင်တဲ့ အရည်အချင်း မရှိဘူး ဒါကြောင့် အမှန်အတိုင်း ပြောစမ်း မင်း တကယ် ဘာလာလုပ်တာလဲ ဒီလို စကားတွေနဲ့ ငါတို့ကို လှည့်စားပြီး ဘာလုပ်ချင်တာလဲ ငါတို့ဂိုဏ်းကို သိမ်းပိုက်မယ်ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို မင်းရဲ့ ပါးစပ်ကနေ ထပ်မကြားချင်တော့ဘူး"
"ယောင်တန်းနဲ့ လင်းယုန်ပျံဂိုဏ်းခေါင်းဆောင် သေဆုံးတဲ့ သတင်းကတော့ မကြာခင် ဒီကို ရောက်လာမှာပါ"
ဖန့်ချန်က ဆက်ပြောသည်။
"ကျုပ် ဒီကို ဘာလာလုပ်တာလဲ ဆိုတော့ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းကို သိမ်းပိုက်ပြီး ပြန်ရောင်းဖို့ လာတာ"
ဖန့်ချန်က ပြုံးလိုက်သည်။
"ကျုပ် ကို တားဖို့ ကြိုးစားရင်တော့ သွေးထွက်သံယိုတွေ ဖြစ်ကုန်လိမ့်မယ် ခင်ဗျားတို့ကို အခွင့်အရေး တစ်ခု ပေးမယ် ရတနာတွေ ဝိညာဉ်ကျောက်တုံးတွေနဲ့ သိုလှောင်လက်စွပ်တွေ အားလုံးကို ဂိုဏ်းမှာ ထားခဲ့ကြ"
" တောင်ပေါ်ကနေ ဆင်းသွားပြီး ဘယ်တော့မှ ပြန်မလာနဲ့တော့ ခင်ဗျားတို့ ပိုင်ဆိုင်သမျှ အားလုံးဟာ အခုကစပြီး ကျုပ် အပိုင်ပဲ"
ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းသားများမှာ ဒေါသထွက်လွန်းသဖြင့် တုန်ရီနေကြသည်။
ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းက သူ့အပိုင် ဖြစ်ရမယ် ဟုတ်လား ဘယ်လိုတောင် မောက်မာလိုက်သလဲ
မဟာအကြီးအကဲက လှောင်ပြုံး ပြလိုက်သည်။
"စောစောက တတိယအကြီးအကဲအပေါ်မှာ အသာစီးရလိုက်တာနဲ့ မင်း စိတ်ကြိုက် လုပ်လို့ရမယ်လို့ မထင်နဲ့"
နောက်တစ်စက္ကန့်တွင် သူနှင့် ဒုတိယအကြီးအကဲတို့သည် ပြိုင်တူ တိုက်ခိုက်လိုက်ကြသည်။
သူတို့၏ ဝိညာဉ်ရတနာများကို အသုံးပြုလိုက်သော်လည်း နောက်တစ်စက္ကန့်တွင် ထိုရတနာများမှာ ငွေရောင်လျှပ်စီးတန်းတစ်ခုကြောင့် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်ကို မြင်လိုက်ရသည်။
ဖူး...
ဖူး...
အကြီးအကဲ နှစ်ဦးစလုံး သွေးများ အန်ထုတ်လိုက်ရပြီး သူတို့၏ မျက်နှာများမှာ ချက်ချင်းပင် ဖြူဖျော့သွားကြသည်။
သူတို့၏ ခြေထောက်များပင် ခိုင်ခံ့အောင် မရပ်နိုင်တော့ချေ။ သူတို့၏ ရတနာများ လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်
တတိယအကြီးအကဲက ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"မင်းက... မင်းက ဓားကျင့်ကြံသူပဲ ဟုတ်တယ် မင်းက ဓားကျင့်ကြံသူပဲ ဓားကျင့်ကြံသူတွေမှာ ရှိတတ်တဲ့ ဓားခန္ဓာ အကြောင်း ငါ ကြားဖူးတယ်"
"အဲဒါက ခန္ဓာကိုယ်ကို ဘယ်အရာကမှ မဖျက်ဆီးနိုင်အောင် လုပ်ပေးသလို ဓားကျင့်ကြံသူတွေက သူတို့ရဲ့ လမ်းမှာရှိတဲ့ ဘယ်အတားအဆီးကိုမဆို ဖျက်ဆီးပစ်နိုင်တယ်"
လူအုပ်ကြီးမှာ မှင်တက်သွားကြသည်။
အချို့က ဓားကျင့်ကြံသူဆိုသည်မှာ ဘာလဲဟု စဉ်းစားနေကြတုန်းပင်။
