← Chapters

အခန်း (၂၆၉-၂၇၀)

Vol. 27 Ch. 269-270

အခန်း (၂၆၉-၂၇၀)

Vol. 27 Ch. 269-270

​အခန်း ၂၆၉ - သုံးလှမ်းတစ်ခေါက် ဦးချခြင်း

​ဝိညာဉ်ဟင်းလင်းပြင်မြို့သည် နောက်ထပ်နှစ်ရက်ခန့် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

မြို့စားမင်းသည် သူ၏မိသားစုနှင့် နောက်လိုက်များကိုခေါ်ကာ တစ်ညတွင်းချင်း ထွက်ပြေးသွားသည်ဟူသော ကောလာဟလမှလွဲ၍ အခြားထူးထူးခြားခြား ပြောစရာမရှိပေ။

​ဖန့်ချန်သည် ပြီးခဲ့သည့် နှစ်ရက်အတွင်း ထိပ်တန်းအဆင့် လျှပ်စီးခရမ်း အဆောင် များကို ဆက်တိုက်သွန်းလုပ်နေခဲ့ရာ သူ၏ ကောင်းကင်ပြာကျောက်စုတ်တံ နှစ်ချောင်းပင် ပျက်စီးသွားခဲ့သည်။

ယခုမူ သူသည် နောက်ဆုံးကျန်သော စုတ်တံတစ်ချောင်းကို အသုံးပြုနေရသည်။

သူ၏ မိုးကြိုးသစ်သားစက္ကူများမှာလည်း ကုန်လုနီးပါးဖြစ်နေပြီး ဘေးဒုက္ခကိုးပါး ပြဒါးမှင် မှာလည်း နည်းပါးနေပြီဖြစ်သည်။

အပြန်အလှန်အားဖြင့် သူ၏လက်စွပ်ထဲရှိ လျှပ်စီးခရမ်း အဆောင်လက်ဖွဲ့ အရေအတွက်မှာ တိုးပွားလာခဲ့သည်။

ထိုအရာများသည် အချိန်မရွေး ဝိညာဉ်ကျောက်တုံး သို့မဟုတ် ဝိညာဉ်ပစ္စည်းများနှင့် လဲလှယ်နိုင်သော ခိုင်မာသည့် ငွေကြေးများပင် ဖြစ်သည်။

​ဖန့်ချန်အတွက်မူ အဆောင်သွန်းလုပ်ခြင်းသည် ကျင့်ကြံခြင်း ပုံစံတစ်မျိုးပင်ဖြစ်သည်။

တကယ်လို့ သူ့တွင် ဝိညာဉ်ပစ္စည်း လုံလောက်စွာရှိပါက သူသည် လပေါင်းများစွာ သို့မဟုတ် တစ်နှစ်ခန့်ပင် မနားမနေ နေ့ညမပြတ် အဆောင်များကို လုပ်ဆောင်နိုင်ပေသည်။

​သီလရှင် ချင်းဟယ်၏ အသံ တံခါးပြင်ပမှ ထွက်ပေါ်လာသည်။

"သခင်လေးဖန့် ကျွန်မရဲ့ ဆရာ ရောက်ပါပြီသူက မြို့ပြင် သုံးမိုင်အကွာက ပျက်စီးနေတဲ့ ဘုရားကျောင်းတစ်ခုမှာ စောင့်နေပါတယ်"

​ဖန့်ချန်သည် သူ၏ ကိရိယာများကို သိမ်းဆည်းကာ တံခါးဆီသို့ လျှောက်သွားပြီး ဖွင့်လိုက်သည်။ သူက ချင်းဟယ်ကို ပြုံးပြလိုက်ပြီး

"ဆရာမကြီး ကျူးယွဲ့ ပြောလိုက်ပါ ငါ သူတို့ကို ဟိုဘက်ကို ပို့ပေးဖို့ ကြိုးစားပါ့မယ် အချိန်ကျလာရင် ကျူးယွဲ့ က ငါနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ပဲ လိုတယ်"

​သီလရှင် ချင်းဟယ်က ခပ်တိုးတိုး ခေါင်းညိတ်သည်။

"နားလည်ပါပြီ"

​"ငါတို့ ဝိညာဉ်ဟင်းလင်းပြင် တောင်ပေါ်တက်ရမယ့် အချိန်ရောက်ပြီ"

ဟု ဖန့်ချန်က ဆိုသည်။

​ဝိညာဉ်ဟင်းလင်းပြင်တောင်

​ချင်းကျိုးဓားဂိုဏ်းမှ ကျင့်ကြံသူ ရာပေါင်းများစွာသည် မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေကြသည်။

ရုတ်တရက် သူတို့၏ ဆရာများဟု ထင်ရသော ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသည် မျက်လုံးများ ဖွင့်လိုက်ကြသည်။

အစိမ်းရောင် ဝတ်စုံဝတ်ထားသည့် ပုံရိပ်တစ်ခု သူတို့ထံ လျှောက်လာသည်ကို မြင်သောအခါ အားလုံးကို အမြန်ထခိုင်းလိုက်ကြသည်။

​လူတိုင်း၏ နှလုံးသားမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။

ဖန့်ချန် ဘာလုပ်မည်ကို သူတို့ မသိကြသော်လည်း တစ်ဖက်တွင်လည်း အနည်းငယ် မျှော်လင့်နေမိကြသည်။

