အခန်း (၂၆၇-၂၆၈)
Vol. 27 Ch. 267-268
အခန်း ၂၆၇ - ဦးရေပြားများ ထုံကျင်သွားခြင်း
"တော်တော်လေး မြန်တာပဲ"
ဖန့်ချန်က အားရကျေနပ်စွာ ပြောလိုက်သည်။ သူ မနေ့ကမှ မှာကြားခဲ့ခြင်းဖြစ်သော်လည်း ယနေ့ညနေ မစောင်းမီမှာပင် ဝိညာဉ်သတ္တုပစ္စည်းများ ရောက်ရှိလာခဲ့သည်။
ဖန့်ချန်သည် ထိုင်နေရာမှထကာ အခန်းထဲမှထွက်ပြီး သီလရှင် ချင်းဟယ်နှင့်အတူ ရဲ့မိသားစု၏ ဘဏ္ဍာတိုက်သို့ သွားရောက်ခဲ့သည်။
ထိုနေရာတွင် ဝိညာဉ်သတ္တုပစ္စည်းများ အပြည့်တင်ဆောင်လာသည့် လှည်းတန်းကြီးများကို တွေ့လိုက်ရသည်။
အချို့သော ပစ္စည်းများမှာ မသန့်စင်ရသေးသော သတ္တုရိုင်းများဖြစ်သဖြင့် အရွယ်အစား အလွန်ကြီးမားပြီး သိုလှောင်လက်စွပ်ထဲသို့ ထည့်၍မရပေ။
ရဲ့မိသားစုခေါင်းဆောင်သည် ရွှီမိသားစုနှင့် ကျိုးမိသားစုခေါင်းဆောင်များနှင့်အတူ ပစ္စည်းများ ရောက်လာသည်ကို စောင့်ကြည့်နေကြသည်။
သူသည် ပစ္စည်းများ အသွင်းခံနေရသည်ကို ကြည့်ရင်း သူ၏လက်စွပ်ထဲမှ သန့်စင်ပြီးသား ဝိညာဉ်သတ္တုအချို့ကို ထုတ်ယူလိုက်သည်။
မိသားစုခေါင်းဆောင် သုံးဦးစလုံးသည် ဖန့်ချန် ရောက်လာသည်ကို မြင်သောအခါ လှမ်း၍ နှုတ်ဆက်ကြသည်။
"စီနီယာ ဝိညာဉ်ပစ္စည်းတွေ အကုန်ရောက်ပါပြီ၊ တော်တော်လေးလည်း များတယ်ဗျ"
ဟု ရဲ့မိသားစုခေါင်းဆောင်က ဆိုသည်။
ဖန့်ချန် ပြုံးလိုက်သည်။
"ကောင်းပြီ"
ထိုစဉ်မှာပင် ဝတ်ရုံနက်ဝတ်ထားသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦးသည် ဘဏ္ဍာတိုက်ထဲမှ ထွက်လာပြီး သူတို့ထံ ချဉ်းကပ်လာသည်။
"အထဲမှာ အကုန်ရှိတယ် ကျန်တဲ့ ဝိညာဉ်ကျောက်တုံးတွေကို ဘယ်တော့ ပေးမှာလဲ"
ထိုလူက ခံစားချက်မပါသော အသံဖြင့် မေးလိုက်သည်။ သူသည် ထိုနေရာသို့ ရောက်နေရသည်ကို သိပ်ကျေနပ်ပုံမရပေ။
ရဲ့မိသားစုခေါင်းဆောင်သည် ဖန့်ချန်ကို အမြန်လှည့်ကြည့်လိုက်သည်။
ရဲ့မိသားစုခေါင်းဆောင်က ဖန့်ချန်ကို လှည့်ကြည့်သည်ကို မြင်သောအခါ ထိုလူ၏ မျက်လုံးထဲတွင် အံ့သြမှုများ ဖြတ်ပြေးသွားသည်။
သူသည် ဖန့်ချန်၏ ကျင့်ကြံမှုကို စမ်းသပ်ရန် ကြိုးစားသော်လည်း လုံးဝ ထိုးဖောက်မမြင်နိုင်ပေ။
သို့သော် ကျင့်ကြံမှုကို ဖုံးကွယ်ထားနိုင်သည့် ရတနာတစ်ခုခု ဆောင်ထားခြင်းမှာ သိပ်မထူးဆန်းသဖြင့် သူ သိပ်ဂရုမစိုက်ပေ။
"ဒီဝိညာဉ်ပစ္စည်းတွေကို မှာတဲ့သူက မင်းလား"
"ခင်ဗျားကို ဘယ်လောက် ပေးဖို့ကျန်သေးလဲ"
ဖန့်ချန်က မေးလိုက်သည်။
"မင်း အရင်က စရန်ငွေ ၄၀၀၀ ပေးထားတယ်ဝိညာဉ်ပစ္စည်းတွေရဲ့ စုစုပေါင်းတန်ဖိုးက ၁၂၇၆၃ ကျောက်တုံး ကျတယ် ဒါကြောင့် ၈၇၆၃ ကျောက်တုံး ပေးဖို့ ကျန်ဦးမယ်"
ဟု ထိုလူက ပေါ့ပေါ့ပါးပါး ဖြေသည်။
"ကျောက်တုံး ၈၀၀၀ လို့ သဘောတူထားတာ မဟုတ်လား မာစတာလင်း ဘယ်လိုဖြစ်လို့ ၁၂၀၀၀ ကျော် ဖြစ်သွားရတာလဲ"
ရွှီမိသားစုခေါင်းဆောင်က အံ့သြတကြား မေးလိုက်သည်။
ထိုလူလတ်ပိုင်းအမျိုးသားသည် သူတို့ ပစ္စည်းများကို အသည်းအသန် လိုချင်နေသည်ကို သိသဖြင့် ဈေးတင်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
"ဘာပြောလိုက်တယ်"
ထိုလူက ရွှီမိသားစုခေါင်းဆောင်ကို စိုက်ကြည့်လိုက်သည်။
"၈၀၀၀ ပဲလို့ ဘယ်သူပြောလဲ ငါ့ရဲ့ သယ်ယူပို့ဆောင်ခကော ဘယ်သူပေးမှာလဲ ငါ ဒီအထိ အဝေးကြီး လာခဲ့ရတာ မင်းက ချီသန့်စင်ခြင်း အဆင့် ၁၂ တောင် ရောက်နေပြီ၊ ဒီလောက်လေးတောင် နားမလည်ဘူးလား"
