အခန်း (၂၆၁-၂၆၂)
Vol. 27 Ch. 261-262
ဖန့်ချန်
အခန်း ၂၆၁ - ဖန့်ရှောင်ထူ
ဖန့်ချန်သည် ရှရွှမ်ကျီကို နောက်ဆုံးတွေ့ခဲ့သည်မှာ လွန်ခဲ့သော လအနည်းငယ်က ဖြစ်သည်။
ရှရွှမ်ကျီ၏ အသွင်အပြင်နှင့် အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသော်လည်း ဖန့်ချန်ကမူ တစ်ချက်ကြည့်ရုံနှင့် မှတ်မိလိုက်သည်။
ရှရွှမ်ကျီသည် မဟာအကြီးအကဲနှင့် အေးအေးဆေးဆေး စကားပြောနေပြီး ဒုတိယနှင့် တတိယအကြီးအကဲတို့က ဘေးမှ လိုက်ပါလာကြသည်။ ကျန်ရှိသော ဝိညာဉ်ဟင်းလင်းပြင် တပည့်များမှာမူ ဘေးမှ ဝန်းရံရပ်နေကြသည်။
သူက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နေပြီပဲ ဖန့်ချန်သည် ရှရွှမ်ကျီကို စိုက်ကြည့်နေမိသည်။
ဒါဆိုရင် အရင်တုန်းက နန်းတော်ထဲမှာ ငါအာရုံခံမိတဲ့ အန္တရာယ်က ဝိညာဉ်ခြင်ဆီ ဆီက လာတာမဟုတ်ဘဲ သူ့ဆီက လာတာများလား
ယခင် မဟာရှဧကရာဇ်သည် အခြေခံတည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိနေခြင်းမှာ တကယ့်ကို မမျှော်လင့်ထားသော၊ တုန်လှုပ်စရာ ကိစ္စတစ်ခုပင်။
ဖန့်ချန် မှတ်မိသလောက်ဆိုလျှင် ရှရွှမ်ကျီသည် အသက် ၄၄ နှစ်သာ ရှိသေးသည်။
ကျင့်ကြံခြင်းမှာ မလွယ်ကူပေ။
ပြည့်စုံသော အမွေအနှစ်နှင့် အထောက်အပံ့များ မရှိဘဲ သာမန်ကျင့်ကြံသူတစ်ဦးသည် အသက် ၁၀၀ ဝန်းကျင်တွင် အခြေခံတည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိလျှင်ပင် ထူးချွန်သည်ဟု သတ်မှတ်နိုင်သည်။
ဥပမာအားဖြင့် ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ အကြီးအကဲ သုံးဦးမှာ အသက်မငယ်တော့သော်လည်း အခြေခံတည်ဆောက်ခြင်း အဆင့်သို့ မရောက်နိုင်ကြသေးပေ။
သို့သော် အဓိက အချက်တစ်ချက် ရှိနေသည် ၎င်းမှာ အခြေခံတည်ဆောက် ဆေး ပင် ဖြစ်သည်။
ရှရွှမ်ကျီသည် ငယ်စဉ်ကတည်းက ကျင့်ကြံခြင်းလမ်းစဉ်သို့ ဝင်ရောက်ခဲ့သည့် လက္ခဏာများစွာ ရှိနေသည်။
သူ့ကို သင်ကြားပေးခဲ့သော ကျင့်ကြံသူမှာ အလွန် အစွမ်းထက်သူ ဖြစ်ရမည်။
ထိုသူသည် ရှရွှမ်ကျီအတွက် အခြေခံတည်ဆောက်ခြင်း ဆေးကို အလွယ်တကူ ရှာပေးနိုင်ခဲ့ပြီး အခြေခံတည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းရန် ကူညီပေးခဲ့ပုံရသည်။
"ဝိညာဉ်သွေးဂိုဏ်း ဝိညာဉ်သွေးဂိုဏ်းပဲ"
ဖန့်ချန်က ရေရွတ်လိုက်သည်။
ရှရွှမ်ကျီက ဝိညာဉ်သွေးဂိုဏ်းရဲ့ လမ်းမှားကို အပို့ခံရတာ မဟုတ်ဘူး။
သူ၏ မျက်လုံးများ အေးစက်သွားသည်။ သူက အစကတည်းက သူတို့ထဲက တစ်ယောက်ပဲ။
ယခင် မဟာရှဧကရာဇ်သည် သာမန်လူသားများ၏ သွေးများဖြင့် ကောင်းကင်ဘုံသို့ တက်လှမ်းမည့် လှေကားကို တည်ဆောက်ခဲ့သူဖြစ်သည်။
သူသည် သွေးစိုနေသော လမ်းပေါ်တွင် လျှောက်လှမ်းနေခြင်း ဖြစ်သည်။
ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းသည်လည်း ဝိညာဉ်သွေးဂိုဏ်းနှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေရမည်၊ သို့မဟုတ်လျှင် ရှရွှမ်ကျီက ထိုနေရာသို့ အကြောင်းမဲ့ ရောက်လာစရာ အကြောင်းမရှိပေ။
သူသည် ကြည်လင် ကောင်းကင် ကျောင်းတော် သို့ ရောက်ခဲ့သလို ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းနှင့်လည်း ဆက်ဆံရေး ရှိနေသည်။
