အခန်း (၂၇၃)
Vol. 25 Ch. 273
ချိုးမင်ကျိ အသက်ရှိစဉ်ကတည်းက သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့တာပါ။ ဒီတော့ ချိုးမင်ကျိီဟာ အခု ရုပ်ဖျက်ထားတဲ့ လူနှစ်ယောက်ဆီကို သတင်းတွေ ပေးပို့ထားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
မိစ္စာဂိုဏ်း။
အခုအချိန်အထိ ချန်ဆန်းရှီက စိတ်ဝိညာဉ်အားဖြည့်ဆေးရည်ထဲမှာ ဘာတွေ ထည့်ထားလဲဆိုတာကို သေသေချာချာ မသိသေးပါဘူး။ ခရမ်းရောင်ချီစုပ်ယူတဲ့ကိစ္စနဲ့ အဲဒီစွပ်ပြုတ်ကိစ္စက အုပ်စုနှစ်စုရဲ့ သီးခြား လုပ်ဆောင်ချက်တွေလား ဆိုတာလည်း သူ ဝေခွဲမရသေးပါဘူး။ ချိုးမင်ကျိီနဲ့ သူ့အုပ်စုဟာ အပေါ်ယံမှာ အမွေးတိုင်မီးနတ်ဘုရားဂိုဏ်းရဲ့ နောက်လိုက်တွေလို ဟန်ဆောင်ထားပြီး တကယ်တော့ တခြား အင်အားစုတွေနဲ့ လျှို့ဝှက် ပူးပေါင်းနေတဲ့ သူလျှိုနှစ်ဖက်စားတွေ ဖြစ်နေမလား..
ဘာပဲဖြစ်ဖြစ် ဒီနေ့ခရီးစဉ်ကတော့ တန်ပါတယ်။
အနည်းဆုံးတော့ ဘယ်သူတွေက သူ့ကို စောင့်ကြည့်နေလဲဆိုတာ သူ သိသွားပြီဖြစ်လို့ အချိန်မရွေး နိုးနိုးကြားကြား ရှိနေနိုင်တော့မှာပါ။ အမှောင်ထဲမှာနေပြီး ရန်သူလာမှ သိရမယ့်အစား အခုတော့ သူကပဲ အသာစီးရပြီး ကြိုတင်ပြင်ဆင်ခွင့် ရသွားပါပြီ။
ဒါပေမဲ့ သူ့ရဲ့ အင်အားကိုတော့ အမြန်ဆုံး ထပ်မြှင့်ဖို့ လိုအပ်နေပါသေးတယ်။ ဟွာကျင်းအဆင့်ဆိုတာက လုံလောက်တဲ့ အနေအထား မဟုတ်သေးပါဘူး။ ပြီးတော့ သူ့ရဲ့ လေးအသစ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း အမြန်ဆုံး စုဆောင်းရပါမယ်။ ထူးဆန်းသားရဲကြီးတွေကို အမဲလိုက်ပြီး ဝိညာဉ်သွေးကြောသစ်သားကို ရှာနိုင်မယ်ဆိုရင်တော့ သူ့ရဲ့ နဂါးစစ်
စွမ်းအား ကို ခံနိုင်ရည်ရှိမယ့် ပေါင်တစ်သောင်းကျော်လေးကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
"အရှင်... ကျွန်တော် ဘာမှ ရှာမတွေ့ပါဘူး"
"ကျွန်တော့်ဘက်မှာလည်း ထူးခြားတာ မရှိပါဘူး"
"..."
မကြာခင်မှာပဲ ရှာဖွေရေးတွေ ပြီးဆုံးသွားပါတယ်။
"ရှောင်ယွမ်ကျိီ"
လီချန်ကျုံးက တည်ငြိမ်တဲ့ အသံနဲ့ "ထူးခြားတာ တစ်ခုခုတွေ့ရင် ငါတို့ကို ချက်ချင်း အကြောင်းကြားဖို့ မမေ့နဲ့ဦး"လို့ ပြောလိုက်ပါတယ်။
"စိတ်ချပါ အရှင်... စိတ်ချပါ"
ရှောင်ယွမ်ကျိီက တာအိုထုံးစံအတိုင်း လက်အုပ်ချီ နှုတ်ဆက်ရင်း "အရာရှိတို့ကို ကျွန်တော် ပြန်လိုက်ပို့ပါရစေ" လို့ ယဉ်ယဉ်ကျေးကျေး ဆိုပါတယ်။
စစ်သည်တွေ ပြန်သွားတဲ့အခါမှာတော့...