ရွှီမိသားစုခေါင်းဆောင်၏ မျက်နှာပေါ်ရှိ အပြုံးမှာ ခဲသွားတော့သည်။
သူသည် ဖန့်ချန်နှင့် အခြားမိသားစုခေါင်းဆောင်များ ရှေ့တွင်သာမက ဘေးပတ်လည်ရှိ ရဲ့မိသားစု ကျင့်ကြံသူများရှေ့တွင်ပါ အကြီးအကျယ် အရှက်ရသွားခဲ့သည်။
ဖန့်ချန် မျက်မှောင်ကြုတ်လိုက်သည်။
"ခင်ဗျား အမြတ်လိုချင်တာကို ကျုပ်တော် နားလည်ပါတယ် ဒါပေမဲ့ စီးပွားရေးလုပ်တဲ့အခါ နည်းနည်းလောက် ယဉ်ယဉ်ကျေးကျေး မရှိနိုင်ဘူးလား"
ထိုလူက ဖန့်ချန်ကို အေးစက်စွာ လှည့်ကြည့်သည်။
"အမြတ်ရအောင် လုပ်ရမှာပေါ့ ဒါပေမဲ့ ငါက မင်းတို့လိုလူတွေကို ဘာလို့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေရမှာလဲ"
ရဲ့မိသားစုခေါင်းဆောင်က အခြေအနေကို ထိန်းရန် အမြန်ဝင်ပြောသည်။
"လူကြီးမင်းတို့ စိတ်မဆိုးကြပါနဲ့ စိတ်လျှော့ကြပါဦး..."
သူက ဖန့်ချန်ကို ကြည့်ကာ
"စီနီယာ သူက မာစတာလင်းပါ ကောင်းကင်ရတနာခန်းမ က အုပ်ချုပ်ရေးမှူး တစ်ယောက်ပါ သူကလည်း အဆင့် ၁၂ မှာပဲ ရှိပါသေးတယ် ကောင်းကင်ရတနာခန်းမဆိုတာက အဆင့် ၄ အင်ပါယာက လာတာဖြစ်ပြီး သူတို့ရဲ့ စီးပွားရေးက အဆင့် ၅ နဲ့ အဆင့် ၆ အင်ပါယာတွေအထိ ပျံ့နှက်နေတာ ဒါကြောင့် မာစတာလင်းက အမူအရာ နည်းနည်း..."
ထိုလူသည် ဖန့်ချန်၏ တုံ့ပြန်မှုကို သိချင်သကဲ့သို့ စိုက်ကြည့်နေသည်။
မထင်မှတ်ဘဲ ဖန့်ချန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။
"၁၂၀၀၀ ဆိုလည်း ၁၂၀၀၀ ပေါ့"
"၁၂၀၀၀ က အရင်ဈေး အခုက ၂၀၀၀၀ ဖြစ်သွားပြီ"
ဟု ထိုလူက လှောင်ပြုံးဖြင့် ဆိုသည်။
သူ၏ မျက်လုံးများတွင် လောဘရိပ်များ ပိုမို ထင်ဟပ်လာသည်။ သူသည် အခြေအနေကို စမ်းသပ်ကြည့်ရာ ဖန့်ချန်က အလွယ်တကူ သဘောတူသဖြင့် ဈေးကို ထပ်တင်လိုက်ခြင်း ဖြစ်သည်။
သူသည် အဆင့် ၄ အင်ပါယာမှ ထိုအထိ လာရသည်မှာ အလွန်ပင်ပန်းလှသဖြင့် သူ့အတွက် အပိုငွေ အမြောက်အမြား ရှာရန် ဆုံးဖြတ်လိုက်သည်။
"၂၀၀၀၀ တဲ့..."
မိသားစုခေါင်းဆောင်များ၏ မျက်နှာ ပျက်သွားသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဖန့်ချန်ဘက်သို့ လှည့်ကြည့်ကြသည်။ ဖန့်ချန်သာလျှင် ဆုံးဖြတ်ချက် ချနိုင်သူ ဖြစ်သည်။
ဖန့်ချန် ခေါင်းကို အနည်းငယ် ခါလိုက်သည်။
"လုံးဝ မဖြစ်နိုင်ဘူး"
"မင်း မပေးဘူးပေါ့ ရတယ် ဒါဆိုရင် မင်းပေးထားတဲ့ စရန်ငွေကိုလည်း ပြန်မပေးဘူး"
ဝတ်ရုံနက်နှင့်လူက အားရပါးရ ရယ်မောလိုက်ပြီး သူ၏ တပည့်များကို အော်ပြောလိုက်သည်။
"ဝိညာဉ်ပစ္စည်းတွေ အကုန်ပြန်ယူခဲ့ငါတို့ သွားမယ်"
"ဟုတ်ကဲ့ပါ"
ဘဏ္ဍာတိုက်ထဲသို့ ဝိညာဉ်ပစ္စည်းများ သယ်ယူနေသည့် ကျင့်ကြံသူများသည် စနစ်တကျပင် အထဲသို့ ပြန်ဝင်ကာ ပစ္စည်းများကို ပြန်ထုတ်လာကြသည်။ သူတို့က အလွန် ကျွမ်းကျင်ကြသည်။
မိသားစုခေါင်းဆောင် သုံးဦးစလုံး မှင်တက်သွားကြသည်။
ဝတ်ရုံနက်နှင့်လူကို ကြည့်ကာ သီလရှင် ချင်းဟယ်မှာ အံ့သြလွန်း၍ စကားပင် မပြောနိုင်တော့ပေ။ သူတို့က စီးပွားရေးကို ဒီလိုပဲ လုပ်ကြတာလား
ရဲ့မိသားစုခေါင်းဆောင်က အခြေအနေကို ပြန်ထိန်းရန် အမြန် ကြိုးစားသည်။
"မာစတာလင်း ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ဦး၊ စိတ်မဆိုးပါနဲ့ဦး..."