ရှရွှမ်ကျီသည် ဝိညာဉ်သွေးဂိုဏ်းအတွက် အပေါင်းအဖော်သစ်များ ရှာဖွေနေခြင်း ဖြစ်နိုင်ပါသလား သူတို့သည် ထိုကျင့်ကြံသူများကို မြှူဆွယ်သိမ်းသွင်းပြီး သာမန်လူသားများ၏ သွေးများကို အသုံးပြုကာ သွေးဝိညာဉ်ဆေး ကဲ့သို့သော လျှို့ဝှက်ဆေးဝါးများ ဖော်စပ်ရန် အသုံးချနေခြင်း ဖြစ်နိုင်သည်။
အရာအားလုံးက ရုတ်တရက် အကွက်ကျသွားသည်။
ဝိညာဉ်သွေးဂိုဏ်းထဲတွင် ရှရွှမ်ကျီ ကဲ့သို့သော လူများစွာ ရှိနေမည်ဟု သူ အသေအချာ ပြောနိုင်သည်။
ထိုနည်းဖြင့် သူတို့သည် ပြင်ပအင်အားစုများကို အသုံးချကာ သူတို့၏ ရည်မှန်းချက်များ အောင်မြင်ရန် လုပ်ဆောင်ပြီး ဝိညာဉ်သွေးဂိုဏ်း၏ အဓိက အဖွဲ့ဝင်များကိုမူ အရိပ်ထဲတွင် ဖုံးကွယ်ထားကြခြင်း ဖြစ်သည်။
"ညီနောင်ရှ မနက်ဖြန်အတွက် မင်းကိုပဲ အားကိုးရတော့မယ်"
ဟု မဟာအကြီးအကဲက ဆိုသည်။
ရှရွှမ်ကျီက ခေါင်းညိမ့်သည်။
"စိတ်ချထားလိုက်ပါ"
ဖန့်ချန်သည် မဟာရှဧကရာဇ်ကို တစ်ချက်ကြည့်ပြီးနောက် သူ၏ ဝိညာဉ်အာရုံကို မမြင်နိုင်သော မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ ဝန်းအတွင်းမှ ထွက်ခွာစေပြီး တစ်မြို့လုံးကို ရှာဖွေစေလိုက်သည်။
ရှရွှမ်ကျီ ထိုနေရာတွင် ရှိနေလျှင် သူ၏ အဒေါ်ဖြစ်သူ ဖန့်ချန်းယွဲ့ လည်း ထိုမြို့ထဲတွင် ရှိနေနိုင်သည့် အခွင့်အရေး အလွန်များသည်။
နာရီပေါင်းများစွာ ကြာပြီးနောက် ဖန့်ချန်၏ ဝိညာဉ်အာရုံမှာ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်လာပြီး သူသည် မျက်လုံးများကို ဖြည်းည်းချင်း ဖွင့်လိုက်သည်။
သူ၏ မျက်လုံးများမှာ ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နှက်နေသည်။
ဖန့်ချန်းယွဲ့ ထိုနေရာတွင် မရှိပေ
ရှရွှမ်ကျီနဲ့ ဒီမှာ ဆုံရတာက တကယ့်ကို ရှားပါးတဲ့ ကံကောင်းမှုပဲ။
အကယ်၍ ငါက သူ့ကို သတိပေးမိသွားလို့ သူ ထွက်ပြေးသွားရင် နောက်တစ်ခါ သူ့ကို ဘယ်တော့ ပြန်တွေ့ရမလဲ မသိနိုင်တော့ဘူး။
ထိုသို့ တွေးမိသည်နှင့် ဖန့်ချန်သည် အခန်းထဲမှ ထွက်လာခဲ့သည်။
သူသည် ဘေးပတ်ဝန်းကျင်ရှိ ပစ္စည်းအချို့ကို ယူကာ မီးလုံးဂါထာ ဖြင့် အရည်ဖျော်ပြီး မျက်နှာဖုံးတစ်ခု ပြုလုပ်လိုက်သည်။
နောက်တစ်နေ့ နံနက်စောစောတွင် ကျင့်ကြံသူ အမြောက်အမြား ဝိညာဉ်ဟင်းလင်းပြင်တောင်ပေါ်သို့ တက်လာကြသည်။
မြို့စားမင်း အိမ်တော်၊ အဓိက မိသားစုကြီး သုံးခုနှင့် ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ အကြီးအကဲများပင် ပါဝင်သည်။
အစွမ်းထက်သော လူအုပ်ကြီးကို မြင်လိုက်ရသောအခါ လေလံဆွဲရန် ရည်ရွယ်ထားသော လေလွင့်ကျင့်ကြံသူများ၏ ယုံကြည်မှုမှာ လျော့နည်းသွားတော့သည်။
ရဲ့ မိသားစုဝင်များထဲတွင် ရဲ့ဝမ်ရှို့သည် နဂါးဖြတ်ကျော်ကျွန်းရှင် နောက်မှ တွန့်ဆုတ်စွာ လိုက်ပါလာသော စီဟန် ကို သတိပြုမိလိုက်သည်။
သူ၏ ရင်ထဲတွင် မခံမရပ်နိုင် ဖြစ်သွားသည်။
တစ်ခါတစ်ရံ သူတို့ မျက်လုံးချင်း ဆုံမိသော်လည်း စီဟန်ကမူ အကြည့်ကို အမြန်ပင် လွှဲဖယ်သွားတတ်သည်။
စီဟန် ခြိမ်းခြောက်ခံထားရတာ သေချာတယ် ရဲ့ဝမ်ရှို့၏ ရင်ထဲတွင် နာကျင်နေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိရာ လက်သည်းများပင် လက်ဖဝါးထဲ စိုက်ဝင်နေသည်။