"ခေါင်းဆောင်..."
အသက်လတ်ပိုင်း တာအိုဘုန်းကြီးက အသံတိုးတိုးနဲ့ ပြောလိုက်တယ် "ကျွန်တော် စုံစမ်းကြည့်ပြီးပြီ၊ ဒါက မင်းသားချောင်ဖန်ရဲ့ လက်ချက်မဟုတ်ဘူး။ သူက ကျွန်တော်တို့ နတ်ဘုရားဂိုဏ်းအကြောင်း ဘာမှမသိဘူး"
"ငါ ထင်ထားတဲ့အတိုင်းပဲ"
ရှောင်ယွမ်ကျိီရဲ့ မျက်လုံးတွေက မှောင်မှောင်မှိုင်းမှိုင်း ဖြစ်သွားတယ်"ဒါပေမဲ့ ဒီလို အရေးကြီးတဲ့ အချိန်မှာ တစ်ယောက်ယောက်က ပြဿနာလာရှာနေတယ်၊ ဘယ်သူလဲဆိုတာ စုံစမ်းဖို့ လမ်းစမရှိတာက ပိုဆိုးတယ်။ ပြီးတော့ အဲဒီလူက အချိန်တိုအတွင်းမှာ ခရမ်းရောင်ချီတွေကို အများကြီး စုပ်ယူသွားနိုင်တာကြည့်ရင် သူ့ရဲ့ နောက်ခံက မသေးဘူး"
"ဒါဆို ခေါင်းဆောင်... ကျွန်တော်တို့ ဆက်ပြီး စုံစမ်းကြဦးမလား"
"မလိုတော့ဘူး၊ ရပ်လိုက်တော့။ အမွှေးတိုင်အိုး တစ်လုံးစာလောက် ဆုံးရှုံးသွားတာက ဘာမှ မဟုတ်ပါဘူး"
"မိစ္စာဂိုဏ်းကိစ္စရောအဲဒါကိုလည်း ဒီအတိုင်း ထားလိုက်တော့မှာလားချိုးမင်ကျိီတို့ အုပ်စုက တရားဟောပွဲတွေ ခဏခဏ လုပ်နေတာ ဘာရည်ရွယ်ချက်နဲ့လဲဆိုတာ ကျွန်တော်တို့ မသိရသေးဘူး"
"မေ့ထားလိုက်ပါ အဲဒါကို နောက်မှ ကိုင်တွယ်မယ်။ အခု ငါတို့ရဲ့ အဓိက တာဝန်က မြို့တော်က ကိစ္စတွေကို ဖြေရှင်းဖို့ပဲ။ နောက်ရက်အနည်းငယ်အတွင်းမှာ ငါတို့ မြို့တော်ကို သွားကြမယ်"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်... ကျွန်တော် နားလည်ပါပြီ"
"..."
...