သို့သော် ပထမနှင့် ဒုတိယအကြီးအကဲတို့မှာမူ ထိတ်လန့်တုန်လှုပ်သွားကြပြီး ဖန့်ချန်ကို ကြောင်ကြည့်နေမိကြသည်။
ဟုတ်ပေသည် သူသည် သူတို့၏ ရတနာများကို ချက်ချင်းပင် ဖျက်ဆီးပစ်ခဲ့သည် မဟုတ်ပါလား။
၎င်းမှာ ဓားကျင့်ကြံသူများ၏ နာမည်ကျော် အစွမ်းပင် ဖြစ်သည်။
"မင်း သတင်းတော်တော် နားစွင့်ထားတာပဲ"
ဖန့်ချန်က အေးအေးဆေးဆေး ဆိုသည်။
"ဓားကျင့်ကြံသူ အကြောင်းကို မင်းသိထားမှတော့ မင်းရဲ့ ဂိုဏ်းသားတွေကို ငါပြောတဲ့အတိုင်း လုပ်ဖို့ နားချလိုက်တာ ပိုကောင်းမယ် အမွှေးတိုင် တစ်ဝက်စာလောက် အချိန်ပေးမယ်"
ထို့နောက် ဖန့်ချန်သည် မျက်လုံးများကို မှိတ်ကာ စောင့်ဆိုင်းနေလိုက်သည်။
သီလရှင် ချင်းဟယ်ကမူ ဖန့်ချန်သည် တရားထိုင်ဟန် ဆောင်နေသည်ဟု ထင်သဖြင့် ဘေးတွင် အေးအေးဆေးဆေး ရပ်နေလိုက်သည်။
ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းအတွက် သူမ စိုးရိမ်မနေတော့ပေ။
သူမအတွက်မူ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းကို ဖန့်ချန် သိမ်းပိုက်လိုက်ခြင်းမှာ အတည်ဖြစ်သွားပြီဟု မှတ်ယူထားသည်။
ဖန့်ချန်၏ ဝိညာဉ် သည် ဝိညာဉ်ဟင်းလင်းပြင်မြို့ပေါ်တွင် ပေါ်လာသည်။
ဝိညာဉ်သွေးဂိုဏ်း နှင့် ပတ်သက်သော ဖြစ်ရပ်ကတည်းက သူသည် အားလပ်ချိန်တိုင်းတွင် သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကြက်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးလေ့ ရှိသည်
ဝိညာဉ်သွေးဂိုဏ်းဝင်များ တိတ်တဆိတ် လှုပ်ရှားနေခြင်း ရှိ၊ မရှိကို သူ စောင့်ကြည့်နေခြင်း ဖြစ်သည်။
ဖန့်ချန်၏ အကြည့်သည် မြို့စားမင်း အိမ်တော်ပေါ်သို့ ကျရောက်သွားသည်။
"မြို့ထဲမှာ ကျင့်ကြံသူ တော်တော်များများ ရှိပေမဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကတော့ နှစ်ယောက်ပဲ ရှိပုံရတယ်"
ဝိညာဉ်အာရုံ ဖြန့်ကြက်ထားသော အခြေအနေတွင် သူသည် ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုများကို အလွန် အာရုံခံနိုင်စွမ်း ရှိသည်။
ရုတ်တရက် ဖန့်ချန်သည် မြို့စားမင်း အိမ်တော်ထဲသို့ ရောက်သွားသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦး စကားပြောနေသည်ကို သူ မြင်လိုက်ရသည်။
တစ်ဦးမှာ အစောပိုင်းအဆင့်ဖြစ်သော်လည်း အခြားတစ်ဦးမှာမူ ပို၍ ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
အခြေခံတည်ဆောက်ခြငအဆင့် အလယ်ပိုင်းလား မဟုတ်ဘူး၊ သူက ပိုပြီး အစွမ်းထက်နိုင်တယ်။
အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးအဆင့် တောင် ဖြစ်နိုင်တယ် ဟု ဖန့်ချန်က နဂါးဖြတ်ကျော်ကျွန်းရှင်ကို ကြည့်ကာ တွေးလိုက်သည်။
နဂါးဖြတ်ကျော်ကျွန်းရှင်ထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် ဖန့်ချန် ယခုအချိန်အထိ တွေ့ဖူးသမျှ လူတိုင်းထက် ပို၍ အားကောင်းသည်။