သူသည် မည်သည့်ဘက်ကိုမျှ မပြစ်မှားရဲပေ၊ အထူးသဖြင့် မာစတာလင်းကို ဖြစ်သည်။ ကောင်းကင်ရတနာခန်းမကဲ့သို့သော အဖွဲ့အစည်းကြီးနောက်ကွယ်တွင် ရွှေအမြုတေအဆင့် ပညာရှင်များ ရှိနိုင်သည်ကို သူ သိသည်။
သူကိုယ်တိုင်ကလည်း စီးပွားရေးသမားဖြစ်သဖြင့် ထိုကဲ့သို့သော အင်အားကြီးအဖွဲ့အစည်းကို ရန်စမိပါက သူ့စီးပွားရေးမှာ ချက်ချင်း ပျက်စီးသွားနိုင်သည်။
ရဲ့မိသားစုခေါင်းဆောင်သည် သွားကြိတ်ကာ မာစတာလင်းထံသို့ ဝိညာဉ်အာရုံဖြင့် လှမ်းပြောလိုက်သည်။
"မာစတာလင်း ဒီစီနီယာက တကယ်တော့ ဓားကျင့်ကြံသူ တစ်ယောက်ပါ"
သူသည် ဖန့်ချန်၏ အထောက်အထားကို မပြောချင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် အကယ်၍ ထိုလူသည် ဖန့်ချန်နှင့် တိုက်ရိုက် ရင်းနှီးသွားပါက သူတို့ မိသားစုများမှာ ကြားပွဲစားအဖြစ် အမြတ်ထုတ်နိုင်တော့မည် မဟုတ်သောကြောင့် ဖြစ်သည်။ သို့သော် မာစတာလင်း၏ စိတ်ထားမှာ ထိုမျှအထိ ဆိုးရွားလိမ့်မည်ဟု သူ မထင်ခဲ့ပေ။
"သူက ဓားကျင့်ကြံသူ ဟုတ်လား"
မာစတာလင်း ခဏမျှ ကြောင်သွားပြီးနောက် မရယ်ဘဲ မနေနိုင်တော့ပေ။
ဖန့်ချန်ကို လက်ညှိုးထိုးကာ အထင်အမြင်သေးစွာ ဆိုသည်။
"မင်းက ဒီကောင့်ကို ဓားကျင့်ကြံသူလို့ ပြောနေတာလား"
ရွှီမိသားစုနှင့် ကျိုးမိသားစုခေါင်းဆောင်များမှာမူ ဝင်မပါတော့ရန် ဆုံးဖြတ်လိုက်ကြသည်။
ဘာပဲဖြစ်ဖြစ် ဖန့်ချန် ခိုင်းတာကို သူတို့ လုပ်ပေးပြီးပြီ။ အခု ပြဿနာရှာနေတာက ကောင်းကင်ရတနာခန်းမကလူ ဖြစ်သဖြင့် သူတို့ ဘာမှ မတတ်နိုင်တော့ပေ။
ရဲ့မိသားစုခေါင်းဆောင် ခါးသီးစွာ ပြုံးလိုက်သည်။
"မာစတာလင်း..."
ဒီနေ့တော့ အရာအားလုံး လွဲချော်ကုန်ပြီ။ သူသည် နှစ်ဖက်စလုံးကို ရန်စမိသွားနိုင်ချေ ရှိသည်။
သူ အကြောက်ဆုံးအရာမှာ ဖန့်ချန်က ဒေါသထွက်ပြီး မာစတာလင်းကို သတ်ပစ်လိုက်မှာကိုပင်။ အဲဒီလိုသာ ဖြစ်လာရင် ရဲ့မိသားစုကတော့ ကပ်ဘေးနဲ့ ရင်ဆိုင်ရတော့မှာပဲ။
နောက်ဆုံးတွင် ဖန့်ချန် ခေါင်းခါလိုက်သည်။
"ထားလိုက်ပါတော့ ဒါမျိုး စီးပွားရေးကို ငါ စိတ်မဝင်စားဘူး"
သူက ဆက်ပြောသည်။
"အဲဒီ ဝိညာဉ်ကျောက်တုံး ၄၀၀၀ ကိုတော့ ဒီမှာရှိတဲ့ လူတိုင်းအတွက် သင်ခန်းစာ တစ်ခုအနေနဲ့ သဘောထားလိုက်ပါ့မယ်"
လူတိုင်း မှင်တက်သွားကြသည်။
မာစတာလင်းသည် ဖန့်ချန် ထိုမျှ အလွယ်တကူ လက်လျှော့သွားသည်ကို မြင်သောအခါ အံ့သြသွားသော်လည်း သူ၏တပည့်များကို ပစ္စည်းများ ဆက်သယ်ရန် ခိုင်းရင်း လှောင်ပြောင်လိုက်သည်။
"မင်းက သူ့ကို ဓားကျင့်ကြံသူလို့ ပြောနေတာလား ဓားကျင့်ကြံသူတွေက စိတ်တိုတတ်တယ် မဟုတ်ဘူးလား သူတို့အားလုံးက အရူးတွေလို့ ကြားဖူးတယ် ဒီလောက် ကြောက်တတ်တဲ့ ဓားကျင့်ကြံသူမျိုးကို ကမ္ဘာပေါ်မှာ ဘယ်မှာ တွေ့နိုင်မလဲ ဒီနေ့တော့ ငါ အမြင်ကျယ်သွားပြီဟေ့ ဟားဟားဟား"
ရဲ့မိသားစုဝင်များမှာ ထိတ်လန့်နေကြသော်လည်း ကံကောင်းစွာဖြင့် ဖန့်ချန်မှာ စိတ်ဆိုးပုံမပေါ်ပေ။
မကြာမီတွင် ဝိညာဉ်ပစ္စည်းအားလုံးကို ပြန်လည် သယ်ထုတ်သွားကြသည်။
"ဒီလို အပေးအယူမျိုး နောက်ထပ်ရှိရင် ငါ့ကို ဆက်သွယ်ဖို့ မမေ့နဲ့ဦး"
ဝတ်ရုံနက်နှင့်လူက မိသားစုခေါင်းဆောင် သုံးဦးကို ကြည့်ကာ ဝင့်ကြွားစွာ ပြောသည်။
"တခြားလူကို မရှာနဲ့ ငါ့ကိုပဲ ရှာ ဝိညာဉ်ကျောက်တုံး ၄၀၀၀ အလကားရတာကို ငြင်းမယ့်လူ ဒီကမ္ဘာမှာ မရှိဘူး"
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
သီလရှင် ချင်းဟယ်မှာမူ ဇဝေဇဝါ ဖြစ်နေသည်။
သူမသည် ဖန့်ချန်ကို ကောင်းကောင်းသိသည်။ သူသည် ထိုကဲ့သို့သော အရှက်ခွဲမှုကို ခံပြီး ငြိမ်နေမည့်သူ မဟုတ်ပေ။ သူ ဘာလို့ ဘာမှ မလုပ်တာလဲ
ရဲ့မိသားစုခေါင်းဆောင်၏ အသံမှာ တုန်ရီနေသည်။
"စီနီယာ... ကျေး... ကျေးဇူးပြုပြီး..."
