အခန်း (၂၆၈)
Vol. 25 Ch. 268
ချန်စံအိမ်၏ နောက်ဖေးခြံဝန်းအတွင်း...
"ဝူး... ဝူး..."
"ရှူး... ရှူး..."
အစားအသောက်နှင့် သောက်ရေများကို ကိုင်ဆောင်လာသော စီချင်တစ်
ယောက် နောက်ဖေးခြံဝန်း၏ အဝင်ဝတွင်တင် တုံ့ခနဲ ရပ်တန့်သွားခဲ့သည်။ အထဲမှ ထွက်ပေါ်နေသော ဆူညံသံများက သူမကို အလွန်အမင်း ထိတ်လန့်သွားစေသဖြင့် အနားသို့ပင် မကပ်ရဲတော့ပေ။ သူတို့ကြားတွင် တံခါးတစ်ချပ်သာ ခြားထားသော်လည်း အထဲတွင် ပြင်းထန်သော လေပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်နေသကဲ့သို့ အသံများက ကြောက်မက်ဖွယ် ထွက်ပေါ်နေခြင်းဖြစ်သည်။
သူမသည် ချန်ဆန်းရှီ ကို နှောင့်ယှက်မိမည်ကို မဝံ့ရဲသဖြင့် ယူဆောင်လာသော ပစ္စည်းများကို တံခါးဝတွင်သာ ညင်သာစွာ ချထားခဲ့ပြီး တိတ်တဆိတ် ပြန်လည်ထွက်ခွာသွားပါတော့သည်။
နောက်ထပ် ဆောင်းဦးနှောင်းပိုင်း ကာလတစ်ခု ရောက်ရှိလာပြန်လေပြီ။
ခြံဝန်းအတွင်း ကြွေကျကာ စုပုံနေသော သစ်ရွက်ခြောက် အထပ်ထပ်တို့သည် နဂါးတစ်ကောင် လှုပ်ရှားနေသကဲ့သို့ ပြင်းထန်လှသော လှံရှည်ကစားချက်အောက်တွင် တဖြည်းဖြည်း စုစည်းလာကြသည်။ နောက်ဆုံးတွင် ရွှေရောင်လေဆင်နှာမောင်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ခြံဝန်းအတွင်းရှိ ပန်းအိုးများကို တစ်ခုပြီးတစ်ခု ရိုက်ခတ်ချေဖျက်ပစ်လိုက်ရာ ကွဲအက်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေတော့သည်။
ချန်ဆန်းရှီ၏ ခန္ဓာကိုယ်အတွင်း၌မူ နဂါးဆင်သွေးများက ဆူပွက်ကာ လှိုင်းထန်နေသည်။ သူ၏ ကိုယ်တွင်းအင်္ဂါငါးပါးသည်လည်း အစွမ်းကုန် လည်ပတ်နေပြီး သွေးပေါက်ကွဲမှု အခြေအနေကို ထိန်းသိမ်းထားရင်း ပြင်းထန်လှသော စွမ်းအားများကို ထုတ်လုပ်ကာ ဝိညာဉ်ဖျက်လှံထဲသို့ မနားတမ်း စီးဝင်စေသည်။
သိုင်းပညာလမ်းစဉ်ဟူသည်...
ခြေလှမ်းတစ်ခု မှားယွင်းသွားပါက နောက်ဆက်တွဲ အမှားများစွာ လိုက်ပါလာတတ်သည်။
အစောပိုင်း သွေးနှင့်ချီအဆင့်ကတည်းက တခြားသူများထက် အခြေခံ နိမ့်ပါးနေခဲ့ပါက အဆင့်မြင့်လာသည်နှင့်အမျှ တူညီသော အဆင့်ချင်းဖြစ်သော်လည်း ကွာဟချက်မှာ ပိုမိုကြီးမားလာမည်ဖြစ်ပြီး နောက်ဆုံးတွင် ကျော်ဖြတ်၍မရနိုင်သော ချောက်ကမ္ဘာကြီးသဖွယ် ဖြစ်သွားလိမ့်မည်။ ထို့ကြောင့်ပင် သိုင်းကျောင်းများက အရိုးအဆစ် စစ်ဆေးခြင်း အဆင့်ကို အလွန်အရေးကြီးသည်ဟု သတ်မှတ်ကြခြင်း ဖြစ်သည်။
သန်မာသော ခန္ဓာကိုယ် တည်ဆောက်ပုံရှိသည့် သိုင်းပညာရှင်များသာလျှင် ပိုမိုခိုင်မာသော အခြေခံအုတ်မြစ်ကို ကျင့်ကြံနိုင်မည်ဖြစ်သည်။
ယခု အချိန်၌...