ကျင်းနန် သည် အခြေခံတည်ဆောက်ခြင်း အဆင့် အလယ်ပိုင်းတွင် ရှိသော်လည်း ထိုလူ၏ ကျင့်ကြံမှုမှာ ကျင်းနန်ထက် များစွာ သာလွန်နေသဖြင့် သူသည် နောက်ဆုံးအဆင့် ဖြစ်နိုင်ကြောင်း ဖန့်ချန် ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။
ကျောက်စိမ်းစားပွဲပေါ်တွင် ပြန့်ကျဲနေသော စားသောက်ဖွယ်ရာများနှင့် ပတ်ပတ်လည်မှ ဈေးကြီးသော အမွှေးတိုင်များကို ကြည့်ရင်း ဖန့်ချန်က ပြုံးလိုက်မိသည်။
"ဒီလူနှစ်ယောက်ကတော့ ဘဝကို ဘယ်လို ပျော်ပျော်နေရမလဲဆိုတာ ကောင်းကောင်း သိတာပဲ"
"နဂါးဖြတ်ကျော်ကျွန်းရှင် ကျုပ် အင်ပါယာ အနှံ့အပြားက လူတွေဆီ သတင်းပို့ထားပါတယ်အဲဒီ ဂျူနီယာကို မြင်တာနဲ့ သူတို့ ကျုပ် တို့ကို ချက်ချင်း အကြောင်းကြားပါလိမ့်မယ်"
ဟု ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်းက ပြုံးလျက် ဆိုသည်။
"ကောင်းပြီ"
နဂါးဖြတ်ကျော်ကျွန်းရှင်က ခေါင်းညိမ့်သည်။
"မင်း ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်"
သူတို့ ပြောနေသည်ကို ကြားလိုက်ရသဖြင့် ဖန့်ချန် စပ်စုချင်စိတ် ဖြစ်ပေါ်လာသည်။ သူတို့ နှစ်ဦးသည် တစ်ခုခုကို ကြံစည်နေပုံရသည်။
ကံကောင်းထောက်မစွာပင် ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်းသည် သူ၏ လက်ထဲမှ ကျောက်စိမ်းပြား တစ်ခုကို အသက်သွင်းလိုက်ရာ ဖန့်ချန်၏ မျက်နှာသည် လေထဲတွင် ပေါ်လာတော့သည်။
"ဒီလူငယ်က မီးတောက်အင်ပါယာက မဟုတ်ဘူး ထင်တယ်နော်"
ဟု မြို့စားမင်းက ဆိုသည်။
နဂါးဖြတ်ကျော်ကျွန်းရှင်၏ မျက်လုံးထဲတွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်လာသည်။
"အဲဒါကို ခင်ဗျား သိဖို့ မလိုပါဘူး သူ ဘယ်က လာသလဲဆိုတာ ကျုပ် လည်း မသိဘူး ကျုပ် သိဖို့ လိုတာက သူက ကျုပ် ရဲ့ ပင်လယ်နဂါးဂိုဏ်း ကို စော်ကားခဲ့တယ် ဆိုတာပဲယ သူကတော့ သေဖို့ လမ်းပေါ်ကို ရောက်နေပါပြီ"
ဟု သူက ဆိုလိုက်သည်။
နဂါးဖြတ်ကျော်ကျွန်းရှင်ကို အကဲခတ်ရင်း ဖန့်ချန်သည် ရုတ်တရက် အကြောင်းမဲ့ တိုက်ခိုက်ခံရမည့် အခြေအနေကို ရောက်နေကြောင်း ခံစားလိုက်ရသည်။
ဘာမှ ထပ်ကြားနေဖို့ မလိုတော့ပေ။
ဒီလူဟာ အစိမ်းရောင်တောင်ကျွန်းရှင် လိုပဲ ပင်လယ်နဂါးဂိုဏ်းရဲ့ ကျွန်းရှင်တွေထဲက တစ်ယောက် ဖြစ်နေတာ သေချာသွားပြီ။
ကွာခြားချက်ကတော့ သူဟာ အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးအဆင့်မှာ ရှိနေပြီး မီးတောက် အင်ပါယာ တစ်ခုလုံးကိုတောင် လွှမ်းမိုးထားနိုင်တဲ့သူ ဖြစ်နေတာပဲ။
ဒီလို ကျင့်ကြံမှုနဲ့ နောက်ခံမျိုးကြောင့် တောင်ပိုင်းကောင်းကင်ဂိုဏ်းနဲ့ ဝိညာဉ်သားရဲတောင်ကြားတို့ကတောင် သူ့ကို အလေးထား ဆက်ဆံရမှာ ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်း အဆင့် နောက်ဆုံးအဆင့်က လူတစ်ယောက်နဲ့ ငါ ရင်ဆိုင်ရရင် အနိုင်ရဖို့ အခွင့်အရေး ဘယ်လောက် ရှိမလဲဆိုတာ သိချင်မိတယ်
