အခန်း (၂၆၅)
Vol. 25 Ch. 265
ဒါဟာ တကယ့်အမှားအမှန်ကို ပြောင်းပြန်လှန်ပစ်လိုက်တာပါပဲ။
ဒါပေမဲ့ ဒါကို ငြင်းဆန်ဖို့ နည်းလမ်းမရှိပါဘူး။ ဘာလို့လဲဆိုတော့ သက်သေအထောက်အထား မရှိလို့ပါ။
"..."
ချန်ဆန်းရှီ ရဲ့ ရင်ထဲမှာတော့ အမည်မဖော်နိုင်တဲ့ ဒေါသတွေ တောက်လောင်နေပါတယ်။
တစ်ယောက်က မဟာသွေးကြောအဆင့် ရောက်နေတဲ့ ရင်းနှီးတဲ့ မဟာမိတ်ရဲ့ အကာအကွယ်ကို ရထားပြီး၊ နောက်တစ်ယောက်က နက်နဲပုံရိပ်အဆင့် ရှိတဲ့ စစ်သူကြီး ဖြစ်နေတာကိုး...
သူဟာ အခုထိ အင်အား အရမ်းနည်းနေပါသေးတယ်။
အကယ်၍ တစ်စုံတစ်ယောက်မှာ အရာအားလုံးကို သန့်ရှင်းအောင် ရှင်းလင်းပစ်နိုင်တဲ့ ခွန်အားသာ လုံလုံလောက်လောက် ရှိမယ်ဆိုရင် "ချောင်" ဆိုတဲ့ မျိုးရိုးက ဘာအရေးပါတော့မှာလဲ။
အရင်တုန်းကတော့ သူ့မှာ အစွမ်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ ရှေ့ဆက်ပြီးတော့ သူ ကြိုးစားကြည့်ရပါမယ်။
"မိန်းမစိုးဟောက်... ကျွန်တော် ခင်ဗျားနဲ့ စကားခဏလောက် ပြောလို့ ရမလား"
ချန်ဆန်းရှီက ဖိတ်ခေါ်တဲ့ အမူအရာ ပြလိုက်ပါတယ်။
မိန်းမစိုးဟောက်က ငြင်းဆိုခြင်းမရှိပါဘူး။ ဒါပေမဲ့ သူတို့ လမ်းလျှောက်နေတုန်းမှာပဲ သူက"ဗိုလ်ချုပ်ချန်... ခင်ဗျားက ဒုဗိုလ်ချုပ်ယွီရဲ့ ကိစ္စကို ဆက်ပြောချင်သေးတာဆိုရင်တော့ မပြောပါနဲ့တော့..." လို့ ဆိုပါတယ်။
"ဒါကို ကျွန်တော့်ကိုယ်စား ဧကရာဇ်မင်းမြတ်ဆီကို တင်ပြပေးဖို့ မိန်းမစိုးဟောက်ကို အကူအညီတောင်းချင်လို့ပါ"
ချန်ဆန်းရှီက ရွှေပြားလေးတွေလို ဖြစ်နေတဲ့ စာအုပ်ငယ်လေး အချို့ကို ထုတ်ပေးလိုက်ပါတယ်။
"ဒါ... ဒါက ကောင်းကင်ဘုံကျမ်း လား"
မိန်းမစိုးဟောက်က စွဲလန်းသလို ကြည့်ရင်း "ငါတို့လည်း ဒီကိစ္စကို သီးသန့် မေးမလို့ပဲ၊ ဒါပေမဲ့ ဗိုလ်ချုပ်ချန်ကပဲ အရင်ဆုံး တင်ပြလာတာကိုး" လို့ ပြောပါတယ်။