အကယ်၍ ဖန့်ချန်က သူတို့ကို နည်းဗျူဟာ အချို့ သင်ပေးမည်ဆိုလျှင် သူတို့အတွက် များစွာ အကျိုးရှိမည်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူက တကယ့် ဓားကျင့်ကြံသူ တစ်ဦး မဟုတ်ပါလား သူတို့၏ ကျင့်ကြံမှု အဆင့်အတန်းဖြင့်ဆိုလျှင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့် ဆုံတွေ့ရန် အခွင့်အရေးမှာ အလွန်ရှားပါးလှသည်။

အထူးသဖြင့် ယခု သူက သူတို့၏ ဂိုဏ်းချုပ် ဖြစ်နေသည် မဟုတ်ပါလား။

အကယ်၍ သူတို့ထဲမှ တစ်ယောက်ယောက်သာ သူ၏ ဓားအမွေအနှစ်ကို ဆက်ခံခွင့်ရမည်ဆိုလျှင် တစ်ဟုန်ထိုး တိုးတက်သွားမည်မှာ အသေအချာပင်

​၎င်းအပြင် ချင်းကျိုးဓားဂိုဏ်းသို့ ဝင်ရောက်လာသော ကျင့်ကြံသူတိုင်းမှာ ဓားပညာကို ဝါသနာပါသူများ ဖြစ်ကြရာ သူတို့အတွက် ဓားကျင့်ကြံသူ ဆိုသည်မှာ ယုံကြည်ချက်၏ သင်္ကေတပင် ဖြစ်သည်။

​"ငါ မင်းတို့ကို လုပ်ခိုင်းစရာ တစ်ခုရှိတယ် အဲဒါကို ကောင်းကောင်း လုပ်နိုင်မယ်ဆိုရင် အဲဒီနေ့ကစပြီး ငါက မင်းတို့ရဲ့ တကယ့် ဂိုဏ်းချုပ် ဖြစ်လာမယ်"

ဟု ဖန့်ချန်က သူတို့အနားသို့ ချဉ်းကပ်ရင်း ဆိုလိုက်သည်။

​လူတိုင်း၏ မျက်နှာများမှာ တည်ကြည်သွားကြသည်။

​"အမိန့်ပေးပါ ဂိုဏ်းချုပ်"

ဟု ဦးဆောင်နေသော ချီသန့်စင်ခြင်း ကျင့်ကြံသူတစ်ဦးက ဆိုသည်။

​ဖန့်ချန်က စတင် ပြောကြားလိုက်သည်။

"သေချာ နားထောင်ကြ"

​လက်ဖက်ရည် တစ်ခွက်သောက်စာ အချိန်ခန့် ကုန်လွန်သွားသောအခါ လူတိုင်း၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်နေသော အရိပ်အယောင်များ ရှိနေသော်လည်း ဖန့်ချန်၏ ညွှန်ကြားချက်များကို အကောင်းဆုံး လုပ်ဆောင်ပါမည်ဟု ကတိပေးကြသည်။

​"ဂိုဏ်းက လူအားလုံး ဒီမှာ ရှိကြရဲ့လား"

ဖန့်ချန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

​ဖန့်ချန်က စိတ်ဝင်တစား မေးသည်ကို မြင်သောအခါ လူတိုင်း တိတ်တဆိတ် ဝမ်းသာသွားကြသည်။

ဖန့်ချန်က သူတို့ ဂိုဏ်းနေရာကိုပဲ မက်မောပြီး သူတို့ကို ဂရုမစိုက်မှာကို သူတို့ အကြောက်ဆုံး ဖြစ်သည်။

​"ဂိုဏ်းချုပ် သတ်လိုက်တဲ့ ဂိုဏ်းချုပ်ဟောင်းနဲ့ မဟာအကြီးအကဲကလွဲရင် အားလုံးနီးပါး ဒီမှာ ရှိပါတယ်ခင်ဗျာ ကျွန်တော်တို့ တောင်ပေါ်မှာ စောင့်ကြည့်ဖို့ တပည့်အနည်းငယ် ချန်ထားခဲ့ပြီး အခု တောင်ခြေမှာလည်း တပည့်အချို့ ရှိနေပါတယ်"

ဟု ချီသန့်စင်ခြင်း ကျင့်ကြံသူက ရိုသေစွာ ဖြေသည်။

​"မင်း နာမည် ဘယ်သူလဲ"

ဖန့်ချန်က မေးသည်။

​"ကျွန်တော် ကျန့်ယွီ ပါ ဂိုဏ်းချုပ်"

ဟု ကျန့်ယွီက အမြန်ဖြေသည်။

​"မင်းက ဂိုဏ်းမှာ ဘယ်ရာထူးလဲ"

​"ကျွန်တော်က ဒုတိယအကြီးအကဲပါ၊ တပည့်တွေကို ကျင့်ကြံမှုမှာ လမ်းညွှန်ပေးရတဲ့ တာဝန်ကို ယူထားပါတယ်"

​"ကောင်းပြီ အခုကစပြီး မင်းက မဟာအကြီးအကဲပဲ"

ဖန့်ချန်က ပြုံးလိုက်သည်။

"ငါပြောတာကို သေချာ ဂရုစိုက်ပြီး လုပ်ပါ ငါ့ကို စိတ်မပျက်စေနဲ့"

​ထိုသို့ပြောပြီးနောက် ဖန့်ချန် လှည့်ထွက်သွားတော့သည်။

​ချီသန့်စင်ခြင်း ကျင့်ကြံသူ အများအပြားသည် ကျန့်ယွီကို ဝိုင်းဝန်း ဂုဏ်ပြုကြသော်လည်း စိတ်ထဲတွင်တော့ မနာလို ဖြစ်နေကြသည်။