သူသည် အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူ သုံးဦးကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။
အစိမ်းရောင်တောင်ကျွန်းရှင်၊ ယောင်တန်းနှင့် လင်းယုန်ပျံဂိုဏ်းခေါင်းဆောင်တို့ ဖြစ်သည်။
သို့သော် အစိမ်းရောင်တောင်ကျွန်းရှင်မှာ အခြားနှစ်ဦးထက် များစွာ ပို၍ အစွမ်းထက်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ ရှစ်မျက်နှာ အရပ် ဓားကျမ်း ၏ ရှေ့မှောက်တွင်မူ သူသည် ချက်ချင်း အသတ်ခံခဲ့ရသည်။
ဆိုလိုသည်မှာ ထိုဓားကျမ်း၏ ပထမဦးဆုံး ကွက်ကွက်သည် အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူများထက် သာလွန်နေပြီး အလယ်ပိုင်း အဆင့်ရှိသူများကိုပင် ကိုင်တွယ်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ဖန့်ချန်၏ မျက်နှာ တည်ကြည်သွားသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးအဆင့်ရှိသော ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်လျှင်မူ အနိုင်ရဖို့ အခွင့်အရေးက သုည ဖြစ်နိုင်ခြေ များလှသည်။
အခန်း ၂၅၆ - အပြီးသတ်သိမ်းပိုက်ခြင်း
အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းကျင့်ကြံသူများ၏ အစွမ်းကို ပြန်စဉ်းစားကြည့်လျှင် သူတို့သည် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများထက် ဆယ်ဆမက သာလွန်ကြောင်း ဖန့်ချန် ဝန်ခံရမည်ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်ပိုင်း၏ အစွမ်းကိုမူ အကြီးအကဲ ကျင်းနန်နှင့် ရင်ဆိုင်စဉ်က ဖန့်ချန် ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။
သူတို့သည် အစောပိုင်းအဆင့်ထက် အနည်းဆုံး ခုနစ်ဆ၊ ရှစ်ဆခန့် ပို၍ အစွမ်းထက်ကြသည်။
ဤသည်မှာ မီးတောက်အင်ပါယာရှိ ကျင့်ကြံသူများ၏ စံနှုန်းပင် ဖြစ်သည်။
ရွှေအမြုတေအဆင့် ဘိုးဘေးတစ်ဦး အုပ်ချုပ်သော ပင်လယ်နဂါးဂိုဏ်း မှာမူ သာ၍ပင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှု ဖြစ်ပေလိမ့်မည်။
အစိမ်းရောင်တောင်ကျွန်းရှင်၏ အစွမ်းသည် ယောင်တန်းနှင့် လင်းယုန်ပျံဂိုဏ်းခေါင်းဆောင်တို့ကဲ့သို့သော အစောပိုင်းအဆင့် ကျင့်ကြံသူများကို ကျော်လွန်ရုံသာမက ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်းထက်ပင် သာလွန်ခဲ့သည်။
ဖန့်ချန်၏ အသိအရ နဂါးဖြတ်ကျော်ကျွန်းရှင်သည် အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူဖြစ်သဖြင့် အဆမတန် အစွမ်းထက်ပေလိမ့်မည်။
ရှစ်မျက်နှာအရပ် ဓားကျမ်း ၏ ပထမကွက်သည်ပင် သူ့ကို ဒဏ်ရာရစေရုံသာ တတ်နိုင်ပြီး သတ်ဖြတ်နိုင်ရန် အခွင့်အရေးမှာ သုညသာ ဖြစ်သည်။