"ဒါက မင်းတို့ မိသားစုနဲ့ မဆိုင်ပါဘူး"
ဖန့်ချန်က ဆိုသည်။ ထို့နောက် ကျန်နှစ်ဦးဘက်သို့ လှည့်ကာ
"မင်းတို့ နှစ်ယောက်နဲ့လည်း မဆိုင်ပါဘူး စိတ်မပူကြနဲ့"
ဟု ပြုံး၍ ပြောလိုက်သည်။
သို့သော် ဖန့်ချန်က ပို၍ တည်ငြိမ်လေလေ၊ မိသားစုခေါင်းဆောင် သုံးဦးမှာ ပို၍ ထိတ်လန့်လေလေ ဖြစ်နေကြသည်။
ရွှီမိသားစုခေါင်းဆောင်က သတ္တိမွေးကာ အကြံပြုသည်။
"ဒါဆိုရင် စီနီယာ ဆုံးရှုံးသွားတဲ့ ဝိညာဉ်ကျောက်တုံးတွေကို ကျွန်တော်တို့ ပြန်ပေးပါရစေ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်း နေရာကို ရောင်းပြီး ကျွန်တော်တို့ သုံးယောက် ပေါင်းထည့်ပေးပါ့မယ်"
"ငါ အဆင်ပြေတယ်လို့ ပြောပြီးပြီပဲ မင်းတို့ ဘာလို့ ဒီလောက် ပျာယာခတ်နေတာလဲ"
ဖန့်ချန်က လက်ကာပြလိုက်သည်။
"ကြည့်စမ်း ငါ ပင်ပန်းနေပြီ"
ဖန့်ချန်သည် သီလရှင် ချင်းဟယ်ကို ခေါ်ကာ အေးအေးဆေးဆေးပင် ထွက်ခွာသွားတော့သည်။
မိသားစုခေါင်းဆောင် သုံးဦးစလုံး အံ့သြတုန်လှုပ်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
"ကျွန်တော် ထင်တယ် ပြဿနာကြီးတစ်ခုတော့ လာတော့မယ်"
ဟု ကျိုးမိသားစုခေါင်းဆောင်က ဆိုလိုက်သည်။
မာစတာလင်းသည် သူ၏အဖွဲ့နှင့်အတူ ဝိညာဉ်ဟင်းလင်းပြင်မြို့မှ ဝင့်ကြွားစွာ ထွက်ခွာလာပြီး ခုနက ဖြစ်ပျက်ခဲ့သည်များကို ရယ်မောကာ ပြောဆိုလာကြသည်။
"ရဲ့မိသားစုခေါင်းဆောင်က အဲဒီကောင်လေးကို ဓားကျင့်ကြံသူလို့ ပြောရဲသေးတယ် ငါတော့ ဒီလောက် ကြောက်တတ်တဲ့ ဓားကျင့်ကြံသူမျိုး တစ်ခါမှ မကြားဖူးဘူး"
"ဟဲဟဲ ကျွန်တော် ထင်တာတော့ သူက သခင်ကြီးကို ကြောက်သွားတာ နေမှာပါ"
"ငါလည်း အဲဒီအတိုင်း ထင်တယ်"
သူ၏တပည့်များ ပြောဆိုနေသည်ကို နားထောင်ရင်း မာစတာလင်းက တဟဲဟဲ ရယ်မောနေသည်။
လမ်းတစ်ကြောင်း သွားရုံနဲ့ ဝိညာဉ်ကျောက်တုံး ၄၀၀၀ အလကား ရလိုက်တာပဲ။
တခြား အင်ပါယာတွေဆီက မှာယူမှုတွေက တကယ့်ကို အမြတ်အစွန်း အများဆုံးပဲ။
မာစတာလင်း တစ်ယောက်တည်း ရယ်မောနေမိသည်။
"အဆင့် ၄ အင်ပါယာမှာ လူပိုတစ်ယောက်လို နေရတာထက်စာရင် ဒီမှာတော့ ငါ စိုးရိမ်စရာ ဘာမှမရှိဘူး"
ထို့နောက် သူ၏တပည့်များကို ကြည့်ကာ
"အော်... ဒါနဲ့ နောက်ကနေ တစ်ယောက်ယောက် လိုက်လာသလားဆိုတာ သတိထားကြည့်ကြဦး သူတို့က ဒီဝိညာဉ်ပစ္စည်းတွေကို တော်တော် လိုချင်နေကြတာ ငါတို့ ကောင်းကင်ရတနာခန်းမကပဲ သူတို့ လိုချင်တာကို ပေးနိုင်တာလေ"
"သခင်ကြီး ပြောတာ မှန်ပါတယ်"
သူ၏တပည့်များက ဖားယားပြောဆိုကြသည်။
"ဒီလို လူငယ်ကျင့်ကြံသူတွေက သခင်ကြီး ရှေ့မှာတော့ ဘာမှ မဟုတ်ပါဘူး"
ထိုခဏမှာပင် ကျင့်ကြံသူ နှစ်ဦးသည် စကားတပြောပြောနှင့် သူတို့ဘေးမှ ဖြတ်သွားကြသည်။
"နှမြောစရာပဲ ငါတို့ ရောက်တာ နောက်ကျသွားတယ်.လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝိညာဉ်ဟင်းလင်းပြင်တောင်ပေါ်မှာ အဲဒီဓားကျင့်ကြံသူရဲ့ စွမ်းအားက ကောင်းကင်နဲ့ မြေကြီးကိုတောင် တုန်လှုပ်စေခဲ့တာတဲ့"
"ပင်လယ်နဂါးဂိုဏ်းက နာမည်ကျော် နဂါးဖြတ်ကျော်ကျွန်းရှင်တောင် သူ့ရဲ့ ဓားတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာ"
"အင်း ကိုယ်တိုင် မမြင်လိုက်ရတာ တကယ် နှမြောစရာပဲ ချင်းကျိုးရဲ့ ပထမဆုံးဓား လုံထျန်းရှင်းတောင် အဲဒီဓားကျင့်ကြံသူကို ကြောက်လွန်းလို့ သူ့ရဲ့ ဂိုဏ်းချုပ်ရာထူးကိုတောင် ပေးခဲ့ရတယ်လို့ ကြားတယ်"