​"ဂုဏ်ယူပါတယ် စီနီယာကျန့်"

​ကျန့်ယွီသည် သူ၏ ဝမ်းသာမှုကို ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။

"ညီနောင်တို့ ဂိုဏ်းချုပ်ရဲ့ ညွှန်ကြားချက်တွေကို သေချာ ကြားတယ်မဟုတ်လား အချိန်ကျလာရင် သူ့ကို စိတ်မပျက်စေနဲ့"

​"ဟုတ်ကဲ့ပါ"

အားလုံးက တစ်ညီတစ်ညွတ်တည်း ပြန်ထူးလိုက်ကြသည်။

​ဝိညာဉ်ဟင်းလင်းပြင်မြို့ရှိ ခြံဝန်းတစ်ခုအတွင်း

​အမျိုးသမီးတစ်ဦး ခြံဝန်းထဲသို့ တည်ငြိမ်စွာ လျှောက်လှမ်းလာသောအခါ တပည့်များနှင့် အကြီးအကဲတို့သည် သူမကို နှုတ်ဆက်ရန် အမြန် လာကြသည်။

​"ဂိုဏ်းချုပ်"

​"အခမ်းအနားတွေ လုပ်မနေပါနဲ့တော့"

ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်က လက်ကာပြလိုက်သည်။ ထို့နောက် သူမသည် ဝန်းထဲကို ဝေ့ကြည့်ကာ

"ဆရာ ပြောတဲ့ ဂုဏ်သရေရှိ ဧည့်သည်က ဘယ်မှာလဲ"

​"ဟဲဟဲ ဒီကလေးမလေးက တော်တော် ယဉ်ကျေးတာပဲ"

ရှရွှမ်ကျီသည် ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်ရှေ့တွင် လက်သီးဆုပ်ကာ ရုတ်တရက် ပေါ်လာသည်။

​အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်ပိုင်း

​ရှရွှမ်ကျီ၏ ကျင့်ကြံမှုကို ခံစားမိလိုက်သောအခါ ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်၏ မျက်နှာရိပ်မျက်နှာကဲ ပြောင်းလဲသွားသည်။

​မဟာအကြီးအကဲက မိတ်ဆက်ပေးလိုက်သည်။

"ဒါက ညီနောင်ရှပါ"

​သူမ၏ ဆရာက သူ့ကို ညီနောင်ဟု ခေါ်သဖြင့် သူမ ဘယ်လို ခေါ်ရမှန်း မဝေခွဲနိုင် ဖြစ်သွားသည်။

"ရှ "

​ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်၏ မျက်လုံးထဲမှ တွန့်ဆုတ်မှုကို မြင်သောအခါ ရှရွှမ်ကျီက ပြုံးလိုက်သည်။

"ဘွဲ့အမည်တွေကို ဂရုမစိုက်ပါနဲ့ ငါ့ကို ကြိုက်သလို ခေါ်နိုင်ပါတယ် ကလေးမလေး ငါတို့က ကျင့်ကြံသူတွေပဲ ဒီလို အခမ်းအနားတွေကို ဂရုစိုက်နေစရာ မလိုပါဘူး"

​ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်ပြီးနောက်

"အစ်ကို ရှ ကျွန်မရဲ့ ဆရာ ပို့လိုက်တဲ့ သတင်းက သိပ်မရှင်းလို့ပါယယအသေးစိတ်လေး နည်းနည်းလောက် ရှင်းပြပေးလို့ ရမလား"

ဟု ဆိုသည်။

​ရှရွှမ်ကျီက ခေါင်းညိတ်ကာ ဖန့်ချန်ကို ဘယ်လို နှိမ်နင်းမည်ဆိုသည်ကို ရှင်းပြလိုက်သည်။

သူမအနေဖြင့် ရဲ့မိသားစု အိမ်တော်သို့သွားပြီး

"သုံးလှမ်းတစ်ခေါက် ဦးချခြင်း"

လုပ်ရမည်ဟု ကြားလိုက်ရသောအခါ သူမ မျက်နှာ ပျက်သွားသည်။

"အစ်ကို ရှ ကျွန်မက အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ရှိတယ်ဆိုတာ ရှင်မသိဘူးလား"

သူမ၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းလာပြီး

"ကျွန်မသာ အဲဒီလို လုပ်လိုက်ရင် ကျွန်မရဲ့ ဂုဏ်သိက္ခာကတော့ မြေစာပင် ဖြစ်သွားမှာပဲ"

ဟု အော်ဟောက်လိုက်သည်။

​"ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ် မင်းက အခြေခံတည်ဆောက်ခြင်း အဆင့် ဖြစ်နေတာက ဘာအရေးကြီးလို့လဲ ကျင့်ကြံခြင်းလောကဆိုတာ လျင်သူ စားစတမ်းပဲ"

"ဒီလောက်လေး မာနကိုတောင် မစွန့်လွှတ်နိုင်ရင် ပိုမြင့်တဲ့ အဆင့်ကို ဘယ်လို တက်လှမ်းမလဲ အခု ငါတို့ ရှေ့မှာ ရှိနေတာက ဓားကျင့်ကြံသူရဲ့ အမွေအနှစ်နဲ့ ရတနာသွန်းလုပ်ခြင်း အတတ်ပညာတွေလေ အဲဒါတွေထဲက တစ်ခုခုကို ရရင်တောင် ငါတို့အတွက် အများကြီး အကျိုးရှိမှာ"