ငါ့ရဲ့ ၁၁ ခုမြောက် မသေမျိုးသွေးကြောကို ဖော်ထုတ်နိုင်ပြီး ဓားငယ်လေးရဲ့ အစွမ်းကို ပိုမြှင့်နိုင်မှသာ သူ့ကို ရင်ဆိုင်နိုင်လိမ့်မယ်
ဖန့်ချန်၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။
သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ အကြီးအကဲ သုံးဦးမှာ ဆွေးနွေးနေကြဆဲ ဖြစ်သည်။
"စီနီယာအစ်ကိုကြီး ဒုတိယအစ်ကို သူက တကယ်ပဲ ဓားကျင့်ကြံသူ ဖြစ်နေရင်တော့ ငါတို့ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းကို လက်လွှတ်ရုံပဲ ရှိတော့တယ်"
"ငါတို့ အသက်ရှင်နေသရွေ့ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းက တကယ် ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး နောင်ကျရင် ဂိုဏ်းချုပ်က ငါတို့အတွက် ပိုကောင်းတဲ့ နေရာတစ်ခု ရှာပေးနိုင်မှာပါ ဒါပေမဲ့ ငါတို့အားလုံး သေသွားရင်တော့ ဂိုဏ်းက တကယ်ပဲ အမြစ်ပြတ်သွားလိမ့်မယ်"
"ဂျူနီယာညီ ငါတို့ ပြန်တိုက်ဖို့ အင်အားရှိတယ် မဟုတ်လား သူက အခြေခံတည်ဆောက်ခြင်းအဆင့် မဟုတ်ဘူးလို့ ငါထင်တယ်"
"ပေါ့ပေါ့ဆဆ မပြောပါနဲ့ ဓားကျင့်ကြံသူ တစ်ယောက်ရဲ့ အမွေအနှစ်က ခင်ဗျားတို့ စိတ်ကူးထားတာထက် အများကြီး ပိုကြောက်စရာကောင်းတယ်"
"ဓားကျင့်ကြံသူ တစ်ယောက်ရဲ့ နောက်ကွယ်မှာ အစွမ်းထက်တဲ့ အင်အားစုတွေ ရှိနေတတ်သလို ဓားကျင့်ကြံသူတွေဟာ တိုက်ခိုက်ရေးစွမ်းအားရဲ့ အထွတ်အထိပ်မှာ ရှိနေတာ ဒီလူ ဘယ်လောက် အစွမ်းထက်လဲဆိုတာ ခင်ဗျားတို့ မျက်မြင်ပဲလေ"
"သူ့နောက်ကွယ်က ပညာရှင်တွေကို ရင်ဆိုင်ဖို့ ငါတို့မှာရှိတဲ့ ကျင့်ကြံသူ အနည်းငယ်နဲ့ လုံလောက်မယ် ထင်လို့လား"
"အဲဒါကတော့..."
"တွန့်ဆုတ်မနေပါနဲ့တော့ မီးတောက်အင်ပါယာမှာ ဒီလိုကိစ္စမျိုး ဖြစ်တာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး တခြားဂိုဏ်းတွေ သူတို့ အသက်ရှင်ဖို့ ဘယ်လို လုပ်ခဲ့ကြလဲဆိုတာ ပြန်စဉ်းစားကြည့်ဦး"
"ခဏတာ သိက္ခာထက် အသက်ရှင်ဖို့က ပိုအရေးကြီးတယ်"
"ဒါဆို လောလောဆယ် ဒီအတိုင်းပဲ ထားလိုက်ကြရအောင် နောင်ကျမှ ဂိုဏ်းချုပ်နဲ့ ပြန်ဆုံတဲ့အခါ အသေးစိတ် ထပ်ဆွေးနွေးကြတာပေါ့"
"ဒီနေ့တော့ ခေါင်းငုံ့ပေးလိုက်ကြရအောင်"
ထို့နောက် ခဏမျှ တိတ်ဆိတ်သွားသည်။
သူတို့ စကားပြောရပ်သွားသည်ကို မြင်သောအခါ ဖန့်ချန်က ပြုံးလိုက်သည်။
"ဆုံးဖြတ်ချက် ချပြီးပြီလား"
"ဟုတ်ကဲ့၊ ဆုံးဖြတ်ပြီးပါပြီ"
မဟာအကြီးအကဲက မျက်နှာပျက်ပျက်ဖြင့် ဖြည်းည်းချင်း ခေါင်းညိမ့်သည်။
"ခင်ဗျား တောင်းဆိုတဲ့အတိုင်း ကျွန်တော်တို့ လိုက်နာပါ့မယ် ခင်ဗျားလည်း ကတိတည်ပြီး ကျွန်တော်တို့ကို အန္တရာယ်မပြုဖို့ မျှော်လင့်ပါတယ်"