သူ အမြဲတမ်း မြတ်နိုးခဲ့ရသော ငယ်သူငယ်ချင်း ဖြစ်ခဲ့သော မိန်းကလေးမှာ အသက်ဘယ်လောက်ရှိမှန်း မသိသည့် အဘိုးကြီးတစ်ယောက်၏ ကျင့်ကြံဖော် ဖြစ်သွားရသည်မှာ ရဲ့ဝမ်ရှို့အတွက် ဓားဖြင့် မွှန်းနေသကဲ့သို့ နာကျင်လှသည်။
တောင်ပေါ်တက်လာသူများထဲတွင် ချင်းကျိုးဓားဂိုဏ်းမှ တပည့်များမှာ အထင်ရှားဆုံး ဖြစ်ပြီး မြို့စားမင်း အိမ်တော်ထက်ပင် အရှိန်အဝါ ကြီးမားနေသည်။
အဓိက မိသားစု သုံးစုမှ ခေါင်းဆောင်များသည်လည်း လုံထျန်းရှင်း၏ နောက်မှ ရိုသေစွာ လိုက်ပါလာကြသည်။
ရုတ်တရက် လုံထျန်းရှင်းက ခြေလှမ်းကို နှေးလိုက်သည်။ ခဏအကြာတွင် သူ၏ အဖွဲ့သည် မြို့စားမင်း အိမ်တော်အဖွဲ့နှင့် ယှဉ်တွဲလျက် ဖြစ်သွားသည်။
"မတွေ့တာ ကြာပြီနော် ဂိုဏ်းချုပ်လုံ"
မြို့စားမင်းက ပြုံး၍ နှုတ်ဆက်သည်။
"မြို့စားမင်း အဲဒီဓားကျင့်ကြံသူနဲ့ ငါ့ရဲ့ ချင်းကျိုးဓားဂိုဏ်းကြားက နက်ရှိုင်းတဲ့ ရန်ငြိုးကို ခင်ဗျား သိသလား"
လုံထျန်းရှင်းက အေးအေးဆေးဆေး မေးရင်း နဂါးဖြတ်ကျော်ကျွန်းရှင်ကို တစ်ချက် ကြည့်လိုက်သည်။
သူသည် ထိုအဘိုးကြီးကို သံသယရှိသော်လည်း မမှတ်မိသဖြင့် သာမန် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဟုသာ ထင်လိုက်သည်။
မြို့စားမင်းက ခေါင်းညိမ့်သည်။
"ကျွန်တော် ကြားဖူးပါတယ်"
လုံထျန်းရှင်း၏ အကြည့်မှာ အေးစက်သွားသည်။
"ဒါဆိုရင် ခင်ဗျားက ဘာလို့ သူ့ကို လေလံပွဲအတွက် သတင်းဖြန့်ပေးနေတာလဲ"
"သူကလည်း ဓားကျင့်ကြံသူတစ်ယောက်ပဲလေ ပြီးတော့ သူ့အပေါ်မှာ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး ရန်ငြိုးလည်း မရှိပါဘူး ခင်ဗျားတို့နှစ်ယောက်ကြားက ရန်ငြိုးက ကျွန်တော်နဲ့ မဆိုင်ဘူးလေ"
ဟု မြို့စားမင်းက တည်ငြိမ်စွာ ပြန်ဖြေသည်။
လုံထျန်းရှင်း၏ မျက်နှာ အနည်းငယ် ပြေလျော့သွားသည်
"ကောင်းပြီလေ"
မြို့စားမင်းက ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောလိုက်သဖြင့် လုံထျန်းရှင်း၏ နောက်ဆုံး စိုးရိမ်ပူပန်မှုမှာလည်း ပျောက်ကွယ်သွားသည်။
ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ တပည့်များမှာ ထိုအုပ်စု နှစ်စု၏ နောက်တွင် ရှိနေကြသည်။
လုံထျန်းရှင်းနှင့် မြို့စားမင်း စကားပြောနေသည်ကို မြင်သောအခါ မဟာအကြီးအကဲသည် ရှရွှမ်ကျီကို မသိမသာ လှမ်းကြည့်လိုက်သည်။
"တကယ်လို့ တခြားတစ်ယောက်ယောက်က ခင်ဗျားတို့ရဲ့ ပြဿနာကို ရှင်းပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ အကယ်၍ သူတို့ မလုပ်နိုင်ရင်တော့ ငါ လှုပ်ရှားပါ့မယ်"
ဟု ရှရွှမ်ကျီက ခပ်ပါးပါး ပြုံးရင်း ဆိုသည်။
မဟာအကြီးအကဲက သွားကြိတ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"တကယ်လို့ တခြားလူတွေက ငါတို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ပြန်မဆယ်ပေးနိုင်ရင် ညီနောင်ရှ ကိုပဲ အားကိုးရပါတော့မယ်"
ရှရွှမ်ကျီ ခေါင်းညိမ့်သည်။
"စိတ်ချပါ လိုအပ်ရင် ငါ ခင်ဗျားတို့ဘက်က ရပ်တည်ပေးပါ့မယ်"
မဟာအကြီးအကဲမှာ ချက်ချင်းပင် စိတ်သက်သာရာ ရသွားသည်။
မကြာမီ အားလုံးမှာ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်း၏ အဝင်ဝသို့ ရောက်ရှိလာကြသည်။