"ငါ့နောက်ကို လိုက်နေတာလား"
ချန်ဆန်းရှီကသူ့နောက်မှာ လှုပ်ရှားမှုတစ်ခု ရှိနေတာကို သတိထားမိလိုက်ပါတယ်။
စီယွင်ဘုရားကျောင်းက တာအိုဘုန်းကြီးငယ် နှစ်ယောက်ပါ။ ဒါပေမဲ့ သူတို့က အဆုံးအထိ လိုက်မလာဘဲ ချန်စံအိမ်အနား ရောက်တော့မှ ပြန်ဆုတ်သွားကြပါတယ်။ မြို့ထဲမှာတော့ သူတို့ လက်စွမ်းပြဖို့ မဝံ့ရဲကြတာ သိသာပါတယ်။
"တောင်ပေါ်ကိုသွားဖို့က ခရီးက ရက်တော်တော်ကြာမယ်၊ မိသားစုကို ဒီမှာပဲ ထားခဲ့ရမှာဆိုတော့ စိတ်မချနိုင်ဘူး ဖြစ်နေတယ်"
"ကံကောင်းတာက နဝမစီနီယာအမဆီက စာရောက်လာတယ်။ ယန်ပြည်နယ်က စစ်တပ်ကိစ္စတွေ ပြီးသွားပြီဆိုတော့ သူ မကြာခင် လျန်ကျိုးကို ပြန်လာတော့မယ်တဲ့။ သူ့ကိုပဲ အိမ်မှာ ကူစောင့်ပေးဖို့ ပြောရရင် အကောင်းဆုံးပဲ"
"သခင်ကြီး"
"ဖေဖေ"
"မွေးစားအဖေ"
ချန်ဆန်းရှီ အိမ်ထဲဝင်လိုက်တာနဲ့ ခြံဝန်းတစ်ခုလုံး ဆူညံသွားပါတော့တယ်။ စီချင်နဲ့ မိုဟွာတို့အပြင် ဆွန်မောင်နှမတွေလည်း ရောက်နေကြသလို၊ ယွမ်ရှီးလေးနဲ့ ကလေးချီထားတဲ့ ထုံမိသားစုတို့လည်း ရှိနေကြပါတယ်။
"ယွီဟွမ်လေး ရောက်နေတာလား၊ လာ... မွေးစားအဖေချီပါရစေဦး"
ချန်ဆန်းရှီက အသက်တစ်နှစ်အရွယ် မိန်းကလေးငယ်လေးကို ချီလိုက်ပါတယ်။ ဒီကလေးမလေး စကားစသင်ခါစမှာ ပထမဆုံး ပြောတဲ့စကားက မွေးစားအဖေ တဲ့။ ထုံမိသားစုက ဘယ်လိုတွေ သင်ပေးထားလဲ မသိပါဘူး။
ညဘက်မှာတော့ လူတွေအများကြီးနဲ့ စားပွဲဝိုင်းကြီးမှာ ပျော်ပျော်ပါးပါး စားသောက်ကြပါတယ်။ အိမ်မှာက အမျိုးသမီးတွေချည်းပဲ ဖြစ်တာကြောင့် အခက်အခဲမရှိဘဲ အားလုံး အတူတူ အိပ်ကြပါတယ်။ ဒါကြောင့် ချန်ဆန်းရှီက ကလေးကိစ္စတွေကို ပူစရာမလိုတော့ဘဲ နောက်ဖေးခြံဝန်းမှာ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်နိုင်တော့မှာပါ။
မဟာသွေးကြောအဆင့်..
နာမည်အတိုင်းပါပဲ၊ ဒီအဆင့်က ခန္ဓာကိုယ်ရဲ့ အပ်စိုက်မှတ်တွေကို ဖွင့်ထုတ်ရတာပါ။ သွေးကြောတွေထဲမှာ သွေးတွေ စီးဆင်းနေသလိုမျိုး စွမ်းအားတွေကို သွေးကြောတွေထဲမှာ သိုလှောင်ထားရပါတယ်။ ဟွာကျင်းအဆင့်မှာလို လှုပ်ရှားပြီးမှ သွေးနှင့်ချီကို နှိုးဆွနေစရာ မလိုတော့ပါဘူး။ ပြီးတော့ ဒီအဆင့်က နက်နဲပုံရိပ်အဆင့်အတွက် အုတ်မြစ်ချပေးတဲ့ အဆင့်လည်း ဖြစ်ပါတယ်။ သွေးကြောတွေက စွမ်းအားတွေနဲ့ ကျင့်သားရနေမှသာ ဂန်းချီကို ထုတ်ဖော်နိုင်မှာ ဖြစ်ပါတယ်။