ထိုကျင့်ကြံသူ နှစ်ဦးသည် ဝတ်ရုံနက်နှင့်အဖွဲ့ဘေးမှ ဖြတ်သွားခဲ့ကြသည်။
"အခြေခံအုတ်မြစ်အဆင့် နောက်ဆုံးပိုင်းကို တစ်ချက်တည်းနဲ့ သတ်တယ် အလယ်ပိုင်း ပညာရှင်ကို ကြောက်လန့်တုန်ရီစေတယ်"
တစ်ဦးက ဆက်ပြောသည်။
"အဲဒီဓားကျင့်ကြံသူရဲ့ အစွမ်းက တကယ့်ကို ကြောက်စရာပဲ"
မာစတာလင်းသည် လည်ပင်းကြီး လိမ်သွားသည်အထိ ထိုလူနှစ်ဦးကို လှည့်ကြည့်လိုက်ပြီး မှင်တက်သွားတော့သည်။ သူ၏ ဦးရေပြားများမှာလည်း စတင် ထုံကျင်လာသည်။
သူတို့... သူတို့ ပြောနေတာက အခုနက သူ စော်ကားခဲ့တဲ့ အဲဒီဓားကျင့်ကြံသူအကြောင်းလား
သူ၏ တပည့်များလည်း သံသယဝင်လာကြပြီး တိတ်ဆိတ်သွားကြသည်။
"ငါတို့ ဝိညာဉ်ဟင်းလင်းပြင်မြို့နဲ့ ဘယ်လောက် ဝေးသွားပြီလဲ"
မာစတာလင်းက မသိစိတ်ဖြင့် မေးလိုက်မိသည်။
"မိုင် ၅၀ လောက် ရှိပါပြီ"
မာစတာလင်းသည် ချက်ချင်း အော်ဟောက်လိုက်သည်။
"မြန်မြန်. ခြေလှမ်းသွက်သွက်လှမ်းစမ်း ဒီနေရာကနေ အမြန်ဆုံး ထွက်သွားကြရအောင်"
သူသည် အမြန်ဆုံး ထွက်ပြေးရန် စတင် ဦးဆောင်လိုက်တော့သည်။
အခန်း ၂၆၈ - လောကသားတွေက ဓားကျင့်ကြံသူတွေကို ဘယ်လိုမြင်ကြသလဲ
ရဲ့မိသားစုခေါင်းဆောင်သည် ဖန့်ချန် အကြီးအကျယ် ဆုံးရှုံးသွားခဲ့ရသည်ဟု ခံစားရသဖြင့် အခြားမိသားစုခေါင်းဆောင် နှစ်ဦးနှင့် တိုင်ပင်ကာ ထိုဆုံးရှုံးမှုကို ပြန်လည်ဖြည့်ဆည်းပေးရန် ဆုံးဖြတ်လိုက်ကြသည်။
ထို့ကြောင့် သူတို့ သုံးဦးစလုံး ဖန့်ချန်နေထိုင်ရာ ဝန်းငယ်လေးသို့ အတူတူ ရောက်ရှိလာကြသည်။
သို့သော် သူတို့ ဝန်းထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ဖန့်ချန်ထံမှ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒ တစ်ခု ထွက်ပေါ်လာပြီး ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်
"ဒါ ဒဏ္ဍာရီလာ ဓားအသွင်ပြောင်းခြင်း အတတ်လား"
ဟု ရွှီမိသားစုခေါင်းဆောင်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ကျိုးမိသားစုခေါင်းဆောင်က ခေါင်းညိတ်သည်။
"ဖြစ်နိုင်တယ် အဲဒီဓားအလင်းရဲ့ အရှိန်က သာမန်ဓားထိန်းချုပ်တဲ့ အတတ်တွေထက် အများကြီး သာလွန်တယ်"
ပျံသန်းရန် နည်းလမ်းများစွာ ရှိသော်လည်း အသုံးအများဆုံးမှာ အခြေခံ ဒြပ်စင်ထိန်းချုပ်နည်းများမှ ဆင်းသက်လာသော တိမ်စီးအတတ်များ ဖြစ်သည်။
သို့သော် ၎င်းတို့မှာ အေးအေးဆေးဆေး ခရီးသွားရန်အတွက်သာ ကောင်းမွန်သည်။
၎င်းထက် သာလွန်သည်မှာ မိမိ၏ ဝိညာဉ်လက်နက်ကို ထိန်းချုပ်၍ ပျံသန်းခြင်း ဖြစ်သော်လည်း ဝိညာဉ်လက်နက် သွန်းလုပ်ခြင်း အတတ်မှာ အလွန်ရှားပါးလှရာ သူတို့ မိသားစု သုံးခုစလုံးတွင်ပင် မရှိကြချေ။
သို့သော် ဓားအသွင်ပြောင်းခြင်း အတတ်မှာမူ ထိုနည်းလမ်းနှစ်ခုလုံးထက် များစွာ သာလွန်လှသည်
"စီနီယာက ဘယ်ကို သွားတာလို့ ထင်လဲ"
ရဲ့မိသားစုခေါင်းဆောင်က ရုတ်တရက် မေးလိုက်သည်။
ကျန်နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မနီးမဝေးတွင်ရှိသော သီလရှင် ချင်းဟယ်ကို ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် မမေးရန်သာ ဆုံးဖြတ်လိုက်ကြသည်။
အချို့သော ကိစ္စများမှာ မသိတာက ပိုကောင်းပါသည်။
"မြန်မြန် အရှိန်တင်စမ်း"
မာစတာလင်းက အော်ဟောက်လိုက်သည်။
အကယ်၍ သူသည် ထိုဝိညာဉ်ပစ္စည်း အစုအဝေးကို နှမြောမနေပါက တစ်ယောက်တည်း ထွက်ပြေးသွားသည်မှာ ကြာလှပြီ ဖြစ်သည်။