တံခါးဝတွင် မျက်နှာဖုံး စွပ်ထားသော လူတစ်ဦး ရပ်နေသည်ကို သူတို့ မြင်လိုက်ရသည်။
"ဒီလူက ကြောက်နေပုံရတယ်"
ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ တပည့်တစ်ဦးက လှောင်ပြောင်သလို မှတ်ချက်ပေးသည်။
အရင်က အလွန် မောက်မာခဲ့သူတစ်ဦးမှာ ယခုမူ ကြောက်လန့်တကြား မျက်နှာဖုံး စွပ်ထားသည်ဟု သူတို့က ထင်နေကြသည်။
"ခင်ဗျားကပဲ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းကို သိမ်းပိုက်လိုက်တဲ့ ဓားကျင့်ကြံသူလား ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ"
မြို့စားမင်းက ကျယ်လောင်စွာ မေးလိုက်သည်။
လူအုပ်ကြီးမှာ ဖန့်ချန်ကို အကဲခတ်နေကြသည်။ အထူးသဖြင့် မိသားစုကြီး သုံးခုမှ ခေါင်းဆောင်များ ဖြစ်သည်။
ဖန့်ချန်သည် ချင်းကျိုးဓားဂိုဏ်းမှ မဟာအကြီးအကဲ ယောင်တန်းကို သတ်ခဲ့သူဖြစ်ကြောင်း လုံထျန်းရှင်းထံမှ သူတို့ သိထားသဖြင့် အလွန်ပင် ထိတ်လန့်နေကြသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးပင် ထိုသို့ ကျရှုံးခဲ့လျှင် ချီသန့်စင်ခြင်း အဆင့် ၁၂ ရှိသော သူတို့မှာ ဖန့်ချန်အတွက် ပုရွက်ဆိတ်များသဖွယ် ဖြစ်မနေပေဘူးလား
"ညီနောင်ရှ အဲဒါ သူပဲ"
မဟာအကြီးအကဲက တိုးတိုးလေး ပြောသည်။
"ဒါပေမဲ့ သူ ဒီနေ့ မျက်နှာဖုံး စွပ်ထားတယ် အမှတ်မိခံရမှာ ကြောက်လို့ ထင်တယ်"
ဖန့်ချန်ကို တစ်ချက်ကြည့်ကာ ရှရွှမ်ကျီက ခပ်အေးအေး ခေါင်းညိမ့်သည်။
"ဒါက အရေးမကြီးပါဘူး သူ မျက်နှာဖုံး စွပ်ထားတာ မစွပ်ထားတာက ဘာမှ မထူးခြားပါဘူး ရလဒ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး"
ရှရွှမ်ကျီ၏ ယုံကြည်မှုကို မြင်ရသောအခါ မဟာအကြီးအကဲနှင့် အဖွဲ့မှာ ပို၍ စိတ်ချသွားကြသည်။
"ဒါဆို သတင်းတွေက အမှန်ပဲပေါ့ သူက တကယ်ပဲ ဓားကျင့်ကြံသူပဲ"
"ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းကို သူ အလွယ်တကူ သိမ်းနိုင်တာ မဆန်းပါဘူး ဂိုဏ်းချုပ်လည်း သေသွားပြီလား ဒါမှမဟုတ် ဒဏ်ရာအပြင်းအထန်နဲ့ ထွက်ပြေးသွားတာလား မသိဘူး"
"ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှာ ဝိညာဉ်လယ်ကွင်းနဲ့ ဝိညာဉ်စမ်းရေတွင်း ရှိတယ်လို့ ကြားတယ်လေလံဈေးက အနိမ့်ဆုံး ဝိညာဉ်ကျောက်တုံး နှစ်ထောင်လောက်အထိ တက်သွားမယ် ထင်တယ် ငါတို့များ ဝယ်ခွင့်ရပါ့မလား"
ကျင့်ကြံသူများမှာ တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
လူအပေါင်း၏ စောင့်ကြည့်မှုအောက်တွင် ဖန့်ချန်သည် မြို့စားမင်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"ကျုပ် နာမည်က ဖန့်ရှောင်ထူ ပါ နှုတ်ခွန်းဆက်ပါတယ် ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်း"
အခန်း ၂၆၂ - တစ်ကွက်တည်းဆို လုံလောက်ပြီ
"ဖန့်ရှောင်ထူး"
ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်းက ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်သည်။
သူသည် ဖန့်ချန်ကို အကဲခတ်ရင်း ခပ်ပါးပါး ပြုံးကာ
"ဒီနေ့ ကျင့်ကြံသူ ရာပေါင်းများစွာ ဒီကို ရောက်နေကြတာက ခင်ဗျားဆီက ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်း နေရာကို ဝယ်ဖို့ မျှော်လင့်ချက်နဲ့ လာကြတာပါလေလံပွဲကို ဘယ်လိုပုံစံနဲ့ ကျင်းပဖို့ စိတ်ကူးထားလဲ"