ဟု ရှရွှမ်ကျီက လေးနက်သော အသံဖြင့် ဆိုလိုက်သည်။

​မဟာအကြီးအကဲက သက်ပြင်းချသည်။

"ညီနောင်ရှ ပြောတာ မှန်တယ် ဒါ့အပြင် ဒီလူက မင်းကို ဒဏ်ရာရအောင် လုပ်ခဲ့ရုံတင် မကဘူး ငါတို့ ဂိုဏ်းနေရာကိုလည်း သိမ်းပိုက်ပြီး ငါတို့ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို နင်းခြေခဲ့တာလေ"

" ဒီလို အခွင့်အရေးမျိုးက ရှားပါတယ် နောင်နှစ်ပေါင်း တစ်ရာစာ ကြီးပွားချမ်းသာဖို့အတွက် မင်းရဲ့ မာနကို တစ်ရက်လောက်တော့ ဘေးဖယ်ထားနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်"

​ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်၏ မျက်လုံးများမှာ တုန်လှုပ်နေသည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက သံသယဖြင့် မေးလိုက်သည်။

"ဒါပေမဲ့ သူ့နောက်ကွယ်မှာ ရှိတဲ့ လူတွေက ဒါဟာ ငါတို့ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းရဲ့ လက်ချက်ဆိုတာ သိသွားရင်"

​"မနက်ဖြန်ကျရင် ငါကိုယ်တိုင် ပါဝင် ဆောင်ရွက်မှာပါ မင်းတို့ဆီကို ခြေရာလက်ရာ ဘာမှ ရောက်လာစေမှာ မဟုတ်ဘူး"

ဟု ရှရွှမ်ကျီက အာမခံလိုက်သည်။

​ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်သည် သူ့ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဆရာ ပြောတာအရဆိုရင် ရှင့်ရဲ့ နောက်ခံက တကယ့်ကို ထူးခြားတယ် ဟိုပညာရှင်ရဲ့ နောက်ကွယ်က ဓားကျင့်ကြံသူရဲ့ လက်စားချေတာကို ရှင် တကယ် မကြောက်ဘူးလား"

​ရုတ်တရက် မဟာအကြီးအကဲက သူမထံသို့ ဝိညာဉ်အာရုံဖြင့် စကားအချို့ ပြောလိုက်သည်။

​ထိုစကားကို ကြားလိုက်ရသောအခါ ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်၏ မျက်နှာအမူအရာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲသွားပြီး ရှရွှမ်ကျီကို မသေချာသလို ကြည့်လိုက်သည်။

​ရှရွှမ်ကျီကလည်း သူမကို ပြန်ပြုံးပြသည်။

​အချိန်အတန်ကြာပြီးနောက် ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်က တောက်ပစွာ ပြုံးလိုက်သည်။

"အစ်ကိုရှ မနက်ဖြန်အတွက် ရှင့်ကိုပဲ အားကိုးပါရစေတော့"

​ရှရွှမ်ကျီက အားရပါးရ ရယ်မောလိုက်သည်။

"ဒါပေါ့"

​သူသည် ဓားသမားအတွက် ထွက်ပေါက်မှန်သမျှကို ပိတ်ဆို့ထားပြီးပြီဟု ယုံကြည်နေသည်။

အကယ်၍ သူသာ ဓားကျင့်ကြံသူ အမွေအနှစ်နှင့် သွန်းလုပ်ခြင်း အတတ်ကို ရခဲ့လျှင် ပြီးတော့ ဒီအခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူက ပြဿနာရှာနေတဲ့အချိန်မှာ သူက ကြားထဲကနေ အမြတ်ထုတ်နိုင်မှာပါ"

"မီးတောက် အင်ပါယာကနေ သွေးဝိညာဉ်ဆေးလုံဆယ်ချီပြီး သန့်စင်လိုက်မယ်ဆိုရင် သူ့ရဲ့ အကျိုးအမြတ်က မနည်းဘူးလေ

​လမ်းမပေါ်တွင် ရဲ့ဝမ်ရှို့နှင့် ရဲ့မိသားစုမှ လူငယ်အချို့ လမ်းလျှောက်နေကြသည်။

​ရဲ့ဝမ်ရှို့မှာ စိတ်ဓာတ်ကျပြီး လမ်းပျောက်နေသလို ခံစားနေရသည်။

စီဟန် က သူ့ကို ပြန်လာရှာပါ့မယ်လို့ ကတိပေးပြီး ထွက်သွားခဲ့သည်။

သို့သော် ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်းသည် ပင်လယ်နဂါးဂိုဏ်းကို အကြီးအကျယ် ပြစ်မှားထားသဖြင့် မကြာမီ ပြန်လာနိုင်မည် မဟုတ်ကြောင်း သူ သိသည်။

သူမကို ဘယ်တော့မှ ပြန်တွေ့ရမလဲဆိုတာ သူ မတွေးတတ်တော့ပေ။

​"ဝမ်ရှို့ စိတ်မပျက်ပါနဲ့ကွာ မင်းသာ အဲဒီစီနီယာကို နေ့တိုင်း သွားတောင်းဆိုနေရင် သူလည်း မင်းရဲ့ စိတ်ရင်းကို သိပြီး တပည့်အဖြစ် လက်ခံကောင်း လက်ခံမှာပါ"

​"ဟုတ်တယ် အဲဒီစီနီယာကသာ မင်းကို သဘောကျသွားရင် ငါတို့ ရဲ့မိသားစုလည်း ကြီးပွားတော့မှာ"

