အခန်း (၂၇၅)
Vol. 25 Ch. 275
ဝန်ကြီးအများအပြားမှာ ဆွံ့အကာ တိတ်ဆိတ်သွားကြလေသည်။
"အရှင်မင်းကြီး မိန့်ကြားတာက ပညာရှိလှပါတယ်၊ ဒါပေမဲ့..."
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင် ယန်လျန်က အက်ရှရှအသံဖြင့် စကားဆိုလာသည်"အရှင်မင်းကြီး... 'အထက်တန်းတိုင်ပင်ခံ' ရာထူးကို ရယူဖို့ဆိုတာ တင်းကျပ်တဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။ အနည်းဆုံးတော့ ကောင်းကင်ဘုံအောင်မြင်မှု့တစ်ခုအပြင် ပထမတန်းစားစစ်ရေးအောင်မြင်မှု့အမြောက်အမြား ရှိရပါမယ်။ ဗိုလ်ချုပ်ချန်က ကောင်းကင်ဘုံအောင်မြင်မှု့တော့ ရရှိထားပြီးပါပြီ၊ ဒါပေမဲ့ ပထမတန်းစားစစ်ရေးအောင်မြင်မှု့အရေအတွက်ကတော့ လိုအပ်ချက်ထက် နည်းနေပါသေးတယ်"
"အဲဒါက ဖြေရှင်းရလွယ်ပါတယ်"
ဧကရာဇ် လုံချင်သည် နဂါးပလ္လင်ပေါ်တွင် မှီလျက် အေးအေးလူလူပင် မိန့်ကြားလိုက်သည် "မကြာခင်မှာ ငါ သူ့ကို အရှေ့ဘက် စစ်မျက်နှာဆီ စေလွှတ်မယ်။ အဲဒီမှာ သူ့ရဲ့ အရည်အချင်းကို ပြသဖို့ နောက်ထပ် အခွင့်အရေးတစ်ခု ပေးမှာပေါ့"
"အရှေ့ဘက်..."
စစ်ဘက်ဆိုင်ရာဝန်ကြီး ဂေါင်ပိုက စဉ်းစားဟန်ဖြင့်"အရှင်မင်းကြီး... လျန်ကျိုးက အနောက်ဘက် အစွန်အဖျားမှာ ရှိတာပါ။ အဲဒီကနေ လိုင်ပြည်နယ်ဆီ တပ်ဖွဲ့တွေ ရွှေ့ပြောင်းဖို့ဆိုတာက အရမ်းဝေးလွန်းပါတယ်။ တပ်ရွှေ့ပြောင်းစရိတ်ကလည်း မြင့်မားနိုင်ပါတယ်" ဟု တင်ပြသည်။
"လျန်ကျိုးက တပ်တွေကို ရွှေ့ဖို့ ငါ အစီအစဉ်မရှိဘူး"
ဧကရာဇ် လုံချင်းက ခဏစဉ်းစားပြီး "မြို့တော်အနီးက ကိုယ်ရံတော်တပ်
ရင်းတွေထဲကနေ အနက်ရောင်သံချပ်ကာတပ်သား သုံးထောင်ကိုပဲ ထုတ်ပေးလိုက်မယ်။ စွမ်းဆောင်ရည်ရှိတဲ့ ဗိုလ်ချုပ်တစ်ယောက်မှာ သူ့အမိန့်ကို နာခံမယ့် ကိုယ်ပိုင်တပ်ဖွဲ့ ရှိသင့်တယ် မဟုတ်လား"
"အရှင်မင်းကြီးက တကယ်ကို ပညာရှိလှပါတယ်"
"ကောင်းပြီ... အားလုံး ထွက်သွားလို့ရပြီ။ အိမ်ရှေ့စံနဲ့ ဖန်ချင်းယွမ် တို့ပဲ ကျန်ခဲ့ကြ"
"..."