သူ စကားပြောနေစဉ်တွင် နဂါးဖြတ်ကျော်ကျွန်းရှင်သည် ဖန့်ချန်ကို တစ်ချိန်လုံး အကဲခတ်နေခဲ့သည်။
သူ၏ မျက်လုံးထဲတွင် လှောင်ပြုံးအရိပ်အယောင်များ ခဏခဏ ဖြတ်ပြေးနေတတ်သည်။
သူ၏ အမြင်တွင် ဖန့်ချန်သည် သူ၏ မည်သူမည်ဝါဖြစ်ကြောင်း မသိနိုင်သော်လည်း သူကမူ ဖန့်ချန်၏ မည်သူမည်ဝါဖြစ်ကြောင်းကို မျက်နှာဖုံးစွပ်ထားသော်လည်း အသေအချာ သိနေပြီဖြစ်သည်။
ဓားကျင့်ကြံသူဟူသည် အလွန်ရှားပါးပြီး မီးတောက်အင်ပါယာတွင် တစ်ချိန်တည်းမှာ ဓားကျင့်ကြံသူ နှစ်ယောက် ပေါ်လာဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
ဖန့်ချန်သည် သူရှာနေသောသူ အမှန်ပင် သူသည် ဂိုဏ်းချုပ်ငယ်နှင့် အစိမ်းရောင်တောင် ကျွန်းသခင်ကို သတ်ခဲ့သည့် ဓားကျင့်ကြံသူပင် ဖြစ်သည်။
နဂါးဖြတ်ကျော်ကျွန်းရှင်သည် ချက်ချင်း လှုပ်ရှားရန် မလောပေ။
ယင်းအစား သူသည် ဖန့်ချန်၏ အစွမ်းကို အေးအေးဆေးဆေး အကဲခတ်နေသည်။
ချင်းကျိုးဓားဂိုဏ်းမှ လုံထျန်းရှင်းသည် တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ရောက်နေခြင်းဖြစ်ပြီး သူသည် တိုက်ပွဲကို အစပျိုးပေးလိမ့်မည်ဟု ကျွန်းရှင်က သိထားသည်။
အခြေအနေက ထိုသို့ဖြစ်နေသဖြင့် ဤဓားကျင့်ကြံသူ၏ အစွမ်းကို စမ်းသပ်ရန် လုံထျန်းရှင်းကို အသုံးချရန် သူ စိတ်မရှိပေ။
"အခြေခံ လေလံဈေးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀ ပါ တစ်ကြိမ် တိုးရင် အနည်းဆုံး တစ်ရာထက် မနည်းရပါဘူး အမြင့်ဆုံးဈေး ကန့်သတ်ချက် မရှိပါဘူး"
ဟု ဖန့်ချန်က ခပ်ပါးပါး ပြုံးရင်း ဆိုသည်။
"ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှာ ဝိညာဉ်လယ်ကွင်း ဧကဝက်နဲ့ ဝိညာဉ်စမ်းရေတွင်း ရှိပါတယ် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာကို ထောက်ပံ့ပေးဖို့ လုံလောက်ပါတယ် စိတ်ပါဝင်စားသူတွေ လေလံစဆွဲနိုင်ပါပြီ"
မည်သူမျှ စကားမပြောကြဘဲ အားလုံးက လုံထျန်းရှင်းကို တိတ်ဆိတ်စွာ ကြည့်နေကြသဖြင့် လေထုမှာ အနည်းငယ် အနေရခက်နေသည်။
"ကြည့်ရတာ ချင်းကျိုးဓားဂိုဏ်းရဲ့ မဟာအကြီးအကဲ အသတ်ခံရတဲ့ ကိစ္စကို လူတိုင်း ကြားထားကြပုံရတယ်"
လုံထျန်းရှင်းက လူအုပ်ကြီးကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။
မည်သူမျှ စကားမပြောသေးပေ
"ဒီနေ့မှာတော့ ဒီဓားကျင့်ကြံသူဟာ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းကို လေလံတင်ဖို့ အရည်အချင်း ပြည့် မပြည့်ဆိုတာ မဆုံးဖြတ်ခင် ငါ လုံထျန်းရှင်းနဲ့ ဖြစ်နေတဲ့ ကိစ္စကို အရင် ဖြေရှင်းရလိမ့်မယ်"
လုံထျန်းရှင်း၏ မျက်လုံးများက ဖန့်ချန်ထံသို့ ဖြည်းညှင်းစွာ ရောက်ရှိသွားသည်။
"ယောင်တန်းကို သတ်ခဲ့တာ မင်းလား"
ဖန့်ချန်က ပြုံးလိုက်သည်။
"ခင်ဗျားက သူ့အတွက် ကလဲ့စားလာချေတာလား"
"ဟမ် သူက လုံးဝ ကြောက်ပုံမရဘူးပဲ"
"သူက တော်တော် ယုံကြည်မှု ရှိနေတာပဲ ကြည့်ရတာ ဒီကိစ္စက အလွယ်တကူ ပြေလည်မှာ မဟုတ်ဘူး"
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ တစ်ယောက်ပြီးတစ်ယောက် မျက်မှောင်ကြုတ်လိုက်ကြသည်။