ချန်ဆန်းရှီက သူ ကြိုတင်ပြင်ဆင်ထားတဲ့ အကြောင်းပြချက်ကိုပဲ ပြောလိုက်တယ် "ဧကရာဇ်မင်းမြတ်ရဲ့ ကျေးဇူးကို ကျွန်တော် တစ်ခဏလေးတောင် မမေ့ပါဘူး။ စစ်ပွဲမှာ ရရှိခဲ့တဲ့ အရာကို ကျွန်တော် တစ်ယောက်တည်း ဘယ်လိုလုပ် သိမ်းထားဝံ့မှာလဲ"
"ကောင်းတယ်၊ တကယ့်ကို ကောင်းတယ်။ ဗိုလ်ချုပ်ချန်က တကယ့်ကို သစ္စာရှိတဲ့ အမတ်ကြီး၊ စစ်သူကြီးကောင်း တစ်ယောက်ပါပဲ။ မဟုတ်ဘူး... သစ္စာရှိတဲ့ နတ်ဘုရားစစ်သူကြီးပါပဲ"
မိန်းမဆိုးဟောက်က စမ်းကြည့်တဲ့အနေနဲ့ မေးလိုက်တယ် "ဗိုလ်ချုပ်ချန်... ခင်ဗျားကော ဒီအရာကို လေ့လာကြည့်ဖူးလား"
"အမှန်အတိုင်း ပြောရရင် ကျွန်တော် ရက်အနည်းငယ်လောက် လေ့လာကြည့်ပါသေးတယ်။ ဒါပေမဲ့ အပေါ်က စာသားတွေက အင်းစာတွေလိုပဲ၊ တကယ့်ကို နားမလည်နိုင်အောင် ဖြစ်နေတာ။ ဒါက တကယ့်ကို 'ကောင်းကင်ဘုံကျမ်း' ပါပဲ"
ချန်ဆန်းရှီဟာ ဒီအရာကို သူ့လက်ထဲမှာ လပေါင်းများစွာ ကိုင်ထားခဲ့တာဖြစ်ပြီး သူ မလေ့လာဘူးလို့ ပြောရင် လူမိုက်ပဲ ယုံပါလိမ့်မယ်။
မြို့တော်က စစ်နတ်ဘုရားကျန်းယွမ်ပေါ်နဲ့ တွေ့ပြီးတဲ့နောက် ဒါကို သူ့ကို ပေးဖို့ စဉ်းစားခဲ့ပေမဲ့ နောက်ဆုံးတော့ ပြန်ရောက်တဲ့အခါ မိန်းမစိုးအိုကြီးကို ပေးတာက ပိုကောင်းတယ်လို့ ယူဆလိုက်ပါတယ်။ ဒါက ဒီလူဟာ ဧကရာဇ်အိုကြီးရဲ့ အယုံကြည်ရဆုံး လူယုံတွေထဲက တစ်ယောက် ဖြစ်နေတာကြောင့်ပါ။
သူက ခေတ္တရပ်ပြီး"ဖြစ်နိုင်တာကတော့ အခု ဧကရာဇ်မင်းမြတ် တစ်ယောက်တည်းပဲ ဒါကို နားလည်နိုင်လိမ့်မယ် ထင်တယ်" လို့ ဆက်ပြောလိုက်ပါတယ်။
"ဒီအရာကို ငါတို့က ခေတ္တ ထိန်းသိမ်းထားပါ့မယ်၊ နောက်မှ နန်းတော်က လူတွေ လာယူကြလိမ့်မယ်"
မိန်းမစိုးဟောက်က"အကယ်၍ ဒါက တကယ့် ကောင်းကင်ဘုံကျမ်းသာ ဖြစ်မယ်ဆိုရင် ဗိုလ်ချုပ်ချန်က အောင်မြင်မှု့အကြီးကြီး ရတော့မှာပဲ တကယ့်ကို ထူးခြားတာပဲ၊ ခင်ဗျား စစ်တပ်ထဲ ရောက်တာ မကြာသေးပေမဲ့ နန်းတွင်းအတွက် အောင်မြင်မှု့တွေ အထပ်ထပ် လုပ်ပေးနေတာ။ ဒါကငါတို့ရဲ့ ဒါရှန်နိုင်ငံတော်ကြီးအတွက် ကောင်းကင်ဘုံက ပေးတဲ့ ကောင်းချီးပဲ၊ ငါတို့နိုင်ငံကြီး နှစ်ပေါင်း သောင်းနဲ့ချီပြီး စည်ပင်ထွန်းကားတော့မယ့် နိမိတ်ပဲ" လို့ ချီးကျူးပါတယ်။