​ရဲ့မိသားစုမှ လူငယ်အချို့က သူ့ကို အားပေးစကား ပြောကြသည်။

​ရုတ်တရက် သူတို့ထဲက တစ်ယောက်က လက်ညှိုးထိုးပြရင်း အော်လိုက်သည်။

"ဟေ့ ကြည့်စမ်း ဟိုမှာ ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ် မဟုတ်လား"

​လူတိုင်း၏ မျက်လုံးများမှာ သူ ညွှန်ပြရာသို့ ရောက်သွားကြသည်။

မြင်လိုက်ရသော မြင်ကွင်းကြောင့် သူတို့ အံ့အားသင့်သွားကြသည်။

"သုံးလှမ်းတစ်ခေါက် ဦးချနေတာလား သူ ဘာလုပ်နေတာလဲ"

​ရဲ့ဝမ်ရှို့သည်လည်း ဆူညံသံကြောင့် အမြန် မော့ကြည့်လိုက်တော့သည်။

​​အခန်း ၂၇၀ - တောင်းပန်ခြင်း လက်ဖက်ရည်

​လူအများအပြားသည် လမ်းဘေးဝဲယာတွင် စီတန်းနေကြသော်လည်း လမ်းမကို ပိတ်ဆို့ရန် မဝံ့ရဲကြပေ။

အထူးသဖြင့် လမ်းလျှောက်လာသည့် ပုံရိပ်၏ ရှေ့တွင် ရပ်ရန်ကား ပို၍ပင် မဝံ့ရဲကြချေ။ ထိုသူမှာ အခြားသူမဟုတ်၊ ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်ပင် ဖြစ်သည်။

သူမသည် သုံးလှမ်းလျှောက်တိုင်း တစ်ကြိမ် ဦးချကာ အမူအရာကင်းမဲ့စွာ လျှောက်လာနေသည်။ သူမသည် မိမိအပေါ် ကျရောက်နေသော စူးစိုက်ကြည့်မှုများနှင့် တိုးတက်တိုးတက် ပြောဆိုနေသံများကို ဂရုစိုက်ပုံမရပေ။

​"ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ် ဘာလုပ်နေတာလဲ"

​"ငါထင်တာတော့ သူ တောင်းပန်နေတာလား ရဲ့မိသားစုအိမ်မှာ တည်းခိုနေတဲ့ အဲဒီဓားကျင့်ကြံသူကို တောင်းပန်နေတာ ဖြစ်ရမယ်"

​"အိုး အဲဒါပဲ ဖြစ်ရမယ် ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းကသာ အဲဒီဓားကျင့်ကြံသူကို မပြစ်မှားခဲ့ရင် သူတို့ရဲ့ ဂိုဏ်းနေရာလည်း အသိမ်းခံရမှာ မဟုတ်သလို အရောင်းခံရမှာလည်း မဟုတ်ဘူး"

​"သူက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ပီသပါပေတယ် တကယ့်ကို အရှုံးပေးနိုင်စွမ်း ရှိတာပဲ ဒီလို တောင်းပန်လိုက်တာက ဟိုစီနီယာအတွက် မျက်နှာသာ အများကြီး ပေးလိုက်တာပဲ ဒီကိစ္စပြီးရင်တော့ သူတို့တွေ ပြေလည်သွားကြလိမ့်မယ် ထင်တယ်"

​"ငါကတော့ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်း ဒီကိစ္စကြောင့် လူစုကွဲသွားမလားလို့တောင် တွေးနေတာဘယ်သူက ထင်မှာလဲ အခုလို ဖြစ်လာလိမ့်မယ်လို့"

​ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်မှာမူ ထိုပြောဆိုသံများကို မကြားချင်ယောင်ဆောင်ကာ ဆက်လက်လျှောက်လှမ်းရင်း ဦးချနေလေသည်။

​"ဝမ်ရှို့ သူတို့ပြောတာ ဟုတ်မယ်ထင်လား ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်က အဲဒီဓားကျင့်ကြံသူကို တကယ်ပဲ တောင်းပန်နေတာလား"

​"ဖြစ်နိုင်တယ်..."

ရဲ့ဝမ်ရှို့လည်း သေချာမသိပေ။

"အဲဒါမဟုတ်ရင်တော့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က သူ့ကိုယ်သူ နှိမ့်ချပြီး ဒီလိုလုပ်ရမယ့် တခြားအကြောင်းပြချက် ငါ စဉ်းစားလို့မရဘူး"

​ရဲ့မိသားစုမှ လူငယ်တစ်ဦးက ခေါင်းညိတ်သည်။

"ဟုတ်တယ် ဒါပေမဲ့ ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ် လုပ်တာ မှန်တယ်လို့ ငါထင်တယ် သူသာ ဒီလိုမလုပ်ရင် အဲဒီဓားကျင့်ကြံသူက တစ်နေ့ကျရင် သူ့ကို သတ်ပစ်မှာပဲလေ"

​မကြာမီမှာပင် ကျင့်ကြံခြင်း မိသားစုကြီး သုံးခုမှ ခေါင်းဆောင်များသည် သတင်းရရှိသဖြင့် အပြေးအလွှား ရောက်ရှိလာကြသည်။

ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ် လုပ်ဆောင်နေသည်ကို မြင်သောအခါ သူတို့ အံ့အားသင့်သွားကြသည်။

​ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်သည် အလွန်ငယ်ရွယ်သော အသက်အရွယ်ဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိခဲ့သူဖြစ်သဖြင့် အစဉ်အမြဲ အထွတ်အထိပ်တွင် ထားခြင်း ခံရသူဖြစ်သည်။

ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်းပင်လျှင် သူမကို အမြဲတမ်း ရိုသေမှု ပြသခဲ့ရသည်။