မဟာသွေးကြောအဆင့်ရဲ့ ကိုယ်ဟန်လေ့ကျင့်ခန်းတွေက အရမ်းကို ရှုပ်ထွေးလှပါတယ်။ အသက်ရှူနည်းကလည်း ဟောင်ရန် အသက်ရှူနည်း ကနေ တာအိုရှာဖွေအသက်ရှူနည်းကို ပြောင်းလဲသွားပါတယ်။
ဒါပေမဲ့ ချန်ဆန်းရှီအတွက်ကတော့ ဒါတွေက အခက်အခဲ မဟုတ်ပါဘူး။ နှစ်ရက်အတွင်းမှာတင် သူဟာ မဟာသွေးကြောအဆင့်ရဲ့ နည်းစနစ်တွေကို ဦးနှောက်ထဲ စွဲနေအောင် မှတ်သားနိုင်ခဲ့ပါတယ်။
[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ/မဟာသွေးကြောအဆင့်(အစမပြုရသေး)]
[တိုးတက်မှု့ - ၅/၁၀၀]
သူ့ဆရာရဲ့ မှတ်စုတွေအရဆိုရင် လှံအတတ်တင်မကဘဲ အရင်က ပေးခဲ့တဲ့ တခြားသော ကျင့်စဉ်အားလုံးကိုလည်း မဟာသွေးကြောအဆင့်အထိ ရောက်အောင် လေ့ကျင့်ရမှာပါ။ ဒါမှသာ နောင်အနာဂတ်မှာ အကျိုးကျေးဇူးတွေ အများကြီး ရရှိမှာ ဖြစ်ပါတယ်။
ဓား၊ လှံ၊ ကွေးဓား၊ မိုးကြိုးလှံ၊ ပုဆိန်၊ ချိတ်၊ ခက်ရင်း... လက်နက်အမျိုးအစား အကုန်လုံး ပါဝင်ပါတယ်။
ချန်ဆန်းရှီဟာ ငါးရက်လောက် အချိန်ပေးပြီး သူခဏခဏ သုံးလေ့ရှိတဲ့ ကျန်းယွဲ့ဓားသိုင်းကို ဟွာကျင်းအဆင့်ပြီးပြည့်စုံတဲ့အထိ လေ့ကျင့်လိုက်ပါတယ်။ ကျန်တဲ့ လက်နက်တွေကိုတော့ အားလပ်ချိန်ရှာပြီးမှ လေ့ကျင့်ရပါတော့မယ်။
သိုင်းပညာတွေ လေ့ကျင့်ပြီးရင်တော့ မသေမျိုးပညာတွေကို ကျင့်ကြံရပါတယ်။
နက်နဲပုတီးကို ကိုင်ပြီး တင်ပလ္လင်ခွေ ထိုင်လိုက်ပါတယ်။ အထဲမှာရှိတဲ့ ခရမ်းရောင်ချီ တွေကို စုပ်ယူပြီး ခန္ဓာကိုယ်အတွင်းက သွေးကြောတွေထဲမှာ လှည့်ပတ်စေကာ လက်ချောင်းထိပ်တွေဆီ စုစည်းစေပါတယ်။
သိုင်းပညာ လေ့ကျင့်ရတာက နာကျင်မှုတွေ ရှိတတ်ပေမဲ့ မသေမျိုးပညာ ကျင့်ကြံရတာကတော့ ဖော်ပြမတတ်အောင် ထူးခြားတဲ့ ခံစားချက်မျိုးပါ။ နာတာ၊ ယားတာမျိုး မရှိဘဲ သူ့ရဲ့ လက်ယာဘက် လက်ချောင်းတွေကတော့ တုန်ရီနေပါတယ်။ လက်ချောင်းထိပ်မှာရှိတဲ့ ဓားပုံရိပ်လေးဟာ ပျောက်လိုက်၊ ပေါ်လိုက်နဲ့ အကြိမ်ကြိမ် ဖြစ်နေပြီး နက်နဲပုတီးထဲက စွမ်းအားတွေကို အရှိန်အဟုန်နဲ့ စုပ်ယူနေပါတယ်။ နောက်ဆုံး နက်နဲတဲ့ နည်းစနစ်ကို သူ အပြည့်အဝ နားလည်သွားတဲ့အခါမှာတော့ ကြီးမားတဲ့ အောင်မြင်မှုကို ရရှိသွားပါပြီ။
"ဝူး..."