ကျယ်ဝန်းလှသော ခန်းမဆောင်ကြီးအတွင်းမှ လူများ လျင်မြန်စွာ ထွက်ခွာသွားကြရာ လူအနည်းငယ်သာ ကျန်ရစ်တော့သည်။
"အိမ်ရှေ့စံ"
ဧကရာဇ် လုံချင်၏ တည်ငြိမ်သော်လည်း အာဏာစက် ပါဝင်နေသော အသံ ထွက်ပေါ်လာသည် "ငါ့ကို ပြောစမ်း... အဲဒီ ရှာဝမ်လုံက ဘာလို့ ချန်ဆန်းရှီရဲ့ အကြံဉာဏ်ကို နားမထောင်ဘဲ တစ်တပ်လုံးကို ဟုန်ကျိီမြစ် အရှေ့ဘက်ကမ်းကို မကူးခိုင်းခဲ့တာလဲ"
"ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ တည်ငြိမ်မှုကို ဦးစားပေးရတာမျိုး ရှိမှာပါ"
အိမ်ရှေ့စံမင်းသားက ဆင်ခြင်တုံတရားဖြင့် "တကယ်လို့ တစ်တပ်လုံး ကူးသွားပြီးမှ ရန်သူ့ပိတ်ဆို့မှုကို ခံရမယ်ဆိုရင် ပြန်လှည့်လို့မရတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်လို့ပါ"
"ဒါဆို မင်းပြောပုံအရ ငါက သူတို့ကို ဆုတောင် ပြန်ချပေးရဦးမှာလား"
ဧကရာဇ် လုံချင်က ထိုကိစ္စကို ဆက်မပြောတော့ဘဲ လေသံပြောင်းလိုက်
သည် "ဖန်ချင်းယွမ်... မင်းက ဘာလို့ တိတ်နေတာလဲအထက်တန်းတိုင်ပင်ခံ ရာထူးကိစ္စအပေါ် မင်းရဲ့ အမြင်က ဘာလဲ"
"ကျွန်တော်မျိုးလည်း ဒါက နည်းနည်း မသင့်တော်ဘူးလို့ ထင်ပါတယ်"
ဝှီးချဲပေါ်တွင် ထိုင်နေသော ဖန်ချင်းယွမ်က အေးအေးဆေးဆေးပင် ပြန်လည် ဖြေကြားသည် "သူက အရမ်း ငယ်ပါသေးတယ် အထက်တန်းတိုင်ပင်ခံ ဆိုတဲ့ ဘွဲ့ရဲ့ ဂုဏ်ဒြပ်က သူ့အတွက် မြင့်လွန်းနေနိုင်ပါတယ်"
"ဟင်း..."
ဧကရာဇ် လုံချင်၏ နှုတ်ခမ်းက အနည်းငယ် လှုပ်ရှားသွားသော်လည်း ထိုအကြောင်းကို ခဏသာ ပြောပြီး နောက်ထပ် စကားလမ်းကြောင်း တစ်ခုဆီသို့ ပြောင်းလိုက်ပြန်သည် "ချန်ဆန်းရှီက ငါ့ဆီ လျှောက်လဲချက် တစ်ခု ပေးပို့ထားတယ်။ အဲဒီထဲမှာ ရွီဝမ်ချိုင်ဆိုတဲ့ လူတစ်ယောက်အကြောင်း ပါပြီး သူ့ကို တစ်စုံတစ်ရာ အသိအမှတ်ပြုပေးဖို့ တောင်းဆိုထားတယ်။ ဖန်
... မင်း အဲဒီလူအကြောင်း ဘာသိလဲ"
"ပညာရှင်ရွီက ထိပ်တန်း အရည်အချင်းရှိသူ တစ်ဦးပါ။ ကဏ္ဍတိုင်းမှာ ကျွန်တော်မျိုးထက်တောင် သာလွန်ပါတယ်။ သူသာ သာမန်ဆင်းရဲသား မျိုးနွယ်က မဟုတ်ခဲ့ဘူးဆိုရင် အခုဆိုရင် ထင်ရှားတဲ့ စစ်ဘက်ဆိုင်ရာ ပညာရှင်ကြီး ဖြစ်နေလောက်ပါပြီ"
ဖန်ချင်းယွမ်က ဆက်လက်တင်ပြသည် "သူက ချန်ဆန်းရှီရဲ့ ဘေးမှာရှိနေပြီး ဟုန်ကျိီမြစ်ကို လေးကြိမ်တိုင်တိုင် ဖြတ်ကျော်ရာမှာလည်း များစွာ အကျိုးပြုခဲ့ပါတယ်။ သူက တကယ်ပဲ အသိအမှတ်ပြုခံရဖို့ ထိုက်တန်ပါတယ်"