​"အကြီးအကဲ သုံးယောက်လည်း အနားမှာ ရှိနေမှာပဲ"

ဟု ရွှီမိသားစုခေါင်းဆောင်က တိုးတိုးလေး ဆိုသည်။

​ကျိုးမိသားစုခေါင်းဆောင်က ရဲ့မိသားစုခေါင်းဆောင်ကို ကြည့်ကာ

"ဒါကို စီနီယာ့ကို သွားပြောသင့်လား"

ဟု မေးလိုက်သည်။

​"ငါ သွားပြောလိုက်မယ် မင်းတို့နှစ်ယောက် ဒီမှာပဲ နေပြီး အခြေအနေကို စောင့်ကြည့်ဦး"

ဟု ပြောကာ ရဲ့မိသားစုခေါင်းဆောင်သည် ဖန့်ချန်ကို ရှာရန် လှည့်ထွက်သွားတော့သည်။

​ရွှီမိသားစုခေါင်းဆောင်နှင့် ကျိုးမိသားစုခေါင်းဆောင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

"အဲဒီမြေခွေးအိုကြီး အခွင့်အရေးကို ဘယ်လို ဆုပ်ကိုင်ရမလဲဆိုတာ ကောင်းကောင်းသိတာပဲ"

သူတို့၏ ဦးနှောက်မှာ ရဲ့မိသားစုခေါင်းဆောင်ထက် အမြဲတမ်း တစ်လှမ်းနောက်ကျနေသဖြင့် သူတို့ကိုယ်သူတို့ စိတ်တိုနေမိကြသည်။

​ရဲ့မိသားစု အိမ်တော်အတွင်း ရဲ့မိသားစုခေါင်းဆောင်သည် ဖန့်ချန် ရှိနေသည့် ဝန်းငယ်လေးသို့ အပြေးအလွှား ရောက်လာသည်။

​ဖန့်ချန်သည် သီလရှင် ချင်းဟယ်နှင့်အတူ ထိုင်နေသည်ကို မြင်သောအခါ သူက အနားသို့ အမြန်ချဉ်းကပ်ကာ

"စီနီယာ ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ် ရောက်နေပါပြီ သူက ဒီဘက်ကို လျှောက်လာရင်း သုံးလှမ်းတစ်ခေါက် ဦးချခြင်း ကို လုပ်နေပါတယ်"

ဟု တင်ပြလိုက်သည်။

​သီလရှင် ချင်းဟယ် မှင်တက်သွားသည်။ သူမ ဘာလုပ်နေတာလဲ တောင်းပန်နေတာလား

​သူမသည် ဖန့်ချန်၏ တုံ့ပြန်မှုကို သိချင်သဖြင့် လှမ်းကြည့်လိုက်သည်။

သို့သော် ဖန့်ချန်မှာ မျက်လုံးများ မှိတ်ထားကာ လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေဆဲပင်။ သူ ဘာမှ မပြောပေ။

​ဝန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ရဲ့မိသားစုခေါင်းဆောင်မှာ ချွေးပြန်လာသည်။

သူ ပြောလိုက်သည့် စကားများထဲတွင် မှားယွင်းမှု တစ်ခုခု ရှိနေသလားဟု သူ၏ စိတ်ထဲတွင် ပြန်လည် ဆန်းစစ်နေမိသည်။

​အချိန်အနည်းငယ် ကုန်လွန်သွားသောအခါ ဖန့်ချန်၏ ခန္ဓာကိုယ်ထံမှ မှိန်ဖျော့သော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုသူနှစ်ဦး မတုံ့ပြန်နိုင်မီမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒ တစ်ခုမှာ အပြင်ဘက်သို့ လှိုင်းလုံးကြီးများကဲ့သို့ ထွက်ပေါ်လာသည်။

​ဖန့်ချန်နှင့် အနီးဆုံးတွင် ရှိနေသဖြင့် ထိုသူနှစ်ဦးစလုံးသည် ဓားဆန္ဒ၏ စွမ်းအားကို အပြည့်အဝ ခံစားလိုက်ရသည်။

​ချီသန့်စင်ခြင်း အဆင့် ၁၂ တွင် ရှိနေသည့် ရဲ့မိသားစုခေါင်းဆောင်ပင်လျှင် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

သူသည် အလွန်အေးစက်သွားပြီး လက်ချောင်းလေး တစ်ချောင်းပင် မလှုပ်နိုင်တော့ပေ။

​သီလရှင် ချင်းဟယ်မှာမူ ဖန့်ချန်နှင့် ပို၍ နီးကပ်စွာ ထိုင်နေသဖြင့် ပို၍ပင် ဆိုးရွားသည်။

သူမ၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။

​ဓားဆန္ဒသည် ဝန်းပြင်ပအထိ ပျံ့နှံ့တော့မည့် ဆဲဆဲတွင် ဖန့်ချန်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်

​သူ၏ မီးခိုးဖြူရောင် မျက်ဝန်းများတွင် စူးရှသော အရောင်အဝါတစ်ခု လက်ခနဲ ဖြစ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒမှာလည်း ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။

​ဓားငယ်လေး နိုးလာခဲ့ပြီ ဖြစ်သည်။

၎င်းနိုးလာခြင်းက ဖန့်ချန်အတွက် အံ့သြစရာများစွာကို ယူဆောင်လာခဲ့သည်။

သူ၏ ဓားခန္ဓာကိုယ်သည် အရင်ကထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်လာသည်ကို သူ ခံစားလိုက်ရသည်

