အခန်း (၂၆၇)
Vol. 25 Ch. 267
နင်ရှန်က စားပွဲအောက်မှာ သူမရဲ့ သွယ်လျတဲ့ ခြေတံလေးတွေကို ဆန့်ထုတ်ရင်း ဖိနပ်ကို ချွတ်လိုက်ကာ ချန်ဆန်းရှီကို လှမ်းထိပြီး မူနွဲ့စွာ ပြောလိုက်ပါတယ် "ဒီပစ္စည်းကို ယူသွားဖို့က လွယ်ပါတယ်။ ဗိုလ်ချုပ်ကြီး... ကျွန်မနဲ့အတူ ဒီညကို ပျော်ပျော်ပါးပါး ကုန်ဆုံးလိုက်ရုံပါပဲ။ ရှင့်ရဲ့ ဝရဇိန်
ခန္ဓာက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ကျွန်မ တကယ် စမ်းကြည့်ချင်လို့ပါ~"
"အင်း... ကောင်းပြီလေ"
ချန်ဆန်းရှီ က ခေါင်းညိတ်ပြလိုက်ပြီး တမင်တကာ စနောက်လိုက်တယ် "မင်းက သာမန်ပဲ ဆိုပေမဲ့ ဒီနက်နဲသံ အတွက်ဆိုရင်တော့ ကျွန်တော် လုပ်နိုင်ပါတယ်"
နင်ရှန်က ချက်ချင်းပဲ စိတ်ပျက်သွားပြီး သူ့ကို အားနဲ့ ကန်လိုက်ကာ ဒေါသတကြီး ပြောပါတယ် "ရှင်က ကျွန်မ တကယ် ရှင့်ကို သဘောကျနေတယ်လို့ ထင်နေတာလားထားလိုက်တော့... ဒီသံကို ရှင့်ကို ပေးမယ်။ အဲဒီအစား ကျွန်မကို အကူအညီတစ်ခု ပြန်ပေးရမယ်။ လော့ထျန်တောင်တန်းထဲမှာရှိတဲ့ 'ကျိုးပျက်မြက်'လို့ ခေါ်တဲ့ အပြင်ဒဏ်ရာ ကုသတဲ့ ဆေးပင်တစ်မျိုးကို ရှာပေးပါ။ ဒါက ရှင့်အတွက် မခက်ခဲဘူး မဟုတ်လား"
ကျိုးပျက်မြက်...
ဒီဆေးပင်ရဲ့ အာနိသင်တွေက ချန်ဆန်းရှီရဲ့ ခေါင်းထဲမှာ ချက်ချင်း ပေါ်လာပါတယ်။ တခြား အဖိုးတန် ဆေးပင်အချို့နဲ့ ပေါင်းစပ်လိုက်ရင် ပြတ်တောက်သွားတဲ့ ခြေလက်တွေကို ပြန်ဆက်ပေးနိုင်တဲ့ အစွမ်းရှိပေမဲ့ ဒါက တကယ့်ကို ရှားပါးပါတယ်။
သူက "ကျွန်တော် သေချာပေါက် ရှာပေးနိုင်မယ်လို့တော့ ကတိမပေးနိုင်ဘူး" လို့ ပြောလိုက်ပါတယ်။
"ဒါဆိုရင်လည်း အစွမ်းကုန် ကြိုးစားပေးပါ ဗိုလ်ချုပ်။ ရှာမတွေ့ရင်တောင် ဒီသံက ရှင့်အတွက်ပဲ"
"ကောင်းပြီလေ... ကျွန်တော် အစွမ်းကုန် ကြိုးစားပေးပါ့မယ်"
ချန်ဆန်းရှီက သံတုံးကို သိမ်းဆည်းရင်း "မိန်းကလေးနင်ရှန်... ပြောစရာ တခြားရှိသေးလား"လို့ မေးလိုက်ပါတယ်။
"ရှင်က ရိပ်မိတာပဲနော်"
နင်ရှန်က လေသံကို ပြောင်းပြီး လေးလေးနက်နက် ပြောလာပါတယ်
"ဗိုလ်ချုပ်ချန်... ရှင် အမွေးတိုင်မီးနတ်ဘုရားဂိုဏ်းအကြောင်း ကြားဖူးလား"
"အမွေးတိုင်မီး..."