ချင်းကျိုးဓားဂိုဏ်းချုပ် လုံထျန်းရှင်းသည် အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်ပိုင်းတွင် ရှိသည်ကို ထိုဓားသမားက သိနေမှာ သေချာသည်။
သို့သော် သူ ဤမျှ တည်ငြိမ်နေခြင်းမှာ သူ၌ အားကိုးစရာ တစ်ခုခု ရှိနေသောကြောင့်သာ ဖြစ်ရမည်။
လုံထျန်းရှင်း၏ အကြည့်မှာ အေးစက်သွားသည်။
"ယောင်တန်းက ငါ့ဂိုဏ်းရဲ့ မဟာအကြီးအကဲ တစ်ယောက်ပဲ အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ရှိတဲ့သူတစ်ယောက်ပေါ့ သဘာဝအတိုင်းပဲ ငါကတော့ သူ့ကို အကြောင်းပြချက် မရှိဘဲ အသေမခံနိုင်ဘူး"
ချင်းကျိုးဓားဂိုဏ်းမှ တပည့်များမှာ ဖန့်ချန်ကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။
"မင်းက ဓားကျင့်ကြံသူ တစ်ယောက်လို့ ငါကြားတယ် ဓားကျင့်ကြံသူတွေဆိုတာ ဓားကိုပဲ စွဲလမ်းရူးသွပ်နေတဲ့ လူတွေလို့ ပြောကြတယ်"
"ပြီးတော့ ဓားကျင့်ကြံသူတွေဟာ တိုက်ခိုက်ရေးစွမ်းအားမှာ အထွတ်အထိပ် ရောက်နေကြတယ်လို့လည်း ဆိုကြတယ် သူတို့ဟာ ကျင့်ကြံခြင်းလောကမှာ ဘာအတားအဆီးမှ မရှိဘဲ မောက်မာဝင့်ကြွားစွာ သွားလာနေကြတယ်ပေါ့ ဒီသတင်းတွေထဲက ဘယ်လောက်အထိ မှန်ကန်သလဲဆိုတာ ငါ သိချင်တယ်"
လုံထျန်းရှင်း ခေတ္တရပ်ပြီးမှ ဆက်ပြောသည်။
"မင်းရဲ့ ဓားပညာကို ငါ့ကို ပြပါဦ တကယ်လို့ မင်းက ငါ့ကို ဆယ်ကွက်အတွင်း ဒဏ်ရာရအောင် လုပ်နိုင်ရင် မဟာအကြီးအကဲ ယောင်ရဲ့ ကိစ္စကို ငါ လွှတ်ပေးမယ်"
သူက ဖန့်ချန်ကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် ပြင်းထန်သော အရောင်အဝါများ လက်ခနဲ ဖြစ်သွားသည်။
"ဒါမှမဟုတ်ရင်တော့ မင်းက ဓားကျင့်ကြံသူ မဟုတ်ဘူးဆိုတာ သက်သေပြတာပဲ အဲဒီကျရင်တော့ မင်းကို ငါကိုယ်တိုင် သတ်ပစ်မယ်"
ချက်ချင်းပင် မြင့်မားသော တောင်ကြီးတစ်လုံးကဲ့သို့ လွှမ်းမိုးထားသော အရှိန်အဝါတစ်ခု သူ၏ထံမှ ထွက်ပေါ်လာပြီး လူတိုင်းကို အသက်ရှူရ ခက်ခဲသွားစေသည်။
အကယ်၍ ထိုဓားကျင့်ကြံသူသည် လုံထျန်းရှင်းကို ဒဏ်ရာရအောင် မလုပ်နိုင်ပါက သူ သေရမည်ဖြစ်ကြောင်း လူတိုင်း နားလည်လိုက်ကြသည်။
ရုတ်တရက် ရှရွှမ်ကျီက စကားပြောလာသည်။
"ညီနောင်လုံ ဒီလူကို ငါ့လက်ထဲပဲ လွှဲပေးပါလား"
လူအုပ်ကြီးမှာ အနည်းငယ် အံ့အားသင့်သွားပြီး အသံထွက်လာရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
"ဒါက ဘယ်သူလဲ"
"သူက ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းရဲ့ အကြီးအကဲတွေနဲ့ အတူရှိနေတာပဲ သူတို့ ကူညီဖို့ ဖိတ်ထားတဲ့သူ ဖြစ်ရမယ်"
"ဒါက နောက်ထပ် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ"
လူအုပ်ကြီးကြားတွင် တိုးတိုးတိတ်တိတ် ပြောဆိုသံများ ထွက်ပေါ်လာသည်။
ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်းသည် ရှရွှမ်ကျီကို အကြိမ်အနည်းငယ် ပိုကြည့်လိုက်မိသည်။
ရှရွှမ်ကျီ၏ အဆင့်ကို သူ ကောင်းကောင်း မမြင်နိုင်သောအခါ သူ၏ မျက်နှာမှာ တည်ကြည်သွားသည်။
လုံထျန်းရှင်းက မျက်မှောင်အနည်းငယ် ကြုတ်ကာ
"မင်းက ဘယ်သူလဲ"
ဟု မေးလိုက်သည်။
သူ မေးသော်လည်း အဖြေကို အမှန်တကယ် သိလို၍ မဟုတ်ပေ။
ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ အကြီးအကဲများ ရှရွှမ်ကျီ၏ ဘေးတွင် ဝိုင်းရံနေသည်ကို မြင်ရုံနှင့် သူ ကိုယ်တိုင်ပင် ကောက်ချက်ချနိုင်ခဲ့သည်။