"မှတ်ထားပါ ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်ကလွဲလို့ ဘာကိုမှ ယူသွားလို့ မရဘူး ဒီမှာ ရှိသမျှ အားလုံး အခုကစပြီး ငါ့အပိုင်ပဲ"
ဟု ဖန့်ချန်က ဆိုသည်။
ထိုသတိပေးချက်ကြောင့် လူသုံးဦးစလုံး၏ မျက်နှာများ ပို၍ ညိုမှောင်သွားသော်လည်း သူတို့ မငြင်းဆန်ရဲကြပေ။
နက်နဲသော ကောင်းကင်အဆင့် ကင်းစောင့်များနှင့် တပည့်များသည်လည်း အသံတစ်ချက်ပင် မထွက်ရဲဘဲ ပို၍ ငြိမ်ကုပ်သွားကြသည်။
ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းသားများသည် တစ်ဦးချင်းစီ ဖန့်ချန်၏ ရှေ့မှ ဖြတ်သွားကြရပြီး ဘာမှ ယူဆောင်သွားခြင်း မရှိစေရန် သေသေချာချာ အစစ်ဆေး ခံကြရသည်။
မိနစ် ၃၀ မပြည့်မီမှာပင် ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းသား အားလုံးသည် အကြီးအကဲ သုံးဦး၏ နောက်မှလိုက်ကာ တောင်ပေါ်မှ ဆင်းသွားကြတော့သည်။
တောင်ပေါ်မှ ဆင်းလာချိန်တွင် သူတို့၌ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးပင် ပါမလာချေ။
သူတို့၏ တန်ဖိုးအရှိဆုံး ရတနာများနှင့် ဆေးလုံးများ အားလုံးကို ထားခဲ့ရသည်။
"ကျွန်တော်တို့ တကယ်ပဲ ဒီအတိုင်း ထွက်သွားကြတော့မှာလား အကြီးအကဲ"
ဝိညာဉ်ဟင်းလင်းပြင် တပည့်တစ်ဦးက မနေနိုင်ဘဲ မေးလိုက်သည်။ သူ၏ အသံထဲတွင် မကျေနပ်မှုများ ပါဝင်နေပြီး တောင်ပေါ်သို့ ပြန်လှည့်ကြည့်နေသည်။
"တခြား ဘာလုပ်နိုင်ဦးမှာလဲ"
မဟာအကြီးအကဲက ပြန်ဖြေသည်။
"သူများ လက်အောက် ရောက်နေချိန်မှာတော့ ခေါင်းငုံ့ရတာပေါ့ အသက်ရှင်လျက် ထွက်လာနိုင်တာပဲ တော်လှပါပြီ"
"မြို့စားမင်း အိမ်တော်ကို အရင်သွားပြီး မြို့စားမင်းကို အခြေအနေ ရှင်းပြရအောင်"
ဟု ဒုတိယအကြီးအကဲက ဆိုသည်။
"ငါတို့အတွက် မျှော်လင့်ချက် အလင်းတန်းလေး ရှိနေနိုင်ပါသေးတယ်"
ထိုစကားကြောင့် လူအုပ်၏ စိတ်ဓာတ်မှာ အနည်းငယ် ပြန်တက်လာသည်။
"မြို့စားမင်းက ဧကရာဇ် မိသားစုနဲ့ အဆက်အသွယ် ရှိတယ် တကယ်လို့ သူက ကူညီမယ်ဆိုရင် အခြေအနေကို ပြောင်းလဲပစ်နိုင်ကောင်းရဲ့"
တောင်ပေါ်တွင်မူ ဖန့်ချန်သည် ရလာသော ရတနာများကို တစ်ခုချင်းစီ ရေတွက်နေသည်။
စုစုပေါင်း ရတနာ ၅၃ ခု ရှိပြီး တစ်ခုချင်းစီတွင် ဝိညာဉ်တံဆိပ် အရေအတွက် အမျိုးမျိုး ပါဝင်သည်။
"ဒီဓားက တော်တော်ကောင်းတယ် ဝိညာဉ်တံဆိပ် ၁၀ ခုတောင် ပါတာပဲ"
ဖန့်ချန်က ရတနာတစ်ခုကို ကောက်ယူကာ သီလရှင် ချင်းဟယ်ဘက် လှည့်လိုက်သည်။
"ရော့ ဒါ မင်း ယူထားလိုက်"
ချင်းဟယ်မှာ အံ့အားသင့်သွားသည်။ ထိုရတနာ၏ တန်ဖိုးမှာ မနည်းလှပေ။
"ကျွန်မ တကယ်ပဲ ယူလို့ ရပါ့မလား"
သူမ၏ ဝိညာဉ်ရတနာမှာ ဟောင်းနွမ်းနေပြီး သူမ၏ လက်ရှိ ကျင့်ကြံမှုအဆင့်နှင့် မကိုက်ညီတော့ပေ။
ဖန့်ချန်က ပြုံး၍ ခေါင်းညိမ့်ကာ ရတနာကို သူမလက်ထဲ ထည့်ပေးလိုက်သည်။
"ယူထားလိုက်ပါ"
ထို့နောက် ကျန်ရှိသော ရတနာများကို ဓားငယ်လေးအား ကျွေးလိုက်သည်။