သူ၏ ကြိမ်းမောင်းမှုအောက်တွင် သူ၏တပည့်များသည်လည်း သူတို့၏ ဝိညာဉ်စွမ်းအားအားလုံးကို အသုံးချကာ ဝိညာဉ်ပစ္စည်းများနှင့်အတူ လွင်ပြင်ကို ဖြတ်၍ အပြေးနှင်နေကြသည်။
ထိုစဉ်မှာပင် လူတိုင်းသည် ကောင်းကင်ယံမှ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင် လှိုင်းများကို ခံစားလိုက်ရသဖြင့် မသိစိတ်ဖြင့် ခေါင်းမော့ကြည့်လိုက်ကြသည်။
ဓားအလင်းတန်းတစ်ခုသည် အဝေးမှ လျင်မြန်စွာ ချဉ်းကပ်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့နှင့် ဆယ်ကိုက်ပင် မဝေးသော နေရာသို့ ဆင်းသက်လာသည်။
အလင်းတန်း ပျောက်ကွယ်သွားသောအခါ မျက်နှာဖုံးစွပ်ထားသည့် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
မာစတာလင်း၏ ဦးရေပြားများ ထုံကျင်သွားပြီး နောက်သို့ နှစ်လှမ်းခန့် မသိမသာ ဆုတ်လိုက်မိသည်။
ဖန့်ချန်က ခပ်ဖွဖွ ရယ်လိုက်သည်။
"အိုး တိုက်ဆိုင်လိုက်တာ"
"ဟုတ်ပါတယ် တိုက်ဆိုင်လိုက်တာ"
မာစတာလင်းက တည်ငြိမ်ချင်ယောင်ဆောင်ကာ အတင်းပြုံးပြလိုက်သည်။
"စီနီယာက ဒီနားကနေ မတော်တဆ ဖြတ်သွားတာလား"
"ဟင့်အင်း မဟုတ်ပါဘူး ငါ မင်းကို လာရှာတာ"
မာစတာလင်း၏ မျက်လုံးများမှာ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားသော်လည်း သူ၏ နောက်ခံအင်အားကို သတိရကာ စိတ်ကို ပြန်ထိန်းလိုက်သည်။
"စီနီယာ စိတ်ပြောင်းသွားလို့လား ဒါဆိုရင် ကျွန်တော်တို့ အပေးအယူကို ဆက်လုပ်လို့ရပါတယ် ကောင်းကင်ရတနာခန်းမက ဖောက်သည်တွေအပေါ် အမြဲတမ်း ရိုးသားပါတယ်"
သူသည် ဖန့်ချန်ကို ခြိမ်းခြောက်ရန် ရည်ရွယ်ချက်ဖြင့် ကောင်းကင်ရတနာခန်းမ ဆိုသည့် စကားလုံးကို အသားပေး ပြောလိုက်သည်။
ကောင်းကင်ရတနာခန်းမမှာ အဆင့် ၄ အင်ပါယာမှ အင်အားစုတစ်ခုဖြစ်ပြီး ကမ္ဘာအနှံ့တွင် ကုန်သွယ်ရေး အသင်းအဖွဲ့များစွာ ရှိသည်။
"မင်း ကြောက်နေပုံပဲ မာစတာလင်း"
ဟု ဖန့်ချန်က ဆိုသည်။
မာစတာလင်းက ခြောက်ကပ်ကပ် ရယ်လိုက်သည်။
"ကြောက်တယ် ကျွန်တော်က ဘာကို ကြောက်ရမှာလဲ ဟားဟား... ဟားဟား"
"မင်း သေမှာကို ကြောက်နေတာ"
မာစတာလင်းသည် သူ၏ ကြောက်စိတ်ကို ထိန်းချုပ်ရန် ကြိုးစားရင်း လေသံနှိမ့်ကာ ဟိန်းဟောက်လိုက်သည်။
"ကျွန်တော်က ကောင်းကင်ရတနာခန်းမကလူတကယ်လို့ ကျွန်တော် သေသွားရင် ကောင်းကင်ရတနာခန်းမက ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး"
"မင်းကို သတ်တာက ဓားကျင့်ကြံသူ တစ်ယောက်လို့ သိသွားရင်တောင် သူတို့က မင်းအတွက် ကလဲ့စားချေပေးလိမ့်မယ်လို့ မင်းထင်နေတာလား"
ဖန့်ချန်က ပြုံးလိုက်သည်။
"ဒါ့အပြင် ကောင်းကင်ရတနာခန်းမက ကလဲ့စားလာချေမှာကို ငါက ကြောက်နေမယ်လို့ မင်းထင်နေလား"
မာစတာလင်းမှာ စကားဆွံ့အသွားပြီး သူ၏ မျက်လုံးထဲမှ ကြောက်ရွံ့မှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။
သူ၏ တပည့်များသည်လည်း ဝိညာဉ်ပစ္စည်းများကို ချလိုက်ကာ ဖန့်ချန်ကို ထိတ်လန့်တကြား ကြည့်နေကြသည်။
မာစတာလင်းက သွားကြိတ်ကာ
"ဒါဆိုရင်လည်း ကျွန်တော် ဝန်ခံပါတယ် စောစောက ကျွန်တော် အရမ်း မောက်မာမိပြီး စီနီယာ့ကို ပြစ်မှားမိသွားတယ် ဒီဝိညာဉ်ပစ္စည်းတွေကို စီနီယာ ယူသွားပါ ကျန်တဲ့ ငွေပေးချေမှုကိုတော့ ကျွန်တော်ပဲ စိုက်လျော်ပေးပါ့မယ်"
"မင်းလား"
