← Chapters

အခန်း (၂၇၄)

Vol. 25 Ch. 274

အခန်း (၂၇၄)

Vol. 25 Ch. 274

သိုင်းပညာနှင့် မသေမျိုးပညာရပ်များ ကျင့်ကြံခြင်း အဆင့်ဆင့်သည် အောင်မြင်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

နောက်တစ်ဆင့်မှာတော့ တောင်ပေါ်သို့ တက်ကာ သားရဲအမဲလိုက်ရန် အချိန်ကျရောက်ပြီ ဖြစ်သည်။

"ငါ ဒု-ဗိုလ်ချုပ် ယွီအတွက် လျှောက်လဲချက်ကို ရေးပြီးပြီ။ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ခြောက်ထောင်လီနတ်လင်းယုန်နဲ့ ပေးပို့လိုက်တာဆိုတော့ မကြာခင် မြို့တော်ကို ရောက်သွားလိမ့်မယ်"

"ဧကရာဇ်မင်းက ဒီစာကို ဖတ်ပြီးရင် ဒု-ဗိုလ်ချုပ်ယွီကို ထိုက်တန်တဲ့ အသိအမှတ်ပြုမှု့မျိုး ပေးပါ့မလားဆိုတာ ငါ သိချင်မိတယ်"

"ဒါ့အပြင် ငါ ရွီဝမ်ချိုင်ရဲ့ အားထုတ်မှုတွေကိုလည်း အဲဒီစာထဲမှာ ထည့်ရေးပေးလိုက်တယ်"

မင်ပြည်နယ်ကို ငြိမ်ဝပ်ပိပြားအောင် လုပ်ဆောင်ပြီးနောက်...

အရံတပ်ရင်းမှ အသက်ရှင်လျက် ပြန်လာသူများအားလုံးသည် များပြားလှသော ဆုလာဘ်များကို အသီးသီး ရရှိခဲ့ကြသည်။

ရွီဝမ်ချိုင်မှာမူ မည်သည့်ကျင့်ကြံမှုမျှ မရှိသလို စစ်သည်တစ်ဦးလည်း မဟုတ်ခဲ့ပေ။ ထို့ကြောင့် သူသည် ရွှေနှင့် ငွေအချို့သာ ရရှိခဲ့ခြင်းမှာ တကယ့်ကို မတရားသလို ခံစားရသည်။ ထိုပညာရှိအိုကြီး၏ တစ်သက်တာ အိပ်မက်မှာ 'ဝူလုံ'ဟူသော ဘွဲ့အမည်ကို တရားဝင် အပ်နှင်းခံရရန် မဟုတ်ပါလား။

သို့သော်လည်း ဖန်ချင်းယွမ်၏ ထူးကဲသော ဂုဏ်သတင်းက စံနမူနာ ဖြစ်နေသဖြင့် ထိုကဲ့သို့သော ဘွဲ့အမည်ကို ရရှိရန် ခက်ခဲနိုင်သော်လည်း စစ်ဘက်

ဆိုင်ရာ သို့မဟုတ် စာပေဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်တစ်ခုခု ရရှိရန်အတွက်မူ သူ အစွမ်းကုန် ကြိုးစားပေးရမည်ဖြစ်သည်။

ထို့ပြင် မြို့တော်မှ မှတ်သားဖွယ်ရာ သတင်းတစ်ခုလည်း ကြားသိရသည်။ သူတို့ စစ်မထွက်မီလေးတွင် နန်းတွင်းစာမေးပွဲ၌ အဆင့် (၁) ရရှိသူမှာ သူ၏ မိတ်ဟောင်းဆွေဟောင်း ထန်ရင်ခပင် ဖြစ်သည်။

ထိုလူငယ်လေးသည် စာမေးပွဲ ဖြေမည်ဟု ပြောပြီး တကယ်ပင် အောင်မြင်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ၏ ဗိုက်ထဲတွင် တကယ်ပင် ပညာမင်ရည်များ ရှိနေခဲ့သည်ပဲ။

...