၎င်းတို့ထဲတွင် ယောင်တန်းနှင့် လင်းယုန်ပျံဂိုဏ်းခေါင်းဆောင်တို့၏ ရတနာများလည်း ပါဝင်သည်။
ဓားငယ်လေးသည် ထိုရတနာများကို ပျော်ပျော်ပါးပါးပင် ဝါးမြိုလိုက်သည်။
ရတနာတစ်ခု စားလေလေ၊ ၎င်း၏ အရှိန်အဝါမှာ ပို၍ အစွမ်းထက်လာလေလေ ဖြစ်သည်။
ရတနာအားလုံးကို စားပြီးနောက် ဓားငယ်လေးသည် ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ကာ အစာခြေနေလိုက်သည်။
၎င်းကို မြင်သောအခါ ချင်းဟယ်မှာ စိတ်ထဲမှ အလွန် စပ်စုနေမိသည်။
ဖန့်ချန် ဘာလုပ်နေသလဲဆိုသည်ကို သူမ အတိအကျ မသိသော်လည်း ဖန့်ချန်သည် ထိုရတနာများကို သန့်စင်သည့် နည်းစနစ်များဖြင့် သူ၏ ဓားထဲသို့ ပေါင်းစပ်နေသည်ဟုသာ ထင်မှတ်လိုက်သည်။
ဓားငယ်လေးက ထိုရတနာများကို တိုက်ရိုက် ဝါးမြိုပစ်နိုင်လိမ့်မည်ဟု သူမ အိပ်မက်ပင် မမက်ဖူးချေ။
ကျန်ရှိသော ပစ္စည်းများကို စနစ်တကျ ခွဲခြားပြီးနောက် ဖန့်ချန်သည် ရရှိလာသော ဝိညာဉ်ကျောက်တုံးများကို စတင် ရေတွက်သည်။
ဂိုဏ်းတစ်ခုကို သိမ်းပိုက်ခြင်းသည် ဝိညာဉ်ကျောက်တုံး အမြောက်အမြား ရရှိနိုင်ကြောင်း ဝန်ခံရမည်ဖြစ်သည်။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၆၀ဝ ကျော် ရရှိခဲ့ပြီး အများစုမှာ အကြီးအကဲ သုံးဦးနှင့် ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်း၏ ဘဏ္ဍာတိုက်မှ ဖြစ်သည်။
ဖန့်ချန်၏ ဝိညာဉ်ကျောက်တုံး စုဆောင်းမှုမှာ ၅၄၀ဝ ကျော်အထိ ထိုးတက်သွားခဲ့ပြီ ဖြစ်ရာ ဤပမာဏသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူများကိုပင် ဆွံ့အသွားစေနိုင်သော ချမ်းသာမှုမျိုး ဖြစ်သည်။
ထို့အပြင် သူသည် သိုလှောင်လက်စွပ် အချို့ကိုလည်း ရရှိခဲ့ပြီး ၎င်းတို့ကို နောင်တွင် အခြားရတနာများ သို့မဟုတ် ဝိညာဉ်ပစ္စည်းများနှင့် လဲလှယ်ရန် အသုံးပြုနိုင်သည်။
ပစ္စည်းအားလုံးကို စစ်ဆေးနေစဉ် ဖန့်ချန်သည် လုံးဝိုင်းပြီး ရွှေရောင်ရှိသော ဆေးလုံးတစ်လုံးကို တွေ့လိုက်ရသည်။
"ဒါက ဘာဆေးလုံးလဲ"
ချင်းဟယ်က အနားတိုး၍ သေသေချာချာ ကြည့်ပြီးနောက်
"သခင်လေးဖန့် ဒါက ဝိညာဉ်အဆီအနှစ်ဆေး ပါ ဒီဆေးလုံး တစ်လုံး သောက်တာက သုံးလစာ ကျင့်ကြံမှုနဲ့ ညီမျှပါတယ် ဒါကို ဆေးဖော်စပ်တာ ကျွမ်းကျင်တဲ့ ဧကရာဇ် မိသားစု အကြီးအကဲတစ်ဦးက ဖော်စပ်ထားတာပါ"
" ဒီလို ဆေးမျိုးကို ဈေးကွက်မှာ အလွယ်တကူ မတွေ့နိုင်ပါဘူး ကျွန်မရဲ့ ဆရာမကြီး မြို့တော်က စားပွဲတစ်ခုမှာ တစ်လုံး ရခဲ့ဖူးတာပဲ မြင်ဖူးပါတယ်"
ဟု ပြောသည်။
"သုံးလစာ ကျင့်ကြံမှု ဟုတ်လား"
ဖန့်ချန် ခေါင်းညိမ့်လိုက်သည်။
ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းတွင် ဝိညာဉ်အဆီအနှစ်ဆေး စုစုပေါင်း သုံးလုံး ရှိသည်။