ဖန့်ချန် ရယ်လိုက်သည်။
"ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်အတွက်တော့ မင်းက တော်တော် ချမ်းသာပုံရသားပဲ ဝိညာဉ်ကျောက်တုံး ၄၀၀၀ ကျော်ကို အလကား ပေးမယ်လို့ မင်း တကယ် ထင်နေတာလား"
မာစတာလင်း၏ အသံမှာ လေးလံသွားသည်။
"စီနီယာ သိတဲ့အတိုင်း ကျွန်တော်က အဆင့် ၄ အင်ပါယာက လာတာပါ ကျွန်တော်က ချီသန့်စင်ခြင်းအဆင့်ပဲ ရှိသေးပေမဲ့ ကောင်းကင်ရတနာခန်းမမှာ အလုပ်လုပ်တာ နှစ်ပေါင်းများစွာ ရှိပြီဆိုတော့ ကိုယ်ပိုင် ချမ်းသာကြွယ်ဝမှု အနည်းငယ် ရှိပါတယ်"
"အခုချက်ချင်း ကျောက်တုံး ၄၀၀၀ မထုတ်ပေးနိုင်ပေမဲ့ ကျန်တဲ့ငွေကို ကျွန်တော့်ဘက်ကနေ ရအောင် ပေးပါ့မယ်"
"မင်းဆီမှာ ငါစရန်ပေးထားတဲ့ ကျောက်တုံး ၄၀၀၀ ရှိတယ်လေ"
ဟု ဖန့်ချန်က ဆိုသည်။
မာစတာလင်းသည် ရုတ်တရက် နိမိတ်မကောင်းသလို ခံစားလိုက်ရသဖြင့်
"အဲဒီလောက်များတဲ့ ဝိညာဉ်ကျောက်တုံးတွေကို ကျွန်တော် ကိုယ်ပေါ်မှာ မဆောင်ထားပါဘူး သူတို့ကို အပ်နှံထားပြီးပါပြီ"
ဟု မသိစိတ်ဖြင့် ဖြေလိုက်မိသည်။
ဖန့်ချန်က သက်ပြင်းချလိုက်သည်။
"နှမြောစရာပဲ"
"လူကြီးမင်း ကျွန်တော့်အသက်ကို ချမ်းသာပေးပါ"
မာစတာလင်းက ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသည်။
"ဒါဆိုရင် စီနီယာအနေနဲ့ ကောင်းကင်ရတနာခန်းမနဲ့ ရန်သူဖြစ်စရာ မလိုတော့ဘူးပေါ့"
သူသည် ဖန့်ချန် ထိုနေရာသို့ ဘာကြောင့် ရောက်လာသည်ကို ကောင်းကောင်း သိသည်။
"ငါ့ကို တစ်ခုပြောပြစမ်း လောကသားတွေက ဓားကျင့်ကြံသူတွေကို ဘယ်လိုမြင်ကြသလဲ"
ဖန့်ချန်က မေးလိုက်သည်။
မာစတာလင်း မှင်တက်သွားသည်။
လောကသားတွေက ဓားကျင့်ကြံသူတွေကို အရူးတွေအဖြစ် ဖော်ပြလေ့ရှိကြသည်။
သူတို့က အငြိုးအတေး ကြီးကြသည်၊ အနိုင်ကျင့်တတ်ကြသည်၊ လူအင်အားဖြင့် ဖိနှိပ်ခြင်းကို နှစ်သက်ကြသည်၊ ပြီးတော့ သူတို့ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့အတွက် ဘယ်လို နည်းလမ်းမျိုးကိုမဆို သုံးတတ်ကြသည်.
မာစတာလင်း၏ မျက်နှာမှာ ဖြူလျော့သွားသည်။
သူသည် ရဲ့မိသားစု အိမ်တော်တွင် သူ၏ အခြေအမြစ်မရှိသော မာနကြောင့် ထိုဓားသမားကို အကြီးအကျယ် ပြစ်မှားမိခဲ့သည်။
ပြင်းထန်သော ဓားအလင်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး မာစတာလင်း၏ တပည့်များအားလုံး နေရာမှာတင် သေဆုံးသွားကြသည်။
တွန့်ဆုတ်နေခြင်း မရှိပေ။
မာစတာလင်းသည် ဟိန်းဟောက်ကာ လှည့်၍ ထွက်ပြေးတော့သည်။
ဗျစ်
သူ၏ နောက်စေ့မှ သွေးပေါက်တစ်ခု ပွင့်ထွက်သွားသည်။
ဓားငယ်လေး သည် ဟင်းလင်းပြင်တွင် ခပ်ဖွဖွ ဝဲပျံနေသည်။
"ဖန့်ချန်လေး ဒီဝိညာဉ်ပစ္စည်းတွေကိုတော့ ငါ အားမနာတော့ဘူးနော်ာ"
၎င်းက တစီစီ အော်လိုက်သည်။
"ငါ့ကို ဖန့်ချန်လေးလို့ မခေါ်ပါနဲ့လို့ ပြောထားတယ်လေ မင်းကို ဥထဲကနေ အကောင်ပေါက်အောင် လုပ်ပေးခဲ့တာ ငါပဲဟာ"
ဖန့်ချန်က မတတ်သာသလို ပြောလိုက်သည်။
"ငါက မင်းထက် အများကြီး ပိုပြီး သက်တမ်းရင့်တယ် ဒါကြောင့် မင်းကို ဖန့်ချန်လေးလို့ပဲ ခေါ်မယ်"
ထိုသို့ပြောပြီးနောက် ၎င်းသည် ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ ဝိညာဉ်ပစ္စည်းများအပေါ် ခုန်အုပ်ကာ အငမ်းမရ ဝါးမြိုတော့သည်။
ဖန့်ချန် ခေါင်းကို အနည်းငယ် ခါလိုက်ပြီး မာစတာလင်း၏ အနားသို့ လျှောက်သွားကာ သူ၏ သိုလှောင်လက်စွပ်ကို ချွတ်ယူလိုက်သည်။