"မြှောက်ပင့်လွန်းရာ ကျပါတယ်၊ ကျွန်တော်က သာမန် အမှုထမ်းတစ်
ယောက်ပါ" လို့ ချန်ဆန်းရှီက ပြောလိုက်ပြီး"ဒါနဲ့ မိန်းမစိုးဟောက်... ဧကရာဇ်မင်းမြတ်က ကျွန်တော့်ကို ဘာလို့ မြို့တော်ကို ခေါ်ယူချင်ရတာလဲဆိုတာလေး နည်းနည်းလောက် အရိပ်အမြွက် ပြောပြလို့ ရမလား"
"ဘာရှိဦးမှာလဲ... တကယ့်ကို ကောင်းတဲ့ ကိစ္စကြီးပေါ့"
မိန်းမစိုးဟောက်က တိုးတိုးလေး ပြောပြတယ်"ဗိုလ်ချုပ်ချန် မသိတာပါ။ ဧကရာဇ်မင်းမြတ်က ခင်ဗျားကို အရမ်းသဘောကျနေတာ၊ အရပ်ဘက် စစ်ဘက် အရာရှိတွေ ရှေ့မှာတောင် ခင်ဗျားကို ချီးကျူးနေတာ။ ခင်ဗျားကတော့ တကယ့်ကို ဂုဏ်ကျက်သရေရှိတဲ့ လမ်းကြောင်းပေါ် ရောက်နေပြီ"
ချန်ဆန်းရှီက "ဒါဆိုရင် ဘယ်တော့လောက် သွားရမလဲဆိုတာ ဧကရာဇ်က မိန့်ကြားတာ ရှိလား"လို့ မေးပါတယ်။
"အဲဒါတော့ အတည်မဖြစ်သေးဘူး"
မိန်းမစိုးဟောက်က သက်ပြင်းချရင်း"မကြာသေးခင် နှစ်တွေမှာ နေရာအနှံ့ ဆူပူသောင်းကျန်းမှုတွေ ရှိနေတော့ ဧကရာဇ်က သူ့ရဲ့ တရားကျင့်ကြံတဲ့ အချိန်တွေကိုတောင် လျှော့ချနေရတယ်။ သူ အချိန်ရတာနဲ့ ခင်ဗျားကို သေချာပေါက် ခေါ်ယူမှာပါ" လို့ ဖြေပါတယ်။
"ကျေးဇူးတင်ပါတယ် မိန်းမစိုးဟောက်"
ချန်ဆန်းရှီက ငွေစက္ကူတစ်ရွက် ထုတ်ပြီး ကမ်းပေးလိုက်ပါတယ်။
"ဗိုလ်ချုပ်ချန်... ငါ ဒါကို လက်မခံပါရစေနဲ့"
မိန်းမစိုးဟောက်က ရယ်ရင်း ငြင်းဆန်လိုက်တယ် "ငါတို့က မင်းဆီက ငွေတွေကို ထပ်ပြီး မယူဝံ့တော့ပါဘူး။ အကယ်၍ မင်းက တကယ်ပဲ ကျေးဇူးတုံ့ပြန်ချင်တယ်ဆိုရင် နောင်တစ်ချိန်မှာ ငါတို့ကို စောင့်ရှောက်ပေးပါ။ အဲဒါဆိုရင်ပဲ ကျေးဇူးတင်လှပါပြီ"
"ဒါဆိုရင်တော့ ကျွန်တော့်ကိုခွင့်ပြုပါဦး"
ချန်ဆန်းရှီက ဂါရဝပြုပြီး ထွက်လာခဲ့ပါတယ်။
ယွီစုန်ရဲ့ ကိစ္စကို ဒီမိန်းမစိုးနဲ့ ပြောနေလို့ အပိုပဲ ဖြစ်မှာပါ။ အိမ်ပြန်ရောက်ရင် အသနားခံစာ ရေးပြီး ကံစမ်းကြည့်တာက ပိုကောင်းပါလိမ့်မယ်...