"ငါ့မျိုးရိုးက ရှ ပါ ဒီနေ့ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းအတွက် တရားမျှတမှု ရှာပေးဖို့ လာတာပါ"
ရှရွှမ်ကျီက ခပ်ပါးပါး ပြုံးသည်။
"ညီနောင်လုံအနေနဲ့ ဒီတရားမျှတမှု ဖော်ဆောင်ပေးမယ့် အခွင့်အရေးကို ငါ့ကိုပဲ ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
အကြီးအကဲများမှာ အံ့အားသင့်သွားကြသည်။
ချင်းကျိုးဓားဂိုဏ်းက အရာအားလုံးကို ရှင်းပေးလိမ့်မည်ဟု သူတို့ ထင်ထားခဲ့သော်လည်း မျှော်လင့်မထားဘဲ ရှရွှမ်ကျီက ဝင်ရောက်စွက်ဖက်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
သို့သော် ထိုအရာက ပို၍ ကောင်းပါသည်။
ရှရွှမ်ကျီအနေဖြင့် ရာနှင့်ချီသော ကျင့်ကြံသူများရှေ့တွင် သူ၏ စွမ်းရည်ကို အနည်းငယ် ပြသနိုင်ပါက ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်း၏ ဆုံးရှုံးသွားသော ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်နိုင်ရုံသာမက သူတို့၏ ကျော်ကြားမှုကိုပါ ပိုမို မြှင့်တင်နိုင်မည် ဖြစ်သည်။
"မင်းကို ပေးရမယ် ဟုတ်လား"
ရှရွှမ်ကျီကို ကြည့်ရင်း လုံထျန်းရှင်း၏ မျက်လုံးများ မှေးကျသွားသည်။
"အဲဒါတော့ မဖြစ်နိုင်ဘူးထင်တယ် မိတ်ဆွေရှ သူက ငါ့ရဲ့ ချင်းကျိုးဓားဂိုဏ်းက မဟာအကြီးအကဲကို သတ်ခဲ့တာလေ ငါကိုယ်တိုင်ပဲ ဖြေရှင်းရမယ်"
"ဂိုဏ်းချုပ်လုံ ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ်က သူ့လက်ထဲမှာ ဒဏ်ရာရခဲ့တာပါ သူမ အခုထိ အသက်ရှင်သေးလားတောင် ကျွန်တော်တို့ မသိရသေးဘူး"
"ခင်ဗျားတို့ဂိုဏ်းက မဟာအကြီးအကဲ ယောင်ကြောင့်ပဲ ကျွန်တော်တို့ ဂိုဏ်းချုပ်က ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့ပြီး ကျွန်တော်တို့ ဂိုဏ်းနေရာလည်း သိမ်းပိုက်ခံခဲ့ရတာ "
"အညှိုးအတေးတွေအကြောင်း ပြောမယ်ဆိုရင် ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းနဲ့ သူ့ကြားက ရန်ငြိုးက ခင်ဗျားတို့ ချင်းကျိုးဓားဂိုဏ်းထက် မလျော့ပါဘူး"
ဟု ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ မဟာအကြီးအကဲက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ပတ်ဝန်းကျင်ရှိ လူအများမှာ အံ့အားသင့်သွားကြသည်။
ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ အကြီးအကဲက လုံထျန်းရှင်းကို ထိုမျှ ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ရဲသည်လား သူတို့ နှစ်ဦးကြားရှိ အဆင့်ကွာခြားချက်မှာ အဆင့်တစ်ခုထက်မက ကွာခြားနေသည်။
လူအုပ်ကြီး၏ အမူအရာများ ရုတ်တရက် ပြောင်းလဲသွားသည်။
ဤအရာက မျိုးရိုး ရှ ဟု အမည်ရသော ထို ကျင့်ကြံသူကြောင့် ဖြစ်နိုင်ပါသလား
လုံထျန်းရှင်းသည်လည်း တစ်စုံတစ်ခုကို သတိပြုမိပုံရသည်။
သူသည် မဟာအကြီးအကဲကို တစ်ချက်ကြည့်လိုက်သော်လည်း သူ့ကို အရေးမစိုက်ပေ။
သူ၏ အကြည့်ကို ရရွှမ်ကျီထံသို့ ပြန်လည် ရောက်ရှိစေသည်။
"ညီနောင်ရှာ မင်းက ဒီလောက် လူတွေအများကြီးရှေ့မှာ ငါတို့ထဲက တစ်ယောက်ယောက်ကို အလျှော့ပေးခိုင်းဖို့ ကြံနေတာလား"
"မလိုပါဘူး"
ရှရွှမ်ကျီ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး သူက ခပ်ပါးပါး ပြုံးလိုက်သည်။