ထို့နောက် သူ၏ ဝိညာဉ်တံဆိပ်ကို ဖျက်ဆီးကာ ကျန်ရှိသော ဝိညာဉ်ပစ္စည်းများကို ထုတ်လိုက်သည်။
ဝိညာဉ်ပစ္စည်းများအပြင် အခြားသော ဝိညာဉ်ကျောက်တုံး ၃၀၀ မှ ၅၀၀ ခန့်ကိုလည်း တွေ့ရသည်။ ဖန့်ချန်က အားလုံးကို မတွန့်မတို သိမ်းဆည်းလိုက်သည်။
ယခုအခါ သူ၏ ဝိညာဉ်ကျောက်တုံး လက်ကျန်မှာ ၆၀၀၀ နီးပါး ပြန်ဖြစ်သွားသည်။
ထိုအပေးအယူမှာ သူ၏ အိတ်ကပ်ကို ပြောင်သွားစေရုံတင် မကဘဲ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ကိုးထောင်ခန့် တန်ဖိုးရှိသော ပစ္စည်းများကိုပါ ရရှိစေခဲ့သည်။ သူ တော်တော်လေး သူဌေးဖြစ်သွားပြီ။
ဓားငယ်လေးသည် ပုံမှန်အားဖြင့် စားသောက်ရာတွင် မြန်ဆန်သော်လည်း ယခုအကြိမ်တွင် ပစ္စည်းများ အလွန်များပြားလှသလို သန့်စင်ရန် လိုအပ်သည့် သတ္တုရိုင်းများလည်း ပါဝင်နေသဖြင့် အားလုံးကို ဝါးမြိုရန် နှစ်နာရီခန့် ကြာသွားသည်။
အားလုံးပြီးသွားသောအခါ ၎င်းသည် အစားအလွန်အကျွံ စားထားသော လူတစ်ယောက်ကဲ့သို့ ဖန့်ချန်ရှေ့တွင် ယိုင်ထိုးကာ ပျံသန်းလာသည်။
၎င်း၏ အရှိန်အဝါမှာလည်း အဆက်မပြတ် လျှံထွက်နေသည်။
"ဖန့်ချန်လေး ငါ ထပ်အိပ်တော့မယ်။ာ ဒီတစ်ခါ အိပ်တာက ပုံမှန်ထက် နည်းနည်း ပိုကြာနိုင်တယ် ပြဿနာတွေ မရှာနဲ့ဦးနော် ဟုတ်ပြီလား ငါ နိုးလာတဲ့အခါ ငါတို့တွေ ဓားခန္ဓာကိုယ် ဒုတိယအဆင့် ကို တက်လှမ်းနိုင်လိမ့်မယ်"
ဓားခန္ဓာကိုယ် ဒုတိယအဆင့် ဖန့်ချန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။
ဓားငယ်လေးသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်ကာ အိပ်ပျော်သွားတော့သည်။
"ဓားခန္ဓာကိုယ် ဒုတိယအဆင့်"
ဆိုသည်မှာ ဘာကို ဆိုလိုသလဲဆိုသည်ကို သူ သေချာမသိသော်လည်း ထိုသို့ ဖြစ်လာပါက သူ၏ အစွမ်းမှာ သိသိသာသာ တိုးတက်လာလိမ့်မည်ဟု သူ တွေးလိုက်သည်။
သူသည် လက်ကို ဝေ့ယမ်းကာ မီးလုံးအချို့ကို လွှတ်ထုတ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ အလောင်းအားလုံးကို ပြာဖြစ်အောင် ရှို့ပစ်လိုက်သည်။
ထို့နောက် ဝိညာဉ်ဟင်းလင်းပြင်မြို့သို့ ပြန်လည် ပျံသန်းလာခဲ့သည်။
ဓားငယ်လေး အိပ်ပျော်နေသဖြင့် သူ ဓားပျံအတတ်ကို အသုံးမပြုနိုင်ပေ။
"နေဦး ဒြပ်ငါးပါး ထိန်းချုပ်နည်း ကို စမ်းကြည့်ရအောင်"
ဖန့်ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ဖြစ်သွားသည်။
ခဏအကြာတွင် သူသည် မြေသားကျားတစ်ကောင်ကို ဖန်တီးလိုက်ပြီး ၎င်း၏ ကျောပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်သည်။
ထို့နောက် ကျားသည် လွင်ပြင်ကို ဖြတ်၍ ပြေးလွှားတော့သည်။
နာရီဝက်ပင် မပြည့်မီမှာပင် သူ ရဲ့မိသားစု အိမ်တော်သို့ ပြန်ရောက်လာသည်။
ဖန့်ချန် အိမ်တော်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် သီလရှင် ကျူးယွဲ့သည် မြို့ဆီသို့ လျင်မြန်စွာ ပျံသန်းလာနေသည်။
တစ်ချိန်တည်းမှာပင် ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်သည် သူမ၏ ဆရာထံမှ သတင်းစကားကို လက်ခံရရှိပြီး ကျင့်ကြံရာမှ ထွက်လာခဲ့သည်။
"ငါ့ဒဏ်ရာတွေက ပျောက်လုနီးပါး ဖြစ်နေပြီ တကယ်လို့ဆရာ့ရဲ့ အစီအစဉ် အောင်မြင်ခဲ့ရင် နင်ရော ကျူးယွဲ့ ရော နှစ်ယောက်လုံး သေရလိမ့်မယ်"
သူမသည် ဝိညာဉ်ဟင်းလင်းပြင်မြို့ ရှိရာဘက်သို့ ကြည့်ကာ နာကျည်းစွာဖြင့် သွားကြိတ်လိုက်တော့သည်။