​ယခုအချိန်တွင် အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်ပိုင်း ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် သူသည် အေးအေးဆေးဆေး ကိုင်တွယ်နိုင်မည်ဟု ယုံကြည်ချက် ရှိနေသည်။

"ရှစ်မျက်နှာအရပ် ဓားကျမ်း"

ကိုပင် သုံးစရာ လိုလိမ့်မည် မဟုတ်ပေ။

​ဓားဆန္ဒ ပျောက်ကွယ်သွားသောအခါ ရဲ့မိသားစုခေါင်းဆောင်နှင့် သီလရှင် ချင်းဟယ်တို့အပေါ် ကျရောက်နေသည့် ဖိအားများမှာလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။

သူတို့နှစ်ဦးမှာ သက်ပြင်းချလိုက်ရင်း နဖူးမှ ချွေးများကို သုတ်လိုက်ကြသည်။

​ရဲ့မိသားစုခေါင်းဆောင်မှာ တစ်ကိုယ်လုံး တုန်ရီနေဆဲပင်။

"ဘယ်လောက် ကြောက်စရာကောင်းတဲ့ ဓားဆန္ဒလဲ"

​စောစောက သူသည် ထိုဖိအားကြောင့် နေရာမှာတင် ရိုက်ထားသလို ဖြစ်နေခဲ့သည်။

အကယ်၍ သာမန် လူသားတစ်ယောက်ကပင် ထိုအချိန်တွင် သူ့ကို သတ်ချင်ပါက သူ ဘာမှ ပြန်မလုပ်နိုင်ဘဲ သေရပေလိမ့်မည်။

​ဖန့်ချန်သည် ရဲ့မိသားစုခေါင်းဆောင်ကို ကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။

"ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်က ဒီဘက်ကို လာရင်း သုံးလှမ်းတစ်ခေါက် ဦးချနေတယ်လို့ မင်း ပြောလိုက်တာလား"

​ရဲ့မိသားစုခေါင်းဆောင်က အမြန် ခေါင်းညိတ်သည်။

"ဟုတ်ပါတယ်ခင်ဗျာ သူက စီနီယာ့ကို တောင်းပန်ဖို့ လာတာလို့ ကျွန်တော် ယူဆပါတယ်"

​ထိုစဉ်မှာပင် ရဲ့မိသားစု အိမ်တော် အပြင်ဘက်မှ ဆူညံသံများ ရုတ်တရက် ထွက်ပေါ်လာသည်။

​ဖန့်ချန် ထကာ အပြင်ဘက်သို့ လျှောက်သွားသည်။

​၎င်းကို မြင်သောအခါ ရဲ့မိသားစုခေါင်းဆောင်လည်း အနောက်မှ အမြန် လိုက်သွားတော့သည်။

​သို့သော် သီလရှင် ချင်းဟယ်မှာမူ မလှုပ်မယှက်ဘဲ ထိုင်နေဆဲဖြစ်သည်။

ဖန့်ချန်က သူမကို လူမြင်ကွင်းသို့ မထွက်ရန် မှာထားသည်။ တကယ်လို့ ရှရွှမ်ကျီက သူမကို မြင်သွားပါက ဖန့်ချန် ထိုနေရာတွင် ရှိနေသည်ကို ချက်ချင်း သိသွားနိုင်သောကြောင့် ဖြစ်သည်။

​ရဲ့မိသားစု အိမ်တော် အပြင်ဘက်။

​ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်သည် ကြာရှည်စွာ ဦးချနေခြင်းမှ မထလာဘဲ ရှိနေခြင်းက ကြည့်ရှုနေသူများ၏ တိတ်တဆိတ် ချီးကျူးမှုကို ရရှိစေသည်။

အလွန် ထူးချွန်သော ဓားကျင့်ကြံသူနှင့် ရင်ဆိုင်ရသောအခါ တစ်ချိန်က မောက်မာခဲ့သော ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်ပင်လျှင် မိမိကိုယ်ကိုယ် နှိမ့်ချကာ ခွင့်လွှတ်မှု တောင်းခံနေရပြီ ဖြစ်သည်။

​"သူက ဟိုစီနီယာ့ကို တကယ်ပဲ တောင်းပန်နေတာပဲ"

​"ဒါပေါ့ အဲဒီဓားကျင့်ကြံသူ တစ်ယောက်တည်းပဲ ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်ကို ဒီလို တောင်းပန်ခိုင်းနိုင်တာလေ"

​လူအုပ်ကြီးသည် တိုးတိုးတိုးတိုးဖြင့် ပြောဆိုနေကြသည်။

​လူအုပ်ကြီးထဲတွင် ရွှီမိသားစုနှင့် ကျိုးမိသားစုခေါင်းဆောင်များလည်း အခြေအနေကို စောင့်ကြည့်နေကြသည်။

​တစ်ချိန်တည်းမှာပင် အကြီးအကဲ သုံးဦးသည်လည်း ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်၏ နောက်သို့ ရောက်ရှိလာကြသည်။

သူတို့လည်း ဒူးထောက်လိုက်ကြသလို ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ အခြားကျင့်ကြံသူများလည်း ထပ်တူ လုပ်ဆောင်ကြသည်။

​ရှရွှမ်ကျီသည် လူအုပ်ထဲတွင် ရပ်နေရင်း ထိုမြင်ကွင်းကို ခပ်ဖွဖွ ပြုံးကာ ကြည့်နေသည်။