"မင်းရဲ့ ကိုယ်ပိုင်ရန်ငြိုးကို ဖြေရှင်းဖို့ ဒီလောက်တောင် စိတ်အားထက်သန်နေမှတော့ မိတ်ဆွေ ငါ မင်းကို ဒီအခွင့်အရေး ပေးလိုက်ပါ့မယ် ဒါပေမဲ့ ငါ တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောထားမယ်၊ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်း နေရာကို လေလံတင်မှာ မဟုတ်ဘူး ဒါကို သူ့ရဲ့ တရားဝင် ပိုင်ရှင်တွေဆီပဲ ပြန်ပေးရမယ်"
ကျင့်ကြံသူ အများအပြားမှာ ချက်ချင်းပင် ဒေါသထွက်လာပြီး တိုးတိုးလေး ညည်းညူလာကြသည်။
သူတို့သည် ဝေးလံသော အရပ်ဒေသများမှ လေလံပွဲ တက်ရောက်ရန် လာခဲ့ကြခြင်း ဖြစ်သည်။
သူတို့ အချိန်ပေး အားစိုက်ခဲ့သမျှ အရာအားလုံးက အလဟဿ ဖြစ်သွားတော့မှာလား ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းကို သူ့ရဲ့ ပိုင်ရှင်တွေ ဆီ ပြန်ပေးဖို့အတွက်ပဲ သူတို့က ဒီအထိ လာခဲ့ရတာလား
လုံထျန်းရှင်းက ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်သည်။
"အဲဒါ ငါ့အတွက် အဆင်ပြေပါတယ်"
"ပြီးသွားပြီ ငါတို့ ဒီခရီးကို အလဟဿ လာခဲ့ရတာပဲ"
"အဲဒီလိုလည်း မဟုတ်ပါဘူး ဓားကျင့်ကြံသူတွေရဲ့ အမွေအနှစ်ကို ကိုယ်တိုင်ကိုယ်ကျ မြင်ရဖို့ဆိုတာ တော်တော် ရှားပါတယ် ဒါက ဓားကျင့်ကြံသူတွေရဲ့ စွမ်းရည် ဘယ်လောက်အထိ ရှိသလဲဆိုတာကို ငါတို့ အမြင်ကျယ်အောင် ကြည့်ဖို့ ရှားပါးတဲ့ အခွင့်အရေးပဲ"
"အင်း... အဲဒါတော့ မှန်တယ်"
ပတ်ဝန်းကျင်တွင် တိုးတိုးတိတ်တိတ် ပြောဆိုသံများ ပြည့်နှက်သွားသည်။
လုံထျန်းရှင်းသည် ဖန့်ချန်ဘက်သို့ လှည့်လိုက်သည်။
"ငါ့ရဲ့ အဆိုပြုချက်ကို မင်း ဘယ်လို ထင်သလဲ"
လူအုပ်ထဲတွင် ဖုံးကွယ်နေသော သီလရှင် ချင်းဟယ်မှာ စိုးရိမ်တကြီး ဖြစ်နေသည်။ သခင်လေးဖန့်တော့ ဒုက္ခရောက်တော့မှာပဲ
ဖန့်ချန်က ချက်ချင်း အဖြေမပေးဘဲ ခဏအကြာမှ ပြောလိုက်သည်။
"ဆယ်ကွက်ဆိုတာ များလွန်းပါတယ် တစ်ကွက်တည်းဆို လုံလောက်ပြီ"
တစ်ကွက်တည်း ဟုတ်လား
လူတိုင်းမှာ မှင်တက်သွားကြသည်။
ဒါက ဖြစ်နိုင်လို့လား အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်လတ် ပညာရှင်တစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ဖို့ တစ်ကွက်တည်းနဲ့ လုံလောက်တယ် ဟုတ်လား
ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်းသည် ပထမတွင် အံ့အားသင့်သွားသော်လည်း ခဏအကြာတွင် သူ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာသည်။
"ဒါမှ တကယ့် ဓားကျင့်ကြံသူပဲ"
နဂါးဖြတ်ကျော်ကျွန်းရှင်၏ မျက်လုံးထဲတွင်မူ လှောင်ပြောင်သော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။
"ဓားကျင့်ကြံသူတွေကတော့ တကယ်ကို မောက်မာကြတာပဲ"
"ဒီကောင်က လုံထျန်းရှင်းကို ရန်စနေတာပဲ"
ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ ကျင့်ကြံသူများမှာ တိတ်တဆိတ် ဝမ်းသာနေကြသည်။ လုံထျန်းရှင်း ပိုစိတ်တိုလေ၊ တစ်ဖက်လူ ပိုပြီး ဒုက္ခရောက်လေ ဖြစ်လိမ့်မည်
ငါသာ... ငါသာ သူ့လောက် အစွမ်းထက်မယ်ဆိုရင် ရဲ့မိသားစုမှ မျိုးဆက်များထဲတွင် ရဲ့ဝမ်ရှို့သည် ဖန့်ချန်ကို ကြောင်ကြည့်နေမိပြီး သူ၏ ရင်ထဲတွင် ခါးသီးမှုကို ခံစားနေရသည်။