နန်းမြို့တော်။

အသက်ရှည်နန်းဆောင်။

ဝန်ကြီးအဖွဲ့ဝင် အားလုံးသည် ဤနေရာတွင် စုရုံးရောက်ရှိနေကြသည်။

"သတင်းကောင်းပါ ဘုရား"

"တုန်းချင်းနိုင်ငံနဲ့ စစ်ပွဲစတင်ကတည်းက အန်တုန်းနယ်စားဖြစ်တဲ့ မုန့်ချူကျိဟာ နှစ်လအတွင်းမှာတင် ခရိုင်ရှစ်ခုကို လျင်မြန်စွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အခုဆိုရင် လိုင်ပြည်နယ်ထဲအထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နေပြီး အောင်ပွဲတွေ တစ်ခုပြီးတစ်ခု ရနေတာကြောင့် ဘယ်သူမှ တားဆီးလို့ မရတဲ့ အနေအထားပါပဲ"

"တုန်းချင်းနိုင်ငံကတော့ အပူတပြင်း ဖြစ်နေပြီး မင်းသားထန်ကို စစ်သည်တစ်သိန်းနဲ့အတူ ထုံကျိုးမှာ တပ်စွဲဖို့ စေလွှတ်လိုက်ပါတယ်"

"အကယ်၍ တုန်းချင်းနိုင်ငံရဲ့ မင်းသားထန်သာ ရှုံးနိမ့်သွားရင် ကျွန်တော်တို့ဟာ လိုင်၊ ထုံနဲ့ လင်းပြည်နယ် သုံးခုကို တစ်ပြိုင်နက်တည်း ပြန်လည် သိမ်းပိုက်နိုင်ပါလိမ့်မယ်။ အဲဒီနေရာတွေမှာ ပြည်နယ်နှစ်ခုစာ မြေဆီလွှာကောင်းတဲ့ မြေရိုင်းတွေနဲ့ ဇီဝေတောင်တန်းလည်း ပါဝင်နေပါတယ်"

"ကောင်းတယ် မုန့်ချူကျိ ဘာလိုအပ်လဲ၊ အကုန်ဖြည့်ဆည်းပေးလိုက်။ ရိက္ခာလိုရင် ရိက္ခာစုဆောင်းပေး၊ ရန်ပုံငွေလိုရင်လည်း ချပေးလိုက်။ သူသာ အဲဒီပြည်နယ်သုံးခုကို ပြန်သိမ်းနိုင်ရင် ငါ သူ့ကို 'နယ်စား' အဖြစ် ရာထူးတိုးမြှင့်ပေးမယ်"

ဧကရာဇ် လုံချင်သည် အလွန်ပင် ဝမ်းမြောက်နေလေသည်။

ဆွေးနွေးပွဲများ ပြီးဆုံးသွားသောအခါ သူက စကားလမ်းကြောင်းကို ပြောင်းလိုက်သည်"ဒါနဲ့... ချန်ဆန်းရှီ အတွက် ဆုလာဘ်တွေနဲ့ ပတ်သက်ပြီး ဝန်ကြီးတို့မှာ ဘာအကြံပြုချက်တွေ ရှိကြလဲ ပွင့်ပွင့်လင်းလင်း ပြောကြပါ။ ယန်လျန် နဲ့ ယန်မောက်ရှင်း...တို့ အရင်ပြောကြ"

"ဖြေကြားပါ့မယ် အရှင်မင်းကြီး"

ယန်လျန်သည် ထိုင်ခုံငယ်ပေါ်တွင် ထိုင်ရင်း အေးအေးလူလူပင် ပြန်လည် ဖြေကြားလိုက်သည် "ဗိုလ်ချုပ်ချန်က အရမ်းငယ်ပါသေးတယ်၊ ပြီးတော့ သူ့ရဲ့ ရာထူးကလည်း သူ့ရဲ့ သိုင်းပညာအဆင့်နဲ့ ကန့်သတ်ထားသလို ဖြစ်နေပါတယ်။ ဒါကြောင့် အရှင့်ရဲ့ မေတ္တာကရုဏာကို ဂုဏ်ထူးဆောင်တံဆိပ်ကနေတစ်ဆင့်ပဲ ပေးအပ်လို့ ရပါလိမ့်မယ်"