ချန်ဆန်းရှီသည် သူ၏ အင်အားများကို ပိုမိုသန့်စင်ပြီး စွမ်းအားပြည့်ဝလာစေရန် သူ၏ ကန့်သတ်ချက်များကို အဆက်မပြတ် စမ်းသပ်နေသည်။
ဟွာကျင်းအဆင့်တွင် အသေးစား အောင်မြင်မှု့ဆိုသည်မှာ မိမိ၏ လက်နက်ထဲသို့ စွမ်းအားများကို ထည့်သွင်းပေးနိုင်ခြင်းကို ဆိုလိုသည်။
သို့သော် ကြီးမားသော အောင်မြင်မှု့သို့ ရောက်ရှိသွားပါက အဆိုပါ အင်အားများကို လက်နက်၏ အပြင်ဘက်သို့ စီးထွက်စေပြီး လက်နက်ဝန်းကျင်တွင် အကာအကွယ်လွှာ တစ်ခုသဖွယ် ဖန်တီးနိုင်သည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေး စွမ်းရည်ကို ပေးစွမ်းနိုင်ပြီး လက်နက်၏ အသွားက ရန်သူကို တိုက်ရိုက်မထိတွေ့လျှင်ပင် ထိုစွမ်းအား
ဖြင့်တင် ဒဏ်ရာရရှိစေနိုင်သည်။
အကယ်၍ လက်နက်မပါဘဲ လက်ဗလာဖြင့် တိုက်ခိုက်မည်ဆိုလျှင်ပင် မိမိ၏ စွမ်းအားက ပြိုင်ဘက်ထက် သာလွန်နေပါက ထက်မြက်သော ဓားသွားကိုပင် ထိုစွမ်းအားဖြင့် ဖမ်းဆီးတားဆီးနိုင်မည်ဖြစ်ပြီး မိမိကိုယ်ကိုလည်း ဒဏ်ရာမရအောင် ကာကွယ်နိုင်သည်။
ချန်ဆန်းရှီသည် သူ၏ လှံရှည်ကို ထိုးနှက်လိုက်တိုင်း လှံဖျားတွင် ထည့်သွင်းထားသောစွမ်းအားများ ပိုမိုအားကောင်းလာသည်ကို ခံစားရသည်။ တဖြည်းဖြည်းနှင့် ထိုစွမ်းအားများသည် လှံဖျားမှ လျှံထွက်လာပြီး အပြင်ဘက်သို့ ပြန့်ကားလာသည်။ သူသည် မိမိကိုယ်ကို တမင်တကာ တွန်းအားပေးနေပြီး ခန္ဓာကိုယ်အတွင်းရှိ နောက်ဆုံးလက်ကျန် အင်အားအထိ ခမ်းခြောက်သွားသည်အထိ လေ့ကျင့်နေခြင်းဖြစ်သည်။
ထို့နောက်တွင်မှ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
အစွန်းရောက်လှသော နာကျင်မှုများကို ကျော်ဖြတ်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် နောက်ထပ် အဆင့်တစ်ခုသို့ မြင့်တက်သွားခဲ့သည်။ သူ၏ သွေးချီ နှင့် ကိုယ်တွင်းအင်္ဂါများမှ မွေးဖွားလာသောစွမ်းအားများသည် ပိုမိုသန့်စင်လာသည်။ ထိုစွမ်းအားကို အံ့ဖွယ်လက်နက်ထဲသို့ ထည့်သွင်းလိုက်သောအခါ ၎င်းသည် ရှည်လျားထွက်လာနိုင်သော ထက်မြက်သည့် ဓားသွားတစ်ခုကဲ့သို့ လက်နက်ဝန်းကျင်တွင် ပြန့်ကားသွားသည်။ လှံဖျားသို့ ရောက်ရှိသွားသောအခါ မျက်စိဖြင့် မမြင်နိုင်သော ပြင်းထန်သည့် စွမ်းအားတစ်ခုက လှံသွားကို ဝန်းရံသွားပါတော့သည်။
အောင်မြင်သွားပြီ။
ဟွာကျင်းအဆင့်တွင် ကြီးမားသော အောင်မြင်မှုကို ရရှိသွားခဲ့ပါပြီ။
[သိုင်းပညာ - တိုင်သပြည်စောင့်နဂါးလှံ(ကြီးမားသော အောင်မြင်မှု)]
[တိုးတက်မှု့ - ၀/၀]
[စွမ်းဆောင်ရည် - နဂါးစစ်စွမ်းအား]
[နဂါးစစ်စွမ်းအား - စွမ်းအားများက သက်ရှိနဂါးတစ်ကောင်ကဲ့သို့ သောင်းကျန်းခြင်း]
သာမန်လူများ၏ အင်အားမှာ လက်နက်ဘေးတွင် မျက်စိဖြင့်မမြင်ရသော အသွားတစ်ခု ထပ်တိုးလာသကဲ့သို့ ငြိမ်သက်နေသော်လည်း 'နဂါးစစ်စွမ်းအား' ကမူ အသက်ဝင်လှုပ်ရှားနေသည်။
"ဝူး... ဝူး..."