ကောင်းကင်ဘုံကျမ်းနဲ့ ပတ်သက်ရင်တော့... သူတို့က သူ့ကို သံသယဖြစ်ဖို့ ပိုတောင် မဖြစ်နိုင်ပါဘူး။
ဘာလို့လဲဆိုတော့ အဲဒီကျမ်းက တကယ် အစစ်ဖြစ်နေလို့ပါ။ အကယ်၍ ဧကရာဇ်အိုကြီးက တကယ်ပဲ မသေမျိုးပညာကို ကျင့်ကြံနေတာဆိုရင် တစ်ချက်ကြည့်လိုက်တာနဲ့ အစစ်မှန်း သိပါလိမ့်မယ်။ ဒါပေမဲ့ ဒါက တစ်ဝက်ပဲ မှန်တာပါ။ ဘာလို့လဲဆိုတော့ ကျန်တဲ့ တစ်ဝက်က သူ့လက်ထဲမှာ ရှိနေသေးတာကိုး။
ဒါကိုတော့ လျန်ကျိနျန်ကလွဲရင် တခြား 'မသေမျိုး' တွေပဲ သိနိုင်လိမ့်မယ်။
ဒါနဲ့ ပတ်သက်ပြီး...
ချန်ဆန်းရှီ စတင် စပ်စုချင်လာပါတယ်။
လျန်ကျိနျန်က တကယ်ပဲ မသေမျိုးတစ်ယောက်နဲ့ တွေ့ခဲ့တာလား။
ဘယ်နေရာမှာ တွေ့ခဲ့တာလဲ။
သူက တစ်ဝက်ပဲ ယုံကြည်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ စတုတ္ထစီနီယာအစ်ကို ပြောခဲ့တဲ့ သူတို့ရဲ့ ဆရာကလည်း မသေမျိုးနဲ့ တွေ့ခဲ့ဖူးတယ်ဆိုတာကို ပြန်စဉ်းစားကြည့်ရင် ဒါဟာ တကယ် ဖြစ်နိုင်ခြေ အများကြီး ရှိပါတယ်။
အကယ်၍ ဒါက အမှန်ဆိုရင်...
မသေမျိုးတွေက ခဏခဏ ဆင်းလာနေကြတာလား။
သူတို့ ဘာတွေ လုပ်ဖို့ ကြိုးစားနေတာလဲ။
"ဆရာသာ ဒီမှာ ရှိရင် ကောင်းမှာပဲ"
"ဒါဆိုရင် လျန်ကျိနျန်ရဲ့ ကိစ္စကို သေသေချာချာ မေးကြည့်လို့ ရတာပေါ့"
"ထားလိုက်ပါတော့... လောလောဆယ်တော့ လေ့ကျင့်တာကိုပဲ အာရုံစိုက်တာ ကောင်းပါတယ်"
ချန်ဆန်းရှီက သူ့ရဲ့ အတွေးလွန်နေတာတွေကို ရပ်လိုက်ပါတယ်။
...
ချန်ဆန်းရှီ ထွက်သွားတာကို ကြည့်ပြီးနောက် မိန်းမစိုးဟောက်က ယန်ချန်
ချင်းကို ရှာပြီး ကောင်းကင်ဘုံကျမ်းကို ထုတ်ပြလိုက်ပါတယ်။
"သခင်လေးယန်... သေသေချာချာ ကြည့်ပေးပါဦး၊ ဒါက အရင်တုန်းက လျန်ကျိရဲ့ လက်ထဲမှာ ရှိခဲ့တဲ့ ပစ္စည်းပဲလား"
"မှားစရာ မရှိပါဘူး"
ယန်ချန်ချင်းက ယုံကြည်မှုရှိရှိနဲ့ အတည်ပြုလိုက်တယ် "ဒါ အစစ်ပါ"
"ကောင်းပြီလေ"
မိန်းမစိုးဟောက်က ပြုံးရင်း "ကြည့်ရတာ ဗိုလ်ချုပ်ချန်က တကယ့်ကို အကြံအစည် မရှိတာပဲ~"
...