"ဒါ့အပြင် မြစ်တစ်ဖက်ကမ်းကို အရပ်သားတွေကို ကူးပေးပြီးတဲ့နောက်မှာ ဗိုလ်ချုပ်ချန်က တတိယတန်းစားတော်ဝင်ကိုယ်ရံတော်ဘွဲ့ ကိုရရှိထားပြီးသားပါ။ အခု မင်ပြည်နယ်မှာလည်း ထူးခြားတဲ့ အောင်မြင်မှုတွေ ထပ်ရခဲ့တာကြောင့် သူဟာ ဒုတိယတန်းစားကို ကျော်ပြီး တရားဝင်ဒုတိယတန်းစားတော်ဝင်ကိုယ်ရံတော်အဖြစ် တိုက်ရိုက် ခန့်အပ်ခံရသင့်ပါတယ်။ ပြီးတော့ သူ့မှာ အကောင်းဆုံး သိုင်းပညာအရင်းအမြစ်တွေ ရှိနေတာကြောင့် ရွှေနဲ့ ငွေတွေကိုပဲ ပိုပြီး ဆုချသင့်ပါတယ်"

"အရှင်... ကျွန်တော်လည်း သဘောတူပါတယ်"

ယန်မောက်ရှင်းက ခါးညွတ် အရိုအသေပြုလိုက်သည် "အသက် ၁၈ နှစ်

အရွယ်နဲ့ တရားဝင်ဒုတိယတန်းစားတော်ဝင်ကိုယ်ရံတော် ဖြစ်လာတာက ကျွန်တော်တို့ မင်းဆက်မှာ တကယ့်ကို ရှားပါးပါတယ်"

စစ်ဘက်ဆိုင်ရာဝန်ကြီး ဂေါင်ပိုကလည်း "ကျွန်တော်လည်း ဒီအဆိုကို ထောက်ခံပါတယ်" ဟု ပြောသည်။

"ဟက်... နည်းလွန်းတယ်"

ဧကရာဇ် လုံချင်က ကြားဖြတ် ပြောလိုက်သည် "ငါကသူ့ကို တရားဝင် ပထမတန်းစား နိုင်ငံတော်အထက်တန်းတိုင်ပင်ခံဘွဲ့ ကိုတိုက်ရိုက် ပေးအပ်ဖို့ စိတ်ကူးထားတာ ဝန်ကြီးတို့ ဘယ်လိုထင်လဲ"

ခန်းမဆောင်တစ်ခုလုံး အံ့ဩသံများဖြင့် ဆူညံသွားပါတော့သည်။

"အရှင်... ဒါက နည်းနည်း မြင့်လွန်းမနေဘူးလား"

ယန်လျန်က တွန့်ဆုတ်စွာဖြင့် "သူက အသက် ၁၈ နှစ်ပဲ ရှိသေးတယ်၊ စစ်တပ်ထဲ ရောက်တာလည်း နှစ်နှစ်ပဲ ရှိပါသေးတယ်။ ဒီလောက်မြန်မြန် ရာထူးတိုးပေးတာက..."