"မင်းတောင် အဲလိုပြောတယ်ဆိုတော့ ငါတို့လက်ထဲမှာ နောက်ထပ် ပါရမီရှင်တစ်ယောက် ရောက်နေပြီပေါ့"
ဧကရာဇ် လုံချင်က တွေးတောဟန်ဖြင့် "ချန်ဆန်းရှီက ရွီဝမ်ချိုင်ကို အစိုးရ ရာထူးတစ်ခု ပေးဖို့ မျှော်လင့်နေတယ်။ ဒါပေမဲ့ ပညာရှင်ရွီရဲ့ တစ်သက်တာ အကြီးမားဆုံး ဆန္ဒက 'ဝူလုံ'ဆိုတဲ့ ဘွဲ့ကို ရဖို့လို့ ငါ ဘာလို့ ကြားနေရတာလဲချန်ဆန်းရှီက ဘာလို့ ငါ့ကို တိုက်ရိုက်မပြောတာလဲငါက ကပ်စေးနှဲပြီး အဲဒီဘွဲ့ကို မပေးမှာ စိုးရိမ်လို့လား"
"အရှင်မင်းကြီးက အရာရာကို သိမြင်နေတာပဲ"
ဖန်ချင်းယွမ်က တည်ငြိမ်စွာ ဆိုသည် "ပညာရှင်ရွီက အဲဒီဘွဲ့ကို ရဖို့ တကယ်ကို စွဲလမ်းနေတာပါ"
ဧကရာဇ် လုံချင်က အဓိပ္ပာယ်ပါပါဖြင့် "'ဝူလုံ' ဆိုတဲ့ ဘွဲ့က မင်းရဲ့ 'ဖီးနစ်'နဲ့ အဆင့်တူပဲ။ မင်း ကန့်ကွက်စရာ ရှိသလား"
"ကျွန်တော်မျိုးရဲ့ အမည်ပြောင်က အစကတော့ လောကထဲမှာ ထွက်ပေါ်နေတဲ့ ကောလာဟလတစ်ခုပါပဲ။ ဒါပေမဲ့ ပြန့်နှံ့သွားရင်းနဲ့မှ လက်တွေ့ဖြစ်လာတာပါ။ ပညာရှင်ရွီက ကျွန်တော်မျိုးထက် မနိမ့်ပါဘူးဘာပြဿနာရှိမှာလဲ"
ဖန့်ချင်ယွမ်က ဆက်ပြောသည် "တစ်ခုတည်းသော စိုးရိမ်စရာက အဲဒီဘွဲ့နဲ့ ထိုက်တန်တဲ့ ဖိအားတွေကို သူ ခံနိုင်ရည် ရှိမရှိပါပဲ"
"ဖိအားလားဖိအားရှိမှပဲ လူရဲ့ အရည်အချင်းက ပွင့်ထွက်လာမှာပေါ့ ငါကတော့ သူ့ကို 'ဝူလုံ' ဆိုတဲ့ ဘွဲ့ကို သီးသန့် အပ်နှင်းချင်တယ်"
ဧကရာဇ် လုံချင်က"ငါ မှတ်မိသလောက်ဆိုရင် ယူပြည်နယ် နယ်စပ်မှာ ပုန်ကန်သူတွေနဲ့ ဓားပြအုပ်စုလေးတွေ ရှိနေသေးတယ်။ အဲဒီ 'ဝူလုံ' ကိုပဲ တပ်ဦးဆောင်ပြီး သွားနှိမ်နင်းခိုင်းလိုက်မယ်။ သူ့အတွက် ကိုယ်ပိုင် အောင်မြင်မှုတွေ ရယူဖို့ အခွင့်အရေး တစ်ခုပေါ့" ဟု မိန့်ကြားသည်။
"ဒါက အလွန်ကောင်းပါတယ်"
ဖန်ချင်းယွမ်က အဓိပ္ပာယ်ပါပါ ဆိုသည် "အရှင်မင်းကြီးရဲ့ စီစဉ်မှုတွေအတွက် ပညာရှင်ရွီက အလွန် ကျေးဇူးတင်နေမှာပါ"
"မင်းလည်း လိုင်ပြည်နယ်က လာမယ့် စစ်ပွဲမှာ ပါဝင်ရမယ်"
ဧကရာဇ် လုံချင်သည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ကောင်းကင်ဘုံကျမ်းကို ကမ်းပေးလိုက်သည် "ဒါကိုလည်း ယူသွားလိုက်"
"အရှင်... ဘာလို့ ဒီလို လုပ်တာလဲ"
ဖန်ချင်းယွမ်က လက်မခံဘဲ "ဒါက ကောင်းကင်ဘုံကျမ်းပါ ကျွန်တော်မျိုးက..."