ချန်ဆန်းရှီသည် လှံရိုးကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ကာ စွမ်းအားထည့်သွင်းလိုက်သည်။ ဝိညာဉ်ဖျက်လှံ မှာ တုန်ခါနေပြီး အထူးသဖြင့် လှံဖျားမှ မြည်ဟည်းသံမှာ နဂါးငယ်များ လှံသွားကို ဝန်းရံကာ ပျံသန်းနေသကဲ့သို့ ရှိနေသည်။
သူသည် မည်သည့် ကစားကွက်ကိုမျှ မသုံးဘဲ၊ လှံဖျားကိုလည်း မည်သည့်အရာနှင့်မျှ မထိတွေ့စေဘဲ 'နဂါးစစ်စွမ်းအား' ကိုသာ သုံးကာ လှံရှည်ကို ဖြည်းဖြည်းချင်း တွန်းထုတ်လိုက်သည်။ လှံဖျားသည် ပန်းအိုးနှင့် တစ်လက်မခန့် အကွာအဝေးတွင် ရှိနေစဉ်မှာပင် အိုးမှာ ဝုန်းခနဲ ပေါက်ကွဲသွားခဲ့သည်။
ဒီလို အားနည်းတဲ့ ပစ္စည်းမျိုးနဲ့တော့ သူ့ရဲ့ စွမ်းအားအပြည့်အစုံကို မဖော်ပြနိုင်သေးပါဘူး။
ချန်ဆန်းရှီ ခံစားနေရသည်မှာ သူ၏ လှံဖျားအပြင်ဘက်ရှိ 'နဂါးစစ်
စွမ်းအား' သည် ရန်သူနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် နှစ်ထပ်
တိုက်ခိုက်မှုကို ပေးစွမ်းနိုင်သော လျှပ်စစ်လွှစက်တစ်ခုကဲ့သို့ ဖြစ်နေသည်။ ၎င်းသည် တကယ့်တိုက်ပွဲတွင် အလွန်ထိရောက်မည်မှာ သေချာသည်။
"ပြီးပြီ"
သူက နဖူးမှ ချွေးများကို သုတ်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်"နောက်တစ်ဆင့်ကတော့ မဟာသွေးကြောအဆင့် ကို တက်လှမ်းဖို့ပဲ"
မဟာသွေးကြောအဆင့်အတွက် ကျင့်စဉ်ကိုမူ လျန်ကျိုးသို့ ပြန်ရောက်ပြီး မကြာမီမှာပင် ဆွန်လီက ယူဆောင်လာပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် တိုင်းပြည်စောင့်နဂါးလှံ ပင် ဖြစ်ပြီး နက်နဲပုံရိပ်အဆင့် အထိ ကျင့်စဉ်များအပြင် ဆရာဖြစ်သူ၏ မှတ်စုများနှင့် အတွေ့အကြုံများပါ ပြည့်စုံစွာ ပါဝင်သည်။
ဆွန်ဒူရှန်က ၎င်းကို တစ်ခါတည်း မပေးခဲ့ခြင်းမှာ ဤမှတ်စုများကို နောက်မှ ထပ်ဖြည့်နေရသောကြောင့် ဖြစ်ရပါမည်။
ပြောရလျှင်...