နောက်တစ်နေ့မှာတော့။
စစ်ရေးကိစ္စတွေကို ကိုင်တွယ်ပြီးနောက် ချန်ဆန်းရှီက ညီအစ်ကို အချို့ကို ခေါ်ပြီး မြို့ထဲကို ဝင်လာပါတယ်။
လမ်းတစ်လျှောက်လုံးမှာ အိမ်အတော်များများမှာ အဖြူရောင် မီးအိမ်တွေ ထွန်းထားကြပြီး လမ်းမတွေပေါ်မှာလည်း နာရေးသုံး ငွေစက္ကူတွေ ပြန့်ကျဲနေပါတယ်။
သူတို့ကခြံဝင်းသုံးခုပါတဲ့ အိမ်ကြီးတစ်အိမ် ရှေ့မှာ ရပ်လိုက်ကြပါတယ်။ အထဲကို မဝင်ခင်ကတည်းက အထဲက ငိုကြွေးသံတွေကို ကြားနေရပါတယ်။
ခြံဝင်းရဲ့ အလယ်မှာတော့ အခေါင်းတစ်ခု ရှိနေပြီး နာရေးဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေက ဝန်းရံထားကြပါတယ်။ ရံဖန်ရံခါမှာတော့ လျန်ကျိုးစစ်တပ်က ရင်းနှီးတဲ့ မျက်နှာတွေ လာရောက် ဂါရဝပြုတာကို တွေ့ရပါတယ်။
ချန်ဆန်းရှီက ခြံထဲကို ဝင်သွားပြီး မီးဖိုဘေးမှာ တိတ်တဆိတ် ထိုင်ကာ ငွေစက္ကူတွေကို မီးရှို့ပေးလိုက်ပါတယ်။ လုရှုဟွာနဲ့ ရှဲ့စီရှုတို့ကလည်း သူ့နောက်ကနေ လိုက်လုပ်ကြပါတယ်။
"ရှင်က ဗိုလ်ချုပ်ချန်ဆန်းရှီ မဟုတ်လား"
အမျိုးသမီးတစ်ယောက်က လှမ်းမေးပါတယ်။ သူက ဟုတ်ပါတယ်လို့ ဝန်ခံလိုက်တဲ့အခါမှာတော့ သူမက သူမရဲ့ မိသားစုတစ်ခုလုံးကို ခေါ်ပြီး သူ့ကို လေးလေးနက်နက် ဂါရဝပြုပါတယ်။
သူမကတော့ ယွီစုန်ရဲ့ ဇနီးဖြစ်သူ အိမ်တော်သခင်မစုန်ပါပဲ။
"သခင်မ... စိတ်မကောင်းပါဘူး"
ချန်ဆန်းရှီက လူတွေကို နှစ်သိမ့်စကား ပြောရာမှာ သိပ်မတော်ပါဘူး။ သူက "နောင်တစ်ချိန်မှာ လျန်ကျိုးမြို့ထဲမှာ တစ်ခုခု အကူအညီ လိုအပ်တာ ရှိရင် ကျွန်တော့်ဆီကို လူလွှတ်ပြီး ရှာလိုက်ပါ၊ ကျွန်တော် ချင်ချွမ်လမ်းမှာ နေပါတယ်" လို့ပဲ ပြောလိုက်ပါတယ်။
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်"
ရှဲ့စီရှုကလည်း ဝင်ပြောတယ် "ကျွန်တော်တို့ ကူညီနိုင်တာ မှန်သမျှ အကုန် ကူညီပေးပါ့မယ်"
"ဟုတ်တယ်"
လုရှုဟွာကလည်း ထပ်ပြောတယ် "ထုံရွှမ်းဓားဂိုဏ်း အနေနဲ့လည်း သခင်မကို အမြဲတမ်း အမြင့်ဆုံး ဂုဏ်ပြုမှုတွေနဲ့ ဆက်ဆံသွားမှာပါ"
"ရှင်တို့အားလုံးရဲ့ စိတ်ကောင်းစေတနာတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ တကယ်ပဲ ဝမ်းသာပါတယ်" အိမ်တေယ်သခင်မစုန်က ပုဝါနဲ့ မျက်ရည်ကို သုတ်ရင်း "ပြီးတော့ ကျွန်မ ခင်ပွန်းအတွက် အရမ်းကြီး ဝမ်းမနည်းကြပါနဲ့တော့။ ကျွန်မ ပြောရမှာတော့ မသင့်တော်ပေမဲ့... သူ့အတွက်ကတော့ စစ်မြေပြင်မှာ အခုလို သေဆုံးသွားရတာက တကယ့်ကို ဂုဏ်သိက္ခာရှိတဲ့ သေဆုံးခြင်းပါပဲ" လို့ ပြောပါတယ်။