"မင်းက ဘာတွေ ဟန်ဆောင်နေတာလဲ"
ဧကရာဇ် လုံချင်က မျက်မှောင်ကြုတ်လျက် "မင်း ဒါကို နားလည်နိုင်တယ်ဆိုတာ ငါ သိတယ်။ အလွတ်မှတ်ထားပြီးမှ နန်းတော်ကို ပြန်အပ်ပါ။ မင်း အရှေ့ဘက်ကို ရောက်တဲ့အခါ အဲဒါကို ချန်ဆန်းရှီ ကို သင်ပေးချင်ရင် သင်ပေးလိုက် ငါ ခွင့်ပြုတယ်"
"ကျွန်တော်မျိုး အမိန့်တော်အတိုင်း လိုက်နာပါ့မယ်"
ထိုအခါမှသာ ဖန်ချင်းယွမ်သည် ကောင်းကင်ဘုံကျမ်းကို လက်ခံလိုက်သည်။
ဧကရာဇ် လုံချင်သည် သူ၏ ဝတ်ရုံစကို ခါယမ်းကာ ကန့်လန့်ကာများ နောက်ကွယ်သို့ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။ မိန်းမစိုး အများအပြားလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။
ခန်းမဆောင်ကြီးအတွင်း၌ အိမ်ရှေ့စံမင်းသားနှင့် ဖန်ချင်းယွမ်တို့ နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
"တောက် တောက်~"
အိမ်ရှေ့စံမင်းသားသည် လက်ကိုင်တုတ်ကို အားပြုကာ ထရပ်လိုက်ပြီး ပညာရှိကြီး (ဖန်ချင်းယွမ်) ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ လက်ကိုင်တုတ်ကို ကမ်းပေးလိုက်ပြီးနောက် ဝှီးချဲ၏ လက်ကိုင်ကို ကိုင်ကာ ရှေ့သို့ တွန်းပေးလိုက်သည် "ဗိုလ်ချုပ်ဖန်... သွားကြစို့။ ငါကိုယ်တော် လိုက်ပို့ပါရစေ"
ခန်းမဆောင် ဂိတ်ဝတွင် ဝှီးချဲက မချီနိုင်လောက်အောင် လေးလံနေသဖြင့် အပြင်ဘက်မှ မိန်းမစိုးငယ်လေးများကို ခေါ်ယူကာ မတင်ခိုင်းလိုက်ရသည်။ ထို့နောက်တွင်မှ သူကိုယ်တိုင် ဝှီးချဲကို ဆက်လက် တွန်းပေးသွားသည်။
ဆောင်းဦးလေပြေတစ်ချက် တိုက်ခတ်သွားရာ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း ချောင်းဆိုးလိုက်ကြသည်။
"ဗိုလ်ချုပ်ဖန်... ကျန်းမာရေးကို ဂရုစိုက်ပါဦး"
"အရှင်မင်းသားလည်း ပိုပြီး သတိထားသင့်ပါတယ်။ ကျွန်တော်မျိုးကို အခုလို တွန်းပေးစရာ မလိုပါဘူး၊ ကျွန်တော်မျိုး ဘာသာ သွားနိုင်ပါတယ်"
"ဘာမှမဖြစ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး မင်းနဲ့ ငါနဲ့ အခုလို အတူတူရှိရတာ ရှားပါတယ်။ အတူတူ လမ်းလျှောက်ရင်း စကားပြောရတာက ပိုကောင်းတာပေါ့"
ခေတ္တ တိတ်ဆိတ်သွားကြသည်။
အသက်ရှည်နန်းဆောင်မှ ထွက်ခွာလာပြီး နန်းတွင်းနယ်မြေ၏ အပြင်
ဘက်သို့ ရောက်သောအခါ ဖန်ချင်းယွမ်သည် ရင်ခွင်ထဲမှ ကောင်းကင်ဘုံကျမ်းထုတ်ယူကာ ကမ်းလှမ်းလိုက်သည် "အရှင်မင်းသား... ကြည့်ချင်ပါသလား"
"ဟက်... ကြည့်တာပေါ့"
အိမ်ရှေ့စံမင်းသားက ရပ်တန့်လိုက်ပြီး ကောင်းကင်ဘုံကျမ်းကို လှန်လှောကြည့်သည် "ငါတော့ ဘာမှ နားမလည်ပါဘူး ဗိုလ်ချုပ်ဖန်... မင်း အဲဒါကို ဘာသာပြန်ပြီးရင် ငါ့အတွက်လည်း မိတ္တူတစ်စောင် ကူးပေးပါဦး"
"အရှင်မင်းကြီးက တကယ်ကို ရက်ရောတာပဲ"
ဖန်ချင်းယွမ်က စာအုပ်ကို ပြန်ယူရင်း "ဒီထဲမှာ မှတ်တမ်းတင်ထားတာတွေက စစ်မှန်တဲ့ မသေမျိုးနယ်ပယ်ရဲ့ စစ်ဗျူဟာတွေပါ။ အခုလို အားလုံးကို ပွင့်ပွင့်လင်းလင်း မျှဝေပေးတယ်ဆိုတော့..."
"သူတို့တွေက မင်းအပေါ်မှာ ဒီရက်ပိုင်း ဘာလို့ ဒီလောက် ရက်ရောနေကြတာလဲ မင်းသိလား"
အိမ်ရှေ့စံမင်းသားသည် ဝှီးချဲကို ခါးကိုင်းကာ ဆက်လက်တွန်းရင်း အေးစက်စက်လေသံဖြင့် မေးလိုက်သည် "သူတို့တွေက တပ်ရင်းတိုးချဲ့မှုကိုလည်း သဘောတူပေးတယ်၊ ကောင်းကင်ဘုံကျမ်းကိုတောင် မင်းကို မျှဝေပေးလိုက်သေးတယ်..."