ချန်ဆန်းရှီက သူ မမေးခင်မှာပဲ သူမက ဒီအကြောင်းကို အရင်စပြောလာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ သူက "မကြားဖူးဘူး၊ အဲဒီအကြောင်း ပြောပြပါဦး" လို့ ဆိုပါတယ်။
"ကမ္ဘာပေါ်မှာ မသေမျိုးပညာ ကျင့်ကြံတဲ့ နည်းလမ်းတွေ အများကြီး ရှိတဲ့အထဲမှာ 'အမွေးတိုင်မီး နတ်ဘုရားလမ်းစဉ်' ကလည်း တစ်ခုအပါအဝင်ပဲ" လို့ နင်ရှန်က ရှင်းပြပါတယ်။ အဲဒီဂိုဏ်းဟာ နတ်ဘုရားတွေဆီက အမွေးတိုင်မီိးဝိညာဥ်စွမ်းအားတွေကို ခိုးယူပြီး သူတို့ကိုယ်တိုင်အတွက် အသုံးပြုတဲ့ နည်းလမ်းတွေ ရှိကြပါတယ်။ သူတို့က လျှို့ဝှက်စွာ လှုပ်ရှားတတ်ကြပြီး များသောအားဖြင့် လူစည်ကားပြီး အမွေးတိုင်မီး ထွန်းညှိမှု များပြားတဲ့ နေရာတွေမှာ ပုန်းအောင်းနေတတ်ကြတယ်လို့ ဆိုပါတယ်။
"အမွေးတိုင်မီးကိုလည်း ကျင့်ကြံခြင်းမှာ သုံးလို့ရတာလား"
ချန်ဆန်းရှီက အခွင့်အရေးရတုန်း "ဒါဆိုရင် ဝိညာဉ်စွမ်းအားနဲ့ ကျင့်ကြံတာနဲ့ ဘာကွာခြားချက် ရှိလဲ"လို့ မေးပါတယ်။
နင်ရှန်က စိတ်ရှည်စွာ ရှင်းပြပါတယ် ကျင့်ကြံခြင်းမှာ "လမ်းစဉ်ထဲဝင်
ခြင်း" နဲ့ "လမ်းစဉ်ထဲ မဝင်ခြင်း" ဆိုပြီး ရှိပါတယ်။ လမ်းစဉ်ထဲ မဝင်သေးရင်တော့ အမွေးတိုင်မီးကို ဝိညာဉ်စွမ်းအားအစား သုံးလို့ရနိုင်ပေမဲ့ လမ်းစဉ်ထဲကို တစ်ခါ ရောက်သွားပြီဆိုရင်တော့ နောက်ကြောင်းပြန်လှည့်လို့ မရတော့ပါဘူး။ အမွှေးတိုင်မီးနဲ့ ကျင့်ကြံရင် တစ်စုံတစ်ခုကို ပေးဆပ်ရတယ်လို့ ကြားဖူးပေမဲ့ အဲဒါက ဘာလဲဆိုတာတော့ သူမ မသိပါဘူး။
ချန်ဆန်းရှီက "လမ်းစဉ်ထဲ ဝင်ခြင်း" ရဲ့ အဓိပ္ပာယ်ကို ထပ်မေးတဲ့အခါမှာတော့ မိမိရဲ့ ဝိညာဉ်အမြစ်ကတစ်ဆင့် စွမ်းအားတွေကို စုပ်ယူပြီး ဒန်ထျန် ထဲမှာ သိုလှောင်နိုင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ သူကတော့ ဓားချီမန္ဒာန်ကိုပဲ လေ့ကျင့်နေတာဖြစ်လို့ လမ်းစဉ်ထဲ ဝင်တဲ့အဆင့် မဟုတ်သေးတာကြောင့် အမွှေးတိုင်မီးကို သုံးတာက သူ့အတွက် စိုးရိမ်စရာ မရှိဘူးဆိုတာ နားလည်သွားပါတယ်။
နင်ရှန်က သူ့ကို မသေမျိုးပညာ အနည်းငယ်ကို ပြသဖို့အတွက် ကျောက်ကျောက်ကို ခေါ်ပြီး မျက်လှည့်အတတ် နဲ့ စမ်းသပ်ပြပါတယ်။ သူမက ချန်ဆန်းရှီကို မသေမျိုးရှာဖွေရေးမျှော်စင် ထဲ ဝင်ဖို့ ဖိတ်ခေါ်ပေမဲ့ ချန်ဆန်းရှီကတော့ စိတ်မဝင်စားပါဘူး။
သူမက ဆက်ပြောပြတာကတော့ လျန်ကျိုးမြို့မှာ အမွေးတိုင်မီးဂိုဏ်းရဲ့ ခန်းမတစ်ခု ရှိနေပြီး စီယွင်ဘုရားကျောင်းမှာ သေဆုံးသွားတဲ့ တာအိုဆရာ နှစ်ယောက်ကလည်း အဲဒီဂိုဏ်းက ဖြစ်နိုင်ကြောင်း၊ အခုဆိုရင် မြို့တော်ဘက်ကနေ နောက်ထပ် ဂိုဏ်းဝင်တွေ လာနေကြကြောင်း သတိပေးပါတယ်။
ဒါဆိုရင် အဲဒါက စီယွင်ဘုရားကျောင်းက "ဆရာဦးလေး" ပဲ ဖြစ်ရပါမယ်... လို့ ချန်ဆန်းရှီက တွေးလိုက်ပါတယ်။
နင်ရှန်ပြောပြချက်အရ နံ့သာမီးဂိုဏ်းက လူတွေဟာ နေရာအနှံ့က အမွှေးတိုင်မီးတွေကို စုဆောင်းပြီး မြို့တော်ဆီ ပို့နေကြပါတယ်။ သူတို့ ဘာလုပ်မလို့လဲဆိုတာတော့ မသိရပေမဲ့ အစီအစဉ်ကြီး တစ်ခုခု ရှိနေနိုင်ကြောင်း သတိပေးလိုက်တာပါ။
"မြို့တော်ဆီ အမွှေးတိုင်မီးတွေ ပို့နေတယ်..."