"မှန်ပါတယ် အရှင်မင်းကြီး"

ဂေါင်ပိုကလည်း တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည် "ဒီလောက် ငယ်ရွယ်တဲ့အရွယ်မှာ ဒီလို ကြီးမားတဲ့ ဆုလာဘ်တွေ ပေးလိုက်ရင် သူ မာန်

တက်သွားနိုင်ပါတယ်။ ဒုတိယတန်းစားတော်ဝင်ကိုယ်ရံတော်ကနေ အရင်စပြီး နောက်ထပ် သုံးနှစ်ကနေ ငါးနှစ်အတွင်းမှာမှ အထက်တန်းတိုင်ပင်ခံဘွဲ့ကို မြှင့်တင်ပေးသင့်ပါတယ်"

"ကျွန်တော်ကတော့ ဘာမှ မသင့်တော်တာ မရှိဘူးလို့ ထင်ပါတယ်"

ယဉ်ကျေးမှုဝန်ကြီးနှင့် ထန်ရင်ခ၏ ဖခင်ဖြစ်သူ ထန်ရမ်က စကားဝင်ပြောလိုက်သည်"ဗိုလ်ချုပ်ချန်ဟာ ဟုန်ကျိမြစ်ကို လေးကြိမ်တိုင်တိုင် ဖြတ်ကျော်ခဲ့တယ်၊ သူ့ရဲ့ စစ်ဗျူဟာတွေကို အခုဆိုရင် စစ်ရေးပညာရှင်တွေရဲ့ ကျမ်းတွေထဲမှာတောင် ထည့်သွင်းထားကြပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ အောင်မြင်မှုတွေသာ မရှိရင် မင်ပြည်နယ်က ပုန်ကန်မှုကို ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ငြိမ်ဝပ်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး"

"ဝန်ကြီးထန်... အများကိစ္စက အများကိစ္စ၊ ပုဂ္ဂလိကကိစ္စက ပုဂ္ဂလိကကိစ္စပါ"

အခွန်ဝန်ကြီးက တစ်စုံတစ်ခုကို အရိပ်အမြွက် ပြောလိုက်သော်လည်း အသေးစိတ်ကိုတော့ ချပြခြင်း မရှိပေ။

အရင်တုန်းက စာမေးပွဲ အမှတ်ပေးပွဲမှာ ဖြစ်ပျက်ခဲ့တာတွေကို သူတို့ ကြားထားကြပါသည်။ ချန်ဆန်းရှီသည် ထန်ရမ်၏ သားဖြစ်သူ ထန်ရင်ခအတွက် ကလဲ့စားချေပေးရန် ဝမ်ချူရှီကို သတ်ပစ်ခဲ့သည်ဟု ဆိုကြသည်။

သို့သော်လည်း ယခု အခါသမယသည် ကွဲပြားခြားနားလှသည်။ လျန်ကျိုးက လျူတို့လို မဟုတ်ဘဲ မိန်းမစိုးဟောက်နဲ့ တိုက်ရိုက် ငြင်းခုံနေခြင်းမျိုးလည်း မဟုတ်ပေ။

"ကျွန်တော် အများကိစ္စကိုပဲ ဆွေးနွေးနေတာပါ"

ထန်ရမ်က ပြတ်ပြတ်သားသား ပြောလိုက်သည် "အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်က အလွန်ပင် ပညာရှိလှပါတယ်။ အထက်တန်းတိုင်ပင်ခံဘွဲ့က တကယ်ကို သင့်တော်ပါတယ်"

"အိမ်ရှေ့စံ..."

ဧကရာဇ် လုံချင်က လှမ်းမေးလိုက်သည် "မင်းရော ဘယ်လိုထင်လဲ"

"ခမည်းတော်ရဲ့ ဆုံးဖြတ်ချက်ကို သားတော်ကငြင်းပယ်စရာအကြောင်းမရှိပါဘူးဘုရား"

ထိုင်ခုံပေါ်တွင် ထိုင်နေသော အိမ်ရှေ့စံမင်းသားကြီးက သဘောတူကြောင်း ဖော်ပြလိုက်သည်။

အောက်ခြေရှိ အရာရှိများကမူ ဆက်လက် ငြင်းခုံနေကြဆဲ ဖြစ်သည်။

"သူက အရမ်းငယ်သေးတယ်..."