သူ၏ ဆရာသည် မြို့တော်သို့ သွားကတည်းက ပျောက်ကွယ်နေခဲ့သည်မှာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်သည်။ မင်ပြည်နယ်တွင် ဖရိုဖရဲဖြစ်နေသည့် အချိန်၌ပင် ဧကရာဇ်ကိုယ်တိုင် စစ်မြေပြင်ဆင်းရတော့မည့် သတင်းများ ထွက်ပေါ်နေသော်လည်း ဆရာဖြစ်သူကိုမူ အရိပ်အယောင်မျှပင် မတွေ့ရပေ။
ချန်ဆန်းရှီ ခန့်မှန်းရသည်မှာ ဆရာဖြစ်သူတွင် ဤထက်ပို၍ အရေးကြီးသော ကိစ္စများ ရှိနေလိမ့်မည်ဟူ၍ ဖြစ်သည်။
သို့သော် အမှန်အတိုင်းပြောရလျှင် သူ၏ ကျင့်ကြံမှုအတွက် ဆရာရှိနေခြင်းမှာ ယခုအခါ သိပ်ပြီး အရေးမပါတော့ပေ။
"ဆရာက လမ်းပြရုံသာ၊ ကိုယ်တိုင်သာ ကြိုးစားရမည်" ဟူသော စကားအတိုင်းပင်။
သူ့တွင် သိုင်းပညာလည်း ရှိသလို အဖိုးတန် ဆေးဝါးများထောက်ပံ့မှုမှာလည်း တစ်ခါမျှ မပြတ်တောက်ခဲ့ပေ။ ကျန်ရှိနေသည်မှာ သူ၏ ကိုယ်တိုင် ကြိုးစားအားထုတ်မှုအပေါ်၌သာ မူတည်သည်။
အမှန်တကယ်တွင် ချန်ဆန်းရှီသည် အဖိုးတန်ဆေးဝါးများကို သုံးစွဲရာ၌ အလွန်ပင် လက်ဖွာလှသည်။ သူ၏ ခန္ဓာကိုယ်က ခြေဖျက်နိုင်သမျှ အဆက်မပြတ် စားသုံးနေခြင်းဖြစ်သည်။ ဟွာကျင်းအဆင့်သို့ ရောက်ရှိပြီးနောက် သူစားသုံးသော ဆေးလုံးတစ်လုံးချင်းစီမှာ ငွေပြား ထောင်နှင့်သောင်းနှင့်ချီ၍ တန်ဖိုးရှိလှရာ သာမန်အရာရှိများအတွက် လက်လှမ်းမမီနိုင်သော ကုန်ကျစရိတ်မျိုး ဖြစ်သည်။
မူလက...
သူ၏ ဆရာက သူ့ကို သုံးနှစ်အတွင်း စစ်နတ်ဘုရားဖြစ်ရန် တောင်းဆိုထားခဲ့သည်။
ယခုအခါ တစ်နှစ်ကုန်လွန်သွားခဲ့ပြီဖြစ်ပြီး မဟာသွေးကြောအဆင့်၊ နက်နဲပုံရိပ်အဆင့်နှင့် စစ်နတ်ဘုရားအဆင့်ဟူ၍ အဆင့်ကြီး သုံးဆင့် ကျန်ရှိနေသေးသည်။
လုံလောက်သော သယံဇာတများ ရှိနေလျှင်...
ဖြစ်နိုင်ပါ့မလား။
လူသည် အစွမ်းကုန် ကြိုးစားရမည်ဖြစ်ပြီး ကျန်သည်ကိုမူ ကံစီမံရာအတိုင်းသာ ထားရမည် ဖြစ်သည်။
ခဏမျှ နားယူပြီးနောက် ချန်ဆန်းရှီသည် တံခါးဝတွင် ချထားသော အစားအသောက်များကို စားသုံးလိုက်ပြီး အခန်းထဲသို့ ပြန်ဝင်ကာ တံခါးကို ပိတ်လိုက်သည်။ သူသည် အဖြူရောင်ရွမ်ချီ နှင့် ခရမ်းရောင် အမွှေးတိုင်ချီများ ပါဝင်နေသော နက်နဲပုတီးကို ထုတ်ယူကာ ဓားချီမန္တာန်ကို စတင်လေ့ကျင့်ပါတော့သည်။
မသေမျိုးပညာလေ့ကျင့်ရာတွင် အမွှေးတိုင်ချီက ဆိုးကျိုးမပေးကြောင်း သေချာသွားပြီဖြစ်၍ သူသည် ယုံကြည်မှုရှိရှိဖြင့် အစွမ်းကုန် အသုံးပြုနိုင်ပြီဖြစ်သည်။
ချန်ဆန်းရှီသည် တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးမှိတ်ပြီး တရားထိုင်ခြင်းကို အာရုံစူးစိုက်လိုက်သည်။
သူကနက်နဲပုတီးကို လက်ထဲတွင် ဆုပ်ကိုင်ထားပြီး ဝိညာဉ်အမြစ်၏ ဆွဲငင်မှုအောက်တွင် အမွှေးတိုင်ချီမှ စွမ်းအားများကို ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် ဆွဲသွင်းကာ ဓားချီမန္တာန် လမ်းကြောင်းအတိုင်း သူ၏ သွေးကြောများအတွင်း လှည့်ပတ်စေပါတော့သည်။
[မန္တာန် - ဓားချီမန္တာန် (အခြေခံအဆင့်)]
[တိုးတက်မှု့ - ၄၃၅/၅၀၀]