ချန်ဆန်းရှီက ဒါဟာ ဧကရာဇ်အိုကြီးနဲ့ ပတ်သက်နေမလားလို့ မသိမသာ သံသယဝင်မိပါတယ်။ အရင်တုန်းက မိစ္စာဂိုဏ်း ကိစ္စလိုမျိုးပေါ့။
သူဟာ နင်ရှန်ကို ကျေးဇူးတင်စကား ပြောပြီး ထွက်လာခဲ့ပါတယ်။ ဒါက သူ့နဲ့ မဆိုင်ဘူးလို့ ထင်ရပေမဲ့ တကယ်တော့ ချောင်ဖန်နဲ့ ဆိုင်နေတာပါ။ စီယွင်ဘုရားကျောင်းက အမွှေးတိုင်အိုးက ချောင်ဖန်အိမ်က ရေကန်ထဲမှာ စိမ်ထားတုန်းပဲလေ။
ချန်ဆန်းရှီက အိမ်မပြန်ဘဲ ချောင်ဖန်အိမ်ကို လှမ်းမြင်ရတဲ့ ဟိုတယ်တစ်ခုမှာ တည်းခိုပြီး စောင့်ကြည့်နေပါတယ်။ နှစ်ရက်လောက် ကြာပြီးတဲ့နောက် တတိယမြောက်နေ့ ညသန်းခေါင်မှာတော့ လူနှစ်ယောက် ချောင်ဖန်အိမ်ထဲကို ခိုးဝင်သွားတာကို သူ မြင်လိုက်ရပါတယ်။
အဲဒီလူနှစ်ယောက်ကတော့ အမွေးတိုင်မီးဂိုဏ်းက လူတွေပါပဲ။ သူတို့ရဲ့ နောက်ယောင်ခံစနစ်အရ အမွှေးတိုင်အိုးရှိတဲ့ ရေကန်ဆီကို ရောက်သွားပြီး အိုးကို ဆယ်ယူလိုက်ကြပါတယ်။ ဒါပေမဲ့ အထဲမှာ အမွှေးတိုင်မီးစွမ်းအားတွေ တစ်စက်မှ မရှိတော့တာကို သိသွားတဲ့အခါ သူတို့တွေ အတော်လေး ဒေါသထွက်သွားကြပါတယ်။
သူတို့က ဒါဟာ မင်းသားလေး ချောင်ဖန်ရဲ့ လက်ချက်လို့ ထင်နေကြပုံရပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် မြို့တော်က ကိစ္စတွေက ပိုအရေးကြီးနေတာကြောင့် ချောင်ဖန်ကို ချက်ချင်း ပြဿနာမရှာဘဲ နောက်မှပဲ စာရင်းရှင်းဖို့ ဆုံးဖြတ်ပြီး ပြန်ထွက်သွားကြပါတယ်။
ချန်ဆန်းရှီကတော့ ဒီထက်ပိုပြီး ကြီးကျယ်တဲ့ တိုက်ပွဲမျိုး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ အခုလို အေးအေးဆေးဆေး ပြီးသွားတာကို အနည်းငယ် စိတ်ပျက်မိပါတယ်။
"ထားလိုက်ပါတော့..."
သူကိုယ်တိုင်နဲ့ ယွီစုန်အတွက် ကလဲ့စားချေဖို့ဆိုရင် သူကိုယ်တိုင်ပဲ လက်လှုပ်ရှားရမယ်ဆိုတာ ချန်ဆန်းရှီ နားလည်သွားပါတယ်။ ရှေ့လျှောက် ရက်တွေမှာတော့ သူဟာ ဟွာကျင်းအဆင့်ကို အပြီးသတ်အောင် ကျင့်ကြံဖို့နဲ့ ဓားချီမန္ဒာန်ကို ဆက်လက်လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။