ခရမ်းရောင် ဓားငယ်လေးတစ်စင်းက လေထဲမှာ ဝဲပျံနေပါတယ်။ အရင်က အပ်တစ်ချောင်းစာလောက်ပဲ ရှိတဲ့ ပုံရိပ်ယောင်လေးကနေ အခုတော့ ဆွဲသီးလေးတစ်ခုံးစာလောက် ရှိလာပြီး ပိုပြီးတော့လည်း ခိုင်မာတောင့်တင်းတဲ့ ပုံစံ ပေါက်နေပါတယ်။
[မန္တာန် - ဓားချီမန္တာန် (ကျွမ်းကျင်ခြင်း)]
[တိုးတက်မှု့ - ၀/၁၀၀၀]
[စွမ်းဆောင်ရည် - ဂန်းချီကို ဖျက်ဆီးဖြတ်တောက်နိုင်ခြင်း]
"ဂန်းချီကို ဖျက်ဆီးနိုင်တဲ့ စွမ်းအား"
ချန်ဆန်းရှီဟာ ဒီစကားလုံးကို စဉ်းစားရင်း အတွေးနက်သွားပါတယ်။ သူဟာ နက်နဲပုံရိပ်အဆင့် ပညာရှင်တစ်ယောက်နဲ့ တစ်ခါမှ လက်ရည်မစမ်းဖူးသေးတာကြောင့် ဂန်းချီက ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ သူ မသိပါဘူး။ သူ့ရဲ့ ဓားချီမန္တာန်က ဂန်းချီကို ဘယ်လောက်အထိ ယှဉ်နိုင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။
ဒါကို သူ စမ်းသပ်ဖို့ နေရာမရှိပါဘူး။ နဝမစီနီယာအမပြန်ရောက်လာတဲ့အခါမှသာ လက်ရည်စမ်းတဲ့ ပုံစံနဲ့ ဂန်းချီရဲ့ အစွမ်းကို သူ မြည်းစမ်းကြည့်ရမှာ ဖြစ်ပါတယ်။
သူ မှတ်မိသလောက်ဆိုရင်...
ရှာဝမ်လုံဟာ တခြားပြည်နယ်က ပြောင်းလာတာဖြစ်ပြီး သူ့ရဲ့ အဆင့်က သိပ်မမြင့်ပါဘူး၊ နက်နဲပုံရိပ်အဆင့် ကျင့်စဉ်ရဲ့ အစပျိုးအဆင့်မှာပဲ ရှိပါသေးတယ်။
ဒါကို တွေးပြီး ချန်ဆန်းရှီက လက်ချောင်းထိပ်က ဓားချီကို ပြန်လည် ခွဲထုတ်လိုက်ပါတယ်။ သူကနတ်ဘုရားလမ်းစဉ်ထဲကို အစစ်အမှန် ဝင်
ရောက်ထားတာ မဟုတ်တဲ့အတွက် ခရမ်းရောင်ချီတွေကို ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားလို့ မရပါဘူး။ တစ်ခါသုံးပြီးရင် တစ်ခါ ပြန်ပြီး စုဆောင်းရပါတယ်။
ဒါကတော့ ရှောင်လွှဲလို့မရတဲ့ အခြေအနေပါ။ အမွှေးတိုင်မီး နတ်ဘုရားလမ်းစဉ်ရဲ့ ကျင့်စဉ်ကို မသိရသေးသလို၊ သိရင်တောင် ဘာပေးဆပ်ရမလဲ မသိတာကြောင့် သူ ဇွတ်မကျင့်ရဲပါဘူး။ အထူးသဖြင့် ဒီစွမ်းအားတွေက သူ့ဟာမဟုတ်ဘဲ ခိုးယူထားတာ ဖြစ်နေလို့ပါ။ သူကတော့ သူ့ဆရာပေးတဲ့ တကယ့် လမ်းမှန်အတိုင်းပဲ သွားဖို့ ဆုံးဖြတ်ထားပါတယ်။
အခုလောလောဆယ်မှာတော့ ခရမ်းရောင်ချီနဲ့ ဓားချီမန္တာန်က သူ့ရဲ့ အကောင်းဆုံး လျှို့ဝှက်လက်နက်တွေ ဖြစ်နေပါပြီ။