"ဟုတ်တယ် ဆွန်ဒူရှန်တောင် အဲဒီအရွယ်တုန်းက ဒီလောက်အထိ နာမည်မကြီးသေးဘူး"

"နောင်ကျရင် သူက ဒီထက်ပိုပြီး အောင်မြင်မှုတွေ ရလာရင် ဘယ်လိုလုပ်မလဲ"

"အသက် ၂၀ အရွယ်မှာတင် 'နယ်စား' အဆင့်အထိ တက်သွားမှာလား"

"..."

မဟာရှန်မင်းဆက်၏ အောင်မြင်မှု့စနစ်အရ ပထမတန်းစားအဆင့်ကို ကျော်လွန်သွားလျှင် နယ်စား ၊ မြို့စား၊ ပြည်နယ်စား နှင့် မင်းသား ဟူ၍ အဆင့်ဆင့် ရှိသည်။ ထိုရာထူးများမှာ ရရှိရန် အလွန်ခက်ခဲပြီး ချောင်မိသားစုဝင်များသာ 'မင်းသား' ဘွဲ့ကို ရရှိနိုင်ပါသည်။ လက်ရှိတွင် ပြည်နယ်စား မှာ နှစ်ဦး သုံးဦးသာ ရှိပြီး မြို့စားများမှာလည်း ရှားပါးလှသည်။ နယ်စားများမှာမူ အတွေ့အကြုံရင့် ဝါရင့်ပုဂ္ဂိုလ်များသာ ရှိကြသည်။ ထို့ကြောင့် ပထမတန်းစား နိုင်ငံတော်အထက်တန်းတိုင်ပင်ခံဘွဲ့မှာ အလွန်ပင် ထင်ရှားလှပြီး ဝါရင့်ဝန်ကြီးအိုကြီးများနှင့် တန်းတူ အဆင့်အတန်းမျိုး ဖြစ်သွားမည် ဖြစ်သည်။

"ငါ့ရဲ့ အချစ်ဆုံး ဗိုလ်ချုပ်က အသက် ၁၈ နှစ်ပဲ ရှိသေးလို့ ဘာဖြစ်လဲ"

ဧကရာဇ် လုံချင်သည် သူ၏ တာအိုဝတ်ရုံ လက်ထဲမှ ရွှေရောင်စာမျက်နှာ အချို့ကို ထုတ်ယူကာ အားလုံးမြင်အောင် မြှောက်ပြလိုက်သည် "ဒါ ဘာလဲဆိုတာ ဝန်ကြီးတို့ သိကြလား ဒါဟာ ကောင်းကင်ဘုံကျမ်း ပဲ"

"တုန်အန်း ကငါ့ကို သစ္စာဖောက်ဖို့၊ မဟာရှန်ကို သစ္စာဖောက်ဖို့နဲ့ ပုန်ကန်ဖို့အထိ ဝန်မလေးခဲ့တာက ဒီကောင်းကင်ဘုံကျမ်း ကိုရဖို့အတွက်ပဲ"

"ဒါပေမဲ့ ချန်ဆန်းရှီ ကတော့ ဒါကို ရရှိပြီးတဲ့နောက်မှာ ဘယ်လိုလောဘမှ မရှိဘဲ နန်းတော်ဆီကို ချက်ချင်း ဆက်သခဲ့တယ်။ ဘယ်လို လှည့်စားမှုအတုအယောင်မှ မလုပ်ခဲ့ဘူး"

"ဒီလို သစ္စာရှိတဲ့ ဝန်ကြီးကောင်းတစ်ယောက်ဟာ ပထမတန်းစား အထက်တန်းတိုင်ပင်ခံဘွဲ့ကို မခံယူထိုက်ဘူးလား"

"တစ်လောကလုံးက လူတွေကို ငါ ပြချင်တယ်။ သူ့ကို တိုင်းပြည်အနှံ့က လူငယ်ပါရမီရှင်တွေအတွက် စံပြဖြစ်အောင် ငါ လုပ်မယ်"

All Chapters