တကယ်လို့ သူသာ ထိုသုံးလုံးစလုံးကို သောက်လိုက်လျှင် သူ၏ ကျင့်ကြံမှုကို ကိုးလစာခန့် တိုးတက်စေမည် ဖြစ်သည်။
ယခုအခါ သူသည် ပင်လယ်နဂါးဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်ရတော့မည် ဖြစ်ရာ ထိုဆေးသုံးလုံးသည် သူ၏ ၁၁ ခုမြောက် မသေမျိုးသွေးကြောကို ဖော်ထုတ်ရန် အကူအညီ ဖြစ်နိုင်ပေလိမ့်မည်
တစ်နာရီခန့်ကြာအောင် သူတို့နှစ်ဦးသည် ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ ရရှိသော ပစ္စည်းများကို သေသေချာချာ စုစည်းခဲ့ကြသည်။
ဝိညာဉ်ကျောက်တုံး၊ ဆေးလုံး၊ ဝိညာဉ်ပစ္စည်း သို့မဟုတ် ဆေးဖက်ဝင် အပင် တစ်ခုပင် မကျန်အောင် သိမ်းဆည်းခဲ့ကြသည်။
အားလုံး ပြီးသွားသောအခါ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှာ ပြောင်စင်သွားတော့သည်။
"ချင်းဟယ် ငါ ဒီ ဝိညာဉ်အဆီအနှစ်ဆေး သုံးလုံးကို သောက်ပြီး ကျင့်ကြံတော့မယ် ဒီပတ်ဝန်းကျင်ကို တစ်ချက်လောက် စောင့်ကြည့်ပေးပါ တစ်ခုခု ဖြစ်လာရင် ကိုယ့်လုံခြုံရေးကို အရင်ဦးစားပေးပြီး ပုန်းနေဖို့ မမေ့ပါနဲ့"
ဟု ဖန့်ချန်က ဆိုသည်။
ချင်းဟယ်က နားမလည်သော်လည်း ခေါင်းညိမ့်ပြလိုက်သည်။
နောက်ထပ် ဘာများ ဖြစ်လာနိုင်ဦးမှာလဲ ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်ကတော့ လုံးဝ ပြန်လာရဲမှာ မဟုတ်တော့တာ သေချာသည်။
ဖန့်ချန်သည် တိတ်ဆိတ်သော အခန်းတစ်ခုကို ရှာကာ ဝိညာဉ်အဆီအနှစ်ဆေး သုံးလုံးစလုံးကို တစ်ပြိုင်နက် မျိုချလိုက်ပြီးနောက် ခရမ်းရောင်လျှပ်စီး အဆောင် များ ပြုလုပ်ရန် ပစ္စည်းများကို ထုတ်ယူလိုက်တော့သည်။
ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်း အိမ်တော်တွင်။
မြို့စားမင်း အိမ်တော်၏ အုပ်ချုပ်ရေးမှူးသည် ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ အကြီးတန်း အဖွဲ့ဝင်များကို ဧည့်ခန်းမထဲသို့ ရိုသေစွာ ခေါ်ဆောင်သွားပြီးနောက်
"ဒီမှာ ခဏလောက် စောင့်ပေးပါ မြို့စားမင်းက အရေးကြီးတဲ့ ဧည့်သည်တွေကို ဧည့်ခံနေလို့ပါခင်ဗျားတို့ ရောက်နေတဲ့အကြောင်း ကျွန်တော် သွားပြောလိုက်ပါ့မယ်"
ဟု ဆိုသည်။
"ဝိညာဉ်ဟင်းလင်းပြင်မြို့"
ဟူသော အမည်သည် ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ ဆင်းသက်လာခြင်း ဖြစ်သဖြင့် မြို့စားမင်း အိမ်တော်၏ အုပ်ချုပ်ရေးမှူးပင်လျှင် ဝိညာဉ်ဟင်းလင်းပြင် ကျင့်ကြံသူများ ရှေ့တွင် မရိုမသေ မလုပ်ရဲပေ။
သို့သော် သူ အလွန် စပ်စုနေမိသည်။ ဂိုဏ်းငယ်လေးတစ်ခု၏ ဂိုဏ်းချုပ်အဆင့် ရှိသော အကြီးအကဲ သုံးဦးစလုံးသည် ဘာကြောင့် တောင်ပေါ်မှ အတူတူ ဆင်းလာကြသနည်း ထို့အပြင် တပည့် ဒါဇင်ပေါင်းများစွာကိုလည်း အဘယ်ကြောင့် ခေါ်လာကြသနည်း
မြို့စားမင်း အိမ်တော်သို့ အရေးကြီးသော ဧည့်သည်တော်တစ်ဦး ရောက်နေသည်ကို သိသဖြင့် လာရောက် ဂါရဝပြုကြခြင်းများလား