သူ၏ မျက်နှာမှာ တည်ငြိမ်ကာ အရာရာကို စိတ်ချလက်ချ ရှိနေသည့် ပုံစံမျိုးပင်။

​"ငါသာ ဓားကျင့်ကြံသူ တစ်ယောက် ဖြစ်လာနိုင်မယ်ဆိုရင် တစ်နေ့မှာ ငါလည်း အဲဒီစီနီယာလိုမျိုး အရှိန်အဝါ ရှိလာနိုင်မှာပဲ"

လူအုပ်ထဲရှိ ရဲ့ဝမ်ရှို့၏ စိတ်ထဲတွင် ဖန့်ချန်ကို ဆရာတင်ရန် ဆုံးဖြတ်ချက်မှာ အရင်ကထက် ပိုမို ခိုင်မာလာခဲ့သည်။

​နောက်ဆုံးတွင် အချိန်အတန်ကြာပြီးနောက် ရဲ့မိသားစု၏ တံခါးကြီးမှာ ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးပိုင်း ပညာရှင်ကို ဓားတစ်ချက်တည်းဖြင့် သတ်နိုင်ခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် ဓားကျင့်ကြံသူမှာ နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

​ဓားသမား၏ အနောက်တွင် ရဲ့မိသားစုခေါင်းဆောင် ရှိနေသည်။

သူသည် ခေါင်းငုံ့ထားပြီး နောက်လိုက်တစ်ဦးကဲ့သို့ပင် ဖြစ်နေသည်။

​"မင်း ရောက်လာတာပဲ ငါ့ကို မျက်နှာ ပြန်ပြရဲသေးတယ်ပေါ့"

ဖန့်ချန်က ခပ်ဖွဖွ ပြုံးရင်း ဆိုလိုက်သည်။

​"ကျွန်မ တောင်းပန်ဖို့ လာတာပါ အရင်က ကျွန်မရဲ့ မရည်ရွယ်ဘဲ မှားယွင်းခဲ့တဲ့ အမှားတွေအတွက် စီနီယာက ခွင့်လွှတ်ပေးပါဦး"

ဟု ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်က ဖြေလိုက်သည်။ သူမသည် သူမ၏ မျက်နှာကို ဖြည်းဖြည်းချင်း ငုံ့ထားလိုက်သည်။

​အကြီးအကဲများလည်း ထပ်တူ လုပ်ဆောင်ကြသည်။

​ဘေးမှ ကြည့်နေသူများမှာ သက်ပြင်းမချဘဲ မနေနိုင်ကြပေ။

ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှာ ထိုကဲ့သို့သော အခြေအနေမျိုးအထိ ရောက်သွားလိမ့်မည်ဟု မည်သူက ထင်မှာလဲ။

သို့သော် ဂိုဏ်းချုပ်နှင့် သူမ၏ နောက်လိုက်များ ပြသနေသည့် စိတ်ရင်းမှန်မှုကိုတော့ မည်သူမျှ မငြင်းနိုင်ပေ။

သူမကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ဤမျှအထိ နှိမ့်ချကာ တောင်းပန်နေသည်ဆိုလျှင် ကြီးလေးသော အငြိုးအတေး မဟုတ်ပါက ပြေလည်သွားနိုင်စရာ ရှိသည်။

​"မင်း တကယ် စိတ်ရင်းမှန်တယ်ဆိုတာ ငါတွေ့ပါတယ် ဒါကြောင့် အရင်က ဖြစ်ခဲ့တာတွေကို ငါ ဘေးဖယ်ထားလိုက်ပါ့မယ် ထကြတော့"

ဟု ဖန့်ချန်က ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။

​အကြီးအကဲများမှာ စိတ်ထဲတွင် ဝမ်းသာသွားကြသည်။

တွန့်ဆုတ်နေခြင်း မရှိဘဲ သူတို့ထဲမှ တစ်ယောက်က လက်ဖက်ရည်ခွက် တစ်ခွက်ကို ထုတ်လိုက်သည်။

လက်ဖက်ရည် ဖြည့်လိုက်ပြီးနောက် သူတို့၏ ဂိုဏ်းချုပ်ထံသို့ ကမ်းပေးလိုက်သည်။

​ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်သည် ဖြည်းဖြည်းချင်း ထလာပြီး လက်ဖက်ရည်ခွက်ကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ဆက်သလိုက်သည်။

"ကျွန်မရဲ့ စိတ်ရင်းမှန်မှုကို ဖော်ပြတဲ့အနေနဲ့ ဒီလက်ဖက်ရည် တစ်ခွက်ကို သောက်ပေးပါ စီနီယာ"

​မိသားစုခေါင်းဆောင်များ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

​သူတို့၏ အမူအရာများမှာ တစ်မျိုးကြီး ဖြစ်နေသည်။

အကယ်၍ ဖန့်ချန်သာ ထိုလက်ဖက်ရည်ကို မသောက်ပါက လူအုပ်ကြီး၏ အမြင်တွင် သူသည် အနည်းငယ် ကြောက်ရွံ့နေသလို ဖြစ်သွားပေလိမ့်မည်။

၎င်းက ဓားကျင့်ကြံသူ တစ်ဦး၏ ဂုဏ်သိက္ခာနှင့် မကိုက်ညီပေ။

သို့သော် အကယ်၍ သူသာ သောက်လိုက်မည်ဆိုလျှင်... အကယ်၍ အဲဒါက အဆိပ်ဖြစ်နေရင်ကော

​ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာလည်း ထိုဖြစ်နိုင်ခြေကို တွေးမိပုံရပြီး သူတို့၏ အမူအရာများမှာလည်း ထူးဆန်းသွားကြတော့သည်။

​

​

All Chapters